|
RSO (Rohingya Solidarity Organisation)၏ ခေါင်းဆောင်ကြီးဖြစ်သည့် ယခုအခါ အင်္ဂလန်နိုင်ငံ၌ ခိုလှုံနေထိုင်သူ'မူဟာမက်(ဒ်)ယူနု(စ်)(Muhammad Yunus)'ကား နိုင်ငံတကာငလိမ်ကြီးအဖြစ် သမုတ်ရမည့်သူဖြစ်ပါသည်။ ၄င်းအား ထိုသို့သမုတ်ရခြင်းမှာ မလိုမုန်းတီး၍မဟုတ်ပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင် သမိုင်းလိမ်ဖန်တီးကာ ၀ါဒဖြန့်သည့် ယုတ်မာသော သူ့လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။
၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ဒါကာမြို့ထုတ် The Guardian ဂျာနယ်တွင် Arakan: A Depressing Scene ခေါင်းစဉ်ဖြင့် သူရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို Cover Story အဖြစ် ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရပါသည်။ ဆောင်းပါးတစ်ခုလုံးကား မိုးလုံးပြည့်မုသားများနှင့် ပြည့်လွှမ်းနေပါသည်။ ၄င်းဆောင်းပါးမှ စာသားအချို့မှာ Arakan – an independent Muslim kingdom of Southeast Asia till 1784 A.D. ဟူ၍လည်းကောင်း၊ The total population of Arakan is over four million. The Rohingya Muslims constitute nearly 70% of the total population. ဟူ၍လည်းကောင်း၊ Muslim rule in Arakan began before 1430 A.D. which continued upto 1780 A.D., when alien Burman king, Bodaw Phaya invaded and captured Arakan from the hands of Muslims. ဟူ၍လည်းကောင်း၊ Since then Muslims have been made target of genocide and extermination by racist and apartheid Burman invaders. ဟူ၍လည်းကောင်း ဖြစ်ပါသည်။
သူ ဤဆောင်းပါးအား ရေးသားသောကာလမှာ ရခိုင်ပြည်နယ် ဘင်္ဂလီလူမျိုးများ မိမိတို့ဘိုးဘွားများ၏ ဇာတိတိုင်းပြည်ဖြစ်သည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ပြဿနာတက်ကာ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နှစ်နိုင်ငံနယ်စပ် တင်းမာနေချိန်ဖြစ်ပါသည်။ ဤသို့ အခြေအနေရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ခ်ျအပါအ၀င် နိုင်ငံတကာမှ သူတို့ဘင်္ဂလီလူမျိုးများအပေါ် စာနာထောက်ခံမှုပြုကြရန်တင်ပြရင်း ထိုကဲ့သို့ရေးသားခဲ့ခြင်းပင်ဖြစ်ပါသည်။ မြန်မာ့စစ်အာဏာပိုင်များက သူတို့ဘင်္ဂလီလူမျိုးများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများရှိခဲ့ပါက သူ့အနေဖြင့် အဖြစ်မှန်ကို ရေးသားတင်ပြကာ စာနာမှုရရှိအောင် ကြိုးပမ်းနိုင်ပါသည်။ ကျွန်တော်တို့အနေဖြင့် ဘာမှပြောစရာမရှိပါ။ သို့သော် အကြံပက်စက်လှစွာဖြင့် ရခိုင်ပြည်ကို သူတို့၏ ရိုဟင်ဂျာမူဆလင်တိုင်းပြည်အဖြစ် လိမ်ညာရေးသားဖော်ပြခြင်းကိုမူကား မည်သို့မျှ သည်းခံခွင့်လွှတ်နိုင်စရာမရှိချေ။
ရခိုင်ပြည်တွင် နေထိုင်ကြီးပြင်းခဲ့ကြသည့် အစွန်းရောက်ဘင်္ဂလီ ပညာတတ်အချို့ကား ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအပေါ် ကျေးဇူးသစ္စာမဲ့လှစွာဖြင့် နိုင်ငံတကာမီဒီယာများကို အသုံးချ၍လည်းကောင်း၊ မိမိတို့ကိုယ်တိုင် စာအုပ်စာစောင်များထုတ်ဝေ၍လည်းကောင်း မူဟာမက်(ဒ်)ယူနု(စ်)ကဲ့သို့ပင် လိမ်လည်လုပ်ကြံ ၀ါဒဖြန့်နေကြသည်မှာ ယခုထိတိုင်ဖြစ်ပါသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် န၀တ-နအဖ စစ်အုပ်စုအား ပြည်သူတစ်ရပ်လုံးက စုပေါင်းတိုက်ပွဲဝင်နေကြစဉ်တွင် ဘုံတိုက်ပွဲကိုလျစ်လျှူရှုကာ " ပွဲလန့်တုန်းဖျာခင်း "လုပ်ခဲ့ကြသူများမှာလည်း ယင်းအစွန်းရောက် ဘင်္ဂလီပညာတတ်များပင်ဖြစ်ကြပါသည်။ သူတို့၏အဓိကရည်ရွယ်ချက်မှာ "ရိုဟင်ဂျာ" အမည်ခံသူတို့လူမျိုးအား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရရေးနှင့် အခြားတိုင်းရင်းသားများနည်းတူ အခွင့်အရေးရရှိရေးပင်ဖြစ်ပါသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ဘင်္ဂလီများကား ရခိုင်ပြည်ထဲတွင် နေထိုင်ခဲ့ကြစဉ်က သူတို့ ကိုယ်သူတို့ "အာရာဘင်္ဂလီ(တို့ဘင်္ဂလီ)"ဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြပါသည်။ ၄င်းတို့ ဤသို့သုံးနှုန်း ပြောဆိုကြသည်ကို ဒေသခံရခိုင်လူမျိုးများ နေ့စဉ်နှင့်အမျှ ကြားခဲ့ကြရပါသည်။ ထူးခြားလှသည်မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ရဖျူဂျီစခန်းများသို့ ရောက်ရှိသွားသည်နှင့် ၄င်းတို့အားလုံးမှာ "အာရာရိုဟင်ဂျာ(တို့ရိုဟင်ဂျာ)"များ ဖြစ်သွားကြပါသည်။ သို့သော် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်အများစုမှာမူ ယခုထိ မိမိတို့ကိုယ် ကိုမိမိတို့ " အာရာဘင်္ဂလီ "ဟုသာ ခေါ်ဝေါ်ပြောဆိုနေကြတုန်းဖြစ်ပါသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ ထင်ရှားသောစာနယ်ဇင်းများတွင် နာမည်ရှိသော "ဂျာနယ်လစ်များ"ပင် ရှေးခေတ် ရခိုင်ပြည်ကို မူဆလင်တိုင်းပြည်ဟုလည်းကောင်း၊ ၁၇၈၄ ခုနှစ်ထိ ရခိုင်ပြည်ကို မူဆလင်ဘုရင်များ အုပ်စိုးခဲ့ကြသည်ဟူ၍လည်းကောင်း၊ မူဆလင်များသည် အေဒီ(၇)ရာစုကပင် ရခိုင်ပြည်တွင် အခြေချနေထိုင်ခဲ့ကြသည်ဟူ၍လည်းကောင်း၊ တချို့ဆှိုလျှင် ရခိုင်လူမျိုးများပင် ရိုဟင်ဂျာလူမျိုးများထက် နောက်ကျမှ ရခိုင်ပြည်သို့ ၀င်ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟူ၍လည်းကောင်း " ရိုဟင်ဂျာ "အမည်ခံသူများ၏ ၀ါဒဖြန့်ချက်အတိုင်း တသဝေမတိမ်း ရေးသားကြသည်ကို မဖတ်ချင်အဆုံး တွေ့ရှိနေရပါသည်။
ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းကဲ့သို့ သမိုင်းပညာရှင်များက ရိုဟင်ဂျာအမည်ခံ အရှက်မဲ့သူများ၏ သမိုင်းလိမ်ဝါဒဖြန့်မှုများအပေါ် ပိုင်ပိုင်နိုင်နိုင် ထောက်ပြရှင်းလင်းခဲ့ကြရာ ၄င်းပုဂ္ဂိုလ်များအား အစွန်းရောက်ရခိုင်အမျိုးသားဝါဒီများဟု လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အာပေးထောက်ခံသူများအဖြစ်လည်းကောင်း အမျိုးမျိုးကင်ပွန်းတပ်ကာ ပုတ်ခတ်စော်ကားမှုများ ပြုလုပ်ခဲ့ကြသည်မှာ သြနှလုံးနာစရာ ကောင်းလှပါသည်။
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကား ပြည်တွင်းတွင်နေထိုင်သူဖြစ်စေ၊ ပြည်ပတွင်ရောက်ရှိနေသူဖြစ်စေ၊ လက်နက်ကိုင်သူဖြစ်စေ၊ လက်နက်မကိုင်သူဖြစ်စေ သူတို့ကို " ရိုဟင်ဂျာ "အမည်ဖြင့် တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုရေးအတွက် နည်းမျိုးစုံကိုသုံးကာ ၀ါဒဖြန့်နေကြသည်မှာ မကြားချင်၊ မမြင်ချင်အဆုံးပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုဟုတ်လှပြီဟု သွေးနထင်ရောက်နေကြသည့် ပါးရည်နပ်ရည်မရှိသော မီဒီယာသမားတစ်ချို့နှင့် အမှန်တရားကို ဆန်းစစ်ရှာဖွေမှု အားနည်းလှသော မဟာဂရုဏာရှင်များအဖြစ် မိမိတို့ကိုယ်ကိုမိမိတို့ ယူဆနေကြသည့် လူ့အခွင့်အရေး လိုက်ပါဆောင်ရွက်သူတချို့ကား လူ့အခွင့်အရေး အရေခြုံဘင်္ဂလီတို့၏ အသုံးချခံများဖြစ်နေကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး ကင်တားနားလို ပုဂ္ဂိုလ်များပင် အမှားအမှန်ပိုင်းခြား ဝေဖန်မှုမရှိဘဲ ရိုဟင်ဂျာအမည်ခံသူများဖက်မှ ဖက်လိုက်ရပ်တည်ကာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်သော ပြောဆိုဝေဖန်မှုများကို အားမနာတမ်း ပြုလုပ်ခဲ့ပေသည်။ သူ့အား အခြားသမာသမတ်ရှိမည့်သူတစ်ဦးနှင့် အစားထိုးပေးရန် မြန်မာ့နိုင်ငံရေးသမားများက ကုလသမဂ္ဂထံ စာရေးသားတောင်းဆိုခဲ့ကြသည်မှာ အလွန်အမြော်အမြင်ကြီးမားသော အမျိုးသားရေးလုပ်ရပ် တစ်ခုပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂလီအခြေချ နေထိုင်သူများကိစ္စ ယခုကဲ့သို့ ရှုပ်ထွေးလာရသည်မှာ အဓိကအားဖြင့် မြန်မာ့အာဏာပိုင်အဆက်ဆက်၏ မိမိတို့အာဏာ တည်မြဲရေးအတွက်သာ အာရုံစူးစိုက်ကြခြင်း၊ နယ်စပ်လုံခြုံရေးကို အလေးထားဆောင်ရွက်မှုမရှိခြင်း၊ မြန်မာနိုင်ငံအနောက်ဖက်နယ်စပ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသူ ၀န်ထမ်းအများစု၏ အကျင့်ပျက်လာဘ်စားကြခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ ရခိုင်ပြည်ထဲသို့ ဘင်္ဂလီများအား တံခါးမရှိ၊ ဓါးမရှိ ၀င်ထွက်သွားလာခွင့်ပြုခဲ့သော ဗြိတိသျှတို့မှာလည်း ဤကိစ္စတွင် တာဝန်မကင်းလှချေ။
ဦးနုအစိုးရ၏ ဘင်္ဂလီအခြေချနေထိုင်သူများအပေါ် အထူးအခွင့်အရေးပေးကာ ရခိုင်လူမျိုးများအပေါ် နိုင်ငံရေးကစားခဲ့ခြင်းမှာလည်း မြန်မာနိုင်ငံအနောက်ဖက်၌ လက်ရှိအနေအထားသို့ရောက်အောင် တွန်းပို့ပေးခဲ့သည့် အချက်တစ်ခုဖြစ်ပါသည်။ ရခိုင်လူထု၏ဆန္ဒအရ ရတညပါတီက ရခိုင်ပြည်နယ်ပေးရန် တောင်းဆိုမှုအပေါ် ဘင်္ဂလီများမှ ကန့်ကွက်ခြင်း၊ ရခိုင်ပြည်နယ်ပေးပါကလည်း ပြည်နယ်အကြီး အကဲနှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသည် ရခိုင်တစ်လှည့်၊ သူတို့တစ်လှည့်ဖြစ်ရမည်ဟု တောင်းဆိုခြင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအား သူတို့အတွက် သီးခြားခရိုင်သတ်မှတ်ပေးပြီး ပြည်မအုပ်ချုပ်မှုအောက်တွင်ထားရှိရန် တောင်းဆိုခြင်းများကား အာဏာရပဆပလအဖွဲ့ချုပ်၏ အမြော်အမြင်မဲ့ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော ရလာဒ်ဆိုးများပင်ဖြစ်ကြပါသည်။
၁၉၄၂ခုနှစ် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းဖြစ်ခဲ့စဉ်က ရခိုင်လူမျိုးအမြောက်အများမှာ သွေးအေးအေးဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ကြရပြီး အများအပြားမှာမူ နတ်မြစ်ကိုဖြတ်ကျော်ကာ အင်္ဂလိပ်ပိုင်နက်နယ်မြေသို့ အသက်လုထွက်ပြေးခဲ့ကြရပါသည်။ တိုင်းပြည်ပြန်လည် အေးချမ်းသောအခါ ဒီနာစပူရ် ဒုက္ခသည်စခန်းမှ ရခိုင်လူမျိုးများအား ပြန်လည်ယူဆောင်လာခဲ့သော်လည်း မိမိတို့ဒေသများတွင် ပြန်လည်နေရာချထားပေးခြင်း မပြုခဲ့ချေ။ ရခိုင်လူမျိုးများ ထွက်ပြေးသွားကတည်းက ရခိုင်လူမျိုးများ၏ ရပ်ရွာ များတွင် ဘင်္ဂလီများ ၀င်ရောက်နေထိုင်ခဲ့ကြရာ ထိုရပ်ရွာများရှိ အိမ်ရာများမှာ အလိုအလျောက် ဘင်္ဂလီများပိုင် ဖြစ်နေပါသည်။ ထို့အတူ ထိုရပ်ရွာများရှိ ရခိုင်လူမျိုးများပိုင်ဆိုင်သော လယ်ယာများနှင် ဥယျာဉ်ခြံမြေများမှာလည်း ဘင်္ဂလီများအပိုင် ဖြစ်နေပါသည်။ ဘင်္ဂလီများကား အဖိုးအခတစ်စုံတစ်ရာမပေးရဘဲ အဆိုပါရပ်ရွာများတွင် မြေရှင်လယ်ရှင်များ ဖြစ်နေကြပါသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မူဂျာဟစ်သောင်းကျန်းသူများက ရခိုင်အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊ ရခိုင်ရပ်ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရခိုင်လူမျိုးများအား နှိပ်စက်သတ်ဖြတ်ခြင်းများကို ပြုလုပ်ကျူးလွန်ခဲ့ကြရာ ရခိုင်လူမျိုးများအဖို့ အနောက်ဖက်နယ်စပ်ဒေသ၌ ဆက်လက်မနေရဲကြတော့ဘဲ ဒုတိယအကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဤသို့ဖြင့် ထိုဒေသတွင်း ရခိုင်နှင့်ဘင်္ဂလီ လူဦးရေအချိုးအစား မညီမျှမှုမှာ ပိုမိုကြီးထွားခဲ့ရပါသည်။ နှစ်ပေါင်းခြောက်ဆယ် ကျော်လာသည့်တိုင် မြန်မာအစိုးရ အဆက်ဆက်အနေဖြင့် ရခိုင်လူမျိုးတို့ ဇာတိချက်ကြွေ မွေးရပ်မြေများမှ နေရာပြောင်းရွှေ့သွားခဲ့ကြရသည်ကို တစ်စုံတစ်ရာ အရေးတယူဆောင်ရွက်ခြင်းမရှိသေးချေ။ ၁၉၇၈ ခုနှစ်က ဘင်္ဂလီများ ထွက်ပြေးတိမ်းရှောင်သွားစဉ်ကလည်း ထိုနေရာများအား မူလပိုင်ရှင်များလက်သို့ ပြန်ပေးရန် အစီအစဉ်မလုပ်ခဲ့ပေ။ ပြန်လည်ဝင်ရောက်လာသော ဘင်္ဂလီများကိုသာ ယင်းဒေသများတွင် ပြန်လည်နေရာချပေးခဲ့ပါသည်။
လွန်ခဲ့သည့်ဇွန်လအတွင်း ဘင်္ဂလီအကြမ်းဖက်လူအုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်ခြေများအား မီးရှို့ဖျက်ဆီးကာ အားကိုးရာမဲ့ဖြစ်နေကြသော ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို လူတိုင်းကြားသိပြီး ဖြစ်ကြပါသည်။ ဘင်္ဂလီလူယုတ်မာများကား ၁၉၄၂ ခုနှစ်ကလည်း ဤအတိုင်းပင် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ဘင်္ဂလီများအနေဖြင့် ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအပေါ် နောက်နောင် ထိုကဲ့သို့ မကျူးလွန်ရအောင်နှင့် မကျူးလွန်ရဲအောင် လက်ရှိအစိုးရအနေဖြင့် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်ရန် ယခုအခါ အခြေအနေက တောင်းဆိုလျှက်ရှိနေပါသည်။
ကျွန်တော့်အနေနှင့်မူ အောက်ပါအချက်များအား အပူတပြင်း အကောင်အထည်ဖော်ရန် လိုအပ်လှသည်ဟု မြင်ပါသည်။
၁။ လုံလောက်သောလုံခြုံရေးအစီအမံချမှတ်ဆောင်ရွက်ရေး
(က) ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ရခိုင်အပါအ၀င် ဒေသခံများနေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် လုံလောက်သော လုံခြုံရေးစခန်းများ တိုးချဲ့ချထားရန်။
(ခ ) ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒေသခံများဖြင့် ပြည်သူ့စစ်ဖွဲ့စည်းပြီး မိမိကိုယ်ကိုကာကွယ်ရေး အစီအစဉ်များ ပြုလုပ်ပေးရန်။
(ဂ ) ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများဖြင့် ဖွဲ့စည်းထားသော(သို့မဟုတ်)ရခိုင်လူမျိုးအများစုပါဝင်သော နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ ဖွဲ့စည်းပေးရန်။
၂။ အခြေချနေထိုင်သူဘင်္ဂလီများအား ပြန်လည်နေချထားရေး
(က) ဘင်္ဂလီများအား စနစ်တကျစိစစ်ပြီး ခိုင်လုံသောအထောက်အထားရှိသူများနှင့် အထောက်အထားမဲ့သူများဟူ၍ ခွဲခြားနေရာ ချထားပေးရန်။
(ခ ) ဘင်္ဂလီများအား တစ်နေရာတည်းတွင် စုပြုံမထားဘဲ နေရာအလိုက် လူဦးရေကန့်သတ်ပြီး ပြန်လည်နေရာချထားပေးရန်။
(ဂ ) ထွက်ပေါက်ဝင်ပေါက်ကောင်းသည့် မြစ်နား၊ ပင်လယ်နားဒေသများ၌ ၄င်းတို့အား နေရာချထားမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်။
(ဃ) အထောက်အထားမဲ့သူ ဘင်္ဂလီများအား လိုအပ်သလိုအရေးယူသွားရန်။
၃။ လူဦးရေအချိုးအစား မျှတအောင်ဆောင်ရွက်ရေး
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရခိုင်လူမျိုးလူနေရပ်ရွာများ ပြန်လည်ထူထောင်ပေးရန် (အထူးသဖြင့် ၁၉၄၂ ခုနှစ်ကတည်းက ရခိုင်ရပ်ရွာများတွင် နေထိုင်ကြသူဘင်္ဂလီများအား သင့်တော်သည့်နေများတွင် နေရာချပေးကာ ရခိုင်လူမျိုးများ အား ထိုနေရာများတွင် ပြန်လည်နေရာ ချထားပေးရန်)
၎။ မြေယာပိုင်ဆိုင်ခွင့်ပြုရေး
ရခိုင်လူမျိုးများပိုင် အိမ်မြေများ၊ လယ်ယာမြေများအား ရခိုင်လူမျိုးများလက်ထဲပြန်ပေးရန်။
အထက်ဖော်ပြပါအစီအစဉ်များ ချမှတ်ဆောင်ရွက်ပါမှ လုံခြုံရေးအာမခံချက်ရရှိကာ ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအဖို့ မိမိတို့ဘိုးဘွားပိုင် ဇာတိချက်ကြွေမွေးရပ်မြေများ၌ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ ဘင်္ဂလီအရေး၊ နောင်မအေး မဖြစ်ရလေအောင် ရခိုင်တို့၏အနာဂါတ်အား ရခိုင်လူမျိုးများကိုယ်တိုင် ဖန်တီးနိုင်ကြပါစေ။
ကိုးကားချက်
၁။ ဆရာခိုင်မျိုးစောင့်၏ "ပါလီမန်ခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင်တောအခြေအနေစာအုပ် (တိုကျို၊ ဂျပန်၊ ၂၀၁၀)
၂။ မိခင်ကြီး၏ ကိုယ်တွေ့အတွေ့အကြုံ ပြောပြချက်များ
( From Arakan Times )
No comments:
Post a Comment