Friday, June 28, 2013

အိုအိုင်စီ-အလံတော်အောက်က လျှောက်လာသော အိုရီဒူး

                                                                     

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ချထားပေးရေးအတွက် ပေးလိုက်သည်မှာ နော်ဝေးအခြေစိုက် -Telenor နှင့် ကာတာနိုင်ငံအခြေစိုက်-Ooredoor -ကုမဏီတို့ ဖြစ်သည် ။ အရန်အဖြစ် ပြင်သစ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမဏီတို့ က ရရှိထားသည်ဟု သတင်းတွေမှာ ဖတ်ရသည် ။ ၂၀၁၃-ခုနှစ်မှ -၂၀၁၆-ခုနှစ်အတွင်း မိုလ်ဘိုင်းဖုံး-သန်းပေါင်း-၃၉ သန်း-အထိ ထုတ်လုပ်ရောင်းချ ဆောင်ရွက်ပေးမည်ဟု သိရသည် ။ ယခုတင်ဒါရရှိသော နော်ဝေးနိုင်ငံမှ ကုမဏီမှာ မြန်မာနိုင်ငံသားတို့ ကို ခန့် အပ်တာဝန် ပေးမည်ဆိုသည်ကိုလည်း သတင်းတွေမှာ သိရသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာမည်မို့  ၀မ်းပမ်းတသာ ကြိုဆိုရတော့မည်ဖြစ်သည် ။ အလုပ်အကိုင်လည်း ရရှိကြပြီး ကမ္ဘာ့အဆင့်အတန်းမှီ နည်းပညာများဖြင့် ဆက်သွယ်ရေးနစ်ကောင်းမွန်လာကြမည်ဖြစ်သည် ။
သို့ သော် ကာတာနိုင်ငံအခြေစိုက် -အိုရီဒူး ကုမဏီမှမူ အလုပ်သမာများကို မြန်မာနိုင်ငံသားများထက် မူဆလင်များကို အလုပ်နေရာ ခွဲဝေပေးမည်ဆိုသော သတင်းတွေ ကြားလာရသည် ။ ၄င်းသတင်းမှာ အမှန်တကယ်သာဖြစ်ပါက မြန်မာနိုင်ငံအစိုးရအနေဖြင့် ဤအချက်ကို စဉ်းစားပေးရန်လိုသည် ။ မည်သူမဆို မည်သည့်ကုမဏီများက သူတို့ စိတ်ကြိုက် လူများကို ခန့် အပ်ရွေးချယ်နိုင်ခွင့်ရှိရာ ယင်းသို့  ခန့် အပ်ခြင်းကို ကန့် ကွက်ပါသည်ဟု ဆိုလိုက်လျှင်ပင် လူ့ အခွင့်ရေးဥပဒေနှင့် နိုင်ငံတကာ လူ့ အခွင့်အရေးဥပဒေစံနုံးစံထားတွေနှင့် မညီ ဆိုလျှင် စောဒက တက်ကြပေအုံးမည် ။ လူ့ အခွင့်အရေးဆိုသော စကားသည် မြန်မာနိုင်ငံတွင် ယခုအချိန်ခါ လက်သုံးစကားလိုဖြစ်နေရာ အမျိုးသားရေးဆိုသောစကားထက် လူပြောများနေသည် ။ သို့ သော် အမျိုးသားရေးနှင့် ချိန်ကြည့်လျှင်မူ လူ့ အခွင့်အရေးဆိုသည်မှာ နောက်ကချည်း ကျန်ရစ်နေသည်ကို ကမ္ဘာတ၀န်းမှာ တွေ့ မြင်နေရဆဲဖြစ်သည် ။
မြန်မာနိုင်ငံအစိုးရသည် ကာတာနိုင်ငံအား တင်ဒါစနစ်ဖြင့် လုပ်ပိုင်ခွင့်ကို ပေးအပ်လိုက်ပြီဖြစ်ရာ နှစ်နိုင်ငံစာချုပ်စာတမ်းအရ ဆက်လက်ဆောင်ရွက်ကြတော့မည်ဖြစ်သည် ။ ဤနေရာ၌ မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံ၏ နိုင်ငံရေးရေစီးကြောင်း နောက်ခံသမိုင်းကို လေ့လာရန် လိုသည်ဟုထင်သည် ။ ကာတာနိုင်ငံသည် မူဆလင်နိုင်ငံများထဲတွင် အဓိကကျလှသော တပ်ဦးနေရာမှာရှိသည် ။ အိုအိုင်စီအဖွဲ့ ဝင်နိုင်ငံဖြစ်ပြီး မကြာခဏ အိုအိုင်စီအစည်းအဝေးကို ကျင်းပသောနိုင်ငံဖြစ်သည် ။ သည်တော့ မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေအရ ကာတာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းကို ပြည်သူတို့ က လက်သင့်ခံမည်လား ဆိုသည်ကို လေ့လာရန်လိုသည် ။ ပြည်သူ့ အသံနားထောင်လိုပါသည်ဟု ဆိုသော မြန်မာနိုင်ငံအစိုးရသည် ယခုမိုဘိုင်းလ်ဖုံးများအတွက် ဆက်သွယ်ရေးတင်ဒါပေးခဲ့ ရသည့် ကာတာနိုင်ငံကို မြန်မာနိုင်ငံသားတို့  လက်သင့်ခံနေသလားဆိုသည်ကို ဆန်းစစ်ရန်လိုသည် ။ ပြည်သူ့ အသံကို နားထောင်သင့်သည် ။ သို့ မဟုတ်က အိုအိုင်စီကဲ့ သို့  လမ်းပေါ်ထွက်ဆန္ဒပြလာကြပြီးမှ ပြန်လည်ရုပ်သိမ်းခြင်းများ ဖြစ်လာလျှင် ကောင်းသောလက္ခဏာ မဟုတ်ချေ ။ ကျွန်တော်ထင်ပါသည် ။ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော နိုင်ငံတကာစာချုပ်စာတမ်း ချုပ်ဆိုခြင်းဖြင့် ဤပြသနာသည် အကြီးကြီးဖြစ်လာလိမ့်မည်ဟု ထင်သည် ။ စာချုပ်ပါစည်းမျှဉ်းစည်းကမ်းများအရ အလုပ်သမားများ ရွေးချယ် ခန့် အပ်ခြင်းကအစ မူဆလင်များဖြစ်၍ ရောက်ရှိနေထိုင်မည့် နေရာတိုင်းတွင် ဗလီများ တည်ဆောက်ခွင့်များ ၊ လုပ်ငန်းခွင်ပြီးစီးပြီး မိုဘိုင်လ်း ဖုံးကဒ်များကို ၄င်းကုမဏီမှ သတ်မှတ်သော ဖုံးကဒ်များကိုသာ သုံးစွဲပိုင်ခွင့်များကို အခွင့်အရေးတစ်ရပ်အဖြစ် ပေးအပ်ရမည်ဖြစ်သည် ။ ထို့ ကြောင့်ဤအချက်များကို သတိပြုထားရမည်ဖြစ်သည် ။ အကယ်၍ မူဆလင်များကိုသာ ခန့် အပ်တာဝန်ပေးမည်ဆိုလျှင် မည်သို့ သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်းဆိုသည်ကို တွက်ချက်ထားရန် လိုသည် ။
တကယ်လည်း အိုရီဒူးကုမဏီသည် ၄င်းတို့ ၏ မူဆလင်ဘာသာဝင်များကိုသာ ဦးစားပေးခန့် အပ်မည်သာဖြစ်သည် ။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ မူဆလင်များကို ပြည်နယ်များတွင် သွားလာခွင့် ပိတ်ပင်ထားသော ပြည်နယ်များရှိနေသည် ။ သည်တော့ ၄င်းလုပ်ငန်းသည် အောင်မြင်ပြီးမြောက်စွာ ပြီးဆုံးလေမည်လား ၊ ၄င်းမှာ အရေးကြီးသည့် အချက်ဖြစ်နေသည် ။ တစ်ရွာတကျီဆောက် ဆိုသလို ရောက်ရှိသောနယ်မြေများ၌ ဗလီများ တည်ဆောက်ခွင့်လည်း ပါရှိနေအုံးမည်ဆိုပါက အရပ်ရပ်ပြည်နယ် မြို့ ရွာအသီးသီးမှာ ဗလီများ မှိုလို ပေါက်လာကြမည် ဖြစ်တော့သည် ။ သူတို့ မှ ငွေပေါသော ကုမဏီဖြစ်၍ ဗလီတစ်လုံးဆောက်ရန် မည်သို့ မှ အပမ်းမကြီး ။ နောက်တစ်ချက်မှာ ဖုံးကဒ်များ ပြသနာဖြစ်သည် ။ နိုင်ငံတကာတွင် ကုမဏီများက သူတို့ ၏ မိုလ်ဘိုင်းဖုံးကဒ်များကို အသုံးပြုရန် ထုတ်လုပ်ရောင်းချကြသည် ။ ၄င်းဖုံးကဒ်များ၏ တံဆိပ်အမှတ်အသားသည် ဗလီများဖြင့် ရှိနေရာ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံရင်ပြင်မှာ ဗလီတံဆိပ်ပါ ဖုံးကဒ်များ ။ ပြည်သူ့ လွှတ်တော်ဝန်းကျင်တွင် ဗလီတံဆိပ်ပါ ဖုံးကဒ်များနှင့် မြန်မာနိုင်ငံတ၀န်းတွင် ဗလီတံဆိပ်ပါ ဖုံးကဒ်များ ဖေါဖေါသီသီ ရှိနေအုံးမည်ကို မျက်စိထံ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိသည် ။
အလွန်တရာ အရေးကြီးဆုံးအချက်မှာ ဖုံးနားထောင်ခြင်း အီလက်ထရောနစ်ဖြစ်သည် ။ ယခုကာတာနိုင်ငံ၏့ မိုဘိုင်းဖုံးများကို ဆက်သွယ်ရေးအော်ပရေတာတို့ ဖြင့် တည်ဆောက်သောအခါ ဆက်သွယ်ရေးစနစ်ကို မည်သူကမှ အာမ-မခံနိုင်ချေ ။ တိုးတက်သောခေတ်ကြီးထဲမှာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစနစ်ကို မူဆလင်နိုင်ငံဖြစ်သော ကာတာနိုင်ငံမှ လက်ဝါးကြီးအုပ်ခွင့် ရရှိနေပြီဆိုပါက မြန်မာနိုင်ငံ အစိုးရ၏ သတင်းများကို မည်သို့ မှ ထိမ်းထားနိုင်ခွင့် မရှိဘဲ ပေါက်ကြားမှုများ ရှိလာနိုင်သလို လျှို့ဝှက်သိမ်းဆည်းထားနိုင်ခြင်းလည်း အတတ်ပညာများလည်း နည်းပါးနေသည် ။ ယခုမှသည် နောင်အနာဂါတ်ကာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် အကြမ်းဖက် မူဆလင်များနှင့် ထိပ်တိုက်တွေ့ မည့် အခြေအနေများ ရှိနေရာ ယခုကပင် မူဆလင်ဘာသာဝင်တို့ ၏ အဓိပဓိနိုင်ငံနှင့် မည်သို့ သော အကျိုးတူလုပ်ငန်းများကို မဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်သည် ။ မြန်မာနိုင်ငံသူ နိုင်ငံသားများက ဆင်းရဲသော ကုလားကွမ်းယာဆိုင်မှ ကွမ်းယာကို ၀ယ်မစားရအောင် လမ်းပေါ်ထွက် ဆန္ဒပြနေချိန် တကယ့်စီးပွါးရေးကုမဏီဖြစ်သော မူဆလင်ကုမဏီတို့ ကိုမူ မြန်မာနိုင်ငံအတွင်း စီးပွါးရေး လုပ်ငန်းများအား အစိုးရက တရားဝင် လုပ်ကိုင်ခွင့် ပေးသည်မှာ လူကြား၍ မကောင်းသောကိစ္စဖြစ်သည် ။
မြန်မာနိုင်ငံအစိုးရသည် ယခုပင် အမျိုးစောင့်ဥပဒေထုတ်ပြန်နိုင်ရေးအတွက် ဆရာတော် သံင်္ဃာတော်များက သံဃညီလာခံကို ပြုလုပ်ပေးနေသည်ကို မည်သည့်အတွက်ကြောင့် ပြုလုပ်နေသနည်းဟု မေးမြန်းစုံစမ်းသင့်သည် ။ ၄င်းသံဃညီလာခံသည် မူဆလင်ဘာသာဝင်တို့ နှင့် အိမ်ထောင်ပြုလွန်းနေကြသော မြန်မာအမျိုးသမီးတို့ အား ထိမ်းချုပ်ရန် ကြိုးပမ်းနေကြသော ညီလာခံဖြစ်သည် ။ ထို့ ကြောငိ့ ကမ္ဘာ့အလယ်မှာ မူဆလင်အကြမ်းဖက်တို့ နှင့် ပြသနာဖြစ်နေသာ မြန်မာနိုင်ငံသည် ပြောင်းပြန်အနေအထားဖြင့် မြန်မာနိုင်ငံအစိုးရကသာ အကြမ်းဖက် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ပါသည်ဟု ပြောဆိုဝေဖန်နေကြခြင်းခံနေရသည် ။ ယင်းသို့ ခံနေရခြင်းမှာ ကာတာနိုင်ငံမှာ ပြုလုပ်နေသော အိုအိုင်စီညီလာခံကြောင့်ဖြစ်သည် ။
အိုရီဒူး ၀င်လာပြီးသည်နှင့် အိုအိုင်စီသည်လည်း မကြာခင် အလည်အပတ်ဖြင့် ရောက်လာမည်ဆိုပါက မြန်မာနိုင်ငံ၏ ရှေ့ဆက် အခြေအနေသည် ကြည့်ကောင်းလှမည် မဟုတ်ချေ ။ လူဦးရေ သန်း ( ၆၀ ) ရှိသော မြန်မာနိုင်ငံ၌ သန်း( ၄၀ ) အတွက်လည်း မိုဘိုင်းဖုံး မလိုအပ်သေးဟု ထင်သည် ။ သူတို့ ကုမဏီက သန်း-၄၀-နီးကပါးခန့်  ပြုလုပ်ပေးမည်ဟု ဆိုခြင်းမှာ ယုတ္တိမတန်ချေ ။ ယုတ္တိတန်သည်ထားဦး- ကျွန်တော်တို့ အနေဖြင့် လက်မခံသင့်ပေ ။ ကာတာနိုင်ငံအား လက်မခံတော့ဟု ဆိုလျှင် အခြားအရံ နိုင်ငံများဖြစ်သော ပြင်သစ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ က တန်းစီ စောင့်နေကြသည် ။ ထို့ ကြောင့် ၄င်းနိုင်ငံတို့ အားသာ လုပ်ပိုင်ခွင့်ကို ပေးအပ်စေလိုသည် ။ နှစ်နိုင်ငံစာချုပ်စာတမ်းများ မချုပ်ဆိုမှီ မြန်မာနိုင်ငံသားတို့ မှ ဤကိစ္စကို အရေးတကြီး ဆောင်ရွက်သင့်သည် ။ ပြည်သူ့ လွှတ်တော်၌လည်း ဤနောင်ဖြစ်လာမည့် နိုင်ငံတော် ဆူဆူပူပူ ဖြစ်လာမည့် အရေးကို ဆွေးနွေးသင့်သည်ဟု အကြံပေးလိုသည် ။ သို့ ဖြစ်၍ ကွမ်းယာဆိုင်ကုလားလောက်ကိုပင် လက်မခံနိုင်သော မြန်မာနိုင်ငံအခြေအနေအရ အိုရီဒူးကုမဏီကိုဖြင့် မည်သို့ မျှ လက်မခံသင့်ကြောင်း တင်ပြပေးလိုက်သည် ။ အကယ်၍ ဆက်လက်ပြီး အိုရီဒူးကုမဏီနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ရန် ဆောင်ရွက်မည်ဆိုပါက မကြာခင်လမ်းပေါ်ထွက် ဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မြင်ယူဆပါကြောင်း ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

Thursday, June 20, 2013

ကြမ္မာငိုခိုင်းသော နေ့ ရက်များ

                                                           
ကျမအနေဖြင့် ခါတိုင်းကထက် မြန်မြန်သွားချင်သောစိတ်မှာ အလိုလို ပေါ်နေသည် ။
လူငယ်လူရွယ်လည်းမဟုတ် ။ သားကြီးသမီးကြီး ရှိနေနှင့်သော ကျမအဖို့  ဆန္ဒတွေ
စောနေမိသည်မှာ သည်တခါ ဆန်းပြားနေသည် ။ မရောက်ဖြစ်သော ကိုယ့်မွေးရပ်မြေကို
ရောက်ချင်ဇေါကတော့ လူတိုင်းမှာ ရှိကြသည်ချည်း ။
အမေ့အိမ်ကိုပြန်သွားဖူးသူတိုင်း သိရှိခံစား နားလည်ကြမည်ထင်သည် ။
မည်သည့်အတွက် မသိစိတ်က စေ့ဆော်ပေးနေသည်လည်း မပြောတတ် ။
ရွှေတိဂုံစေတီတော်ကြီးက အပြန် တူတော်မောင်အား မြင်မြင်ချင်း
လေယဉ်လက်မှတ်ကို အဆင်ပြေသလားဆိုသော မေးခွန်းက ကျမနုတ်မှ အလိုလို
ထွက်ပြီးသားဖြစ်နေသည် ။ တူတော်မောင်တို့ တတွေက ကျမကို စိတ်အလိုမကျအောင်
မည်သည့်နည်းနှင့်မျှ မပြုလုပ်လိုကြ ။ ဒင်းတို့ တွေ ပုဆိုးတောင်

မစည်းတတ်-မ၀တ်တတ်ကတည်းက ကျမမှာ သားတို့ အဖေရှိရာ အမေရိကသို
့လိုက်ပါသွားခဲ့ရသည် ။ ခုတော့ တူတော်မောင်တို့ က လူပျိုကြီးဖါးဖါး
ဖြစ်နေသည် ။ မိသားစုဖွင့်လှစ်ထားသော ကုမဏီမှာ မန်နေဂျာကြီးဖြစ်နေပြီ ။
မနက်ဖန်သွားရတော့မည်မို့  စစ်တွေကို စဉ်းစားကြည့်မိသည် ။ ကျမမှာ
စစ်တွေတွင် ခဏလေးနားပြီး မောင်တောမြို့ သို့  သွားရအုံးမည် ။ အမေ
့အိမ်မှာ အေးအေးလူလူ အပမ်းဖြေချင်သည် ။ အမေတို့ အဖေတို့ အတွက်
ကောင်းမှူအလှူတွေ ပြုလုပ်ချင်သည် ။ ပြီးရင် စစ်တွေတွင် မပြန်သေးခင်အထိ
နေလိုက်အုံးမည် ။ ရန်ကုန်ကိုရောက်ကတည်းက စီစဉ်ရေးဆွဲထားသော အစီအစဉ်မှာ
ကျမအတွက် အံဝင်ဂွင်ကျ ရှိနေဆဲ ။ တူမလေး မြသန္တာကလည်း ကုမဏီတွင် ခွင့်ယူကာ
ကျမနှင့်အတူ လိုက်ပါမည်ဟု ပြောထားရာ သူ့ အကိုက ကြည်ကြည်ဖြူဖြူ
ခွင့်ပြုရှာသည် ။ မြသန္တာ တယောက်ထဲတော့မဟုတ် ။ သူ့ ရုံးက
မြသန္တာ၏သူငယ်ချင်းဖြစ်သော လဲ့ လဲ့ သက် ဆိုသော ရန်ကုန်သူ ချောချောကလေး
တယောက်ကလည်း အဖေါ်ထည့်ပေးလိုက်သေးသည် ။
ကျမတို့  မှာ လိုအပ်သည်များကို ယူဆောင်စုဆောင်းရသည်မှာ
မလွယ်လှချေ ။ ကျမ၏ အလှူအဒန်းများတွင် လှူဘွယ်ပစ္စည်းများအတွက် မကျန်ရစ်ခဲ
့ရအောင် ဂရုတစိုက် မှတ်ရ သိမ်းရနှင့် တအိမ်လုံး ကြွက်ကြွက်ညံကာ အသံတွေ
ထွက်နေကြရသည် ။ ဘုန်းတော်ကြီးကျောင်းများတွင် လှူဘွယ်ပစ္စည်းများကို
လှူဒန်းရမည်မို့  ကျမတို့ တတွေမှာ နေ့ နေ့ ညည သွားနေကြသည်မှာ
အိမ်မှာတောင် ထမင်းမစားဖြစ် ။ စားသောက်ဆိုင်တခုခု ၀င်ပြီး
စားသောက်လိုက်သည်နှင့်ပင် အချိန်တွေ ကုန်ခဲ့ ရသည် ။ လေယဉ်လက်မှတ်
အားလုံးစီစဉ်ပြီးပြီဆိုတော့ မနက်ဖန် အစောကြီးမှာ လဲ့ လဲ့ သက်ကို
မရမ်းကုန်းရှိ နေအိမ်က စောင့်ဆိုင်းဖို့  မှာထားလိုက်ရသည် ။ ကျမရင်မှာ
တော်တော် မောနေမိဖြစ်သည် ။ လွန်ခဲ့ သော နှစ်ပေါင်း-၃၀-ကျော်မှ တကြိမ်သာ
ပြန်ဖြစ်ခဲ့ သော မွေးရပ်မြေသည် ကျမကို အလွမ်းများနှင့် ဆီးကြိုနေပြီလား
မပြောတတ် ။ တညလုံး တောင်တောင် အီအီ တွေးတောပြီး အိပ်ရာထဲ လှဲနေရတော့
ကဗျာဆရာမ ကြည်အေး၏ တစ္ဆေကဗျာကို ပြန်လည် သတိရလာတော့သည် ။
“ အိပ်ရာတွေလဲ- ကြေမွတွန့် လိပ်-သိပ်စိတ်ညစ်တယ်-“
ကျမက အိပ်ရာတွေထဲ ဘယ်လူးညာလူးနှင့် တညလုံးမိုးကြောင်တောင် လင်းခါမှ ခဏမျှ
မှေးလိုက်ရပါသည် ။

-------- --------- --------- --------
-------- ---------
ဤနေ့ ကား သောကြာနေ့ 
လဲ့ လဲ့ သက်က သောကြာနေ့ အကြောင်းကို မသိတော့ အိမ်ပေါ်မှ လူတွေကို
ကြည့်နေဖြစ်သည် ။ ကျမကတော့ ဒီကောင်မလေးကို ဘာတွေ ကြည့်နေမှန်း သိနေပြီ ။
မနေ့ ကတောင် ဒီကောင်မလေး စကားတခွန်း ပြောသေးသည် ။
“ ကြီးမေရယ်- ကြီးမေတို့ မောင်တောမြို့ က ရခိုင်မြို့ လား
-ကုလားမြို့ လား-သမီးတော့ တခါတလေ ကြောက်တောင် လာနေတယ် “
လဲ့ လဲ့ သက်အဖေက ညွှန်ကြားရေးမှူးချုပ် တဦးဖြစ်ပြီး နေပြည်တော်မှာ
တာဝန်ထမ်းဆောင်နေသည် ။ အကိုဖြစ်သူ ကိုသက်ဦးက
နိုင်ငံခြားသင်္ဘောသားဖြစ်ပြီး တခါတလေ ဖလော်ရီဒါကို ရောက်သောအခါ ကျမတို
့အိမ်သို့  အလည်လိုက်ပါလာတတ်သည် ။ ရွှေတောင်ကြားလမ်းတွင်
အိမ်နီးနားချင်းမို့  သူမတို့ မိသားစုနှင့် ကျမတို့ က ရပ်ဆွေရပ်မျိုးလို
ဖြစ်နေသည် ။ ကောင်မလေးပြောတော့ ကျမက ပြုံးပြနေလိုက်ရသေးသည်ကို အမှတ်
ရမိနေသည် ။
“ ကြီးမေ - ကြီးမေ- တံခါးတွေ ပိတ်ထားလိုက်တော့- ထွန်းလှ - တံခါး တွေ
ပိတ်ဟေ့ “
ကျမက မျက်မှောင်ကုတ်ပြီး အသံကို နားစွင့်နေလိုက်သည် ။ လဲ့ လဲ့ သက်က
ကျမကို တချက်မျှ စောင်းကြည့်လိုက်သည် ။
“ မြသန္တာကော - သမီး - မြသန္တာကော - ဟေ့ - ဘာဖြစ်လို့  တံခါးတွေ
ပိတ်ရမှာလဲ - ငါ့ကို ပြောပြကြပါအုံး “
အိမ်အောက်ထပ်မှာ ပြေးသံလွှားသံတွေ ကြားရသည် ။ ပြန်လည်တုန်
့ပြန်သံတွေကို ကျမ မကြားရသေး ။ အိမ်အောက်မှ တံခါးတွေ ပိတ်သံတွေ ကြားရသည်
။ ကျမတို့ တိုက်က ဘာဂျာတံခါးတွေနှင့်မို့  သံတံခါးတွေ
ပိတ်လိုက်ပြီဆိုလျှင် အရာရာကို စိတ်ချရပြီးသားဖြစ်သည် ။ မြသန္တာက
အိမ်ပေါ်သို့  ပြေးတက်လာပြီး ပြူတင်းပေါက်တွေကို ပိတ်လိုက်သည် ။
“ မြေးလေး- ဘာဖြစ်နေကြတာလဲ - တံခါးတွေ လိုက်ပိတ်နေကြတာ “
“ အဘွား- လမ်းမပေါ်မှာ ကုလားတွေ နဲတာမဟုတ်ဘူး - လက်နက်တွေကိုယ်စီနဲ့ -
ဘာဖြစ်လာကြလဲ မသိဘူး “
ကျမက ပြူတင်းပေါက်နားကို ချဉ်းကပ်ပြီး ချောင်းကြည့်လိုက်သည် ။
အစပိုင်းကတော့ လူငယ်ချင်းချင်း ရန်ပွဲဖြစ်နေကြသလားဟု ထင်ခဲ့ သည် ။
“ ဟင် - ကုလားတွေ နဲတာ မဟုတ်ဘူး မြေးလေး- ဒီလိုဆိုရင် ကုလားရခိုင်
ပြသနာတော့ ဖြစ်လာပြီပေါ့ ကွယ် “
“ဘာပြောတယ် - ကြီးမေ - ကုလား ရခိုင် ပြသနာဖြစ်လာပြီ - ဘာဖြစ်လို့ 
ဖြစ်လာရတာလဲ ကြီးမေ ရယ် - သမီး ကြောက်တယ် -
“ မကြောက်နဲ့  သမီး - ကြီးမေ - ရှိတယ် နော် - သမီး ဘာမှ မဖြစ်စေရဘူး “
ပြောရင်း ဆိုရင်း အိမ်ပေါ်ထပ်ကို ခဲနှင့် ပစ်ခတ်သံ ကြားလာရသည် ။
မှတ်ပြူတင်းများ ကွဲသွားသည် ။ ကျမအနေနှင့် တခုသာ ရှိတော့သည် ။
ခေါင်းအေးအေးနှင့် စဉ်းစားရတော့မည့် အပိုင်းဖြစ်လာသည် ။
“ မြသန္တာရယ်- ဗွီဒီယိုသာရိုက်ထားလိုက်တော့- အားလုံးကို သေသေချာချာ
ရိုက်ထား -ဟုတ်လား”
မြေးလေး မြသန္တာက ဤနေရာမှာ တော်ရှာသည် ။ သတ္တိကောင်းလှပါသည် ။ အမေရိကမှ
လာသော ကျမအတွက် သူမသည် အမှန်တကယ် အားကိုးရသော မြေးကလေးဖြစ်သည် ။ လဲ့ လဲ
့သက်ကလည်း သူမ၏ ဒီဂျီတယ်ကမ်မရာကလေးနှင့် ပြူတင်းပေါက်ကနေပြီး ရိုက်နေသည်
။ မြသန္တာကလည်း အလွပ်မပေးချေ ။ ဗွီဒီိယို ရိုက်နေသော ကျမတို့ အိမ်ကိုသာ
မြင်သွားပါက ကျမတို့ ၏ အသက်အိုးအိမ်မှာ မစဉ်းစားရဲအောင် ဖြစ်မိသည် ။
တလမ်းလုံးရှိသမျှ ရခိုင်လူမျိုးတွေအိမ်ကို ခဲများဖြင့် ပစ်ခတ်နေကြသည်
။ လူပေါင်းသောင်းနှင့်ချီပြီး တုတ်ဒါးလက်နက်များဖြင့် သဇင်ဟိုတယ်ကို
မီးရို့  ဖျက်ဆီးလိုက်ကြသည်ကို မြင်ရသည် ။ ဈေးလမ်းတလျှောက်တွင်
ဖျက်ဆီးနေကြသော ကုလားတွေကို ကျမတို့ မှာ လူလို့  မမြင်တော့ ။
သရဲသဖက်သဘွယ် ကြောက်မက်စွာ မြင်လာကြသည် ။
တညလုံး ရခိုင်လူမျိုးတွေနေအိမ်များကို မီးရို့ ဖျက်ဆီးခြင်း ၊
လူသတ်ခြင်းများကို မည်မျှ ပြုလုပ်လိုက်ပြီဆိုသည်ကို ကျမတို့  မခန်
့မှန်းနိုင် ။ လုံခြုံရေး တွေ နစကတွေ ရဲများကလည်း လက်ထဲတွင်
သေနတ်ကိုင်ထားသော်လည်း မည်သို့ မျှ ပစ်ခတ် နှိမ်နှင်းသည်ကို မကြားရ ။
တမြို့ လုံး မီးလောင်နေရာ ရခိုင်ပြည်နယ်၏ ရခိုင်လူမျိုးများမြို့ ဖြစ်သော
မောင်တောမြို့ ကား ကုလားတို့ ကြောင့် ကျီးလန့် စာစား ဖြစ်နေကြရပြီ ။
သောကြာနေ့ ဆိုလျှင် ကုလားတွေက ပလီတက်ပြီး ဥပုသ်စောင့်ကြရသည် ။
တကြိမ်မဟုတ် ။ တနေ့ မှာ ငါးကြိမ်ခန့်  ဥပုသ်စောင့်သည်ဟု ပြောကြသည် ။
တရားထိုင်ကြရသည်ဟု ဆိုကြသည် ။ တရားထိုင်သည်ဆိုလျှင် စိတ်ငြိမ်းချမ်းပြီး
ကုသိုလ်ကောင်းမှု ပြုလုပ်ကြရသည်ဟုသာ ဘာသာတိုင်းမှာ ရှိကြသည် ။ ခုတော့
ပလီတက်ပြီး တရားထိုင်ပြီးသည်နှင့် ရခိုင်လူမျိုးတွေကို အသေရရ အရှင်ရရရ
လည်ပင်းလှီး -သတ်ဖြတ်- အိမ်များကိုမီးရို့  ပြုလုပ်ကြတော့သည် ။ သူတို့ ၏
ဘာသာရေးမှာ ယခုလို အကြမ်းဖက်အောင် ခိုင်းစေထားခြင်းတော့ ရှိမည်မဟုတ်-
လက်တွေ့ မှာတော့ ကြောက်စရာကောင်းလောက်အောင် ဆောင်ရွက်ကြသည် ။
မြသန္တာ၏ ရိုက်ထားလိုက်သော ဗွီဒီိယိုကို ပြန်၍ ကြည့်ကြသောအခါ
တဆယ်ကျော် ကုလားလေးတွေကအစ မော်လီဗီ တရားဟောဆရာများကိုပါ မြင်ရသည် ။ သူတို
့လက်ထဲမှာ တုတ်ဒါးကိုယ်စီနှင့် ။ အကယ်၍ ရခိုင်လူမျိုး တယေက်ယောက်ကိုများ
တွေ့ ဖြစ်ခဲ့ လျှင် အသက်ရှင်ဘွယ်ရာ မရှိ ။ ခုတ်ထစ်သတ်ဖြတ်ကြမည့်
အသွင်အပြင်များကို မြင်ရသည် ။ ညနေပိုင်းတွင် ဆရာဝန် မိသားစုကိုလည်း
ဒါးနှင့် ခုတ်၍ သေဆုံးသွားရပြီဆိုသော သတင်းကြားလာရသည် ။ လဲ့ လဲ့ သက်မှာ
ယင်းသတင်းကို ကြားသည်နှင့် မျက်နှာတွင် သွေးတစက်မျှ မရှိတော့။
“ ခဏလေးပါ မြေးလေးရယ်- ဒီပြသနာဖြစ်ပြီးသွားရင် မကြာခင် အခြေအနေ
တည်ငြိမ်လာမှာပါ- အဲဒီခါကျရင် ကြီးမေတို့  ရန်ကုန်ကို ပြန်ကြမှာပေါ့နော်
- ကြီးမေတို့ အိမ်ကို ဘယ်သူ တယောက်ကမျှ မီးလာရှို့ လို့  မရဘူးကွယ်-
တကယ်လို့  ကြီးမေတို့  အိမ်ကိုသာ အဲဒီလို မီးလာရို့ ရင် ဒီမြို့ ဟာလဲ
ပြာကျပြီပေါ့- ကုလားတွေက ကြီးမေတို့ အိမ်ကိုတော့ အဲဒီလို မလုပ်ရဲဘူးကွဲ့ 
- မြေးလေးရယ် “
မြသန္တာနှင့် လဲ့ လဲ့ သက်တို့ ကို အားတက်စေအောင် ပြောသာပြောရသည် ။
ကျမလည်း အားမရှိလှပါ ။ အဘယ့်ကြောင့်ဆိုသော် ကုလားတွေက လူသားစား
ဘီလူးသဖက်လို အသွင်အပြင်က ကြောက်မက်စရာ ကောင်းနေသည်ကို နေ့ စဉ်ရက်ဆက်
မျက်ဝါးထင်ထင် မြင်နေရသည်ဘဲ ။

----------- -------- -----------
-----------
လွန်ခဲ့ သော အပါတ်က ကျမတို့ မိသားစု ၏ တိုက်မှာ မောင်တောမြို့ နယ်ရှိ
ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသင်္ဃာတော်မြတ်များကို ဆွမ်းကျွေးအမျှဝေ
အလှူအဒန်း ပြုလုပ်ခဲ့ သည် ။ ကွယ်သူမိဖနှစ်ပါးအား ရည်စူးပြီး
ကောင်းမှုကုသိုလ်ပြုရာ တနယ်လုံးမှာ ရှိသော ဆွေမျိုး မိသင်္ဂများအပြင် တဖက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကယုချောင်း ၊ မြစ်နားရွာတို့ က ဆွေမျိုးများပါ
လာကြသည် ။ ကျမ၏ မိဖတို့ မှာ ဤသို့အလှူအဒန်းများကို နှစ်စဉ်
ပြုလုပ်နေကြဖြစ်သည် ။
လဲ့ လဲ့ သက်က နိုင်ငံခြားက လူတွေ လာသည်ဆိုတော့ ကောင်မလေးခမြာ
ပျော်လိုက်သည်မှာ တော်တော် ရီစရာကောင်းသည် ။ သူက နိုင်ငံခြားက
လူတွေဆိုတော့ ကုတ်နဲ့  တိုင်နဲ့  လာမည် ထင်ထားသည် ။ ခုတော့
ရခိုင်လုံချီတွေဝတ်ပြီး လာကြသည်ကိုမြင်တော့ ကောင်မလေးမှာ ရီလဲ
ရီချင်စရာဖြစ်ပေလိ့မ့်မည် ။
ကုလားတွေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောတမြို့ လုံး
ညမထွက်ရအမိန့် ထုတ်ထားသည် ။ ကျမတို့ မှာ သတင်းအချက်အလက်များကို လာသမျှ
လူများထံမှာ နားထောင်ရသည် ။ စစ်တွေမြို သို့  ပြန်သွား၍လည်း မရသေး ။
သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းများနှင့် ကျမတို့ က မြို့ မိမြို
့ဖအနေနှင့် ပြောကြ ဆိုကြရပြီ ။
“ ကျမကတော့ ဆရာတော် ဦးပညာသာရကို အခုလို သတ်ဖြတ်ပစ်လိုက်တာကို ဘယ်လို
စိတ်ထဲ ကြေနပ်နိုင်မှာလဲ ရှင် - ဆရာတော်က ကျမတို့ အိမ်မှာ နေ
့ဆွမ်းအတွက်လာယူတာရှင့် - အခုလို နေ့ ဆွမ်းလှူဒန်းနေတာကလဲ နှစ်ပေါင်း
-၂၀- နီးကပါး ရှိပြီ- ကျမတို့ ရဲ့  ဆရာတော်ဟာ ဟိုတနေ့ ကဘဲ ကျမတို့ ရဲ့ 
မိဖကို ရည်စူးပြီး ပြုလုပ်တဲ့  အလှူကိုလဲ ကြွခဲ့ ပါသေးတယ်ရှင် “
ကျမကို အင်တာဗျူး ပြုလုပ်နေသော သတင်းထောက်လေးတဦးကို ကျမက
ပြောပြနေခြင်းဖြစ်သည် ။ ပြီးတော့ ကျမအသည်းနာဆုံးက ကျမ၏ တူတော်သူ
အောင်ချမ်းသာကို တပည့်ဖြစ်သူ ကုလားလေးတွေက အသေသတ်လိုက်ခြင်းဖြစ်သည် ။
သရေကုန်ဘောင်ကျေးရွာမှ ကျောင်းဆရာလုပ်နေသော အောင်ချမ်းသာမှာ ကျမ၏
အဒေါ်ဖြစ်သူ၏ မြေးဖြစ်သည် ။ ဘွဲ့ ရ ကျောင်းဆရာတဦးဖြစ်ပြီး မြို့ ပေါ်တွင်
မနေဘဲ ကျေးလက်တောရွာမှာသာ ကျောင်းဆရာဘ၀ဖြင့် အသက်မွေးကျောင်းနေသူဖြစ်သည်
။ သူလည်း ကျမတို့ ၏ အလှူပွဲကို လာခဲ့ သူဖြစ်သည် ။ ခုတော့ ကျမ၏
ဆွေမျိုးတွေ -ဆရာတော်တွေတို့ မှာ ကျမကို မျက်နှာပြ လာခဲ့ ကြသလို
ကုလားတွေသတ်၍ အသေဆိုးနဲ့  သေဆုံးခဲ့ ကြလေပြီ ။
ကုလသမ္မဂမှ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား လာသောအခါ သူက
ကျမတို့ ၏ ရခိုင်လူမျိုးတွေကို လူသတ်သမားလိုလို အကြမ်းဖက်သမားလိုလို
ပြောလာနေတော့ ကျမနှင့် ထိပ်တိုက်တွေ့ သည် ။ ကျမဖြေရှင်းလိုက်သော စကားကို
သူကြားရတော့သည် ။ သူ့ အနေဖြင့် ယုံကြည်သည် မယုံကြည်သည်ဆိုသည်မှာ
အကြောင်းမဟုတ် ။ ခုတော့ ကျမ၏ တူတော်သူ အောင်ချမ်းသာနှင့် ဆရာတော်
ဦးပညာသာရတို့ အတွက် ကျမမျက်ရည်ကို အလဟသ အဖြစ်မခံနိုင် ။
နောက်တရက်မှာ စစ်တွေမြို့ သို့  လာခဲ့ ကြသည် ။ လဲ့ လဲ့ သက်ရော
မြသန္တာရော ယခုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့နိုင်တော့ဟု ပြောရှာကြသည် ။
စစ်တွေမြို့ မှာ ကျမအလှူပြုလုပ်ခဲ့ သော ဘုန်းတော်ကြီးကျောင်းများတွင်
ဒုက္ခသည်များစွာမြင်ရသည် ။ ယင်းအကြားမှာ လွန်ခဲ့ သော ကျမတို
့မိသားစုအလှူတွင် အကူအညီပေးခဲ့ ကြသော မင်းဂံရပ်ကွက်မှ မောင်လှဋ္ဌေးတို့ ကို
ကြည့်မိသည် ။ မတွေ့  ။ မေးကြည့်တော့ ကုလားတွေ သတ်၍ သေဆုံးသွားပြီဟု
ပြောကြသည် ။
“ အဲဒီတုံးက ကြီးမေရဲ့  အလှူမှာ အကူအညီပေးခဲ့ ကြတဲ့ 
လူငါးဦးစလုံးဟာ သေဆုံးသွားကြရတယ် ကြီးမေ - ဒါ့ကြောင့် ကြီးမေ သူတို့ ကို
မတွေ့ တာပေါ့ဗျာ “
“ ဘာပြောတယ် - သူတို့ ငါးဦးစလုံး သေဆုံးသွားရတယ် - “ “
“ ဟုတ်တာပေါ့ ကြီးမေရယ် - သူတို့ တွေလဲ သေဆုံးသွားသလို ကျနော့်ကိုလဲ
သေဆုံးပြီထင်ပြီး ထားခဲ့ ကြတာ ကြီးမေရဲ့ - ဟောဒီမှာ ကြည့်ပါလား “
လူငယ်လေးက အင်္ကျီချွတ်၍ ပြသည် ။ မကြည့်ရက်စရာ ။ ကြောပြင်မှာ ဒါးဒဏ်ရာ
အစင်းလိုက်ကြီးနှင့် ၊ မြင်ရသည်မှာ ကြက်သီးထစရာဖြစ်သွားသည် ။ မိန်းခလေး
တဦးက အနားသို့  ကြောက်ကြောက်ရွံ့ ရွံ့ ကပ်လာသည် ။ မျက်နာပြင်မှာ
မည်သည့်အလှဆီမှ လိမ်းချယ် မထား ။ နွမ်းနယ်နေသော မျက်လုံးဖြင့် ကျမကို
တချက်ကြည့်သည် ။ မြသန္တာတို့  လဲ့ လဲ့ သက်တို့ နှင့် အသက်အရွယ်
မတိမ်းမစောင်း ။ သို့ သော် သူ့ မျက်နာပြင်ကား ကြောက်ရွံ့စရာတို့ နှင့်
အတိရှိနေသောကြောင့် အပျိုပေါက်လေးတဦး၏ အလှများ ရှာမတွေ့  ။
“ ကြီးမေ - သမီးတို့ ဟာ ဒီအချိန်မှာ ကိုယ့်အသက်ကို ကိုယ် လုနေရတဲ
့အချိန်ပါ ကြီးမေရယ်- မျက်နှာမှာ သနပ်ခါး လိမ်းဖို့ အချိန် မရသလို
မိပ်ကပ်လဲ လိမ်းဖို့ အချိန်မရ ပါ ။ အကိုတွေက နိုင်ငံခြားသွားပြီး
အလုပ်တွေ သွားလုပ်နေကြတော့ သမီးတို့ မှာ မိဖအိုတို့ ကို စောင့်ရှေက်
ကာကွယ်နေကြရပါတယ် - သမီးတို့ သေဆုံးမှ အဖေတို့ အမေတို့  သေကြရပါလိမ့်မယ်
ကြီးမေ- အခုတော့ သမီးတို့ က အရွယ်နဲ့ မလိုက်အောင် မိန်းမကြမ်းတွေ
ဖြစ်ချင်ဖြစ်ပါလိမ့်မယ် - ဒါပေမဲ့  သမီးတို့  သေမှ ဒီမြို့  ဒီရွာ မီးရို
့ခံရ ပျက်စီးရမှာပါ ကြီးမေရယ် - သမီးတို့ မှာ သတ္တိ တွေ ရှိပါတယ် - အခုလို
ကြီးမေတို့ လို အားပေးလာတဲ့  လူတွေ ရှိနေလို့ ကတော့ သမီးတို့ 
သေပျော်တာပေါ့ ကြီးမေရယ် -----

ခိုင်အောင်ကျော် ( နယူးယောက် )

Sunday, June 16, 2013

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများရှိနေသမျှ ဘင်္ဂလီများက ဘယ်တော့မှ ကျူးကျော်သိမ်းပိုက်၍မရဟု ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ မိန့်ဆို




ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများရှိနေသမျှ ကာလပတ်လုံး ဘင်္ဂလီလူမျိုးများ၏ အဓိက မဟာဗျူဟာ ပန်းတိုင်ဖြစ်သော ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို သိမ်းပိုက်ဝါးမျိုရေး အစီအစဉ်သည် ဘယ်ဘော့မှ အထမြောက် အောင်မြင်လာလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက မိန့်ဆိုလိုက်သည်။

ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခန့် အချိန်တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဘင်္ဂလီ-ရခိုင် ပဋိပက္ခနဲ့ ပတ်သက်၍ မေးမြန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက ထိုသို့ မိန့်ဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် အရှင် ခေမာစာရ တွေ့ဆုံဆွေးနွေးမှုမှာ ပထမအကြိမ်ဖြစ်ပြီး ရခိုင်အမျိုးသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်သစ် မှည့်တွင်ပြောင်းလဲသည့်ကိစ္စမှာ ရခိုင်လူမျိုးများ၏ ဆန့်ကျင်ဘက်မဟုတ်ကြောင်း၊ မည်သည့်လူမျိုးမဆို အမည်သစ်ကိုမှည့်တွင်ခေါ်ဝေါ်၍ရကြောင်း၊ သို့သော် ရခိုင်ပထ၀ီ၊ ရခိုင်မြေ၊ ရခိုင်လူမျိုးများ၏ အကျိုးစီးပွား မှန်သမျှကို ထိခိုက်လာသည်မှာ ဆန့်ကျင်မှုဖြစ်ကြောင်း အရှင် ခေမာစာရက ယခုလို မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်သစ် မှည့်တွင်ပြောင်းလဲတာက ဦးဇင်းတို့ ရခိုင်လူမျိုးတွေရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ ဘယ်လိုမျိုးမဆို နာမည်သစ် ပြောင်းလဲ မှည့်ခေါ်လို့ရပါတယ်၊ ဒါပေမယ့် ရခိုင်လူမျိုးတွေရဲ့ နယ်မြေနှင့် အကျိုးစီးပွားမှန်သမျှကို ထိခိုက်လာတာကတော့ ဆန့်ကျင်မှုဘဲ ဖြစ်ပါတယ်။ ရခိုင်မြေမှာ နှစ်ပေါင်းများစွာကတည်းက လယ်ယာ ကိုင်းကျွန်းလုပ်ဖို့ ၀င်ရောက်လာပြီး နောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီအချို့ ရှိတယ်ဆိုတာကိုလည်း ဦးဇင်းတို့ သိပါတယ်။ ” ဟု မိန့်ဆိုသည်။

ဘင်္ဂလီလူမျိုးများက ရိုဟင်ဂျာဆိုသည်မှာ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးဆိုသည်မှာ ယနေ့ ခေါ်ဆိုနေသည့် ရခိုင်လူမျိုးမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးကို ခေါ်ဆိုခြင်းသာဖြစ်သည်ဟု ကမ္ဘာက လက်ခံလာအောင် နည်းမျိုးစုံဖြင့် လိမ်ညာရေးသား လုပ်ဆောင်နေကြပြီး ၄င်းတို့အထဲတွင် မြန်မာကျောင်းသားတချို့လည်း ပါဝင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေက ရိုဟင်ဂျာဆိုတာဟာ ရခိုင်လူမျိုးဆိုပြီး လိမ်ညာရေးသား လုပ်ဆောင် အကောင်ထည်ဖော်နေကြတဲ့အထဲမှာ မြန်မာကျောင်းသား တချို့ပါဝင်နေကြပြီး ဒီလူတွေဟာ ဘင်္ဂလီ- ရခိုင် ပဋိပက္ခကို အဓိကဖန်တီးသူတွေအဖြစ် တရားခံစာရင်းတွေထဲမှာ ပါဝင်ကြတယ်။ ” ဟု အရှင် ခေမာစာရက မိန့်ကြားသည်။

ဘင်္ဂလီများနှင့် ဘင်္ဂလီဘက်တော်သားများ ရေးသား ထုတ်ဝေ ဖြန့်ချိထားသော ရိုဟင်ဂျာဆိုသည်နဲ့ ပတ်သက်သော စာအုပ်စာတန်းများသည် တခုနဲ့တခု ညီညွတ်တူညီမှုမရှိ၊ သမိုင်းဆိုင်ရာ အချက်အလက်များသည်လည်း အကွဲအလွဲများစွာရှိပြီး မည်သည့် စာအုပ်စာတန်းသမိုင်းကို အတည်ပြုရမှန်း မသိကြောင်းနှင့် ဘင်္ဂလီများ၏ မဟာဗျူဟာများကို ပြည်တွင်းပြည်ပ ရခိုင်များသာမက မြန်မာတိုင်းရင်းသားများနှင့် ကမ္ဘာကပါ သိရှိနားလည်ထားပြီ ဖြစ်ကြောင်းကို အရှင် ခေမာစာရက မိန့်ဆိုသည်။

“ ဘင်္ဂလီတွေနှင့် သူတို့ရဲ့ဘက်တော်သားတွေ ရေးသားထုတ်ဝေဖြန့်ချိထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စာအုပ်စာတန်းတွေကို ဦးဇင်း သေသေချာချာ လေ့လာဖူးပါတယ်၊ တခုနဲ့တခုက ညီညွတ်မှုမရှိဘူး၊ သမိုင်းဆိုင်ရာ အချက်အလက်တွေဟာလဲ တော်တော်များများ ကွဲလွဲနေတာကို တွေ့ရပါတယ်၊ ဘင်္ဂလီတွေရဲ့ မဟာပျူဟာ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာကိုလည်း ဦးဇင်းတို့ ပြည်တွင်းပြည်ပ ရခိုင်တွေသာမက မြန်မာတိုင်းရင်းတွေ အားလုံးနဲ့ ကမ္ဘာကသိနေပါပြီ။ ” ဟု မိန့်ဆိုသွားခဲ့သည်။


အာရ်ကန်တိုင်းမ်စ် (သတင်း)

`ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်၍ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အိန္ဒိယနိုင်ငံမှ သတိပေး´

                                                             

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင် ဌာနေတိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်အကြမ်းဖက် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ ရက် အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ် သတင်းစာမှ ဖော်ပြခဲ့သည်။



အဆိုပါ ပါကစ္စတန်အစ္စလာမ္မစ်အကြမ်းဖက် အုပ်စုများထဲတွင် အထင်ရှားဆုံး အကြမ်းဖက်အဖွဲ့အစည်းမှာ Lashkar-e-Taiba ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထိပ်တန်းထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရိုဟင်ဂျာ ဘင်္ဂါလီမူဆလင်အကြမ်းဖက် လှုပ်ရှားမှုများကို နောက်ကွယ်မှ အဓိကငွေကြေးထောက်ပံ့ပေးနေသည်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ အစ္စလာမ္မစ် အဖွဲ့အစည်းများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အထူးလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများသည် ပါကစ္စတန်နိုင်ငံ အခြေစိုက် အကြမ်းဖက်အုပ်စုများထံတွင် စခန်းသွင်းလေ့ကျင့်ခဲ့သူများဖြစ်ပြီး လိုအပ်သည့် လက်နက်ခဲယမ်း မီးကျောက်များကို ထိုင်းနိုင်ငံရှိ အစ္စလာမ္မစ်အုပ်စုများမှ တစ်ဆင့်ရရှိကြောင်း သိရှိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် စီးပွားရေး၊ လူမှုရေးအခက်အခဲများနှင့် ဆက်စပ်မှုမရှိဘဲ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးတွင် အဆိုပါ လူနည်းစု၏ ပါဝင်ပတ်သက်မှု၊ လေ့ကျင့်ရေးစခန်းထူထောင်ခြင်း အပါအ၀င် အကြမ်းဖက်အုပ်စုများအတွက် လုံခြုံစိတ်ချရသည့် နေရာများ ဖန်တီးပေးမှုစသည့် အချက်များသည် ဒေသတွင်း တည်ငြိမ်ရေးကို အဓိက အကြမ်းဖက်အုပ်စုများက စိန်ခေါ်နိုင်စေရေး ဖန်တီးပေးလျက်ရှိသည်ဟု အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသွားသည်။



နယူးဒေလီ၏ အဓိကစိုးရိမ်ပူပန်သည့်အချက်မှာ ပါကစ္စတန် အကြမ်းဖက်အုပ်စုများမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ မူဆလင်များကို စုဆောင်းလေ့ကျင့်ပေးပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် ဒေသတွင်းတွင် အာသံအဓိကရုဏ်းကဲ့သို့ ဆူပူအုံကြွ သတ်ဖြတ်မှုများကို ဖန်တီးလာစေရန် နောက်ကွယ်မှ ကြိုးကိုင်အသုံးချမည်ကို ဖြစ်သည်။ ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် အမြောက်အမြားရှိနေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် Pakistani Inter - Services Intelligence နှင့် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့၏ အရှိန်မြင့်လာသော ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခဲ့ကြပြီးဖြစ်သည်။ အစိုးရနှစ်ခုစလုံးက စစ်တကောင်း တောင်တန်းဒေသအတွင်း ဘင်္ဂလားအစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ Jaish-e-Mohammed (JeM)၏ အကြမ်းဖက် လှုပ်ရှားမှုများရှိကြောင်း ယုံကြည်ထားကြသည်။ ထိုအဖွဲ့သည် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တစ်လျှောက် Cox's Bazaar ခရိုင်မှ Teknaf sub-division အတွင်း လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ဒေသ ဆူပူအုံကြွမှု ဖြစ်ပွားပြီးနောက် Lashkar-e-Taiba နှင့် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော Jammaat-ud-Dawwa (JuD) တို့မှ ဦးဆောင်၍ ဖိုရမ်တစ်ခု ကျင်းပခဲ့ပြီး ၎င်းဖိုရမ်၏ အမည်မှာ Difa - e - Musalman Arakan - Burma Conference (Defence of Muslims in Myanmar) ဖြစ်ကြောင်း၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရ မြန်မာအစိုးရကို ဆန့်ကျင်ရန် မူဆလင်များအား စုစည်းမည့် ကမ်ပိန်းဖြစ်ကြောင်း သိရှိရသည်။



Lashkar-e-Taiba နှင့် Jammaat-ud-Dawwa (JuD) တို့မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် အဖွဲ့ဝင်နှစ်ဦးပါ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့နှစ်ဦးမှာ Jammaat-ud-Dawwa (JuD)၏ ပြောရေးဆိုခွင့်ရှိသူ Nadeem Awari နှင့် လူမှုဆက်သွယ်ရေးအဖွဲ့မှ Shahid Mehmood Rehmatulah တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့၏ တာဝန်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးကျောင်းများမှ စီနီယာကိုယ်စားလှယ်များနှင့် ချိတ်ဆက်လှုပ်ရှားမှုကို တိုးမြှင့်ရန်ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးသတင်းများအရ Lashkar-e-Taiba ခေါင်းဆောင် Hafeez Saeed အပါအ၀င် စီနီယာအစွန်းရောက် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များသည် မြန်မာနိုင်ငံကို ပစ်မှတ်ထားလျက်ရှိပြီး နိုင်ငံအတွင်းမှ အလားအလာရှိသည့် မူဆလင်များအား စုဆောင်းရန်နှင့် အကြမ်းဖက်လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့မှ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလျက်ရှိသည့် သမ္မတဦးသိန်းစိန် အစိုးရအား ရခိုင်ဒေသရှိ မူဆလင်များ၏ အတိဒုက္ခရောက်မှုအတွက် အဓိကတာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။



Lashkar-e-Taiba ခေါင်းဆောင်များသည် ရခိုင်ဒေသရှိ ဘင်္ဂါလီရိုဟင်ဂျာများထံ Harkat ul Jihadi al Islami (HUJI), JeM နှင့် Jammaat ul Mujahideen Bangladesh (JMB) စသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ အလည်အပတ်လာရောက်ရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ RSO (Rohingya Solidarity Organization) နှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့်မည့် အစီအစဉ်များ ရေးဆွဲရန်နှင့် အိန္ဒိယအရှေ့ဘက်ဒေသ အစွန်အဖျားတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းအရောရှိတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများမှ Jammaat ul Arakan (JuA) တည်ထောင်ခြင်း၊ JAM မှ လေ့ကျင့်ထားသည့် အကြမ်းဖက်သမားများအကြောင်းနှင့် တခြား ဘင်္ဂလီ ရိုဟင်ဂျာအစွန်းရောက်အကြမ်းဖက်အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြပြီးဖြစ်ကြောင်း သိရှိရသည်။



အိန္ဒိယထောက်လှမ်းရေးသတင်းများအရ JAM အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်အနီး Bandarban district အတွင်းရှိ လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံသော တောတွင်းတစ်နေရာ၌ လေ့ကျင့်ရေး စခန်းတစ်ခု တည်ဆောက်ကာ လူသစ်များအား စုဆောင်းလေ့ကျင့်သင်ကြားပေးခြင်းတွင် ပါဝင်ပတ်သက်နိုင်ကြောင်းနှင့် ၎င်းတို့တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ လျှို့ဝှက် လှုပ်ရှားမည့် အစီအစဉ်များ ရှိနေကြောင်း ၎င်းအရာရှိက ဆက်လက်ပြေားကြားသွားသည်။ ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI)နှင့် ဘင်္ဂါလီ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုကို အိန္ဒိယ ထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် Cox's Bazaar ခရိုင်၊ Idgan madarassa ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြေဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ Karachi မြို့ အခြေစိုက် Dar-ul-Uloom Islamiya madarassa တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများကို ရှာဖွေစည်းရုံးသည့်တာဝန်နှင့် ဘင်္ဂါလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ ၎င်းကို အခန်းပိတ် စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန် စစ်ထေက်လှမ်းရေး (ISI) နှင့် ပတ်သက်မှုရှိသည့်အပြင် Karachi မြို့ အခြေစိုက် HUJI- (Arakan) ၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပါကစ္စတန် စစ်ထောက်လှမ်းရေးအဖွဲ့သည် ဘင်္ဂါလီရိုဟင်ဂျာများအတွက် စစ်လက်နက်များ အရောင်းအ၀ယ် လုပ်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အတည်ပြု ပြောကြားသွားခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့တွင် Noor-ul-Amin ၏ အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့် Ali Ahmed aka Abu Jibral ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ HUJI ၏ လက်ရှိ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပတ်စပို့စာအုပ်နှင့် အတူ ပါကစ္စတန် နိုင်ငံဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် လအနည်းငယ်က ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI) နှင့် Karachi မြို့ အခြေစိုက် Islamiya madarassa နှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်ရာတွင် ပါဝင် ပတ်သက်ခဲ့သူဖြစ်သည်။ Ali Ahmed aka Abu Jibral ကို အခန်းပိတ် စစ်ဆေးစဉ် ၎င်းက အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဂျီဟတ်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အဖွဲ့သည် ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ Waziristan မြောက်ပိုင်း၊ Miranshah ဒေသတွင် တာလီဘန်များနှင့် လက်တွဲခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။



ဒါကာနှင့် နေပြည်တော်အစိုးရများသို့ ဘင်္ဂါလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ရက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI) မှ Lashkar-e-Taiba, Jaish-e-Mohammed (JeM), Harkat ul Jihadi al Islami (HUJI)နှင့် Tehrik-e-Azadi Arakan (TAA)ကဲ့သို့သော ဒေသတွင်း အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့အစည်းများမှ တစ်ဆင့် ဘင်္ဂါလီမူဆလင် ဒုက္ခသည်များကို အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် စုဆောင်းလေ့ကျင့်ကာ လုံခြုံရေးအားနည်းသည့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် နောက်ကွယ်မှ ကြိုးကိုင်မည်ကို အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ဘင်္ဂါလီရိုဟင်ဂျာ မူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံသတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက်ဖောက်ခွဲရေး ပါရဂူများထံမှ ဒေသခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများကို ထုတ်လုပ်ခြင်းနှင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်သည့်အခါ မည်သို့ အသုံးချရန် စနစ်တကျလေ့ကျင့်ပေးလျက်ရှိကြောင်း အခိုင်အမာသိရှိရပါသည်။


Source : Let seeks foothold in Myanmar Shishia, Hindustan Times.

ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း
(၀ံသာနု)

Thursday, May 30, 2013

ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ

                                                                        


ရှေးဦးစွာ ကျွန်တော် မေတ္တာရပ်ခံထားပါရစေ ။ ယခုတင်ပြတဲ့  ဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်တိုက်ခိုက်တဲ့  အရေးအသား အတွေးအခေါ်မျိုး မဟုတ်ဘဲ နိုင်ငံရေးသမားတဦးအနေနဲ့  ခံစားရတာကို ရေးသား တင်ပြလိုက်ခြင်းဖြစ်တယ် ဆိုတာ နားလည်ပေးဖို့ လိုပါတယ် ။ ဒီလို မေတ္တာရပ်ခံထားတာဟာ ကျွန်တော့်အနေနဲ့  မိဖနှစ်ပါးက ဆိုဆုံးမခဲ့ လို့ ဘဲ ကိုယ့်ထက် အသက်-၂-နှစ်လောက်ကြီးတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ခုလို တောင်းပန်ရေးသားလိုက်ခြင်းဖြစ်တယ် ဆိုတာကို ပြောပြတာဖြစ်ပါတယ် ။ ဟုတ်ကဲ့ - ကောင်းပါပြီ- ကျွန်တော်ဟာ မိဖဆုံးမခဲ့ တဲ့  သားသမီး ဖြစ်ကြောင်း ပြောဆိုခဲ့ ပါပြီ ။
ရိုသေထိုက်သူကို ရိုသေရမယ်-လေးစားထိုက်သူကို လေးစားရမယ်- ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်လို့  ကျွန်တော့်ရဲ့  ကွယ်လွန်သူ မိဖနှစ်ပါးက ဆုံးမသြ၀ါဒ ပေးပါတယ် ။ ဒါ့ကြောင့်မို့ လို့ လို့ လဲ ရိုသေ လေးစား ဂုဏ်ပြုခြင်းများကို ကျွန်တော်ဟာ ထာဝစဉ် နှလုံးသွင်းပြီး အမြဲမပြတ် ဦးစားပေးဆောင်ရွက်တတ်တယ် ။ ကျွန်တော်ဟာ နိုင်ငံရေးလောကကို -၁၉၆ရ-ခုနှစ် သြဂုတ်လ-၁၃-ရက်နေ့ ကစလို့  ခြေစုံပစ်-ခေါင်းပစ်-တကိုယ်လုံးဂျွမ်းထိုး ၀င်ရောက်ခဲ့ သူဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  နိုင်ငံရေးစိတ်-အမျိုးချစ်စိတ်နဲ့  ပါတ်သက်လာရင် ခြေမထိပ် လက်ထိပ်ကအစ ရင်ဘတ်ထဲက နှလုံးသားအထိ နာကြင်တတ်တယ် ။
ခုအချိန်မှာ ကျွန်တော်တို့ ဟာ နိုင်ငံရေးရာသီဥတု တခုပြောင်းလဲသွားနေတယ်ဆိုတာကို သိနေကြတယ် ။ ဘာဖြစ်လို့ ဆိုတော့ လွန်ခဲ့ တဲ့  အနှစ်-၂၀- ကဆိုရင် ကျွန်တော်တို့  အော်ခဲ့ တဲ့  စကားသံ- ပခုံးပေါ်မှာ ထမ်းခဲ့ တဲ့  ပိုစတာတွေကြောင့် အမာရွတ်တွေဟာ ခုအချိန်ထိ အနာမကျက်သေးဘဲ ရှိနေသေးတယ် ။ တိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာ သိနေလို့ ဘဲ ဖြစ်တယ် ။ တချိန်က ကျွန်တော်တို့  ကြွေးကြော်ခဲ့ တဲ့  ကမ္ဘာကို တုန်လှုပ်စေတဲ့  အသံကို နားဆင်ကြည့်ပါ ။
( ဒေါ်အောင်ဆန်းစုကြည်- လွပ်မြောက်ရေး- ဒို့ အရေး )
( မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေး ဒို့ အရေး )
( စစ်အစိုးရ ပြုတ်ကျရေး -ဒို့ အရေး )
ဒီကြွေးကြော်သံတွေကို ကျွန်တော်တို့ ဟာ ကြွေးကြော်နေခဲ့ ကြတယ် ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရဲ့  လည်ချောင်းထဲက အသံတွေဟာ ပြာသထက်ပြာလာတယ် ။ ဒါပေမဲ့  ဇွဲ မလျှော့ဘဲ အော်မြဲတိုင်း အော်ခဲ့ ကြတယ် ။ ကမ္ဘာအနှံ့မှာ ကျွန်တော်တို့ ဟာ ဒီကြွေးကြော်သံ သုံးခုကို အဓိကထားပြီး လှုပ်ရှားခဲ့ ကြတယ် ။
ကံအားလျှော်စွာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကအကျယ်ချုပ် ကျခံရာကနေပြီး လွပ်မြောက်လာတယ် ။ နောက်တော့ မင်းကိုနိုင်တို့  -၈၈-ကျောင်းသားအဖွဲ့ တွေ လွပ်မြောက်လာတယ် ။ နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာတယ် ။ ကုန်ကုန်ပြောမယ်ဆိုရင် ကျွန်တော်တောင်းဆိုခဲ့ တဲ့  ရခိုင်နိုင်ငံရေးအကျဉ်းသားတွေဟာ တယောက် မကျန်လွပ်မြောက်လာခဲ့ တယ် ။
ဒီတော့ခါ ဒေါ်အောင်ဆန်းစုကြည်နဲ့  မင်းကိုနိုင်တို့ အပါအ၀င် ထင်ရှားတဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာတော့ ကျွန်တော်တို့ ရဲ့  ကြွေးကြော်သံတွေကို ပြောင်းလဲပြီး ကြွေးကြော်ရတော့မယ်ပေါ့ ။ ဒီတော့ ( စစ်အစိုးရ ပြုတ်ကျရေး-ဒို့ အရေး ) ဆိုတာကိုဘဲ ကြွေးကြော်ရတော့မယ်ပေါ့ ။
ဒါပေမဲ့  အဲဒီ ( စစ်အစိုးရပြုတ်ကျရေး-ဒို့ အရေး ) ဆိုတဲ့  ကြွေးကြော်သံဟာ လုံးဝ ကြွေးကြော်ရခြင်း မရှိတော့ဘူး ။ ပျောက်ဆုံးမလှ ပျောက်ကွယ်သွားခဲ့ ရတယ် ။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့  အစိုးရရဲ့  ပါလီမန်လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ လို့ ဘဲ ဖြစ်တယ် ။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့  ဖြစ်တယ် ။ နိုင်ငံတကာမှာရှိတဲ့  မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းတွေဟာ ချက်ချင်းပျောက်ပျက်ကုန်ကြတယ် ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရဆိုတာကလဲ ဒီ့လောက်ခိုင်မာစွာ ရပ်တည်ခဲ့ ပါလျှက် ချက်ချင်းဖျက်သိမ်းခဲ့ ရတယ် ။ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ ကလဲ ဖျက်သိမ်းခဲ့ ရတယ် ။ အခြားသော အတိုက်အခံ အဖွဲ့ အစည်းတွေဟာ ဖျက်သိမ်းခဲ့ ရတယ် ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီး နိုင်ငံတကာကို ခရီးသွားခြေဆန့်  နိုင်ငံတကာက ချီးမြှင့်တဲ့  ဆုတွေကို လက်ခံယူပြီး ကမ္ဘာပတ်သွားနိုင်ခဲ့ လို့ ဖြစ်တယ် ။ စစ်အစိုးရပြုတ်ကျရေး ဆိုတဲ့  ကြွေးကြော်သံအစား ပြည်တွင်းမှာကေ ပြည်ပမှာပါ ဟိုဟာလုပ်ပေးပါ-ဒီဟာလုပ်ပေးပါဆိုတဲ့  အစိုးရဆီက လက်ဝါးဖြန့် တောင်းခံရတဲ့  ကြွေးကြော်ရတဲ့  အသံမျိုးကို ပြောင်းလဲသွားစေတယ် ။ ဒါက ဘာကို ပြသလဲဆိုရင် အတိုက်အခံခေါင်းဆောင်ဟာ မရှိတော့တဲ့  လက္ခဏာကို ပြသလိုက်တာဘဲဖြစ်တယ် ။
ဒါပေမဲ့  ကျွန်တော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံနေတုံးဘဲဖြစ်တယ် ။ ဒီလိုနဲ့  သမ္မတဖြစ်ချင်တယ် ဆိုတဲ့  စကားကို နားနဲ့ မဆန့် ကြားလာတော့ စိတ်မကောင်းဖြစ်ရပြန်တယ် ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီး တနေရာသော်၎င်း-ဒုသမ္မတရဲ့ နေရာသော်၎င်း ထိုက်တန်သူအဖြစ် ဆောင်းပါးတွေနဲ့  အားပေးရေးသားခဲ့ သူဖြစ်တယ် ။ ဒါပေမဲ့  -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်ပြင်ပေးမှ ဖြစ်မယ်ဆိုတာကိုလဲ သတိလက်မလွပ် အကြံပြု ရေးသားထားခဲ့ သူဖြစ်တယ် ။
၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ရှိကြံခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီက မပြင်ဆင်ဘူးဆိုရင် လွှတ်တော်ထဲမှာ ရှိနေတဲ့  နိုင်ငံရေးပါတီတွေက ပြင်ကြဖို့  လိုတယ် ။ နိုင်ငံရေးပါတီတိုင်းက ရေးဆွဲထားတဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကို စုပေါင်းလေ့လာပြီး ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းဟာက လက်ခံနိုင်တဲ့  ဥပဒေအချက်အလက်မျိုးကို ထည့်သွင်းရမယ်လို့ ဆိုပြီး အပြီးသတ် ရေးဆွဲ ရမှာဘဲဖြစ်တယ် ။ ခုတော့ ဘယ်သူကမှ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှ မရေးဆွဲသေးတဲ့ အပြင် နုတ်မှထုတ်ဖေါ်ပြီး ကျမသမ္မတဖြစ်ချင်ပါသေးတယ်လို့  ပြောလာတဲ့ အထိ နိုင်ငံရေးသိက္ခာကျလောက်အောင် ဖြစ်လာတာကတော့ ဘယ်လိုမှ ကြည့်လို့  မကောင်းတဲ့  ဝေါဟာရဖြစ်တယ် ။
ကျွန်တော်တို့ လို နိုင်ငံရေးဆောင်းပါးတွေ ရေးသာေးနသူများက ဝေဖန်ထောက်ပြနေတာဟာ မိမိရဲ့  အတွေးအခေါ်နဲ့  ပေါ်လီစီတွေကို ချပြရေးသားလို့  ရတယ် ။ ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးပါတီ တခုရဲ့  ဥက္ကဋ္ဌအနေနဲ့  သမ္မတရာထူးလိုချင်တယ် ပြောရအောင် သမ္မတဦးသိန်းစိန်ကလဲ အရှင်လတ်လတ်ကြီး ဖြစ်နေသေးတယ် ။ သူ့ အသက်ရှင်နေသရွေ့ ကတော့ သူ့အနေနဲ့  သမ္မတရာထူးမှာ ရှိနေသရွေ့ ကတော့ ဒီစကားကို ပြောလို့ မကောင်းပေဘူးပေါ့ ။
ခုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဒီလိုစကားလက်လွပ် ပြောဆိုတာနဲ့  ပါတ်သက်လို့ ပြောစရာဖြစ်လာပြီ ။ လူမျိုလို့  လူမျိုးပျောက်ကွယ်တတ်တယ် ဆိုတာ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးစီးဋ္ဌါနရဲ့  လက်ကိုင်ဆောင်ပုဒ်ဖြစ်တယ် ။ နိုင်ငံတနိုင်ငံဟာ အချုပ်အချာနယ်မြေပိုင်စိုးမှုကြောင့် သူ့ ရဲ့  မြေတလက်မကိုမျှ မည်သည့်အခြားနိုင်ငံသားတွေကို တနာရီ တမိနစ်မျှ အလကား နေထိုင်ခွင့်မပေးဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိပါလိမ့်မယ် ။ အဲဒီလိုဘဲ နိုင်ငံတနိုင်ငံမှာ လက်ရှိ ရှိနေတဲ့  တိုင်းရင်းသားလူမျိုးများနဲ့  ခိုးဝင်ကျူးကျော်တဲ့  နိုင်ငံခြားသားများအတွက် အခွင့်အရေးများကိုလဲ ချမှတ်ထားတာရှိတယ် ။
နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေရဲ့  အကျိုးခံစားခွင့်နဲ့  ခိုးဝင်ကျူးကျော်သူများကို ပြစ်ဒဏ်ချမှတ်ပေးခြင်းဆိုတာဟာ ဒွန်တွဲနေတဲ့  ဥပဒေတွေတွေဖြစ်တယ် ။ တချိန်တည်းမှာဘဲ နိုင်ငံအတွင်းမှာ လူဦးရေ ပေါက်ဖွားနုံးနဲ့  စီးပွါးရေး-ပညာရေး-ကျန်းမာရေး-လူမှုရေး-စတာတွေကို စာရင်းပြုစုကောက်ယူရတဲ့ -သန်ကောင်စာရင်း လူဦးရေ ကောက်ယူရေးဆိုတာ ရှိတယ် ။ ခုတော့ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှာ လူဦးရေ ထိမ်းချုပ်ဖို့ ဆိုတဲ့  ဒေသန္တရစည်းကမ်း ကိုထုတ်ပြန်ပေးတယ် ။ မြန်မာ့ကျေးရွာ ထုံးတမ်းစဉ်လာအရ ဂါမစည်းကမ်းဆိုတာ ရှိတယ် ။ အဲဒါကတော့ ရပ်စည်းကမ်း ရွာစည်းကမ်း ထုတ်ပြန်ထားတာကို ဂါမစည်းကမ်းလို့ ခေါ်တာဖြစ်တယ် ။
ခုတော့ ဒေသန္တရ အမိန့် ကို ထုတ်ပြန်လိုက်တယ် ။ မိသားစုတစုလျှင် ခလေးနှစ်ယောက်ထက် မယူရ ဆိုတာဟာ ဂါမစည်းကမ်းဖြစ်တယ် ။ ဘာကြောင့် ထုတ်ပြန်ရသလဲ ဆိုတာ လေ့လာကြည့်ဖို့ လိုတယ် ။ ရခိုင်ပြည်နယ်မှာ အဓိကအားဖြင့် ရခိုင်လူမျိုးတွေသာ လူဦးရေ များပြားနေရမယ် ။ လူများစုဖြစ်ရမယ် ။ ဒါဟာတိကျတဲ့  သဘာဝဘဲ ။ ဒါပေမဲ့  ခုတော့ ပြောင်းပြန်ဖြစ်နေတယ် ။ ဘင်္ဂလီလူမျိုးတွေဟာ ရခိုင်လူမျိုးတွေထက်-၉၀-ရာခိုင်နုံး ကျော်နေတယ် ။ အဲဒီမောင်တောမြို့ နဲ့ ဘူးသီးတောင်မြို့ နယ်မှာ ဒီ့လောက်လူဦးများနေတာဟာ ပထမအချက်အနေနဲ့  သူတို့ ရဲ့  အိမ်ထောင်သားမွေးမှုဟာ လူ့ ယဉ်ကျေးမှု အသိုက်အ၀ိုင်းအရ လွန်ကဲနေတဲ့  လက္ခဏာကြောင့်ဖြစ်တယ် ။ မိသားစုမှာ ခလေး-၃၀-လောက်ရှိသူ- အနည်းဆုံး-၁၀-ယောက်ရှိသူ- မိန်းမ နှစ်ယောက်ကနေ လေးယောက်ယူထားသူ- ပညာမတတ်သူ- ဆင်းရဲသူနဲ့  တွက်ချက်ကြည့်လိုက်ရင် ဒီလူမျိုးကို ဘယ်လို ထိမ်းချုပ်ရမှာလဲ ဆိုတာ ကမ္ဘာ့ကုလသမ္မကတောင် ကိန်းဂဏန်းဇယားနဲ့  တွက်ချက်ပြီး ကွန်ဒုံးတွေကို ဖြန့် ဝေပေးရတယ် ။
ဒေါ်အောင်ဆန်းစုကြည်သိထားဖို့ ရာမှာ ကွန်ဒုံးဆိုတာ ကမ္ဘာ့ကုလသမ္မဂက ထုတ်ဝေဖြန့် ဝေပေးထားတယ် ဆိုတဲ့ အဓိကအချက်ဘဲ ဖြစ်တယ် ။ ကွန်ဒုံးဆိုတာဟာ ကာမဆက်ဆံဖို့  အတွက် တခုတည်းကိုဘဲ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ မဟုတ်ဘူး ။ ကျန်းမာရေးပြသနာကြောင့်- အေအိုင်ဒီအက်စ် ဆိုတဲ့  ရောဂါမကူးစက်စေဖို့ နဲ့  သားခြားဆက်စေဖို့  ထုတ်လုပ်ထားတာဖြစ်တယ် ။ ဒီတော့ ကျန်းမာရေးအတွက် ထုတ်လုပ်ထားတာကို နားလည်ထားတယ်ဆိုရင် ဘာ့ကြောင့် သားဆက်ခြားစေဖို့  ထုတ်လုပ်ထားရပါသလဲ ဆိုတာ လေ့လာဖို့ လိုတယ် ။ မိသားစုတစုမှာ သားသမီး အများအပြားမလိုချင်သူများ- ခလေးမမွေးဖွါးနိုင်သူများ -စီးပွါးရေးချို့ ယွင်းသူများအတွက် ထုတ်လုပ်ထားတယ် ဆိုတာ ယေဘူယျသိကြပါတယ် ။
လူဦးရေ မတန်မဆများပြားနေတဲ့ အတွက် အပြွတ်လိုက် သင်္ဘောသီးသလို မွေးနေတဲ့  လူမျိုးစုတွေဟာ လူ့ အခွင့်အရေးရဲ့  လူ့ အရသာ ကာမတဏှာကို ခံစားနိုင်ကြလွန်းလို့  မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှာ ဋ္ဌါနေတိုင်းရင်းသားစစ်စစ်ဖြစ်တဲ့  ရခိုင်လူမျိုးစုထက် -၉၀ ရာခိုင်နုံးကျော်ထိ များပြားနေတယ် ။ ဒါကို ဂါမစည်းကမ်းအရ ထိမ်းချုပ်ဖို့ လိုတယ် ။ ဒါ့ကြောင့် ကမ္ဘာ့ကုလသမ္မဂကတောင် စီမံကိန်းနဲ့  ချမှတ် ဆောင်ရွက်နေတာဖြစ်တယ် ။
နောက်တချက်က နိုင်ငံရေးပါတီတရပ်ရဲ့  ဥက္ကဋ္ဌ သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင် တဦးအနေနဲ့  စကားလက်လွပ် ပြောဆိုသင့် မသင့် ဆိုတာ တွက်ချက်ကြည့်ဖို့ လိုတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးပါတီတခုရဲ့  ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်ကာမတ္တ သတင်းထောက်တွေရဲ့  ပြောဆိုသုံးနုံး မေးမြန်းတာမျိုးကို မစီစစ်ဘဲ သတင်းထောက်ရဲ့  အာဘော်အတိုင်း မေးတာဖြေကြားလိုက်ပြီ ဆိုရင် အနာဂါတ်မှာ ဘာတွေ ဆိုးကျိုးဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားဖို့ လိုတယ် ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နုတ်မစောင့်စည်းမှု ပါးစပ်သရမ်းမှုကြောင့် ပြည်သူ့ ချဉ်ဖတ် ဘ၀ရောက်သွားရပြီ ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ လွှတ်တော်မှာ ပြောဆိုတင်ပြနိုင်တဲ့  အခြေအနေများစွာ ရှိနေတယ် ။ ခုတော့ မိမိကိုယ်ကို ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်နေတာကို သတိမထားဘဲ ရခိုင်ပြည်နယ်အစိုးရရဲ့  တာဝန်နဲ့  ဒီဂရီအရ ဆောင်ရွက်နေတဲ့  ဒေသန္တရအမိန့်  သို့ မဟုတ် ဂါမစည်းကမ်းထုတ်ပြန်ထားတာကို ဝေဖန်ပြောဆိုတာဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့  ဘောင်ကျော်ပြောဆိုနေခြင်းဖြစ်တယ် ။ တိကျစွာပြောရရင် အရာခပ်သိမ်းဟူသမျှ အစိုးရရဲ့  ပေါ်လီစီတခုကို ဝေဖန်တိုက်ခိုက်ချင်တဲ့  စိတ်ဓါတ်မျိုးရှိရင် လွှတ်တော်ထဲမှာ သွားရောက်တင်ပြပြောဆိုသင့်တယ် ။ ရခိုင်စုံစမ်းရေးကော်မရှင်က ဒေါက်တာရင်ရင်နွယ်ဟာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သလို နိုင်ငံရေးခေါင်းဆောင်တဦးလဲ မဟုတ်ဘူး ။ ပါရဂူဘွဲ့ ရ တဦးဖြစ်တဲ့ အလျှောက် ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့  စီစစ်ဆောင်ရွက်ချက်များကို ကမ္ဘာသိတင်ပြရာမှာ တကယ့်စံနမူနာ ယူထိုက်တဲ့  အမျိုးသမီးကောင်း တဦးဖြစ်တယ် ။ ရခိုင်အရေးနဲ့  ပတ်သက်လို့ ရှိရင် အဲဒီလို ပြောဖို့ လိုအပ်တယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှုမြင်သုံးသပ်ပုံနဲ့  ဒေါက်တာရင်ရင်နွယ်ရဲ့  တင်ပြချက်တွေ ချဉ်းကပ်ပုံတွေဟာ လွန်စွာကွာခြားနေတယ် ။
တကယ်တော့ လူမျိုလို့  လူမျိုးပျောက်ကွယ်သွားမဲ့  တကယ့်အန္တရယ်ကြီးမားတဲ့  ပေါ်လီစီရေးရာတွေနဲ့ ပါတ်သက်လို့  နုတ်သရမ်းပြီး ပြောဆိုတာဟာ မိမိပါတီရဲ့  အနာဂါတ်အတွက်သော်၎င်း- မျက်မှောက်ကာလအတွက်သော်၎င်း အကျိုးယုတ်စေတယ် ။ နိုင်ငံခေါင်းဆောင်ဆိုတာတွေဟာ နုတ်ကိုစောင့်စည်းရပါတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးသမားတွေရဲ့  စကားတလုံးဟာ လွန်စွာ တန်ဖိုးရှိစေပြီး ကမ္ဘာကျော်သောမိန့် ခွန်းမျိုး ဖြစ်စေတတ်တယ် ။ ဒါဟာ နိုင်ငံချစ်စိတ်နဲ့  ကာကွယ်ရမဲ့  အခြေအနေ- အမျိုးသားကိုယ်ကျိုးအတွက် ကာကွယ်ရမဲ့  ပေါ်လီစီတွေ ဖြစ်တယ် ။ အကြမ်းဖက်သမားများအတွက် လူ အခွင့်အရေးဆိုတာ နေရာမရှိဘူးလို့  အင်္ဂလန်နိုင်ငံမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြနေတာကို ဒေါ်အောင်ဆန်းစုကြည် မြင်ပါလိမ့်မယ် ။ ဒါဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံ လိုက်ရတဲ့  အင်္ဂလန်နိုင်ငံက လန်ဒန်သားတွေဖြစ်တယ် ။ အဲဒီလိုဘဲ မြန်မာနိုင်ငံ အနောက်ဖက်က ရခိုင်လူမျိုးတွေဟာ မောင်တောမြို့ နဲ့  ဘူးသီးတောင်မြို့ နယ်မှာ လူ့ အခွင့်အရေးချိုးဖေါက်ခံရလွန်းလို့  နောက်ကို ဒီ့ထက်မက ဆိုးဝါးတဲ့  လူ့ အခွင့်အရေးချိုးဖေါက်ခံရမှာကို ကာကွယ်လိုတဲ့  ဆန္ဒတွေနဲ့  ရခိုင်ပြည်နယ်အစိုးရ က ဒေသန္တရအမိန့် နဲ့  သူ့ ပြည်နယ် သူ့ နယ်မြေမှာ ချမှတ်တာကို လက်လွပ်စပယ် ပြောဆိုလိုက်တာဟာ နောက်ဆုံးမှာ ရခိုင်ပြည်နယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ဆိုးကျိုးများကို ဖန်တီးသွားတာဘဲ အဖတ်တင်သွားတယ် ။ နိုဘယ်ငြိမ်းချမ်းရေးခေါင်းဆောင် တဦးဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖွဲ့ ချုပ်ကို ရခိုင်ပြည်နယ်မှာ ကျွန်တော့်အနေနဲ့  အဲဒီလိုဘ၀မျိုး မဖြစ်စေချင်ဘူး ။ ခုတော့ တကယ်ဘဲ ဖြစ်သွားပါပြီကော ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ ဆိုတဲ့  မေးခွန်းကို ကျွန်တော်မေးလိုက်တာဖြစ်တယ်


ခိုင်အောင်ကျော် ( နယူးယောက် )

Sunday, May 12, 2013

ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်


သန္တာဝင်း

ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်

ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။
နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။

ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။

အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေကို ကြည့်ရတော့မှပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။

ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။

ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။

ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။

အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်း ကို မော့ပြီးပြောလို့ ရတယ်။

အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာရင် ရေအောက် ရောက်သွား မယ် လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။

(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊
(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။

ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။

ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။

ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။

ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။

OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB
တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။

နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။

လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။

သန္တာဝင်း



ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။
နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။

ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။

အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေကို ကြည့်ရတော့မှပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။

ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။

ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။

ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။

အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်း ကို မော့ပြီးပြောလို့ ရတယ်။

အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာရင် ရေအောက် ရောက်သွား မယ် လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။

(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊
(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။

ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။

ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။

ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။

ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။

OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB
တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။

နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။

လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။

သန္တာဝင်း

(  from face book )

Interview with Dr.Yin Yin Nwe Rakhine Commission)

                                                                             

Wednesday, May 8, 2013

ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်ဟောင်း ဦးစံရွှေမောင်ကွယ်လွန်


ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်ဟောင်း ဦးစံရွှေမောင်ကွယ်လွန်

၈၊ ဧပြီလ ၊ ၂၀၁၃ Coral Arakan News

ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်ဟောင်းနှင့် ၀ါဒဖြန်ံချီရေးနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ ဦးစံရွှေမောင် အသက် (၇၆ ) နှစ်သည် လူကြီးရောဂါနှင့် ဘူးသီးတောင်မြို့ဆေးရုံ၌ ယနေ့ညနေ ၄ နာရီခန့်တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း Coral Arakan မှသတင်းရရှိသည်။

ဦးစံရွှေမောင်သည် ခိုးဝင်ဘင်္ဂလီများ၏ နယ်မြေသိမ်းလှုပ်ရှားမှုကိုသတိကြီးစွာ စောင့်ကြည့်ပြီး ရခိုင်ပြည်သူများကို သတိပေး တပ်လှန့်ခဲ့သူဖြစ်သည်။

ဦးစံရွှေမောင်၏ အတ္တုပတ္တိကို Coral Arakan မှ ပထမပိုင်းကို တင်ပြခဲ့ပြီဖြစ်ရာ မကြာမီ ကျန်အပိုင်းများကို ဆက်လက်တင်ပြသွာမည်ဖြစ်ပါသည်။

ဦးစံရွှေမောင် ကွယ်လွန်သွားသည့်အတွက် Coral Arakan မှ အထူးဝမ်းနည်းမိပါကြောင်း။


၈၊ ဧပြီလ ၊ ၂၀၁၃ Coral Arakan News

ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်ဟောင်းနှင့် ၀ါဒဖြန်ံချီရေးနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ ဦးစံရွှေမောင် အသက် (၇၆ ) နှစ်သည် လူကြီးရောဂါနှင့် ဘူးသီးတောင်မြို့ဆေးရုံ၌ ယနေ့ညနေ ၄ နာရီခန့်တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်း Coral Arakan မှသတင်းရရှိသည်။

ဦးစံရွှေမောင်သည် ခိုးဝင်ဘင်္ဂလီများ၏ နယ်မြေသိမ်းလှုပ်ရှားမှုကိုသတိကြီးစွာ စောင့်ကြည့်ပြီး ရခိုင်ပြည်သူများကို သတိပေး တပ်လှန့်ခဲ့သူဖြစ်သည်။

ဦးစံရွှေမောင်၏ အတ္တုပတ္တိကို Coral Arakan မှ ပထမပိုင်းကို တင်ပြခဲ့ပြီဖြစ်ရာ မကြာမီ ကျန်အပိုင်းများကို ဆက်လက်တင်ပြသွာမည်ဖြစ်ပါသည်။

Tuesday, May 7, 2013

မောင်ဇာနည်၊ ငြိမ်းချမ်းလုလင် နဲ့ ဇာဂနာ

 Khin Mar Swe


                                                                      မောင်ဇါနည်
                                                                          
                                                                မောင်သူရ (ခ ) ဇါဂနာ
                                                                                  


 ဆန်မရှိလို့ စိတ်ဆင်းရဲနေရတဲ့ အထဲ “ဒေါက်တာမောင်ဇာနည်ဆိုသူဟာ ‘မြန်မာနိုင်ငံသည် လူမျိုးပြုတ် သန့်စင် သုတ်သင်ရေး အစွန်းအထင်းများကို လျှော်ဖွတ်လိုက်သည်’ (Myanmar whitewashes ethnic cleansing ) ဆိုတဲ့ စာတစ်စောင် ရေးထားတယ် - အင်မတန်ကို မိုက်ရိုင်းစော်ကားတာပဲ - ဘာသာပြန်ပါလား” - လို့ ဆိုလာကြပြန်တော့ စိတ်မပါ လက်မပါနဲ့ ဖတ်ကြည့်ရပြန်တယ်။ ဟုတ်တယ်လေ - ကြွေးတောင်းလာသူတွေက တစ်မျိုး၊ မေလကုန်လို့မှ ပိုက်ဆံမရရင် ရဲတိုင်မယ်ဆိုသူက တစ်ဖုံ၊ ရှာထားသမျှ ပိုက်ဆံလေးတွေ ဟိုနေ့က ထုတ်ပေးလိုက်ရတော့ ရင်းစရာ မရှိတော့လို့ ဆန်တောင် တစ်နပ်စာပဲ ကျန်တော့တယ် - ဒီကြားထဲ သူ့ဘာသာ အရိုးအရင်းကိုက်နေရတာကို အားမရဘဲ လောဘတက်ပြီး သခင်အားရ ကျွန်ပါးဝ ရေးထားတာကို သည်းခံဖတ်နေရတာ ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းသလဲ။
ဖတ်ကြည့်တော့ ဘာမျှ မထူးပါဘူး - ဒီလို မြိုဆို့ထားတဲ့လူဟာ ဒီလိုရေးမှာပဲလေ - ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီခံစာကို ဝေဘန်တယ်လို့ ခေါင်းစဉ်တပ်ပြီး မြန်မာတစ်နိုင်ငံလုံးကို တရားလက်လွတ် စော်ကားထားတာပဲ - ဒီထက်မပိုဘူး - အချက်အလက် တစုံတရာ မပါဘူး - အကြောင်းယုတ္တိ မခိုင်လုံဘူး - အယုတ္တ အနတ္တ မပါဘဲ ယုတ်ယုတ်ကန်းကန်း ဆဲဆိုပုတ်ခတ်ထားတာပဲ တွေ့တယ် -
မောင်ဇာနည်ဟာ ကော်မရှင်အစီခံစာကို ဝေဘန်တယ် ဆိုပေမဲ့ အချက်အလက် ကျကျနနနဲ့ ဝေဘန်တာလည်း မဟုတ်ပါဘူး။ အပင်ပန်းခံပြီး သေသေချာချာ လုပ်ထားပေးတဲ့ အစီခံစာအတွက် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ စေတနာကို ကျေးဇူးတင်ရတယ်။ သို့သော် ကျွန်မအနေနဲ့ အစီရင်ခံစာကို ကာကွယ်ပြောဆိုဖို့ ဘာအကြောင်း မျှ မရှိပါ။ တကယ်ဆိုရင် ကော်မရှင် အစီရင်ခံစာဟာ မဆိုးပါဘူး၊ မျှတပါတယ်လို့ အကြမ်းဖျင်း ဆိုကြပေမဲ့ ရခိုင်တွေအတွက် စဉ်းစားစရာတွေ အများကြီးပါ - အခြေခံ သဘောတရားက ပဋိပက္ခ မဖြစ်အောင် ကုလားတွေ ကို အခွင့်အရေး ပေးရမယ်ဆိုတဲ့ ရှုဒေါင့်က ရေးထားသလားလို့ မှတ်ရတယ် - ရခိုင်တွေအပါအ၀င် မြန်မာ တိုင်းရင်းသားတွေ ပျင်းတဲ့အတွက် ကုလားတွေကို တင်သွင်းလာရပါတယ်ဆိုတဲ့ အင်္ဂလိပ် ကိုလိုနီ ခေတ်က အမြင်ကို ပြန်အမှတ်ရစေတယ် - အင်မတန် အလုပ်ကြိုးစားတဲ့ ကုလားတွေဟာ နိုင်ငံအတွက် အင်မတန် အသုံးဝင်မယ့် “ထုတ်လုပ်ရေး အားကောင်းသူ”များအဖြစ် အမွှမ်းတင်ထားတယ် - ဒီလူတွေဟာ တရားမ၀င် ခိုးဝင်လာသူတွေ ဆိုတာကို တိတိကျကျ မပြောရဲဘူး - “နိုင်ငံသား မဖြစ်သေးသူ”လို့သာ ဆိုရဲတယ် -
ခြုံကြည့်ရင် ကုလားတွေကို အလုပ်လုပ်ခွင့်ပေးပါ - အခွန်တိုးကောက်ပါ - အခွင့်အရေး အပြည့်ပေးပါ - သေချာစိစစ်ပြီးရင် မှတ်ပုံတင် ထုတ်ပေးပါ - ရခိုင်မြေက ရခိုင်တွေရဲ့ ပိုင်ဆိုင်တဲ့ ရေမြေသယံဇာတတွေကို အခွန်သာရမယ်ဆိုရင် ကုလားတွေကို ပေးလိုက်ပါ - ဘင်္ဂလီစကားပြော ကျောင်းဆရာတွေခန့်ပြီး ဘင်္ဂလီ အက်ဖ်အမ်လိုင်း လွှင့်ပေးပါ - အစ္စလာမ်ဘာသာရေးကျောင်းတွေကို ဘင်္ဂလီကလေးတွေ တက်ရောက်အောင်ကူညီပေးပါ - ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို ခွင့်ပြုပေးဖို့ အကြံပြုချက်တွေ အဖြစ်တွေ့ရတဲ့ ကျူးကျော် သိမ်းပိုက်ထားတဲ့ မြေယာတွေမှာ ဆက်လက်လုပ်စားခွင့် ပြုပါ - ငါးဖမ်းခွင့်ပြုပါ - ဒါတွေနဲ့ အစီရင်ခံစာဟာ ပြည့်နေပါတယ် -
ရခိုင်တွေကို ဘာတွေ ပြောထားသလဲ၊ အစီရင်ခံစာမှာ ဘာတွေ ချန်ထားခဲ့သလဲ ဆိုတာကို လျှောက်ပြောရင်တော့ ဆုံးမှာမဟုတ်ဘူး - ဒါပေမဲ့ ကိုယ်တို့ကို အားမနာတမ်း ထောက်ပြ ဝေဘန်ဖော် ရတာကိုပဲ ကျေးဇူးတင်ရတယ် - ကိုယ်တို့ပျင်းတယ်ဆိုရင် ပြုပြင်ရမှာပေါ့ - ကိုယ်တို့ အသုံးမကျဘူးဆိုရင် အသုံးကျအောင် လုပ်ရမှာပေါ့ - သို့သော် မြန်မာနိုင်ငံမှာ နိုင်ငံသားတောင်မှ မြေကို ပိုင်တာမဟုတ်ဘူးတဲ့ - အလကားနေရင်း ရန်ကုန်၊ မန္တလေးကလူတွေတောင် ကျူးကျော်ဆိုပြီး မောင်းထုတ်ရင် ပြေးရသေးတယ် - သူတောင်းစားလို လမ်းဘေးအိပ်ရင်း သေသွားရတဲ့ လူတွေရှိတယ် - လုပ်နေတဲ့ လယ်အသိမ်းခံရပြီး ဘ၀ပျက်ရတဲ့ လူတွေလည်း အများကြီး - တိုင်းရင်းသားတွေ တခြားထွက်ပြီး ရှာစားနေရတဲ့ အချိန်မှာ ခိုးဝင်လာတဲ့ ကုလားတွေကို လယ်ပေး၊ မော်တော်ဘုတ်ပေး၊ လုပ်စားဖို့ခွင်ပေး လုပ်ရမယ်ဆိုတာ အတော်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ် -
တကယ်တမ်းမှာ ဒီဘင်္ဂလီတွေကို ကုလသမဂ္ဂက အရင် တလျောက်လုံး ထောက်ပံ့ထားပြီး အခုမှ အစိုးရတာဝန် လို့ ဆိုပြီး ညစ်လာတာဖြစ်ပါတယ် - အစိုးရကလည်း တစ်သက်လုံး ဘယ်ကျွေးထားနိုင်ပါ့မလဲ - ဒါတော့ ဟုတ်တာပေါ့ - ဒါပေမဲ့ အရင်လို ဥပဒေမဲ့ နေခွင့်၊ ရှာစားခွင့် ပေးထားမယ်ဆိုလို့တော့ မဖြစ်သင့်ပါဘူး - နိုင်ငံသားဆိုရင်လည်း နိုင်ငံသား၊ နိုင်ငံသား အခွင့်အရေး အပြည့်ပေးရမှာ ဖြစ်ပါတယ်- နိုင်ငံခြားသားဆိုရင် လည်း နိုင်ငံခြားသား၊ ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ် - နိုင်ငံသားလည်း မဟုတ်၊ နိုင်ငံခြားသားလည်း မဟုတ်ဆိုရင် ဒုက္ခသည်လား - ဒုက္ခသည်ဆိုရင် ဒုက္ခသည်စခန်း ဧရိယာ သတ်မှတ်ပြီး အဲဒီအထဲမှာ လုပ်စားခွင့် ပေးသင့်ပါတယ် - အဲဒီသုံးမျိုးလုံး မဟုတ်ဘူးဆိုတဲ့ လူတွေကိုကျတော့ လုပ်စားခွင့် ပေးမယ်ဆိုရင် သမ္မတကြီး အမိန့်ရှိသလို “လူသားချင်းစာနာထောက်ထားသည့်အနေဖြင့်” ယာယီသဘော စားဝတ်နေရေး ပြေလည်အောင် စီမံပေးတာမျိုးပဲ ဖြစ်သင့်ပြီး “နိုင်ငံအတွက် အင်မတန် အသုံးဝင်မယ့် ထုတ်လုပ်ရေး အားကောင်းသူ”များဖြစ်လို့ လုပ်အား မဆုံးရှုံးရအောင် စီမံပေးတာလို့တော့ ပြောလို့ ဖြစ်မယ် မထင်ပါဘူး။
ဒီလို ဆက်လက်နေခွင့်၊ လုပ်စားခွင့် ပြုခြင်းအားဖြင့် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ညီညွတ်လာတဲ့ အချိန်အထိ အချိန်ဆွဲထားပြီး နောင်မှာ နိုင်ငံသားပြုခွင့်လည်း ရမယ်၊ မြေတွေ၊ လုပ်ငန်းလုပ်ပိုင်ခွင့်တွေလည်း တရားဝင် ဖြစ်သွားမယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားလို့ မဖြစ်ပါဘူး။ သမ္မတကြီး ပြောထားတဲ့ အတိုင်း နိုင်ငံသား မဟုတ်သူတွေကို တတိယနိုင်ငံသို့ ပို့ပေးမယ်ဆိုတဲ့ မူနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပြီလို့ မမြင်စေသင့်ပါဘူး။ အရင် နေခဲ့၊ စားခဲ့၊ လက်ခံခဲ့ကြတယ်ဆိုပေမဲ့ ထိတ်လန့်တုန်လှုပ်စရာကောင်းလှတဲ့ အနိဋ္ဌာရုဏ်တွေနဲ့ကြုံခဲ့ရပြီး အခုလည်း ခြိမ်းခြောက်မှုဒဏ်တွေကို ခံစားနေတယ်ဆိုတော့ ဆက်လက်ပြီး “မြွေပွေး ခါးပိုက် ပိုက်”ထားဖို့ ရခိုင်လူမျိုး ဒေသခံတွေအနေနဲ့ မလိုလားကြတော့ပါဘူး။
ကော်မရှင်ဖွဲ့ကတည်းက မူစလင်တွေ ပါတာ တွေ့တာပဲ - ဘယ်ရခိုင်က ကန့်ကွက်သလဲ - ယဉ်ကျေးမှု ရှိစွာနဲ့ အသာကြည့်နေတာပဲ - ကော်မရှင်ကိုကော ဘာဖိအားပေးသလဲ - ကူနိုင်တာသာ ကူပေးလိုက်ကြတယ် - ဘာပဲဖြစ်ဖြစ် အစီရင်ခံစာဟာ လောလောဆယ် ဖြေရှင်းဖို့ “နည်းလမ်း”တစ်ခုအဖြစ်မြင်ပါတယ် - လူမှုရေး သဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည် အစီအမံ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့်အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း သမ္မတကြီးက ပြောဆိုထားတာကိုလည်း သတိပြုမိပါတယ် -

 ဘင်္ဂလီ ဒုက္ခသည်များကို အတော်ကလေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ အကြံပြုထားတဲ့ ဒီ အစီရင်ခံစာကို မောင်ဇာနည်က ကျေနပ်ပုံမရဘူး - ဘာကို မကျေနပ်တာလဲ - သူမကျေနပ်ဘူး ဆိုတာထက် သူ့ ဆရာတွေ မကျေနပ်တာ ဖြစ်ပါလိမ့်မယ် - သူ့ဆရာတွေက ဘယ်တော့ ကျေနပ်မလဲ - မူစလင်တွေ တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်မှ ကျေနပ်မှာလေ - ဒီတော့ မောင်ဇာနည်ဟာ တာဝန်အရ ဝေဘန်တာပဲ - ဘာတွေ ဝေဘန်သလဲ - ကော်မရှင် အဖွဲ့ဝင်တွေကို ပုဂ္ဂိုလ်ရေးအရ သရော်တယ် - အစိုးရရဲ့ သြဇာခံတွေလို့ မပြောရုံတမယ် ဝေဘန်တယ် - ဦးကိုကိုကြီးကိုဆိုရင် အမျိုးသားလုံခြုံရေး လူမျိုးနွယ်လား (a national security race ?) လို့ သရော်ထားတယ် - ကော်မရှင် အဖွဲ့ဝင်တွေဟာ စာတွေတတ်သလောက် အစီရင်ခံစာ မရေးတတ်ဘူးလို့ စော်ကားတယ် -
ကျန်တာက သူတို့ ကုလား-စပွန်ဆာပေးထားတဲ့ ဟိုအဖွဲ့ဒီအဖွဲ့တွေက ပြောတာတွေကို နားမထောင်ဘူးလို့ ဆိုတယ် - အဲဒီ အဖွဲ့တွေက စုံစမ်းစစ်ဆေးတာက ပိုမှန်တယ်လို့ ပြောတယ် - ဥရောပက၊ အမေရိကန်က အဖွဲ့တွေက ထိုင်ရာမထ ဘယ်လို စုံစမ်းစစ်ဆေးတယ်တော့ မသိဘူး - ကုလားတွေ လူမျိုးတုန်း အသတ်ခံရတယ်ဆိုတာကို သက်သေထူဖို့အတွက် ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားတွေကို လှမ်းအဖော်ညှိတယ် - ရခိုင်တွေကို ငပျင်းတွေလို့ ကော်မရှင်ရဲ့ အစီရင်ခံစာကို တိုင်တည်ပြီး အထပ်ထပ် ပြောတယ် - ၉၆၉နဲ့ အသျှင်ဝီရသူကို ဖဲ့တယ် - ရခိုင်ပြည်ကို ရိုဟင်ဂျာတွေကပဲ အုပ်စိုးခဲ့သယောင်ယောင် ပြောတယ် - အားလုံးဟာ ယောင်ဝါးဝါးနဲ့ စကားလုံးအကြီးကြီးတွေ သုံးပြီး “ဘော်ချက်”ထားတာပဲ - ဘော်ချက်တယ်ဆိုတာသိလား - ဘော်ချက်တယ် ဆိုတာ ပိုက်ဆံရမယ့် ခွင်ဖန်တာကို ပြောတာ -
မောင်ဇာနည်ဟာ ကော်မရှင်အဖွဲ့ဝင်အထဲက ဦးကိုကိုကြီးအပြင် ဦးဇာဂနာကို အတော် အစာမကြေ ဖြစ်နေပုံရတယ် - သို့မဟုတ် အစာမကြေဖြစ်နေတဲ့ လူတွေအတွက် သူ့ဆောင်းပါးထဲမှာ ဦးဇာဂနာကို ဖိဆော်ပေးရပုံပေါ်တယ် - ဒီဆောင်းပါးဟာ ဘာမျှ တန်ဖိုးမရှိပါဘူး - ရေးသူအတွက်တော့ ပိုက်ဆံရလို့ တန်ဖိုးရှိမှာပေါ့လေ - ဖတ်သူတွေအတွက်ကတော့ ဘာမျှ တန်ဖိုးမရှိပါဘူး - သို့သော် ကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာ အတွက် “ကြွက်ထောင်ချောက်”တစ်ခု ဆင်ထားခဲ့တာကို တွေ့ရတော့ အဲဒီ အကြောင်းကို ပြောရဖို့ ရှိပါတယ် - အရင်ဆုံး မောင်ဇာနည် ဆောင်းပါးရဲ့ အဆင့်အတန်းကို နှိုင်းယှဉ် ကြည့်ရအောင်ပါ -
ဒေါက်တာမောင်ဇာနည်ရဲ့ ဆောင်းပါးဟာ အရင့်အရင် အာရကန် မဂ္ဂဇင်းဆိုတဲ့ ရိုဟင်ဂျာ နယ်ချဲ့ မူစလင် ကုလားတွေရဲ့ စာစောင်မှာပါတဲ့ ဆောင်းပါးတွေရဲ့ အဆင့်ကို အင်္ဂလိပ်စာ ပိုကောင်းတာကလွဲလို့ ကျန်တာ မမီပါဘူး - အခြား “ကြေးစား” နိုင်ငံခြားသား သတင်းသမားတွေ၊ လူ့အခွင့်အရေးနာမည်ခံပြီး လုပ်စားနေသူတွေရဲ့ ခေါင်းစဉ်ကြီးကြီးတပ်၊ စကားကြီးကြီးသုံးပြီး ယုတ္တိယုတ္တာကင်းမဲ့စွာ အချက်အလက်အခိုင်အမာ မရှိဘဲ ပုတ်ခတ် ရေးသားတဲ့ စာတွေကိုလည်း မမီပါဘူး - တစ်ခုပဲ ရှိတယ် - သူက မြန်မာပြည်ပေါက် - မြန်မာနာမည်ခံထားတယ် - ဘာဘွဲ့ရသလဲတော့ မသိဘူး - ဒေါက်တာ ဆိုတာ တပ်ထားတယ် - ပညာရှင်ဆိုပြီး လုပ်စားတာပေါ့လေ - ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို “၀ယ်”လို့ ရသလောက် ၀ယ်ထားတဲ့ အထဲက တစ်ယောက်ပေါ့ - မြန်မာနာမည်နဲ့ ရေးတာဆိုတော့ မြန်မာတွေ ဒေါသဖြစ်ရတယ် - ဒါပါပဲ - ဒီထက်မပိုပါဘူး -
သူနဲ့ နှိုင်းယှဉ်ကြည့်သင့်တဲ့ စာတမ်းရေးသူတစ်ဦးအကြောင်း ပြောချင်သေးတယ် - “ငြိမ်းချမ်းလုလင်”တဲ့ - “ဒေါက်တာမြင့်သိန်း”လို့လည်း ဆိုတယ် - ဘာဒေါက်တာလဲတော့ မသိဘူး - တချို့ ဒေါက်တာဘွဲ့တွေက အစ္စလာမ်အဖွဲ့အစည်းတွေက ပေးတာလည်း ရှိတယ် - ထားပါတော့ - ငြိမ်းချမ်းလုလင် ဆိုရင်ပဲ လုံလောက်နေပါပြီ - ဒီပုဂ္ဂိုလ်က လွှတ်တော် ဥက္ကဋ္ဌများဆီကို စာတမ်းတစ်စောင်တင်တယ် - ထုံးစံအတိုင်း ရိုဟင်ဂျာ သမိုင်းလိမ် ကနေ စတာပဲပေါ့ - မြန်မာမူစလင်များ မြန်မာနိုင်ငံမှာ တွင်ကျယ်ပုံ၊ အကျိုးပြုပုံတွေ ရေးတယ် - ပြီးတော့ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုဖို့ ပြောတယ် - အင်မတန်ကောင်းတဲ့ အထောက်အထားတွေ တင်ပြတယ် - အခြေခံသဘောတရားအဖြစ် ရိုဟင်ဂျာသည်လည်းကောင်း၊ မြန်မာ မူစလင်သည်လည်းကောင်း သဘာဝအလျောက် မြန်မာနိုင်ငံသားဖြစ်တယ် ဆိုတဲ့ အပေါ်မှာ အခြေခံထားတယ် - အင်မတန်ကောင်းတဲ့ အထောက်အထားတွေအတွက် ဒီစာတမ်းဟာ တန်ဖိုးရှိတဲ့ စာတမ်းတစ်စောင် ဖြစ်သွားပါတယ် - ကော်မရှင်ကလည်း ဒီစာတမ်းကို ကိုးကားစာရင်းမှာ ထည့်ထားတာ တွေ့ရပါတယ် -
ငြိမ်းချမ်းလုလင်တင်ပြတဲ့ အထောက်အထားတွေကြောင့် တိမ်မြုပ်နေတဲ့ အမှန်တရား သုံးခုကို ပေါ်လွင်စေပါတယ် - (၁)က သူအထောက်အထားပြတဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်များဟာ “နိုင်ငံရေးသမား (politician)”တွေသာ ဖြစ်ပြီး “တိုင်းပြည်ပြုခေါင်းဆောင် (statesmanship)”အဆင့်ကို မရောက်ခဲ့ကြဘူး -
(၂) မြန်မာမူစလင်တွေ အထဲက လူတော်တွေဟာ အမှန်တကယ်ပဲ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာတွေမှာ ထမ်းဆောင်ခွင့်ရခဲ့ရင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လေ့ရှိပြီး မူစလင်အရေးလို့ တပ်လှန့်သံကို ကြားလိုက် တာနဲ့ “နိုင်ငံ”ဆိုတဲ့ စိတ်ဓာတ် ပျောက်သွားပြီး ပီဘိ “မျက်ကန်းဘာသာရေးသမား”တွေ ဖြစ်သွားတော့တယ် -
(၃) ခေတ်အဆက်ဆက်မှာ မြန်မာမူစလင် အဖွဲ့အစည်းတွေဟာ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အခွင့်အရေး ရသလောက် ဖျစ်ညှစ်တောင်းခြင်းဆိုတဲ့ နည်းလမ်းတွေနဲ့ အစိုးရတွေကို ကစားလာတယ်။
ဒီလို တန်ဖိုးရှိတဲ့ စာတမ်းကို ရေးသားရာမှာ ငြိမ်းချမ်းလုလင်ဟာ သူတွေ့တာကို တင်ပြတယ် - သူဖြစ်ချင်တာကို ပြောတယ် - သူလိုချင်တာကို ပေးဖို့ စည်းရုံးတယ် - သူ့အလုပ်ကို သူလုပ်တယ်လို့ မြင်ပါတယ် - မောင်ဇာနည်နဲ့ ဘာကွာသလဲ ဆိုတော့ မစော်ကားဘူး - နိုင်ငံမရှိ၊ လူမျိုးမရှိ၊ မူစလင်မှန်ရင် အတူတူပဲဆိုတဲ့ အခြေခံ သဘောတရားကြောင့် သူ့တင်ပြတောင်းဆိုချက်တွေဟာ လက်သင့်ခံနိုင်ဖွယ် မရှိပေမဲ့ သူ့လေသံကိုတော့ လက်သင့်ခံလို့ရတယ် - မောင်ဇာနည်ရဲ့ လေသံဟန်ပန် အသုံးအနှုန်း စိတ်ဓာတ်တွေက ဘာတစ်ခုမျှ လက်သင့်ခံလို့ မရဘူး - မြန်မာပြည်မှာ နေနေတဲ့ ဘာသာရေးအစွဲအလမ်း ပြင်းထန်တဲ့ မြန်မာမူစလင် တစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ ပြည်ပကို ရောက်နေတဲ့ ကိုယ်ကျိုးရှာ မြန်မာ အမျိုးသားရေး သစ္စာဖောက် တစ်ယောက်ရဲ့ စိတ်ဓာတ်ထက် အများကြီး သိမ်မွေ့ပြီး လူကြီးလူကောင်း ဆန်တယ်လို့ ပြောနိုင်ပါတယ် -
“အသေ၀နာစ ဗာလာနံ”ဆိုတဲ့ စကားကို နားမထောင်တဲ့ လူဟာ ပြဿနာ တက်တတ်တဲ့ ထုံးစံအတိုင်း မောင်ဇာနည်ဟာ သူ့ဆောင်းပါးမှာ ဦးဇာဂနာကိုတော့ဖြင့် ကျော့ကွင်းထောင်ထားတာကို တွေ့ရပါတယ် - ဇာဂနာဟာ ပြဿနာစဖြစ်ကတည်းက သူ့ရဲ့ ခေါင်းပြောင်ပြောင်ထဲမှာ ဘာမျှ မရှိဘဲ စွတ်ရွတ်လျှောက်ပြောလို့ အဆဲခံထိပါတယ် - ရခိုင်ကို သွားတဲ့ခရီးစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ကူးယဉ် ဇာတ်လမ်းဆင်ပြီး သူဖြစ်စေချင်တာတွေကို တကယ်လိုလို အဟုတ်လိုလို လျှောက်ပြောလို့ ကလော်တုတ်ခံရတာလည်း မနည်းပါဘူး - ဒီလို အာချောင်တတ်တဲ့ လူကို အစိုးရကလည်း ကော်မရှင်ထဲ မပါပါအောင် ထည့်ပေးတတ်တယ် - ထည့်တဲ့သူက ထည့်တာကို ဘယ်ရခိုင်ကမျှ မကန့်ကွက်ပါဘူး - လာပါ၊ ကြည့်ပါ၊ မြင်အောင်ကြည့်ပြီး မှန်တာကို လုပ်ပါ ဆိုတဲ့ သဘောထား ရခိုင်တွေမှာ ရှိပါတယ် - ပြောချင်ရာ စည်းမရှိကမ်းမရှိ လျှောက်ပြောတတ်ပေမဲ့ အခြား ကော်မရှင် အဖွဲ့ဝင်နဲ့ တစ်သဘောတည်းမျှသွားတာကို နောက်ဆုံးထွက်လာတဲ့ အစီရင်ခံစာမှာပါတဲ့ ဦးဇာဂနာရဲ့ လက်မှတ်ကြီးက ပြသနေပါတယ် -

 သေချာ မသိဘဲ၊ သေချာ မကြည့်ဘဲ ရမ်းပြောတတ်တဲ့ အကျင့် တချို့လူတွေမှာ ရှိတယ် - အားနာနာနဲ့ ပြောရမယ်ဆိုရင် ငြိမ်းချမ်းလုလင် အထောက်အထားပြတဲ့ “မြန်မာနိုင်ငံရေးသမား”တွေမှာလည်း ရှိတယ် - အခု နိုင်ငံရေးသမားတွေမှာလည်း ရှိတယ် - ဒီလို ဖြစ်ရတာဟာ သူတို့ အပြစ်ဆိုတာတော့ မှန်တယ် - သို့သော် အခြေအနေကိုက သူတို့ရဲ့ အမြင်ကို “ကန့်သတ်”ထားတယ် - အခုဆိုရင် ရခိုင်အကြောင်း၊ ရိုဟင်ဂျာ ဆိုသူတွေ အကြောင်း လူအတော်များများ သိသွားကြပြီ - သို့သော် “၀လူမျိုး”အကြောင်း ဘယ်လောက်သိသလဲ၊ “ကိုးကန့် လူမျိုး”အကြောင်း ဘယ်လောက်သိသလဲ၊ “ဆလုံလူမျိုး”အကြောင်း ဘယ်လောက်သိသလဲ - လူမျိုးအငယ်တွေ အကြောင်းကို ထားလို့ မွန်လို၊ ကချင်လို၊ ထားဝယ်လို၊ ပအို့ဝ်လို လူမျိုး ခပ်ကြီးကြီးတွေ အကြောင်း ဘယ်လောက် သိသလဲ - သူတို့ဒေသတွေအကြောင်း ဘယ်လောက်သိသလဲ - သူတို့ သမိုင်းကြောင်းကို ဘယ်လောက်သိသလဲ - ဟော - ပန်းသေးတဲ့ - တစ်မျိုးရှိသေးတယ် - သူတို့က ဘယ်သူတွေလဲ - ပန်းသေးခေါက်ဆွဲဆိုတာတော့ စားဖူးကြတယ် - အင်မတန် ကောင်းတယ် - ဈေးကြီးတယ် - ဒါပေမဲ့ ပန်းသေးဆိုတာကိုတော့ အသေအချာ မြင်ဖူးကြတာမဟုတ်ဘူးလေ -
အခု ရခိုင် အစီရင်ခံစာဟာ စောစောက ပြောသလို ဟန်မကျတာတွေ အများကြီးပါပေမဲ့ သူတို့ မြင်ခဲ့တာတွေကို ပြန်တင်ပြထားတာကျတော့ အတော်ကလေး ကောင်းတာတွေပါတယ် - သူပြင်ရမှာ ပါတယ် - ကိုယ်ပြင်ရမှာ ပါတယ် - ဘာတွေ ဖြစ်နေသလဲ သိရတယ် - ဒီလိုမျိုး သုတေသန စစ်တမ်းတွေ “ဘက်မလိုက်ဘဲ” မြန်မာနိုင်ငံ အနှံ့ နယ်ပယ်အစုံမှာ များများ လုပ်ပေးနိုင်မှ တန်ခိုးသြဇာရှင်တွေ အမှားနည်းအောင် ထောက်ကူနိုင်မှာ ဖြစ်ပါတယ် - ပြည်သူတွေကိုလည်း အမြင်ကျယ်စေမှာ ဖြစ်ပါတယ် - တန်ခိုးသြဇာရှင်များကလည်း နယ်ပယ်စုံကို ဘယ်လို နှံ့စပ်နိုင်မှာလဲ - သူတို့ကို အကြံပေးမဲ့ ကျွမ်းကျင်သူတွေကိုလည်း ခန့်ထားနိုင်ကြတာ မဟုတ်ဘူး -
နောက်တစ်ချက်က မြန်မာပြည်က နိုင်ငံရေးသမားတွေ၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ဟာ သာမန် ပြည်သူလူထုလိုပဲ အနာဂတ် မဲ့ တတ်ပါတယ် - ဒီတော့ နာမည် မတက် တက်အောင်လုပ်တတ်တယ် - နေရာမြဲအောင် ကြိုးစားတတ်တယ် - အသိုင်းအ၀ိုင်း အဆက်အသွယ် ရှာတတ်တယ် - မြောက်စားတဲ့ အသိုင်းအ၀ိုင်း အကြိုက်လိုက်ပြောတတ်တယ် - အဲဒီ အသိုင်းအ၀ိုင်းက ချီးမြှင့်တဲ့ ဆုနဲ့ ဆုတော်ငွေကို မျှော်တတ်တယ် - ဆုရပြီးရင်လည်း ဆု က ခိုင်းတဲ့အတိုင်း လိုက်လုပ်တတ်တယ် - ခြေမမြဲလက်မြဲအောင် ဒီမှာ မဟန်ရင် ဟိုမှာ တစ်နေရာ ရလိုရငြား စမ်းစမ်းပြီး ခြေလှမ်းကြည့်တတ်တယ် -
ကိုယ်ကျိုးအတွက် ဘာ အနာဂတ်ကိုမျှ မမျှော်မှန်းဘဲ တိုင်းပြည်အတွက် လုပ်ခဲ့ကြတဲ့ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို ပုဂ္ဂိုလ်မျိုးက ရှားပါတယ် - မြန်မာပြည်က တန်ခိုးသြဇာရှင် တွေဟာ ကိုယ့်ကိုကိုယ် “ခေါင်းဆောင်ကြီး”ဆိုပြီး “ငါပိုင်ပါတယ်ကွာ”ဆိုတဲ့ အချိုးနဲ့ ရှေ့ မကြည့် နောက် မကြည့် အာချောင်ကြတော့ သမိုင်းမှာ အမည်းစက်ထင်ရတတ်တယ် - သူ့တန်ဖိုး လျော့ဆင်းသွားရသလို တိုင်းပြည်အတွက်လည်း အလွန်အမင်း ဆိုးရွားတဲ့ အနာဂတ်ကို ကျိန်စာတိုက်ခဲ့သလို ဖြစ်ရတတ်ပါတယ် -
အာချောင်တတ်တဲ့အထဲမှာ ဦးဇာဂနာဟာ ထိပ်တန်း ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ အားလုံး အသိဖြစ်ပါတယ် - “သတင်းစာကိုင်ရင် ဓာတ်လိုက်တယ်”လို့ ပြောခဲ့တဲ့ ပြက်လုံးကို ဇာဂနာ ပြောခဲ့တယ်လို့ အားလုံးက လက်ခံထားကြပါတယ် - အခုထိ ရင်ထဲမှာ ရှိကြတယ် - ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူအတွက် ပြောပေးရင် ဒီလူကို ပြည်သူက လက်ခံတာပါပဲ - ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူအတွက် မပြောတော့ရင် ပြည်သူနဲ့ ကင်းကွာသွားတာပေါ့ - အရင်က လုပ်ခဲ့တဲ့ အရှိန်၊ ကျော်ကြားမှုတို့ကို အသုံးချပြီး ပြည်သူကို ဆန့်ကျင်ပြီး ကိုယ်ကျိုးကို ရှေ့တန်းတင် လုပ်ဆောင်လာရင်တော့ ပြည်သူတွေ ဒဏ်ခတ်တာကို ခံရမှာပါပဲ - ဘာပဲဖြစ်ဖြစ် သွားဆရာဝန် ဒေါက်တာ သူရ သို့မဟုတ် လူရွှင်တော် ဇာဂနာဟာ လူ့အခွင့်အရေး ဆု တစ်ခု ရခဲ့ပြီးတော့ ကော်မရှင်တစ်ခုမှာ အဖွဲ့ဝင် ဖြစ်ခဲ့ပါပြီ။ တစ်ခါဝင်ရင် တစ်ဆင့်တက်တယ်လို့ ပြောတတ်ကြတဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ ထောင်ထဲလည်း လေးခါ ၀င်ခဲ့ရပါပြီ။ အသက်လည်း မငယ်တော့ဘူးလေ။ ဘာပဲ ပြောပြော ကော်မရှင် အဖွဲ့ဝင်တစ်ဦးအဖြစ် သူ့အပေါ် ကျရောက်လာတဲ့ တာဝန်ကို ထမ်းခဲ့ပါပြီ။ ဒီလို ထမ်းဆောင်ခွင့်ရတာဟာ အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ရတာဖြစ်လို့ မိမိရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ဖို့ အခွင့်အရေးကြီးပဲ ဖြစ်ပါတယ် - ပညာတတ်တစ်ဦးဖြစ်တဲ့ ဦးဇာဂနာအနေနဲ့ နောက်ဆုံးမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တယ်လို့ ထင်မြင်ပါတယ် -
ဒီမှာတင် မောင်ဇာနည်က ဦးဇာဂနာကို လုပ်ကြံတဲ့ စာပိုဒ်များ ထည့်ရေးတော့တာပါပဲ - ဦးဇာဂနာကို လုပ်ကြံတာက သူတို့ ပုဂ္ဂလိက အာဃာတ အကြောင်းတရား ဖြစ်ကောင်းဖြစ်နိုင်တယ် - သို့သော် ဟိုး မူလအစ ပထမ ဖြစ်ရပ်ကို ဇာဂနာနာမည်သုံးပြီး ပြောင်းပြန်လှန်ဖို့ ကြိုးစားထားတာကို တွေ့ရတဲ့အတွက် ဒီအကြောင်းကိုတော့ ပြောမှ ဖြစ်မယ် - ပြောင်းပြန်လှန်ဖို့ လုပ်ပုံကလည်း တကတည်း Reset ခလုတ် နှိပ်နေသလား အောင့်မေ့ရတယ် -
အမှန်ကတော့ ရခိုင်ပြည်နယ် အရေးအခင်းဟာ ကျောက်နီမော် လူသတ်မုဒိန်းကျင့်မှုက စတာ မှန်ပေမဲ့ ဒါဟာ လတ်တလော အကြောင်းတရားသာ ဖြစ်ပါတယ် - နှစ်ပေါင်းများစွာကတည်းက တတိတိ ကျူးကျော်လာ၊ ရန်စလာတဲ့ ဘင်္ဂလီ မူစလင်တွေရဲ့ အပြုအမူတွေဟာ ပင်မ အကြောင်းခံဖြစ်ပါတယ် - ဒါကို “သာမန်ရာဇ၀တ်မှု”တစ်ခုက စတင်တာလို့ ခပ်ပေါ့ပေါ့ပြောပြီး မူရင်း အကြောင်းခံကနေ ရှောင်လွှဲနိုင်ဖို့ အမြဲ ကြိုးစားတတ်ကြပါတယ် - အဲဒီ “သာမန်ရာဇ၀တ်မှု”ဆိုတာကိုပဲ မောင်ဇာနည်က ပြောင်းပြန်လှန်ပစ်ဖို့ ဦးဇာဂနာကို အသုံးချလိုက်တာ ဖြစ်ဟန်တူပါတယ်။



                                                          အပိုင်း ( ခ )

ဒီလို ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တစ်ခုလုံးကို ပြောင်းပြန်လန်သွားအောင် ဘာလို့လုပ်သလဲဆိုတာကို ရှာကြည့်တော့ မောင်ဇာနည် ရဲ့ စာမှာကိုပဲ ဒီလိုတွေ့ရတယ် - မူရင်းကို ကူးပြမယ်နော် -
“Donors governments of the pro-human rights West have reacted with hostility to Human Rights Watch’s characterization of their newfound business and strategic partners in Myanmar as “ethnic cleansers” and “criminals against humanity”. Thein Sein’s inquiry, on the other hand, is sprinkled with the Liberal discourses of conflict resolution, humanitarian management, and national reconciliation. It is thus no doubt more palatable to the international community of diplomats, investors and strategists determine to cozy up to his self-proclaimed “democratic” regime.”
ဘာသာပြန် - “လူ့အခွင့်အရေးကို အားပေးသော အနောက်တိုင်း အလှူရှင် အစိုးရများက သူတို့၏ အသစ်ရလာသော မြန်မာနိုင်ငံမှ စီးပွားရေးနှင့် မဟာဗျူဟာ မိတ်ဖက်များကို ‘လူမျိုးတုန်း သန့်စင်သုတ်သင် သူများ’ နှင့် ‘လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်ကောင်များ’အဖြစ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW – Human Rights Watch) က သတ်မှတ်ဖော်ပြခြင်းအပေါ် ဆန့်ကျင်ပယ်ချမှုဖြင့် တုန့်ပြန်ခဲ့ကြသည်။ တစ်ဘက်တွင် သိန်းစိန်၏ စုံစမ်းစစ်ဆေးရေး[အဖွဲ့]ကို ပဋိပက္ခဖြေရှင်းရေး၊ လူသားချင်း စာနာမှုဆိုင်ရာ စီမံခန့်ခွဲမှု နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး”ဟူသည့် အမြင်ကျယ်သော ရေးသားမှုများဖြင့် တို့ထိ အလှဆင်ပေးထားသည်။ ဤအခြင်းအရာသည် သံတမန်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မဟာဗျူဟာချမှတ်သူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ အသိုက်အ၀န်းအား သူ၏ ကိုယ့်ဘာသာကိုယ် ကြွေးကြော်ထားသည့် “ဒီမိုကရက်တစ်” အုပ်ချုပ်ရေးအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းရန်အတွက် ဆုံးဖြတ်လာအောင် ပိုမိုလက်ခံလာစေမည်မှာ မလွဲပေ။”
အနောက်တိုင်းရဲ့ ထောက်ခံမှုကို မြန်မာအစိုးရက ရရှိနေပြီး အဲဒီထောက်ခံမှုဟာ သူတို့လိုလားတဲ့ ရိုဟင်ဂျာ ဆိုသူတို့ရဲ့ အခွင့်အရေး တောင်းဆိုနေတာကို ထိခိုက်နိုင်တယ်လို့ ယူဆတယ်ဆိုတာ မှန်းဆနိုင်ပါတယ် - အဲဒီ ထောက်ခံမှု ပျက်ပြားသွားအောင် လုပ်ဆောင်နိုင်ဖို့ ကြံရွယ်ချက်နဲ့ ဒီစာကို ရေးတယ်လို့ ဆိုနိုင်ပါတယ် - မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကို မီတွယ်ပြီး နိုင်ငံတကာကို အယုံသွင်းနိုင်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ဆိုသူများကို ကုလသမဂ္ဂကတောင်မှ အသိအမှတ်ပြုလာရပါတယ် - အခု သမိုင်းကြောင်းအမှန်နဲ့ ဇာတိအမှန် တဖြည်းဖြည်း ပေါ်ပေါက်လာနေတာကြောင့် အဲဒီ အနေအထားက ရွေ့လျောကျဆင်းသွားမှာကို စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာ သိသာပါတယ်။
ရိုဟင်ဂျာ ပြဿနာဆိုတာကို အကြောင်းပြုပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်က လုပ်ပိုင်ခွင့်ရှိသူတွေ၊ ဗလီဆရာတွေ၊ အင်ဂျီအိုတွေ၊ ကုလသမဂ္ဂ၀န်ထမ်းတွေ စားပေါက်ဖြောင့်နေတာ ကြာလှပါပြီ - တကယ့် ဒုက္ခသည်ဆိုသူတွေကတော့ မ၀ရေစာကို ကိုယ့်ဘာသာကိုယ် ရှာစားနေရပြီး သူတို့အတွက် ပို့သမျှကို ကြားက ဖြတ်တုပ်နေကြတာ အားလုံးသိပြီးသား ဖြစ်ပါတယ် - နိုင်ငံခြားမှာ အခြေစိုက်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ၊ မူစလင်အရေး လှုပ်ရှားသူ လူအခွင့်အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဆိုတဲ့ “လုပ်စား”တွေအတွက်လည်း ဒီ ရိုဟင်ဂျာ အရေးဆိုတာဟာ တကယ့် ထမင်းအိုးကြီး ဖြစ်ပါတယ် - လူဦးရေ ပေါက်ကွဲလုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဘင်္ဂလီဆယ်သန်းလောက်ကို မြန်မာနိုင်ငံထဲ ထိုးသွင်းဖို့ အတွက် ရိုဟင်ဂျာပြဿနာကို အမြတ်ထုတ်ချင်နေပါတယ် -
နိုင်ငံပေါင်း (၅၇)နိုင်ငံကို စုစည်းထားနိုင်တဲ့ အိုအိုင်စီဆိုတဲ့ မူစလင်နိုင်ငံများ အဖွဲ့ဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က လွဲရင် နိုင်ငံအများဆုံး ပါဝင်တဲ့ အဖွဲ့ ဖြစ်တာကြောင့် အင်မတန်မှကို သြဇာထူထောင်ချင်နေ တာကြောင့် ရှိရှိသမျှ ကမ္ဘာ့နိုင်ငံတွေကို ကိုင်လှုပ်နိုင်ဖို့ အတွက် ကြိုးပမ်းနေပါတယ် - လောလောဆယ် အိုအိုင်စီရဲ့ အာရုံစူးစိုက်ထားတဲ့ ဒေသဟာ အရှေ့တောင်အာရှဒေသဖြစ်ပြီး အဲဒီအထဲမှာမှ မြန်မာနိုင်ငံကို အဓိက အာရုံကျနေပါတယ် - မြန်မာနိုင်ငံဟာ အစ္စလာမ် အကြမ်းဖက်အုပ်စုများ၏ ပစ်မှတ်အသစ် ဖြစ်လာနေပါတယ် - တကယ်လို့ ရိုဟင်ဂျာအရေးသာ မှေးမှိန်သွားခဲ့ရင် အိုအိုင်စီကော၊ အကြမ်းဖက်အုပ်စု တွေပါ စားကျက်ပျောက်မယ့် အနေအထားဖြစ်နေပါတယ် - မြန်မာနိုင်ငံမှာ ရှိတဲ့ စစ်အစိုးရကို ချည့်နဲ့ သွားအောင် ဆောင်ရွက်ရာမှာ အနောက်တိုင်းဟာ ရှိရှိသမျှ နည်းလမ်းအစုံကို မဆင်မခြင် သုံးခဲ့တာကြောင့် ရိုဟင်ဂျာ ပြဿနာဟာလည်း မြန်မာစစ်အစိုးရကို လည်ပင်းညှစ်ရာမှာ ထိပ်ဆုံးကပါခဲ့တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ် - ဒါပေမဲ့ ဒါဟာ စစ်အစိုးရကို လည်ပင်းညှစ်ရာမကျဘဲ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီ ဒုက္ခသည်တွေကို အသုံးချခံတွေ ဖြစ်စေပြီး မြန်မာပြည်သူလူထု - အထူးသဖြင့် ဒေသခံ ရခိုင်လူထုကို - အကြီးအကျယ် ဒုက္ခရောက်စေခဲ့ပါတယ် - အခုအခါ မောင်ဇာနည် သုံးသပ်သလို အနောက်တိုင်းက မြန်မာအစိုးရအပေါ် ထောက်ခံလာပြီး ရိုဟင်ဂျာ အရေး အပေါ် အမြင်ပြောင်းလဲလာခဲ့ရင် သူတို့ လုပ်ကွက်တွေ၊ စားပေါက်တွေ အကုန်ပျောက်သွားစရာ အကြောင်းရှိနေပါတယ် -
ဒါကြောင့်လဲ မောင်ဇာနည်ဟာ ရိုဟင်ဂျာ သမိုင်းလိမ်ကို ထောက်ခံတယ်၊ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေ ပေါက်ကွဲမှုကြောင့် ဒီပြဿနာ ဖြစ်ရတာကို လက်မခံဘူး၊ ဒီကုလားတွေဟာ မြန်မာပြည်ပေါက်တွေ၊ ဘင်္ဂလားဒေ့ရှ်ထဲက ဘင်္ဂလီတွေဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်တယ်ဆိုတဲ့ ရိုးနေပြီဖြစ်တဲ့ ကုလားလုပ်ဇာတ်ကို ထပ်လောင်း ပြောဆိုတာဖြစ်ပါတယ် -

 ကော်မရှင်အဖွဲ့ဝင် တာဝန်ကို ထမ်းဆောင်နေတုန်းမှာ ပြင်ပမီဒီယာတွေကို ထင်မြင်ချက်တွေ ထုတ်ပြောလို့ ကော်မရှင်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မူစလင် (၂)ဦးအနက်က ဦးတင်မောင်သန်း ဆိုသူရဲ့ အကြောင်းကိုလည်း မောင်ဇာနည်က ရေးထားပါသေးတယ် - ဘယ်သူ့နဲ့လဲ မသိ (၁၅)မိနစ်လောက် စုံစမ်းကော်မရှင်ကိစ္စတွေအကြောင်း ဖုန်းထဲကနေ စကားများပြီးနောက် (၂)ရက်အကြာမှ ဦးတင်မောင်သန်းကို ထုတ်ပစ်တာလို့လည်း ဆိုပါတယ် - အမှန်တွေကို တင်ပြရမယ်လို့ စေဒကတက်လို့ ဦးတင်မောင်သန်းကို ထုတ်ပစ်တယ်လို့ အဓိပ္ပာယ်ရောက်အောင် မောင်ဇာနည်က ပြောချင်ပုံရပါတယ် -
ဦးဇာဂနာဟာလည်း အစပိုင်းမှာတော့ အမှန်တရားကို လိုလားတဲ့ သူ၊ နောက်ပိုင်းကျတော့ ဘာကြောင့်မှန်း မသိ ပြောင်းလဲသွားတယ်ဆိုတဲ့ သဘောမျိုး ဆိုထားပါတယ် - မောင်ဇာနည်ရဲ့ ရေးသားချက်မှာ - “Although Zarganar pushed to get access to crucial heads of security forces stationed in Rakhine State to conduct a proper inquiry, he later complained that both the commission's chairman and secretary did their best "to derail the inquiry".
ဘာသာပြန်။ ။ “ဇာဂနာသည် ကောင်းမွန်သော စုံစမ်းစစ်ဆေးမှုကို ရရှိနိုင်ရန် ရခိုင်ပြည်နယ်တွင် စခန်းချထားသော လုံခြုံရေးတပ်ဖွဲ့များ၏ အရေးပါသော ခေါင်းဆောင်များထံ အဆက်အသွယ်ရရှိအောင် တွန်းအားပေးခဲ့ပေးသော်လည်း နောက်ပိုင်းတွင် ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနှစ်ဦးစလုံးက “စုံစမ်း စစ်ဆေးမှုကို အနှောက်အယှက်ပြုရန်” သူတို့တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြကြောင်း မကျေမနပ် ပြောဆိုသည်။
မောင်ဇာနည်ရဲ့ ရေးသားပုံအရ ဦးဇာဂနာဟာ မောင်ဇာနည်ရဲ့ သတင်းပေး (informer) ဖြစ်နေပါတယ် - အပြင်ကို သတင်းပေါက်ကြားစေသူ၊ ကော်မရှင်ကို သိက္ခာချသူ ဖြစ်နေပါတယ် - ဦးဇာဂနာက ဘာတွေ သတင်းပေးခဲ့သလဲ၊ တကယ်ကော သတင်း ပေးခဲ့တာ ဟုတ်သလား၊ ဒီလို သတင်းပေးခဲ့ရိုးမှန်ရင် ဒီသတင်းတွေဟာ အမှန်တွေလား၊ အမှန်တွေဆိုရင် ဘယ်လို လုပ်ကြမလဲ၊ မမှန်ဘူးဆိုရင် ဒီလို သတင်းမှားတွေပေးတဲ့ ဦးဇာဂနာကို ဘယ်လို အရေးယူမလဲ၊ ကော်မရှင် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဒီလို အာချောင်ခွင့်ကော ရှိသလား စတဲ့ မေးခွန်းတွေ တသီကြီး ရှိနေပါတယ် - မောင်ဇာနည်ကတော့ ဦးဇာဂနာဟာလည်း သတင်းပေါက်ကြားမှုကို ကျူးလွန်တာပဲလို့ ဖွင့်ချပြီး ဦးဇာဂနာ ဒုက္ခရောက်အောင် လုပ်ချင်ပုံလည်းရပါတယ် - ဘာကြောင့် သူ့ကိုမှ ဒီလိုလုပ်ချင်တာလဲ ဆိုတာတော့ မပြောဘူးပေါ့နော် -
ဘာပဲဖြစ်ဖြစ် မောင်ဇာနည်ရဲ့ ဒီတိုက်ကွက်ဟာ ပဋိပက္ခရဲ့ ပထမဦးဆုံးသော ဇာတ်ကွက်ဆီကို ပြန်သွားထားပါတယ် - အဲဒီ ပထမဦးဆုံးသော ဇာတ်ကွက်ကို အစိုးရက အခွင့်အရေးယူပြီး ပဋိပက္ခ မဖြစ် ဖြစ်အောင် ဖန်တီးလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို အခု စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ထွက်လာပြီးမှ ဖော်ပြတာ ဖြစ်ပါတယ် - မောင်ဇာနည်ရဲ့ ရေးထားပုံကို ကြည့်ရတာကတော့ ဦးဇာဂနာက သူ့ကို စောစောပိုင်းကတည်းက လှမ်းသတင်းပေးထားတာ ဖြစ်ပါတယ် - ဘာလို့ စောစောကတည်းက မောင်ဇာနည် မရေးဘူးလဲလို့ စဉ်းစားကြည့်ချင်စရာပါ -
ကဲ - မောင်ဇာနည်ကို ဦးဇာဂနာက ဘာတွေ ပြောထားသလဲ - မောင်ဇာနည်ရေးထားတဲ့အတိုင်း ပြန်ကူးပြပါ့မယ် -
“The Rohingya are described as elementary school children-like people who, having obtained commission members' hand-phone numbers from their Muslim contacts in Yangon, kept on calling the commission members to blabber on about their sufferings and whine about their grievances.
These portrayals repeat a crucial racially charged popular narrative that turns out to be factually incorrect, namely that three Bengalis raped and brutally murdered a 28-year-old Rakhine Buddhist woman, the supposed first spark of the following pogroms. This was pointed out to me personally by a more honest commission member, Myanmar's most famous political comedian and former political prisoner, Zarganar.
This rape case is vitally important because the commission identified it as a key trigger for anti-"Bengali" mobilization by Rakhine nationalists, politicians and parties, including some of the Rakhine members of the Inquiry Commission, including Aye Maung, a vet-cum-MP in Naypyidaw from the Rakhine National Development Party, an ultra-nationalist group that has claimed to be working for the "purification of Rakhine state".
But the arrested and alleged rapists were officially registered as two Kaman Muslims and a Rakhine adopted by a Rohingya Muslim family in Pauk-taw Township. Zarganar, one of the five members who was one of the leading spokespersons for the commission at the press conference where the report was launched, told this writer in no uncertain terms that he interviewed the doctor in Rakhine state who performed the post mortem of the raped woman's corpse.
According to this videotaped interview, the alleged Rakhine rape victim bore no sign of having been raped. Yes, she was brutally murdered and her jewelry was gone. But she was certainly not raped, recounted Zarganar, based on his one-on-one recorded interview with the doctor. The doctor was eventually forced by the authorities to sign the official post-mortem report that established the rape that did not take place.
Then there was no mention of the "suicide in police custody" of one of the alleged rapists - Htet Htet, a non-Bengali adopted son of a Bengali family. Nor was there any mention of the fact that his freshly widowed wife was also found dead, allegedly having "drowned" in a local well.
Was there foul play? It appears that Zarganar, the well-respected political comedian and dissident who went to jail four times since the 1988 pro-democracy uprisings crushed by the military, was compelled to put his name to the official commission report which contained statements and misinformation which he himself knows are patently and verifiably false.”
ဘာသာပြန် ။ ။ “ရိုဟင်ဂျာများကို မူလတန်းကလေးများအဆင့်သာရှိသော လူများ၊ ရန်ကုန်ရှိ မူစလင်အဆက်အသွယ်များထံမှ ကော်မရှင်အဖွဲ့ဝင်များ၏ လက်ကိုင်ဖုန်းနံပါတ်များကို ရထားသည့် အတွက် သူတို့ ခံစားရသည်များနှင့် ပတ်သက်ပြီး အဆက်မပြတ် နားပူနာဆာ လုပ်တတ်သော၊ သူတို့၏ အဆင်မပြေမှုများကို အဆက်မပြတ် လှမ်းတိုင်ကြားနေတတ်သော လူများအဖြစ် ဖော်ပြထားသည်။
အချက်အလက်ပိုင်းအရ မှန်ကန်မှုမရှိကြောင်း အဖြေထွက်စေသည့် လူမျိုးရေးအရ ဆုံးဖြတ် ပြဋ္ဌာန်းကာ စွပ်စွဲထားသည့် လူသိများသည့် ပြောဆိုချက်တစ်ခုကို ဤ ဖော်ပြချက်များက ထပ်ဆင့် ပြောဆိုခြင်းဖြစ်သည်။ ထိုပြောဆိုချက်မှာ - ဘင်္ဂလီလူမျိုး သုံးဦးက အသက် (၂၈)နှစ်အရွယ် ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သည်ဟူသော နောက်ပိုင်း ဆက်လက်ဖြစ်ပွားသည့် လူနည်းစုအပေါ် သတ်ဖြတ်မှုများ၏ ပထမအစ မီးပွားဟု မှတ်ယူရသည့် ပြောဆိုချက်ဖြစ်သည်။ ဤသည်ကို ကျွန်ုပ်အား ပုဂ္ဂိုလ်ရေးအရ ထောက်ပြသည်မှာ ကော်မရှင်အဖွဲ့ဝင်တို့အနက် ပိုမို၍ ရိုးသားမှုရှိသော၊ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး နိုင်ငံရေး လူရွှင်တော် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဇာဂနာ ဖြစ်သည်။
ဤ မုဒိန်းမှုသည် အသက်တမျှ အရေးပါပေသည်။ အဘယ်ကြောင့်ဆိုသော် ကော်မရှင်က ၎င်းအဖြစ်အပျက်ကို “ရခိုင်ပြည်နယ်ကို သနု့်စင်ပစ်ခြင်း”အတွက် အလုပ်လုပ်နေသည်ဟု ဆိုသော သဘောထားပြင်းထန်သော အမျိုးသားရေးဝါဒီ အုပ်စုတစ်စု ဖြစ်သည့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီမှ တိရစ္ဆာန်ကု ဆရာဝန်နှင့် နေပြည်တော်မှ ပါလီမန်အမတ် အေးမောင် အပါအ၀င် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရခိုင်လူမျိုး အဖွဲ့ဝင် အချို့ အပါအ၀င် ရခိုင်အမျိုးသားရေးဝါဒီများ၊ နိုင်ငံရေးသမားများနှင့် ပါတီများက ပြုလုပ်သော “ဘင်္ဂလီ”ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားမှုကို စတင်ဖြစ်ပွားစေသည့် အဓိကကိစ္စအဖြစ် အသိအမှတ်ပြု ဖော်ပြခဲ့ပါသည်။
သို့သော် ဖမ်းဆီးစွပ်စွဲခံရသော မုဒိန်းသမားများမှာ တရားဝင်အားဖြင့် ကမန်မူစလင်များအဖြစ် မှတ်ပုံတင်ထားပြီး ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာ မူစလင် မိသားစု တစ်ခုမှ မွေးစားသော ရခိုင်တစ်ဦး အဖြစ် မှတ်ပုံတင်ထားပါသည်။ အစီရင်ခံစာကို ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် အတွက် ဦးဆောင်ပြောဆိုသူများအနက် တစ်ဦးဖြစ်ပြီး အဖွဲ့ဝင် ငါးဦးအနက် တစ်ဦးဖြစ်သူ ဇာဂနာသည် မုဒိန်းကျင့်ခံရသူ အမျိုးသမီး၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ဆရာဝန်အား သူ တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဤစာရေးသူ [မောင်ဇာနည်]အား တိကျသော အသုံးအနှုန်းများ မပါဘဲ ပြောဆိုခဲ့ပါသည်။
ဤ ဗွီဒီယို မှတ်တမ်းတင်ထားသည့် တွေ့ဆုံမေးမြန်းမှုအရ မုဒိန်းမှု ကျူးလွန်ခံရသည်ဟု ပြောဆိုနေကြသည့် ရခိုင်လူမျိုး တွင် မုဒိန်းအကျင့်ခံရသည်ဟူသော လက္ခဏာ မရှိပေ။ မှန်ပါသည်။ သူမသည် ရက်စက်စွာ အသတ်ခံရပြီး သူမ၏ လက်ဝတ်ရတနာများ ပါသွားပါသည်။ သို့သော် သူမ မုဒိန်းအကျင့်မခံရသည်မှာ အသေအချာပင်ဖြစ်သည် ဟု ထိုဆရာဝန်နှင့် နှစ်ဦးတည်း သီးသန့် တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ထားမှုအပေါ် အခြေခံ၍ ဇာဂနာက ပြန်ပြောပြပါသည်။ ထိုဆရာဝန်ကို မဖြစ်မြောက်ခဲ့သော မုဒိန်းမှုကို ပေါ်ပေါက်စေသည့် တရားဝင် ရင်ခွဲစစ်ဆေးမှု အစီရင်ခံစာအား လက်မှတ်ထိုးရန် နောက်ဆုံး၌ အာဏာပိုင်များက ဖိအားပေးခဲ့သည်။
ထို့နောက်တွင် မုဒိန်းမှုကျူးလွန်သည်ဟု စွပ်စွဲခံရသည့် သူများအနက် တစ်ဦးဖြစ်သူ ဘင်္ဂလီ မိသားစု တစ်ခု၏ မွေးစားခြင်းခံရသည့် ဘင်္ဂလီမဟုတ်သူတစ်ဦး ဖြစ်သော ထက်ထက် သည် “ရဲ အစောင့် အရှောက်နှင့် ရှိနေစဉ်အတွင်း မိမိကိုယ်ကို သတ်သေမှု”အကြောင်း ဖော်ပြထားချက် မရှိပေ။ အလားတူ သူ၏ ပူပူနွေးနွေး မုဆိုးမ ဇနီးသည်လည်း ဒေသတွင်းရှိ ရေတွင်းတစ်ခုတွင် “ရေနစ်”သည်ဟု ပြောဆိုနေကြသည့် သေဆုံးလျှက် တွေ့ရခြင်း အကြောင်းကို တစုံတရာ ဖော်ပြချက် မပါရှိပေ။
လူသတ်မှု မဖြစ်နိုင်သလား။ ကောင်းစွာ လေးစားခြင်းခံရသည့် နိုင်ငံရေး လူရွှင်တော်နှင့် တပ်က နှိမ်နင်းပစ်သော (၁၉၈၈)ခုနှစ် ဒီမိုကရေစီ လိုလားသည့် အုံကြွမှုကတည်းက လေးကြိမ် ထောင်ကျခံခဲ့ရသည့် အတိုက်အခံဖြစ်သူ ဇာဂနာသည် သံသယဖြစ်စရာ ကောင်းလောက်အောင်နှင့် ပြန်လည်စစ်ဆေးနိုင်လောက်အောင် မှားယွင်းသည်ဟု သူကိုယ်တိုင် သိနေသော ဖော်ပြချက်များနှင့် သတင်းအချက်အလက်အမှားများ ပါဝင်နေသည့် ကော်မရှင်၏ တရားဝင် အစီရင်ခံစာတွင် သူ့အမည်ကို အတင်းအကြပ် ထည့်သွင်းခံရကြောင်း ပေါ်ပေါက်နေပါသည်။”

 ဒီ စာသားတွေ အရ ဆိုရင် -
ဦးဇာဂနာဟာ မောင်ဇာနည်နဲ့ အဆက်အသွယ်ရှိပြီး ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေးနဲ့ ပတ်သက်လို့ မောင်ဇာနည်ကို ပြောဆိုမှုတွေရှိတယ် - အဲဒီ ပြောဆိုမှုတွေအရ ဦးဇာဂနာမှာ တွေ့ဆုံမေးမြန်းခန်း ဗွီဒီယို တစ်ခု ရှိတယ် - အဲဒီ ဗွီဒီယိုဟာ ဦးဇာဂနာက မသီတာထွေးကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန်ကို နှစ်ဦးတည်း သီးသန့် တွေ့ဆုံမေးမြန်းတာကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်- အဲဒီ ဗွီဒီယို အရဆိုရင် မသီတာထွေးဟာ မုဒိန်းကျင့်ခံရတဲ့ လက္ခဏာမရှိဘူး။ ရက်ရက်စက်စက် အသတ်ခံရတဲ့ လက္ခဏာ ရှိတယ်။ မဖြစ်ပွားခဲ့တဲ့ မုဒိန်းမှုကို ဖြစ်ပွားပါတယ်လို့ အာဏာပိုင်တွေက ဆရာဝန်ကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းတယ် - ဆိုတဲ့အချက်အလက်များကို ရရှိပါတယ်။
ဒီအထိဟာ ဦးဇာဂနာနဲ့ ပတ်သက်နေပါတယ် - ဒါအပြင် မသီတာထွေးကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန်နဲ့လည်း ပတ်သက်နေပါတယ် - အဲဒီ ဆရာဝန်ကို ဖိအားပေးခဲ့တယ်ဆိုတဲ့ အာဏာပိုင်ဆိုသူတွေနဲ့လည်း ပတ်သက်နေပါတယ် -
မောင်ဇာနည် လိမ်ပြောတာလားလို့ စစ်ဆေးလို့ မရနိုင်ပါဘူး - ဒီတော့ ဦးဇာဂနာကို ကနေ စပြီး စစ်ဆေး မေးမြန်းဖို့ လိုအပ်လိမ့်မယ် ဖြစ်ပါတယ် - မောင်ဇာနည်က အတင်းလှမ်းတုပ်တာတော့ မှန်ပါတယ် - ဒါပေမဲ့ ဒီလောက်ကြီး နာမည်တပ်ပြီး တိတိကျကျ ပြောဆိုနေတာဟာ ဒီစာကို အမှတ်တမဲ့ ဖတ်မိမယ့် နိုင်ငံခြားသား တွေ နဲ့ ခပ်ကြောင်ကြောင် မြန်မာတွေကို အယုံသွင်းနိုင်တဲ့ အနေအထားမျိုး ရှိပါတယ် - ဒါအပြင် အစ္စလာမ် အဖွဲ့အစည်းတွေ၊ အစွန်းရောက်တွေ၊ သာမန်မူစလင်တွေအတွက် မြန်မာအစိုးရ လိမ်တယ်လို့ အထင်ရောက် စေမှာ ဖြစ်ပါတယ် - တကယ်တမ်း ပြောကြကြေးဆိုရင် ဒီအမှုမှာ လူသတ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့ အတွက် ဒီတရားခံများဟာ ကျိန်းသေ အပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ် - သို့သော် မောင်ဇာနည် ယူထားတဲ့ လမ်းကြောင်းရဲ့ ရည်ရွယ်ချက်က လူသတ်တာခြင်းအတူတူ မုဒိန်းမှု ကျူးလွန်တယ်လို့ပါ စွပ်စွဲတာဟာ ဘင်္ဂလီတွေကို သိက္ခာချချင်ဇောနဲ့ တမင်လုပ်တာလို့ အဓိပ္ပာယ် ပေါက်စေချင်တာဖြစ်ပါတယ် - မြန်မာပြည်မှာ လူသတ်တာထက် မုဒိန်းကျင့်တာကို ပိုရွံမုန်းကြတယ်လို့ မောင်ဇာနည်က ပြောချင်ဟန်တူပါတယ် - လူသတ် ပစ္စည်းလု ဆိုရင် လူတွေ ဒေါသထွက်မှာ သိပ်ထွက်မှာမဟုတ်လို့ မုဒိန်းမှုကိုပါ ထည့်ပြောတာလို့ ဆိုချင်ပုံ ရပါတယ် - ရှင်းရှင်းပြောရရင်တော့ “မွှေ”တာပါပဲ - သို့သော် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇာဂနာရယ်၊ ပြည်သူ့ဝန်ထမ်း ဖြစ်တဲ့ ဆရာဝန်ရယ်ကို ထည့်မွှေတာကြောင့် ဒီကိစ္စကို ဒီအတိုင်း ထားလို့ မရနိုင်ပါဘူး - ရှင်းလင်းအောင် လုပ်ရလိမ့်မယ်လို့ ယူဆပါတယ် -
တကယ်က ဒီလို မုဒိန်းမှု ကျူးလွန်ဖို့ ကြံစည်နေတာဟာ (၂၀၁၂)ခုနှစ် သင်္ကြန်ပွဲကာလကတည်းက ဖြစ်ပါတယ် - မောင်တောမြို့နယ်မှာ နှစ်ကြိမ်ရှိခဲ့ပါတယ် - ရဲကို အမှုဖွင့်တော့ တရားခံများ တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားပြီ ဆိုတာနဲ့ပဲ ပြီး ပြီးသွားပါတယ် - နောက်ဆုံး ဒေသခံတွေ သည်းမခံနိုင်တာနဲ့ ပြည်နယ်ဝန်ကြီးချုပ်ဆီကို တိုင်စာ ပို့ခဲ့ပါတယ် - အဲဒီ ဒေသမှာ လှုပ်ရှားဖို့ မချောင်တော့တာနဲ့ ရမ်းဗြဲကျွန်းက မူစလင်ကောင်လေးတွေကို ငွေပေးပြီး ကျူးလွန်ခိုင်းတာ ဖြစ်ပါတယ် - ဘယ်သူက ခိုင်းသလဲဆိုတာ သိချင်ရင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ထပ်ဖွဲ့ပြီး စစ်လည်း ပေါ်မယ် မထင်ပါဘူး - အင်တာနက်ကနေ အပြင်ကို ပေါက်ထွက်လာတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတို့ ကသာ လက်သည်ကို ဖော်ပြနိုင်ပါတယ် - (၂၀၁၂)ခုနှစ် မတ်လမှာ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့တစ်ခုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသကို ထိုးဖောက် ၀င်ရောက်ပြီး လျှို့ဝှက် စည်းရုံး လှုပ်ရှားခဲ့တယ် - အဲဒီ စည်းရုံးလှုပ်ရှားမှုရဲ့ အကောင်အထည်ကို ဧပြီလကျတော့ မောင်တောမှာ စတွေ့ရတာပါပဲ - မေလကျတော့ မသီတာထွေး အမှု ပေါ်ပေါက်ပါတယ် - အဲဒီမတိုင်ခင်မှာ ပြည်ပက ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ အစ္စလာမ် အဖွဲ့အစည်းကြီးတွေ ပူးပေါင်းပြီး ရိုဟင်ဂျာ ရန်ပုံငွေအကြီးကြီးတစ်ရပ်ထူထောင်ခဲ့တာကိုလည်း သိလာရပါတယ် -
တောင်ကုတ် အကြမ်းဖက်မှုဖြစ်စေပုံကို ကော်မရှင်အစီရင်ခံစာ အပိုဒ် ၃.၂.၁ မှာ ဖော်ပြထားပါတယ် - ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေ မပါပါဘူး - အကြမ်းဖက်မှုမှာ မပါဝင်ဘဲ တောင်ကုတ် အဝေးပြေးဂိတ်မှာရှိနေခဲ့တဲ့ မျက်မြင်သက်သေတို့ရဲ့ ပြောဆိုချက်ကို သိထားသလောက် တင်ပြရမယ်ဆိုရင် -
“ဖော်ပြချက်တွင် မတွေ့ရသော ဖြစ်စဉ်။ ။ ဤအပိုဒ်တွင် ဖော်ပြပါရှိခြင်း မရှိသော မြို့ခံများထံမှ သိရှိရချက်အချို့ကို တင်ပြလိုပါသည်။ တောင်ကုတ် အဝေးပြေးဂိတ်တွင် ထိုရိုးမသစ္စာကားသည် ကုန်တင်ကုန်ချပြုလုပ်ပါသည်။ ထိုပုဂ္ဂိုလ်များ အဝေးပြေးဂိတ်အတွင်းတွင် ရောက်ရှိနေကြောင်း သိရှိသွားသော မြို့လူထုသည် အဝေးပြေးဂိတ်သို့ ရောက်ရှိ စုရုံးလာကြရာ မြို့မမြို့ဖများက အလျင်အမြန် လာရောက်၍ လူအုပ်ကို ထိန်းသိမ်းထားကာ မော်တော်ကားပြန်လည် ထွက်ခွာသွားရန် တိုက်တွန်းခဲ့ကြသည်။ ထိုအချိန်တွင် ကားပေါ်ပါ မူစလင်များသည် ဘုရားရှိခိုးချိန် ကျရောက်ပြီဟု ဆိုကာ ကားပေါ်မှာ ဆင်း၍ ကားနံဘေးတွင် ဖျာခင်းလျှက် အစ္စလာမ်ဘာသာထုံးစံအတိုင်း ဘုရားရှိခိုးကြသည်ဟု ဆိုပါသည်။ ထိုအခါ လူအုပ်သည် ဆူဆူပူပူ ဖြစ်လာသဖြင့် မြို့မိမြို့ဖများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ထိုမူစလင်များအား ကားပေါ်အတင်းပြန်တက်ခိုင်းပြီး ကားကိုလည်း ထွက်ခွာခိုင်းပါသည်။ ကားထွက်ခွာစပြုချိန်တွင် ကားနှင့် ပါလာသော သံတွဲမြို့မှ ၀ပ်ရှော့အလုပ်သမား မူစလင်က လူအုပ်ကြီးအား ဆဲဆိုစိန်ခေါ်ပါသည်။ ထိုအခါ လူအုပ်ကို မည်သို့မျှ ထိန်းမရတော့ဘဲ ကားနောက်မှ လိုက်ပါသွားကြပါသည်။ ဤမျှကြီးမားသော လူအုပ်လိုက်လာသည်ကို သိလျှက်နှင့် ထိုကားသည် ရဲစခန်း၊ စစ်တပ်အစရှိသည့် လုံခြုံမှုပေးနိုင်သော နေရာတို့သို့ မောင်း၍ အကာအကွယ်တောင်းခံနိုင်ပါလျှက် မြို့ပြင်သို့ မောင်းထွက်ကာ မိုင်ပေါင်းများစွာ မောင်းနှင်သွားလာရမည့် ပြည်မြို့ဘက်သို့သာ ဦးတည်လျှက် သွားခဲ့သည်ဟု ဆိုပါသည်။ ။”
ဒီတော့ ဒါဟာ အစ္စလာမ်လောကမှာ ခေတ်စားတဲ့ အသက်အသေခံ၍ ဘုရားကို ပူဇော်ခြင်းမျိုးလားလို့ စဉ်းစားစရာ ရှိပါတယ် - အစီရင်ခံစာ အပိုဒ် ၃.၂.၁ မှာ အစ္စလာမ် အဖွဲ့တစ်ဖွဲ့ ရသေ့တောင်ကို ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ် - ကျွန်မကြားမိတာက မင်းပြား၊ မြောက်ဦးနဲ့ ကျောက်နီမော်တို့မှာ အစ္စလာမ် အဖွဲ့တစ်ဖွဲ့ကို လူတွေ တွေ့လိုက်တယ်ဆိုတာပါပဲ - ဒီအကြောင်း ဟိုးတုန်းက ရေးခဲ့ပြီးပါပြီ - လူသတ်မုဒိန်းမှုနဲ့ တအုံနွေးနွေးဖြစ်နေကြတဲ့ အချိန်ကာလမှာ ဒီအဖွဲ့ဟာ ရခိုင်ထဲမှာ ဟိုဟိုသည်သည် ပတ်ပြီး ဘာသာရေး လှုံ့ဆော်မှုတွေ လုပ်နေတာဟာ သူ့သဘောနဲ့သူလို့တော့ ယူဆဖို့ မသင့်ဘူး ထင်ပါတယ် - နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာက အဲဒီ အဖြစ်အပျက်တွေ၊ အရေးအခင်းတုန်းက အဖြစ်အပျက်တွေ၊ အရေးအခင်းမတိုင်ခင်က လှုပ်ရှားမှုတွေ၊ နှစ် (၂၀)ကျော် ရိုဟင်ဂျာအရေးဆိုပြီး စနစ်တကျ ကြံစည်လာကြတာတွေ၊ အိုအိုင်စီအဖွဲ့က ရိုဟင်ဂျာ ဆိုသူတွေကို ရန်ပုံငွေပေးပြီး အဖွဲ့ဝင် အဖြစ် ထူထောင် နေရာပေးတာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ မူစလင်အစိုးရအချို့က ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့တွေကို ခေါ်ယူ သင်တန်းပေးတာတွေ၊ အရေးအခင်းနောက်ပိုင်းကစလို့ အခုလက်ရှိအချိန်အထိ သင်္ကြန်ပွဲမှာ လန့်ရ၊ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးဖောက်ဖို့ ကြံစည်တာ တွေ့ရ၊ အခုနောက်ဆုံး မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ အစီအစဉ်တွေရှိကြောင်း သတင်းရတယ်လို့ ရဲအဖွဲ့က ဖွင့်ပြောလာရတဲ့အထိ ဖြစ်လာတာတွေ အားလုံးကို သုံးသပ်ကြည့်ရင် အသိသာကြီးဖြစ်နေပါပြီ -
အရေးအခင်းကာလမှာ ဘင်္ဂလီမူစလင်တွေဟာ တစုံတစ်ခုသော ကြိုးကိုင်မှုကြောင့် အကြမ်းဖက်မှုတွေကို တပြိုင်နက်တည်း လုပ်ဆောင်ကြကြောင်း ကော်မရှင်က သုံးသပ်ထားပါတယ် - မိမိအိမ်ကို၊ မိမိရပ်ကွက်ကို မီးတင်ရှို့ပြီး ထွက်ပြေးကြတယ်ဆိုတဲ့အကြောင်း ကော်မရှင် အစီရင်ခံစာမှာ သိပ်အသားပေးမထားပေမဲ့ အချိန်နဲ့ တပြေးညီ တက်နေခဲ့ သတင်းတွေအရကော၊ မျက်မြင်သက်သေများ သက်ရှိထင်ရှား ရှိနေတာကြောင့်ကော အရေးအခင်းကာလမှာ ကုလားတွေရဲ့ မီးရှို့မှုတွေကို လူတိုင်း သိကြပါတယ် - ကုလားအိမ်တွေဟာ ပြွတ်သိပ်ပြီး ဖြစ်သလို ဆောက်ထားတဲ့ တဲအိမ်ကလေးတွေ ဖြစ်တာများပါတယ် - မီးမရှို့ခင်မှာ အရေးကြီးတဲ့ ပစ္စည်းတွေကို ယူ၊ မိန်းမ၊ကလေးနဲ့ လူအိုတွေကို လွတ်ကင်းရာကို ဖယ်ရှားပြီးမှ ရှို့ကြတာဖြစ်လို့ ဆုံးရှုံးမှု ပမာဏအားဖြင့် အလွန်နည်းပါးပါတယ် - ဒါအပြင် အဲဒီလို မီးရှို့မှု ပြုတိုင်း ပြည်ပ အစ္စလာမ် အဖွဲ့အစည်းတွေဆီက “မီးရှို့ခ”ရကြတယ်ဆိုတာကိုလည်း လူတိုင်းသိထားကြပါတယ် - ကျောက်ဖြူမှာဆိုရင် လှေတွေအားလုံး အဆင်သင့်ပြင်ပြီးမှ မီးရှို့ပြီး ကျွန်းကခွာကြတာဖြစ်လို့ ဒါဟာ တမင်ကြံစည်မှုဆိုတာ သိသာစေပါတယ် - ပြီးလည်း ပြီးရော တစ်ကွင်းလုံး ရှင်းသွားတဲ့ ကုလားကျူးကျော်တဲတွေ ရှိတဲ့နေရာကို ဂြိုလ်တုဓာတ်ပုံရိုက်ပြီး ရခိုင်တွေ ရှို့ပစ်တာလို့ ကမ္ဘာကို ပြတော့တာပါပဲ - ဒါပေမဲ့ ရခိုင်ဒေသခံတွေကဖြစ်စေ၊ မြန်မာ အစိုးရကဖြစ်စေ ဒီလို လုပ်ကြံဖန်တီး ၀ါဒဖြန့်ချီတာကို လိုက်လံဖြေရှင်းနိုင်စွမ်းမရှိပါဘူး - အထူးသဖြင့် အစိုးရပိုင်းက မာမာထန်ထန် အာမခံပြီး သတင်းထုတ်ပြန်ခြင်း မရှိပါဘူး - ဒါဟာ မြန်မာနိုင်ငံအတွက် အကြီးအကျယ် အထိနာစေပါတယ် -

အခုလည်း ဒီအချက်ကို အခွင့်ကောင်းယူပြီး မောင်ဇာနည်က - “In the first wave of Rohingya-Rakhine violence in June last year, 4,188 Rohingya homes were destroyed while the Rakhine suffered the loss of 1,150 homes. In the second wave of violence in October, 2,371 Rohingya homes were destroyed as opposed to only 42 homes that belonged to the Rakhine. And again, out of a total of 1,835 arrested in connection with the mass violence, 1,589 are Rohingya and only 246 are Rakhine. ”
ဘာသာပြန်။ ။ “လွန်ခဲ့သောနှစ် ဇွန်လက ရိုဟင်ဂျာ - ရခိုင် အကြမ်းဖက်မှု ပထမလှိုင်းတွင် ရိုဟင်ဂျာအိမ် (၄၁၈၈)လုံး ပျက်စီးခဲ့ပြီး ရခိုင်တို့မှာ အိမ် (၁၁၅၀)လုံး ဆုံးရှုံးမှု ဒဏ်ကို ခံခဲ့ရသည်။ အောက်တိုဘာလက အကြမ်းဖက်မှု ဒုတိယလှိုင်းတွင် ရိုဟင်ဂျာ အိမ် (၂၃၇၁)လုံး ပျက်စီးခဲ့ပြီး ဆန့်ကျင်ဘက်အဖြစ် ရခိုင်တို့ပိုင်ဆိုင်သော အိမ် (၄၂)လုံးသာ ရှိသည်။ ပြီးတော့ - တစ်ဖန် - လူစုလူဝေးဖြင့် အကြမ်းဖက်မှု နှင့် ဆက်နွယ်၍ စုစုပေါင်း (၁၈၃၅)ဦး အဖမ်းခံရသည့်အနက် (၁၅၈၉)ဦးမှာ ရိုဟင်ဂျာ ဖြစ်ပြီး (၂၄၆)ဦးသာ ရခိုင်လူမျိုး ဖြစ်သည်။” ဟု လည်းကောင်း -
“The commission's official statistic implies the awesome power of a small group of Rakhine - 246 to be exact - to destroy thousands of homes and dozens of mosques in about a dozen different towns and cities and make over 120,000 Rohingya refugees homeless, shelter-less, internally displaced persons in a span of just five months.”
ဘာသာပြန်။ ။ “ကော်မရှင်၏ တရားဝင် စာရင်းအင်းများက - ၂၄၆ ဦးဟု အတိအကျ ဖြစ်နေသော - ရခိုင်အုပ်စု အသေးကလေး၏ ကြောက်မက်ဖွယ် ပြင်းထန်သော စွမ်းအားက မြို့ပေါင်းနှင့် မြို့ကြီးပေါင်း တစ်ဒါဇင်ခန့်ရှိ ထောင်ပေါင်းများစွာသော အိမ်များနှင့် ဒါဇင်ပေါင်းများစွာသော ဗလီများကို ဖျက်ဆီး၍ (၁၂၀,၀၀၀)ကျော်သော ရိုဟင်ဂျာ ဒုက္ခသည်များကို အိမ်မဲ့ယာမဲ့၊ အမိုးအကာမဲ့၊ ပြည်တွင်း၌ ရွှေ့ပြောင်းခံရသော ပုဂ္ဂိုလ်များအဖြစ်သို့ ငါးလမျှသော ကာလအပိုင်းအခြားအတွင်းတွင် ကျရောက်သွားစေကြောင်း ဖော်ပြထားသည်။” ဟု လည်းကောင်း ထိုးနှက် ဖော်ပြထားပါတယ် -
ဒါကို လက်တွေ့မျက်မြင်ခံစားခဲ့ရတဲ့ ရခိုင်လူမျိုးများနဲ့ ကိုယ်တိုင် စီမံ ဆောင်ရွက်ခဲ့ရတဲ့ ၀န်ထမ်းများ၊ တပ်မတော်သားများ၊ ရဲများ၊ မီးသတ်ရဲဘော်များ၊ ဆရာဝန် ဆရာမများ ဖတ်မိရင် အတော်ကို ဒေါသဖြစ်ကြမှာ မလွဲပါဘူး။ နဂါးမင်း အစရှိတဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့ကြတဲ့ လူကြီးများ ဖတ်မိရင်လည်း ဒေါသဖြစ်ကြမှာ မလွဲပါဘူး။ ဒီလို ကိုယ့်အိမ်ကိုယ်မီးရှို့၊ သူများအိမ်ကိုလည်း မီးရှို့၊ တွေ့တဲ့လူ အကုန်သတ်၊ နယ်စပ်ဘက်ကို အကြောင်းမဲ့ ထွက်ပြေး၊ ဒုက္ခသည်ပြဿနာ ဖန်တီးပြီး ကမ္ဘာကို လိမ်ညာ ဟစ်အော်ပြီး လုပ်စား၊ နိုင်ငံတကာ ဖိအားနဲ့ ပိုမို ခိုင်မာတဲ့ နေရာချထားပေးမှု ခံရအောင်လုပ်နေတာဟာ မဆန်းတော့တဲ့ လုပ်ပုံလုပ်နည်း ဖြစ်ပါတယ် - သာမန်လူတွေ စဉ်းစားကြည့်လို့ လိုက်မမီနိုင်တဲ့ လုပ်ပုံလုပ်နည်းဖြစ်ပါတယ် -
ဘယ် လူ့အဖွဲ့အစည်းမျှ ကိုယ် ဒုက္ခနည်းနည်းကလေး ရောက်မှာကို မလိုလားကြပါဘူး - ကိုယ့် မိသားစု ဒုက္ခရောက်မှာကိုလည်း မလိုလားကြပါဘူး - ကိုယ့်ရွာပျက်မှာကိုလည်း မလိုလားကြပါဘူး - ကိုယ့်အိမ် ကိုယ်ယာကို ခင်တွယ်ကြတာပါပဲ - ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ရွာကို ကျူးကျော်စော်ကားလာရင် အသက်လဲပြီး ကာကွယ်စောင့်ရှောက်ကြတာပါပဲ - ကိုယ့်ရွာကိုယ် မီးရှို့ပြီး ဘယ်သူမျှ ဒုက္ခသည်စခန်း သွားမနေချင်ကြဘူး - မိုင်ပေါင်းများစွာကို ကုန်းကြောင်း၊ ပင်လယ်ကြောင်းနဲ့ ဖြတ်သန်းပြီး ဘာမှန်းမသိတဲ့ တစ်နေရာဆီကို မသွားချင်ကြပါဘူး - ဒါပေမဲ့ ဒီ သိန်းချီတဲ့ မူစလင်လူအုပ်ကြီးဟာ တစ်ခါလည်း မဟုတ်၊ သမိုင်းစဉ်တလျောက်မှာ အခါခါ ဒီအတိုင်းပဲ လုပ်ပါတယ် - ခေတ်မီနည်းပညာများရဲ့ ကျေးဇူးကြောင့် အခုခေတ်လူတွေ သိခွင့်ရတာဖြစ်ပြီး အရင်ကဆို ဘာမျှ သိလိုက်ကြရတာ မဟုတ်ပါဘူး - ဒီလို လူသိန်းပေါင်းများစွာကို တစ်သွေးတစ်သံတစ်မိန့်တစ်အာဏာနဲ့ သေဆိုသေ ရှင်ဆိုရှင် စေစားနိုင်တဲ့ အာဏာပါဝါကို သာမန်လူများ စဉ်းစားကြည့်လို့ လိုက်မီမယ် မထင်ပါဘူး - မြန်မာလူထုကိုယ်တိုင်တောင် မူလ အစက ဇဝေဇ၀ါ ဖြစ်နေခဲ့ပါလိမ့်မယ် - အခုမှ တဖြည်းဖြည်း သဘောပေါက်လာကြတာပါ -
မောင်ဇာနည်ဟာ ဒီလိုရေးသားခြင်းအားဖြင့် ကုလားအိမ်တွေကို မီးရှို့ပစ်တဲ့၊ ကုလားတွေကို နှင်ထုတ်ပစ်တဲ့ ရခိုင်တွေဟာ ဒီထက်မက များတယ် - အစိုးရက တမင်မဖမ်းဘဲ လွှတ်ထားတယ်လို့ အဓိပ္ပာယ် သက်ရောက်စေပါတယ် - ဒါပေမဲ့ အရေးအခင်းကာလက အချိန်နဲ့အမျှ တက်လာတဲ့ သတင်းတွေကို ဖတ်ကြည့်ရင် ရခိုင်လူမျိုးတွေ မပြောနဲ့ - သေနတ်ကိုင်ထားတဲ့ တပ်တောင်မှ ကုလားအုပ်ကို မဖြိုခွဲရဲဘူးဆိုတာ တွေ့ရလိမ့်မယ် ဖြစ်ပါတယ် - ဗွီဒီယို မှတ်တမ်းတစ်ခုမှာဆိုရင် ကုလားတွေဟာ ရခိုင်အိမ်တွေကို စိတ်ရှိလက်ရှိ ထုရိုက်ဖျက်ဆီးပြီး မီးတင်ရှို့နေတာကို ရဲအဖွဲ့က ကွင်းပြင်ထဲကနေ ပွဲကြည့်သလို အသာရပ်ကြည့်နေရတာကို တွေ့ရပါတယ် - မောင်ဇာနည် ထုတ်မရေးပေမဲ့ နောက်ထပ်ရည်ညွှန်းချင်ပုံရတဲ့ အချက်တစ်ခုက ကုလားဝက်ဘ် ဆိုဒ်တွေက စွပ်စွဲနေကျဖြစ်တဲ့ စစ်တပ်ကပါ ကုလားတွေကို နှိမ်နင်းပစ်တယ်ဆိုတဲ့ အချက်ပါ - ကုလားတွေ ဒီလောက်သိန်းနဲ့ချီ ပြေးရအောင် စစ်တပ်နဲ့နင်းပစ်တာလို့ ပြောတာဟာ ထုံးစံလို ဖြစ်နေပါပြီ - အမှန်ကတော့ မြန်မာနိုင်ငံသာ မဟုတ်ပါဘူး - ဒီလိုနည်းနဲ့ ကမ္ဘာကိုလှည့်ဖြားပြီး အနိုင်ယူယူသွားတာကို ခံရတဲ့အထဲမှာ အိန္ဒိယနိုင်ငံလည်း ပါပါတယ် -
မောင်ဇာနည်ဟာ ဒီလိုတွေ ရေးသားခြင်အားဖြင့် အစိုးရက ဖန်တီးသလိုလို၊ ရခိုင်တွေက ဖန်တီးသလိုလို၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ မူစလင် နယ်ချဲ့စနစ်အကြောင်း မသိသေးသူတွေကို မသိအောင် ဖုံးကွယ်ဖို့ ကြိုးပမ်းတာပဲ လို့ မြင်ပါတယ် - ရခိုင်ပြည်နယ်မှာ မူစလင်တွေ ဇာတိရဲ့ ဇာတိပေါ်လာတော့ ပြည်သူလူထုဟာ ဗြုန်းကနဲ မျက်စေ့ပွင့်သွားပါတယ် - ပြည်သူလူထုနဲ့အတူ မျက်စေ့မပွင့်နိုင်ကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဟာ လူထုထောက်ခံမှု ကျဆင်းသွားပါတယ် - ဒါကို အစိုးရက - တစ်နည်း ကြံခိုင်ရေးပါတီက - ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းအောင် တမင်ကြံစည်တာ ဖြစ်တယ်လို့ ယူဆသူတွေ ရှိပါတယ် - ဒီအထင်အမြင်ကို ရိုဟင်ဂျာ ၀ါဒဖြန့်ချီရေးနဲ့ မူစလင် ၀ါဒဖြန့်ချီရေးတွေက အရေးအခင်းစဖြစ်ကတည်းက လှုံ့ဆော်ပေးနေပါတယ် - နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ ဘက်က မရပ်တည်တာတွေ့ရတော့ အခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆုကို ပြန်ရုပ်သိမ်း ပေးပါလို့ သူတို့ပဲ အော်လာကြပါတယ် -
တကယ်တမ်း ပြောမယ်ဆိုရင် အစိုးရဟာ အဓိကရုဏ်းကို အင်အားသုံး နှိမ်နင်းဖို့ တတ်သလောက် ဘယ်နေရာမှာ ဘယ်လောက် အင်အားသုံးရမယ်ဆိုတာကို ချိန်ဆတဲ့နေရာမှာ သင်ယူနေရဆဲဖြစ်တယ်လို့ မြင်ပါတယ် - ရခိုင်မှာ အင်အား မသုံးလို့ စစ်တွေ တစ်မြို့လုံး ကုန်ပါတယ် - လက်ပံတောင်းမှာ မလိုအပ်တဲ့ အင်အား ပမာဏကို သုံးလို့ မဖြစ်သင့်တာ ဖြစ်ကုန်ပါတယ် - ပြဿနာ မဖြစ်ခင် ကြိုတင်ကာကွယ်မှု ပြုဖို့လည်း မတတ်သေးသလို မြင်ရပါတယ် - ပဲခူးတိုင်း အနောက်ခြမ်းမှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ပြေးတမ်းလိုက်တမ်း ကစားနေရတာကို ကြည့်ရင် သိနိုင်ပါတယ် - အခုလည်း eleven သတင်းမှာ ရဲအဖွဲ့ကပြောဆိုရာမှာ ကာကွယ်တားဆီးရေးအတွက် လုံလောက်တဲ့ လုပ်နည်းကိုင်နည်းတွေ အားနည်းသေးတယ်ဆိုတာကို ဒီပြောကြားချက်မှာ တွေ့ရပါတယ် - “ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။” အမှန်မှာတော့ အမေရိကန်မှာလည်း လုံအောင် မပိတ်နိုင်လို့ ဘော်စတွန် မာရသွန် ပေါက်ကွဲမှု ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
ကျွန်မအမြင်ကို ပြောရမယ်ဆိုရင် အခုအချိန်မှာ မူစလင်ကိစ္စ၊ ရိုဟင်ဂျာကိစ္စကြောင့် လူထုအမြင် မကြည်ဆုံး ခံရတဲ့ ပါတီဟာ ကြံခိုင်ရေးပါတီပဲ ဖြစ်ပါတယ် - အဲဒီ ပါတီက ရိုဟင်ဂျာပြဿနာကို ဦးဆောင်ဖန်တီးနေတဲ့ ဘင်္ဂလီမူစလင်တွေကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာအောင် ဖန်တီးပေးထားတယ်၊ (၂၀၁၀)ရွေးကောက်ပွဲမှာ တရားမ၀င် ခိုးဝင်နေတဲ့ ဘင်္ဂလီတွေကို ကဒ်အဖြူတွေ ထုတ်ပေးပြီး မဲပေးခိုင်းတယ်၊ တင်းမာမှုတွေ လျှော့ချရေးဆိုပြီး မူစလင်တွေကို ခေါ်ခေါ်ပြီး အစည်းအဝေးလုပ်၊ ဓာတ်ပုံရိုက်ပြီး သတင်းစာမှာ ထည့်တယ်၊ မူစလင်တွေ၊ ဘင်္ဂလီတွေကို ဘယ်သို့ ဘယ်ပုံ စစ်ဆေးရအောင်လို့ လွှတ်တော်မှာ ပြောရင် ကြံခိုင်ရေး ကိုယ်စားလှယ်က ထကန့်ကွက်တယ်၊ မဲခွဲရင် ကြံခိုင်ရေးအများစုက မထောက်ခံလို့ ဘာမျှ လုပ်လို့ မရဘူး - ဒါကြောင့် မူစလင်အရေးနဲ့ ပတ်သက်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှု ကျဆင်းမှုဒဏ်ကို ကြံခိုင်ရေးပါတီဟာ အခံရဆုံးလို့ မြင်ပါတယ် - စီးပွားရေး ကောင်းမွန်အောင် မလုပ်နိုင်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် မဆောင်ရွက်နိုင်မှု နဲ့ အစ္စလာမ်အန္တရာယ်ကို မနှိမ်နင်းပေးနိုင်မှုဟာ အာဏာရပါတီကို အကြီးအကျယ် အားနည်းစေပါတယ် - ဒါပေမဲ့ ပြည်ပ မူစလင်တွေက ထိန်းချုပ်ထားတဲ့ ကွန်ယက်တွေက လှုပ်ရှားနေတာကို မမြင်သာအောင် ကြံခိုင်ရေးက ဖန်တီးတာလို့ ပြောပြောနေတာပါပဲ -
မောင်ဇာနည်ရဲ့ ရေးသားချက်မှာ လူသတ်မုဒိန်းမှုကျူးလွန်သူ သုံးဦးအနက် နှစ်ဦးဟာ ကမန်လူမျိုးတွေ ဖြစ်ပြီး တစ်ဦးက ရခိုင်လို့ ဆိုပါတယ် - ဒီရေးသားချက်ဟာ အရေးအခင်း ဖြစ်စကတည်းက ရိုဟင်ဂျာ ၀ါဒဖြန့်ချီရေး ၀က်ဘ်ဆိုဒ်တွေမှာ ဖော်ပြထားတာကို ပြန်ကူးချထားတာ ဖြစ်ပါတယ် - ရခိုင်လူမျိုးတစ်ဦးအနေနဲ့ ဓာတ်ပုံမှာ တွေ့ရတဲ့ တရားခံသုံးဦးရဲ့ ရုပ်ပုံတွေကို ကြည့်ရင် ကမန် ဆိုသူတွေဟာ ဘင်္ဂလီလူမျိုးတွေဖြစ်ပြီး ရခိုင်ဆိုသူဟာ ကမန်လို့ ဆိုရမယ့် ရုပ်ရည်ဖြစ်ပါတယ် - ဘာပဲပြောပြော ဒီလို စွပ်စွဲပြောဆိုချက်တွေနဲ့ ကမန်လူမျိုးအဖြစ် နာမည်ခံယူပြီး ဘင်္ဂလီလူမျိုးများ မှတ်ပုံတင်ရအောင်၊ တိုင်းရင်းသားဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်အလက်တွေကို လ၀က ဌာနအနေနဲ့ ဖြေရှင်းဖို့လိုအပ်နေပါတယ် -
နောက်ဆုံး မောင်ဇာနည်ရဲ့ ဖွချက်ဖြစ်တဲ့ “လူသတ်မှု”ကိစ္စပါ - ထက်ထက် ဟာ ရဲအစောင့်အရှောက်အောက်မှာ သတ်သေတာနဲ့ သူ့ဇနီးသည် ရေတွင်းထဲကျသေတာတွေကို မောင်ဇာနည်က လူသတ်မှုတွေ ဖြစ်နိုင်တယ်လို့ ယမ်းတုပ်ထားပါတယ် - ဒီစွပ်စွဲချက်မျိုးဟာ အခြေအမြစ်မရှိကြောင်း ရှင်းလင်းပြဖို့လိုပါတယ် - ဘာကြောင့်လဲ ဆိုတော့ ဒီ “လူသတ်မှု (foul play)” ဆိုတဲ့ စာလုံးကို ဦးဇာဂနာက ကော်မရှင်အစီရင်ခံစာကို အတင်းအကြပ် လက်မှတ်ထိုးပေးရတဲ့ ပုံမျိုးရေးသားချက်နဲ့ တွဲထားတဲ့ အတွက် ဦးဇာဂနာရဲ့ ထင်မြင်ချက်လိုလို ဖြစ်အောင် ကူလီကူမာ ကြံစည်ထားတဲ့ အတွက်ဖြစ်ပါတယ် -
နောက်ဆုံးတော့ ယိုသမျှချေး ဇာဂနာခေါင်းကို ရောက်ပါတယ် -
သို့သော် ဒီလို စွပ်စွဲချက်မျိုးတွေကို ရှင်းလင်းမပစ်ဘူးဆိုရင် ဇာဂနာခေါင်းထဲကို ထိုးထည့်နေတဲ့ ပြဿနာတွေဟာ မြန်မာတစ်မျိုးသားလုံးအပေါ် ကျရောက်လာစရာ ရှိနေပါတယ် - မြန်မာနိုင်ငံဟာဖြင့်ရင် အာရ်အက်စ်အို၊ အာနိုဆိုတဲံ အကြမ်းဖက်သမားတွေ ခြိမ်းခြောက်တာကို ကြောက်ရ၊ အဘူဘာကာလို အကြမ်းဖက်သမားက လှမ်းခြောက်တာကို ကြောက်ရ၊ အိုအိုင်စီက လှမ်းဟိန်းဟောက်တာကို ကြောက်ရ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက တောင်းဆိုတာကို ကြောက်ရ၊ ဘင်္ဂလားဒေ့ရှ်က လူအင်အားနဲ့ နယ်စပ်ကို ကျော်နင်းပြီးဝင်လာမယ်လိုလို ဟန်ပြင်နေတာကို ကြောက်ရတဲ့ အပြင် ဒေါက်တာမောင်ဇာနည်လို အဆင့်မရှိတဲ့ လူတွေပြောတာကိုလည်း လန့်နေရတော့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့”ဆိုပြီး ဒီအတိုင်း ဘာမျှ မပြော၊ ဘာမျှ မလုပ်ဘဲ ငုတ်တုတ်ကလေး “သည်းခံ”နေကြလို့တော့ တယ်ဟန်မယ် မဟုတ်တော့ဘူးလို့ ထမင်းအလကားသွားစားရအောင် ဒီလိုကြားရက်ကြီး ဘယ်သူများ အလှူလုပ်ဖို့ ရှိပါလိမ့်လို့ လိုက်မစုံစမ်းနိုင်ပဲနဲ့ အိမ်မှာထိုင်ပြီး စိတ်ပူမိနေပါကြောင်း။ ။


( Post from Khin Mar Swe face book )