Wednesday, August 29, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း ( ၁၂, ၁၃ )

by ငြိမ်းအေးအိမ် on Tuesday, August 28, 2012 at 12:07am ·


1961 ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်နွဲခဲ့ရာ၊ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူဂျာဟစ်ပါတီဥက္ကဌ “ရော်ဘီဟူလာ”၊ ဒုဥက္ကဌ“မော်စတော်ဖီ”နှင့် အဖွဲ့ဝင်290ကျော် လက်နက်ချခဲ့ရာမှ မူဂျာဟစ်တို့ အင်အားလျှော့နည်းသွားခဲ့သည်။
1962ခုနှစ် ဗိုလ်ချုပ်နေ၀င်းအာဏာရချိန်နောက်ပိုင်းတွင် ရိုဟင်ဂျာအဖွဲ့သည် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “ခွဲထွက်ရေး”တောင်းဆိုချက်များ ကျယ်ကျယ်လောင်လောင်လုပ်လာကြပြန်သည်။
1966 ခုနှစ်ခန့်တွင် “ကာဆင်”၏ မူဂျာဟစ်လက်ကျန်မွတ်ဆလင်များ ပြန်လည်လှုပ်ရှားလာကြပြန်သည်။ ယခင် က မွတ်ဆလင်ဘာသာရေး ကြွေးကြော်သံဖြင့် “ဂျီဟတ်”စစ်ပွဲဆင်နွဲရန် လှုံ့ဆော်စည်းရုံးရေး မအောင်မြင်သည့်အခါ၊ နည်းဗျူဟာသစ်များချမှတ်ဆောင်ရွက်လာကြသည်။ ၎င်းနည်းဗျူဟာကိုအကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့သူမှာ ဖဆပလ အမတ်အဖြစ်လည်းကောင်း ဖဆပလ၏ ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဆောင်ရွက်ခဲ့သည့် “စူလ်တန်မာမွတ်” ဖြစ်သည်။ ၎င်း၏ နောက်ကွယ်တွင် မော်လ၀ီဆရာများရှိသည်ဟု ယူဆရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မေယုကမ်းသွယ်(မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ခြမ်း) တစ်ခုလုံးကို “အာကစ္စတန်” (Arkistan) အမည်ဖြင့်၊ နိုင်ငံသစ် တစ်ခု ထူထောင်ရန်ဖြစ်သည်။ ထိုဒေသသည် ရခိုင်(Arkan) နှင့် ပါကစ္စတန်ကြားရှိ ဒေသဖြစ်သဖြင့် ထိုဒေသနှစ်ခု အမည်ပါသော ဘာသာရေးဆိုင်ရာ မွတ်ဆလင်နိုင်ငံ ထူထောင်ရန် ကြံစည်ခြင်းဖြစ်သည်။
1969တွင် ဘီအေဇော်ဖောခေါင်းဆောင်သော မြေအောက်သောင်းကျန်းသူမျာသည် တောင်ပိုင်းနှင့်မြောက်ပိုင်း ဒေသများတွင် ဆူပူလှုပ်ရှားမှုများ ပြန်လည်စတင်လာခဲ့သည်။
1971 တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်၊ ပြည်သူ တို့ထံ အကြံအဥာဏ်ပေးရန်တောင်းခံခဲ့သည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး၊  မြေပေါ်မြေအောက် မွတ်ဆလင် လှုပ်ရှားသူများ ပြန်လည်ခေါင်းထောင်လာခဲ့ကြသည်။ ၎င်းတို့က ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်တို့အတွက် အခွင့်အရေး တောင်းသော “ရိုဟင်ဂျာလူမျိုးများက အကြံပေးဆန္ဒပြုစာတမ်း” ဟူသောအမည်ပါ စာတမ်းကို အစိုးရသို့ တင်ပြခဲ့သည်။ မောင်တောမြို့နယ်ပြည်သူများ၏ သဘောထားနှင့် အကြံပေးချက်တွင် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးရန် အကြံပြုထားသည်။(ထိုဒေသတစ်ခုလုံးကို မွတ်ဆလင်ဦးရေက အများဆုံးကြီးစိုးထားသည်။) ဘူးသီးတောင် မြို့နယ်မှ အကြံပေးချက်တွင် ဘူးသီးတောင်နှင့်မောင်တောကို မေယုခရိုင်အဖြစ်ဖွဲ့စည်းပေးရန်၊  မေယုခရိုင်ရှိ မွတ်ဆလင် များကို ရိုဟင်ဂျာလူမျိုးအဖြစ်ပြဌာန်းရန် တောင်းဆို အကြံပေးထားသည်။   
1974 ခုနှစ်တွင် တပ်မတော်ထိုးစစ်ကြောင့် ဘီအေဇော်ဖော အဖွဲ့သည် တဖြည်းဖြည်း ပြိုကွဲသွားခဲ့ရသည်။ ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်တို့လည်း တစ်ဘက်နိုင်ငံသို့ ထွက်ပြေးကြရပြန်သည်။
1978 ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော “နဂါးမင်းစစ်ဆင်ရေး”တွင် သုံးလအတွင်း၌ မွတ်ဆလင်ပေါင်း နှစ်သိန်းနှင့်နှစ်သိန်းငါးသောင်းကြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ UN မှ ဒုက္ခသည် စခန်း များဖွင့်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ထို ထွက်ပြေးသွားသူများကို နှစ်နိုင်ငံ သဘောတူညီချက်အရ “ဟင်္သသာ စီမံချက်” ဖြင့် ပြန်လည် လက်သင့်ခံခဲ့သည်။  သည့်နောက်ပိုင်းတွင် ရိုဟင်ဂျာ တို့ စစ်ရေးလှုပ်ရှားမှု အရှိန်သေသွားခဲ့သည်။
1990 တွင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာတို့ကို မောင်းထုတ်စဉ်တွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု အလွန်အားပျော့သွားခဲ့သည်။
1994တွင် မောင်တောဒေသအတွင်း၊ (Rohingya Solidarity Organization/ RSO) က ထိုးဖေါက် စစ်ဆင်ရေး လုပ်ခဲ့သော်လည်း စောစီးစွာ ချေမှုန်းခြင်းခံလိုက်ရသည်။ ၎င်းနောက်ပိုင်းတွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု မယ်မယ်ရရ မတွေ့တော့။
ထိုကာလများ(1963-2000) အတွင်း ရိုဟင်ဂျာအဖွဲ့အစည်းများအကြောင်းကို “ရဲထွန်း၏မှတ်တမ်း” ဟူသော ဘလော့ဂ်တစ်ခုတွင် အောက်ပါအတိုင်းရေးသားဖေါ်ပြခဲ့သည်ကိုတွေ့ရသည်။
“မူဂျာဟစ်အဖွဲ့၏ မူဝါဒလုပ်ထုံးများစွာပါဝင်သော မူဂျာဟစ်အဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force)ကို ၁၉၆၃ခုနှစ်တွင် ဦးနေ၀င်း အစိုးရ၏ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဖိနှိပ်မှုမှ ကာကွယ်ရန်နှင့် ရိုဟင်ဂျာကျောင်းသား များသမ္မဂ္ဂ (Rohingya Students Union) နှင့် ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် (Rohingya Youth League) ကဲ့သို့သော အဖွဲ့အစည်းများအားပိတ်ပင်မှုအား တားဆီးရန် ဖွဲ့စည်းခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ် လှုပ်ရှားမှု (Pan Islamic Movement) ကိုအတုယူပြီး မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force)၊ နောက်ပိုင်းတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force) ဟုသာသိရသည့်အဖွဲ့ကို ၁၉၇၄ တွင် ဖွဲ့စည်းပြန်သည်။ ယင်းအဖွဲ့သည် ဘင်းဂလားဒေ့ရှ် နိုင်ငံအနီးတွင် လွတ်လပ်သော မူဆလင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင်ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်လူမျိုးများ၏ အကျိုးစီးပွားကို ထိရောက်စွာ မဆောင်ရွက်နိုင်ပဲ အဖွဲ့ငယ်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။
 ၁၉၈၂ခုနှစ်တွင် မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force) မှခွဲထွက်သောအဖွဲ့ သည် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) တည်ထောင်သည်။ ထိုအဖွဲ့မှ အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (Arakan Rohingya Muslim Front) က ၁၉၈၆ခုနှစ်တွင် ထပ်မံခွဲထွက်ခဲ့သည်။
 အထက်ပါအဖွဲ့အစည်းနှစ်ခုသည် ဘင်းဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းတွင် အခြေပြုလှုပ်ရှားကြ ပြီး ၁၉၉၅ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ အမျိုးသားရိုဟင်ဂျာမဟာမိတ်အဖွဲ့ (Rohingya National Alliance) အဖြစ်ပူးပေါင်မိကြသည်။ ထိုအဖွဲ့သည် ၁၉၉၉တွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ချုပ် (Arakan Rohingya National Organisation) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အမည်ကို ၂၀၀၀ခုနှစ်တွင် အာရကန်ရိုဟင်ဂျာအမျိုးသား အဖွဲ့ချုပ် (Arakan Rohingya National Organisation) မှခွဲထွက်သောအဖွဲ့ငယ် ၃ခုက ထပ်မံသုံးစွဲခဲ့ ကြသည်။”
http://yehtunblog.blogspot.com/2012/06/fcaebook-rohingya-independence-force.html

            ခုနှစ်သက္ကရာဇ်များအလိုက် ဖြစ်ပျက်ခဲ့သမျှကို ကြည့်လျှင် နိုင်ငံ့အချုပ်အခြာအာဏာ တည်တံ့ရေး အတွက် ဤအရပ်ဒေသ၏ အရေးပါမှုအားရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာကိုယ့်မြေကိုယ့်ရေပေါ်တွင် ကြံကြံ့ခံရပ်တည်ရင်ဆိုင်နေကြသော ဒေသသားတို့အား အလေးအမြတ်ပြုသောစိတ်ဖြင့် အနောက်ဘက်တံတိုင်းကို လှမ်းမျှော် ကြည့်မိပါသည်။

            ရခိုင်ပြည်နယ်၏ နှစ်ပေါင်းများစွာ မငြိမ်းမချမ်းဖြစ်နေမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းထိစပ် နေခြင်းသည်လည်း အရေးပါသောအကြောင်းအချက်တစ်ရပ်အဖြစ်ပါဝင်နေသည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းခြင်း ထိစပ် နေသော အလျားသည် (၁၂၅)မိုင်ရှိသည်။ ထိုအနေအထားတွင် နိုင်ငံနှစ်ခု၏ အခြေအနေ နှိုင်းယှဉ်ကြည့်ဖို့လိုပေမည်။  မြန်မာနိုင်ငံသည်ဧရိယာ(261,227)စတုရန်းမိုင်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သည် (56,977)စတုရန်း မိုင်သာရှိသည်။ မြန်မာနိုင်ငံ ထက်(4.58)ဆပိုငယ်သော တိုင်းပြည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်ထားသော မောင်တောမြို့နယ်သည် ဧရိယာ (540 Sq mi) သာရှိသည်။  မြန်မာ့လူဦးရေ သန်းခြောက်ဆယ် ခန့်ရှိချိန်တွင် ဘင်္ဂလား ဒေ့ရှ်သည် 2011 သန်းခေါင် စာရင်းအရ သန်းပေါင်း တစ်ရာ့ငါးဆယ်ခန့်ရှိနေပြီဖြစ်သဖြင့် မြန်မ့ာလူဦးရေထက်(2.5)ဆ ပိုများနေပြီဖြစ်သည်။ မြန်မာသည် လူဦးရေ သိပ်သည်းဆ(191.5/sq mi) ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ သိပ်သည်းဆ (2497.4/sq mi) ရှိနေခြင်းခြင်းနှင့် တိုင်းပြည်နှစ်ခု၏ ဖွား/သေနှုန်းမတူခြင်းသည်လည်း ရေရှည်တွင် ပြဿနာဖြစ်လာနိုင်ဖွယ် ရှိနိုင်မည် ဖြစ်သည်။ မွေးနှုန်းကန့်သတ်မှုမရှိခြင်း၊ အိမ်ထောင်ပြုမှုစနစ်မတူခြင်းသည် အနာဂတ်တွင် လူဦးရေပြဿနာကို ထိမ်းကွပ်ရ ခက်ခဲစေပါမည်။ ထိုမွေးနှုန်းမတူမှုကြောင့်ပင် နှစ်ပေါင်းများစွာ တောက်လျှောက် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံအဖြစ် တံခွန်ထူထားသော တရုတ်နိုင်ငံ၏စံချိန်ကို  2050ခုနှစ်တွင် အိန္ဒိယက လက်လွှဲရယူသွားတော့မည်ဟု လူဦးရေလေ့လာမှုစစ်တမ်းများက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။
သူ့နိုင်ငံ သူ့လူမျိုး၊ သူ့ဓလေ့စရိုက်၊ သူ့အိမ်ထောင်ပြုမှု၊ သူ့မွေး/သေနှုန်းများဖြင့် ချီတက်နေခြင်းသည် ထိုအခြေ အနေမျိုးကို နှစ်သက်လက်ခံထားသောနိုင်ငံ၏ သူ့အနာဂတ်ကို သူ့စိတ်တိုင်းကျပုံစံ၊စနစ်ဖြင့် ခရီးဆက်နေခြင်းသာဖြစ်၏။ ကျွန်တော်တို့ပြဿနာ မဟုတ်ပါ။ သို့သော် သူ့နိုင်ငံအတွက် သူရွေးချယ်ထားသော ထိုအခြေအနေမျိုးကို ကျွန်တော်တို့ နိုင်ငံ၏နယ်နမိတ်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသူ သူ့နိုင်ငံသားများက ကျွန်တော်တို့မြေပေါ်တွင် ထူထောင် နေရာယူလာကြသည်။ ဤအခြေအနေကပင် မိမိလူမျိုးများကို သူ့လူမျိုးများက တွန်းဖယ် အစားထိုး ၀ါးမြိုသွားနိုင်သည့် အနေအထားတစ်ခု ဖြစ်နေစေသည်။ မည်သို့မျှ လက်သင့် ခံဖွယ်မရှိသော ကြောင်းချင်းရာပင် ဖြစ်၏။
ဇူလိုင်လ(၂၂)၇က်နေ့တွင် ရန်ကုန် မြို့၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြားသွားခဲ့သည့်စကားများတွင် လူဦးရေအရ နယ်ချဲ့ခံနေရခြင်းကို အစိုးရက ရှင်းရှင်းလင်းလင်းသိမြင်ထားကြောင်း တွေ့ရမည်ဖြစ်သည်။ ၀န်ကြီး၏ ပြောစကားမှာ-
““အရင်တုန်းကတည်းက လူကြီးတွေက အမျိုးမျိုးစဉ်းစားတယ်။   ဒီဟာက Population Density ဘာသာရပ်ပေါ့ဗျာ။ ဒီ ရိုဟင်ဂျာ တွေက Population Best Theory  နဲ့ ကျွန်တော်တို့ နိုင်ငံထဲ ကို စိမ့်ဝင် လာတယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။  သူတို့တစ်ယောက်ထဲနဲ့ မိန်းမက   လေးယောက်လောက်ယူလိုက်တယ်။ ဒီတော့ တစ်နှစ်မှာ ကလေး  တစ်ယောက်ပဲမွေးနိုင်တဲ့ တိုင်းရင်း သားတွေထက်စာရင်သူတို့က တစ်နှစ်မှာကလေး လေးယောက်မွေး နေတယ်။ အဲ့ဒီမှာပဲ သူတို့က တော်တော့်ကို သာနေတယ်။ ကျွန်တော်တို့တွေကလည်း မအောင်မြင်ခဲ့ဘူး။ ပြောရရင် သူတို့ရဲ့ Population Density လူဦးရေသိပ်သည်း မှုက နဂိုကတည်းကရှိနေတဲ့ တိုင်းရင်းသား တွေရဲ့ Population Density ထက်အဆမတန်ပိုများနေတယ်။ ဥပမာ သူတို့ရဲ့လူဦးရေ သိပ်သည်းမှုက ၉၇ရာခိုင်နှုန်းလောက်  ရှိပြီး ရခိုင်တိုင်းရင်းသားတွေက   ၃ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ ဒီတော့ ရိုဟင်ဂျာဆိုတာ ဟာ နိုင်ငံခြားသားပဲ ကျွန်တော်တို့ သမ္မတကြီးကလည်း ရဲရဲဝံ့ဝံ့ပြောတယ်။ သူတို့ကို တတိယနိုင်ငံပို့မယ် လာမခေါ်သေးရင် ခြံခတ်ထားမယ် သမ္မတကြီးကတော့  သူ့ပေါ်လစီကို အတိအလင်း ကြေငြာလိုက်ပြီ ကျွန်တော်တို့တွေအနေနဲ့ကလည်း ဒီပြဿနာနဲ့ပတ် သက်ပြီးတွေ့ဆုံပွဲ တွေ Work shop တွေလုပ်ပြီး သက်ဆိုင်ရာ ကဏ္ဍ  အလိုက်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ”” ဟုဖြစ်သည်။
ဇွန်လ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ်သတင်းဂျာနယ်ပါ ဆောင်းပါးရှင် “ဉာဏ်လင်းကို” ၏ ရခိုင်အရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု' ဆောင်းပါးတွင် ဦးအေးသာအောင် ၏ ပြောစကားကို အောက်ပါအတိုင်းတွေ့ရပါသည်။
"'မြန်မာနိုင်ငံအတွင်း၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံသားများရှိသည့်အတွက် ယင်းတို့ကို နိုင်ငံသားဥပဒေအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ ယခု ပဋိပက္ခ ဖြစ် ပွားနေသော မောင်တော နယ်မြေတွင် တိုင်းရင်းသား အစစ်အမှန် ၃ ရာခိုင်နှုန်း လောက်သာရှိနေ သည့်အတွက် ကျည်ဆန်တစ်တောင့် ပစ်စရာမလိုဘဲ နယ်မြေများ စွန့်လွှတ်ထားရသည့်သဘော ဖြစ်နေ ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနှင့် စွန့်လွှတ်ရမည့် ယင်းနယ်မြေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် သက်ဆိုင်ရာလုပ်ရပ်များနှင့် အစီအမံများလုပ်ပေးရန်လိုကြောင်း၊ ယင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် နိုင်ငံတော် အစိုးရမှသာ တာဝန်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော် အစိုးရ နှင့်အတူ နိုင်ငံရေး ပါတီ များ၊ တိုင်းရင်းသား ပါတီများ၊ ၈၈ ကဲ့သို့သော အဖွဲ့အစည်းများ အားလုံး စုပေါင်းပြီး ဆောင်ရွက်မည်ဆိုလျှင် ပိုမို အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုရှိမည်ဟု သုံးသပ် ကြောင်း ဦးအေးသာအောင်က ထပ်မံ ဖြည့်စွက် ပြောကြားသည်။" ဟုဖြစ်ပါသည်။ 

လူဦးရေပေါက်ကွဲမှုနှုန်းကြီးမြင့်သော တစ်ဘက်နိုင်ငံက အခြေခံလက်မဲ့လူများသည် မြေယာကျယ်ဝန်းရာ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် ပိုအခွင့်လမ်းသာရာ မြန်မာနိုင်ငံသို့ လှိမ့်ဝင်နေခဲ့သည်မှာ သူတို့ကိုအင်္ဂလိပ်များခေါ်သွင်းလာ ကတည်းက ယခုတိုင်ထိ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၏။ ထိုနှစ်များအတွင်း စစ်တကောင်း ဘင်္ဂါလီတို့ မြန်မာ့မြေ ပေါ်တွင် ပြုမူဆောင်ရွက်ခဲ့သည်များကို စေ့ငုကြည့်လျှင် ခြေချစရာ တစ်နေရာရရေးအတွက် ရခိုင်ပြည်နယ်ကို မရမက ခြေကုပ်ယူကာ သူတို့ကိုယ်ပိုင်နယ်မြေရရှိရေးကြိုးပမ်းနေကြသလောဟု တွေးတောဖွယ်ရာပင်ဖြစ်သည်။
ဒေါက်တာမင်းဇော်ဦး၏ ဆောင်းပါးတစ်ပုဒ်တွင် ““ ဘင်္ဂလားဒေ့ရှ်သည် သဘာဝ ဘေးအန္တရယ်အရိုက်ခတ်ခံရဆုံး တိုင်းပြည်ဖြစ်နေကြောင်း၊  UNDP အဆိုအရ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်၊ ဘင်္ဂလားဒေ့ရှ်နယ်မြေ၏ 17.5ရာခိုင်နှုန်းသောမြေများ ရေအောက်ရောက်ကိန်းရှိနေပြီး၊ ရေဖုံးမည့်ဧရိယာသည် ကမ်းရိုးတန်းဒေသ (ရေမျက်နှာ ပြင် မြင့်တက်မှု အမြင့်ဆုံးဒေသသည် မြန်မာနှင့်နီးသော စစ်တကောင်း (Cox’s Bazar) ကမ်းရိုးတန်း) ဖြစ်သည်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံလူဦးရေ သန်းလေးဆယ်သည် “သဘာဝ ပတ်ဝန်းကျင် ဘေးသင့် ဒုက္ခသည်” ဖြစ်လာနိုင်သည်။ တစ်နှစ်ကို အနည်းဆုံး 7.8မီလီမီတာနှုန်း မြင့်တက်လာ နေသည်။  ရေရှည်တွင် ထိုအရပ်ဒေသ၏ “သဘာဝပတ်ဝန်းကျင် ဘေးသင့်ဒုက္ခသည်” ပြဿနာက မြန်မာသို့ ရိုက်ခတ် လာနိုင် သည်ဟု ထောက်ပြထားသည်မှာ ဂရုပြုဖွယ်အချက်အလက်များဖြစ်သည်။
လက်ရှိ အဆက်မပြတ် တိုးဝင်လာနေသောလူဦးရေသည် သူတို့နိုင်ငံတွင် သဘာဝဘေးအန္တရယ်ကြုံခြင်း၊ လုပ်ကိုင်စားသောက်စရာ မြေယာဆုံးပါးခြင်းထပ်မံကြုံလာရဦးမည့်အခြေအနေတို့ဖြစ်လာလျှင်၊ လုပ်ငန်းကိုင်ခွင့်သာရာ၊ မြေယာရှိရာအရပ်(မြန်မာနိုင်ငံဘက်ခြမ်း)သို့ သွန်ကျ/အခြေချလာကြဦးမည့်အခြေအနေဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိလူဦးရေအများဆုံးသည် နယ်စပ်ခြင်းထိစပ်နေရသော မောင်တောမြို့နယ်ဖြစ်သည်။ နယ်စပ်နှင့် နီးကပ်သော ရခိုင်မြောက်ပိုင်းသည် ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးမြို့နယ်များဖြစ်ကြသည်။ မောင်တော ၀န်းကျင်တွင် တစ်ဘက်နိုင်ငံနှင့် ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ လူမှုဓလေ့စရိုက်၊ ပုံပန်းအသွင်သဏ္ဍာန်တူသော မွတ်ဆလင်လူဦးရေသည် ရခိုင်ဒေသခံလူဦးရေအထက် အဆပေါင်းများစွာ ပိုများနေပြီဖြစ်သည်။ မြန်မာ့မြေပိုင်နက်ဖြစ် သော်လည်း တစ်ဘက်နိုင်ငံကဲသို့ဖြစ်နေသည်မှာ ယခုမှမဟုတ်၊ ပါလီမန်ခေတ်ကတည်းကဖြစ်ကြောင်း ထိုကာလက ပါကစ္စတန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော “ဦးဖေခင်” ဘူးသီးတောင် သို့လာရောက်ခဲ့သည့် ခရီးစဉ်တွင် “ ယခုစကားပြောရာ၌  တိုက်ရိုက်ဗမာစကားမသုံးရဘဲ၊ စကားပြန် ကြားမှာထားကာ၊ ပြောဟောရသဖြင့် သူသည် မြန်မာ နိုင်ငံတော်၏ တစ်နေရာသို့ ရောက်နေသည်ဟု မထင်ဘဲ အရှေ့ပါကစ္စတန်ပြည် တစ်နေရာသို့ ရောက်နေသလားဟုပင် ယုံမှားသံသာဖြစ်မိကြောင်း” ဟု ပြောကြားသွားခဲ့သည့်စကားက ညွှန်ပြနေပါသည်။

No comments:

Post a Comment