Friday, August 24, 2012
နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သတင်းသုံးသပ်ချက်အား ဆန်းစစ်ခြင်း
by Won Thar Nu on Saturday, August 25, 2012 at 5:17am ·
သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် အဘယ်ကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း
သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာကို ပြည်သူ့ လွှတ်တော်သို့  ပေးပို့သည်ဆိုသောအခါ ပြည်သူ့ လွှတ်ကိုယ်စားလှယ်များကပင် ချီးကျူးထောပနာပြု၍ လက်ခံကြရသည် ။ မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး အာဏာပိုင်အကြီးအကဲ၏ သ၀ဏ်လွှာဆိုသည်မှာ နိုင်ငံတော်ကို မည်သို့ မည်ပုံ ပေါ်လစီများဖြင့် ချမှတ်အကောင်အထည် ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာခြင်းဖြစ်သည်။ တနည်းအားဖြင့် သမ္မတ၏ စကားသည် အမိန့်ဥပဒေဖြစ်သည်။ ၎င်းစကားကို စာစီပြီး ထုတ်ပြန်ခြင်း ၊ သ၀ဏ်လွှာများ ရေးသားခြင်းဆိုသည်မှာ လက်ရှိအစိုးရ၏ တည်ဆဲဥပဒေများနှင့် ပါတ်သက်၍ မည်သို့မည်ပုံ အကောင်အထည် ဖေါ်ဆောင်မည် ဆိုသည်ကို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအား ချပြခြင်းဖြစ်သည်။
အမေရိကပြည်ထောင်စုတွင် အပါတ်စဉ်တိုင်း သမ္မတ အိုဘားမားက ပြည်သူတရပ်လုံးကို ရေဒီိယိုရုပ်မြင် သံကြားမှ မိန့်ခွန်းပြောနေသည်။ မီဒီယာများကလည်း သမ္မတကိုပါ အင်တာဗျူးများ ပြုလုပ်နေသည်ကို ရေဒီယိုရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်နေသသည် ။ အတိုက်အခံပါတီမှ လူထုလူတန်းစားများနှင့် စာရေးဆရာများ ၊ ပါမောက္ခများ ၊ အသိပညာရှင်များ ၊ လမ်းဘေးဈေးသည်များကအစ တက္ကစီသမားများအထိ သမ္မတ၏ မိန့် ခွန်းနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးကြသည်ကို တလေးတစား ထုတ်လွှင့်ပြသနေပါသည် ။
ကျွန်တော်ပြောချင်သည်မှာ နိုင်ငံတော်သမ္မတကြီး၏ သူပြောဆိုလိုသော နုတ်ထွက်စကားကိုသော်၎င်း ၊ သူ၏သ၀ဏ်လွှာများကို၎င်း တာဝန်ခံမှု ရှိစေခြင်းကို ဆိုလိုရင်းဖြစ်သည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အထူးကောင်းမွန် ကျက်သရေရှိလှသော သ၀ဏ်လွှာဖြစ်သည် ။ သို့သော် သမ္မတကြီး၏ သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါသုံးသပ်ချက်ဆိုသည်ကို ထုတ်ပြန်ခြင်းဆိုသည်မှာ သမ္မတကြီး၏ သ၀ဏ်လွှာကို မျက်နာအိုးမဲ သုတ်လိုက်စေခြင်းဖြစ်သွားရပြီ ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသ၀ဏ်လွှာနှင့် ပူးတွဲပါသုံးသပ်ချက်စာတမ်းကို ပြည်သူ့ လွှတ်တော်တွင် မဖတ်ကြားစေရလောက်အောင် တားမြစ်ခံရခြင်း ၊ မှတ်တမ်းမတင်စေရခြင်းမှာ လွန်စွာရုပ်ဆိုးစေပါသည်။  သို့သော် မည်သူမျှ မတတ်နိုင်ကြတော့ပါ ။ မိရိုးဖလာရိုးရာ စကားအတိုင်း သုံးရမည့် ဝေါဟာရဖြင့် ဆိုရလျှင် မည်သူမပြုမိမိမှု ဖြစ်သွားရခြင်းပင် မဟုတ်ပါလား ။
ရခိုင်လူမျိုးများ၏ အခြေအနေဆိုသော သုံးသပ်ချက်တခုမှာ ပြည်တွင်းပြည်ပက ရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ယခုပြသနာများ ဖြစ်ပွါးရခြင်းဟု သုံးသပ်ထားသည်ကို တွေ့ ရသည် ။ ဤအချက်နှင့် ပါတ်သက်၍ ကျွန်တော်မပြောလိုသော်လည်း မပြောမဖြစ်သည့် အချက်အလက်တခုကို ပြောပြခွင့်ပြုစေချင်ပါသည်။ ရမ်းဗြဲမြို့ နယ်မှ သပြေချောင်းကျေးရွာသူ မိန်းခလေးအား မုဒိမ်းကျင့် သတ်ဖြတ်မှုကို ပြည်ပကရခိုင်လူမျိုးများ သိရှိကြသည်မှာ ပြည်တွင်းမှ သတင်းဓါတ်ပုံများ၊ အင်တာနက်ပေါ်သို့ ရောက်လာခြင်းကြောင့် ဖြစ်သည်။ ၎င်းဓါတ်ပုံသတင်းကို ကျွန်တော်တို့ ရခိုင်ဘာသာဝက်ဆိုက်တစ်ခုဖြစ်သော လေးဝတီမှ နယ်ခံသတင်းထောက်မှတဆင့် အများပြည်သူ သိစေရန်အလို့ငှာ တင်ပေးခြင်းသာဖြစ်သည် ။ ရမ်းဗြဲမြို့ နယ်တွင် ဖြစ်ပျက်သွားစေခြင်းကို ပိုမိုကြီးထွားစေရန် သွေးထိုးလှုံ့ဆော်ခြင်းမရှိဘဲ ပြည်တွင်းမှ လာသော သတင်းဖြစ်ရပ်မှန်ကို အရှိကို အရှိအတိုင်း တင်ပြပေးခြင်းဖြစ်သည် ။ သို့သော် တောင်ကုတ်မြို့ တွင် ဖြစ်ပွါးသွားသော လူသတ်မှုတွင်မူ ၀ံသာနုရက္ခိတအဖွဲ့ မှ ၎င်းဓါတ်ပုံများကို တောင်ကုတ်မြို့ ၌ ဖြန့်ဝေခဲ့ကြရာ ဤပဋိပက္ခမှာ လေးဝတီသတင်းဋ္ဌာန၏ သတင်းကြောင့်ဖြစ်သည်ဟု တရားရုံးတွင် ရဲမှ အမှုဖွင့်တိုင်ကြားသည်ဟု သိရှိရသည်။ ယင်းသို့  စွပ်စွဲခြင်းမှာ ၎င်းအမျိုးသမီးငယ်၏ ဓါတ်ပုံသတင်းတွင် လေးဝတီဆိုသော နာမည်စာတမ်းကို ဖေါ်ပြထားသောကြောင့်ဖြစ်သည်ဟု ဆိုသည် ။
၎င်းစွပ်စွဲချက်မှာ မည်သို့မျှယုတ္တိ ယုတ္တာမကျချေ ။
ပြည်တွင်းတွင် ဖြန့်ဝေနေသော သတင်းဓါတ်ပုံမှာ ပလူပျံ သြတိုက်ရှိနေပြီးမှပြည်ပသို့  ထွက်ကျလာခြင်းဖြစ်သည်ကို လူတိုင်း နားလည်သည်။ ပြီးနောက်ပြည်တွင်းတွင် ဖြစ်ပျက်နေသော အမှုအခင်းကို ပြည်ပက သတင်းဌာနတို့က လက်လှမ်းမှီသမျှတင်ပေးခြင်းမျှသာဖြစ်သည်။ သတင်းဝက်ဆိုက်ပေါ်တွင် တင်ပေးသော်လည်း ပြည်တွင်းမှ လူတိုင်းသည် ယင်းသတင်းများကို မကြည့်ရှုနိုင်ကြပေ။ အရေးကြီးဆုံးပြဿနာတခုမှာ ၎င်းဓါတ်ပုံသတင်းနှင့် ဖြစ်စဉ်တခုလုံးကို မည်သူကဖြန့်ဝေခဲ့သနည်း ဆိုသည့်အချက်က ကွင်းဆက်စဉ်းစားစရာများ ဖြစ်ပါသည် လေးဝတီသတင်းဌာနက ၎င်းသတင်းကိုတင်ပေးသလို အခြားသော သတင်းဌာနများကလည်း တင်ပေးခဲ့ကြသည် ။ သို့သော် ၎င်းသတင်းဌာန၀က်ဆိုက်များကို မည်သို့မျှ
ထုတ်ဖေါ်ပြောဆိုပြစ်တင်ဝေဖန်ခြင်း မရှိပဲ ရခိုင်လေသံနှင့် ရခိုင်စာပေဖြင့် ရေးသားနေသော လေးဝတီသတင်းဌာနကိုမှ စွပ်စွဲတင်ပြသည်မှာ များစွာ စဉ်းစားစရာဖြစ်သည်။ တစ်ခုတော့ ရှိသည် ။ လေးဝတီသတင်းဌာနဖြစ်ဖြစ် အခြားမည်သည့် သတင်းဌာနဖြစ်ဖြစ်
ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော သတင်းများကို တင်ပေးလွှင့်ထုတ်ပေးကြသောအခါ ခုတ်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ ၊ သေအောင်ရိုက်ကြ ၊နေအိမ်များကို မီးရှို့ကြ ၊ မုဒိမ်းကျင့်ကြ ၊ လုယက်ကြဟု မည်သူမျှ တိုက်တွန်း သွေးထိုး လှုံ့ ဆော်ခဲ့ခြင်းမရှိသည်ကို လူတိုင်းသိရှိကြပါသည်။ ထို့ ကြောင့် သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပတ်သက်၍ ပူးတွဲပါ ရခိုင်ပြည်နယ်နှင့် ပါတ်သက်ပြီး သုံးသပ်ချက်ပါ ပြည်ပမှရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ဆော်မှုရှိသည် ဆိုသော အချက်အလက်ကို မဟုတ်မမှန်၍ အလေးအနက် ကန့်ကွက်ပါသည် ။
ထို့ ကြောင့် ပဋိပက္ခဖြစ်ပွါးသော ပြည်သူများ၏ အခြေအနေများနှင့် ပတ်သက်၍သုံးသပ်ချက်ပါ  (က) နိုင်ငံရေးပါတီများ ၊ သံဃာအချို့ နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အမင်းမြင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာတိုက်ခိုက်လိုစိတ်ဖြင့် လှုံ့ ဆော်ဆောင်ရွက်လျှက်ရှိရာ နိုင်ငံတော်အတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀န်းသို့ ပါချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိခြင်းဆိုသော အချက်ကို လုံးဝဆန့်ကျင်ကြောင်းနှင့် လုံးဝမှားယွင်းသောအမြင်ဖြစ်ပြီး ပဋိပက္ခများကိုသာ ဆက်လက်ဖြစ်စေသွားအောင် ဖန်တီးထားသည့် သုံးသပ်ချက်များသာဖြစ်နေသည် ဟုဆိုချင်ပါသည် ။
(ခ)  အချက်အလက်၌ နိုင်ငံအနှံ့အပြားတွင် နေထိုင်သူ ဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အမြဲမပြတ် လုပ်ဆောင်လျှက် ရှိသည်ဟု သုံးသပ်ရေးထားသည်မှာ အလွန်တရာ အောက်တန်းကျပြီး နိုင်ငံတော် သမ္မတကြီး၏ သ၀ဏ်လွှာနှင့် ပူးတွဲထည့်ပြီး တင်ပြစေသည်မှာ လွန်စွာ သိက္ခာမဲ့လွန်းလှပါသည် ။ ရခိုင်လူမျိုးတို့ မှာ ဗုဒ္ဓဘာသာဝင်လူမျိုးများဖြစ်၍ ရန်လိုစိတ်များ ၊ မနာလိုစိတ်များ ၊ ငြူစူမှုများသာ ရှိနေခဲ့လျှင် ယခုအထိ ဘင်္ဂလီမူဆလင် လူမျိုးများ လူဦးရေများပြားလာခြင်းကို လက်မခံဘဲ ကန့်ကွက်တားမြစ် ပြောဆိုနေမည်သာဖြစ်သည် ။ ရခိုင်လူမျိုးတို့က သူတို့နယ်မြေတွင် ဖြစ်ချင်သလို ဖြစ်နေကြသော ၎င်းလူမျိုးများ၏ လူဦးရေပွားများခြင်းနှင့် နယ်မြေများ ချဲ့ ထွင်နေခြင်းမှာ အစိုးရ၏ တာဝန်သာဖြစ်သည်ဟု ခံယူကာ မသိမသာ နေပေးနေကြခြင်းဖြစ်သည် ။ ယခုအရေးအခင်းမှာ ရမ်းဗြဲမြို့နယ် နှင့် တောင်ကုတ်မြို့ မှ စတင်ခဲ့ပြီး မောင်တောမြို့ မှ ဘင်္ဂလီမူဆလင် လူမျိုးတို့ ၏ ရမ်းကားခြင်းမှ ရခိုင်ပြည်နယ် တခုလုံးကို ပြန့်နှံ့ သွားခြင်းဖြစ်သည် ။ ဤပြသနာ၏ အဓိကမှာ ရခိုင်လူမျိုးများကစတင် ဖန်တီးသော အခြေအနေမဟုတ်ကြောင်း ကမ္ဘာကြီးကပါ သိရှိထားပြီးဖြစ်သည် ။ ထို့ ကြောင့် ဤအချက်ပါ စွပ်စွဲချက်မှာ တဖက်သတ် စွပ်စွဲခြင်းသာဖြစ်၍ နောင်ဖြစ်ပွါးစေမည့် ပဋိပက္ခအတွက် မီးဇာတပ်ဆင်ထားခြင်းမျိုးသာ ဖြစ်ပါကြောင်း တင်ပြလိုသည် ။
(ဂ) ဤအချက်ပါသုံးသပ်ချက်မှာ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်၏
အကျိုးစီးပွားကို ဖေါ်ဆောင်ခြင်းမပြူ ၊ ကာကွယ်စောင့်ရှောက်ခြင်းကို မပြု ၊ သယံဇာတများကို အစိုးရမှ ယူငင်သုံးစွဲခြင်းသာ ရှိသည်ဟု စွပ်စွဲခြင်း ၊ ၎င်းမှာ တိုင်းရင်းသားလူမျိုးများ ချစ်ကြည်သွေးစည်းရေးကို
ပျက်စီးစေခြင်းဖြစ်သည်ဟု ဆိုကာ ရခိုင်လူမျိုးများအား တုန့်ပြန်တိုက်ခိုက် သုံးသပ်ထားသည်ကို တွေ့ ရသည် ။ ဤအချက်အလက်မှာ ခေတ်အဆက်ဆက် အစိုးရတို့ ရခိုင်ပြည်နယ်ကို ရစရာမရှိ၊အဖက်ဖက်မှယိုယွင်းအောင် အုပ်စိုးခဲ့သောကြောင့် တန်းတူအခွင့်အရေးမရှိခြင်း ၊  သယံဇာတ မြေပေါ်မြေအောက် ရေပေါ်ရေအောက်များမှ
ထွက်ရှိသော သဘာဝဓာတ်ငွေ့များ၏ အကျိုးကျေးဇူးများကို မခံစားရခြင်းအပေါ်တွင် လူလိုသူလို လူတန်းစေ့ နေနိုင်အောင် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုနေကြခြင်းဖြစ်သည် ။ ၎င်းကဲ့သို့ တောင်းဆိုချက်မှာ
တိုင်းရင်းသားချစ်ကြည်သွေးစည်းရေးကို ပျက်ပြားစေသည်ဟု သုံးသပ်သူမှာ သူခိုးက လူဟု ပြန်လည်ဟစ်သော သူများလို ဖြစ်နေသည် ။ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဒဏ်ကို ရခိုင်လူမျိုးတို့  ခံစားပြီး ဘင်္ဂလားပင်လယ်အော်မှ ရရှိသော အမေရိကန် ဒေါ်လာငွေများကိုမူ အုပ်ချုပ်သူ အစိုးရ - ( သမ္မတ အပါအ၀င် ဗိုလ်ချုပ်ကြီး၊အစိုးရအရာရှိကြီးများ၊၎င်းတို့၏လက်ဝေခံများ) -ကသာ ခံစားစေသည်ဟု ဆိုလျှင်
ကာယကံရှင်များဖြစ်သော ရခိုင်တိုင်းရင်းသားများ၏ တောင်းဆိုချက်မှာ အမှားအယွင်းတစ်စုံတစ်ရာမရှိ၍ အဆိုပါစွပ်စွဲ သုံးသပ်ပြောဆိုချက်ကို ရှုတ်ချပါကြောင်း ထပ်လောင်း ပြောလိုသည် ။
(ဃ) အချက်လက်ပါအရ နယ်စပ်ဖြတ်ကျော်ပြီး လူများခိုးဝင်မှုကို တရားဝင်ဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ လာဘ်စားမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲမှုအချို့ရှိသည်ဟု သုံးသပ်ထားခြင်းမှာ  ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်များ၏ လာဘ်စားမှုကြောင့်သာ ဖြစ်သောကြောင့် ဤရွေ့ဤမျှ လူဦးရေ များပြားနေခြင်းဖြစ်သည် ။ ခိုးဝင်သောသူများများမှာ ဒေသခံ
ဌာနေတိုင်းရင်းသားများထက် အိမ်ထောင်ဖက်ဦးရေများပြားခြင်း၊သားဆက်ခြားမှုမရှိခြင်းတို့ကြောင့် လူဦးရေ များပြားလာရာ ၎င်းအချက်ကို စွပ်စွဲမှု တချို့ ရှိသည်ဟု သုံးသပ်ထားခြင်းမှာ ရခိုင်နိုင်ငံရေးပါတီများ ၊
ရခိုင်လူမျိုးများကို ဘင်္ဂလီမူဆလင်လူမျိုးနှင့် တဖက်လှည့်၍ ပဋိပက္ခကိုကြီးထွားစေအောင် ပြုလုပ်ထားခြင်းဖြစ်သည် ။ စင်စစ်အားဖြင့် ခေတ်အဆက်ဆက်တွင် ဤပြဿနာကို အစိုးရဌာနများကသာ လာဘ်စားပြီး မီးမွှေးထားခြင်းသာဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာကို လေ့လာလိုက်စားသူတိုင်း သိရှိနားလည်ကြသည် ။
(င) အချက်အလက်တွင် ကြံ့ ဖွံ့ပါတီမှ မဲအနိုင်ရရှိရေးကို မျှော်ကိုးပြီး ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂလီမူဆလင်လူမျိုးမျာအား မသင့်လျှော်စွာ ဆောင်ရွက်ပေးခြင်းရှိသည်ဟု သုံးသပ်ပြထားရာ ဤအချက်မှာ
သူတို့ အစိုးရ၏ ကြံရာပါ ဖွားဖက်တော် ကြံ့ဖွံ့ပါတီ၏ ဆောင်ရွက်ချက်များသာဖြစ်သည် ။  ဤအချက်ကို သံသယအငြင်း ထုတ်စရာမလို ။ လွှတ်တော်အထဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး မဟုတ်သော
ဘင်္ဂလီမူဆလင် ( ဦးရွှေမောင် ၊ ဦးအောင်ဇော်ဝင်း အပါအ၀င် အခြား ) လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းဖယ်ရှားပေးရန် တင်ပြထားပြီးဖြစ်သည် ။  အတိအကျ မှန်ကန်နေသော အကြောင်းအရာများကို လက်ပူးလက်ကြပ်မိထားပါလျှင်နှင့် လွှတ်တော် ညီလာခံတွင် ၎င်းကိစ္စကို ထိရောက်စွာ မကိုင်တွယ်ဘဲ ဘင်္ဂလီမူဆလင်လူမျိုးများနှင့် ရခိုင်လူမျိုးများအား ပဋိပက္ခများကို ဆက်လက်ဖြစ်ပွားစေရန် ယခုကဲ့သို့ သုံးသပ်ခြင်းသာ ဖြစ်သည်ဟု ထောက်ပြလိုပါသည်။
(စ) အချက်အလက်တွင် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘင်္ဂလီမူဆလင်များအား ဖြစ်လာနိုင်သည့်အခြေအနေကို နားလည်လက်ခံခြင်း မရှိကြောင်း တွေ့ ရသည်ဟု သုံးသပ်ထားရာ ဤသုံးသပ်ချက်ကို ပြုစုရေးသားသူမှာ ကုလားရခိုင် အဓိကရုဏ်းကို ဆက်လက်ဖြစ်ပွါးစေလိုသည့် ရည်ရွယ်ချက်ဖြင့် သုံးသပ်ထားခြင်းဖြစ်သည်ဟု ပြောချင်သည် ။ အကြောင်းမှာ နယ်စပ်ဖြတ်ကျော်
ခိုးဝင်လာသော ဘင်္ဂလီမူဆလင်လူမျိုးများကို နယ်စပ်ဖြတ်ကျော် ခိုးဝင်၍ဖြစ်စေ ၊လာဘ်ငွေများဖြင့် နိုင်ငံသားဖြစ်စေ ဘယ်လိုပင် အသိအမှတ် ပြုဆောင်ရွက်စေကာမူ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများက လက်ပိုက်ကြည့်နေရုံမှအပ ဘာမျှ လုပ်ကိုင် ဆောင်ရွက်နိုင်သူမဟုတ် ။ အာဏာရှိသူမဟုတ် ။ လက်ခံခြင်း မခံခြင်း ဆိုသည်မှာ ဥပဒေကို လိုသည့်အခါ တမျိုး ၊ မလိုသည့်အခါ တမျိုး ပြုလုပ်နေသော အစိုးရ၏ လက်ထဲမှာသာ ရှိသည် ။ ထို့ကြောင့် ရခိုင်လူမျိုးများအား ဘင်္ဂလီမူဆလင်လူမျိုးတို့နှင့် ကမ္ဘာမကြေသရွေ့  မပြီးပြတ်သော ရေရှည် မုန်းတီးမှုမျိုးကို ဖြစ်ပွားစေသည့် ဤအချက်အလက်ကို လုံးဝဆန့် ကျင်ကန့် ကွက်ကြောင်း တင်ပြလိုသည် ။
(ဇ) အချက်အလက်တွင် စီးပွားရေးလုပ်ငန်းရှင်များက ပဋိပက္ခကြောင့်ရပ်ဆိုင်းခံနေရသည့် ဘင်္ဂလီစီးပွားရေးလုပ်ငန်းမျာကို အချောင်ယူရန် ကြိုးပမ်းလာကြကြောင်းတွေ့ ရှိရသည်ဟု စွပ်စွဲထားခြင်းမှာ အဓိပ္ပါယ်လုံးဝမရှိသော သုံးသပ်ချက်ဖြစ်သည် ။ ရခိုင်ပြည်နယ်တွင် အစိုးရနှင့် စစ်တပ်တို့ မှ အရာရာကို ချုပ်ကိုင်ထားရာ အုပ်ချုပ်ရေးယန္တယားတခုလုံး၏ အောက်တွင် လည်ပတ်နေသော မည်သည့်လုပ်ငန်းမျိုးမဆို အစိုးရ၏ သဘောဆန္ဒအတိုင်းဖြစ်စေရမည်သာဖြစ်သည် ။ မီေးလာင်မြေ ကို သောက်ရေတွင်း ပြုလုပ်လျှင်လည်း အာဏာပိုင်တို့သာ လုပ်နိုင်ပြီး သချိုင်းမြေကို ဟိုတယ်ဆောက်ရန်လည်း အာဏာက အစိုးရလက်ထဲ၌သာ ရှိနေရာ ယခုကဲ့သို့ ရခိုင်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များအား စွပ်စွဲခြင်းမှာ လုံးဝအောက်တန်းကျပြီး တမင်သက်သက် နိုင်ငံရေးအမြတ်ထုတ်လိုခြင်းသာ ဖြစ်သည်။ အဓိကအားဖြင့် ယခုသုံးသပ်ချက်မှာ ပဋိပက္ခများကို မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပဋိပက္ခဖြစ်စဉ်များကို တင်ပြပြီး နောင်မဖြစ်စေရန် သုံးသပ်ခြင်းမျိုးမဟုတ်ချေ။ ထို့ကြောင့် ဤသုံးသပ်ချက်ပါစာတမ်းအား ပြည်သူ့လွှတ်တော်ညီလာခံကျင်းပရာ၌ မှတ်တမ်းမှတ်ရာအဖြစ် လက်မခံငြင်းပယ်ခံရသည်မှာ သဘာဝကျသည် ။
သမ္မတကြီး ဦးသိန်းစိန်အဖို့  ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မတီကို ( ၁၇-၈-၂၀၁၂ ) နေ့တွင် ဖွဲ့စည်းပြီးပြီဖြစ်ရာ နောင်ကို လူမျိုးရေးပဋိပက္ခဖြစ်စေမည့် သုံးသပ်ချက်များကို မိမိ၏ သ၀ဏ်လွှာများ ၊ ကြေညာစာများနှင့် ပူးတွဲ
မဖေါ်ပြရန် အထူးသတိပြု ရှောင်ကြည်ရန်လိုပါသည် ။ယခုကဲ့သို့ ပဋိပက္ခများ မပြီးပြတ်သေးသည့်အချိန်တွင် ဤသ၀ဏ်လွှာ၏နောက်ဆက်တွဲအကြောင်းအရာများသည် အငြင်းပွားစရာများစွာရှိနေသည်ကို သိထားပြီးမှ သမ္မတ၏ သ၀ဏ်လွှာနှင့်မသက်ဆိုင်ပဲ ပူးတွဲဖော်ပြသည်ဟု ဖြေရှင်းချက်ထုတ်သော်လည်း လက်ခံနိုင်စရာအကြောင်းမရှိချေ ။ မည်သို့ပင်ဆိုစေကာမူ ယခု သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပူးတွဲ ဖေါ်ပြထားသော စာတမ်းပါ အချက်အလက်များတွင် ဘင်္ဂလီမူဆလင် လူမျိုးများ အဖြစ် သုံးစွဲထားသည့် အတွက် အစိုးရမှ သတ်မှတ်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးသာ ရှိကြောင်းကို သက်သေထူဖေါ်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်သည် ။ တချိန်တည်းမှာပင် မီဒီယာများနှင့် နိုင်ငံတကာများကိုပါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမိန့်စာဖြင့် လုပ်ကြံဖန်တီးရေးသား ပြောဆိုနေကြခြင်းကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်လိုက်သည်ကိုလည်း ကြိုဆိုပါသည် ။ သို့သော် ယခုလက်ရှိ ပြည်တွင်းရှိ မြန်မာဘာသာဖြင့် ထုတ်ဝေနေကြသော ဂျာနယ်များ ၊ မီဒီယာများတွင် သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ မြန်မာနိုင်ငံမှာ  ၎င်းလူမျိုး မရှိကြောင်းကို ကြေညာပြောဆိုနေသည့်တိုင် ပြည်ပအခြေစိုက် မြန်မာဘာသာ ရေဒီိယိုများ ၊မီဒီယာများနှင့် နိုင်ငံတကာသတင်းဌာနများက
သုံးစွဲရေးနေကြဆဲ ဖြစ်သည်။ ယခုကဲ့သို့ လုံးဝ ဖန်တီးလုပ်ကြံခြင်းမပြုလုပ်ကြပါရန် ကြေညာချက်ထုတ်ပြန်ထားသည့်တိုင် ဆက်လက် ပြောဆိုရေးသားနေသူများကို ထိရောက်စွာ ဥပဒေနှင့်အညီ အရေးယူရန်လိုအပ်ပါကြောင်း ထောက်ပြလိုသည် ။ အကယ်၍ ပွဲဆူအောင်သက်သက်သာ သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာကို အသုံးချပြီး နောင်ပဋိပက္ခများအတွက် လောင်စာများ ထည့်ပေးနေကြမည်ဆိုပါက ဤပဋိပက္ခ၏ နံပါတ်တစ်တရားခံမှာ မည်သူဖြစ်သနည်းဆိုသည်ကို သမိုင်းက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါကြောင်း ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment