by ငြိမ်းအေးအိမ် on Thursday, August 23, 2012 at 4:24am ·
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့ မြန်မာ့မြေသို့ ပြန်ဝင်ရောက်လာချိန်သည် ရခိုင်တွင် အလံနီကွန်မြူနစ်တို့ သြဇာလွှမ်းမိုးမှု အခြေခိုင်နေချိန်ဖြစ်သည်။ ရခိုင်ပြည်နယ်လူထုက ရခိုင်ဖဆပလခေါင်းဆောင်များကို မကျေမနပ်ဖြစ်ချိန် လည်းဖြစ်သည်။ ထို့ကြောင့် အခြားတိုင်းရင်းသားများကဲ့သို့ ရခိုင်ပြည်နယ်ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေသော “ဦးစိန္တာ”အဖွဲ့ကို အားပေးလာကြသည်။ ရခိုင်သားတို့၏ ရခိုင်ပြည်နယ်တောင်းဆိုသံများ ကျယ်ပြန့်လာနေသည်။ ထိုအခြေအနေကို မွတ်ဆလင်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အဖြစ် တရားဝင်ခွင့်ပြုလိုက်လျှင်၊ ထိုပြည်နယ်တွင်းရှိ မွတ်ဆလင်တို့အပေါ် ဖိနှိပ်ခံရမည်ကို စိုးရွံ့လာကြသည်။ ထို့ကြောင့်ပင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်တို့က “ခွဲထွက်ရေးလှုပ်ရှားမှု”များ စတင်ဆောင်ရွက်လာကြသည်။
လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ရခိုင်ပြည်နယ်ပေးမည်ဟု ကတိပြုလိုက်သောအခါ မွတ်ဆလင်တို့၏ မကျေနပ်မှုသည် ပိုမိုကြီးထွားလာသည်။ လှုပ်ရှားထကြွမှုများ ပြုလုပ်လာကြသည်။ မွတ်ဆလင်တို့သည် မြန်မာတိုင်းရင်း သားများ မဟုတ်ကြသဖြင့် တိုင်းရင်းသားများသာ ခံစားခွင့်ရှိသည့် “ပြည်နယ်ရပိုင်ခွင့်”ကို ခံစားခွင့်မရှိကြောင်းသိလာကြ သည်။ ထိုအခါ မိမိတို့ကိုယ် မိမိတို့“ရခိုင်တိုင်းရင်းသား မွတ်ဆလင်”များ ဖြစ်ကြောင်း ရေးသားတင်ပြလာကြသည်။ ထို လိမ်လည်တင်ပြမှုကို ပါလီမန်အမတ်ဟောာင်း ”ဂဖား”မှ စတင်ခဲ့သည်။
ရခိုင်တို့၏ပြည်နယ်တောင်းဆိုမှုအရှိန်မြင့်လာချိန်တွင်၊ မွတ်ဆလင်တို့ကလည်း“ရခိုင်တို့နှင့်တန်းတူအခွင့်အရေး ပေးရန်” တောင်းဆိုကြသည်။ တိုင်းရင်းသားအဖြစ် အခွင့်အရေးတောင်းဆိုခြင်း ဖြစ်သည်။
အင်္ဂလိပ်တို့ရခိုင်ကို သိမ်းပိုက်လိုက်သည့် 1824 ခုနှစ်အထိ ”ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းမပေါ်ပေါက်သေး။ မြန်မာနိုင်ငံသမိုင်း၊ ရခိုင်သမိုင်းစာအုပ်များ မှတ်တမ်းမှတ်ရာများတွင်လည်း ရိုဟင်ဂျာအကြောင်းမပါရှိခဲ့။ ရိုဟင်ဂျာဟူသော အသုံးအနှုန်းသည် ဒုတိယကမ္ဘာစစ်အတွင်းရောက်မှ ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်။ 1947 ခုနှစ်တွင် ပေါ်ပေါက်လာသည် ဟုလည်းဆိုသည်။ သည့်မတိုင်မီ မည်သည့်သမိုင်းစာအုပ်တွင်မျှ “ရိုဟင်ဂျာ”ဟူသော အမည်မပါရှိခဲ့။ သန်းခေါင်စာရင်း ကောက်ယူခဲ့သော ခုနှစ်များဖြစ်သည့် 1872၊ 1901၊ 1911 ခုနှစ်များတွင်လည်း ရိုဟင်ဂျာလူမျိုးဟု စာရင်းကောက်ယူ ရရှိ ထားမှုမရှိခဲ့။
ရိုဟင်ဂျာသမိုင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မှ ဘင်္ဂါလီ ပညာတတ်များက ရေးသားဖေါ်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာဟူသောအမည်ကို တိုင်းသိပြည်သိဖြစ်အောင် စတင်သောလှုပ်ရှားမှုများသည် 1960 ပြည့်နှစ်အတွင်း ကမှ စတင်ခဲ့သည်။
1960 တွင် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်က “ရိုဟင်ဂျာလူမျိုးစုရာဇ၀င် အကျဉ်းချုပ်” ကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။ 1951 မေလထုတ် ဂါးဒီယန်းမဂ္ဂဇင်းတွင် “အမ်အေတာဟီရ်ဘသာ”က (ဘသာ) ဟူသော မြန်မာ အမည်ဖြင့် ဘူးသီးတောင်၊မောင်တောမြို့နယ်များရှိ စစ်တကောင်းသားမွတ်ဆလင်များကို ရခိုင်တိုင်းရင်းသား မွတ်ဆလင် များဖြစ်လေဟန် မခိုင်မာသည့် သမိုင်းအထောက်အထားများဖြင့် ရေးသားခဲ့သော ဆောင်းပါးကို ပြင်ဆင် ဖြည့်စွက် ရေးသားထားခြင်း ဖြစ်သည်။
1990 ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၂၀၀ကျော်ဖွဲ့ရာတွင် မွတ်ဆလင်ပါတီများလည်း ပါဝင်ခဲ့သည်။ ထိုပါတီများထဲက တစ်ခုဖြစ်သော “အမျိုးသားပါတီ”က 31-3-89 ရက်စွဲဖြင့် ရိုဟင်ဂျာဟုခေါ်သူများကို ရခိုင်တိုင်းရင်းသားလူမျိုးများအဖြစ် လက်ခံကြောင်း ရေးသားထားသည့် ”ရိုဟင်ဂျာနိုင်ငံရေးသမိုင်းနှင့် အနာဂတ်ရခိုင်ပြည်” ဟူသော စာတမ်းတစ်စောင်ဝေခဲ့သည်။ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြသော မွတ်ဆလင်ပညာတတ်များ အနေ ဖြင့် မွတ်ဆလင်နိုင်ငံများ၏ အထောက်အပံ့ကိုယူကာ “ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးလှုပ်ရှားမှု”များ ပြုလုပ်လာကြသည်။
1947 ကုန်ခါနီးတွင် “မူဂျာဟစ်”ပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ ရွာသူကြီးဟောင်း “ဆူလ်တင်” ၏ ညီ “မိုဟာမက်”က ဦးဆောင်ကာ မွတ်ဆလင်လူငယ်များကို လျှို့ဝှက်စွာ စည်းရုံး၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်၏်။
ရခိုင် ကာကွယ်ရေးခေါင်းဆောင် “ထွန်းအောင်ဖြူ” နှင့် “မူဂျာဟစ်” ပါတီတို့ပူးပေါင်းကာ၊ “သပြုချောင်း”ကျေးရွာ တွင်လူထုအစည်းဝေးကျင်းပခဲ့သည်။ အဖွဲ့အမည်ကို မူဂျာဟစ်အဖွဲ့ဟုခေါ်ရန်ဆုံးဖြတ်ခဲ့ပြီး၊ နာယကအဖြစ် ထွန်းအောင်ဖြူ ကို တင်မြှောက်ခဲ့သည်။ ထွန်းအောင်ဖြူသည် ကွန်မြူနစ်ပါတီနှင့် အဆက်အစပ်ရှိသူဖြစ်၏။ “မူဂျာဟစ်” ဟူသော စကား၏ အဓိပ္ပာယ်မှာ “ မိမိတိုင်းပြည်နှင့် ဘာသာရေးအခွင့်အရေးကို တိုက်ခိုက်သောသူ” ဟုဆိုလိုသည်။ 1947 တွင် Jami-a-tul Ulema-e Islam အသင်းက ဦးဆောင်ပြီး တန်းစီလှည့်လည်ကြရာ “ပါကစ္စတန်အဓွန့်ရှည်ပါစေ” ဟု ကြွေးကြော်ခဲ့ကြ သည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့ အနက်ဖွင့်သော မိမိတိုင်းပြည်ဆိုသည်မှာ “ပါကစ္စတန်” ဖြစ်ကြောင်းသိသာစေသည်။
1947 ခုနှစ် မေလ15ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးဌာနက တင်ပြသည့်စာတွင် ၎င်းဒေသရှိ မွတ်ဆလင်များသည် မောင်တော၊ ဘူးသီးတောင်နယ်မြေကို frontier area သတ်မှတ်ပေးရန်နှင့် အရှေ့ပါကစ္စတန်ဧရိယာတွင် ပါဝင်ဖွဲ့စည်းပေး ရန်တောင်းဆိုဆဲဖြစ်သည်။ မူဂျာဟစ်အဖွဲ့သည် Jami-a-tul Ulema-e Islam ဘာသာေ၇းအဖွဲ့၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖေါ်ရသော အဖွဲ့ဖြစ်သည်။ Jami-a-tul Ulema-e Islam အဖွဲ့သည် မြေပေါ်အဖွဲ့ဖြစ်ပြီး၊ မူဂျာဟစ်အဖွဲ့ သည်မြေအောက်အဖွဲ့ဖြစ်သည်။ ၄င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်မြေ များကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထုတ်ပြီး ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းရန်ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့စည်းခဲ့သော မူဂျာဟစ်ပါတီသည် လွတ်လပ်ရေးရပြီးနောက် အင်အား တောင့်တင်းလာခဲ့သည်။
1948 စက်တင်ဘာ(30)ရက်နေ့တွင် ဘူးသီးတောင်နှင့် (3)မိုင်အကွာ၊ ဆင်အိုးပြင်ရွာတွင် မူဂျာဟစ်တို့ စတင်စခန်းချပြီး၊ “ပါကစ္စတန်ဂျီနာဗတ်” (ပါကစ္စတန်အဓွန့်ရှည်ပါစေ) ဟူသော ကြွေးကြော်သံကို ကုလား ဘာသာဖြင့် အဆက်မပြတ်အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။
1948တွင် “မွတ်ဆလင် လွတ်မြောက်ရေးအဖွဲ့ညီလာခံ” ကို မောင်တောမြို့နယ်၊ ဂရဗျင်ရွာတွင် ကျင်းပခဲ့ရာ၊ အဖွဲ့အမည်ကို “မူဂျာဟစ်ပါတီ” ဟုတရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည် (DR491(56)ံHCR)။ အဖွဲ့၏ စစ်ရေး ခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး၊ လက်ထောက်မှာ “ဟူစိန်”ဖြစ်သည်။ ၎င်းတို့၏တောင်းဆိုချက်များထဲတွင်
- ကုလားတန်မြစ်အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်။
- ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲထည့်သွင်းပေးရန် ဆိုသည့်အချက်များပါသည်။
1951ဇွန်လတွင် မောင်တောမြို့နယ်၊ “အလယ်သံကျော်”ရွာ မူလတန်းကျောင်းတွင် အရပ်ရပ်ကိုယ်စားလှယ် များပါသော “မွတ်ဆလင်ညီလာခံ”ကို ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးက တောင်းဆိုချက်(14)ချက်ပါဝင်သော အစိုးရသို့အိပ်ဖွင့်ပေးစာကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားတင်ပြခဲ့သည်။ “ဖွဲ့စည်းပုံဥပဒေအရ မွတ်ဆလင်များ၏ တောင်းဆိုချက်များ”ဟု ရေးသားထားသည်။ ၎င်းတောင်းဆိုချက်များထဲတွင်
- ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်။ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ “လွတ်လပ်သော မွတ်ဆလင်ပြည်နယ်”အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊ ယင်းပြည်နယ်တွင် ပြည်ထောင်စုအစိုးရကွပ်ကဲမှုဖြင့် ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်လုံခြုံရေး အဖွဲ့များ ထားရှိရန်။
- စစ်တွေမြို့ကို ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းမြို့တော်ဟုသတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့် မွတ်ဆလင် ငါးဆယ်ရာခိုင်နှုန်းစီ စီမံခန့်ခွဲအုပ်ချုပ်ခွင့်ပြုရန်။ ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီး ကို မွတ်ဆလင်လူမျိုးထဲမှ ခန့်ထားရန်။
- လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန်၊ ထိုတပ်ဖွဲ့တွင် မွတ်ဆလင်ငါးဆယ်ရာခိုင်နှုန်းပါဝင်ရန်။
- ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်အပ်ထားရန်။
- တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်နှင့်တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့် ရရန်။
- မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန်။
- အစ္စလာမ် အထက်တန်းကျောင်းများနှင့် ကောလိပ်ကျောင်းများ တည်ထောင်ခွင့်ပြုရန် စသည်တို့ဖြစ်သည်။
ရခိုင်မြောက်ပိုင်းကို တောင်းဆိုရာတွင် စစ်တွေကိုပါ ထည့်သွင်းတောင်းဆိုခဲ့သည်ကို တွေ့ရသည်။ ထိုညီလာခံ၏ တောင်းဆိုချက်သည် ယနေ့ထက်တိုင်လှုပ်ရှားနေသော ဘင်္ဂါလီမွတ်ဆလင်များ၏ နိုင်ငံရေးလမ်းကြောင်းနှင့် ပင်မရည်မှန်း ချက်ပင်ဖြစ်သည်။
“မူဂျာဟစ်”အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ကနဦးကာလများတွင် အဖွဲ့၏ ရံပုံငွေအဖြစ် 1942 က ရခိုင်နှင့် အခြား တိုင်းရင်းသားများထွက်ပြေးသွားရ၍ ကျန်နေရစ်ခဲ့သည့် လယ်မြေ များကို ဘင်္ဂါလီများအား သီးစားချပေးပြီး ထိုမှရသည့် ၀င်ငွေအမြောက်အများကို အသုံးပြုသည်။ အစိုးရအမှုထမ်းများနှင့် ပူးပေါင်းပြီး၊ “အူရဒူ၊ အာရဘီ စာသင်ကျောင်းများရံပုံငွေ” ဟု အမည်ခံကာ ငွေကြေးများ ကောက်ခံခဲ့သည်။ ထိုနည်းလမ်းများဖြင့် ရရှိလာသော ရံပုံငွေများကို မြေအောက်မူဂျာဟစ် များအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာဝယ်ယူရေးတွင် အသုံးပြု ခဲ့ကြသည်။
ထိုခေတ်ကာလကတည်းက တည်ရှိဖွံ့ဖြိုးခဲ့သော အာရဗီကျောင်းများ၏ အခြေအနေနှင့် ဆောင်ရွက်မှုများကို “မောင်တောမြို့နယ်၊ အာရဗီကျောင်းများ အခြေအနေ” စာတမ်းတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်။
“1962 ခုနှစ်က အာရဗီ အထက်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ မူလတန်း ကျောင်း(၂၇၆)ကျောင်းရှိရာမှ 1980ပြည့်နှစ်တွင် အာရဗီတက္ကသိုလ် (၂)ကျောင်း၊ အထက်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း(၃၀၀)ကျော် ရှိလာသည်ကို တွေ့ရသည်။
ကျောင်းသားဦးရေမှာ 1990 တွင် အာရဗီတက္ကသိုလ် ၌ (၂၀၀)၊ အာရဗီအထက်တန်းကျောင်း၌ (၁၇၅၀)၊ အာရဗီအလယ်တန်းကျောင်းတွင်(၁၈၈၀)၊ အာရဗီမူလတန်းကျောင်းတွင် (၂၃၁၉၀)ရှိကြောင်း သိရသည်။ အဓိကသင်ကြား ပေးသည်များမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ရန်၊ ၀တ်ပြုရန်၊ အာရဗီဘာသာသင်ရန်အပြင် အာရပ်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့များ၊ အတွေးအခေါ်များကိုသာ အဓိကထားသင်ကြား ပေးသဖြင့်၊ မြန်မာအသိုင်းအ၀ိုင်းနှင့် ဝေးသည်ထက် ဝေးလာ သည်ကို တွေ့ရသည်။ ၎င်းတို့၏ ၀တ်ပုံစားပုံ၊ နေထိုင်ပြုမူဆောင်ရွက်ပုံ များမှာ မြန်မာတို့နှင့် လုံးဝမတူသကဲ့သို့၊ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လုံးဝလက်ခံ လိုစိတ်မရှိဘဲ၊ မြန်မာများနှင့်ခြားနားသော အသွင်များဖြစ်လာသည်ကို တွေ့ရသည်။ မောင်တောမြို့နယ် ရှိဘင်္ဂါလီများ မှာ ကိုယ်ပိုင်အနုပညာတေးဂီတလည်း မရှိကြောင်းတွေ့ရသည်”
မြန်မာ့မြေပေါ်တွင် ရောက်ရှိမွေးဖွားလာသော ဘင်္ဂါလီများ၏ “အမျိုးသားရေးဆက်စပ်မှု” (national sense of belonging) သည် မြန်မာနိုင်ငံထက် တစ်ဖက်နိုင်ငံကို တွယ်ဆက်ထားကြကြောင်းတွေ့ရှိရမည်ဖြစ်သည်။ 1990နှစ်ဆန်း ပိုင်း ကတည်းက စ၍် (Al-Haramain Islamis Foundation) အဖွဲ့သည် စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာများကို ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ (ဘူးသီးတောင်/မောင်းတော) က ဘာသာရေးကျောင်းများသို့လည်း ထောက်ပံ့ နေကြောင်း ခန့်မှန်း ရသည်။
ယခင်အစိုးရလက်ထက်က မြန်မာပြည်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက် (ကချင်၊ ကိုးကန့်၊ ၀၊ မိုးလား) ဒေသ တို့တွင် တရုတ်စာပေသင်ကြားပေးနေခြင်းအပေါ်၊ ကန့်ကွက်ခြင်း တားမြစ်ခြင်းများရှိခဲ့သည်။ တိုင်းရင်းသားများလည်း ယနေ့တိုင် သူတို့ကိုယ်ပိုင်တိုင်းရင်းသားစာပေများသင်ကြားခွင့်ရရှိရေးအတွက် တောင်းဆိုနေကြဆဲဖြစ်သည်ကို မြင်ကြား နေရသည်။ ထိုသို့သော အခြေအနေအောက်တွင် မောင်တောမြို့နယ်ရှိ အာရဗီကျောင်းများကိစ္စသည် ထူးခြားစွာ ဖြစ်ပေါ် တိုးတက်နေသည်ကို တွေ့ရမည်။
No comments:
Post a Comment