Wednesday, January 25, 2012

စစ်အာဏာသိမ်းရန် ကြိုးပမ်းမူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့တွင် စစ်အရာရှိ ၄၀ စစ်ဆေးခံနေရ

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် များမကြာမှီက ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းရန် ကြိုးပမ်းမူနှင့် ပတ်သက်ပြီး စစ်အရာရှိ ၄၀ ကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
Ishraq-Ziaul   အာဏာသိမ်းရန်ကြံစည်သူ ပြည်ပရောက်Ishraq နှင့်ဗိုလ်မှူးZiaul   

ဘင်္ဂလာဒေခ်ျ့ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ စစ်ခုံရုံးက စစ်အရာရှိ ၄၀ ကို ခေါ်ယူ စစ်ဆေးမေးမြန်းနေခြင်း ဖြစ်ပြီး အဆိုပါ စစ်အရာရှိများမှာ နိုင်ငံအ၀န်းရှိ စစ်တပ်နယ်မြေများမှ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ရေးသား ဖေါ်ပြသည်။

စစ်အာဏာသိမ်းရန် ကြိုးပမ်းရာတွင် အဓိက ခေါင်းဆောင်ခဲ့သူဟု စွပ်စွဲခံထားရသူ ဗိုလ်မှူး Ziaul Huq မှာ ယခုအချိန်ထိ လွှတ်မြောက်နေပြီး ယခု စစ်ဆေးခံရသူ စစ်အရာရှိများမှာ အာဏသိမ်းရန် ကြိုးပမ်းသူ Ziaul Huq နှင့် ဖုံးထဲမှ ဆက်သွယ် စကားပြောခဲ့သူများ ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းရန် ကြံစည်သူ ဗိုလ်မှူး Ziaul သည် သူ၏ အာဏာသိမ်းရန် အစီအစဉ်အား ဖုံးထဲမှ တဆင့် ဆက်သွယ်ပြောကြားခဲ့သော်လည်း သူအသုံးပြုခဲ့သော ဖုံး SIM ဆိမ်းကဒ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သုံးသော SIM မဟုတ်ဘဲ ဗြိတိန်နိုင်ငံသုံး ကဒ်ဖြစ်ကြောင်း သိရသည်။

ယခု အာဏာသိမ်းရန် ကြံစည် ကြိုးပမ်းသူများမှာ ပြည်တွင်း ပြည်ပရှိ ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ဆက်နွယ်သူများ ဖြစ်ကြပြီး ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အနားယူသွားသော ဗိုလ်မှူးချုပ် အဆင့်ထိ တာဝန် ထမ်းဆောင်သူများ ပါဝင်ကြောင်း သိရသည်။ ထိုအထဲတွင် ၁၉၈၀ ၀န်းကျင်က ဘင်္ဂလာ စစ်တပ်တွင် တာဝန်ဆောင်ခဲ့ပြီး ယခု ပြည်ပတွင် နေထိုင်သော Ishraq ဆိုသူမှာ အဓိက ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

ယခု စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သူများမှာ ဘာသာရေး အယူသည်းသူများ ဖြစ်ပြီး လက်ရှိ အစိုးရအား ဖြုတ်ချပြီး နောက်ထပ် အစိုးရသစ် တရပ်ကို တင်မြှောက်ကာ ဘင်္ဂလာဒေခ်ျ့ကို စစ်အရာရှိများဖြင့် အစားထိုး အုပ်ချုပ်ရန် စီစဉ်ခဲ့သူများ ဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။

လက်ရှိ ရှစ်ဟာဆီးနာ ဦးဆောင်သော အ၀ါမီလိဂ် အစိုးရသည် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွှတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပူးပေါင်းပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇ၀တ် ပြစ်မူများကို ကျူးလွန်ခဲ့သူ ဘာသာရေး ခေါင်းဆောင် တချို့အား ဖမ်းဆီး တရားစွဲဆိုပြီး အမူများကို စစ်ဆေးနေသည်။

ယခု အာာဏာသိမ်းရန် ကြံစည်သူများသည် အဆိုပါ တရားစီရင်မူကို မလိုလားသူများ ဖြစ်ကြောင်းနှင့် သူတို့၏ နောက်ကွယ်တွင် တရားမ၀င် အသင်းအဖြစ် ကျေညာထားသော အစ္စလာမ်မစ် အဖွဲ့အစည်း တစ်ချို့ ပါဝင်ပတ်သက်နေကြောင်း အစိုးရ ထိပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ယခု အာဏာသိမ်းရန် ကြံစည်ရာတွင် အလယ်အလတ် စစ်အရာရှိ ၁၄ ဦးမှ ၁၆ ဦးထိ ပါဝင်နိုင်ပြီး ယခုအခါ တချို့ကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သိရသည်။ 

                                                                                                                   (  နိရဉ္စရာ )

Sunday, January 22, 2012

မြန်မာသွေးကိုအရောင်ပြောင်းရန်ကြိုးပမ်းမှုကြီး(အပိုင်း-၁)..(BBC နဲ့ ရိုဟင်ဂျာတို့ရဲ့ လက်ဝါးရိုက် အကောက်ကြံမှုများ)

ပြောင်းလဲလာနေတဲ့ နိုင်ငံရေး ၊ ပြည်တွင်းရေး ကို စောင့်ကြည့်နေတုန်းမှာ ပွဲလန့်တုန်းဖျာခင်းတာလား
ဒါမှမဟုတ် မြန်မာပြည်သူတို့ ရဲ့ အာရုံကို လှည့်စားစေအောင်လုပ်ခဲ့လေသလား ဆိုတဲ့ အတွေးတွေနဲ့
မစဉ်းစားနိုင်အောင် မခန့်မှန်းနိုင်အောင် လုပ်ချလိုက်တဲ့ BBC ဆိုတဲ့ မဟာ့မဟာ သတင်းဌာနကြီးရဲ့ အံ့မခန်း
လုပ်ရပ်ကြီး သမိုင်းနဲ့ လူမျိုးကို သစ္စာဖောက်စေတဲ့ အမည်းကွက်ကြီး လူထုကြားထဲပေါ်ပေါက်လာခဲ့ပါတယ်။
ကိုယ့်မြေကိုယ့်ရေကို ကိုယ့်အသက်ထက်ချစ်တဲ့ မြန်မာပြည်သူလူထုကြီး တစ်ခုလုံး တအံတသြ ဖြစ်ပြီး ရင်ထုမနာ ဖြစ်သွားရတဲ့ လုပ်ရပ်ကိုမှ လုပ်ရက်လေသလား...BBC ရယ်...။
ကဲ....ဆက်ကြပါစို့ ရယ်
ဘယ်သောအခါမှ မရှိခဲ့ဘူးသော လူမျိုးစုကြီး အသားမည်းမည်း နှာကောက်ကောက် မုတ်ဆိတ်မွှေးဖားဖားနဲ့ 
လူမျိုးစုတစ်ခု အဘယ့်ကြောင့် တိုင်းရင်းသားဖြစ်လာခဲ့ရသလဲဗျာ..မြန်မာနိုင်ငံတိုင်းရင်းသားတွေရဲ့ဘာသာစကားမှာ ရေကို ပါနီ လို့ခေါ်တာ ဘယ်တိုင်းရင်းသားစကားမှ မရှိရပါဘူးဗျာ..။ ကုလား တွေရဲ့စကားဆိုတာ လူတိုင်းသိလောက်ပါတယ်...။
အဆိုးဆုံးက ကျွန်တော်တို့ ရဲ့ တိုင်းရင်းသားအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ ရခိုင်တွေ ရဲ့နေရာမှာ ဘာလို့ 
အဲဒီရိုဟင်ဂျာတွေရောက်လာသလဲ...။ဘာသဘောနဲ့ ထားစေခဲ့သလဲ...။
မဟာရက္ခိတများ(ရခိုင်) လူမျိုးများရင်ထဲမှာ ကုလားတွေ၊ဘင်္ဂါလီတွေနဲ့မူဂျာဟစ်တွေ၊အခု ရိုဟင်ဂျာ ကို ဘယ်လောက်မုန်းတယ်ဆိုတာ ကိုရော မသိလို့လား...။အနည်းဆုံးတော့ BBC မှာ ရခိုင်အမျိုးသားတစ်ယောက် ဖြစ်တဲ့ ဦးအောင်ကျော်ဇံ တို့ မသိတော့တာလား...အဲဒီစိတ်ဓါတ်မရှိတော့တာလား...ဒေါ်လာအစိမ်းရွှက်တွေအောက်မှာ ဝံသာနု တရားတွေ ခြေသုတ်လိုက်ပြီလား လို့ ဒီနေရာကနေ မေးလိုက်ချင်ပါတယ်...။
( Remark :  U Kyaw Zan Tha is service in Voice Of America : Bloger )
ရိုဟင်ဂျာ ဘာလဲ
ကျွန်တော် တို့ သံဃာတော်တွေ ရဲ့ စကားကို ယူပြောရမယ်ဆိုရရင်
ကျမ်းမသိတာထက် ကျမ်းညှိတာခက် ဆိုသလို အဲဒီ ရိုဟင်ဂျာတွေဘယ်က စ ခဲ့လည်းဆိုတာတင်
အခုပြသနာမှာ ဖြစ်နေကြပါတယ်...။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်ဆိုတာ အတိအလင်းဖော်ထုတ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်...။ကျမ်းကိုးတွေ သမိုင်းတွေချီပြီး ပြောဖို့မလိုပါဘူး...။အမျိုးသားပြတိုက် သွားကြည့်ပါခင်ဗျာ...။အဲဒါ အရှင်းဆုံး နဲ့  အရိုးရှင်းဆုံး ရှင်းပြချက်ပါ...။ရိုဟင်ဂျာ ရုပ်တု ၊ဝတ်စားဆင်ယင်မှု ၊ နေထိုင်မှုဓလေ့ စတဲ့ပြခန်းလေးများ ရှိနေလား ခင်ဗျာ...။ဟုတ်ကဲ့...လုံးဝ(လုံးဝ)ကွင်းစကွင်းပိတ် မရှိကြောင်းပါခင်ဗျာ..။
ရိုဟင်ဂျာ များက Burma Gazetteers(Akyab District) နှင့် British Burma Gazetteersတို့မှ အချက်များကိုကိုးကားပြီး ရခိုင်တွေထက် သူတို့တွေက ကျွန်တော်တို့ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်လူမျိုး
တို့ရဲ့ လခြမ်းမြေဒေသမှာ သူတို့စောနေပါတယ်ဆိုတာကြီးကိုပြောလာပါတယ်...။
ဟုတ်ကဲ့...ယင်းအချက်အလက်ဆိုင်ရာများဆိုတာက ထုတ်ဝေခဲ့သောနိုင်ငံ၊ခုနှစ်၊ဘာသာပြန်လမ်းပြများ၊အဲအချိန်ကနိုင်ငံရေးပေါ်လစီ၊မှတ်တမ်းတင်အဖွဲ့ရဲံအာဘော်
အဲဒါတွေအပေါ်မူတည်ခဲ့တယ်...။
သမိုင်းအကြောင်းအရာတွေဟာ တခုထက်ပိုလာရင် အမှားများလာပါတယ်...။နောက်ပြီး ဗြိတိလျှတွေနဲ့ နိုင်ငံခြားသားများရဲ့မှတ်တမ်းတင်ခြင်းဆိုင်ရာ အချက်အလက်များဆိုတာက လက်တွေ့အခြေအနေနဲ့ များစွာ ဝေးကွာပါတယ်...။
ဥပမာ..မြန်မာနိုင်ငံကို ဗြိတိသျှတွေဝင်တော့ ကုလားစစ်သားတွေပါလာတယ်...။သူတို့တွေရဲ့စစ်တပ်က အိန္ဒိယမှာ အခြေချတယ်...။ဒီတော့ မြန်မာ အသံထွက် ရန်ကုန်ကို ကုလားတွေရဲ့လျှာဖျားလိပ်ပြောတဲ့ အသံ
ရန်ကွန်း(Rangoon)ဆိုတာ ဖြစ်လာသလို တချို့မှတ်တမ်းဆင်တဲ့လူတွေရဲ့ သူတို့ကိုယ်ပိုင်အာဘော်ရယ်...
ဒေသတွေရောက်ရှိချိန်မှာ သူတို့နဲ့ရင်းနီးတဲ့ လူပုဂ္ဂ္ဂိလ်ကိုသာ မေးမြန်းတတ်တာတွေက မှားရခြင်းအဓိက တွေ ဖြစ်လာပါတယ်..။ရှမ်းပြည်ကမြို့ တချို့ဆိုရင် တကယ့်မြို့တည်တာတွေကို မှတ်တမ်းတင်ခြင်းမရှိပဲ ပါးစပ်ရာဇ၀င် ပုံပြင်တွေထဲကလို ဖြစ်လာတယ်ဆိုပြီး တင်သွားတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်..။
ကဲ လမ်းကြောင်းလွဲသွားပြီ..အစပြန်ကောက်ရအောင်...
(၁) သမိုင်းအမှန်
ကျွန်တော်တို့ ဟိုးနှောင်းခေတ်ပြန်သွားကြရအောင်..ရိုဟင်ဂျာ ဆိုတာသိချင်ရင် ဘင်္ဂါလီတွေ ရဲ့ အမျိုးတွေပါပဲ.ရှင်းရျင်းပြောရ၇င် ဘင်္ဂါလီတွေကိုယ်တိုင်ပါပဲ.


အေဒီ ၁၄၀၄-ခု လေးမြို့ခေတ် မင်းစောမွန်ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်နဲ့ဗမာဘုရင်နဲ့ စစ်ဖြစ်တယ်။ဘုရင်မင်းစောမွန်သည်ဘင်္ဂလားဒေသရှိထဲကဂေါလ်ဒေသသို့တိမ်းရှောင်ခဲ့တယ်..။ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏အကူအညီနဲံပဲရခိုင်ထီးနန်းကိုပြန်ယူခဲ့ရတယ်...။အဲ..နောက်တော့AD ၁၄၃၀-မှာ မြောက်ဦးမြို့တည်ပြီး မြောက်ဦးခေတ်ကို စတင်ခဲ့တယ်.။အဲဒီခေတ်က ရခိုင့်တပ်မတော်မှာ အာရပ်ကြေးစားစစ်သားတွေပေါ်တူဂီရေတပ်နဲ့ဂျပန်တွေပါဝင်ရောက်ထမ်းဆောင်ခဲ့တယ်လို့ အတိအကျဆိုထားခဲံ့တယ်..။အဲဒီအာရပ်ကြေးစားတွေနဲ့မိသားစုတွေကသံတွဲ၊ရမ်းဗြဲကျွန်းနဲ့မြောက်ဦးမြို့

ပြင် ဆင်ခြေဖုန်းဒေသတွေမှာ နေထိုင်ခဲ့တယ်။အဲဒီအာရပ်တွေကို ရခိုင်တို့က ကမန် လို့ခေါ်ပြီး ရခိုင်နိုင်ငံတော်သို့ လာရောက်နေထိုင်သော တိုင်းရင်းသား မျိုးနွယ်စုငယ် လို့သဘောထားခဲ့ကြတယ်..။ အဲဒီ ကမန် လို့ရခိုင်တွေခေါ်တဲ့ မူဆလင် ဘာသာဝင်လူမျိုးတွေက ကြေးစားတွေပီပီ ရခိုင်တွေအပေါ် သစ္စာရှိတယ်..ကျိုးနွံတဲ့အတွက် ရခိုင်တွေက သူတို့ရခိုင်နိုင်ငံတော်ရဲ့ဧည့်သည်ကောင်းတွေလို့ပဲ သဘောထားခဲ့ကြတယ်...။တိုင်းရင်းသားမျိုးနွယ်စုအဖြစ် မသတ်မှတ်ခဲ့ပါဘူး..။

(၂) ဘင်္ဂါလီ
ရိုဟင်ဂျာဖြစ်လာမဲ့ မွတ်ဆလင်တွေကတော့ ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး မှာ ဝင်လာတဲ့ စစ်တကောင်းတောင်းတန်းဒေသက ဘင်္ဂါလီ လူမျိုးစု စင်စစ်တွေဖြစ်တယ်...။၁၉၄၂ အင်္ဂလိပ်တွေပြန်ဆုတ်ချိန်
အလယ်သံကျော်ရွာအဓိကရုဏ်းဆိုတာကြီးပေါ်ပေါက်လာရတယ်...။အဲဒီရွှာကြီးဟာအရင်က ရခိုင်ရွာကြီးပါ..။ ၁၉၄၂ခုနှစ် အင်္ဂလိပ်အဆုတ်၊အုပ်ချုပ်ရေးမဲ့ နေချိန်မှာဖြစ်တဲ့ ကုလား-ရခိုင် အဓိကရုဏ်းမှာ အိမ်ခြေ၂၀၀ကျော်ရှိတဲ့အလယ်သံကျော်တစ်ရွာလုံးပျက်သွားတယ်..။အဲဒီတုံးက ရခိုင်တွေက တောင်ကိုကျော်ပြီး ဘူးသီးတောင်၊ ရသေ့တောင်ဘက်ကို ပြေးဖို့ ကြိုးစားတယ်..။အင်္ဂလိပ်က V force ဆိုပြီး ကာကွယ်ရေး တပ်ဖွဲ့ပေးခဲ့တဲ့ ကုလားတွေက ရွာတွေကို ဖျက်တယ်..။ထွက်ပြေးဖို့ ကြိုးစားတဲ့ ရခိုင်တွေကို တောင်ကျော်လမ်းတွေက စောင့်သတ်တယ်..။ဒါ့ကြောင့် ရခိုင်တွေကစစ်တွေဘက်ကို မပြေးနိုင်ဘဲ ကုလားပြည်ကဒိန္နာပူရ်ဘက်ကို ထွက်ပြေးရတယ်..။အဲဒီမှာ ရခိုင်၄၀၀၀ လောက်ကို အင်္ဂလိပ်က ဒုက္ခသည်စခန်း ထားတည်ပေး ခဲ့ရတယ်။ အဲဒီသတ်မှုကြီးမှာ ရခိုင်သုံးသောင်းလောက် သေခဲ့တယ်။ အဲဒီ အချိန်ကစပြီးအလယ်သံကျော်ဟာကုလားရွာဘ၀ရောက်သွားခဲ့တယ်..။နောက်တော့ ဂျပန်အုပ်ချူပ်မှုစတင်တဲံအခါမတော့ ရခိုင်တွေကို သတ်တဲ့အဲဒီစောက်ကုလားတွေက ဘာသာရေးအသွင်ပြောင်း ဂျမေယာတူ-အိုလမာအသင်း ဖွဲ့စည်းကြတယ်လေ..။နောပ်မတော့ အနောက်ပါကစ္စတန်ထဲကအော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ် မူဂျာဟိန်းအဖွဲ့ ဖွဲ့လိုက်တယ်..။ရခိုင်တွေအခေါ်တော့ မူဂျာဟစ် လို့ခေါ်ကြတယ်..။ဒင်းတို့ရည်ရွှယ်တာကတော့ ပါကစ္စတန်ထဲကို ရခိုင်ပြည်ထည့်သွင်းရေး ပဲ..။ စစ်ရေးအရ ယှဉ်လိုက်တော့ မြန်မာစစ်တပ်နဲ့ပေါင်းပြီး ကိုယ့်သဘောနဲ့ကိုဝင်တိုက်တဲ့ ရခိုင်အမျိုးသားတွေကိုပါရူံးသွားတယ်ဗျာ...။မောင်ကျောက်ခဲ အဖိုးတို့တောင်ပါသေးတယ်..အဲဒီတိုက်ပွဲတုန်းက..။ငယ်ငယ်တုန်းက ကြားဖူးတာပါ..။
အဲဒါနဲ့ပဲ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဆိုပြီး လူမျိုးသစ်တခုကို
၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းပေးလိုက်တယ်..။
(၃) ရိုဟင်ဂျာ ရဲ့ ဖန်တီးမှုဘ၀ စလာပြီ
၁၉၅၁ ခုနစ် ဇွန်လ ထဲမှာ အလယ်သံကျော် မွတ်ဆလင်ညီလာခံ မှာ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးလို့ခေါ်နိုင်ဖို့ ကြိုးစားခဲ့ကြပါလေရောဗျားး။ ရခိုင်တွေက ငါတို့ပြည်မှာ(ရခိုင်ပြည်)မှာ မွတ်ဆလင် လုံးဝ မရှိ လို့ပြောလာတော့ ဒင်းတို့မြှားဦးက ရိုဟင်ဂျာတွေဘက် လည့်ပါသွားတယ် ခင်ဗျာ...။
နောက်တော့ ဒီလိုတွေ ဆက်တိုက် ဖြစ်လာတယ်
အဲဒီ အစည်းအဝေးမှာ ဘင်္ဂါလီ ကုလားများက သူတို့ကိုယ် သူတို့ ရခိုင်မူဆလင် ဆိုတဲ့ စကားလုံးကို စပြီး သုံးခဲ့တယ်။ ဒါပေမယ့် ဒါကို ရခိုင်တွေက လုံးဝ လက်မခံခဲ့ဘူး၊ ရခိုင်လူမျိုးဟာ ဘယ်တုံးကမှ မွတ်ဆလင် မဖြစ်ခဲ့ဘူးလို့ အကြီးအကျယ် ကန့်ကွက်ခဲ့တယ်..။ ဒါ့ကြောင့် မူဂျာဟစ်၊ ရခိုင် မူဆလင် ဆိုတဲ့ နံမည်တွေ အလုပ်မဖြစ်တော့တဲ့ နောက်မှာ ရိုဟင်ဂျာ ဆိုတဲ့ နံမည်ကို ဘင်္ဂါလီ တွေက တီထွင်ခဲ့တာ ပါ...။
ပါတီနိုင်ငံရေးရဲ့ လက်ဆောင်
လာပါပြီ..ဆိုးချက်များပြောပါတယ်...
ဦးနု..မင်းလောင်း-ဘုရားလောင်း လို့ ဘယ်ကောင်မြှောက်ပေးလိုက်တယ်မသိဘူး..သူကိုယ်သူ တကယ် မင်းလောင်း ဘုရားလောင်းထင်နေတဲံလူကြီး ကြောင့်ဆိုတာ အမှန်ဆုံးပါ..။၁၉၆၀ မှာ အိမ်စောင့် အစိုးရက ရွှေးကောက်ပွဲလုပ်မယ်ဆိုတော့ သန့်ရှင်း-ဦးန က ရခိုင်ပြည်နယ်မောင်းတောကို မဲဆွယ်ဖို့လာပါတယ်...။သူကိုသာမဲပေးရင်ရိုဟင်ဂျာလူမျိုးလို့သတ်မှတ်ပေးမယ်...ဘင်္ဂါလီတွေအတွက်
မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ် မှာတောင် ရိုဟင်ဂျာ အစီအစဥင်္တောင် ထည့်ပေးလိုက်သေး..။ဘင်္ဂါလီတွေက မေယု ပြည်နယ်ဆိုပြီးတောင်းဆိုတာကို မပေးပဲ သီးခြားဒေသဆိုပြီး
မေယုခရိုင် ဖွဲ့ ရုံဖွဲ့ ပေးလိုက်တယ်..။အဲ-အဆိုးဆုံးကတော့ မှတ်ပုံတင်တွေ ထုတ်ပေးလိုက်တာပဲဗျာ...။
၁၉ရ၈ နဂါးမင်းနဲ့ ဟသာင်္ စစ်ဆင်ရေးတွေမှာ ခိုးဝင်လာတဲံကောင်တွေမှန်းသိပေမဲ့ မှတ်ပုံတင်တွေကြောင့်
ဘာမှမလုပ်နိုင်ခဲံဘူးဗျာ...။တောက်--ဘယ်လောက်ရင်နာစရာကောင်းလဲ...။
တိုင်းပြည်အကျိုးမသိပဲ ပါတီနိုင်ငံရေးလုပ်ခဲံ့တော့ အမတ်နေရာ ရဖို့အတွက် မဟုတ်တာလျှောက်လုပ်တာက
ဆိုးရွှားလွန်းတယ်နော်...။ကိုယ့်ပြန်ကိုက်မဲ့ မြွေ ကိုယ်တိုင်မွေးလိုက်ကြတော့တာပဲဗျာ....။
မြန်မာနိုင်ငံက လက်ရှိပါတီများအတွက် သတိထားစရာ စံယူရမယ့်ရှောင်ရျားရမယ့် အမည်းကွက်
ကြီးပါလားဗျာ....။ရိုဟင်ဂျာ အမည်တပ် ဘဂါင်္လီတွေ ရဲ့ သမိုင်းဆိုင်ရာ အထောက်အထား စုမိသလောက်ကို တင်ပြတာပါ...။
မြန်မာနိုင်ငံကို ချစ်သော ဒီမိုကရေစီ ဘက်တော်သား ၊လက်နက်ကိုင်များ၏ ငွေရှာပေါက်
ကျွန်တော်တို့ ဒီဘင်္ဂါလီကိုပဲ အတိုက်အခံတွေ.တိုင်းရင်းသားတွေ.၈၈ မျိုးဆက်ကျောင်းသားတွေ
ဘယ်လို အသုံးချပြီး ကမ္ဘာကိုညာခဲံ့လဲဆိုတာ မကဒတ ရဲဘော်တစ်ယောက်က ဒီလိုဖွင့်ချခဲ့ပါတယ်
ကဲ---ရိုဟင်ဂျာ ဆိုတာ ဘာလဲ
ဘယ်လိုပေါ်လာသလဲဆိုတာ ကျွန်တော် ရှေ့က ပြောသူများ တင်ပြထားသော ဘလော့များ စိတ်ရှည်စွာရှင်းပြပေးသူများ ဆီမှာနေပြီးတစုတစည်းတည်းဖော်ပြထားပါတယ်..။
ဒီလို လူမျိုးတွေကို ဘာလို့ ကျွန်တော်တို့ ရဲ့ရခိုင်ပြည်နယ်မှာ BBC က သိပါလျှက်ကယ်နဲ့ ဌာနတွင်းမှာတင်
ရခိုင်အမျိုးသားများရှိပါလျှက်ကယ်နဲ့ ဘာလို့သိသိကြီးလုပ်တာလဲ...။
အကြံကြီးမှားတဲ့ BBC ကမြန်မာနိုင်ငံကိုစတင်ထုတ်လွင့်ကတည်းက အမှန်တွေတင်ပြလာတယ်..နောက်တော့ လူအကြိုက် ဟော့သတင်းတွေ ပြောလာတယ်...။နောက်တော့ သောက်တလွဲတွေပြောလာတယ်...။
အခုချိန်မှာတော့ သည်းခံနိုင်စွမ်း ကျော်သွားပါပြီ...။မိမိနိုင်ငံတွင်းကို ကမ္ဘာသိအောင် တခြားလူမျိုးများကို
ဆွဲသွင်းပြလိုက်ပါပြီ...BBC သည် ရခိုင်အမျိုးသားများနေရာမှာ ဘဂါင်္လီများ ကိုထည့်သွင်းရေးလုပ်ဆောင်နေခြင်းမှာကား ကြောက်စရာကောင်းတယ်ခင်ဗျ.။
ယနေ့ အပိုင်း(၁) တွင်
ယခုလောက်သာ တင်ပြဆွေးနွေးလိုက်ပါတယ်ဗျာ...။
နောက်ဆက်တွဲ
ကဲ--ဒီကောင်တွေ ကျွန်တော်တို့နိုင်ငံဘက်ကို ဝင်ဖို့ ဘယ်လိုလုပ်ခဲ့ကြလဲ
နောက်အကြံတွေကတော့ သိပ်ကြောက်ဖို့ ကောင်းလာတယ်နော်...မိတ်ဆွေတို့ရေ....
မောင်ကျောက်ခဲ
မောင်မောင်ဒိန်

ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ


(မြန်မာ သံတော်ဆင့်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းသလို အတော် အငြင်း အခုန် ဖြစ်မယ့် ဆောင်းပါး ဖြစ်ပါတယ်။)
ဝင်စတန် ချာချီဟာ သူရဲ့ နာမည်ကျော် အတွဲပေါင်း များစွာရှိတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး (Second World War) လို သမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင် အရေးကြီးပုံချင်း အတူတူပဲ ဖြစ်ပေမဲ့ အရွယ် အစားအစား လက်ဝါးသာသာ လောက်သာရှိတဲ့ စာအုပ်(ကျမ်း) ကလေး တစ်အုပ်ကိုလဲ ရေးခဲ့ ဘူးတယ်။ စာအုပ်နာမည်က Great Contemporaries (pub. 1947) တဲ့။
စာအုပ်ထဲမှာ တခြားခေတ်ပြိုင် ပုဂ္ဂိုလ်တွေနဲ့ အတူတူ ဟစ်တလာ၊ စတာလင်နဲ့ ထရော့စကီးတို့ အကြောင်းတွေလဲ ပါတယ်။ စာအုပ်ရဲ့ နိဒါန်းမှာတော့ ရေးတဲ့ ရည်ရွယ်ချက်ကို သူက ဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲ ပြောင်ပဲ ပြောထားပါတယ်။ အာဏာရှင် စံနစ် (ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ရမဲ့ နောက်ဆုံးပိတ် တိုက်ပွဲကြီး အကြောင်းပါ။ “ကြိုတင် မှာထားချင်တာ ကတော့ ကြိုတင်လက်နက် တပ်ဆင်ထားကြ” (To be forewarned is to be forearmed) လို့ အတိအလင်း ပြောထားပါတယ်။
ဒီစာအုပ်ကို အကြောင်းပြုပြီး ကျနော် ပြောချင်တာက ချာချီဟာ သူနဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆိုရရင်) ရန်/ငါစည်းခြား သတ်မှတ် ပြခဲ့ယုံသာမက သူတို့ပြုမူခဲ့ပုံတွေကို သမိုင်းအမြင်နဲ့လဲ ကြည့်မြင်ခဲ့တဲ့ အချက်ပါ။ ဥပမာ စတာလင် ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ (ကမ္ဘာကြီး သံမဏိနဲ့ လျှပ်စစ်ခေတ်ကို ရောက်နေချိန်မှာ) သစ်သားထွန်တုံး ထွန်တံကိုပဲ သုံးနေရသေးတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့ပေမဲ့ သူသေသွားတဲ့ အချိန်မှာ သူ့တိုင်းပြည်ကို ညူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံအဖြစ် ချန်ထားရစ်ခဲ့တယ်။” (He was born into a country that still used wooden ploughshares. When he died he left his country a nuclear power.) လို့ အကဲဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ရန်သူဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည် ကောင်းစားရေး ကိုယ်လုပ် သွားကြတာချင်းကတော့ အတူတူဘဲ ဖြစ်လို့ လူအရတော့ လေးစား ပြတာကို တွေ့ရတယ်။
စစ်ကြီးအပြီး အမေရိကန် ပြည်ထောင်စုမှာ သူပြောခဲ့တဲ့ မိန့်ခွန်း တွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ခု ပါရှိခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဒီမိုကရေစီကို ကမ္ဘာနဲ့ချီပြီး ကာကွယ်တဲ့ ခုခံစစ်ကြီးကို ကြီးမှုးခဲ့ပေမဲ့ “စင်စစ် ဒီမိုကရေစီဟာ အပြစ် အနာအဆာ မကင်း၊ ချို့ယွင်းချက် ဗလပွနဲ့ စံနစ်တစ်ခုပါ။ ဒါပေမဲ့လဲ ကမ္ဘာကြီးအတွက် လက်တွေ့မှာ ပိုကောင်းတဲ့ ၀ါဒစံနစ် ဆိုတာလဲ မရှိသေးပါဘူး။ ဒါ့ကြောင့် အဲဒါကိုဘဲ ဖက်တွယ် နေရပါတယ်” လို့ ၀န်ခံ မှတ်ချက် ပြုခဲ့ဘူးပါတယ်။
တဘက်မှာတော့ မဟာ့မဟာ အင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက် ချာချီဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဓီတို့ကို ခွင့်မလွှတ်နိုင် ဖြစ်ခဲ့တာတွေလဲ ရှိသပေါ့။ သူကဂျပန်နဲ့ ပေါင်းခဲ့တဲ့ အောင်ဆန်းကို သစ္စာဖေါက်လို့ အတိအလင်း သတ်မှတ်ခဲ့ပြီး ဗြိတိသျှ အင်ပါယာကို လူပုံအလယ်မှာ အရှက်ရစေတဲ့ ဂန္ဓီကြီးကိုလဲ လံကွတ်တီဝတ် ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာ ခေါ်ခဲ့တယ်။ ဂျာမဏီ အထိသွားပြီး ဟစ်တလာနဲ့ မဟာမိတ်ပြုကာ အိန္ဒိယ အမျိုးသား တပ်မတော် ထူထောင်ပြီး အင်္ဂလိပ်ကို လက်နက်နဲ့ တော်လှန်ခဲ့တဲ့ ဆူဘတ်စ်ချန္ဒရာဘို့စ် ကတော့ သူ့ဖာသာသူ စောစောစီးစီး လေယဉ် ပျက်ကျပြီး သေသွားလို့ ချာချီ အပြစ်တင်ခွင့် မရခဲ့ပါဘူး။ (ဘိုစ်နဲ့ လမ်းစဉ်ချင်း မတူဘဲ - အိန္ဒိယမှာ သာမက ကမ္ဘာမှာပါ အဓိကရ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဂန္ဓီခမျာ -ချာချီနဲ့ ဗြိတိသျှ အင်ပါယာကြီးရဲ့ သြဇာ အရှိန်အ၀ါကို မဆန့်ကျင် ရဲကြလို့ နိုဗဲလ်ဆု ကော်မတီက သူ့ကို ဆုမပေးရဲလို့ -ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုကြီးကို ရမသွားရှာဘူး။
ချာချီနဲ့ အလားတူ ပုဂ္ဂိုလ်တွေကြောင့် ‘သမိုင်းဆိုတာ နောက်ဆုံးပိတ် ဖြစ်တဲ့ စစ်ပွဲမှာ နိုင်တဲ့ဘက်က ရေးတဲ့အတိုင်း’ (History is written by the winner of the last war.) ဖတ်ရတာမျိုးပဲလို့ အငေါ်တူး စကားမျိုးတွေ ပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ချာချီနဲ့ ပါတ်သက်လို့ တခြား ပြောချင်တာတွေ ရှိသေးပေမဲ့ ဒီနေရာမှာတော့ သူနဲ့ ခေတ်ပြိုင် ရာဇ၀င်မြောက် လူပုဂ္ဂိုလ်တွေ (historical figures) တွေအပေါ် အပြီးသပ် တန်ဘိုးဖြတ် (Final assessment)ရာမှာ သူအသုံးပြုခဲ့တဲ့ ပေတံ (measures) တွေက ဘာတွေလဲ ဆိုတာကိုသာ လေ့လာစူးစမ်း တင်ပြ လိုရင်းပါ။
ဘာဘဲပြောပြော အထက်က တင်ပြခဲ့တဲ့ စတာလင်အပေါ် ချာချီရဲ့ အပြီးသတ် မှတ်ချက်ကို ကြည့်ရင် သူဟာ (ဒီမိုကရေစီဝါဒ အမြင်အရ) “လူကြမ်းတွေ တိုင်းပြည်ချစ်နည်း” ကို လက်မခံပေမဲ့ သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကိုတော့ အသိအမှတ် ပြုခဲ့တာ တွေ့ရတယ်။ ဒီလိုဆိုတော့ လူကြမ်းတွေရဲ့ (လူသား မဆန်တဲ့) တိုင်းပြည် ချစ်နည်းတွေကို သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကို ကြည့်ပြီး ခွင့်လွှတ်ထိုက်/ မလွှတ်ထိုက် ဆိုတာကလဲ စူးစမ်းဆင်ချင် ကြည့်စရာပါ။ “နိဂုံးချုပ် ကောင်းရင် အားလုံး ကောင်းတယ်” (All is well that ends well) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ် ရေးဘူးတယ်။
ပြီးခဲ့တဲ့ နောက်ဆုံးအသုတ် ထောင်ခါပွဲကြီးမှာ အများက လွတ်စေချင်နေတဲ့ သူတွေနဲ့ အတူတူ အများက မလွတ်စေချင်တဲ့ သူတစ်ချို့လဲ ပါလာတယ်။ အဓိက လူကတော့ တချိန်က အနောက်တိုင်း စာနယ်ဇင်းတွေက ဒုစရိုက် မင်းသား (Prince of evil) လို့ နာမည်ပေး ခံရဘူးတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပါ။
[ခင်ညွန့်လို့ခေါ်တာ မြန်မာ့ ယဉ်ကျေးမှုအရ ဆိုရင်တော့ ရင့်သီးတယ် ထင်ကြမှာပဲ။ ဒါကတော့ ကျနော်ရဲ့ ဂျာနယ်လစ်ဇင် စတိုင်ဖြစ်လို့ မတတ်နိုင်ဘူး။ လူတွေကို ဦး/ဒေါ် တပ်ခေါ်ပြီး စာစီရတာက ရှည်လွန်းတယ်။ စာထဲမှာ တစ်ကြိမ်မက အကြိမ်ကြိမ် ပြန်စီဘို့ လိုတဲ့ နာမည်တွေ ဖြစ်နေယင် အလွန် အချိန်ကုန်ပြီး လက်ညောင်းတယ်။ လူတွေကို မလေးစားလို့ မဟုတ်ပါ။ ဒါကြောင့် စာမှာပါတဲ့ သူတိုင်းကို တပြေးညီ နာမည်ရင်း အတိုင်း အတိအကျ သုံးစွဲတာပါ။ ဒါတောင် နဂို အမည်ရင်းကိုက ရှည်နေတဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့လို၊ အောင်ဆန်းစုကြည် တို့လို နာမည်တွေကျရင် မလွှဲမရှောင်သာ အပြည့်အစုံ ရေးနေ ရတာပါဘဲ။ ပရိသတ် အသီးသီးက ခေါ်နေကြသလိုသာ “နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်” တို့ “မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” တို့ ဆိုတာမျိုးတွေ ရေးနေရယင် ခရီးတွင်မှာ မဟုတ်သလို၊ ရေးရသူ မဆိုထားနဲ့ ဖတ်ရသူ အတွက်တောင် အတော်ရှည်ပြီး ၀ါကျမှာ နေရာ ယူလွန်းတယ်။ ကျနော့် ပုဂ္ဂလိက အမြင်မှာ ဂျာနယ်လစ်ဇင် မဆန်ဘူး၊ ပရိုဖက်ရှင်နယ် မဖြစ်ဘူး။ ပြည်ပက ရေးသူမို့ တတ်နိုင်လို့  ရေးတာဘဲလို့ ဆိုရင်လဲ ဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
လူတစ်ယောက်ကို သူမသေခင် အပြီးသတ် သဘောမျိုး အကဲဖြတ်တာ မမှန်နိုင်ပါဘူး။ ဒါပေမဲ့လဲ လုပ်တော့ လုပ်နေ ကြတာပါဘဲ။ သတင်း နည်းပညာတွေ အဆမတန် ထွန်းကား လာယုံမက လူတိုင်း လက်လှမ်း မှီလာတဲ့ ကနေ့ခေတ် မှာတော့ တကမ္ဘာလုံးမှာ လူတိုင်းက လူတိုင်းအပေါ် တရားသူကြီး ပြန်လုပ်တဲ့ ခေတ်ကို ရောက်ပြီလို့တောင် ပြောရမလားဘဲ။
ကျနော်တို့ ဗမာတွေကလဲ အရာရာကို အလျင်စလို မှတ်ချက် ပေးတတ်တဲ့ လူမျိုးရေး စရိုက် (racial character) ရှိလို့  “မပြီးခင် ဗမာ မမြင်စေနဲ့ ” လို့တောင် တခြား တိုင်းရင်းသားတွေက ပြောစမှတ် ပြုရသူတွေ ဖြစ်ကြပါတယ်။
ဒီ ၂ ချက်အပြင် နှစ်ပေါင်း ၅၀ကျော် ပါးစပ်ပိတ် ခံထားရပြီး အခုဖွင့်ပေး လိုက်တော့မှ ပြောရဲဆိုရဲ ဖြစ်လာကြတဲ့ တိုင်းပြည် ဖြစ်နေပြန်တဲ့ အတွက် အခု အချိန်မှာတော့ - သခင်စိုး မှတ်ချက် ပေးဘူးသလို “အရူးထောင် ဖွင့်ပွဲကြီး” တစ်ခုဟာ တားမရ ဆီးမရ ကန်ဘောင် ကျိုးကြလာနေ တော့ပါဘဲ။ ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီးလို့ ပဲ ဆိုကြပါစို့ ။
ခင်ညွန့်ကို လွှတ်ပေး လိုက်တာကို မကျေနပ်တဲ့ လေသံနဲ့ မှတ်ချက် ပြုသူတွေ Facebook မှာ ထောင်ဂဏန်း နီးပါးရှိ တာကို တွေ့ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ် ကာလမှာ ထိပ်တိုက်ရင်ဆိုင် နိုင်ငံရေး လမ်းကြောင်း လိုက်မိခဲ့သူတွေဟာ စစ်အစိုးရရဲ့ ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှု ဒဏ်ကို ရက်ရက် စက်စက် ခံခဲ့ကြရတဲ့ အတွက် သူ့ရာထူးကျပြီး တလှည့်တပြန် ထောင်နန်းစံ ရတဲ့အခါမှာ အလွန် အင်မတန် ကျေနပ်အားရ ခဲ့ကြသလို အခု ပြန်လွတ် လာတော့လဲ ၀မ်းမသာနိုင် ဖြစ်ကြရ ပြန်တယ်။ လူ့ သဘာဝပါ။ အပြစ် ဆိုစရာမရှိ။ ဝေဘန် စောကြောစရာလဲ မလိုပါ။
သို့သော် အချိန်တန်ယင် မေ့ပျောက်သွားရမဲ့ သာမန် လူ့သဘာဝ ခံစားချက်ထက် ကျော်လွန်ပြီး နိုင်ငံရေး ပြဿနာ တရပ် ဖန်တီး လာမယ် ဆိုရင်တော့ သတိထား ရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် လက်ရှိ အကောင်းဘက်ကို ဦးတည် ရွေ့နေခြင်းကို အန္တရာယ် ပြုနိုင်ပါတယ်။ ခိုင်မာတဲ့ သမိုင်း လက်တွေ့ အရ ဒီလို ပြောနိုင်တာလဲ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီက ခေါင်းဆောင် တစ်ဦးက Nuremberg ဆိုတဲ့ အသုံးအနှုံး ကလေး တစ်ခုကြောင့် အာဏာလက်ရှိ စစ်အစိုးရ ခေါင်းဆောင်တွေကို စိတ်ပြောင်းအောင် လုပ်လိုက်သလို ဖြစ်ပြီး သဘောထားတွေ တင်းမာ ကုန်ကြရာက နိုင်ငံရေး လမ်းကြောင်း ပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉၀ တုံးကလို တာဝန်မဲ့ လေသံမျိုးတွေ ကြားလာရပြန်တော့ ဒီတစ်ခါတော့ ဥပဒေထဲမှာ တရားဝင် အာဏာ သိမ်းခွင့် ထည့်ရေးထားတဲ့ အထိ တဘက်က အဆုံးစွန် အတွက်ပါ အသင့်ပြင်ထား (Prepared for the worst) တာနဲ့ ဆက်စပ် ကြည့်လိုက်ရင် နောက်ကြောင်း ပြန်မလှည့်ပါဘူးလို့ ဘယ်သူက ပြောနေပါစေ အကြောင်း တိုက်ဆိုင်လာရင် ဘယ်သူမှ အာမမခံနိုင်တဲ့ အခြေအနေမျိုး ဆိုတာ တွက်ဆ ကြည့်နိုင်ပါတယ်။
ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ယခင် အာဏာရှိစဉ်က လူ့အခွင့်အရေး ချိုးဖေါက် ခဲ့ကြတယ်လို့ စွပ်စွဲ ခံကြရသူတွေကို လိုက်လံ ရှာဖွေပီး အရေးယူ အပစ်ပေးတဲ့ နိုင်ငံရေး (Politics of Retribution) ဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ခေတ်စားလေ့ ရှိပါတယ်။ တည်ဆဲ ကမ္ဘာကြီး (existing world system)ကလဲ ဒါကို အားပေးပါတယ်။ သက်သေ ကတော့ The Hague က အပြည်ပြည် ဆိုင်ရာ ရာဇ၀တ်ကြောင်း တရားရုံး (International Criminal Court - ICC) ပါဘဲ။ ဒီရုံးရဲ့ တရားဝင်မှု (legitimacy) ကို နိုင်ငံ အတော်များများက လက်မခံကြဘူး။ ဥပမာ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အသိအမှတ် မပြုဘူး။ ဒါဟာ လွပ်လပ်တဲ့ နိုင်ငံတော်တွေရဲ့ အချုပ်အခြာ အာဏာ (national sovereignty)ကို ထိပါးရာ ကျတယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ ICC ဟာ အမေရိကန်လို မဟာ အင်အားကြီး နိုင်ငံကြီးတွေကို ဘာမှ မတတ်နိုင်ပေမဲ့ အင်အား ချိနဲ့ နေတဲ့ နိုင်ငံတွေ (weak states) နဲ့ ကျဆုံးနေတဲ့ နိုင်ငံတွေ (Failed states) ၊ ကျဆုံး သွားတဲ့ နိုင်ငံတွေ (Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲ ခံရသူတွေကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင် ပါတယ်။ ဥပမာ မီလိုဆိုဗစ် (ယူဂိုဆလားဗီးယား)၊ ခမာနီ ခေါင်းဆောင်တွေ (ကမ္ဘောဒီးယား)နဲ့ ချားလ်စ်-တေလာ (Sierra Leone) တို့ကိုကြည့်ပါ။ အီရတ်နဲ့ အာဖဂန် နစ္စတန် ပြည်သူတွေရဲ့ လူ့အခွင့်အရေး တွေကို အကြီးအကျယ် ချိုးဖေါက်ခဲ့တဲ့ ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush) ကိုတော့ ICC က လေသံတောင် မဟရဲဘူး။ ဒါတွေဟာ လက်ရှိ အိုဘားမား လက်ထက် မှာတောင် ဆက်ဖြစ်နေတာပဲ။
ပြည်တွင်းစစ် ရှိနေတဲ့ နိုင်ငံတိုင်းဟာ ချိနဲ့တဲ့နိုင်ငံ (weak state) ပါ။ ဒီ့ထက် ကိုယ်ပိုင် နယ်မြေ၊ ကိုယ်ပိုင် စစ်တပ်နဲ့ ဗဟိုက အစိုးရကို မနာခံဘဲ တိုင်းပြည် ကြီးထဲမှာ တိုင်းပြည်ငယ်တွေလို နေနေကြတဲ့ အုပ်စုတွေ အများကြီး ရှိနေယင်တော့ သာမန် ချိနဲ့ရုံ မကတော့ဘဲ ကျဆုံးနေတဲ့ နိုင်ငံတော် (failed state) တစ်ခု ဖြစ်လာပါတယ်။ [F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကို ကျနော် စာရင်းပြုစု ထားတာ အချက်ပေါင်း သုံးဆယ်ကျော် ရှိပါတယ်။ နောင် အလျဉ်း သင့်တဲ့အခါ တင်ပြပါ့မယ်။]
ဒီလိုနေရာတွေမှာ ဒီမိုကရေစီ ဝေးလို့ တရားဥပဒေ အုပ်စိုးရေး (law and order) တောင် မသက်ရောက်ဘူး။ လူ့အခွင့်အရေး ဆိုတာကတော့ အစိုးရကော၊ သူပုန်ကော၊ သူပုန်အမည်ခံ တောပုန်း ဓါးပြတွေ၊ မူးယစ်ဆေးဝါး မားဖီးယားတွေ ကကော အားလုံး အပြိုင်အဆိုင် ချိုးဖေါက် နေကြတာ ပါဘဲ။ တခြားသူတွေ လုပ်နေ ကြတာတွေကို သဘောလောက် ၀တ်ကျေ တန်းကျေ ပြောကြပေမဲ့ အစိုးရတွေ ကျူးလွန် တာတွေ ကတော့ မိမိရရ မှတ်တမ်း မှတ်ရာ တွေနဲ့ ဖြစ်နေတတ်ကြတယ် (well documented)။
မြန်မာပြည်မှာ လူ့အခွင့်အရေး ကင်းတာ လွပ်လပ်ရေး ခေတ်ဦး ကတည်းကပါ။ ဦးနေ၀င်း လက်ထက် ဆိုရှယ်လစ် ၂၆နှစ်မှာ လက်နက်ကိုင် ပုန်ုကန်မှုတွေကို နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင် လုပ်နိုင် ခဲ့ပေမဲ့ ၁၉၈၈ မှာ ဗဟိုချက်မ ဒေသတွေ (center)မှာ အရပ်သားများရဲ့ လက်နက်မကိုင် ပုန်ကန် ထကြွမှုကြီး ပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့ အုံကြွမှုက မူလကတည်းက ရှိနေပြီးသား ပြည်တွင်းစစ်ကို ပြန်အရှိန် တက်လာ စေပြီး လူ့အခွင့်အရေး ကိစ္စကို ပိုဆိုး လာစေတာဘဲ။
၁၉၈၈ခုနှစ် စက်တင်ဘာမှာ ပေါ်လာတဲ့ စောမောင်၊ ခင်ညွန့်တို့ရဲ့ န၀တ (State Law and Order Restoration Council) ဟာ အသေအချာ လက္ခဏာ အကဲဖြတ် ကြည့်ရင် အာဏာ သိမ်းပွဲ မဟုတ်ခဲ့ဘူး။ ဘယ်သူ့ လက်ထဲမှာမှ မရှိတော့တဲ့ အာဏာကို ဘယ်လိုလုပ် သွားသိမ်းရမလဲ။ အာဏာ သိမ်းတယ် ဆိုတာ ကမ္ဘာ အရပ်ရပ်မှာကော မြန်မာပြည် (၁၉၆၂) မှာပါ အာဏာ လက်ရှိအစိုးရ ခေါင်းဆောင်တွေကို အရင်ဖမ်း၊ ထောင်ထည်းတည့်၊ သို့မဟုတ် လက်စတုံး ကွပ်မျက်ပစ်တာတွေ လုပ်ကြတာဘဲ။ ၁၉၈၈မှာ ဘယ်အစိုးရ ရှိနေသေးလို့ ဘယ်တိုင်းပြည် အကြီးအကဲကို ဖမ်းဆီးခဲ့ရ၊ ရာထူးက ချခဲ့ရသလဲ။
တကယ်က မင်းမဲ့ အခြေအနေ (anarchy) ဖြစ်သွားတာကို ရန်ကုန်သား ဆိုသူတိုင်း အသိဘဲ။ ၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီး တုန်းကလို Robespierre နဲ့ Guillotine တို့ ပေါ်မလာ သေးတာဘဲ ရှိတယ်။ ဆင်ခြေဖုံးတွေမှာ ဆိုရင် ခေါင်းဖြတ် တာတွေ လုပ်နေတယ်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လုံခြုံရေး ပျက်ပြားကုန်ပြီး ၀ါးကပ်ကာ ခြံစည်းရိုးတွေကြောင့် သွားလာ ရေးတောင် ခက်ခဲကုန်ပြီ။
ဒီအချိန်မှာ အရပ်သား နိုင်ငံရေးသမား တွေဟာ ခေတ်ကို ရှေ့ ဆောင် နိုင်ဘို့ ဝေးစွ၊ အမှီတောင် မလိုက် နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း ငယ်ကျိုး ငယ်နာတွေ မပြေနိုင်ကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် ဆက်ဖြစ် နေခဲ့ကြတာကို ကြည့်ယင် သူတို့အားလုံး အတိတ်မှာဘဲ ကျန်ရစ် နေခဲ့ကြတာကို သိနိုင်တယ်။ အချိန်နဲ့အမျှ မရပ်မနား ယိုယွင်း နေလာတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လို လုပ်ရမလဲ။
ဒါကြောင့် သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ သမိုင်း လိုအပ်ချက် (historical necessity) အရ ပေါ်လာရတဲ့ သမိုင်းရဲ့ အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ သူ့ထက် ပိုကောင်းတဲ့ သမိုင်း လမ်းကြောင်းတွေ (betteralternative paths) ကို အရပ်သားတွေကမှ မဖန်တီးနိုင်ခဲ့ကြဘဲ။
ယ္ခုတိုင် သက်ရှိထင်ရှား ရှိနေကြသေးတဲ့ နိုင်ငံရေး သမားတွေ ကိုယ်တိုင် ပါခဲ့ကြလို့ သိနေကြတဲ့ အတိုင်း မြန်မာပြည် အတွက် ပိုကောင်းမဲ့ သမိုင်းလမ်းကြောင်း အနည်းဆုံး သုံးခုနဲ့ လွဲခဲ့ ကြပါတယ်။ အဲဒါတွေ ကတော့ -
(တစ်) - အရေးတော်ပုံ စောစောပိုင်းမှာ ဒေါက်တာ မောင်မောင် အစိုးရရဲ့ သုံးလအတွင်း ရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြတာ -
(နှစ်) - အရေးတော်ပုံ အထွဋ်အထိပ် ကာလမှာ ဦးနုရဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲ လုပ်ပေးပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာ -
(သုံး) - ၁၉၉၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နိုင်လို့ အောင်ပွဲနဲ့ ယစ်မူး (dizzy with success) သွားတဲ့ NLD ပါတီက ခေါင်းဆောင် တစ်ချို့ ရဲ့ ၀င့်ဝါမှုကို သွေးလန့် သွားတဲ့ စစ်တပ်ဟာ နိုင်ငံရေး ကူးပြောင်းရေး အစဉ် (political transition process) ကို ချယ်လှယ်(manipulate) လာတာကို ပြည်ပအားကိုး သက်သက်လောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရေး (confrontation) လမ်းလိုက်မိလို့ အနိုင်ကနေ အရှုံး ပြန်ဖြစ် သွားတာ - စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလ အပိုင်းအခြား မှာတော့ ဦးနု - အောင်ဆန်းစုကြည် - စောမောင် - ခင်ညွန့် စတဲ့ နိုင်ငံရေး သမားတွေကော စစ်ခေါင်းဆောင် တွေပါ အခြေအနေသစ် ဖန်ဆင်းသူတွေ မဟုတ်ကြဘဲ ဖြစ်လာတဲ့ အခြေအနေတွေ အပေါ် တုန့်ပြန်မှုတွေ (response)သာ လုပ်ခဲ့ကြတဲ့ သမိုင်း ဇာတ်ကောင်တွေ (historical characters) ဖြစ်ခဲ့ကြတယ်။ ဆိုလိုတာက သမိုင်းကို ဖန်တီးတဲ့ ဇာတ်ဆရာတွေ မဟုတ်ကြဘူး။ [ဇာတ်ဆရာ အဆင့် ရောက်ခဲ့ကြ သူတွေကတော့ ဦးနေ၀င်းထံ ပေးစာတွေ ရေးပြီး လှုံ့ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကို ပွဲထုတ်ပြီး စင်တင်ခဲ့တဲ့ မောင်သော်က၊ သူမကို ဆရာ (mentor)လုပ်ဖို့ အားထုတ် ခဲ့ဘူးတဲ့ သခင်တင်မြ၊ ဦးထွေးမြင့်စတဲ့ သူတွေပါ။ သူတို့ရဲ့ ပါဝင်မှုကာလ တိုတောင်း ပေမဲ့ သူတို့ရဲ့ အဆင့်ကတော့ ဇာတ်ဆရာ အဆင့်ပါ။]
တပ်ထဲက ဖြစ်တဲ့ ခင်ညွန့်ဟာ အောင်ဆန်းစုကြည်လိုပဲ -သမိုင်း ဇာတ်ကောင် အဖြစ် စင်ပေါ်ကို အခြေအနေက တွန်းပို့ လိုက်လို့ ရောက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ် ရောက်လာပြီးတဲ့ အချိန်မှာတော့ မိမိ ရောက်နေတဲ့ နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေး အကြီးအကဲ) ကို အစွမ်းကုန် အသုံးချပြီး မိမိရဲ့ နိုင်ငံရေး ရန်သူတွေကို မလှန်နိုင်အောင် ဖိနှိပ် ထားနိုင်ခဲ့သူ ဖြစ်တယ်။ သူ့ အောင်မြင်မှုက သူ့ ကို ဒုစရိုက် မင်းသား (Prince of evil) ဘွဲ့ကို ရစေခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်ကို မရပ်မနား လုပ်လို့ အလုပ်စွဲနေသူ (Workaholic)လို့လဲ အောင့် သက်သက်နဲ့ ချီးမွမ်းတာ ခံရသူ ဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ ‘ဇာတ်ဆရာ’ အထိ ဖြစ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်ရေး စလိုက်ချိန် ကစပြီး ခင်ညွန့်ဟာ သူရဲ့ မက္ခီယာဗဲလီယန်း (Machiavellian) စတိုင် နိုင်ငံရေးကြောင့် “စစ်တပ်က လုပ်တဲ့ နိုင်ငံရေး” ရဲ့ ပင်ရင်း (author of military politics) ဖြစ်လာတယ်။ ကနေ့ အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ လူတွေအများကြီး ခွဲပြီး ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ် ရပ်စဲရေး ပြန်ရရေးဟာ ခင်ညွန့် တစ်ဦးတည်း လုပ်ပြ ခဲ့ပြီးသား ဖြစ်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း (၁/၉၀)နဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်/ ရွေးကောက်ပွဲသစ် လမ်းကြောင်း ချပြီး တဘက်က ပုံစံတကျ အသွင် ကူးပြောင်းရေးကို ချခင်းပြီး တဘက်ကလဲ တိုင်းပြည်ကို ဖွံ့ဖြိုးရေး (Developmental state) လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ SLORC ကနေ SPDC (၁၉၉၂/ ၂၀၁၀) ဖြစ်လာတယ်။ ဒီကနေ့ ဦးသိန်းစိန် အစိုးရသစ်က လုပ်နေတာတွေဟာ ခင်ညွန့်ရဲ့ လုပ်ငန်းစဉ် (seven steps ‘Roadmap’ to democracy) ကို ခင်ညွန့်မပါဘဲ ဆက်လုပ် နေတာသာ ဖြစ်တယ်။ ဒီနေရာမှာ ‘သိန်းစိန်က ခင်ညွန့်ထက် သာတယ်၊ သူက အောင်ဆန်းစုကြည်ကို ရအောင် စည်းရုံး ယူနိုင်တယ်’ လို့ ဆင်ခြေ တက်ကောင်း တက်ကြလိမ့်မယ်။
ဒီဆင်ခြေမျိုး ကတော့ အင်မတန် နုံချာပါတယ်။ ဦးသိန်းစိန် အစိုးရသစ်က သူ့လမ်းစဉ် (တကယ်က ခင်ညွန့် လမ်းစဉ်) ဘာတစ်ခုမျှ အပွန်းအပဲ့ ခံပြီး အောင်ဆန်းစုကြည်ကို လျှော့မပေး ခဲ့ရပါဘူး။ အချော့ကြိုက်တဲ့ သူကို ချော့လိုက်တာ လောက်ဘဲ ရှိပါတယ်။ ဒါမျိုးဟာ အနောက်တိုင်း လူဆိုးလောကက ‘Good cop / bad cop game’ လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ခင်ညွန့်နဲ့ သန်းရွှေတို့ရဲ့ ၂၃နှစ် အထု အထောင်း ခံခဲ့ရတဲ့ NLD နဲ့ အသက် ရလာပြီ ဖြစ်လာတဲ့ အောင်ဆန်းစုကြည်ဟာ ဆက်တင်း ခံမနေ နိုင်တော့ဘဲ တဘက်က လူလဲပြ လိုက်တာကို အကြောင်းပြ၊ ‘သူု့ကိုတော့ ယုံတယ်’ ဆိုပြီး ၂၃ နှစ် နိုင်ငံရေး လမ်းစဉ်ကို ‘flip flop’ လုပ်လိုက် ရတာဘဲ။ ရန်ကုန်မြို့က ပွဲစား ဝေါဟာရနဲ့ ပြောရယင် “ပါးပါးကလေး”ပါ။ တဘက်မှာလူထုက NLD မပါဘဲလဲ ဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲ တွေကနေ တဆင့် သတိပေး နေပြီလေ။ နိုင်ငံတကာ ပွဲကြည့် ပရိသတ်တွေ ကလဲ ဒီနှစ်ဘက် ပဋိပက္ခ ဘယ်နည်းနဲ့ ပြီးပြီး - ပြီးရင် ပြီးရောဆိုပြီး ၀ိုင်းသာဓု ခေါ်လိုက်ကြရတာပါ။
ယခုအခါ NLD ပါတီက ၁၉၉၀ ခုနှစ် ရလဒ်ကို လက်တွေ့ နိုင်ငံရေး လိုအပ်ချက်အရ မေ့ပြစ်လိုက်ပြီး ပါတီကို မှတ်ပုံ အသစ် ပြန်တင် အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ဘို့ စိတ်အား ထက်သန်နေတော့ ခင်ညွန့် ချပေးခဲ့တဲ့ လမ်းစဉ်ကို သိန်းစိန်က ဆက်အကောင် အထည် ဖေါ်နေပြီး အောင်ဆန်းစုကြည်က ပါဝင် ပူးပေါင်းခြင်း အားဖြင့် တရားဝင်အောင် ပြုပေး (legitimize) နေပြီဖြစ်တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင် အန္တရယ် ပြုတာ ပါဆိုတဲ့’ ဒီပဲယင်း လုပ်ကြံမှုကြီး ဆိုတာကို တကမ္ဘာလုံး ကြားအောင် အကြီးအကျယ် အော်ဟစ်ခဲ့ကြတာ တွေကို NLD က မေ့ပစ်လိုက်ပြီ ဖြစ်တယ်။ ဒါဟာ တကယ်မဟုတ်ဘဲ လုပ်ြကံ စွပ်စွဲခဲ့တာမို့ ဒီလောက် အလွယ်တကူ အသံတွေ တိတ်ကုန် တာလား။
ဘာဘဲဖြစ်ဖြစ် အတိုက်အခံနဲ့ အစိုးရသစ် နိုင်ငံရေးအရ တလှေတည်းစီးပြီး တစ်ခရီးတည်း သွားဘို့ ပြင်နေတဲ့ ယ္ခုအချိန်မှာ ဒီလမ်းပြ မြေပုံ နိုင်ငံရေး လမ်းစဉ်ရဲ့ ဗိသုကာ ဖြစ်ခဲ့တဲ့ ခင်ညွန့်ကို ခွင့်မလွှတ် နိုင်ရင် သူ့ရဲ့ နိုင်ငံရေး နောက်လိုက် (အာဏာ ရှိ/ အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ် နိုင်စရာ မမြင် ဖြစ်နေလိမ့်မယ်။
လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ မြန်မာပြည်မှာ အာဏာရှင် စံနစ်ကြီး စတင် ကတည်းက စခဲ့တာ ဖြစ်တယ်။ ခင်ညွန့် မတိုင်ခင်ကလဲ ဖြစ်၊ ခင်ညွန့် လက်ထက်မှာလဲ ဖြစ်၊ ခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းမှာလဲ ဆက်ဖြစ် နေတာဘဲ။ ထိပ်ဆုံးက ပုဂ္ဂိုလ်ကတော့ ဘယ်သူဘဲ ဖြစ်နေနေ ယန္တယား သဘောအရ တာဝန်ရှိ မှာပေါ့။ (institutionally, structurally responsible)။ သူဟာ ဘော်လရှီဗစ် ခေါင်းဆောင် လီနင်က ဇာဘုရင် မိသားစု တစ်ခုလုံးကို ပစ်သတ် ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင် လက်မှတ် ထိုးအမိန့် ချမှတ်တဲ့ အထိ ရက်စက် တာမျိုးတွေတော့ မကျူးလွန် ခဲ့လောက်ဘူး လို့တော့ အောက်မေ့ ရတာပဲ။ ဒါကြောင့် ဗမာ နိုင်ငံရေးသမား တစ်ချို့ ကိုးကားတဲ့ တောင်အာဖရိက နမူနာအတိုင်း ဆိုယင် “အမှန် တရားမှ တဆင့် ကြေးအေးရေး ကော်မရှင်တွေ” (Truth and Reconciliation Commissions) ဖွဲ့ ပြီး ဖြေရှင်း နိုင်တာပဲ။ ဒီလို မဖြစ်ချင်ရင်လဲ နောင်သင့်တော်တဲ့ အချိန်ကျမှ တကယ် လက်တွေ့ အပြစ် ရှိခဲ့သူတွေကို တိတိကျကျ ဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေး စီရင်လို့ရတာပဲ။ အခု ပြောနေကြသလို ယိုသမျှချေး ပုဇွန်ဆိပ်ခေါင်း စုပေးတာမျိုး လုပ်ဖို့ ကြိုးစားကြရင် မဆိုင်တဲ့ သူတွေက လက်မခံဘဲ သူတို့ တတ်တဲ့ နည်းနဲ့ ဟန့်တားကြ လက်တုန့် ပြန်လာကြလိမ့်မယ်။ နိုင်ငံရေး သံသရာ တပါတ် ကျော့လာနိုင်တယ်။
၇ နှစ်ကြာ အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ခင်ညွန့်ဟာ အခုအချိန်မှာ မာန်စွယ် ကျိုးပြီး အရပ်သားတွေရဲ့ ဘ၀ကို စာနာလာပုံ ပေါက်နေတယ်။ ဒါတကယ် မဟုတ်ရင်တော့ တော်တော် ဟန်ဆောင် ကောင်းတယ်လို့ ဆိုရမယ်။ သူဟာ တစ်ချိန်က နေ၀င်းနဲ့ အောင်ကြီး ပဋိပက္ခလို နိုင်ငံရေး ကွဲလွဲမှုကြောင့် အရာကျတာ မဟုတ်ဘဲ သူများထက် တော်နေလို့ ခြေလှမ်း ကျဲသွားလို့ လုပ်ဖေါ် ကိုင်ဘက်တွေက သူတို့ကို ချနင်း ကျော်တက် သွားမှာ စိုးလို့ ဆွဲချခံရတာ ဖြစ်တယ်။ အကျဉ်းကျခံ ၇ နှစ်က သူ့ကို အရပ်သားစိတ် ထည့်ပေးလိုက်ြပီ (civilianized) ဆိုတာ သေချာရင် သူ့ကို ဒီအတိုင်း လွှတ်မထားဘဲ သင့်တော်သလို ပြန်အသုံးချတာက တိုင်းပြည် အတွက်ကော သူ့ အတွက်ပါ ကောင်းလိမ့်မယ်။ တာဝန်မဲ့ ပေါက်ပန်းဈေး ပြောနေ ရေးနေ ကြတာတွေဟာ အစိုးရသစ်နဲ့ အောင်ဆန်းစုကြည် ကိုပါ အဖျားခတ်နေတယ်။ တင်းမာတဲ့ သဘောထား ရှိသူတွေကို ပိုတင်းမာ သွားစေလိမ့်မယ်။
                                                                                                                                                 ( မြန်မာသံတော်ဆင့် )

  
                                                         ( Saw Naing Coment for this post )
 အားနာစွာနဲ့ပြန်ရေးရပါလိမ့်မယ်။ ဘာမှမဆိုင်တဲ့ အရာတွေကို ပေါင်းစည်းဆွဲစေ့ လိုက်တာပဲလို့ ကနဦးပြောရမှာ။
(၁) ခင်ညွန့်ရဲ့ ပြစ်မှုများကိစ္စ၊ ၊ အခြေအနေအရ လုပ်ရပါတယ်။ တာဝန်အရလုပ်ရပါတယ်။ ဒါမျိုး စကားနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဥာဏိဿယရဲ့ တရားမှာ ရှင်းပြီးဖြစ်နေပါပြီ။ အမှားအမှန် နဲ့ တာဝန် နဲ့ မဆိုင် ပါ။ တရားသည်သာ ပဓာနဖြစ်ရပါမယ်။ ဥပဒေသည်သာ ပဓာနဖြစ်ရပါမယ်။ အမိန့် တာဝန်နဲ့လုပ်တဲ့အတွက် စစ် မြေပြင် ဖြစ်စဉ်တွေကို ဘယ်စစ်ပွဲမှာမှ တရားစွဲ အရေးယူမှု ပြုစရာမရှိခဲ့ပါ။ နုရင်ဘတ် နဲ့ (ကွယ်လွန်သူ ဦးကြည်မောင်) က ခိုင်းနှိုင်းခဲ့တာ အင်မတန်သဘာဝကျပါတယ်။ တာဝန် ကျေ ရုံမဟုတ်ပဲ မတော်မတရား ဖိနှိပ်လုပ်ဆောင်ခဲ့မှုတွေကို သာ တရားဥပဒေနဲ့ စွဲလို့ရပါတယ်။ ဒီပြစ်မှုမျိုးဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ပါဘူး။ ခံရသူက ခွင့်လွှတ်ပေမယ့် ပြေငြိမ်းလို့မရတဲ့ အမှုမျိုးဖြစ်ပါတယ်။ ခု ခင်ညွန့်ကိုပြောနေတာ ဒီအတွက်ပြောတာပါ။ တက်လာရင် ပစ်မယ်လို့ ဥပဒေ/အမိန့် ထုတ်ပြီး ပစ်မိန့်ပေးခဲ့ရတဲ့ စစ်ဗိုလ်ကို ကျွန်တော်တို့ အပြစ်တင်နေကြတာမဟုတ်ပါ။ ခင်ညွန့်နဲ့ အဖွဲ့ ဥပဒေ နဲ့ အမိန့်ကို ကျော်လွန်ပြီး ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတင်ခဲ့ပြီးဖြစ်ပါတယ်။
(၂) ကျွန်တော်တို့သည် ဒီနေ့ အစိုးရ ကို ချီးကျူးထောပါနာ ပြုနေသူများမဟုတ်သော်လည်း ဒီဆောင်းပါး ထဲက ခင်ညွန့်တို့အဖွဲ့ ဂုဏ်မြှောက်တဲ့ အရေးအသားတွေကိုတော့ ပြောရပါလိမ့်မယ်။ ဒီနေ့ သိန်းစိန်လူ အောင်သောင်း၊ အောင်မင်းတို့ ငြိမ်းချမ်းရေးရယူနေကြတာ ခင်ညွန့်တစ်ယောက်တည်းလုပ်ခဲ့တာမျိုးမဟုတ် ပါ။ ခင်ညွန့်လည်း တစ်ယောက်တည်းမလုပ်ခဲ့ပဲ ဒီနေ့ထိ ထောင်ထဲမှာရှိနေသူ သူ့တပည့်တွေ လုပ်ခဲ့တာကို ဖုံးထားလို့ရမှာမဟုတ်ပါ။ အောင်မင်းနဲ့ အဖွဲ့တွေယူနိုင်ခဲ့တဲ့ ကရင်နဲ့ငြိမ်းချမ်းရေးကို ခင်ညွန့်မရခဲ့ပဲ ခွဲထုတ် တဲ့အလုပ်မျိုးသာလုပ်နိုင်ခဲ့ပါတယ်။
(၃) မြန်မာပြည်က လူ့အခွင့်အရေး ဖောက်ဖျက်မှုကြီးခင်ညွန့်မတိုင်ခင်က ဖြစ်ခဲ့တာ၊ ဒါကလည်း အလွတ်ရှောင် လို့ရတဲ့ကိစ္စမဟုတ်ပါ။ ဘယ်သူလုပ်ခဲ့လုပ်ခဲ့ အပြစ်ဟာ အပြစ်ပဲဖြစ်ပါတယ်။ တင်ဦး လုပ်ခဲ့တာ လည်း တင်ဦးရဲ့သမိုင်းပဲဖြစ်ပါတယ်။ သေချာတာကတော့ ဦးနုခေတ် ရဲ က လုပ်ခဲ့တာ ဒါမျိုးတွေ မဟုတ် ဘူး ဆိုတာ အသေအချာပါ။ မောင်သာရရဲ့ ကျင်တုတ်ခံဝံ့မခံဝံ့ နဲ့ ဒီနေ့ ဦးဝင်းတင် နဲ့ လွတ်လာသူ နိုင်ငံရေးသမား တွေရဲ့ စာတွေနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။
(၄) ဒေါ်စုနဲ့ ကြေအေးနိုင်တာလည်း ခင်ညွန့်ချခဲ့တဲ့လမ်းစဉ်မဟုတ်ပါ။ သူ့ရဲ့ လမ်းစဉ် (၇) ရပ် ပြီးခဲ့ပါပြီ။ စေတနာမှန်သင့်သလောက်မှန်မှ ငြိမ်းချမ်းရေးဆိုတာဖြစ်ထွန်းလာပါတယ်။ ဒီနေ့သိန်းစိန် စေတနာ မှန်မမှန် လည်း ခဏနဲ့ သိလာရမယ့် အကြောင်းတွေပဲဖြစ်ပါတယ်။ ဒေါ်စု က ဒီပဲယင်း ကိုမေ့လိုက်ပြီလို့လည်း လွယ်လွယ် ပြောလို့မရသေးမှန်းသိသာပါတယ်။ မမေ့နိုင်သူတွေက ၈၈ခု မတ် ၁၆ တံတားဖြူကို တောင် မမေ့ ကြပါ။ ဥပဒေ နဲ့မညီညွတ်မှုတွေကို တရားစွဲဆိုဖို့ အဆင်သင့်ရှိနေကြမှာဖြစ်ပါတယ်။ ဥပဒေအတိုင်း ကြိုတင် ချထားတဲ့ အမိန့်အတိုင်းလုပ်ခဲ့တဲ့ အမှားအယွင်းနစ်နာမှုတွေကိုသာ ငြိမ်းချမ်းရေးအတွက် မေ့ပေးကြမှာ ဖြစ်ပါတယ်။ ခင်ညွန့်နဲ့ထောက်လှမ်းရေးတွေ က သံလျင်ဗုံးခွဲမှု အတွက် မတရားဝန်ခံခိုင်းတာတွေ ကို ရှင်းပြ ကြဖို့ လိုပါပြီ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
(၅) ခင်ညွန့်ဟာ နိုင်ငံရေးသမား စိတ်ရှိသူပါ။ လူထုကို စည်းရုံးတာ၊ ဒုက္ခရောက်သူတွေကိုကူခဲ့တာ၊ ငြိမ်းချမ်းရေး ဆောင်ခဲ့တာ၊ ကျောင်းထဲကိုတောင် ၀င်ပြီးလက်ဆွဲနှုတ်ဆက်ရဲခဲ့တာ ချီးမွန်းဂုဏ်ပြုစရာတွေပါ။ ဒါပေမယ့် မတရား လုပ်ခဲ့တာတွေအတွက်တာဝန်ရှိတာကို ဖုံးဖိလို့မရပါ။ ဒီအတွက် မဆိုင်တဲ့ သိန်းစိန်နဲ့ ဒေါ်စု ကို ဆွဲစရာမရှိပါ။ (သိန်းစိန် အမှားရှိရင် သိန်းစိန်ခံရမှာဖြစ်ပါတယ်။ ဒေါ်စုအမှားရှိတာ ကျွန်တော်ရှာမတွေ့ပါ။ နိုင်ငံရေးအမှား ရှိလည်း ဒါက သမိုင်းသာဖြစ်ပြီး ပြစ်မှု မဖြစ်ပါ)။ ယောကျာ်းဆန်၊ သတ္တိရှိတဲ့သူတွေဆိုရင် ဒီလို မိန်းမလို မိန်းမရ မပြောသင့်ကြောင်း အားနာစွာနဲ့ သတိပေးလိုပါတယ်။
အချုပ်ပြောရရင် ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ ကောင်းတာတွေလုပ်ခဲ့ကြရင် ဒီအကောင်းတွေကို မီးမောင်း ထိုးပြပြီး အများရဲ့၊ ပြည်သူလူထုရဲ့၊ ဥပဒေ ရဲ့ ခွင့်လွှတ်မှုကို ခံယူ၊ ဆက်ပြီး ကောင်းတာတွေ လုပ်ကြဖို့ပဲ ရှိပါတယ်။ ကိုယ့်အမှာကိုယ် ရှက်တတ်ဖို့၊ ၀န်ခံတတ်ဖို့လိုပါတယ်။ သူတို့ကြောင့် သေခဲ့ရတဲ့ နာကျင်ခဲ့ရတဲ့ သူတွေ ရှိခဲ့ကြမှန်း ၀န်ခံရပါမယ်။ ပြီးမှ တိုင်းပြည်အတွက် ဘာလုပ်ကြမယ်ဆိုတာ ပြောရ၊ တကယ် လုပ်ပြရပါမယ်။ ခေါင်းဆောင်မို့ ခေါင်းဆောင် အလုပ်လုပ်မယ် ဆို… နိုင်ငံတကာ ထုံးတမ်းနဲ့ဆို ခင်ညွန့်ဟာ သေပြရဖို့ သင့်နေပါပြီ။ သေပြစရာမလိုပဲ ရှိနေခြင်းက ပိုကောင်းမယ်ဆိုရင်လည်း သစ်ပင်စိုက်ပြ၊ အင်တာဗျူး ပြ နေလို့မရပ်။ ဥပမာ - ရွှေ FM လို မျိုးကအစ ခင်ညွန့်လူ ထောက်လှမ်းရေးဗိုလ်မှူးတွေ ထောင်ထားတော့ မီဒီယာ စတား လုပ်ပြနေရုံနဲ့ ပြည်သူလူထုဟာ နလဗိန်းတုံးလို့ ထင်ရင် မှားပါလိမ့်မယ်။ ခင်ညွန့်ကိုကျေးဇူးတင် ချစ်ခင်သူတွေရှိပါတယ်။ ကောင်းတာတွေရှိခဲ့လို့ပါ။ ဒီလိုပဲ မကောင်းတာတွေကို ယောကျာ်းပီပီ ၀န်ခံလိုက်ပါခင်ဗျား။ 
                                                                                                         ( Saw Naing )
                                                                                       ပိတောက်မြေ Blog မှကှုးယှုဖေါ်ပြသည် 

Friday, January 20, 2012

တာလီဘန်နှင့် ဆက်သွယ်သူ ၁၃ ဦးအား ဖမ်းဆီးထား

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် နယ်စပ် မြို့များတွင် ကမ္ဘာကျော်တာလီဘန် အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သူ ၁၃ ဦးအား ဖမ်းဆီး ထားကြောင်း ယခုလ ၁၄ ရက်က ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရ သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမျိုး သားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ပြီး ၁၂၈ ဦးမှာမူ ရာဇ၀တ် ပြစ်မှုကြီးကို ကျူးလွန်ထားသူများဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်နှင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောသည်။
ထို့ပြင် အကြမ်းဖက်သမားဟု ကမ္ဘာက အသိအမှတ်ပြုထားသော တာလီဘန် အဖွဲ့အစည်းနှင့် ဆက်သွယ်ပြီး သင်တန်း တက်ခြင်းများ ပြုလုပ်သည့် သူများကိုမူ လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်ကြောင်း ၎င်းက ပြောသည်။
"လက်နက်ခဲယမ်းနဲ့ အတူမိတဲ့ အဖွဲ့အစည်းတွေအားလုံးကို လွှတ်လို့မရပါ ဘူး။ တကယ့် ကမ္ဘာမှာပါတဲ့ အကြမ်းဖက် အဖွဲ့အစည်း တွေပါ။ ခုနက လွှတ်မပေးနိုင်တဲ့ အကြောင်းအရင်းကို သိအောင် ပြောတာပါ" ဟု ၎င်းက ပြောသည်။
"ပြည်တွင်းမှာ သောင်းကျန်းသူနဲ့ ဆက်သွယ်လို့ ဖမ်းထားတဲ့ သူတွေလည်း လွှတ်ပေးတယ်။ တချို့ဆို သောင်းကျန်းသူက စာပေး လိုက်ပြီး ဆက်ကြေး ကောက်ခံခိုင်းတာ မိတာရှိတယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။
၎င်းတာလီဘန်များသည် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် မြို့နယ်များသို့ ထိုးဖောက်ဝင်ရောက်လာပြီး စည်းရုံးခြင်း၊ ဖောက်ခွဲရေး သင်တန်းပေးခြင်းများ ပြုလုပ်ကြောင်း၊ မမိဘဲလွတ်မြောက်သွားသူများလည်းရှိကြောင်း ၎င်းက ပြောကြားသည်။

                                                                                                 THE  MYANMAR TIMES   
                                                                               ( အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

                                                 ( ဆက်စပ်သတင်း )



တာလီဘန်နှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦး ထောင်ဒဏ်ချမှတ်ခံရ

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာလီဘန် အပါအ၀င် နယ်စပ် အခြေစိုက် မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်သည့် သံသယ ဖြင့်ဖမ်းဆီး ခံထားရသူ ၁၉ ဦးထဲမှ ၁၂ ဦးကို မနေ့ကထောင် ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟုအမည် မဖေါ်လိုသူရဲတာဝန်ရှိ သူများနှင့် တရားရုံးရှေ့ နေတစ်ဦးက ပြောသည်။
အမည်မဖေါ်လိုသူ ရှေ့နေ တစ်ဦးက သူတို့အထဲက ၁၂ ဦးကို ထောင်ဒဏ်များ အသီးသီးချမှတ်လိုက် ကြောင်းကို ယခုလို ပြောသည်။

                                                                             
                                   ဖမ်းဆီးခံရသူ ၁၉ ဦးထဲမှ ၅ ဦးကို အချုပ်ခန်းထဲတွင် တွေ့ရစဉ် ။

" ၁၉ ဦးထဲက ၁၂ ဦးကို ပြစ်မူ ထင်ရှားတယ်ဆိုပြီး မောင်တော ခရိုင်တရားရုံးက ထောင်ဒဏ် (၃) နှစ်ကနေ (၈) နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ကျန်တဲ့ ခုနှစ်ဦးကတော့ ပြစ်မူ မထင်ရှားတဲ့ အတွက် တရားရုံးကနေ တရားသေ လွှတ်ပေး လိုက်ပါတယ်။"

၎င်းပြင်သူက " အဓိက ခေါင်းဆောင်လို့ သံသယ ဖြစ်ခံရတဲ့ ဦးဇော်ဝင်းကိုတော့ ပြစ်မူ တစ်ခုအတွက် ၅ နှစ်၊ နောက်တမူ အတွက် (၃) နှစ်၊ စုစုပေါင်း ၈ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကတော့ ၅ နှစ်၊ ၃ နှစ် အဲသလို ချမှတ် ခံကြရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

သူတို့ အမူအား အင်္ဂါနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် အမူကို စီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မူ မထင်ရှား၍ လွှတ်မြောက်သွားသူ (၇)ဦးကို မောင်တောရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ထိုမှ တဆင့် နေရပ်ကျေးရွာများသို့ ပို့ဆောင်ပေးမည်ဟု ရဲအရာရှိက ပြောသည်။

ထောင်ဒဏ် ချမှတ် ခံရသူ (၁၂) ဦးအား အစောင့် အရှောက်များခြံရံပြီး တရားရုံးရှေ့တွင်အသင့်ရပ် ထားသော ဒိုင်နာကား တစ်စီးဖြင့် ဘူးသီးတောင်ထောင်သို့ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယနေ့ တရားစီရင်ရာတွင် တရားရုံး ခြံဝင်းနှင့် အနီးအနား လမ်းများတွင် လုံခြုံတင်းကျပ်ထားပြီး၊ တရားခံများ၏ ဆွေမျိုးသားချင်းများ အပါအ၀င် ပြင်ပလူများကို တရားရုံးသို့ လုံးဝ ၀င်ရောက် နားထောင် ခွင့် မပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မွတ်ဆလင် ၁၉ ဦးကို တာလီဘန် အပါအ၀င် ဘင်္ဂလားဒေခ်ျ့ အခြေစိုက် မွတ်ဆလင်လက်နက် ကိုင် တပ်ဖွဲ့များနှင့် ဆက်သွယ်ပြီး ဖေါက်ခွဲရေး သင်တန်းများ ယူခဲ့သည်ဟု ဆိုကာ ဒေသခံ တဦးမှ အထက်အာဏာပိုင် နစကများသို့ တိုင်ကြားခဲ့ရာမှ ယခုနှစ် မတ်လ ဆန်းပိုင်းကမောင်တောမြို့ နယ် မြောက်ပိုင်း ခမောင်ဆိပ် ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဖမ်းဆီးခံခဲ့ကြရသည်။

ဖမ်းဆီးခံ မွတ်ဆလင် ( ၁၉ )ဦး အား အာဏာပိုင်များက မတရား အသင်း ဖွဲ့စည်းမူ၊ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တိြု့ဖင့် တရားစွဲဆိုခဲ့ပြီး ဧပြီလ (၅) ရက်နေ့တွင် တရားရုံးထုတ်ကာ အမူကို စတင် ကြားနာ စစ်ဆေး ခဲ့သည်။ တရားလိုနှင့် တရားခံများ၏ လျှောက်လဲချက် အသီးသီးကို ၅ လကြာအောင် တရားရုံးက စစ်ဆေးခဲ့ပြီး နောက်ပိုင်း မောင်တော ခရိုင် တရားရုံးက ယခုလို တရား စီရင်လိုက်ခြင်းဖြစ် သည်။



ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်


အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

                                                                                                                   

ဆရာကြီးသည် အသဲကင်ဆာ ရောဂါဖြင့် လွန်ခဲ့သည် လကပင် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီး အဆိုပါရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဆရာကြီး ယခုကဲ့သို့ ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

" စောစော အိပ်ရာကထပြီး ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ ဆရာကြီး ဆုံးရှုံးမှုသတင်းကို တွေ့လိုက်ရတာနဲ့ အများကြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် သူရဲ့ ပညာအစွမ်းအစနဲ့ လုံးဝ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဖက်က မားမားကြီး ရပ်တည်ပြီးတော့ အသက်ဆုံးသည်ထိ တိုက်ပွဲဝင်သွားတဲ့အပေါ်မှာ ကျွန်မတို့အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ အဲဒီဂုဏ်ယူမှုနဲ့အတူ ဆရာကြီးရဲ့ နာရေးသတင်ကို ကြားရတဲ့ အချိန်မှာ ယူကျုံးမရ ခံစားရပြီးတော့ အများကြီး ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရှုံးမှုကြီးတရပ် ဆုံးရှုံးတယ်လို့ ခံစားရပါတယ်။ နောက်ဆုံးမှာတော့ခါ လူသားတွေဟာ တမလွန်ဘ၀ကို လားကြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဆရာကြီး ကောင်းရာသုကတိ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

ဆရာကြီး ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် ဆုံးရှုံးမှုကြီးတရပ် ဖြစ်သလို ဆရာကြီးကို လုပ်ဆောင် ချက်များကိုလည်း စံနမူနာယူပြီး ကြိုးစားကြပါလို့ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦကျော်မြသာက တိုက်တွန်းထားသည်။

" ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီးတဦး၊ ရခိုင်အမျိုးသား ရေးရာ၊ ရခိုင် အချုပ်အခြာ အာဏာရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေးတွေကို ကြိုးစား အားထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ်တယ်။ အဲဒီလို ဆရာကြီးတယောက် ကွယ်လွန် အနိစ္စ ရောက်သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးအတွက် အလွန်တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းအပြင် သူက " ရှေးအခါကလည်း ဒီလို သမိုင်းဆရာကြီးတွေ၊ ရခိုင်ခေါင်းဆောင်ကြီးတွေ ကွယ်လွန် အနိစ္စ ရောက်တာ များခဲ့ပါပြီ။ အဲဒါက သဘာဝပါ။ ဒါပေမယ့် ကျန်လိုက်ခဲ့တဲ့ လူတွေအနေနဲ့ ဆက်လက်ပြီးတော့ ရခိုင်အမျိုးသားကောင်း၊ အမျိုးသမီးကောင်း ဖြစ်လာဖို့၊ ရခိုင်ခေါင်းဆောင်တွေ ဖြစ်လာဖို့၊ ရခိုင်အရေးကို တက်ညီလက်ညီ ချီတက်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့ကြိုးစားကြဖို့ အရေးကိုလည်း တိုက်တွန်းလိုပါတယ်" ဟု ဆက်ပြောသည်။

ဆရာကြီးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဆရာကြီး ကွန်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးမှာ ဇနီးနှင့် သား ၃ ယောက်၊ သမီး ၃ ယောက် ကျန်ရှိခဲ့သည်။

ဆရာကြီး၏ ရုပ်အလောင်းကို သဂြိင်္ုလ်မည့်နေ့ရက်ကို မိသားစုဝင်များ မစုံလင်သေးသဖြင့် မသိရသေးကြောင်း သတင်း ရရှိသည်။ 

                                                                                                                             နိရဉ္စရာ

                                                                (ကိုယ်ရေးအကျဉ်း)

ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ
B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ
-ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
-တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
-ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
-ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
-တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
-တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
-လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီလ ၁၉ ရက်နေ့ ကွယ်လွန်သည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ
-ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
-မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
-ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
-On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
-The Voice of young. Cornell University, March 1990
-Code and Custom in Burma and Thailand. Scotland. 1993

(wikimyanmar)