Tuesday, August 7, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း


by ငြိမ်းအေးအိမ် on Sunday, August 5, 2012 at 4:40pm ·




(၁)
တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသော တန်းတူအခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသား အခွင့်အရေးများကို  လွှတ်တော်မှ လေ့လာသုံးသပ်ပြီး၊ ဥပဒေပြုမည်ဆိုပါက တိုင်းရင်းသားများ၏ နှစ်ပေါင်းများစွာပဋိက္ခများ အမြန်ဆုံးပြေလည်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ထောင်စုငြိမ်းချမ်းရေးဗဟိုကော်မီတီ အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်ကို တိုက်တွန်းလိုက်သည်။ (The Voice, Mondat,July 16-22,2012,P23,L1-3)

တိုစကားအတွက် နိုင်ငံတော်သမ္မတကြီးအား များစွာ ကျေးဇူးတင်မိသည်။ “တိုင်းရင်းသားများ” “အသက်တမျှအရေးကြီးသော” “တန်းတူအခွင့်အရေး” ဆိုသောစကားလုံးများ ကျွန်တော့်အာရုံတွင် ၀ဲလှည့်နေ တော့၏။ နှစ်ပေါင်းများစွာကတည်းက နိုင်ငံအတွက် အသက်သွေးတမျှလိုအပ်နေသော၊ တာဝန်ယူခဲ့သူ အဆက်ဆက် ထုတ်ဖေါ်ပြောကြားပြီး အမှန်တကယ်ဆောင်ရွက်ပေးခဲ့သင့်သော အရာများဖြစ်သည်။ ယနေ့ ထိုစကားများကြားရပြီ။ မကြာမြင့်မီ ထိုဆီသို့သွားသော ခြေလှမ်းများ မြင်ခွင့်ရတော့မည်ဟု မျှော်လင့်သည်။ ရောက်အောင်လျှောက်ကြလျှင် လာမည့်နေ့သစ်များတွင် နေခြည်နွေး၍ လေပြည်အေးလိမ့်မည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅)မျိုးနှင့်ဖွဲ့စည်းထားသည်ဟု မှတ်တမ်းမှတ်ရာများက ဆိုသော် လည်း နိုင်ငံသားများအနေဖြင့် မကြားဘူးသည့်လူမျိုးအမည်မှာ အများစုဖြစ်မည်ထင်သည်။ မည်သို့ပင်ဆိုစေ၊ မည်မျှပင် လူဦးရေနည်းပါးသည်ဖြစ်စေ (ဥပမာ၊ ၂၀၀၄ခုနှစ်စာရင်းဇယားများအရ ကချင်ပြည်နယ်မြောက်ဖျား တွင် အခြေချသော “ထရုံ”လူမျိုးဦးရေ (၆)ဦး(ခြောက်ဦး)သာရှိတော့ပြီး မျိုးဆက်ထပ်မပွားနိုင်သည့်အခြအနေမျိုးဖြစ်သည်။ ယခုအချိန်တွင် ထိုမျိုးနွယ်စုများ မျိုးသုဉ်းသွားမသွား မပြောနိုင်)အားလုံးသော တိုင်းရင်းသားတိုင်းသည် တန်းတူ အခွင့်အရေး ရကြရမည်၊ရခွင့်ရှိကြသည်သာဖြစ်၏။ ဗမာတိုင်းရင်းသားနှင့် ကျန်လူမျိုးတိုင်းရင်းသားများအကြား မယုံကြည်မှုများ၊ သံသယများနှင့်နေထိုင်လာခဲ့ကြရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ထို “အဟ” “အပြဲ”ကို သမ္မတကြီး၏ လမ်းညွှန်စကားနှင့် လုပ်ဆောင်ချက်များက ကောင်းမွန်စွာ ရင်ကြားစေ့ပေးနိုင်မည်၊ နိုင်ငံ၏ နာတာရှည်ဒဏ်ရာကြီးကိုလည်း အနာကျက်စေနိုင်မည်ဟု ယုံကြည်လိုပါသည်။

ထိုသို့ကိုယ့်ပြည်တွင်းရှိ တိုင်းရင်းသားအရေးကို ပြေလည်အောင်ဆောင်ရွက်ဖို့၊ သေနတ်သံတွေ စဲဖို့၊ စစ်ဒဏ်ခံ ကိုယ့်ညီအစ်ကိုမောင်နှမများ အမိုးအကာရှိရာ၊ လုပ်ငန်းဆောင်တာရှိရာသို့ လုံခြုံစွာ ပြန်ရောက် စေဖို့၊ မျှတသော အလုပ်အကိုင်အခွင့်အလမ်းများရရှိကြစေဖို့၊ ကိုယ့်မြေကိုယ့်ယာအရေးကို ကိုယ်တိုင်စီမံနိုင် ကြစေဖို့ အစွမ်းကုန် လုံးပမ်း ကြရမည့် အချိန်/အခြေအနေမျိုးတွင် “ရိုဟင်ဂျာ”အမည်ဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု(ethnic) ဖြစ်သည် ဟုဆိုကာ နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်လောင်လောင် ဘေးတီးပေး နေသောအဖြစ်မျိုးနှင့်လည်း ချိန်ကိုက် ကြုံတွေ့နေရပါသည်။ ကိုယ့်ပြည်ကိုယ့်အရေး၊ ကိုယ့်အလုပ်ကိုယ် ပြီးစီး အောင်မြင်အောင် မလုပ်နိုင်သေးမီတွင် သူတစ်ပါးအထုပ်ကို ခေါင်းပေါ် လာအတင်ခံရ သည့် အခြေအနေမျိုးနှင့် တူနေပါသည်။

ရိုဟင်ဂျာများနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့ကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခကို မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာအကြားက ဘာသာရေး ပြဿနာကြီးသဖွယ် ပုံဖျက်နေကြသည်။ အီဂျစ်တွင်၊ ထိုင်းတွင်၊ အင်ဒို နီးရှားတွင် မြန်မာနိုင်ငံအပေါ် ဆန္ဒပြခဲ့ကြသည်။ ၂၀၁၀ခုနှစ် တရုတ်ငလျင်တွင် သေဆုံးသွားခဲ့ရသူများ အလောင်းပုံဘေးက ကယ်ဆယ်ကူညီပေးနေသော တိဗက်ဘုန်းတော်ကြီးများပုံအောက်တွင် ‘The Body of Musilms slaughted By Buddhist(Burma)”” ဟုအမည်တပ်လိုတပ်၊ ၂၀၀၄ခုနှစ် အောက်တိုဘာက ထိုင်းတွင်ဖြစ်ပွား ခဲ့သည့် မွတ်ဆလင်ဆန္ဒပြမှုသတင်းဓါတ်ပုံအောက်တွင် “More then 1000 people killed in Burma” ဟုပုံစာထိုး ကာ  အွန်လိုင်းမှ အစွမ်းကုန်ဖြန့်ဝေကြရန် လှုံ့ဆော်သွေးထိုးသူကသွေးထိုး၊ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟု ကုန်းအော် သူ အော်ဖြင့် ကျွန်တော်တို့နိုင်ငံတော်ကို စိတ်တိုင်းကျ အမဲဖျက်နေကြသည့်နှယ် ကြံစည်လုပ်ဆောင်နေကြသည်ဟု ခံစားရသည်။ 2012၊ ဇွန်၊ 17 ရက်က မလေးရှား(ကွာလာလမ်ပူ)တွင် ဆန္ဒပြနေသောတစ်ဦး၏လက်၌ ရခိုင်တွင် ရိုဟင်ဂျာများ အသတ်ခံနေရပြီဟု ပုံဖေါ်ကိုင်ဆောင်ထားသောပုံမှာ ဒုက္ခသည်များအား အင်ဒိုနီးရှား ကမ်းခြေစောင့်အဖွဲ့က ကယ်တင်လာစဉ်က သတင်းဓါတ်ပုံဖြစ်နေသည်။ အဖြစ်အပျက်၏ အချက်လက်မှန်များကို ရှာဖွေ နိုင်စွမ်းမရှိကြသော ဦးနှောက်နည်းသူ ၊ ဥာဏ်ရည်မမီသူ တွေများလား၊ နောက်ကွယ်က ကြိမ်တို့ခိုင်းစေနေသော အင်အားကြီးတစ်ခုခုကြောင့် မျက်စိမှိတ်လုပ်ဆောင် နေကြသူ များလားဟူသည်ကို ခွဲခြားရန်ခက်နေပါသည်။

အွန်လိုင်းအသုံးပြုသူပေါင်းများစွာက လွယ်လင့်တကူ မှီငြမ်းပြုစရာဟု သတ်မှတ်ထားသော wikipedia.org တွင်ပင်၊ ကျွန်တော် ပရင့်ထုတ်ကြည့်ချိန် 7/15/2012 5:02PM က There was intense sectarian clashes in June 2012. Over 2,000 people were killed in sectarian violence in the state in which most victims were Muslims.[9] During her visit to Myanmar Mrs. Cliton told Mr. Thein Sein the United State was concerned about the treatment of the Rohingya Muslim ethnic group, which has suffered killings at the hands of Buddhists.[10] လူနှစ်ထောင်ကျော်သေသည်။ အများစုက မွတ်ဆလင်တွေဖြစ်သည်ဟု မှတ်တမ်းတင်လိုလိုတင်၊ ဒေါ်ကလင်တန်ကြီးက ရိုဟင်ဂျာများကို ethnic group ဟု သုံးနှုံးကြောင်းပြောလိုပြောနှင့်ဖြစ်သည်။ ရခိုင်အကြောင်း သိချင်၍ ဖြစ်စေ၊ ထိုအဓိကရုဏ်းအကြောင်းသိလို ၍ဖြစ်စေ၊ တစ်စုံတစ်ယောက်က ၀ီကီကို ကိုးကားလိုက်သည်ဆိုပါစို့။ ထိုသူ့အမြင်တွင် အမှန်တွေနှင့် ကင်းစင် နေ/တိမ်းချော်နေလိမ့်မည်ဖြစ်သည်။

အလွန်လျှင်မြန်သော သတင်းမီဒီယာခေတ်တွင် အမှားတွေ အမှန်ဖြစ်ကြောင်း၊ အမှန်တွေ အမှားဖြစ် ကြောင်း ပုံဖျက်ဖို့ အလွန်လွယ်ကူနေပါသည်။ ကောလဟာလများ၊ ကြိုတင် တင်ကူးကြံစည်ထားသော စီမံချက် များ အောက်တွင် အဖြစ်မှန်တို့ တန်ဖိုး ယုတ်လျော့ ဆုံးပါးသွားမည်ကိုစိုးရိမ်နေရပါသည်။
ကျွန်တော့်တစ်ဦးတည်း၏ အမြင်ရဆိုလျှင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား/ တိုင်းရင်းသားမျိုးနွယ်စု ဟု မမှတ်ယူနိုင်ပါ။ နိုင်ငံသားဖြစ်မဖြစ်မူ တိုင်းပြည်က အတည်ပြုမည့် လိုက်နာကျင့်သုံးမည့် ဥပဒေများကသာ ဆုံးဖြတ်ပါလိမ့်မည်။ နိုင်ငံသားဖြစ်တိုင်းလည်း တိုင်းရင်းသားတော့ မဖြစ်နိုင်ပါ။ ၈ ရာစုလောက်က သဘောင်္ပျက် ရင်း ရောက်လာကြသော အာရပ်ကမ္ဘာက ကုန်သည်များဖြစ်သည်ဟူသည့် မရေရာသော နှုတ်ဆင့်ကမ်း “ပြောဇာတ်” မျှလောက်ဖြင့် မြန်မာ့မြေပေါ်က တိုင်းရင်းသားဟု ယူဆသတ်မှတ်ပေးရန် ခက်ခဲပါလိမ့်မည်။ မြန်မာ့အနောက်ကမ်းခြေက ရခိုင်တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတို့သည် ခန်းနားခိုင်ခန့်ကြီးကျယ်လွန်းလှသည်။ ထိုဒေသ၏တိုင်းရင်းသားမျိုးနွယ်စုစာရင်းတွင်၊ (၁)ရခိုင်လူမျိုး၊ (၂)ကမန်မျိုးနွယ်စု၊ (၃) ခမွီးမျိုးနွယ်စု၊ (၄) ဒိုင်းနက်မျိုးနွယ်စု၊ (၅)မရမာကြီး မျိုးနွယ်စု၊ (၆)မြို မျိုးနွယ်စု၊ (၇) သက်မျိုးနွယ်စုဟူ၍ အထင်အရှားရှိပြီး ဖြစ်၏။  ရိုဟင်ဂျာတို့အတွက် စာရင်းမ၀င် နေရာမရှိခဲ့ပါ။
ဤစိတ်အခံဖြင့် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။

(၂)
မြေပုံများပေါ်တွင် နိုင်ငံနယ်နမိတ်များသည် လှပပျော့ပြောင်းစွာ ကွေးညွှတ်နေသည်ကို မြင်တွေ့ဖူးကြ ပါလိမ့်မည်။ အမှန်တော့ ထိုအရာများသည် စိတ်ကူးမျဉ်းများမျှသာဖြစ်၏။ အချုပ်အခြာ အာဏာကိစ္စအတွက် ရေးဆွဲသတ်မှတ်ထားကြရခြင်းသာဖြစ်၏။ တကယ့်မြေပြင်တွင် ထိုမျဉ်းများမရှိ။ မျဉ်းမရှိသော မြေများပေါ် တွင် လူ့မျိုးနွယ်စုတို့သည် အဆင်ပြေရာ၊ အနွယ်တူရာ စုနေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏ နယ်စပ်မျဉ်းများတွင် ရှိနေကြသော ကျွန်တော်တို့တိုင်းရင်းသားများနှင့် “မျိုးတူ”များသည် နယ်နမိတ်ချင်း ထိစပ်နေသည့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရှိနေကြသည်သာဖြစ်၏။

ထိုသူတို့သည် နိုင်ငံ တစ်နိုင်ငံ၏ တိုင်းရင်းသား အဖြစ်၊ နိုင်ငံသားအဖြစ် သတ်မှတ်ပေးပါဟု တောင်းဆို ခဲ့ဖူးသည်ဟူ၍မရှိ၊ ကျွန်တော် တို့တွင် ရှိနေသော လူမျိုးစုများ အတိုင်း သက်ဆိုင်ရာတိုင်းပြည်တွင်လည်း ထိုလူမျိုးများ ရှိနေ၍ ဖြစ်သည်။ ဥပမာ၊ မြန်မာ့မြေပေါ်တွင် မြန်မာနိုင်ငံသား ကချင်၊ လော်ဝေါ်၊ လာချိဒ်၊လီဆူ၊ ရ၀မ်တို့ တိုင်းရင်းသား အဖြစ်ရှိနေသလို ထိုမျိုးနွယ်စုတို့သည် တရုတ်ပြည်တွင်လည်း တရုတ်နိုင်ငံသား တိုင်းရင်းသားများအဖြစ် ရှိနေ သည်။ မွန်နှင့် ကရင်တို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ ရခိုင်တွင်လည်း ရခိုင်တိုင်းရင်းသားအချို့ တစ်ဘက် နယ်နမိတ်တွင်ရှိနေသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀၊ အခါ၊ စသည်တို့သည် မြန်မာနိုင်ငံကို ၀ိုင်းပတ် ထားသည့် နယ်စပ်မျဉ်းများပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ သူတို့သည် ကျွန်တော်တို့နိုင်ငံ၏ ခံတပ်ကြီး များဖြစ်ကြသည်။ တံတိုင်းကြီးများဖြစ်ကြသည်။ လူဦးရေအဆမတန်များသော သက်ဆိုင်ရာ နယ်နမိတ် အသီးသီး၏ လူမျိုးများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကိုယ်မြေထဲသို့ စိမ့်ဝင်ထွန်းကားမလာကြစေရန် နှစ်ပေါင်းရာချီ စောင့်ရှောက်ပေးနေကြသော သူရဲကောင်းများဖြစ်သည်။ ထိုကျေးဇူးကို သိတတ်ရပါမည်။ သူတို့ကို ကူညီဖို့၊ သူတို့နှင့်အတူတူ ကျွန်တော်တို့မြေ ကျွန်တော်တို့ရေကို ကာကွယ်စောင့်ရှောက်ဖို့၊ သူတို့ ပခုံးတွေပေါ်ကျရောက်နေသော ၀န်ထုပ်ဝန်ပိုးများကို မျှခံထမ်းယူဖို့ စဉ်းစားမိဖူးကြပါလား။ သူတို့ကတော့ ဘယ်သူကူကူ မကူကူ ကိုယ့်အသိနှင့်ကိုယ့်အားကိုယ်ကိုးစောင့်ရှောက်နေကြသူများ သာဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တံတိုင်း၊ မြောက်ဘက်တံတိုင်း၊ အနောက်ဘက်တံတိုင်းများရှိ တိုင်းရင်းသား များ အားလုံး (တိုတံတိုင်းများရှိရာ အရပ်တိုင်းတွင် မြန်မာများ မရှိကြပါ) ကို ကျွန်တော်တို့ အလေးအမြတ်ပြုရမည်ဖြစ်ပါသည်။

“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့ တာတွေ ရှိတယ်။ အောက်ခြေမှာဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။
မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။
ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။

          ဖေါ်ပြပါစကားရပ်သည် ၂၀၁၂ခုနှစ်တွင်ဖြစ်ပွားခဲ့သော သမိုင်းတင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်း ငြိမ်သက်စတွင် ဆရာ ဒေါက်တာဦးအေးမောင် ပြောကြားခဲ့သည့် ရင်တွင်းစကားဖြစ်သည်။ ရခိုင်သူရခိုင်သားများ၏ ရင်တွင်းစကားဟု လည်း ကျွန်တော်ယုံကြည်သည်။
            “မဟာပညာကျော်” ၏ Arakantimes.net တွင် Tuseday,10 july 2012 15:33 ကရေးထားသော ဆောင်းပါးတစ်ပုဒ်၌ ရခိုင်တို့၏ တံခါးများ ကျိုးပျက်ခြင်းကိုမှတ်တမ်း တင်ရာတွင်-
            -စန္ဒရ သီရိသုဓမ္မရာဇာ မင်းလက်ထက်(၁၆၆၆)ခုနှစ်တွင် “မဂို”တပ်တို့၏ တိုက်ခိုက်ခံရမှုကြောင့် ဒက္ကာနှင့် စစ်တကောင်းကို လက်လွှတ်ဆုံးရှုံး လိုက်ရသော စစ်ပွဲကို “ရခိုင်လူမျိုးတို့၏ ပထမ တံခါး ချိုးဖျက်ခံရခြင်း” (ထိုစဉ်က ရခိုင်နိုင်ငံတော်သည် အရှေ့မှာ မာလကာ၊ ပဲခူး၊ အနောက်မှာ ဘင်္ဂါ၁၂မြို့၊ မဂို၊ တြိပူရ အထိကျယ်ပြန့်ခဲ့သည်ဟုဆိုသည်)
            - ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက်၊ ၁၇၈၄ခုနှစ် ဒီဇင်ဘာတွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက မြောက်ဦးနန်းတော်ကိုသိမ်းပိုက်ခဲ့ခြင်းကို “အရှေ့တံခါးချိုးဖျက်ခံရခြင်း” ဟု သတ်မှတ်ခဲ့သည်။ (သမိုင်းသုတေသနဦးစီး ဌာန၏ စာတမ်းတစ်စောင်တွင်မူ 1784 ခုနှစ်တွင် ကုန်းဘောင်မင်းဆက် “ဗဒုံ”မင်းက သိမ်းပိုက်သည်ဟုဆို)။ ထိုသို့ ဆိုလျှင် ၂၀၁၂ခု ဇွန်လသည် ရခိုင်မြေအတွက် တတိယအကြိမ်မြောက် ခံတပ်တံခါးကျိုးပျက်ခဲ့ ကြောင်းမှတ်ယူကြလိမ့်မည် ထင်သည်။
            ရခိုင်အမျိုးသားတို့၏ ရာစုနှစ်ပေါင်းများစွာ လောင်မြိုက်ခံစားနေရမှုများကို ကိုယ်ချင်းစာမိ၏။
            ထို ကိုယ်ချင်းစာ စိတ်အခံဖြင့်ပင် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
(၃)
          ရခိုင်သမိုင်းတွင် ရှေးဦးရခိုင်ပြည်၊ (“ရခိုင်နိုင်ငံတော်”ဟု တစ်ချို့သော မှတ်တမ်းများတွင်ဖေါ်ပြ)သည်၊ ဓည၀တီ(စစ်တွေခရိုင်)၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)၊ မေဃ၀တီ(မာန်အောင်ခရိုင်)၊ ဒွါရ၀တီ(သံတွဲခရိုင်) တို့ဖြင့် စုဖွဲ့ ပေါင်းစည်း ထားသည်ဟုဆိုသည်။ (လက်ရှိရခိုင်ပြည်နယ်၏ အလယ်ပိုင်းကျသောဒေသများ၊ နှိုင်းယှဉ်ချက် အရ စိုက်ပျိုးမြေယာကြွယ်ဝသော ဒေသများဖြစ်သည်)။ ရခိုင်ကမ်းမြောင်ဒေသတွင် ရှာဖွေတွေ့ရှိသော အထောက် အထားများအရမူ ပုဂံခေတ်မတိုင်မီ နှစ်ပေါင်းရာထောင်ချီကတည်းက ရခိုင်မင်းဆက်များ ထူထောင်အုပ်ချုပ်ထား နိုင်ခြဲ့ပီဟုဆိုသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြ။ ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
          သမိုင်းခေတ်များအနေဖြင့် “ဓည၀တီခေတ်”(BCE.3325-327ADE)၊  “ဝေသာလီခတ်”(327ADE-818ADE)၊ “လေးမြို့ခေတ်”(818ADE-1430ADE)၊ “မြောက်ဦးခေတ်”(1430ADE-1785ADE) ဟု ခွဲခြား မှတ်တမ်းပြုခဲ့ကြသည်။ ခေတ်ဦးရခိုင်၏ အဓိက ကိုးကွယ်ခဲ့သည့်ဘာသာများမှာ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဖြစ်သည်။ (မွတ်ဆလင်ဘာသာ မရောက်ရှိသေး)။ ဓည၀တီခေတ်ကို သုံးပိုင်းပိုင်းထားပြီး၊ “သူရိယမင်းဆက်”ကို တည်ထောင်သော   “စန္ဒသူရိယမင်း”(တတိယဓည၀တီခေတ်)လက်ထက်တွင် “မဟာမုနိ”ကို သွန်းလုပ်ခဲ့သည် ဆိုသဖြင့် ဗုဒ္ဓဘာသာ စောစီးစွာ သက်ရောက်ကာ ကိုးကွယ်နေမှုကို မြင်ရသည်။ ထိုမင်းဆက်သည် ဗုဒ္ဓနှင့် ခေတ်ပြိုင် ဖြစ်နေကြောင်းလည်း ခုနှစ်မှတ်တမ်းများက ဖေါ်ပြနေသည်။ ဗုဒ္ဓဘာသာသည် ရခိုင်မင်းဆက်တို့ထံ အနော်ရထာထက် နှစ်ပေါင်းများစွာစော၍ ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။   ဝေသာလီခေတ်တွင်မူ မထေရ်ကြီးများ ရဟန်းသံဃာတော်ကြီးများ သိန်းသောင်းချီရှိခဲ့သည်ဆိုသဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ အထွန်းလင်းဆုံးကာလ ဟု မှတ်ယူနိုင်မည်ဖြစ်သည်။
          ရိုဟင်ဂျာတို့ကို ရခိုင်ဒေသသားအဖြစ်သွပ်သွင်းလိုသော သမိုင်းအချက်အလက်အချို့တွင်၊ မြောက်ဦး ခေတ်ဦးပိုင်း ရခိုင်ဘုရင် အချို့သည် ရခိုင်အမည်အပြင်မွတ်ဆလင်နာမည်ခံယုကာ ၊ ဒင်္ဂါးပြားများတွင် သွန်းလုပ်ဖေါ်ပြထားခြင်းကို ဇောင်းပေးသက်သေပြုခြင်းဖြင့် ရခိုင်မင်းများကို မွတ်ဆလင်ဘာသာဝင်များအဖြစ် ပုံဖေါ်ကြသည်။ အမှန်မှာ ရခိုင်မင်းဆက်တို့တွင် ရခိုင်ဘုရင်ပေါင်း (၄၈)ဦး နန်းတက်ခဲ့ရာ (၉)ဦးသာ မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါး သွန်းလုပ်ခဲ့သည်။ ထို (၉)ဦးစလုံးသည် စစ်တကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သူ များသာဖြစ်ပြီး၊ မိမိတို့သိမ်းပိုက်နိုင်ခဲ့သော နယ်ပယ်ဒေသရှိလူထု၏ယုံကြည်မှုကို ရယုနိုင်ရန် ရည်ရွယ်ပြီး အင်္ဂါး ပေါ်တွင် သူတို့၏ရခိုင်ဘုရင်ဘွဲ့တော်သာမက မွတ်ဆလင်ဘွဲ့အမည်ကိုပါ ရေးထွင်း မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
“လေးမြို့ခေတ်”၏ နောက်ဆုံးမင်းဆက်  ရခိုင်ဘုရင်မင်းစောမွန်သည် နန်းတက်ပြီး (၂)နှစ် အကြာ(1430ADE) တွင်၊ အင်းဝ၏ရန်ပြုစစ်ခင်းမှုကြောင့် ဘင်္ဂေါကိုထွက်ပြေးခိုလှုံရသဖြင့် ရခိုင်မင်းဆက်သည် မွတ်ဆလင်ဘာသာ ကိုးကွယ်သယောင် မှန်းဆကြသည်။ (ပါမောက္ခ“ဆာရာဂျူဒင်” ကမူ၊ ရခိုင်ဘုရင်မင်းစောမွန်သည် ဘင်္ဂေါသို့ ထွက်ပြေးခိုလှုံခဲ့ရသည့်သမိုင်းအထောက်အထား ဘင်္ဂေါသမိုင်းတွင်မရှိ၊ မင်းစောမွန်ရခိုင်မြေသို့ ပြန်လာပြီးသည့်နောက် တွင် ရခိုင်ပြည်သူတို့ မွတ်ဆလင်ယဉ်ကျေးမှုကိုလက်ခံသည်ဆိုသော အဆိုလည်းမဖြစ်နိုင်၊ ရခိုင်ဘုရင်များက မွတ်ဆလင် စာပေယဉ်ကျေးမှုကို အားပေးထောက်ခံခဲ့သည့် အထောက်အထားလည်းမရှိဟု ရေးသားခဲ့သည်။)
မင်းစောမွန်ကိုဆက်ခံခဲ့သည့် ဘုရင်များ (1430ADE)မှ ရခိုင်ကို “ဗဒုံမင်း”သိမ်းပိုက်ခဲ့သည့် (1784ADE) အထိ မည်သည့်ရခိုင်ဘုရင်မျှ မွတ်ဆလင်ဘာသာဝင်မဟုတ်ခဲ့။ (“ရိုဟင်ဂျာလူမျိုး” ဟူသော အမည်သည်လည်း 1947ခုနှစ်ထိ မည်သည့် သမိုင်းစာအုပ်တွင်မျှ မှတ်တမ်းတင်ဖေါ်ပြထားခြင်းမရှိသေးပါ။)
          ရခိုင်တို့သည် သူ့သမိုင်း၊ သူ့စာပေ၊ သူ့ယဉ်ကျေးမှု၊ သူ့ကိုးကွယ်ယုံကြည်ရာ သူ့ထီးသူ့နန်းဖြင့် အနောက်ဘက်တံတိုင်းကို ကြီးစိုးစောင့်ကြပ်ထားသူများသာဖြစ်ကြသည်။

    http://wikimyanmar.co.cc/wiki/index.php တွင်မူ ဤသို့မှတ်တမ်းပြုထားသည်ကိုတွေ့ရ ၏။

          ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။

(၄)
ရခိုင်ဒေသသို့ ဘာသာခြား တိုင်းတပါးသားများ မည်သည့်အချိန်က မည်သို့ရောက်ရှိလာကြကြောင်း ခြေရာ ကောက်မိသည်။
ဗုဒ္ဓဘာသာ သက်ဦးဆံပိုင် ရခိုင်ဘုရင့်နိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်းဖြင့် ဖွံ့ဖြိုးစည်ပင်စွာနေထိုင်ခဲ့ကြသော ရခိုင်ဒေသသို့ စစ်တကောင်းသားများ ၀င်ရောက်လာမှုသည် ရခိုင်အင်ပါယာကြီးကို စစ်တကောင်းနယ်အပါအ၀င်အထိ အင်အားချဲ့ထွင်အုပ်ချုပ်နိုင်ခဲ့ခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုနိုင်မည်။ ရခိုင်ဘုရင်တို့ ဒက္ကာနှင့် စစ်တကောင်းကို လက်လွှတ် ဆုံးရှုံး လိုက်ရသော 1666 စစ်ပွဲမတိုင်မီအထိ ထိုအရပ် ဒေသ(ဒက္ကာ၊စစ်တကောင်း)တို့သည် ရခိုင်တို့ ပိုင်မြေဖြစ်ခဲ့သည်။

(၁၅)ရာစုတွင် စစ်နိုင်ရခိုင်ဘုရင်တို့က သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသော  မွတ်ဆလင်များကို ရခိုင်မြေရှိ လယ်ယာလုပ်ငန်းများ၊ အခြားအမှုထမ်းလုပ်ငန်းများတွင် ခိုင်းစေခြင်းဖြင့် ဘင်္ဂေါနယ်သားများ ရခိုင်တွင် စတင် အခြေချ နေထိုင်ခဲ့ကြသည်။ မွတ်ဆလင်ဘာသာဝင်များကို ကျေးကျွန်များအဖြစ် အများဆုံးပို့ခဲ့သောအချိန်မှာ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဆန်ဒွပ်ကျွန်းသို့ ရောက်ရှိစဉ်တွင် ဖြစ်ကြောင်းသိရပါသည်။
 ထိုနှစ်ကာလရှည်တစ်လျှောက်လုံးတွင် ရခိုင်တို့က အုပ်ချုပ်သူအရှင်သခင်ဖြစ်ပြီး ဘင်္ဂေါသားတို့က စစ်ရှုံးသူ/ သုံ့ပန်း/ ကျေးကျွန်များဖြစ်ကြသည်။ ရာစုနှစ်နှင့်ချီကာ ထိုဆက်ဆံရေးသည် မပြောင်းမလဲဖြစ်ခဲ့သည်။ နောင်တွင်မူ တိုင်းတပါးမှ ကျူးကျော်ဝင်ရောက်လာသူများက လူအင်အား၊ ကွန်ယက်အင်အား၊ နောက်ကွယ်မှ စီမံကိန်းရှိရှိ ထောက်ပံ့မှု အင်အား များကိုအသုံးပြုကာ ဇာတိသားရခိုင်များအား နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ညှင်းဆဲ မောင်းထုတ်သည်အထိ အခြေအနေများက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

(၁၇)ရာစုတွင်မူ အနောက်ဘက်မှလာသော ပေါ်တူဂီများနှင့် ရခိုင်တို့သည် ကျွန်ရောင်းကျွန်ဝယ်လုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်သည်။ ကျွန်ဈေးကွက်သို့ တင်ပို့ရောင်းချရန် ဖမ်းဆီးခြင်းခံရသော ဘင်္ဂေါနယ်သားမွတ်ဆလင်များ သည် ရခိုင်လယ်ယာများ၊ လက်မှုလုပ်ငန်းများ၊ အမှုထမ်းခြင်းများတွင် ကျွန်များအဖြစ်လုပ်ကိုင်ကြရင်း အခြေကျလာကြ ပြန်သည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများကြားတွင် မွတ်ဆလင်ဘာသာ ကိုးကွယ်သူ တိုင်းတပါး သားတို့ရောနှောနေထိုင်လာကြ၏။ သို့သော် မွတ်ဆလင်ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုလည်း ရှိသေးကြောင်းကို ၀ီကီစာမျက်နှာတစ်ခုတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန် တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က “ကမန်”ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားပါသည်။ ရှေးရခိုင်တွင် လေးသည်တော်ကို “ကမန်” ဟုခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင် “ရှာရှုဂျာ” မြောက်ဦးသို့ ခိုဝင်လာစဉ်က နောက်ပါအချို့ကိုလည်း ခေါ်သည်။ အာဖဂန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကားနှင့် အမည်တို့ကို သုံးစွဲကြသည်။ လူဦးရေသုံးထောင်လောက် ရှိသည်။ သီးခြားရွာရှိပြီး လူမျိုး ရောနှောမှု နည်းပါးသည်။ ယင်းမူဆလင်ဘာသာဝင် ကမန်လူမျိုး တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သောကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင်ဘာသာ ကိုးကွယ်သော ရခိုင်တိုင်းရင်းသား“ကမန်”လူမျိုး ရှိသည်ကိုပင် သတိပြု မိကြဖူးမည် မဟုတ်ပေ။

`          ဤအချက်သည် “ရိုဟင်ဂျာ”ဟု အမည်တပ်သူတို့က ၎င်းတို့ကိုယ်၎င်းတို့ ရခိုင်တိုင်းရင်းသား မွတ်ဆလင်များ ဖြစ်ကြောင်း ပုံဖျက်ပြောဆိုနေမှုသည်မှားယွင်းကြောင်း၊ ရခိုင်မွတ်ဆလင်ဆိုသည်မှာ ကမန်လူမျိုးများသာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ကွဲပြားစေခဲ့သည်။ ရခိုင်တိုင်းရင်းသားတို့သာ ရှေးယခင်ကတည်းက မွတ်ဆလင်ဘာသာကို မုန်းတီးသူ၊ လက်မခံသူများ ဖြစ်နေခဲ့ကြမည်ဆိုလျှင် “ကမန်”တို့သည် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်လာဖွယ် အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာ ထွန်းကားလွန်းသော ရခိုင်မြေ၊ ရခိုင်ရေတွင် မွတ်ဆလင်တို့ ခြေချရှင်သန်ဖွံ့ဖြိုးခွင့်ရှိခဲ့မည်မဟုတ်။

1824တွင် မြန်မာတို့စစ်ရှုံးသောအခါ၊ အင်္ဂလိပ်တို့က ရခိုင်နှင် တနင်္သာရီကို သိမ်းပိုက်လိုက်ခြင်းဖြင့် အင်္ဂလိပ်ပိုင် ဘင်္ဂလားဒေသသည် ရခိုင်ဒေသနှင် တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားခဲ့၏။

1839တွင် အင်္ဂလိပ်တို့၏ မြေရိုင်းများတိုးချဲ့လုပ်ကိုင်ရေးအစီအမံအရ မြေပိုင်ရှင်များသည် မြေယာအမြောက် အများ ကိုပိုင်ဆိုင်ခဲ့ကြသည်။ ထိုမြေယာများအတွက်လိုအပ်သော လုပ်သားအင်အားအများအပြားကို စစ်တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများဖြင့်ဖြည့်ဆည်းခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးဝန်၏ 1930-31 အစီရင်ခံစာအရ၊ သာမာန်အားဖြင့် စစ်တကောင်းသားကူလီပေါင်း တစ်နှစ်လျှင် လေးသောင်းကျော်ဝင်လေ့ရှိကြောင်းသိရသည်။ ထိုခုနှစ်များ က စစ်တွေခရိုင်အတွင်း အိန္ဒယတိုင်းရင်းသား(ယောက်ျား)ပေါင်း နှစ်သိန်းငါးသောင်းကျော်ရှိသည့်အနက် ရှစ်ဆယ် ရာခိုင် နှုန်းမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ရခိုင်မြေကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၃၁-ခုနှစ်တွင် စစ်တွေခရိုင် (ရခိုင်တောင်တန်းနယ်နှင့် မြေပုံမြို့နယ် တစိတ်တဒေသ အပါအဝင်) တွင် လူဦးရေ (၉၅၀၉၀) ဦးသာ ရှိခဲ့သည်။ ၁၈၃၂-ခုနှစ်တွင် (၁၀၉၆၄၅) ဦးရှိလာခဲ့ပြီး၊ ၁၈၂၉-၃၀ ခုနှစ်တွင် ထွန်ယက်စိုက်ပျိုးသော လယ်မြေဧရိယာမှာ ၄၅၇၇၁ ဧက ရှိခဲ့သည်။ ထွန်ယက်စိုက်ပျိုး နိုင်သော မြေလွတ် မြေရိုင်းများမှာ ၁၀၀၀၄၇၇ ဧက ရှိခဲ့သည်။ မြေလွတ်မြေရိုင်း လယ်မြေ ဧရိယာသည် လူဦးရေထက် များစွာ ပိုနေပါသည်။

1869 တွင် စူးအက်တူးမြောင်းဖေါက်လုပ်ပြီးနောက်ပိုင်း ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် အင်္ဂလိပ်တို့က သုံးနှစ် အတွင်း မြေခွန်မပေးရသောမူတစ်ခုကျင့်သုံးခဲ့သည်။ ထိုမူအောက်တွင် တိုင်းရင်းသားနှင့် နိုင်ငံခြားသားအရင်းရှင်များက စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်လာ၏။ ဘင်္ဂေါဒေသတွင် လူဦးရေထူထပ်ပြီး လုပ်ကိုင်စားသောက်ရန်မြေလွတ်နည်းပါး သဖြင့် လယ်ယာလုပ်ငန်းတိုးတက်ကောင်းမွန်နေသော ရခိုင်သို့ ဘင်္ဂလားနှင့် စစ်တကောင်းမှ မွတ်ဆလင်များ၊ ဘင်္ဂါလီ များ မြောက်များစွာ လှိမ့်ဝင်လာတော့သည်။ ဒေသရင်းသား ရခိုင်တို့ပိုင်ဆိုင်သော လယ်ယာမြေများ တဖြည်းဖြည်း ဆုံးရှုံး လာခဲ့သည်။

( ၅ )
1937 ခုနှစ်က “ခွဲရေး-တွဲရေး” နိုင်ငံရေးမူဝါဒအပြောင်းအလဲ
သည် စစ်တကောင်းသားများ ရခိုင်သို့ အမြောက် အများ ၀င်ရောက်လာစေခဲ့သော အကြောင်းအချက်တစ်ရပ်ဖြစ်ခဲ့သည်.။ အိန္ဒိယခေါင်းဆောင် “ဆာကာ” နှင့် မြန်မာ ခေါင်းဆောင် “ဦးစော”တို့ ကြိုတင်ချုပ်ဆိုသော လူဝင်လူထွက်စာချုပ်တွင် စာချုပ်ချုပ်ဆိုသည့်နေ့ရက်ကစ၍ သုံးနှစ် အတွင်း လူဝင်လူထွက်ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းမပြုရန်ပါခဲ့သည်။ ထိုသုံးနှစ်အတွင်း နယ်စပ်သည် တံခါးမရှိ သည့်ပုံပေါ်သည်။



မြန်မာတို့က ခွဲထွက်ရေးကို ဇောင်းပေး ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်းကုလားများသည် နောင်တွင် ရေမြေကောင်းပြီး စိုက်ပျိုးစားသောက်ရန် လယ်ယာမြေများပြားလှသော ရခိုင်မြေတွင် ခြေချနေထိုင်ရန် အခွင့်အရေး မရတော့မည်ကိုစိုးရိမ်ကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ ဘူးသီးတောင်၊ မောင်တော လမ်းမများသည် ၀င်လာ သော ကုလားများနှင့် မြင်မကောင်းအောင်ပြည့်နှက်ေ
နတော့သည်ဟုဆိုသည်။



“ဦးစော-ဆာကာ”စာချုပ်ကို အကာအကွယ်ယူကာ အမြဲတမ်းနေထိုင်ရန်ရည်ရွယ်ခ
ျက်ဖြင့် သုံးနှစ်အတွင်း ကုလားအများ အပြားဝင်ရောက်လာရာ နဂိုရှိရင်းရွာများထက် နှစ်ဆသုံးဆ ပိုများပြားလာသည့်အပြင် အိမ်ခြေနည်းပါးသော ရခိုင်ရွာများတွင်ပင် ၀င်ရောက်နေထိုင်ကြသည်ကို တွေ့ရသည်ဟု “ဘုံပေါက်သာကျော်”၏ 1989ခုနှစ်ရေး စာတမ်း တစ်စောင်တွင် ဖေါ်ပြထားသည်။ လူအင်အားဖြင့်ဖိဝင်လာသော စစ်တကောင်းသားများကြောင့် ဒေသခံရခိုင်တိုင်းရင်းသား တို့ နေရာဖယ် ပေးခဲ့ရသော မြင်ကွင်းကိုထင်ဟတ်ပြနေသည်။



1942 တွင် မောင်တောမြို့ပေါ်လူဦးရေ (15000)ကျော်နှင့် ပတ်ဝန်းကျင်ရွာပေါင်း(144)ရ
ွာထိရှိခဲ့ပြီး ဘင်္ဂလီနှင့် ရခိုင်အချိုးသည်(2:1)ရှိခဲ့ကာ ယခုအခါ (90:10) ခန့်ရှိနေပြီဖြစ်သည်။ တပ်မတော်အရာရှိကြီးတစ်ဦး၏ 1983ခုနှစ်ထုတ် တင်ပြချက်စာတမ်းတစ်စောင်၏စာပိုဒ် (၃၈)တွင်

“ယနေ့ကာလတွင် ဘူးသီးတောင်၌ မွတ်ဆလင်ဘင်္ဂါလီ 95ရာခိုင်နှုန်းနှင့် မောင်တောတွင် 97 ရာခိုင်နှုန်း၊ ရသေ့တောင်တွင် 80 ရာခိုင်နှုန်းအသီးသီးရှိနေကြ
ပြီးဖြစ်လျှက်၊ ရခိုင်ပြည် နယ်မြို့တော် စစ်တွေမြို့တွင်ပင် 55 ရာခိုင်နှုန်း မက တိုးတက်များပြားလာသည့်အပြင် မာန်အောင်ကျွန်းမှလွဲ၍ ရခိုင်ပြည် နယ်အနှံ့အပြားတို့တွင် ဘင်္ဂါလီကုလားများ မလွတ်တန်း ပြန့်နှံ့စွာဝင်ရောက်နေထိုင်ကြလျှက်ရှိသည်” ဟု ဖေါ်ပြပါရှိခဲ့၏။

၁၉၈၃ခုနှစ်က ရှိခဲ့သော လူဦးရေအချိုးအစား အခြေအနေဖြစ်သည်။



(၁၄ရာစုနှစ်တွင် “ကိုဆိုဗို”၌ ဆာတ့် ဦးရေ ၉၆.၆% ရှိပြီး အယ်ဘေးနီးယားက ၃% ရှိကာ ၁၉၉၁ အရောက်တွင် အယ်ဘေးနီးယား ၈၁.၆% နှင့် ဆာ့တ် ၉% သာ ကျန်သည်အထိ လူဦးရေအချိုးအစားပြောင်းပြ
န်ဖြစ်သွားသော အဖြစ်မျိုး ကို သတိမူဖို့လိုပါမည်။)



2009ခုနှစ် စာရင်းအရ

မောင်တော - 459,360

ဘူးသီးတောင်- 304,288

စစ်တွေ - 288,216

ကျောက်တော်- 253,576

မြောက်ဦး - 237,778

ရသေ့တောင် - 176,638

ပေါက်တော - 170,818

ရှိသည်ကို တွေ့ရပြီး၊ ရခိုင်မြောက်ပိုင်းသည် လူဦးရေအထူထပ်ဆုံးဖြစ်နေသည်
။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မောင်တော၊ ဘူးသီးတောင်တို့သည် လူဦးရေအများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ရခိုင်လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် မြောက်ပိုင်းတွင်ရှိနေကြသည်



1942 တွင် အင်္ဂလိပ်တို့မြန်မာ့မြေပေါ်မှ
ဆုတ်ခွာချိန်တွင် အိန္ဒိယသား အမြောက်အများကို ရခိုင်သို့ခေါ်သွင်းလာ ပြီး၊ မြေယာများပေးခဲ့သည့်အတွက် ကုလားမြေပိုင်ရှင်အများအပြားပေါ်ထွန်းလာခဲ့ပြန်သည်။

(1942)ခုနှစ်အထိ၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်အိမ် (၁၇)အိမ်/
လူဦးရေတစ်ရာကျော်သာရှိပြီး၊ (2009) ခုနှစ်တွင် မွတ်ဆလင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော်ထိရှိလာခဲ့သည်။ ရခိုင်တိုင်းရင်းသားဦးရေမှာ ငါးသောင်းတစ်ထောင် ကျော်သာ ကျန်တော့သည်။ မောင်တောမြို့နှင့် (၆)မိုင်ကွာတွင် ရှိသော မင်္ဂလာကြီးချောင်းဝ နတ်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်္ဂလာကြီးရွာ၊ ၄င်းရွာကို ရခိုင်သားများက စတင်တည်ထောင်ခဲ့ပါသည်။ ယခုအခါ ယင်းရွာမှာ ဘင်္ဂလီလူမျိုး များသာ ဖြစ်ပြီး ရခိုင်လူမျိုးများမရှိတော့ပေ။ မောင်တောမြို့နှင့် ၂-မိုင်ခန့်ကွာဝေးသည့် ခရစ်သက္ကရာဇ် ၁၇၇၄-ခုနှစ်တွင် တည်ထောင်ပြီး ၁၈၄၈-ခုနှစ်ထိ မြို့သူုကြီးနေထိုင်ခဲ့သော “မြို့သူကြီး”ရွာမှာလည်း ရခိုင်လူမျိုးတစ်ယောက်မျှ မကျန်တော့ ပေ။ မောင်တောမြို့မြောက်ဘက် ၁၂-မိုင် ရှိ “ဦးရှဥ့်ကျံ” ကျေးရွာကို ၁၈၅၄-ခုနှစ်က တည်ထောင်ခဲ့ပြီး ယင်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင် ခဲ့ကြပါသည်။ ယခုအခါ “ဦးရှဥ့်ကျံ” ကျေးရွာတွင် ရခိုင်လူမျိုး တဦးတယောက်မျှ မကျန်ရှိတော့ ကြောင်း သိရပါသည်။



(1939)ခုနှစ်တွင်၊ ကော်မရှင်နာမင်းကြီး “ဂျိမ်းအက်စ်တာ၊ ဥက္ကဌအဖြစ်ဦးဆောင်ပြီး၊ ဘင်္ဂေါနယ်မှ မွတ်ဆလင် များနှစ်စဉ်တိုးဝင်လာနေခြင်
းကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတို့အတွက် နောင်ကာလတွင် အန္တရယ်ကြီး ဖြစ်လာနိုင်/ မလာနိုင်ကို “စုံစမ်းရေးကော်မရှင်” ဖွဲ့ကာ စုံစမ်းခဲ့ကြသည်။ ထိုကော်မရှင်က ယခုကဲ့သို့ စစ်တကောင်းမွတ်ဆလင်များ ရခိုင်သို့ အဆက်မပြတ်ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားမည် ကိုစိုးရိမ်ရကြောင်း သက်သေများအားလုံးက စစ်တကောင်းမွတ်ဆလင်များ ၀င်ရောက်လာနေမှုကို တားဆီးသင့်ကြောင်း အကြံပြုခဲ့ကြသည်။ 1939ခုနှစ်က စုံစမ်းရေးကော်မရှင်၏ စိုးရိမ်ပူပန်ခဲ့မှု၊ နမိတ်ဖတ်ခဲ့မှုများအတိုင်း 1942တွင် ရခိုင်-ကုလား အဓိကရုဏ်းကြီးဖြစ်ပွားလာခဲ့တော့သည်။



ရခိုင်ပြည်နယ်တရားသူကြီးအဖွ
ဲ့ဥက္ကဌ၊ ဦးထွန်းမြဦးကလည်း “ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားသား ဘင်္ဂါလီလူမျိုးများ ခိုးဝင်လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေး”နှင့် ပတ်သက်သည့် တင်ပြချက် စာတမ်း တစ်စောင် ထုတ်ပြန်တင်ပြခဲ့ဖူးသည်။)

1956 တွင် ရခိုင်လူထု၏ထောက်ခံမှုကိုမရရ
ှိခဲ့သူ “ဦးနု”သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် ဘူးသီးတောင်နယ်တွင် မဲဆန္ဒနယ် တစ်နယ် ပိုသတ်မှတ်ပေးပြီး၊ မွတ်ဆလင်များအား “ဖဆပလ”သို့သိမ်းသွင်းကာ အရွေးခံစေခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင်အမတ်များကို အရွေးခံခွင့်ပေးခဲ့ပြီး မဲအများအပြား ရရှိရန်အတွက် စစ်တကောင်းကုလားများကို ခေါ်သွင်းက မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆရာဦးမြင့်သိန်း (ညွှန်ကြားရေးမှူး၊ သမိုင်းသုတေသနဦးစီးဌာန)၏ စာတမ်းတစ်စောင်တွင်၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၏ တွေ့ဆုံ မေးမြန်းချက် OH/P/3056/2009 နှင့် OH/P/0359/2009 ကိုညွှန်းဆိုကိုးကားခဲ့သည်။



ထိုစာတမ်းတွင်ပင်-

ဦးနုသည် “ဖားဝပ်”ရွာကိုရောက်ရှိလြာေ
ကာင်း၊ မွတ်ဆလင်တွေ ဖဆပလ ကို မဲပေးလျှင် မှတ်ပုံတင်ထုတ်ပေးမည်၊ နေခွင့်ရမည်ဟု ပြောသွားကြောင်း၊ ၄င်း၏အတွေ့အကြုံကို ပြောပြခဲ့သည်။ မြောက်ဦးမြို့တွင် နေထိုင်ရသည့် “ရတည”တွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးကပြောကြားသည်မှာ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်မတူဘဲ မွတ်ဆလင်များထံမှ မဲရရေးအတွက်နှုတ်မှ အလွယ်တကူ ကတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ “ရတည”ကိုလည်း ၄င်း၏ပါတီကို ထောက်ခံပါက၊ ရခိုင်ပြည်နယ်ကိုပေးမည်ဟု “ရတည”အမတ်များကို ၄င်း၏အိမ်သို့ခေါ်ကာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖဆပလ မဲအနိုင်ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး၊ဦးဧမောင်
(ခ)အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂါလီများကို ခေါ်သွင်းလာသည်။ ဘူးသီးတောင်တွင် “အဘူခိုင်”ဆိုသူက ဖဆပလ ဥက္ကဌ၊ လ၀က တို့နှင့်ပေါင်းကာ အိမ်ထောင်စုစာရင်းများပြုလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီ များကို ခေါ်သွင်းလာရာ ရွာပေါင်းလေးဆယ်ကျော်သည် တမဟုတ်ချင်း ရောက်ရှိလာသည်။ ပြင်ပမှ လူပေါင်း များစွာကို ထိုကဲ့သို့ ခေါ်သွင်းလာခြင်းဖြင့် ဆပလ အနိုင်ရရေးဆောင်ရွက်ခြင်းသည် ဦးနု၏လုပ်ဆောင် ချက်ဖြစ်သည်။ ထိုအမှားသည် နောင်တွင် နိုင်ငံကို များစွာအထိနာစေသော အမှားတစ်ခုပင်ဖြစ်သည်။

ဟုဖေါ်ပြထားခဲ့သည်။

ဤသို့ဖြင့် ကုလားဦးရေအဆမတန်များလာခဲ့သ
ည်။ ရခိုင်ဒေသခံများ တဖြည်းဖြည်းနေရာပျောက်လာ၊ နယ်ကျုံ့လာရသည်။ ကိုယ့်ရေကိုယ့်မြေမှ တဖြည်းဖြည်းဆုတ်ခွာပေးလာရသည်။ မြို့ဟောင်း(မြောက်ဦး)မြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းဖြူက စစ်မဖြစ်မီက ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်ရွာပေါင်း(၂၀၀)မှ (၃၀၀) ကြားရှိကြောင်း၊ ယခုအခါ(၁၀)ရွာလောက်သာ ကျန်တော့ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည့်ဖြစ်ရပ်သည် ထိုကာလ ၏ အခြေအနေကို ထင်ဟတ်ပြနေသည်။
( From Facebook )

No comments:

Post a Comment