Thursday, August 9, 2012

မျက်လုံးဖွင့်၍ အိပ်ကြည့်ကြလေပြီ



From : ခိုင်အောင်ကျော် ( နယူးယောက် )

ညီလာခံခမ်းမတခုလုံးမှာ အသံဗလံများ မကြားရ ၊ သတင်းထောက်များသာ တယောက်တပေါက် ရှေ့သွားလိုက် နောက်တန်းပြန်လာလိုက်နှင့် သွားနေကြသည် ။ အိမ်ဖြူတော်၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သော ခမ်းမတွင် ခါတိုင်းလို သတင်းစာရှင်းလင်းပွဲ မျိုးမဟုတ် ။ ထာဝစဉ်ပြုလုပ်နေကြအတိုင်း ကြားနာပွဲသာဖြစ်သည် ။ ခမ်းမ၏ အရှေ့ဖက်တွင် ခုံဝိုင်းသဘွယ် တက်ရောက်နေသော သူများက မျက်နှာစုံညီ ထိုင်နေကြသည် ။ မျက်နှာချင်းဆိုင် အနောက်ဖက်တည့်တည့်၌ ပတ်လည်စားပွဲခုံရှိသည် ။ ထိုင်ခုံမှာ ကြားနာပွဲပြုလုပ်သူ၏ ထိုင်ခုံဖြစ်သည် ။ ၄င်းထိုင်ခုံနောက်ဖက်တွင်မူ တံခါးပေါက်ရှိသည် ။ ကြားနာပွဲသို့  တက်ရောက်သောသူများမှာ ခမ်းမ၏ ဘေးဖက်ပေါက်မှ ၀င်ကြရသော်လည်း ကြားနာပွဲပြုလုပ်သည့် ဆီနိတ်တာမှာမူ အနောက်ဖက်တံခါးပေါက်မှ ၀င်လာပြီး ထိုင်ခုံတွင် ထိုင်သည်နှင့် ကြားနာပွဲကို စတင်မည်ဖြစ်ကြောင်း ကြေညာသည် ။
ယနေ့ တွင် မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ ကြားနာပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ပါရဂူများ ၊ ရခိုင်သမိုင်းပညာရှင် အနောက်နိုင်ငံသားများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအတိုက်အခံသမားများနှင့် ရခိုင်နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ကြသည် ။ သူတို့ အားလုံးမှာ ဘဲဥပုံထိုင်ခုံ၏ အရှေ့ဖက်ခြမ်းရှိ တတိယမြောက် ခုံတန်းများတွင် ထိုင်ကြရသည် ။ အခြားတဖက်တွင် ကုလသမ္မဂ ဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ၊ အမေရိကန်ပြည်ထောင်စု မြန်မာသံအမတ်ကြီး ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး တို့ ထိုင်နေကြသည် ။

ပဉ္ဖမမြောက် ထိုင်ခံဖက်မှာမူ အစိုးရမဟုတ်သော အဖွဲ့ အစည်းများဖြစ်သည့်  အဖွဲ့ များမှ ဒါရိုက်တာများ ၊ ဥရောပဋ္ဌါနခွဲ ကိုယ်စားလှယ် ဒါရိုက်တာ ဦးဟန်ညောင်ဝေတို့  ထိုင်နေကြသည် ။ သူ၏ ဘေးဖက်တွင် ဒေါက်တာဝါကာအူဒင် ထိုင်နေပြီး ဘီဘီစီ -၊ အာဖက်အေ ၊ ဒီဗွီဘီ ၊ ဗွီအိုအေ သတင်းထောက်တို့ မှာ သူတို့ နှင့် ကပ်လျှက် ထိုင်နေကြသည် ။ အခြားထိုင်ခုံများတွင် အမေရိကန်ပြည်ထောင်စုသားများနှင့် လေ့လာသူ သမိုင်းကျောင်းသားများ ဖြစ်ကြသည် ။ စုစုပေါင်း လူဦးရေ -၁၅၀- နီးကပါးခန့်  ရှိသည် ။

တံခါးပွင့်လာသည်နှင့် အခန်းအနား စတင်မည်ဖြစ်ကြောင်း ကြေညာသည် ။ ခမ်းမထဲတွင် မည်သူမျှ လက်ခုပ်တီးခြင်း မပြုလုပ် ။ ယနေ့ ထူးခြားသည်မှာ မေးခွန်းပုံစံများဖြင့်သာ မေးပြီး အဖြေများကို ဆီနိတ်တာက ဆုံးဖြတ်ပေးမည်ဟု ဆိုပါသည် ။ စောဒကတက်ခွင့် မရှိရသော အဖြေများဟု သိထားကြသည် ။ သဘောက ဆုံးဖြတ်ချက် ချမှတ်သည်နှင့် အားလုံးလိုက်နာရမည်ဟု ဆိုလိုရင်းဖြစ်သည် ။

ဆီနိတ်တာက မေးပါတော့သည် ။

“ အမေရိကန် နိုင်ငံသားဖြစ်သော်လဲ မြန်မာနိုင်ငံ အရေးကို ကျွမ်းကျင်တဲ့  ပါရဂူမို့  မြန်မာနိုင်ငံက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးကို ဗုဒ္ဒဘာသာဝင် များတဲ့  မြန်မာနိုင်ငံက လက်မခံဘူးလို့  ပြောပါတယ် ။ ဒီလိုဆိုရင် မွတ်ဆလင်ဘာသာဝင်များနေထိုင်တဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရင် သင့်တော်ပါ့မလား “

မစ္စတာဂျိုးဇက် စတီဗင် က တချက်မျှ ပြုံးလိုက်သည် ။ သူက ထိုင်ခုံမှ ထပြီး ပြောခြင်းမဟုတ်၍ သူ့ ကို ကြိုးစားပြီး လှမ်းမျှော်ကြည့်လိုက်သည် ။ ကြားနာပွဲမှာ မည်သူမျှ ထိုင်ခုံမှ ထ၍ ပြောစရာ မလိုချေ ။

“ ဘာသာရေးအရလဲတူညီခြင်း ၊ လူမျိုရေးအရလဲ တူညီခြင်းနဲ့  တူညီနေတဲ့ သူတို့ ကို လက်ခံမှ ဖြစ်မယ်ပေါ့ဗျာ ၊ ဘင်္ဂလီလူမျိုးတွေကို ဘင်္ဂလားဒေ့င်္ရနိုင်ငံက ဘာကြောင့်များ လက်မခံတာလဲဗျာ ။

မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေဟာ ရခိုင်ပြည်က ဘင်္ဂလီ လူမျိုးတွေကို ဘာကြောင့်များ ကိုယ်ချင်းမစာနာကြတာလဲ၊ သူတို့ ဘာသာမှာ တခြားတိုင်းတပါးမှာသာ ဒုက္ခ သုခ နေကြ ၊ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့  နေရာတွေကို မလာရတော့ဘူး ဆိုတဲ့  တားမြစ်ချက်တွေ ရှိနေသလား မသိပါဘူး ၊ အမှန်တော့ သူများချစ်တယ် ဆိုတာ မိသားစု မုန်းတီးတာလောက်ဘဲ ရှိပါတယ် ။ ကျနော်ဆိုရင် အသက် ( ၈၀ ) နား ကပ်နေပါပြီ ။ ကိုယ့်ဆွေမျိုးတွေရှိရာကိုဘဲ သွားတယ် လာတယ် ။ သူများတွေ နေရာကို လှည့်တောင် မကြည့်ဖြစ်ဘူး “

ဆီနိတ်တာက သူ၏ စာရွက်မှာ ပါမောက္ခပြောသော စကားကို မှတ်တမ်းရေးနေပါသည် ။ ပြီးတော့ ဦးဟန်ညောင်ဝေ ကို မေးမြန်းလိုက်ပါသည် ။

“ မြန်မာနိုင်ငံသားဖြစ်တဲ့  ဦးဟန်ကို မေးပါရစေ ။ ရခိုင်လူမျိုးတွေက ဘင်္ဂလီလူမျိုးတွေကို သူတို့  ပြည်နယ်မှာ မထားချင်ကြတော့ဘူးဆိုရင် ဦးဟန်တို့  ရှမ်းတောင်တန်းတွေနဲ့  အင်မတန်လှတဲ့  ရှမ်းပြည်နယ်ဖက်မှာ ထားပေးလို့  ဖြစ်ပါ့မလား “

ဦးဟန်ညောင်ဝေမှာ တချက်မျှ ဒေါက်တာဝါကာအူဒင်ကို ကြည့်လိုက်သည် ။ ပြီးတော့ သူ့ မှာပါလာသော စာရွက်တွေကို ကြည့်လိုက်သည် ။ ပြီးတော့ သူဖြေပါတော့သည် ။

“ ဒီပြသနာက ဘင်္ဂလီလူမျိုးတွေကို မေးကြည့်ရပါအုံးမယ် ။ သူတို့  ရဲ့  စိတ်ဆန္ဒတွေ ဘယ်လို ရှိသလဲ ဆိုတာကို ၊ ဒီမိုကရေစီဆိုတာက သူတို့ မှာ ရွေးချယ်ပိုင်ခွင့် ရှိရမှာပါ “

ဆီနိတ်တာက လက်ကာပြလိုက်သည် ။

“ ဦးဟန်ကို မေးခွန်းထုတ်နေတာက ဘင်္ဂလီလူမျိုးတွေကို ရှမ်းပြည်နယ်မှာ လက်ခံနိုင်မလားလို့  မေးတာပါ ၊ ဒီမိုကရေစီအခွင့်အရေးကို မေးနေတာ မဟုတ်ပါဘူး ၊“

ဦးဟန်က ပခုံးတွန့် လိုက်သေးသည် ။ ကုတ်အင်င်္ကျီကို ခါးဆွဲချလိုက်ယင်း ဖြေးဖြေး ပြန်ဖြေလိုက်ပါသည် ။
“ ကျနော်တို့  ရှမ်းပြည်နယ်မှာ ဘင်္ဂလီလူမျိုးတွေကို ဘယ်သူကမှ လက်သင့် ခံမယ်လို့  မထင်ပါဘူး “
ဆီနိတ်တာက ချက်ချင်း မေးပါတော့သည် ။

“ ဘာဖြစ်လို့  ရှမ်းပြည်နယ်က လက်သင့် ခံမှာ မဟုတ်လဲဗျာ ။ ဦးဟန်ကဘဲ သူတို့  လူမျိုးကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုဖို့  အစည်းအဝေးတွေ ညီလာခံတွေ ပြုလုပ်ပေးနေတာတွေလေ “

“ ဆီနိတ်တာ ခင်ဗျား အဲဒါ အယင်ကပါဘဲ ။ ခုတော့ မြန်မာနိုင်ငံအစိုးရက သူတို့ လူမျိုးကို တိုင်းရင်းသားလူမျိုး မဟုတ်လို့  ကြေညာသလို သန်ကောင်စာရင်းကောက်ရင်လဲ သူတို့ ကို ကောက်တာမဟုတ်ဘူးဆိုတော့ ရှမ်းပြည်နယ်ကလဲဘဲ သူတို့ ကို ဘယ်လိုနည်းနဲ့ မှ လက်သင့်ခံပြီး ထားပေးကြမယ် မထင်လို့ ပါဗျာ ။ သူတို့  လူမျိုးအတွက် ၀မ်းနည်းပါတယ် “

ဆီနိတ်တာက ဒေါက်တာဝါကာအူဒင် ဖက်သို့  မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည် ။ သို့ သော် သူ့ မှာ ဦးဟန်ညောင်ဝေကို ဒေါသထွက်သော အကြည့်နှင့် ကြည့်နေသောကြောင့် ဆီနိတ်တာ၏ မေးနေသော စကားကို မကြားမိလိုက် ။ အနားမှာ ရှိသော ဘီဘီစီမှ သတင်းထောက်တဦးက ပြောလိုက်မှ နားထောင်ရတော့သည် ။ ဆီနိတ်တာက

“ မွတ်ဆလင် နိုင်ငံများက ညီလာခံခေါ်ပြီး ပြုလုပ်နေကြတဲ့ အတွက် သူတို့ နိုင်ငံများမှ ခေါ်ယူရင် ဘင်္ဂလီလူမျိုးများ အေးအေးဆေးဆေး သွားနိုင်ပါ့မလားလို့  မေးတာပါ “

“ ကျနော်တို့  လူမျိုးတွေက မြန်မာနိုင်ငံမှာ နေတော့ မြန်မာနိုင်ငံမှာဘဲ နေချင်ကြပါတယ် ။ တခြားနိုင်ငံတွေကို မသွားချင်ကြပါဘူး “
ဆီနိတ်တာက တချက်မျှ ပြုံးကြည့်လိုက်သည် ။

“ ဒါဖြင့်ရင် တခြားနိုင်ငံတွေကို လှေနဲ့  သွားနေတဲ့  လူတွေ ၊ ယူအန်မှာ တတိယနိုင်ငံကို သွားမဲ့  လူတွေဟာ တကယ်တော့ မြန်မာနိုင်ငံမှာဘဲ နေချင်ကြတာပေါ့ “

‘ မှန်ပါတယ် ဆီနိတ်တာခင်ဗျား ။ ကျနော်တို့  လူမျိုးတွေကို လူ့ အခွင့်အရေးအပြည့်နဲ့  ပေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာေ နချင်ကြပါတယ် ။

“လူ့ အခွင့်အရေး မရ ၊ ဒီမိုကရေစီမရဘဲ ရှိနေရင် ကော ဆက်ပြီး နေချင်သေးကြတုံးဘဲလား ၊ တခြားနိုင်ငံတွေကို သွားချင်ကြတဲ့  စိတ်တွေ မရှိကြဘူးလား ၊ ဥပမာ မွတ်ဆလင်ဘာသာဝင် ကိုးကွယ်တဲ့  နိုင်ငံတွေကိုပေါ့ “
“ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး မရရှိရင် ရှိအောင် လုပ်ပေးစေချင်ပါတယ် ။

ဒါမှ ကျနော်တို့  လူမျိုးတွေ လူလိုသူလို နေနိုင်ကြမှာပါ “
“ ခင်ဗျားတို့ ကို ဘယ်လိုမှ မကူညီနိုင်ဘူးဆိုရင် လူလိုသူလို နေကြရမဲ့  မွတ်ဆလင်ဘာသာဝင်များ နေထိုင်တဲ့  နိုင်ငံတွေကို မပြောင်းချင်ကြဘူးလား “
“ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လက်သင့်ခံကြမယ် မထင်ပါဘူး ၊ ဒါကြောင့် မသွားချင်ကြတာ “
“ မဟုတ်ဘူးလေ- ခင်ဗျားတို့  လူမျိုးကို မွတ်ဆလင်ဘာသာဝင် နိုင်ငံတွေက လက်သင့်ခံကြမယ် ။

လူလိုသူလို နေကြရမယ် ။ ပညာလဲ သင်ကြားခွင့်ရှိမယ် ။ စီးပွါးရေးလဲ လုပ်ကိုင်ခွင့် ရှိမယ် ။ မိန်းမတွေလဲ အများကြီး ယူခွင့်ရှိမယ် ၊ ခင်ဗျားတို့ လိုချင်တဲ့  လူမျိုးနာမည်လဲ အဲဒီနိုင်ငံတွေမှာ အသိအမှတ်ပြုပေးလိမ့်မယ် ၊ ခင်ဗျားတောင် အဲဒီနိုင်ငံတွေမှာ အဲဒီလူမျိုးတွေအတွက် သမ္မတ လို အဆင့်နဲ့ နေရမယ် ။ ဒီတော့ မွတ်ဆလင် ဘာသာဝင် နိုင်ငံတွေကို ခင်ဗျားတို့  တောင်းဆိုကြရမယ် ။

ဘယ်လိုလဲ “
ဒေါက်တာဝါကာ အူဒင်မှာ စောစောက ဦးဟန်ညောင်ဝေ ကို ဒေါသထွက်နေသော်လည်း သူ့ အလှည့်တွင် ပို၍ စိတ်ထိခိုက်စွာဖြင့် ရှိနေတော့သည် ။ သူမည်သို့ ဖြေရမည်ကို မသိတော့ ။ နောက်ဆုံးမှာ ဆီနိတ်တာက မှတ်တမ်းများ ရေးတော့သည် ။ ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့်ကုလသမ္မဂ ဆိုင်ရာအထူးကိုယ်စားလှယ် ၊ အမေရိကန်ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တို့ ကို မေးခွန်းတွေ မေးမြန်းသည် ။ သူတို့ တွေကို မေးမြန်းပြီးသည်နှင့် အဖြေများကို ကြေညာတော့မည်ဟု ဆိုပါသည် ။
--------- ------------- ------------ ----------

အချိန်အားဖြင့် ကြာမြင့်နေသည်ဟု စိတ်ထဲမှာ ထင်နေကြသည် ။ အပ်ကျသံတောင် ကြားရမည်လား မပြောတတ် ။ လုံခြုံရေးအနေအထားဖြင့် ရပ်နေသော လုံခြုံရေးသမားတို့ မှာ မတ်တပ်ရပ်လျှက် ကိုယ်ခန္ဒာ တောင့်တောင့်နှင့် ခမ်းမထဲတွင် သတိကြီးစွာ စောင့်ကြည့်နေကြသည် ။ ဆီနိတ်တာက ကြေညာတော့မည်ဟု ဆိုသောအခါ လူတိုင်းလိုလို သူ့ မျက်နှာကို ကြည့်ဖြစ်ကြသည် ။ သတင်းဓါတ်ပုံသမားများမှာ ဓါတ်ပုံတဖြတ်ဖြတ် ရိုက်နေကြသည် ။

“ ဒီကနေ့  တက်ရောက်ကြတဲ့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ အထူးကိုယ်စားလှယ် ၊ အမေရိကပြည်ထောင်စု မြန်မာသံအမတ်ကြီး နဲ့  မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှ သံအမတ်များအပါအ၀င် ကြားနာပွဲ ပြုလုပ်ပေးရန် တောင်းဆိုကြသော လူပုဂိုလ်များအား အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ စောစောက မေးခွန်းတွေထဲမှာ သွေးထွက်သံယို မရှိဘဲ လူဖြစ်လာရင် မွေးရာပါအခွင့်အရေးကို ခံစားနိုင်တဲ့  လူ့ အခွင့်အရေးကို ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်နိုင်ကြမှာလဲ ဆိုတာကို သံအမတ်ကြီးနဲ့  ပါမောက္ခတွေ ၊ သမိုင်းပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ သုတေသီတွေကို မေးမြန်းပြီးနောက် အခုလို အဖြေထွက်ရှိပါတော့တယ် “
ဆီနိတ်တာ၏ အဖြေထွက်ရှိပါတော့တယ် ဆိုသော စကားကြားရတော့ လူတကာ မျက်စိပြူးသွားကြသည် ။

စိတ်ဝင်စားသွားကြသည် ။ မြန်မာနိုင်ငံ၏ အနောက်ဖက် လူမျို၍ နိုင်ငံပါ ပျောက်မည့် အခြေအနေရှိနေသော မြန်မာနိုင်ငံ၏ ပဋိပက္ခကို ယနေ့ တွင် အပြီးသတ် ဆုံးဖြတ်ချက် ချမည်ဆိုတော့ မည်သူမဆို စိတ်ဝင်စားကြမည်ဖြစ်သည် ။ တီဗွီမှလည်း တိုက်ရိုက်ပြသနေရာ ကမ္ဘာတ၀န်းမှာ သန်းပေါင်း များစွာ ကြည့်ရှူနေကြသည် ။


“ လူမျိုးရေးပဋိပက္ခများနဲ့  ဘာသာရေးပဋိပက္ခများ မရှိတဲ့  ကမ္ဘာကြီးကို တည်ဆောက်ဖို့  ကျွန်တော်တို့ အမေရိကပြည်ထောင်စု အပါအ၀င် အင်အားကြီးနိုင်ငံတွေမှာ အထူးအရေးကြီးပါတယ် ။အခု ဆုံးဖြတ်ချက် သုံးခုကို ချပေးလိုက်ပါတယ် ။ ပထမအချက်က သူတို့  လိုချင်တဲ့ နာမည်ကို သူတို့  သုံးစွဲခွင့် ရှိရပါမယ် ။ မည်သူမဆို အစိုးရမဆို အသိအမှတ်ပြုရပါမယ် ။ ဒုတိယအချက်က သူတို့ ကို နယ်မြေထူထောင်ခွင့် ပေးရပါမယ် ။ သူတို့ မှာ နယ်မြေရှိမှ သူတို့  လူမျိုးအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ပါမယ် ။ တတိယအချက်က သူတို့ ရဲ့  ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး တွေကို သူတို့  လုပ်ပိုင်ခွင့်ရှိရပါမယ် ။ ဒီအချက် သုံးချက်ကို အခြေခံပြီး ကျွန်တော်တို့  အစိုးရက အခုလို အဖြေထုတ်ပြီး ဆုံးဖြတ်ချက် ချမျတ်ပေးလိုက်ပါတယ် ။ “


သတင်းစာဆရာများမှာ ဆီနိတ်တာ၏ ဖြေရှင်းပြနေသော စကားကို အသံဖမ်းယင်း ငြိမ်သက်စွာ ရှိနေကြသည် ။
“ ဒါကြောင့် ပထမအချက်ဖြစ်တဲ့  မွတ်ဆလင် ဘာသာဝင်များရဲ့  ဘင်္ဂလီ လူမျိုးများအဖို့  သူတို့ နာမည်ကို အသိအမှတ်ပြုတဲ့  မွတ်ဆလင်နိုင်ငံများမှာသာ အသုံးပြုခွင့် ရှိနိုင်တဲ့ အတွက်သော်၎င်း ၊ အဲဒီမွတ်ဆလင်နိုင်ငံများမှာ နယ်မြေဒေသတွေမှာေ နထိုင်သောကြာင့် ပဋိပက္ခများ မရှိဘဲ နေထိုင်နိုင်ခြင်းကြောင့် ၄င်း ။ မွေးရာပါအခွင့်အရေးအရ လူတယောက်လို နေထိုင်နိုင်ဖို့  မွတ်ဆလင်ဘာသာဝင် နိုင်ငံများကသာ ဖန်တီးပေးနိုင်မှာမို့  သူတို့ နိုင်ငံများကိုသာ ပို့ ဆောင်ပေးမှာဖြစ်ပါတယ် ။ ဒီလိုပို့ ဆောင်ပေးဖို့  ကမ္ဘာ့ဘဏ်က ချေးငွေများနဲ့  မွတ်ဆလင်နိုင်ငံများ၏ အလှူငွေများကို သုံးစွဲမည်ဖြစ်ကြောင်း သိစေအပ်ပါတယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။”


ဆီနိတ်တာက ပြောပြီးသည်နှင့် ထိုင်ခုံမှ ထွက်ခွါသွားသည် ။ ဦးဟန်ညောင်ဝေကို ဒေါက်တာဝါကာအူဒင်က မျက်နှာခွက်ကို ဖိနပ်နှင့် ကန်ကျောက်လိုက်၍ နောက်ခုံသို့  ပက်လက်လန်ကျသွားသည်ကို မြင်လိုက်ကြသည် ။ သတင်းထောက်များမှာ ချက်ချင်း ဓါတ်ပုံရိုက်ယူထားနိုင်လိုက်ကြသည် ။ ဦးဟန်ညောင်ဝေမှာ တသက်လုံး သူတို့ ဆီက ဒေါ်လာတောင်းစားနေ၍ ယခုအချိန်မှာမှ ရှမ်းပြည်နယ်တွင် သူတို့ လို လူမျိုးကို လက်မခံပါဟု ဆိုတော့ မျက်နှာကို ဖိနပ်နှင့် ကန်ကျောက်သည်မှာ နည်းတောင် နည်းသေးသည်ဟု ထင်လိုက်ကြသည် ။ မြန်မာ့အရေးကျွ့မ်းကျင်ပြီး ရခိုင်သမိုင်းပညာရှင် တဦးဖြစ်သော ပါမောက္ခမှာ အသက်အရွယ် ကြီးမြင့်၍လားမသိ ။ မှေးနေသည်ကို မြင်ရသည် ။ ဤသို့ ဖြေရှင်းမှ ရမည်ဟု ထင်နေသည်လား မပြောသာ ။

မွတ်ဆလင်ဘာသာဝင်အချင်းချင်း မည်သည့်အချိန်ခါမှာများ သူတို့ ကို လူတလုံး သူတလုံး အသိအမှတ်ပြုပြီး ခေါ်ရမည် ။ မခေါ်လျင် သူတို့ ချင်း ချင်း ပြသနာဖြစ်ချင်သလိုဖြစ် ။ အဘယ့်ကြောင့်ဆိုသော် သူတို့ အတွက် မြန်မာနိုင်ငံမှာ နေစရာ တမြေတလက်မမျှ မရှိဆိုလျှင် အခြားနိုင်ငံသွားရုံသက်သက် ။ မြန်မာနိုင်ငံသားများအတွက် သီးသန့် ခုံတန်းပေးထေားသော နေရာတွင်မူ တက်ရောက်နေသော သူတဦးမှာ မျက်လုံးဖွင့်၍ အိပ်ကြည့်နေသည်ကို မြင်လိုက်ရပါတော့သည် ။

Myanmar Express

No comments:

Post a Comment