“ရိုဟင်ဂျာ” ဆိုတာဟာ လူမျိုးတစ်မျိုး ရဲ့ အမည်မဟုတ်ပါဘူး၊ ရိုဟင်ဂျာ လူမျိုး ဆိုတာလဲ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ဘူးသီးတောင် မောင်တောဒေသအတွင်းမှာ ၀င်ရောက် နေထိုင်လာတဲ့ ဘင်ဂါလီလူမျိုး တွေဟာ မိမိတို့ကိုယ်တိုင်က “ရိုဟင်ဂျာ”ဆိုတဲ့လူမျိုး အဖြစ်အမည်ပြောင်းပြီးနေထိုင်ချင်တဲ့ ဆန္ဒ တွေက ဟိုးရှေးယခင်ကတည်းကရှိနေခဲ့ တာပါ။ “ရိုဟင်ဂျာ” ဆိုတဲ့ဝေါဟာရ ဟာဟိုးရှေးယခင်ကတည်းကရှိနေတဲ့လူမျိုး အမည်မဟုတ်ပဲ ဘင်ဂါလီလူမျိုးပညာတတ် အသိုင်းအ၀န်းကတီထွင်ဖန်တီးလိုက်တဲ့ ဝေါဟာရအသစ်တစ်ခုသာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောဒေသဟာဘဂ်လားဒေ့ရှ်နိုင်ငံ နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့အတွက် တစ်ဖက်နိုင်ငံကနေ တဖြည်းဖြည်းစိမ့် ၀င်အခြေချနေထိုင်ပြီးလျင်မြန်ပျက်ပြားစွာ ပေါက်ဖွားလာတဲ့ ဘင်ဂါလီလူမျိုးတွေ အများစုနေထိုင်ရာဒေတစ်ခုဖြစ်လာခဲ့ပါ တယ်။ ဒီနေ့ ဒီအချိန်မှာတော့ ဘူးသီးတောင် မောင်တောဒေသလူဦးရေရဲ့ ၉၀ ရာခိုင် နှုန်းကျော်ဟာ ဘင်ဂါလီလူမျိုးတွေဖြစ်နေ ပါပြီ။ ဒါကြောင့် ဘူးသီးတောင်မောင်တော ဒေသဟာ ပထ၀ီနိုင်ငံရေးသဘောတရား အရလည်းကောင်း၊ လူနေမှုသမိုင်းကြောင်း အရလည်းကောင်း၊ လူမှုဆက်ဆံရေးနဲ့ စိတ်နေသဘောထားအရလည်းကောင်း ထူးခြားမှုတွေရှိနေတဲ့ဒေသတစ်ခုဖြစ်ပါ တယ်။
ဒီနေ့ အချိန်အခါမှာတော့ ဘူးသီး တောင်မောင်တောဒေသမှာ အခြေစိုက် နေထိုင်လျက်ရှိကြတဲ့ “ရိုဟင်ဂျာ” အမည် ခံ ဘင်ဂါလီလူမျိုးများဟာ ဘယ်အချိန်က တည်းက၀င်ရောက်အခြေချနေထိုင်လာခဲ့ ကြတယ်ဆိုတာရယ်။ ဘယ်ဒေသကနေ လာရောက်ခဲ့ကြတယ်ဆိုတာရယ်။ ဘယ် လိုနည်းလမ်းတွေနဲ့ ရောက်ရှိလာခဲ့ကြ တယ်ဆိုတာရယ်နိုင်ငံသားအားလုံးအမှန် အတိုင်းသိရှိဖို့လိုအပ်နေပါပြီ။ ဒါမှလည်း သမိုင်းဖြစ်စဉ်များအပေါ်မှာ အမှန်ကိုသိ ပြီးဆုံးဖြတ်နိုင်ကြမှာပါ။
ဒီလိုသမိုင်းဖြစ်စဉ်အမှန်တွေကို သိရှိ နားလည်ပြီး သဘောပေါက်နိုင်ဖို့ကလည်း ရှေးခေတ်ရခိုင်ပြည်သမိုင်း၊ ခေတ်ဟောင်း မြန်မာနိုင်ငံတော်သမိုင်းခေတ်သစ်မြန်မာ့ နိုင်ငံရေးသမိုင်းတို့ကိုလေ့လာကြည့်ဖို့လို ပါတယ်။
ရှေးခေတ်ရခိုင်ပြည်သမိုင်းတွေရဲ့ အဆိုအရ ရခိုင်ပြည် (သို့မဟုတ်) မြောက် ဦးခေတ်အစပိုင်းမှာ မင်းစောမွန် ရခိုင်ထီး နန်းကိုပြန်လည်ရရှိဖို့အတွက် မူစလင် ဘုရင် (ဂေါ်ရ်ဘုရင်) က အကူအညီပေး ခဲ့တာကိုအကြောင်းပြုပြီးတော့ ((AD-1430)) ကစတင်ပြီး ယခု (ဘဂ်လားဒေရှ်) ဒေသက မူစလင်ဘာသာဝင်တွေစတင်ပြီး ၀င်ရောက်လာကြောင်းတွေ့ရပါတယ်။
ဒါအပြင် ရခိုင်ဘုရင်များက ကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်လာတဲ့ မူစလင် ဘာသာဝင်တွေ မြေဒူးအဆက်အနွယ် မူစလင်ဘာသာဝင်တွေ ကမန်အဆက် အနွယ်တွေဆိုပြီး မူစလင်ဘာသာဝင်တွေ တဖြည်းဖြည်းများလာတာတွေ့ရပါတယ်။
ခရစ်နှစ် (၁၇၈၄) ခုနှစ်မှာ အမရပူရ ပြည့်ရှင်ဘိုးတော်ဘုရားကရခိုင်ပြည်ကို သိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်သက် မှုတွေ ပုန်ကန်ထကြွမှုတွေကို မြန်မာဘုရင် တပ်မတော်မှ နှိမ်နင်းတိုက်ခိုက်အရေးယူ မှုများဖြင့် ရခိုင်ပြည်ကလူအများအပြား အဲဒီတုန်းက အင်္ဂလိပ်ပိုင်နက်ဖြစ်တဲ့ အရှေ့ဘဂ်လားဒေသ (ယခု ဘဂ်လားဒေရှ့်) ကို ထွက်ပြေးခိုလှုံ့ကြပါတယ်။
သုတေသီ “ကောလပ်”ရဲ့ အဆိုအရ ရခိုင်ပြည်ကနေ့ အိန်္ဒိယပိုင်အရှေ့ဘဂ်လား ဒေသကိုထွက်ပြေးသူ (၂) သိန်းခန့်ရှိ ကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီးမှာ ရခိုင် ပြည်အုပ်ချုပ်ရေးမှူး “မစ္စတာပါတင်” (Paton) ရေးတဲ့ ရခိုင်ပြည်အကြောင်းအစီ ရင်ခံခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို ကိုးကား ပြီး ဒေါက်တာ “ဘနာဂျီ” ကဖော်ပြရာမှာ ရခိုင်ပြည်နယ်တွင်ဘိုးတော်ဘုရားလက်ထက် က ရခိုင်လူမျိုးဦးရေ (၆၀၀၀၀) မူစလင် ဘာသာဝင်ဦးရေ (၃၀၀၀၀) ဗမာလူမျိုး ဦးရေ (၁၀၀၀၀) စုစုပေါင်းလူဦးရေ (၁၀၀၀၀၀) ရှိကြောင်း ရေးသားခဲ့ပါတယ်။
ဒါကြောင့် (ခရစ်နှစ် ၁၈၂၅) ခုနှစ် ခန့်က ရခိုင်ပြည်နယ်မှာ မူစလင်ဘာသာ ၀င်ဦးရေ (၃၀၀၀၀)ခန့်ရှိနေတယ်လို့ယူဆ နိုင်ပါတယ်။
ဒါအပြင် ကမန်အဆက်အနွယ်နဲ့ မြေဒူးအဆက်အနွယ်မူစလင်ဘာသာဝင် ဦးရေက သံတွဲခရိုင်မှာ (ခရစ်နှစ် ၁၈၂၅) ခုနှစ်မှာ အုပ်စုနှစ်စုပေါင်း (၁၅၀၀) ခန့် ရှိခဲ့ပြီး (၁၈၇၂) ခုနှစ်မှာ (၁၅၈၇)ဦး၊ (၁၉၀၁)ခုနှစ်မှာ (၃၀၀၀) ဦးနဲ့ (၁၉၁၀) ခုနှစ်မှာ (၃၆၇၆) ဦးရှိခဲ့ကြောင်း မှတ်တမ်း များအရ သိရှိရပါတယ်။
ခရစ်နှစ် (၁၈၂၆) ခုနှစ်မှာ ရခိုင် ပြည်နယ်ကို မြန်မာဘုရင်လက်ထဲကနေ ဗြိတိသျှတို့က သိမ်းယူသွားခဲ့ပါတယ်။ ဗြိတိသျှတို့ သိမ်းယူပိုင်ဆိုင်ကာစက ရခိုင် ပြည်နယ်မှာ ရခိုင်လူမျိုးလူဦးရေအလွန် တရာနည်းပါးခဲ့ပါတယ်။ အင်္ဂလိပ်လက် အောက်အုပ်ချုပ်ရေးအသင့်အတင့်တည် ငြိမ်လာတဲ့အခါမှာတော့ အရှေ့ဘဂ်လား ဒေသကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ကြ တဲ့ ရခိုင်စစ်ပြေးဒုက်္ခသည်တွေ မိမိတို့ ဇာတိရပ်ရွာများကို ပြန်လည်ဝင်ရောက် အခြေချနေထိုင်ခဲ့ကြပါတယ်။ ခရစ်နှစ် (၁၈၃၁) မှ (၁၉၁၁) ခုနှစ်အထိ စစ်တွေ ဆိုင်မှာ တိုးတက်လာတဲ့ လူဦးရေကို မစ်္စတာစမတ် (ှာနမအ) က မှတ်တမ်းတင် ခဲ့ရာမှာ (၁၈၃၂) ခုနှစ်မှာ (၁၀၈၆၄၅) ဦးရှိရာမှ (၁၉၁၁) ခုနှစ်မှာ (၅၂၉၉၄၃) ရှိလာကြောင်း တွေ့ရပါတယ်။
ဗြိတိသျှအစိုးရလက်ထက်မှာ အုပ်ချုပ် ရတဲ့ စရိတ်တွေကာမိစေရန်နဲ့ ၎င်းင်းတို့ရဲ့ အကျိုးစီးပွားရေးအတွက် အခွန်အကောက် များများရအောင်လို့ မြေသြဇာကောင်းပြီး လက်မြေမြောက်များစွာရှိတဲ့ ရခိုင်ပြည် နယ်မှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အစွမ်းရှိသမျှတိုးချဲ့လုပ်ကိုင်စေခဲ့ပါတယ်။ တောင်သူလယ်သမားတွေ မြေလွတ်မြေ ရိုင်းတွေတိုးချဲ့လုပ်ကိုင်နိုင်အောင်လို့ခရစ် (၁၈၃၄) ခုနှစ်မှာ (ရခိုင်ပြည်၊ ဂရံကြီးနည်း ဥပဒေ)ကို ထုတ်ပြန်ခဲ့ပါတယ်။ တဆက် တည်းမှာလဲ ရခိုင်ဒေသမှာ (တံခါးမရှိ၊ ဓားမရှိ၊ လူဝင်၊ လူထွက်ပေါ်လစီ) ကို ကျင့်သုံးခဲ့ပြီး အိန်္ဒိယအရှေ့ဘဂ်လား၊ စစ် တကောင်းဒေသတို့မှ ဘဂါလီကုလားလူ မျိုးများ မဒရပ်နယ်မှ ဆူရိယာကုလားများ ရခိုင်ဒေသအတွင်းကို အတားအဆီးမဲ့စွာ စိတ်တိုင်းကျဝင်ရောက်နေထိုင်ခွင့်ပြုခဲ့ပါ တယ်။ ဒါကြောင့် အဲဒီအချိန်ကာလက ရခိုင်ပြည်နယ်အတွင်းကို သာမန်အားဖြင့် တစ်နှစ်၊ တစ်နှစ်မှာ စစ်တကောင်းဒေသ နဲ့ အရှေ့ဘဂ်လားဒေသကဘဂါလီလူမျိုး (၄၀၀၀၀) ခန့် စစ်တွေခရိုင်ကို ၀င်ရောက် လာခဲ့ကြပါတယ်။ စစ်တွေခရိုင်တစ်ခုလုံး မှာ ခရစ် (၁၈၉၁) ခုနှစ်မှာ လူဦးရေ (၄၁၆၃၀၅) ဦးရှိခဲ့ရာကနေ ခရစ်နှစ် (၁၉၀၁) မှာ (၅၂၉၉၄၃) အထိ တိုးတက် များပြားလာတာဟာ ဘဂ်လားဒေသက၀င် လာတဲ့ ဘဂါလီလူမျိုးတွေကြောင့်ပဲဖြစ် ပါတယ်။
ခရစ်နှစ် (၁၉၀၁) ခုနှစ်ကစပြီး ရခိုင် ဒေသအသီးသီးမှာ လူဦးရေးတိုးပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မောင်တောမြို့နယ်မှာ (၂) ရာခိုင်နှုန်းအထိ တိုးပွားပြီး လူဦးရေ တိုးပွားမှုအများဆုံးမြို့နယ်ဖြစ်ခဲ့ပါတယ်။ မြို့ဟောင်း (မြောက်ဦး)မြို့နယ်မှာ (၁၆) ရာခိုင်နှုန်း၊ မင်းပြားမြို့နယ်မှာ (၁၄) ရာ ခိုင်နှုန်းတိုးပွားခဲ့ပါတယ်။ စစ်တွေမြို့ကို လူဦးရေသန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာတော့ စစ်တကောင်းသားတွေ လူဦးရေအများအပြားရှိနေချိန်နဲ့ တိုက်ဆိုင် နေခဲ့ပါတယ်။ စစ်တွေမြို့နယ်ရဲ့ အမြဲတမ်း လူဦးရေဟာ (၂၅၀၀၀) ဦးထက်မကျော်လွန် တဲ့အတွက် တစ်စတုရန်းမိုင်မှာ လူဦးရေ (၂၃၀) ရှိနေခဲ့တဲ့ မောင်တောမြို့နယ်ဟာ စစ်တွေခရိုင်မှာ တရားမ၀င် ၀င်ရောက် နေထိုင်လာသော ဘင်ဂါလီများကြောင့် လူဦးရေ အထူထပ်ဆုံးမြို့နယ်ဖြစ်ခဲ့ပါ တယ်။ မောင်တောမြို့နယ်ရဲ့ နယ်စပ်က လည်း စစ်တကောင်းဖြစ်နေတာကြောင့် မောင်တောမြို့နယ်ရဲ့ လူဦးရေအများစု က စစ်တကောင်းသားတွေ ဖြစ်တယ်လို (မစ္စတာ အာရဘီစမတ်) ကရေးသားရှင်း ပြထားခဲ့ပါတယ်။
မူစလင်လူဦးရေးတိုးလာတဲ့အကြောင်း နဲ့ ပတ်သက်ပြီး (မစ္စတာစမတ်)က ““မဟာ မေဒင်များသည် (စစ်တွေခရိုင်)တွင် (၁၈၇၂) ခုနှစ်က (၅၈၂၅၅) ဦးရှိခဲ့ရာမှ (၁၉၀၁) ခုနှစ်တွင် (၁၇၈၆၄၇) ဦးအထိ တိုးလာပေသည်။ ၎င်းတို့အနက်ယောကျာ်း အများအပြားမှာ အလုပ်ရာသီ၌ စစ်တ ကောင်းမှ ၀င်လာသူများဖြစ်ကြသည်။ အမှန်အတိုင်းပြောရလျှင် ၎င်းတို့သည် ရခိုင်ပြည်သားများမဟုတ်ကြပေ။ ဘူးသီး တောင်မြို့နယ်သည်လည်း စစ်တကောင်း သားဝင်လာသူများကိစ္စ၌ မောင်တောထက် များစွာမလျော့နည်းချေ။ စစ်တကောင်း မှ အသစ်ဝင်လာသူများကို စစ်တွေခရိုင် မြို့နယ်တိုင်းလိုလို၌ တွေ့ရပေလိမ့်မည်””လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဒီနေရာမှာ အကြောင်းသင့်လို့ စစ် တွေခရိုင်အတွင်းကို စစ်တကောင်းသား မူစလင်တွေအလုံးအရင်းနဲ့ ၀င်ရောက် လာနိုင်ခြင်းအကြောင်းရင်းကို စိစစ်ကြည့် ရင်အခြေခံအချက် (၃) ချက်ရှိကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ စူးအက် တူးမြောင်းဖွင့်တဲ့ကိစ္စနဲ့ ဆက်နွယ်နေပါ တယ်။ သမိုင်းပါမောက္ခ “ဒေါက်တာ ကျော်သက်”က မြန်မာနိုင်ငံ စီးပွားရေး လောကပြောင်းလဲမှု၌အီဂျစ်နိုင်ငံစူးအက် တူးမြောင်းဖွင့်ပြီးသည့်နောက်ပိုင်း (၁၈၇၁) ခုနှစ်မှစတင်လာသည်ဟုဆိုရ သည်။ လို့ကောက်ချက်ချပြီး မြန်မာနိုင်ငံ ၏အရေးပါအရာရောက်ဆုံးသော တိုးတက် မှုသည် ဆန်စပါးစိုက်ပျိုးခြင်းလုပ်ငန်းမှာ ပြည်ပရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ပေသည် ဆန်စပါးတိုးလာရခြင်းနှင့် ပြည်ပရောင်း ချမှုတိုးလာရခြင်းတို့သည်စူးအက်တူး မြောင်းဖောက်လုပ်ပြီးမှသာ ကျယ်ပြန်တိုး တက်လာလေသည်”ဟုဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဟာလည်း ဆန်စပါး စိုက်ပျိုးခြင်းလုပ်ငန်းကိုတိုးချဲ့ခဲ့တဲ့အတွက် ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့ပါ တယ်။ တောရိုင်းများကို ခုတ်တွင်ရှင်းလင်း ပြီး လယ်ယာမြေသစ်များကို နှစ်စဉ်တိုးချဲ့ လုပ်ကိုင်လာခဲ့ကြပါတယ်။ လယ်ယာလုပ် ငန်းအတွက်တောရိုင်းခုတ်တွင် မြေတူး၊ ဆည်ဖို့၊ စပါးရိတ်သိမ်းစတဲ့ အလုပ်တွေ အတွက် အလုပ်ကြမ်းသမားတွေအများ အပြားလိုအပ်ခဲ့တဲ့အတွက်လုပ်ခချိုသာတဲ့ စစ်တကောင်းသားဘင်ဂါလီများကို ငှားရမ်း သုံးစွဲခဲ့ကြပါတယ်။ ဒါကြောင့်လည်းစစ်တ ကောင်းသား ဘင်ဂါလီလူမျိုးများဟာ လယ်ယာလုပ်ငန်းရာသီမှာ အလုံးအရင်း နဲ့ ၀င်ရောက်လာခဲ့ကြပါတယ်။ ၀င်ရောက် လာတဲ့ သူတွေထဲက တချို့တစ်လေသာ ပြန်သွားကြပြီး ကျန်ခဲ့တဲ့ ဘဂါလီတွေက တော့ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ် အတည်တကျနဲ့ နေထိုင်ကြပါတော့တယ်။ ဒါကြောင့် စစ်တွေခရိုင်မှာ မူစလင်ဦးရေ နှစ်စဉ်တိုးတက်လာတာဖြစ်ပါတယ်။
တတိယအချက်ကတော့ ဒေသခံတို့ ရဲ့ ပျင်းရိမှု၊ ၀ီရိယနည်းမှုတို့ကြောင့်ဖြစ် ပါတယ်။ ကာယအင်အားဖြင့်လုပ်ရတဲ့ လယ်ယာအလုပ်ကြမ်းများဟာ အလွန် ပင်ပန်းတဲ့ အလုပ်များဖြစ်ပါတယ်။ ဒေသခံ တွေက မြေတူး၊ တာဆည်၊ စပါးရိတ်စတဲ့ အလုပ်ကြမ်းတွေကိုတတ်နိုင်သမျှရှောင် ကြပါတယ်။ ဒါကြောင့် လယ်ယာတိုးချဲ့ လုပ်ဆိုင်သူတွေဟာ လုပ်ခသက်သာတဲ့ စစ်တကောင်းသား ဘင်ဂါလီကုလားများ ကို လိုလိုချင်ချင်ငှားရမ်းခိုင်းစေရာကရှိနေ မပြန်တော့ဘဲ အခြေချနေထိုင်လာခြင်း ကလဲ ရခိုင်ဒေသမှာ မူစလင်လူဦးရေတိုး လာရခြင်းရဲ့ အခြေခံအကြောင်းတစ်ချက် ဖြစ်ခဲ့ပါတယ်။
အဲဒီလို စစ်တကောင်းသားမူစလင် များနှစ်စဉ်တိုးလာတဲ့အတွက်ကြောင့် ဒေသခံရခိုင်လူမျိုးတွေအတွက်နောင်ကာလ မှာ အန္တရာယ်ကြီးဖြစ်လာစေနိုင်တယ်လို့ ဗြိတိသျှအာဏာပိုင်တွေသတိထားမိလာ ပါတယ်။ ဒါကြောင့် (၁၉၃၉) ခုနှစ်မှာ စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းပြီး တော့ စုံစမ်းခိုင်းခဲ့ပါတယ်။ အဲဒီစုံစမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာကောက်နှုတ်ချက် များကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။
(၁၉၃၉) ခုနှစ်တွင် မြန်မာပြည်၊ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ရောက်ရှိ လာသော အိန်္ဒိယတိုင်းရင်းသားများနှင့် ပတ်သက်၍ စုံစမ်းစစ်ဘေးရေးကော်မရှင် တစ်ရပ်ဆိုဖွဲ့စည်းပေးသည်။ ယင်းကော် မရှင်တွင် မင်းကြီးမစ်္စတာဂျိမ်းအက်စ်ကခံက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဦးတင်ထွဋ်နှင့် မစ်္စတာအာရ်ဒီဆိုင်း (ရန်ကုန်တက်္ကသိုလ် ပါမောက်္ခ)တို့က အဖွဲ့ဝင်များအဖြစ်ပါဝင် ခဲ့ကြသည်။
ထိုကော်မရှင်၏ အစီရင်ခံစာ အခန်း (၇)၊ စာမျက်နှာ (၄၉)တွင် (၁၉၃၁) ခုနှစ် ၌ ကောက်ယူသောသန့်ခေါင်စာရင်းများ အရ ရခိုင်တိုင်းသို့ဝင်ရောက်လာသော အိန်္ဒိယတိုင်းရင်းသားများ စာရင်းကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။
ရခိုင်တိုင်းလူဦးရေ ၁၀၀၈၅၃၈
အိန်္ဒိယတိုင်းရင်းသားဦးရေး ၂၁၇၈၀၁
ခရိုင်အလိုက်ပျံ့နှံ့နေထိုင်ကြသော အိန်္ဒိယ တိုင်းရင်းသားဦးရေမှာအောက်ပါအတိုင်း ဖြစ်သည်။
(၁) စစ်တွေခရိုင် ၂၁၀၉၉၀
(၂) ရခိုင်တောင်တန်းဒေသ ၅၀၀
(၃) ကျောက်ဖြူခရိုင် ၄၃၂၁
(၄) သံတွဲခရိုင် ၁၉၉၀
စုစုပေါင်း ၂၁၇၈၀၁
စစ်တွေခရိုင်မှာလူဦးရေ (၆၃၇၅၈၀) ယောက်ရှိတဲ့အနက် (၂၁၀၉၉၀) ယောက် ဟာ အိန်္ဒိယတိုင်းရင်းသား ဘင်ဂါလီများ ဖြစ်ကြပါတယ်။ အဲဒီစာရင်းတွေအရ စစ်တွေခရိုင်မှာနေထိုင်တဲ့ အိန်္ဒိယတိုင်း ရင်းသားဘင်ဂါလီများဟာ ထိုစဉ်ကရခိုင် တစ်တိုင်းလုံးမှာရှိတဲ့ အိန်္ဒိယတိုင်းသား များရဲ့ ( ) ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။
ဆူရီယာကုလားများမှာ အိန်္ဒိယမှာ မွေးဖွားခဲ့ကြပြီး အားလုံးလိုလိုယောက်ျား များဖြစ်ကြပါတယ်။ စစ်တွေခရိုင်မှာ နေထိုင်ကြတဲ့ အိန်္ဒိယတိုင်းရင်းသားများ အနက် (၈၈) ရာခိုင်နှုန်းဟာ စစ်တကောင်း သား ဘင်ဂါလီကုလားများဖြစ်ကြပါတယ်။
(၁၉၃၁) ခုနှစ်သန်းကောင်စာရင်း အရ စစ်တွေခရိုင်မှာ ၀င်ရောက်နေထိုင် တဲ့ ဘဂါလီလူမျိုးကုလားအလုပ်သမား (၇၁၃၀၆) ယောက်ရှိတဲ့အနက် (၆၉၄၆) ယောက်ဟာ အောက်ပါလုပ်ငန်းများမှာ ၀င်ရောက်လုပ်ကိုင်ကြတာတွေ့ရပါတယ်။
(၁) စိုက်ပျိုးရေး ၄၂၉၄၇ ယောက်
(၂) စာရေးစာချီ ၇၄၄ ယောက်
(၃) လက်မှုပညာသည် ၃၃၄၇ ယောက်
(၄) ကျွမ်းကျင်သူနှင့် တ၀က်တပျက်ကျွမ်း ကျင်သော အလုပ်သမား ၁၆၄၂၆ ယောက်
(၅) ကုန်သည်များနှင့် ကုန်သည်များက လုပ်ကိုင်သူများ ၁၉၉၄ ယောက်
စုစုပေါင်း ၆၉၄၆၁ ယောက်
အထက်ပါစာရင်းများအနက် ကုလား လူမျိုး (၉၄၄) ယောက်ဟာ ကိုယ်ပိုင် လယ်ယာလုပ်ကိုင်သူများဖြစ်တာတွေ့ရ တဲ့အတွက် အခြေချဝင်ရောက်နေထိုင် တဲ့ ဘင်ဂါလီလူမျိုးတွေ မြေယာပိုင်ဆိုင်မှု တွေရှိလာတာတွေ့ရပါတယ်။ (၁၂၈၄၈) ယောက်ကာ သူတစ်ပါးလယ်ယာကို လုပ်ကိုင်သူများဖြစ်ပြီး (၁၉၄၃၆) ယောက် ဟာ လယ်စာရင်းငှားများဖြစ်ကြပါတယ်။
(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်းကို (၁၉၃၁) ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက် နေ့၌ ကောက်ယူခဲ့ရာ စပါးရိတ်သိမ်းပြီး ချိန်ဖြစ်သည့်အလျောက်အချို့သော စစ်တကောင်းကုလားတို့မှာ စစ်တွေပတ် ၀န်းကျင်မှာရှိတဲ့ ဆန်စက်တွေမှာဝင် ရောက်လုပ်ကိုင်နေကြပါတယ်။ တချို့က လည်းလှေသမားတွေအဖြစ်လိုက်ပါပြီးတော့ တခြားမြို့ရွာများသို့ သွားရောက်နေဆဲ အချိန်လဲဖြစ်နေပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနညွှန်ကြား ရေးဝန်၏ (၁၉၃၀-၃၁) ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားချက်အရသာမန်အား ဖြင့် တစ်နှစ်လျှင်စစ်တကောင်းသားဘဂါလီ ကုလားပေါင်း (၄၀၀၀၀) ခန့် စစ်တွေခရိုင် သို့ဝင်ရောက်လေ့ရှိကြောင်းဖော်ပြထား တာတွေ့ရပါတယ်။
(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာ စစ်တွေခရိုင်အတွင်းမှာ အိန်္ဒိယတိုင်းရင်းသားယောက်ျား (လူမျိုး ပေါင်းစုံ) (၂၅၁၉၄၅) ယောက်ရှိတယ်လို့ ဖော်ပြထားတယ်။
(၁၉၃၄) ခုနှစ်တွင် ရခိုင်တိုင်းအတွင်း ကိုဝင်ရောက်လာတဲ့ စစ်တကောင်းသား ကုလားဦးရေ (၂၀၀၀၀) ဖြစ်တယ်လို့ဖော် ပြထားပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြချက် ထဲမှာ ရခိုင်တိုင်းအတွင်းသို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းကုလားများ အများအပြား ၀င်ရောက်နေခြင်းအတွက် တိုင်းရင်းသား ရခိုင်လူမျိုးတွေမဆိုထားနဲ့ ရခိုင်မှာအစဉ် တစိုက်နေထိုင်ခဲ့ကြတဲ့ကုလားများကပင် မနှစ်မြို့ကြတာကြောင့် ယခုအတိုင်းရခိုင်သို့ စစ်တကောင်းဘဂါလီကုလားများအဆက် မပြတ်ဝင်လာနေခြင်းကို မတားဆီးခဲ့ပါ က နောင်အနာဂတ်တွင် လူမျိုးရေးအဓိက ဂုဏ်များ ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း နဲ့ သက်သေများအားလုံးက စစ်တကောင်း မှ ဘဂါလီကုလားများ၏၀င်ရောက်မှု ကိုတားဆီးသင့်ကြောင်းအကြံပြုခဲ့ကြပါတယ်။
ရခိုင်ဒေသမှာရှိတဲ့ ဒေသခံလကူလီ များက စစ်တကောင်းသားကုလားများ လိုအပင်ပန်းခံပြီး အလုပ်မလုပ်ချင်ကြ ကြောင့် စစ်တကောင်းကုလားများသည် အခကြွေးငွေနည်းပါးသော်လည်း အလုပ် ပို၍ ပေးလိုက်လျင် စစ်တကောင်းကုလား များလုပ်မည့်နေရာများတွင် ယင်းတို့ဝင် ရောက်လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ယူဆခဲ့ ကြပါတယ်။
ရခိုင်တိုင်းအတွင်း လယ်ယာစိုက်ပျိုး ရုပ်သိမ်းချိန်များမှာ စစ်တကောင်းကုလား အလုပ်သမားမည်မျှအလိုရှိသည် မည်မျှ ၀င်ရောက်လုပ်ကိုင်ခွင့်ပြုမည်ဟု စီမံကိန်း ချမှတ်ဆောင်ရွက်သင့်ကြောင်း အုပ်ချုပ် ရေးပိုင်းမှ ထိုသို့စီမံကိန်းချမှတ်လုပ်ဆောင် လျှင် ရခိုင်တိုင်းသို့နှစ်စဉ်ဝင်ရောက်လာ သော စစ်တကောင်းကုလားဦးရေသိသိ သာသာကျဆင်းသွားပေလိမ်မည်ဟုတင် ပြကြပါတယ်။
သက်သေအားလုံးတို့က ရခိုင်တိုင်း အတွင်းသို့ဝင်ရောက်လာကြသော စစ်တကောင်းဘဂါလီကုလားများကို ကန့်သတ်တားမြစ်သင့်ပြီဟု တညီတညွတ် တည်းတင်ပြကြပါတယ်။ ၀င်လာမစဲဖြစ် နေတဲ့ ကုလားအုပ်စုများကို ဗြိတိသျှတို့ စိုးရိမ်လာကြပြီး စုံစမ်းရေးပြုလုပ်ခဲ့ရာ၌ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အတွက် မည်သို့မျှအကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီကိစ္စရဲ့ အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ (၁၉၄၂) ခုနှစ် ၌ ပထမအကြိမ် (ကုလား၊ ရခိုင်) အဓိက ရုဏ်းဖြစ်ပွားလာခဲ့ရပါတော့တယ်။
ပြုစုရေးသားသူ
နိုင်ထက်ရှိန် (ဟင်္သာတ)