Tuesday, August 28, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၁)

 
by ငြိမ်းအေးအိမ် on Tuesday, August 28, 2012 at 12:00am ·
1990 ပြည့်နှစ်စာရင်းအရ မောင်တောမြို့နယ်တစ်ခုတည်းတွင်ပင်လျှင် ဗလီပေါင်းသုံးရာကျော်ရှိခဲ့သည်။ ထိုကဲသို့သောအရပ်ဒေသမျိုးတွင် အစ္စလာမ်ဘာသာ၏လွှမ်းမိုးမှု အားကြီးနေမည်မှာသေချာသည်။ ထို့ကြောင့် ဘာသာ ရေး ဆရာတတို့၏ သြဇာသည်လည်း ကြီးမားကျယ်ပြန့်ပါလိမ့်မည်။

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များ၏ လုပ်ဆောင်ချက်မှန်သမျှသည် မော်လ၀ီဆရာများ၏ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့(မော်လ၀ီဆရာများ) ဖြစ်ချင်သောဆန္ဒကို  မွတ်ဆလင် များက လိုက်ပါ အကောင်ထည်ဖေါ်နေရသည်နှင့်တူ၏။ ဘာသာရေးဖြင့် အရာရာကို ထိန်းချုပ်ထားသည့် သဘောပင်ဖြစ် သည်။ ဘူးသီးတောင်၊မောင်တောဒေသတွင်  မွတ်ဆလင်ဘာသာဝင်အမျိုးသမီးများသည်  ခေါင်းမြီးခြုံရမည်၊ ဗီဒီယို ကြည့် ခွင့်မရှိဟု မော်လ၀ီဆရာများကသတ်မှတ်ထားသည်။  ၎င်းဆရာတို့အနေဖြင့် နိုင်ငံတကာမွတ်ဆလင်များနှင့် ကွန်ယက် ဆက်နွယ်မှုရှိနေသဖြင့် သူတို့၏ စမံဆောင်ရွက်ချက်များသည် စနစ်တကျချမှတ်ထားသော စီမံကိန်းများအတိုင်း  ဖြစ်နေ  သည်။ မော်လ၀ီဆရာအချို့သည် ပြည်ပတွက်သင်တန်းအဆင့်ဆင့်တက်ပြီး ပြန်လာကြသူများဖြစ်ကြောင်းသိရသည်။

31-3-2009 မောင်တောမြို့နယ်တရားရုံး၏ အမှုအမှတ်၃၇၂ တွင် ဖေါ်ပြထားသော မော်လ၀ီဆရာများ၏ နိုင်ငံရေးနှင့် အာရဗီကျောင်းများအပေါ်ချမှတ်လုပ်ဆောင်နေသော စီမံကိန်းများကို အောက်ပါအတိုင်း တွေ့ရမည်။
မော်လ၀ီဆရာတို့သည် မြန်မာနိုင်ငံရေး၏ ရှေ့အလားအလာကိုခန့်မှန်းကာ နိုင်ငံရေးလမ်း ကြောင်းကို ချပေးခြင်းဖြင့် ၎င်းတို့လှုပ်ရှားရမည့်အခြေအနေကို စနစ်တကျတွက်ချက်ဆောင်ရွက်ခြင်း များရှိသည်ကို တွေ့ရသည်။ ၎င်းတို့အနေဖြင့် ပါတီဖွဲ့စည်းခွင့်မရှိသဖြင့် အလားအလာကောင်းသည့် ပါတီနှင့် ပူးပေါင်းရမည် ဟူသည့် သဘောကိုကြိုတင် စီစဉ်ထားပြီးဖြစ်သည်။ လူငယ်များနှင့်ပတ်သက်၍ လည်း ရိုဟင်ဂျာလူမျိုးအကြောင်းကို မွတ်ဆလင်ဘွဲ့ရဆရာများနှင့်၊ ကျူရှင်ဆရာများက တစ်နေ့လျှင် တစ်နာရီခန့် ကျောင်းသားများကို ဟောပြောရမည်ဖြစ်ကြောင်း၊ စွယ်စုံပညာသင်ကျောင်းများဖွင့်လှစ်ပြီး မိမိလူမျိုးဇစ်မြစ်ကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ကို တွေ့ရသည်။
 ဘာသာရေးအဖွဲ့များအနေဖြင့် အာဖဂန်သို့ သင်တန်းတက်သူများ၊ လက်နက်ကိုင်အဖွဲ့အနေ ဖြင့် သွားသူများ ရှိသည်ကို သိရသည်။ အဓိက ကြိုးကိုင်လှုပ်ရှားနေသူများသည် မော်လ၀ီဆရာများ ဖြစ်နေသည်ကို တွေ့ရသည်။
မော်လ၀ီများအနေဖြင့်၊ အာရဗီကျောင်းများကို အများအပြားတည်ထောင်ကာ၊ ၎င်းတို့သွားလိုသည့် လမ်းကြောင်း ကို ထိုကျောင်းများမှတစ်ဆင့် စတင် အကောင်ထည်ဖေါ်ဆောင်နေကြခြင်းဖြစ်သည်။

1948ခုနှစ် ဇွန်လတွင် “မူဂျာဟစ်အစိုးရ”အမည်တပ်ကာ ဘင်္ဂါလီ၊ အူရဒူစာတို့ဖြင့်ရေးထားသော စာရွက်စာတမ်း များဖြန့်ဝေကာ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်များရှိ မွတ်ဆလင်ဘာသာဝင်တို့ အနေဖြင့် မူဂျာဟစ်တို့ နှင့်လက်တွဲကာ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ခဲ့သည်။ မူဂျာဟစ်တို့ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာဝင် ရခိုင်ကျေးရွာများ မကြာခဏပြိုပျက်ခဲ့ရသည်။ ကျေးရွာအချို့မှာ မူဂျာဟစ်တို့လက်ချက်ကြောင့် လုံးဝပျောက်ကွယ်ခဲ့ရပြီး ရွာအမည်သာ ကျန်ရစ်တော့သည်အထိ ဖြစ်ခဲ့ရသည်။
ထိုအချိန်များက မြန်မာအစိုးရ၏ အုပ်ချုပ်မှုပိုင်းအားနည်းခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်း များတွင် မူဂျာဟစ်များ သိသိသာသာအင်အား တောင့်တင်းလာခဲ့၏။ ထိုစဉ်က ရခိုင်ပြည်နယ် ဒေသအများစုသည် မူဂျာဟစ်များနှင့် အခြားရောင်စုံသူပုန်များ၏ လက်အောက်သို့ရောက်ရှိသွားခဲ့ရသည်။

မူဂျာဟစ်တို့အား ချေမှုန်းတိုက်ခိုက်ခဲ့ရသော တိုက်ပွဲများနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦး၏ အင်တာဗျူးကိုလည်း ဖတ်လိုက်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နာယကတစ်ဦးဖြစ်သော မြန်မာ့တပ်မတော်၏ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးနှင့် VOA မှ ဦးရော်နီငြိမ်းတို့ မေးဖြေပြုလုပ်ခဲ့သော အင်တာဗျူးဖြစ်သည်။ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

ဦးရော်နီညိမ်း ။     ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။
ဦးတင်ဦး ။     ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက်မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့(ပါကစ္စတန်) ခေါင်းဆောင်တွေအားလုံးက ဒီဘက်(အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေ တဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။
သို့သော်လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင် တုန်းက (ဂျပန် ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ)တွေကလည်း ရှိနေကြတော့ သူတို့ကဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက် ဘက် ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးတော့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာသာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦးတစ်ယောက်အား မူဂျာဟစ်(Mujahid)၊ တစ်ယောက်ထက် မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahedeen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက် လိုက်တာပေါ့။
အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်လာတာကတစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံ တွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော် သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူး ချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) (သနက ၅) က သွားပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။
ဒီ သနက(၅)အတွက် လိုအပ်တဲ့ စစ်သည်အင်အားကို စစ်ရေးလေ့ကျင့်မှုအတွက် မေမြို့ (ပြင်ဦးလွင်) မှာရှိတဲ့ training depot (BATD – Burma Army Training Depot)  လေ့ကျင့်ရေး တပ်မှာ လေ့ကျင့်ပေးပြီးတော့ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြောတဲ့အတွက် အဲဒီ train (လေ့ကျင့်ရေး) လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့ အဲဒီတုန်းက အင်ဒိုနီးရှားကလာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ  ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက် သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ်တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက်ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူး တယ်။



1950ခုနှစ်တွင် “မေယုအော်ပရေးရှင်း”ချမှတ်ကာ အစိုးရက မူဂျာဟစ်ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ထိုထိုးစစ်များက ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်သူပုန်များ အင်အားကို လျှော့ချနိုင်ခဲ့သည်။

1951ခုနှစ်၊ မတ်လတွင် ရခိုင်တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကို စတင်ထိုးစစ်ဆင်ခဲ့သည်။ ထိုထိုးစစ်များ ကြောင့် မူဂျာဟစ်တို့ အရှေ့ပါကစ္စတန်သို့ ထွက်ပြေးကြသော်လည်း၊  ထိုးစစ်ရုပ်သိမ်းချိန်များတွင် ထကြွမြဲ ထကြွကြ ပြန်သည်။

1952ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် “အဗ္ဗဒူကာဆင်”ကြီးမှူးသော မူဂျာဟစ်များက မောင်တောနှင့် ဘူးသီးတောင် မြို့များရှိ အစိုးရရုံးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

1952 ခုနှစ်၊ အောက်တိုဘာလတွင်  “မေယုစစ်ဆင်ရေး” ကို ပြန်လည်စတင်သည်။ နိုဝင်ဘာလအရောက်တွင် မူဂျာဟစ်ဌာနချုပ်ရှိရာ “လက်ပန်တောင်”ကိုသိမ်းပိုက်ရမိသည်။ ထို့ကြောင့် “အဗ္ဗဒူကာဆင်”ဦးစီးသော မူဂျာဟစ်တို့ များစွာ အင်အားချိနဲ့သွားခဲ့သည်။ ထိုကာလသည် တပြည်လုံးအတိုင်းအတာအရ ရောင်စုံသောင်းကျန်းမှုများ ထကြွ နေသဖြင့် စစ်ဆင်ရေးကာလအပြီးတွင် စစ်ကြောင်းများပြန်ရုပ်သိမ်းခဲ့ရပြန်သည်။ စစ်ကြောင်း ရုပ်သွားသည်နှင့် မူဂျာဟစ် များက ယခင်အတိုင်းပင် ရခိုင်ကျေးရွာများကို ထိပါးနှောက်ယှက် အနိုင်ကျင့်ကြပြန်သည်။

1954ခုနှစ်၊နိုဝင်ဘာလတွင် ဘူးသီးတောင်နှင့် မောင်တောနယ်မြေများတွင် တပ်မတော်က “မုတ်သုန်စစ်ဆင်ရေး” ဆင်နွှဲရာ အခိုင်အမာခြေကုပ်စခန်းများကို ချေမှုန်းနိုင်ပြီး မူဂျာဟစ်ဌာနချုပ်ဖြစ်သော “မင်္ဂလာကြီး” စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ မူဂျာဟစ်ခေါင်းဆောင် “အဗ္ဗဒူကာဆင်”သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးတိမ်းရှောင်သွားရ သည်။ မူဂျာဟစ်တို့ စစ်ဦးစတင်ကျိုးချိန်ဖြစ်၏။ 1954 တွင် အင်အား 400 ခန့်ရှိသော မူဂျာဟစ်များသည် 1955 နှစ်ဦး တွင် အင်အား200 ခန့်သာရှိတော့သည်။ (1955-58)တွင် ပြောပလောက်သော အင်အားမရှိတော့ပဲ မှောင်ခို ဓားမြဂိုဏ်း သာသာဖြစ်သွားခဲ့သည်။ သို့သော် 1959ခုနှစ် သြဂုတ်လ(21)ရက်နေ့တွင်၊ မြန်မာပိုင် “တောင်ပြို”ရဲစခန်းနှင့် လူဝင်မှု ကြီးကြပ်ရေးစခန်းများနှင့် ပါကစ္စတန်လက်နက်ကိုင်(30)၊မွတ်ဆလင်အရပ်သား(168)ယောက်တို့ကို ၀င်ရောက်သိမ်းပိုက် ပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့သေးသည်။

1960 ဦးနု၏ ဖဆပလ အနိုင်ရပြီး၊ “ရခိုင်ပြည်နယ်အဆင့်”ပေးရန်လုပ်ချိန်တွင် မူဂျာဟစ်တို့၏ ရိုဟင်ဂျာ အသွင် ပြောင်းထားသည့် နိုင်ငံရေးလှုပ်ရှားမှုများစတင်လာခဲ့သည်။ “ရိုဟင်ဂျာလူမျိုးစုရာဇ၀င် အကျဉ်းချုပ်”ကို ပုံနှိပ်ဖြန့်ဝေခဲ့ သောခုနှစ်ဖြစ်သည်။  ဘူးသီးတောင် ပါလီမန်အမတ် “အဒူဂေါ်ဖော်”(ဂဖါး)က 1960၊ဧပြီ21ရက်က ရန်ကုန်တွင် ပြုလုပ်သော သတင်းစားရှင်းလင်းပွဲတစ်ခုတွင် ရခိုင်၊ ပထန်နှင့် အာရပ်တို့ သွေးနှောရာမှ ဖြစ်ပေါ်လာသော လူမျိုးသည် ရိုဟင်ဂျာလူမျိုးဖြစ်သည်ဟုလည်းကောင်း၊ ရခိုင် ဘင်္ဂါလီ၊ အူရဒူ၊ ပါရှန်၊ အာရဘီစကားများ ရောနှော၍ ဖြစ်ပေါ်လာ သော စကားသည် ရိုဟင်ဂျာစကားဖြစ်သည်ဟူ၍လည်းကောင်း ရှင်းလင်းတင်းပြေနေသော အချိန်လည်းဖြစ်သည်။  မူဂျာဟစ် လက်နက်ကိုင်များမှာမူ အမြစ်မပြတ်သေး။

No comments:

Post a Comment