Saturday, March 31, 2012

အစိမ်းရောင် ယူနီဖောင်း ဒီမို ကရေစီမှ အ၀ါရောင် စကတ် ဒီမို ကရေစီသို့

အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့
ဓါတ်ပုံ (Narinjara)
တစ်ခေတ်တော့ ဆန်းလာတော့မည်ထင်သည်။ ဂျာနယ်ကြီးများမှာတော့ ဇာတ်လမ်းတွေ တတိယပိုင်းလို့တောင် တင်စားနေကြ ပါသတဲ့။ ကျွန်တော်တို့မှာတော့ ကျည်ပွေ့ကို ထရံရက်သည်မျိုး ဆွဲမရ စေ့မရ၊ ဦးကနင်း ပဲ့ကပေါ်၊ ပဲ့ကနင်း ဦးကပေါ်။ ဘယ်သူမှ မသုံးသည့် လှေဆိုးတစ်စီးနှင့် ဘယ်သူမှ မကူးသည့် ကမ်းမမြင်လမ်းမြင် သမုဒ္ဒရာကြီးကို တက်ဘဲ ကျိုးကျိုး လှေဘဲမှာက်မှောက် ကူးခတ်ရမည့်တာဝန်ကို ကိုယ့်ဘာသာ ကိုယ်ယူလိုက်ကြသည်။ ဒီကြားထဲ ဆဲသူကဆဲ၊ သြဘာပေးသူကပေးနှင့် ခရီးကြမ်းနှင်ရ တာက ပွက်လုံးညံနေတဲ့ကြားထဲမှာ ပျော်စရာကောင်းသည်ဟု ယူဆမိသည်။
ရှေ့ကိုပဲ အားပြုနေတော့ နောက်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို တချက်ပြန်ကြည့်လိုက်တော့ ဟောလွန်ခဲ့တဲ့နှစ်ပေါင်း ၆၃ -နှစ် လောက်ကစပြီးသူများတင်စားကြသလိုမျိုး တစ်လုံး တစ်ပါဒနှင့် အသုံးကျအောင်တော့ ပြောလိုက် ချင်သေးသည်။ မပြော မသိ၊ မတီးမမြည်ဆိုသလိုမျိုး လက်သည်းဆိတ် လက်မ မခံနိုင်၊ စိတ်ထဲမှာက သမိုင်းဆရာကြီးတွေ ရေးပြ၊ ပြောပြလို့ တစ်စွန်း တစ်စသိထားတာလေးကို အရိုးစွဲအောင် သူများကိုလည်း ကြွားလိုက် ချင်သည်။
၁၉၄၇ ခုနှစ် ပတ်ဝန်းကျင်လောက်က ဒို့တိုင်းရင်းသားတွေ၊ စည်တော်ပိုင်တဲ့လူမျိးတွေက စည်တော်ယွန်း၊ အိုးစည်ရှိသူတွေက အိုးစည်တီးကြ၊ ဖားစည် ရှိသူတွေကလည်း အားကျမခံကြိုဆိုလိုက်ကြတာ၊ လွတ်လပ်ရေးအတွက် စည်းရုံးရန်လာသူများက လည်း ဇာတ်မင်းသမီးဝတ်သလိုမျိုး ဟိုဒေသရောက် ဟိုဝတ်စုံ၊ ဒီဒေသရောက် ဒီဝတ်စုံ၊ ဟန်အမူအရာကောင်းကောင်းနှင့် သရုပ်ဆောင်ပြလိုက်တော့ လက်ညှိုးဖြတ်မည့်သူကလည်း ဒူးထောက်၊ အရက် ကိုးမောင်းသောက်ထားသည့် အမျိုးသားဝါဒီ ဆင်ပြောင်ကြီးများလည်း အားလျားမှောက်၊ ဒို့အမျိုးသားရေးဝါဒကို ဘယ်သူမှရိုက်ချိုးနိုင်မှာမဟုတ်ဘူး၊ ဒို့က အမျိုးသားရေးမှ အမျိုးသားရေး၊ လုံးဝရေမရောဘူး။ အမျိုးသားစစ်စစ် သစ္စကပုရပိုဒ်လို အတွေး အခေါ်ပေါင်း တစ်ထောင်ကို လေ့လာထားသူများ ကလည်း ရွှေပြည်အေး တရားမှာ အသာလေး ပျော့ခွေသွားကြလေသတည်း။
“ခင်ဗျားတို့ပဲ အုပ်ချုပ်ရမှာပါ။ ပညာတတ်တွေဆိုလို့ ခင်ဗျားတို့ ရခိုင်တွေပဲရှိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့တွေ ဘာတွေများ ကွာခြားနေလို့လဲ။ အား လုံး အတူတူပဲမဟုတ်လား။ ဗိုလ်ချုပ်က လုပ်ပြောတာကို အဟုတ်ကြီးထင်ပြီး ရှိတာကိုပုံအပ်လေတော့   ပြန်တောင်းတဲ့အခါ ဓါးဆွဲတုတ်ဆွဲဖြစ်ကုန်ပြီ။ ဘယ်လိုလဲ၊ ၀ါးနုက ၀ါးရင့်ကိုပတ်လို့ မရဘူးဆို၊ အပတ်ခံလိုက်ရတာက ဘိလပ်   ပြန်၊ ဆံဖြူသွားကျိုး၊ ကြာအိုကျ။ လာပတ်သူက နုနုရွရွကလေး။ ဒီလိုနဲ့ ပဲ မြန်မာနိုင်ငံရေးဇာတ်ခုံ စတိတ်ချိုးပိုင်း၊ ဘာမသိညာ မသိ ဟီးလီးဟားလားနှင့် တစ်ခန်းရပ်သွားသည်။
တောင်ရှည်ပုဆိုးနှင့် မြန်မာ့ဒီမိုကရေစီခေတ်
၁၉၄၈-ခုမှာ မျက်နှာဖြူတွေထွက်သွားတော့ အဖြူမဟုတ်၊ အနက်မဟုတ်၊ အ၀ါရောင်တောင်ရှည်ပုဆိုးတွေနဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဆက်လက်ကပြရန် ပွဲထွက်လာခဲ့ကြသည်။ တောင်ရှည်ပုဆိုးက အ၀ါရောင်ခေါင်းပေါင်းက ညာချ၊ တိုင်းရင်း သားများက လူရွှင်တော်နေရာကနေပြီး လိမ်သမျှခံ၊ ညာသမျှကျ မင်းသားပါးချသမျှ ကြိတ်မှိတ်ခံခဲ့ရသည်က ၄၈-မှသည် ၆၂- သို့ထိ။ ဒီကာလ အတောအတွင်းမှာ အားလျားမှောက်ခဲ့ကြသူတွေ ထထိုင်၊ ဒူးထောက်သူတွေက မတ်တပ်ရပ်လေတော့မကြုံစ ဖူး၊ အဖြစ်ထူးလာသည့် ရောင်စုံသူပုန်နှင့် ဗမာပြည် ပွက်ပွက်ဆူလေတော့သည်။ဖဆပလ အကွဲအပြဲ ကြားထဲမှာ အကွက်ချောင်း   နေကြသည့် တိုင်းရင်းသားပါတီများကလည်း ပြည်နယ်တောင်း။ ခေါင်းရှုပ်မခံ၊ သမိုင်းတရားခံမဖြစ်လိုသည့် ၀န်ကြီးချုပ်ဦးနု က ဒီလောက်ပူအိုက်သည့် ရာသီမှာ တောင်ရှည်ပုဆိုးနှင့် မလျှောက်ကန်တော့ဘူး။ ယူနီဖောင်းနှင့်ပဲ သင့်တော်တော့မည်။ “မင်းပုဆိုးချွတ်တော့”ဟု ပုရောဟိတ်ကြီးက ဟောကိန်းထုတ်လိုက်လေသည်။
စစ်ယူနီဖောင်းနှင့် မြန်မာ့ဆိုရှယ်လစ်ခေတ်
လက်နက်ပုန်းများကိုင်ဆောင်ထားသည့် ဘုရားတကာကြီး၊ကျောင်းတကာကြီး အနားယူသွားတော့ စားမည်ဝါးမည် တကဲကဲနှင့် စစ်ဘီလူးကြီး ဗိုလ်နေ၀င်းက ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ ဇာတ်ကြမ်းပြဇာတ် တစ်ခန်းကို နိဒါန်းပျိုးလာလေသည်။ ဗမာပြည် သူ တွေက ဇာတ်ကြမ်းကို ကပြချင်ကြ သည်။ မကြမ်းလို့မဖြစ်ပါတော့။ ခ၀ဲခြံ တိုက်ပွဲများမှ ရရှိလာသည့် သင်ခန်းစာတပုံကြီး။ “ဓါးဓါးချင်း၊ လှံလှံချင်း” ကြိမ်းလိုက်ကြပြန်သေးသည်။ “လိုချင် လျှင်တိုက်ယူ”ဆိုတာလည်း ပါလိုက်ပြန်သေးသည်။ ဒီအချိန်မှာ   တော့ ပုရောဟိတ်ကြီးက ဗန္ဓုကမ္ဗလာ မြကျောက်ဖျာတင်းလာ၍ တိုင်းရေးပြည်ရေး အင် ပါယာအရေးကို လှည့်ကြည့်လိုက် ချိန်မှာ အပြောမဖြစ် ပြောရတော့သည်။ “ဟေ့ မောင်မင်း၊ မြန်မာ့ဦးခေါင်း အနောက်သို့ ညွှတ်ရတာ ဘယ်သူ့ ကြောင့် ထင်လဲ”။   ပြည်နယ်လိုချင်သူတွေများကို ဆိုင်းဘုတ်ပြည်နယ်ကြီး ပေးလိုက်ပါသည်။ ထိုဆိုင်းဘုတ်ကြီးကို ရုံကာပြီး ပြရလေတော့သည်။
အောက်ခြေတိုင်များက တစ်တိုင်ပြီးတစ်တိုင် လဲသွားသော်လည်း ခေါင်မိုးကြီးကမပြိုနိုင်။ တိုင်းပြည်တွင် စားစရာမရှိ။ ဥက္ကဋ္ဌကြီး က ငွေမရှားရွှေမရှား၊ ကားများထားစရာမရှိသည့် စနစ်ဆိုးခေတ်ဆိုး တစ်ခုက ၂၆ နှစ် ကြာလာသည့်အခါ ပျက်ခြင်းမလှ ပျက်စီး ရသည်မှာဓမ္မတာပင်ဖြစ်သည်။ လူလှိုင်းကြီး ထဲမှာ သမဂ္ဂပေါင်းများပေါ်လာသည်။ အရေးတော်ပုံကြီးကား ကြောက်ခမန်းလိလိ   ဖြစ်လာသည်။ မဖြစ်သင့်။ မသိသူများကတော့ ဒီမိုကရေစီလိုချင်ကြ သည်။ သိသူများက ဒီမိုကရေစီ အသံမကြားချင်။ တင်နေ သည့် သမိုင်းကြွေး ဆပ်ကုန်မှာမဟုတ်။ ငယ်ငယ်တုန်းက ကြားဖူးသည့် ဗျာဗျာဆန်သီခြင်း တွင် ဖြစ်သည်။ “နောက်တစ်ခေါက် လာပြန်ပြီဟေ့”။
ဒို့ဗမာအရေးသုံးပါးဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ်
ပြည်သူကို အာဏာစဥ့်အိုးထဲဖိထည့်ပြီး အုပ်ချုပ်သည့် တစ်ခေတ်ဆန်းပါတော့သည်။ “ငြိမ်၊ ၀ပ်၊ ပိ၊ ပြား” ဘယ်ကရှာထားသည့် စကားလုံးများလဲမသိ။ နာမည်ကြီးကိုက ကြောက်ခမန်း၊ လန့်ခမန်း။ ခေတ်တစ်ခေတ်ပြောင်းတိုင်း ပြည်သူသည် အသာစံခဲ့ရ သည်မရှိ။ တစ်ခေတ်တစ်ခေတ် ဆိုးသထက်ဆိုး သည်ကို ခါးသီးစွာခံစားခဲ့ရသည်။ ၁၉၆၄-ခုနှစ် နိုင်ငံတော်ပိုင်သိမ်းစဉ်ကလည်း အမှိုက်ပုံးသာ ကျန်လိုက်သည်။ ဤသည်ကားစနစ်ကြောင့်ဟုပြော၍ ရသည်။ ထိုအချိန်အခါကကမ္ဘာ့ရေစီးကြောင်း ကိုယ်တိုင် က ပြည်သူပိုင်၊ နိုင်ငံတော်ပိုင် ခေတ်စားခဲ့သည်။ ယခုတော့ ဤသို့မဟုတ်ပါ။ ထင်ရာကြဲသည့်   ခေတ်ကြီး။ မာရှယ်လောဆိုတာ စစ်မြေပြင်မှာ ထုတ်တဲ့အမိန့်လို့သာ ကြားဖူးသော်လည်း ပြုသမျှခံကြရသည့် အရပ်သားကြားထဲမှာ ချခင်းလိုက်သည့် အခါ လိုင်စင်ရ ဓားပြခေတ်ကြီးတစ်ခတ်ကား မဆလ လက်ထက်မှ ကျန်လိုက်သည့်အမှိုက်ပုံကို ပြဲပြဲကုန်အောင် ရှာဖွေယူကြပြန်   တော့သည်။ ၁၉၈၈ -ခု မှ သည် ၂၀၁၀-ခုနှစ်သို့ထိ နယ်စား၊ ပယ်စား၊ ဌာနစားများကို ပြန်မပြောလေနဲ့။ ငြိမ်ငြိမ်နေ၊ ပိပိရိရိ ထိုင်၊ ပြားပြားဝပ်ထား၊ ဒို့တာဝန်အရေးသုံးပါးဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းလာသည်။
ပန်းနုရောင်စကတ်နှင့် မြန်မာ့ဒီမိုကရေစီရေး
အပြောင်းအလဲများ မြန်ဆန်လွန်းသည်မို့ မျက်စေ့နှစ်လုံးတည်းဖြင့် ကြည့်၍မနေနိုင်။ ခြေသွက်လက်သွက်နှင့် မျက်စိ စပါးမွှေး စူးရလောက်အောင် အပြေးအလွှား ကစားနေကြသည်။ ဘယ်သူ့လက်ထဲရောက်မှာလဲ။ ဘယ်သူတွေသယ်လာမလဲ။ မေးခွန်း   တွေ အများကြီး၊ အဖြေကတော့ ရှင်းနေပြီးသား ပါ။ အ၀တ်အစားပြောင်း၊ လူပြောင်း၊ ကကွက်ပြောင်းသော်လည်း ဇာတ် ဆရာ အလိုကျ ကပြရမှာပါ။ မင်းသားထွက်ရမည့်နေရာမှာ မင်းသားထွက်။ လူရွှင်တော်ထွက်ရမည့် အချိန်ရောက်လျှင် လူရွှင်   တော် အလှည့်ပါ။ လူကြမ်းအလှည့်ကျပြန်တော့လည်း အမြင်ကတ်အောင် ကြမ်းပြရမှာက ဒို့ ဇာတ်သမားတာဝန်ပါ။ ယခုခေတ်မှာက နီလို့မရသည့်ခေတ်၊ စိမ်း၍မဖြစ်သည့်ခေတ်၊ တောတောင်များမှာတောင် အစိမ်းရောင်တွေ ပျောက်ကုန်ပါပြီ။ ပန်းနု   ရောင်စ ကတ်ကို ၀တ်ဆင်ပြီး ဇာတ်ဆရာခိုင်းတာကို သရုပ်ဖော်ရတော့မည်။ စောစောပိုင်းက ပ၇ိသတ်နည်းတော့ ဒီပွဲမှာ မကတော့ပါ ဘူးတဲ့။ ဆိုင်း ဘုတ်ကြီးဆွဲပြီး ဇာတ်ရုံရှေ့ချိန်ထားတယ်။ ဒါပေမယ့် အချိန်တန်တော့ တီးလုံးသံလေးက နားထဲစူးချဝင်လာတော့ ဘယ်လိုမှ နေမထိထိုင်မရ။ စားမ၀င် အိပ်မပျော် ဖြစ်ရလေသလား။ “ကြေး၊ရေ၊လေ၊ တပ်မတော်အတွင်းက သူငယ်ချင်းတို့ရယ်” တီးလုံးမှာ ဇာတ်မျှောပါတော့သည်။
ဇာတ်ခုံရှေ့ချိတ်ထားသည့် ဆိုင်းဘုတ်ကြီး ဘေးနားမှာ တဟားဟားတ၀ါးဝါးနှင့် လက်ခုပ်သံ၊ သြဘာသံမစဲ တဖွေးဖွေးဖြစ်နေ သည့် လူအုပ်ကြီးခများ ဆိုင်းဘုတ်ရှေ့မှာနေရမှာလား၊ သူများထိုင်သလို ရောထိုင်ရမှာလား၊ နောက်ဆုံးတော့ မထူးတော့ ပါဘူး ဟယ် ကုလားလည်း လူပါပဲဆိုသလို ရှက်ကိုး ရှက်ကန်းနှင့် နေရာမရမှာစိုးလို့ ပွဲခင်းထဲအတင်းတိုးဝင်ရချေရဲ။ ဒီတော့ ပွဲခင်းကြီး တစ်ခုလုံး ဆူညံလာသည်။ နဂိုကြည့်နေတဲ့ ပရိသတ်တွေက ငြိမ်ငြိမ် ကလေးနှင့် စိတ်ဝင်စားစွာကြည့်နေကြသည်။ တသော   သောဝင်လာသည့် ပရိသတ်ကြီးကတော့ “ကြေး၊ရေ၊လေ တပ်မတော်တွင်းက သူငယ်ချင်းတို့ ရယ်” သီချင်းစာပိုဒ်ကို သံပြိုင်ဆို ရင်း လက်ခုပ်သြဘာသံတွေကြားထဲမှာ မြူးပျော်နေကြတာကြည့်ရင်း ဒို့ဇာတ်ပွဲကြီး ဘယ်လိုဖြစ်ကုန်တာလဲ ရင်တသသနှင့် အံ့ သြမဆုံး၊ မယုံကြည်နိုင်လောက်အောင် ဖြစ်ကြရရှာသည်။
ဖွတ်ထွက်မှတောင်ပို့မှန်းမသိစေချင်
ပြောင်းတော့ပြောင်းတယ်။ ဘာတွေများပြောင်းလာမလဲလို့ စောင့်ကြည့်နေလိုက်ကြတာ အ၀တ်အစားပြောင်းလိုက်တော့မှ အံ့သြသွားရသည်။ မျက်စေ့ အမြင်မှာ တစ်ခုခု အဆန်းတကြယ် ဖြစ်သွားတာတော့ ၀မ်းသာပါရဲ့။ ခုကတော့ စစ်ယူနီဖောင်း ကနေ ယောပုဆိုး၊ ပင်နီတိုက်ပုံပဲပြောင်းသေးတာ။ နောက် ဆို လွှတ်တော်ထဲမှာ ပန်းနုရောင်စကတ်နှင့် ရင်ဖုံးအင်္ကျီနဲ့ပဲမြင် ရမှာလား။ ဒါမှမဟုတ် ထိုင်မသိမ်းထဘီနှင့် မော်ဒယ်ဂဲလ်များ ၀တ်ဆင်နေကြတဲ့ ဖက်ရှင် အင်္ကျီတွေနဲ့ပဲ မြင်ကြရမှာလား။ အဖြေမသိ ပဟေဠိတော့မဟုတ်၊ ပြေးကြည့်တာထက် တွေးကြည့်တာနဲ့ မြင်တယ်ဆိုပဲ။ “အလကားရတဲ့နွား သွားဖြဲ မကြည့်နဲ့” ဆိုပါလား။ ဖြဲလို့တော့ကြည့်ရမှာ။ သွားတစ်ချောင်းမှ မပါရင် ထမင်းရည်ရှာကျွေးဖို့ အချိန်မရှိ။ ဘာပဲဖြစ်ဖြစ် အ၀တ်အစား ပဲပြောင်းပြောင်း၊ လူပဲပြောင်းပြောင်း၊ အဟောင်းကတော့ အဟောင်းပါပဲ။ ဒီလို ဟောင်းနွမ်းနေတဲ့ ပစ္စည်းထဲမှာ နိုင်ငံခြားက လာတဲ့ ဘယ်လိုပစ္စည်းအသစ် အဆန်းများနှင့် အစားထိုးပါစေ၊ အသစ်ဖြစ်လာမှာ မဟုတ်ပါဘူး။ နဂိုရှိနေတဲ့ ပစ္စည်းမှမကောင်း   တော့တာ။ ဒါပေမယ့် ဒို့လူတွေက ကုမ္ပဏီ နာမည်ကိုတန်ဖိုးထားတယ်၊ ချစ်မြတ်နိုးတယ်။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ ကုမ္ပဏီဖြစ်   လေတော့ ဒီနာမည်လေးနဲ့ပဲ၊ ဒီတံဆိပ်ကလေးနဲ့ပဲ အသုံးတည့်နိုင်တယ်။ ပိုစတာတွေ၊  ကြော်ငြာတွေ၊ ဆိုင်းဘုတ်ကြီးတွေက လည်း လမ်းဆုံလမ်းကြား၊ အိမ်သာနားမကျန် စိုက်ထူလေတော့ ကုမ္ပဏီသေးသေးလေး ဆိုင်းဘုတ်ကို စိုက်ထူထားသူတစ်ချို့ တောင် သူရဲဘောကြောင်နေလားမသိ။ ပြဇာတ်ထဲက ဗိုလ်အောင်ဒင် ပြောသလို “မကြောက်ပါနဲ့ မမြအေးရယ်၊ မိုးပေါ်ထောင်   ဖောက်တာပါ”လို့ပဲပြောလိုက်ပါရစေ။ သနားစရာကောင်းတာက ဒို့ပြည်သူတွေပါ။ ဘုရားမှတ်လို့ ကိုးကွယ်လိုက်ကြတာ၊ ဖွတ် ကြီးထွက်သွားမှ “အမေလေး တောင်ပို့ကြီးပါ လား” အဖြစ်မျိုး တစ်ခါလည်းမဟုတ်၊ အကြိမ်ပေါင်းကမနည်းတော့ပါ။ တစ်ခါလာ လည်းခံ၊ နောက်တစ်ခါလာလည်းခံ၊ အမြဲတမ်းခံနေရတော့ နောင်တ မရကြသည့်အပြင် ထုသားပေသားကျလာ၍လားမသိ။ သိပ်ဂရုမစိုက်ကြတော့ပါဘူး။ စိတ်ကသာအရေးကြီးပါတယ် ဆိုပါလား။ ကြည့်နေ၊ စောင့်ကြည့်   နေ၊ ဖြစ် လာ မှာပါ၊ ဒီလိုနဲ့ပဲ ၆၄ နှစ်မြောက်လွတ်လုပ်ရေးနေ့၊ ပြည်ထောင်စုနေ့ကြီးက စည်ကားစွာနဲ့ ပြီးဆုံးသွားပါလေတော့သည်။
မပူကြပါနဲ့၊ ခေတ်စနစ်နှင့်အညီ မြန်မာ့ဒီမိုကရေစီသည်လည်း ဆန်းသစ်လာတော့မှာသေချာပါသည်။ ဒီဆန်းသစ်မှုကတော့ ဟိုတုန်းကလို အစိမ်းရောင် အ၀ါရောင် မဟုတ်တော့ပါဘူး။ “ပန်းနုရောင်စကတ်နှင့် မြန်မာ့ဒီမိုကရေစီ” ဇာတ်လမ်းကို စောင့် ကြည့်ရင်း ကြမ်းတမ်းတဲ့ဘ၀ကို ရင်ကော့မခံဘဲ တွန်း လှန်ပစ်နိုင်အောင် ကြိုးစားကြပါစို့။
တိုးတက်ခိုင်
တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊အမှတ်(၄)မှ-
အထက်ပါ “အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့ ” ဆောင်းပါးနှင့် ပတ်သက်ပြီး စာပေ စိစစ်ရေးမှ ထုတ်ဝေသူ အား ခေါ်ယူသတိပေးမူ ပြုလုပ်ခဲ့သည်။

                                                                                        Arakan Review-မှ

Friday, March 30, 2012

ရခိုင်ပြည်နယ် အလံနှင့် ရခိုင်ဝတ်စုံ ပြင်ဆင်ရန် ကြံ့ဖွံ့က ရခိုင်လွှတ်တော်တွင် အဆိုတင်

မတ်လ ၂၉ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသားဝတ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ အဆိုတင်သွင်းခဲ့ကြောင်း သတင်း ရရှိသည်။


Flag-of-Rakhine

"ကြံ့ခိုင်ရေးပါတီက မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်တဲ့ ဦီးသာညွန့်က ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ရခိုင်ပြည်နယ် အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး အတွက် အဆို တင်ပါတယ်။ ဒါကို ပြည်နယ် လွှတ်တော် ဥက္ကဌကနေပြီး ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက် စရာရှိသလားလို့ မေးတဲ့အခါ ကျွန်တော်က အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံ ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးတဲ့ အတွက် ကန့်ကွက်ကြောင်း တင်တဲ့ အခါ မဲခွဲဆုံးဖြတ်ပါတယ်။ ကြံ့ဖွံ့က ၂၈ မဲ၊ ကျွန်တော်တို့ ရတပပါတီက ၁၄ မဲ၊ ကြားနေမဲ တစ်မဲနဲ့ ကြံ့ဖွံ့က အနိုင်ရသွားပါတယ်" ဟု ဦးအောင်မြကျော်က ပြောသည်။

ကြံ့ဖွံ့ က ပြည်နယ် လွှတ်တော်တွင် ၁၃ မဲသာ ရှိသော်လည်း တပ်မတော်သား ၁၅ မဲက ကြံ့ဖွံ့ အဆိုကို ထောက်ခံသဖြင့် ကြံ့ဖွံ့ အဆိုမှာ ၂၈ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

" လာမယ့် တနင်္လာနေ့မှာတော့ ပြည်နယ်အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင် အတည်ပြုရေး ကော်မီတီိကို ဖွဲ့စည်းရေး အတွက် သူတို့ဘက်က အဆို တင်ပါလိမ့်မယ်။ အဲဒီမှာ တစ်ခါ ပြင်ဆင်၊ အတည်ပြုရေး ကော်မီတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မဲခွဲရပါအုံးမယ်" ဦးအောင်မြကျော်က ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထားကို မေးမြန်းရာ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။

" သူတို့က ဒီကိစ္စကို လွှတ်တော်မှာတင်တာကတော့ ရခိုင်ပြည်နယ် အလံ၊ ရခိုင်အမျိုးသား ၀တ်စုံတွေကို ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ပြန်လည် ဆန်းစစ်ပြီး ပြုပြင်ဖို့ မတ်လ ၂၉ ရက်နေ့က အဆိုတင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုတာက ရခိုင်ပြည်နယ် အလံဆိုတာ မဆလ ခေတ်က ပြုလုပ်ခဲ့တာ မှန်ပေမယ့် ရခိုင်ပညာရှင်တွေနဲ့ အနှစ်နှစ်အလလ တိုင်ပင်ညှိနိုင်းပြီး အချိန်ယူပြီး ပြုလုပ်ထားတဲ့ ပြည်နယ် အလံ ဖြစ်ပါတယ်။ ရခိုင်အ၀တ်အစားဆိုတာကလည်း ရှေးပဝေသဏီကတည်း ၀တ်စား ဆင်ယင် လာတဲ့ ရခိုင် အမွေအနှစ်တွေ ဖြစ်ပါတယ်။ အလံပေါ်မှာလည်း ရခိုင်အမျိုးသား သင်္ကေတ သီရိဝိစ္ဆတံဆိပ်ကို ထည့်ထားပါတယ်။ ယနေ့ မြန်မာနိုင်ငံ အစိုးရကလည်း အမျိုးသား လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ဆိုတာကို ပြောကြားထားပါတယ်။ အမျိုးသား လက္ခဏာ မပျောက် ပျက်ရေး ဆိုတာမှာလည်း ကိုယ်လူမျိုးနဲ့ ကိုယ်၊ ကိုယ်လူအုပ်စုနဲ့ကိုယ် ရှိနေတဲ့ အမျိုးသား လက္ခဏာတွေကို အစိုး တစ်ခု အနေနဲ့၊ အဖွဲ့အစည်း တစ်ခုအနေနဲ့၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ အမြင်နဲ့ ပြင်ဆင်လို့၊ လုပ်လို့ မရဘူးလို့ ကျွန်တော်တို့မြင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကို လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်လို့လည်း မရဘူးလို့ မြင်တယ်။ ဒီကိစ္စဟာ သာမန်ကာ လျှံကာ ဆုံးဖြတ်လို့ မရဘူး။ မဲခွဲဆုံးဖြတ်မယ့် သူတွေရဲ့ အမျိုးသား အပေါ် ခံစားချက်၊ ယဉ်ကျေးမူ အမွေအနှစ်နဲ့ ပတ်သက်ပြီး နားလည်မူ သိကျွမ်းမူတွေ လိုအပ်ပါလိမ့်မယ်။ အဲသလို နားလည်မူ တစ်စုံတရာ မရှိဘဲ၊ တစ်စုံတရာ လက်လှမ်းမမှီဘဲနဲ့ မိမိသဘောနဲ့ မိမိ လုပ်သွားမယ်ဆိုရင် တစ်နေ့ နေ့ တချိန်ချိန်မှာ သမိုင်းမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြံ့ဖွံ့မှ အနိုင်ရရှိသွားသဖြင့် ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြင်ဆင် ပြောင်းလဲ လာပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် မည်သို့ တုန့်ပြန် ဆောင်ရွက်သွားမလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ပါတီအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မြို့ပေါ်က ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီကိစ္စ အပေါ် ဘယ်လို မြင်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်သင့်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နဂိုအတိုင်း ထားသင့်သလား။ ဘာတွေကို ဖြည့်စွက် ပြုပြင်သ့င်သလဲ။ ပညာရှင်တွေရဲ့ သဘောတရား၊ အမြင်၊ အကြံ အဥာဏ်ပေးမူတွေကို ရယူသွားမယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အလုပ် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ်အလံ၊ အမျိုးသား ၀တ်စုံ ကိစ္စမှာ ရခိုင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် အထူး သတိထားရန် လိုအပ်ပြီး ပြင်ဆင် ပြောင်းလဲမူ လုပ်မည် ဆိုပါကလည်း အသိပညာရှင် အတတ် ပညာရှင်များနှင့် တိုင်ပင်ညှိနိုင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း စစ်တွေတွင် လူကြီးများက ပြောဆိုနေကြသည်ဟု သတင်း ရရှိသည်။

ဧရာမ ဘက်လိုက်မှုကြီး

Law_02နေပြည်တော် ကော်မရှင်ရုံးတွင် (၂၈ - ၃ - ၂၀၁၂) နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် ရွေးကောက်ပွဲ ဆိုင်ရာ စုံညီခုံရုံး ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်အေး အား သတင်းထောက်များက မေးမြန်း ခဲ့ကြပါသည်။ ”ပြည်ခိုင်ဖြိုး ပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးရာ၌ ”နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော ပါတီဖြစ်သော” ဟူ၍ သုံးနှုန်းပြီး လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်းမှာ ဥပဒေနှင့် ညီ/မညီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသို့ မေးမြန်း သော  အခါ “ကျွန်တော့် အမြင်အရ ပြောရင်တော့လည်း အဖြစ်မှန် ပြောတာပဲလေဗျာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ အငြင်းပွားစရာ မရှိပါဘူး။” ဟုဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားသည်။ထိုကြောင့် ဥက္ကဋ္ဌ၏ ပြောစကားမှာ ထိုသို့ မဲဆွယ်မှုမှာ မှန်သည်၊ ဥပဒေနှင့် ညီသည်ဟု ပြောခြင်းဖြစ်ပါသလား- ဟုထပ်မံမေးမြန်း သောအခါ ထိုမေးခွန်း နှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသွားသည်။ (7days news journal)
အထက်ပါ သတင်းကို ဖတ်ရလျှင် ချက်ခြင်းပင် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံတော် သမ္မတကြီးအား အလွှဲသုံးစားပြု၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကို ကျူးလွန်လိုက်ခြင်း၊မဲဆွယ်မှုမှာ ဥပဒေနှင့်မညီ ဖောက်ဖျက်ကျူးလွန်သွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ- ၆ (ဃ) အရ ”  လူမျိုးရေး (သို့မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ သို့မဟုတ် စည်းရုံး လှုံ့ဆော်မှု မပြုလုပ်ရေး။” ကို ဖောက်ဖျက်ထားကြောင်း တွေ့ရပါသည်။ထို့ပြင် ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုပါ ကျူးလွန်ကြောင်း တွေ့ရှိရပါသည်။
 နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ပတ်သက်၍ ဖော်ပြချက်မှာ လုံးဝမှားယွင်းနေ၍ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ- ၆၄ တွင် ”နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေး ပါတီ တခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံ ရသည့်နေ့မှ စ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။” ဟု အတိအ လင်း ဖော်ပြထားပါသည်။ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော ပါတီ ဟု ဖော်ပြခြင်းမှာ လက်ရှိပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း ပြုနေသကဲ့သို့ အဓိပ္ပါယ် သက်ရောက်စေပါသည်။ ဤသည်ကို ခွင့်ပြုလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပုဒ်မ ၆၄ ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ပါမည်။
Law_01 ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (အမိန့်ကြေညာစာ-အမှတ်- ၂/၃/၄- ၂၀၁၁) ၌ နည်းဥပဒေပုဒ်မ- ၁၀၂ (ခ) တွင် -ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ အားလုံးပါဝင်သည့် စုံညီခုံရုံး ဖြင့်ဖြစ်စေ၊ သို့မဟုတ်- ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးပါဝင်သည့် ခုံရုံးဖြင့် ဖြစ်စေ ရုံးထိုင် စစ် ဆေးနိုင်သည်။”ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ စုံညီခုံရုံး၏ ဥက္ကဋ္ဌ ဖြစ်လာမည့် ကော်မရှင် ဥက္ကဋ္ဌ အနေဖြင့် ”အဖြစ်မှန်ပြောတာပဲလေ။ ဘာမှ အငြင်းပွား စရာ မရှိပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုကို တဘက်သတ် ဘက် လိုက်ဖြေဆိုပြီး ပါဝင်မဲဆွယ်ပေးလိုက်ခြင်းမှာ အင်မတိ အင်မတန် ဧရာမ ဘက်လိုက်မှုကြီးကို ကျူးလွန်လိုက်ခြင်း ဖြစ် ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ အမှုများကို စုံညီခုံရုံး ဥက္ကဋ္ဌ ဦးတင်အေး ထံတွင် အဆုံး အဖြတ် ခံယူ၍ ရနိုင်ပါအုံးမည်လော။ အဖြေတော့ တစုံတရာ ရှိသင့်ပါသည်။
 နိုင်ငံတကာ နှင့် ပြည်တွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့ပေါင်းစုံရှေ့တွင် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်- ၁၀ -ပါ ”အခွင့်အရေးနှင့် တာဝန်ဝတ္တရား များကို အဆုံးအဖြတ်ပေးရာတွင် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော် ၏ ပြည်သူ့ရှေ့မှောက် ကြားနာစစ်ဆေးခြင်းကို ရရှိရမည်။ “ -ဟု ပြဌာန်းချက်ကို လိုက်နာကြရပါမည်။ လူသားတိုင်း တာ ၀န်ကြေနိုင်ကြပါစေ။
ဦးမျိုး (ဥပဒေ)
၂၉ - ၃ - ၂၀၁၂

Thursday, March 29, 2012

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ALP နှင့် အစိုးရ ဧပြီလ ၄ ရက်နေ့တွင် စတင်မည်



ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာစစ်အစိုးရတို့ အကြား ပြည်နယ် အဆင့် ငြိမ်ချမ်းရေး ဆွေးနွေး ပွဲကို ဧပြီလ ၄ ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်မည် ဖြစ်သည်။


U-Khing-Soe-Naing-Aung
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ALP ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး တက်ရောက်မည် ဖြစ်သလို မြန်မာ အစိုးရဖက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦး အောင်သောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ALP ပါတီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်က နိရဉ္စရာသို့ ယခုလို စပြောသည်။

" ဆွေးနွေးပွဲက အဆင့် နှစ်ဆင့် ရှိပါတယ်။ တဆင့်က ပြည်နယ်အဆင့်ပါ။ တဆင့်က ပြည်ထောင်စုအဆင့် ဆို ပြီး နှစ်ဆင့်ရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ်မှာ ပြည်နယ်အဆင့်မှာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲတွင် ALP ပါတီအနေဖြင့် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ဦးခိုင်စိုးနိုင် အောင်က ယခုကဲ့သို့ ရှင်းပြ ပြောဆိုသည်။

" ပြည်နယ် အဆင့်မှာ ဆွေးနွေးတဲ့အခါမှာ အဓိက ဆွေးနွေးဖို့ အကြောင်းအရာကတော့ နံပါတ် (၁) မှာ အပစ် အခတ် ရပ်စဲရေး ဖြစ်ပါတယ်။ နံပါတ် (၂) မှာကတော့ အပစ်အခတ် ရပ်စဲရေးကာလ အတွင်းမှာ နှစ်ဖက်တပ်တွေ သတ်မှတ်နယ်မြေမှအပ ကျူးကျော်သွားလာခြင်း မပြုရ၊ နံပါတ် (၃) က အပစ်အခတ် ရပ်စဲထားစဉ်ကာလအတွင်း မှာ သတ်မှတ်ထားတဲ့ နယ်မြေက နေပြီးတော့ မြန်မာစစ်တပ် အားလုံး ဆုတ်ခွါပေးရမယ်။ နံပါတ် (၄) ကတော့ ဆက်သွယ် ရေးရုံးတွေ ဖွင့်ဖို့အတွက် တင်ပြမယ်။ နံပါတ် (၅) အနေနဲ့ ALP တပ်မတော်သားတွေ အနေနဲ့ လက်နက် မပါဘဲ မြန်မာ တနိုင်ငံလုံးကို သွားခွင့်လာခွင့် ပေးရမယ်။ နံပါတ် (၆) ကတော့ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အ ခတ် ရပ်စဲကြောင်း ဦးသိန်းစိန်အစိုးရက ကြေညာရမယ်။ အဲဒီအချက်တွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးသွား မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးသိန်းစိန်အစိုးရ ယခု ကြိုးပမ်း လုပ်ဆောင်နေသည့် အပစ်အခတ် ရပ်စဲရေးသည် ရေရှည် တည်တံ့မည့် အပစ်အခတ် ရပ်စဲရေး မဟုတ်ဘဲ ယာယီ အပစ်အခတ် ရပ်စဲရေး တရပ်သာ ဖြစ်သည်ဟု မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သော ALP ပါတီ၏ နှစ်ပတ်လည် ဒုတိယ အ ကြိမ် ဗဟိုကော်မီတီ အစည်းအဝေး ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ဦးသိန်းစိန် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို ယုံကြည်မှု မရှိဘဲ မည်သည့် အတွက်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပါသလဲဟု မေးမြန်းရာ ဦးစိုးနိုင်အောင်က ယခုကဲ့သို့ ပြောသည်။

" နိုင်ငံတကာ ကိုလေ့လာကြည့်တဲ့အခါမှာ နည်းဗျူဟာတွေ ကောင်းလို့ ရှိရင် အဲဒီ နည်းဗျူဟာ တွေက မဟာဗျူဟာကို အထောက်အကူ ပြုတဲ့သဘော ဖြစ်လာနိုင်ပါတယ်။ အဲဒီ အပေါ်မှာ ကျွန်တော်တို့ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံတာဖြစ်ပါတယ်။ နောက်တခုက တွေ့ဆုံဆွေး နွေးရေးကို လက်မခံလို့ရှိရင် ALP က ငြိမ်းချမ်းရေးကို မလိုလားဘူး။ အဲဒီလို အမြင်တွေလည်း မြင်သွားနိုင်ပါ တယ်။ အဲဒါကိုလည်း တစုံတရာ Cover ဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ လက်ခံတာ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲသို့ ALP ဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် (၁၀)ဦးနှင့် ရုံးအဖွဲ့ဝင် (၁၁)ဦး လိုက်ပါမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်မှ ALP ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်အဖွဲ့၊ အိန္ဒိယ-မြန်မာနယ်စပ်မှ ဒု အဖွဲ့ခေါင်းဆောင် ခိုင်သုခ (တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂) ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလာ-မြန်မာနယ်စပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့ သုံးဖွဲ့ခွဲကာ သွားရောက်မည်ဟု သိရသည်။ 


                                                                                             ( နိရဉ္စရာ- သတင်း )

န၀မအကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်(ရန်ကုန်)အား သိမ်ဖြူကွင်း၌ နောက်ဆုံးအကြိမ် အဖြစ် ကျင်းပမည်

4521s
၂၀၁၁ ခုနှစ် ရခိုင်ရိုးရာ နံ့သာသွေးပွဲကို တွေ့ရစဉ်



၂၀၀၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်(ရန်ကုန်)  ကို သိမ်ဖြူကွင်း၌ နောက်ဆုံးအကြိမ် အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်(ရန်ကုန်) ကို ၂၀၀၄ ခုနှစ်မှစ၍ ရန်ကုန်မြို့ သိမ်ဖြူကွင်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင် န၀မအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားကွင်း တစ်ခု တည်ဆောက်မည်ဖြစ်၍ နောင်နှစ်များတွင် ကျင်းပခွင့်ရတော့မည် မဟုတ်သောကြောင့် ယခုနှစ်တွင် သိမ်ဖြူကွင်း၌ နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ မှ တာဝန်ရှိသူက ပြောပါသည်။
“ရခိုင်သင်္ကြန်ကို နောက်နှစ်တွေမှာ သိမ်ဖြူကွင်းမှာ ကျင်းပဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ နောက်နှစ် တွေ ဘယ်မှာလုပ်ဖြစ်မယ်ဆိုတာ မသိသေးပါဘူး။ ဒီနှစ်မှာ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားထားပါတယ်။ တိုင်းရင်းသားတွေလည်း စုံစုံညီညီ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့ စရိုက်တွေကို တခြားတိုင်းရင်းသားတွေ သိရှိဖို့ ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာပါ”ဟု ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီမှ  ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောပါသည်။
၂၀၁၂ ခုနှစ် ရခိုင်ရိုးရာသင်္ကြန် ပွဲတော်(ရန်ကုန်)ကို ဧပြီလ ၁၁ ရက် နေ့တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ၁၂ ရက်နေ့တွင် ဘုရားရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲ တော်ဖွင့်ပွဲ၊ ဧပြီလ ၁၃ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ သင်္ကြန်ရေလောင်းပွဲကို ကျင်းပမည်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြို့နယ်အသင်း၊ လူမှု ရေးအသင်း ၁၃ သင်းမှ ရေလောင်း မဏ္ဍပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

                                                                                                                                     weeklyeleven-မှ

Wednesday, March 28, 2012

"ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်"

မတ်လ ၂၂ရက်နေ့က "မြန်မာသံယဇာတ ကျိန်စာ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ Arakan Oil Watch (AOW) အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ဘဏ္ဍာငွေ ပွင့်လင်းမှု ပြဿနာ အကြောင်း အရင်းတွေကို ရေးသားထားတာဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိနေသော်လည်း ပြည်သူတွေ ခံစားပိုင်ခွင့်မရှိတဲ့ ကျိန်စာသင့်နေမှုကို အမြန်ဆုံး ရပ်တန့် ပေးဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ အဲဒီ အစီရင်ခံစာ ထုတ်ပြန်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ AOW အဖွဲ့က ဒါရိုက်တာ ကိုခိုင်ကျော်ခိုင်ကို နိရဉ္စရာက ကိုမင်းဆက်ခိုင်ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။


Arakan-Oil-Watch-(AOW)
(ကိုခိုင်ကျော်ခိုင်တို့ ထုတ်ပြန်တဲ့ အစီရင်ခံစာကနေပြီးတော့ မြန်မာအစိုးရကို ဘာ မက်ဆိတ်ခ်ျ(Message) ကိုပေးချင်တာလဲဗျ။)

ဖြေ။ ကျနော်တို့အဓိက ပေးချင်တာက ဒီမြန်မာနိုင်ငံကနေ နိုင်ငံခြားတိုင်းပြည်တွေကို လက်ရှိ ခုလောလောဆယ်မှာ တင်ပို့ပြီးတော့ ရောင်းချလို့ရနေတဲ့ သဘာဝဓာတ်ငွေ့က ဘဏ္ဍာငွေကြေး တွေဟာဆိုရင် ပြီးခဲ့တဲ့ သန်းရွှေအစိုးရ လက်ထက်ကတည်းကပင် အခုအချိန်ထိ အဲဒီ ဘဏ္ဍာငွေဟာ ဘယ်မှာထားပြီးတော့ ဘယ်မှာသုံးစွဲသလဲ။ ဘယ်လောက်လောက် ရနေလဲ -- ဆိုတာကို အခု ထက်တိုင် ထုတ်ပြန် တာတွေ မရှိသေးဘူး။ အဲဒါကြောင့် အခု လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ ဘဏ္ဍာငွေ ဘယ်လောက် ရရှိထားပြီလဲ၊ ရတဲ့ ငွေတွေကို ဘယ်မှာသုံးစွဲခဲ့သလဲ ဆိုတာကို အမြန်ဆုံး ပြည်သူ လူထုကို ချပြဖို့။ နောက်တချက်ကတော့ အဲဒီ ဘဏ္ဍာငွေကို တခြား ရေနံ့နဲ့ သဘာဝ ဓာတ်ငွေ့ ချမ်းသာတဲ့ နိုင်ငံတွေမှာလို ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပြီးတော့ တိုင်းပြည် အတွက် အကျိုးရှိရှိ အသုံးချသွားဖို့၊ ပြီးတော့ ပြည်သူလူထု ကောင်းစားရေးအတွက် အဓိက ထားပြီးတော့ အသုံးချသွားဖို့စတဲ့ အချက်တွေကို လက်ရှိ အစိုးရကို အသိ ပေးချင်တဲ့အတွက်ကြောင့် ဒီအစီရင်ခံစာကို ထုတ်ရခြင်းဖြစ်ပါတယ်။

(မြန်မာအစိုးရအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ အကျိုးအမြတ်တွေကို သူတို့က ဘယ်နေရာတွေမှာ သုံးနေတယ်လို့ ကိုခိုင်ကျော်ခိုင်တို့အဖွဲ့အနေနဲ့ သိထားတာတွေရှိလဲ။)

ဖြေ။ အခုလောလောဆယ်ကတော့ ထိုင်းနိုင်ငံကို တင်ပို့နေပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်ကနေ စပြီးတော့ ရွှေသဘာဝ ဓာတ်ငွေ့ကို တရုတ်ကို တင်ပို့ရောင်းတော့မယ်။ လက်ရှိရရှိနေတဲ့ ငွေကြေးတွေကို ဘယ်လိုသုံးစွဲ နေလဲဆိုတာကို ပြည်သူတွေ မသိရှိရပါ။ ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ ရလာတဲ့ ငွေကြေးတွေကိုလည်း အခုလိုသာ ဆက်သွားမယ်ဆိုလို့ရှိရင် ရခိုင်ပြည်သူတွေရော၊ မြန်မာပြည်သူတွေရော နစ်နာပါ့မယ်။ အဲဒီအတွက် ကြောင့် ကျနော်တို့ ဒီအစီရင်ခံစာမှာ တချက် ထောက်ပြထားတာက တခြားနိုင်ငံတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိတဲ့ နိုင်ငံတွေပေါ့ သူတို့နိုင်ငံတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်တဲ့ ပြည်နယ်တွေကိုဆိုရင် အကျိုးအမြတ် ခွဲဝေပေးတာတို့ ရှိပါတယ်။ ဥပမာ ၇၀% ခွဲဝေပေးတာတို့ရှိပါတယ်။ အဲသလို ဥပမာတွေကို ထောက်ပြပြီးတော့ ဖော်ပြထားပါတယ်။ ဒီရွှေဂတ်စ်က ရတဲ့ ဘဏ္ဍာငွေတွေကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ သတ်မှတ်ပြီးတော့ ခွဲဝေ သုံးစွဲမယ်ဆိုရင် ရခိုင်ပြည်နယ်ကိုလည်း ရခိုင်လူထုတွေ တောင်းဆိုတဲ့အတိုင်း ဥပမာ ၇၀ %လား ၉၀ %လား ရခိုင်ပြည်သူတွေနဲ့ ညှိနှိုင်းပြီးတော့ ပေးရပါမယ်။

(ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနေရာမျိုးတွေမှာ အဓိက အသုံးပြုသင့်တယ်လို့ AWO အနေနဲ့ မြင်ပါသလဲ။)

ဖြေ။ အဓိက ဒီနေရာမှာ ကျနော် နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ တပိုင်းကတော့ ရွှေသဘာဝ ဓာတ်ငွေ့ ရောင်းလို့ ရတဲ့ အကျိုးအမြတ်တွေထဲက ဥပမာ ၅၀% ကို ရခိုင်ပြည်နယ် အစိုးရကို ခွဲဝေပေးလိုက်ရင် ရခိုင်ပြည် အစိုးရအနေနဲ့ ရခိုင်ပြည်ရဲ့ လိုအပ်ချက်တွေကို သုံးလို့ရမယ်။ အခု ရခိုင်ပြည်မှာ ဆိုလို့ရှိရင် ပြည်သူတွေ အလုပ်အကိုင်ရှားပါးကြတယ်။ အလုပ်အကိုင်တွေမရှိကြဘူး။ ပညာရေး ကဏ္ဍမှာဆိုရင် အောက်ဆုံးအဆင့်မှာရှိတယ်။ စီးပွားရေးအရဆိုရင်လည်း အဆင်းရဲဆုံး အဆင့်မှာ ရှိပါတယ်။ ဒါကြောင့် အဓိက လိုအပ်တာတွေကို ဖြည့်ဆည်းပေးရပါမယ်။

(လာမယ့် ၂၀၁၃မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်ကို တင်ပို့ဖို့အတွက် စီမံကိန်းတွေ စတင်အကောင် အထည်ဖော်နေပြီဆိုတော့ အဲဒီ ရွှေဂတ်စ် စီမံကိန်းဒေသက ဒေသခံတွေက အခက်အခဲတွေ ဘယ်လို ပြဿနာတွေ ကြုံတွေ့နေရပါသလဲ။)

ဖြေ။ ဒီရွှေဂတ်စ် စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ကျောက်ဖြူ အနီးတဝိုက် မလာကျွန်း၊ မဒဲကျွန်း တို့ဖက်မှာဆိုရင် ပြည်သူတွေရဲ့ လယ်မြေဆုံးရှုံးမှုတွေ၊ ဒေသခံ ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်တဲ့ အတွက် မိသားစု စားဝတ်နေရေးတွေ ခက်ခဲလာပါတယ်။ ဒီလိုမျိုးတွေ အများကြီး ကြုံတွေ့ နေရပါတယ်။ ပြီးတော့ လျော်ကြေးငွေပေးတဲ့နေရာမှာလည်း ရတဲ့သူကရတယ်။ မရတဲ့သူတွေက မရကြပါဘူး။ တခြားနိုင်ငံတွေနဲ့ နှိုင်းကြည့်မယ်ဆိုရင် လျော်ကြေးငွေ ပေးတာဟာ လုံလောက် တယ်လို့ ပြောလို့မရပါ။ ဥပမာ လယ်ကွက်တကွက် ဆိုရင် ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ အတွက်ကြောင့် နှစ်ပေါင်း ၂၀၊ ၃၀ စာလောက်အတွက် လျော်ကြေးပေးပါတယ်။ ရခိုင်ပြည်သူတွေ အနေနဲ့ကလည်း အဲလို လျော်ကြေးငွေတွေကို ရသင့် ရထိုက်တဲ့ အတိုင်းအတာထိ တောင်းခံဖို့ လိုအပ်ပါတယ်။

(ကိုခိုင်ကျော်ခိုင်တို့ အဖွဲ့က အခုလို အစီရင်ခံစာကို ထုတ်ပြန်လိုက်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့ တစုံတခုခု ပြောင်းလဲလာမယ်လို့ အကိုတို့အနေနဲ့ မျှော်လင့်ပါသလား။)

ဖြေ။ ကျနော်တို့ ဒီအစီရင်ခံစာ ထုတ်ခြင်းအားဖြင့် အစိုးရအနေနဲ့ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူလူထု ကောင်းစားရေးအတွက် တစုံတခု လုပ်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

( ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲဖို့် တောင်းဆိုတာကို အစိုးရက လိုက်လျော့ပေးမယ်လို့ ထင်ပါသလား။့  ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက ရခိုင်ပြည်အတွက် ဘယ်လောက်လောက် ခွဲဝေ သုံးစွဲခွင့်ရှိတယ်လို့ ယူဆပါသလဲ။)

ဖြေ။ ရခိုင်ပြည်မှာ သုံးစွဲခွင့်ရှိတဲ့ ရာခိုင်နှုန်းအရပြောရမယ်ဆိုရင် ဒီဟာက ရခိုင်ပြည်က ထွက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့် ရခိုင်ပြည်သူလူထုအနေနဲ့ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရပါတယ်။ တခြား ဘရာဇီးနိုင်ငံမှာ ဆိုလို့ရှိရင် ရွိုင်ယိုပြည်နယ်ဆိုတာရှိပါတယ်။ အဲဒီပြည်နယ်က ထွက်တဲ့ ဂတ်စ်ကနေ ရတဲ့ အကျိုးအမြတ်ကို အဲဒီပြည်နယ်မှာ သုံးစွဲဖို့အတွက် ရာနှုန်းပြည့် တောင်းဆိုကြပါတယ်။ တခြားတချို့နိုင်ငံတွေကို ပြန်ကြည့်ရင်လည်း ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ ဆွေးနွေး ညှိနှိုင်းပြီးတော့ ဥပမာ ၅၀ရာခိုင်နှုန်းလား ဘယ်လောက်ရာခိုင်နှုန်းလဲ အဲလိုအမျိုးမျိုး ရှိကြပါတယ်။ ကျနော်တခုပြောချင်တာက ရခိုင်ပြည်က ထွက်တဲ့အတွက်ကြောင့်မို့ အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိတယ်။ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရှိပါတယ်။ အဲဒီအထဲကမှ ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းတွေအတွက် ဗဟိုအစိုးရကို ဘယ်လာက် ပေးမလဲ။ ရခိုင်ပြည်အတွက်ကော ဘယ်လောက် ယူမလဲ အဲဒါတွေကို ကြိုတင်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။

(ကိုခိုင်ကျော်ခိုင်အနေနဲ့ ရခိုင်ပြည်က ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။)

ဖြေ။ ကျနော်ပြောချင်တာကတော့ ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်။ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေဖြစ်ပါတယ်။ အဲဒီ သယံဇာတတွေဟာ ရခိုင်ပြည် သူတွေရဲ့ လူနေမှုဘဝကောင်းစားရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုရေးတွေ အဓိကအားဖြင့်ပြောရရင် ရခိုင်ပြည်ဟာ ဆင်းရဲခြင်းက လွတ်မြောက်ဖို့အတွက် အဓိက အရေးပါပါတယ်။ ဒါကြောင့် ဒီဟာတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့အတွက် ရခိုင်ပြည်သူတွေ တဦးတယောက်ကအစ ညီညီညွတ်ညွတ် နဲ့ တောင်းဆို တိုက်ပွဲဝင်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့ပြည်ကထွက်တဲ့ အရာဖြစ်တဲ့အတွက်ကြောင့် မိမိတို့မှာ ရပိုင်ခွင့် အပြည့်အဝရှိပါတယ်။



:နိရဉ္စရာ- သတင်း

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများ ဆိုပါလား - ဦးမျိုး (ဥပဒေ)


မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူ၍ နိုင်ငံလွတ်လပ်ရေး ရကတည်းက ယနေ့ထိ တခါမှ မပေါ်ပေါက်ခဲ့ ဘူးသေးချေ။ (၁၉၄၇) ခုနှစ် အခြေခံ ဥပဒေသည်ပင်လျှင် ပြည်ထောင်စု ဥပဒေ မစစ်ခဲ့သေးပေ။ လွတ်လပ်ရေး အရယူနိုင်ရန် ပင် လုံစိတ်ဓာတ်ဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်သည်။

၎င်းကိုပြင်ဆင်ရန် (၀ါ) ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲရန် ပြည်သူ့လွတ်တော် ပါလီမန် အစည်းအဝေးက (၁၉၆၀) ပြည့်နှစ်
နိုဝင်ဘာ (၁၀) ရက်နေ့တွင် အဖွဲ့ဝင် (၂၉) ဦးပါသော အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဥပဒေအရ နိုင်ငံတော် သမ္မတက
ဖွဲ့စည်းပေးခဲ့သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ တာဝန် (၃) ရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။

စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ရန်ကြိုးပမ်းနေသည့် အချိန်ကာလမှာပင် ဗိုလ်နေ၀င်း စစ်အုပ်စုက (၁၉၆၂) ခုနှစ်တွင် စစ် အာဏာသိမ်းကာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့သည်။ ဗိုလ်နေ၀င်း၏ (၁၉၇၄) ခုနှစ် မဆလ ပြည်ထောင်စု အခြေခံ ဥပဒေနှင့် ယခု ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် နအဖ ပြည်ထောင်စုအခြေခံဥပဒေမှာလည်း အတူတူနှင့်အနူနူပင်ဖြစ်သည်။အဘယ်ကြောင့် နည်း။ ဗိုလ်နေ၀င်း၏ (၁၉၇၄) ခုနှစ် အခြေခံဥပဒေပုဒ်မ (၃၁) အရနှင့် ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် အခြေခံဥပဒေပုဒ်မ (၄၉) အရ- တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ခု ပိုင်းခြားသတ်မှတ်ချက်မှာ တထပ်တည်းတူနေကြ၍ဖြစ်ပါသည်။ အားလုံး တပြည်ထောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မည်သည့် စစ်အာဏာရှင် စနစ်ကမျှ ပြည်ထောင် စု ကို လုံးဝမလိုလားကြောင်း တိုင်းရင်းသားအားလုံးက သိနှင့်နေကြပြီးဖြစ်သည်။

(၁၉၇၄) ခုနှစ် အခြေခံ ဥပဒေထက် ပိုဆိုးသည်က (၂၀၀၈) ခုနှစ် တပြည်ထောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုဒ်မများကို ပြဋ္ဌာန်းလာသည်။ ဥပဒေနောက်ထပ်တိုး၍ ကြောက်စရာကောင်းလောက်အောင် (Divide and rule) ခွဲခြား ဖိနှိပ်ရန်ပြဋ္ဌာန်းလာသောကြောင့် ဖြစ်သည်။ အကောင်းဘက်ကို ဦးတည်သလော၊ အဆိုးဘက်ကို ဦးတည်ရှေ့ရှုနေပါသလော၊ ဆန်းစစ်သုံးသပ်ရပါမည်။

(၂၀၀၈) အခြေခံဥပဒေ ပုဒ်မ (၅၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်။

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကိုစုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟုဖော်ပြထားသည်။

တိုင်းဒေသကြီး  လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း။ ပုဒ်မ (၁၆၁) (ဃ) တွင် ပုဒ်မခွဲ (က) နှင့် (ခ) သို့မ ဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတပုံ နှင့်ညီမျှသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ။
ဟုဖော်ပြထားသည်။ စစ်တပ်မှ သုံးပုံ တပုံ (၂၅% ထက်များ) နေရာယူထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ (၂၆၁) (ဃ) တွင် နိုင်ငံတော် သမ္မတက အမည် စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေး ရန် ငြင်းပယ်ခွင့်မရှိစေရ ဟုပြဋ္ဌာန်းထားသည်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၉) အရ တိုင်းဒေသကြီး (၇) ခုသတ်မှတ် ထားသဖြင့် ပုဒ်မ (၂၆၁) (ဃ) အရ တိုင်းဒေသကြီး ၀န်ကြီးချုပ် (၇) ဦးကို သမ္မတက ခန့်အပ်ထားပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန် က ယခုတလော ပြောဆိုဖွင့်ဟလာပါသည်။ ဗမာလည်းတိုင်းရင်းသားလူမျိုးတမျိုး ဖြစ်သည်ကို ယခုမှ ဘာကြောင့် ပြောပါ သလဲ။ လူမျိုးတမျိုး (၀ါ) ပြည်နယ်ဝန်ကြီးချုပ်တဦး ခန့်အပ်ထားသည့်ကာလတွင် ဗမာလူမျိုးတမျိုး (၀ါ) ဗမာပြည်နယ်ဖွဲ့စည်းပုံ ဗမာဝန်ကြီးချုပ်တစ်ဦးကိုသာ ခန့်ထားချင်၍လော။ သို့ဆိုပါလျှင် ၀န်ကြီးချုပ် (၆) ဦးနေရာနှင့် ဌာနအတွက် တိုင်းပြည်ကပေးနေ ရသည့် လစာငွေ သိန်းပေါင်းမြောက် မြားစွာ သက်သာသွားဖွယ်ရာရှိပါသည်။ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်ရာလည်း   ရောက်ပါမည်။ ဗမာပြည်နယ်ကို သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းဝံ့ပါမည်လော။ လူမျိုးစုတိုင်း၏ တန်းတူရေးကို လက်တွေ့ အကောင် အထည်ဖော်ဝံ့ပါမည်လော။ ပြည်ထောင်စုစစ်စစ်ကို လိုလား လျှင်၊ နိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးကို လိုလားလျှင် လက်တွေ့လုပ် ရဲ ကိုင်ရဲရှိရပါမည်။ ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံက နိုင်ငံရေးအရ အာရုံစိုက်နေကြလေပြီ။

ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်၍ ပုဒ်မ (၁၉၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့တိုင်း သို့မဟုတ် ဒေသအတွက် ဇယား (၃) တွင် ဖော်ပြထားသော ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းသည် ဟုဖော်ပြသည်။ ဇယား (၃) တွင် ဥပဒေပြု စာရင်းကို အောက်ပါ အတိုင်း တွေ့ရှိရသည်။

(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ။

(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊

(၃) ပြည်သူ့ ကျန်းမာရေး၊

(၄) စည်ပင်သာယာရေးလုပ်ငန်း၊

(၅) မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊

(၆) စားကျက်မြေများ ထိန်းသိမ်းရေး၊

(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊

(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။

(၉) မြို့နှင့် ကျေးရွာများ အတွင်း ရေနှင့်လျှပ်စစ်မီး ဆိုင်ရာ ကိစ္စ၊

(၁၀) မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စ ဟုဖော်ပြထားသည်။

အထက်ပါ ဥပဒေပြုစာရင်း (၁၀) ခုကိုသာလျှင် ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသများဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ လူမျိုးစုများ တင်ပြခွင့်ရမည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အမျိုးသားလူမျိုးစု အခွင့်အရေးနှင့် ပတ်သက်၍ မည်သည့်   ပြဋ္ဌာန်း ချက်ကိုမှ ပြဋ္ဌာန်းရန်တင်ပြပိုင်ခွင့်မရှိပါ။ လူမျိုးစုများအား စစ်တပ်မှ သုံးပုံတပုံ ကိုယ်စားလှယ်များက အနီးကပ် ဖိနှိပ် ခွဲခြား အုပ်ချုပ်ရန်အတွက် သီးသန့် ပြဋ္ဌာန်းလာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်း က သက်သေပြခဲ့ပြီး ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေးကဏ္ဍ အာဏာခွဲဝေရေးအပိုင်း နှင့်ပတ်သက်၍ အပစ်ရပ် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်း (၁၃) ဖွဲ့ စုပေါင်းပြီး ညောင်နှစ်ပင်အမျိုးသားညီလာခံသို့ (၂၀၀၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့က တက်ရောက် တင်ပြ ခဲ့ကြသည်။ တင်ပြခဲ့သော အချက်များမှာ-

(၁) ထပ်တူ ဥပဒေပြု စာရင်း ထားရှိရေး၊

(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး၊

(၃) ဥပဒေပြု ကဏ္ဍမှာ တိုင်းရင်းသားလူမျိုးစုကို သီးခြားထားရှိရေး၊

(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေး ဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး၊

(၅) ပြည်နယ်လွှတ်တော်တွေမှာ စာပေ၊ ယဉ်ကျေးမှု နှင့်ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး၊

(၆) တိုင်းရင်းသားတွေ့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းနိုင်ရေးနှင့်

(၇) ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ သီးခြားရေးဆွဲ ပြဋ္ဌာန်း ကျင့်သုံးခွင့်ရှိရေး တို့ဖြစ်သည်။

လူမျိုးစု ခေါင်းဆောင်များ တရားဝင် တင်ပြချက်များအား တချက်ကိုမျှ လေးစားခြင်းမရှိဘဲ၊ ဥပဒေပြုစာရင်း (၁၀) ခုကိုသာ ဇ ယား (၃) ဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းလာသည်။ လူမျိုးစု နယ်မြေများကို ခွဲခြားလိုက်ရုံမျှဖြင့် လူမျိုးစုပြဿနာ များ ပြေလည်သွားပြီဟု လက်ခံထားချက်မှာ အင်မတိအင်မတန် မှားယွင်းချက် ဖြစ်ပါသည်။ မည်သည့် အမျိုးသား လူမျိုးစုကိုမျှ
ကောင်းကျိုး မပေး၍ ဖြစ်ပါသည်။

အမျိုးသား ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေများနှင့် စပ်လျဉ်းပြီး တပြည်ထောင်စနစ်ကို ကျင့်သုံးသည့် တရုတ်ပြည်သူ့သမ္မ တ နိုင်ငံ၏ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေကို လေ့လာခြင်းအားဖြင့် နှိုင်းယှဉ်ကြည့်၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အလိမ်အ ညာ ပြည်ထောင်စု ဆိပ်ခေါင်းပြပြီး တပြည်ထောင် ခွေးသားရောင်းနေသော စစ်အာဏာရှင်များ၏မျက်လှည့်ပြပွဲ သက်ဆိုးမရှည် နိုင်ရန် ဖော်ထုတ်ပြဖို့ လိုအပ်ပါသည်။

အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆဌမ အကြိမ်မြောက်ပြည့်သူ့ကွန်ဂရက်၊ ဒုတိယအကြိမ် အစည်းအဝေးက (၁၉၈၄) ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ သမ္မတ၏ အမိန့်အမှတ် (၁၃) အရ ထုတ်ပြန်ကြေညာ၍ (၁၉၈၄) ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင် ကျင့်သုံးခဲ့ပါသည်။ ဥပဒေပါ ပုဒ်မ အချို့ကိုတင်ပြပါ သည်။
ဥပဒေ၏ နိဒါန်းတွင် – “အမျိုးသား အသီးသီး တန်းတူညီမျှမှု၊ စည်းလုံးညီညွတ်မှုနှင့် အတူတကွ တိုးတက် ကြီးပွားစေရေး မူအရ လိုက်နာကျင့်သုံးရာ၌လည်းကောင်း၊ လူနည်းစု အမျိုးသားများ၏ အခွင့်အရေးကို နိုင်ငံတော်၏ အပြည့်အ၀ အလေးထားမှုနှင့် အာမခံ မှုကို ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးက ဖော်ဆောင်သည်။”

“အမျိုးသား သွေးစည်းရေးကိုထိန်းသိမ်းထားရှိရန် ကြိုးပမ်းရာတွင် လူမျိုးကြီးဝါဒ အဓိကအားဖြင့် ဟန်လူမျိုးကြီးဝါဒကို ဆန့်ကျင် တိုက်ခိုက်သွားရမည်။ တချိန်တည်းတွင် ဒေသန္တရလူမျိုးရေး ၀ါဒကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားရမည်။”
“အမျိုးသား အသီးသီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ သွေးစည်းညီညွတ်ရေးနှင့် စည်ပင်ဝပြောရေးအတွက်လုပ်ဆောင်ရမည်။”  ဟုဖော်ပြထားသည်။

ပုဒ်မ (၁)။   ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။

ပုဒ်မ (၉)။   ။ နိုင်ငံတော်၏အထက်အဆင့် အစိုးရအဖွဲ့အစည်းများနှင့် အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများရှိ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းများသည် တရုတ်ပြည်၏ အမျိုးသားအားလုံး တန်းတူရေး၊ သွေးစည်းရေး၊ အပြန်အ လှန် ကူညီရေး ဟူသည့် ဆိုရှယ်လစ်ဆက်ဆံရေး စနစ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေရမည်။

မည်သည့်အမျိုးသားကိုမဆို လူမျိုးခွဲခြားမှုနှင့် ဖိနှိပ်မှုကို ပိတ်ပင်ထားမြစ်ရမည်။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲသည့် သို့မဟုတ် အမျိုးသားသွေးကွဲ ရေးကို လှုံ့ဆော်သည့် မည်သည့်လုပ်ရပ်ကိုမဆို ပိတ်ပင်တားမြစ်ရမည်။

ပုဒ်မ (၁၀)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရအဖွဲ့အစည်းများသည် ၎င်းဒေသရှိ အမျိုးသားများ၏ ကိုယ်ပိုင်ဘာသာစကားကို လွတ်လပ်စွာရေးသား ပြောဆို အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်စေရန် အာမခံရမည်။ မိမိ တို့၏ ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာ အမှုအကျင့်များကို လွတ်လပ်စွာ ထိန်းသိမ်းခွင့်နှင့် ပြုပြင်ပြောင်းလဲခွင့် ရှိရေးကိုလည်း အာမခံရမည်။

ပုဒ်မ (၁၈)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတခု၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းအောက်ရှိ ဌာနများမှ ကေ ဒါများကို ဖြစ်နိုင်သမျှ ၎င်းဒေသရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးနေသော နိုင်ငံသား လူမျိုးစုများနှင့် အခြားလူနည်းစုအမျိုးသား ထဲမှ ရွေးချယ်ခန့်အပ်ရမည်။

ပုဒ်မ (၂၄)။   ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရ အဖွဲ့အစည်းများသည် နိုင်ငံတော်၏ စစ်ဘက်ရေးရာ စနစ်များနှင့် ဒေသ၏ လက်တွေ့လိုအပ်ချက်အရ နိုင်ငံတော်ကောင်စီ၏ အတည်ပြုချက်ကို ရယူပြီး အများပြည် သူငြိမ်ဝပ် ပိပြားရေး ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဒေသန္တရ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များကို ဖွဲ့စည်းနိုင်သည်။

ပုဒ်မ (၃၀) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများ၏ ရငွေနှင့် သုံးငွေများကို ၎င်းနယ်မြေများအား အထူးအခွင့် အရေး   ပေးမှု မူအရ နိုင်ငံတော် ကောင်စီက တိတိကျကျ သတ်မှတ်ပေးရမည်။

ပုဒ်မ (၃၃) ။ ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများ၏  ရငွေနှင့် သုံးငွေများကို ၎င်းနယ်မြေများအား အထူးအခွင့်အရေး   ပေးမှု မူအရ နိုင်ငံတော် ကောင်စီက တိတိကျကျ သတ်မှတ်ပေးမည်။

အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေတခုတည်း နိုင်ငံတော်၏စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မိမိ၏ ဘတ်ဂျက်ထဲမှ အသုံးစရိတ်ကေငွေအတွက် အရံ ရန်ပုံငွေ ဖယ်ထားရမည်။ ၎င်းဘတ်ဂျက်ထဲမှ အရံရန်ပုံငွေ အချိုးအစားသည် တခြားဒေသ၏ ဘတ်ဂျက်များထဲမှ အရံရန်ပုံငွေ အချိုးအစားထက် ပိုမြှင့်၍ ပေးရမည်။

ပုဒ်မ (၃၇)။  ။ လူနည်းစု အမျိုးသား ကျောင်းသား အများဆုံးရှိသည့် ကျောင်းများတွင် ဖြစ်နိုင်သမျှ အခါတိုင်း ၊၎င်းတို့၏ မိခင် ဘာ သာစကားသုံး ကျောင်းသင်္ခဏ်းစာ အုပ်များကို အသုံးပြုသင့်သည်။ သင်ကြားရေး ကြားခံအဖြစ်လည်း ဤဘာသာစကားကို သုံး စွဲစေသင့်သည်။ တရုတ် (ဟန်ဘာသာစကား) သင်တန်းများကို မူလတန်း အတန်းမျိုးများ သို့မဟုတ် အထက်တန်းများ အတွက်
ပေကျင်း အသံထွက်ပေါ်တွင် အခြေခံထားသည့် အများသုံးစကား ဖူထုံးဝှါ ပျံနှံစေရန် သင်ကြားပေးရမည်။

ပုဒ်မ (၄၉) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေများရှိ နိုင်ငံဝန်ထမ်းများကို ဒေသအတွင်း အများသုံး အပြော သို့မဟုတ်
အရေးဘာသာ စကားနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုမို၍ ကျွမ်းကျင်တတ်မြောက်ပါက ဆုချီးမြှင့် ပေးအပ်ရမည်။

ပုဒ်မ (၆၅) ။  ။ နိုင်ငံတော်က လူမျိုးစု တက္ကသိုလ်များကို ထူထောင်ရမည်။ အခြား အဆင့်မြင့်ပညာရေး တက္ကသိုလ်များတွင် လည်း    လူနည်းစု အမျိုးသား  ကျောင်းသားများကိုသာ လက်ခံသော ၊ လူမျိုးစု အဓိကထားသော သင်တန်းများနှင့် ကျောင်းဝင် ခွင့် အကြိုသင်တန်းများကို တည်ထောင်ပေးရမည်။

ဦးစားပေး ကျောင်းဝင်ခွင့်နှင့် ဦးစားပေး အလုပ်ခန့် အပ်ခြင်း စနစ်များကိုလည်း ချမှတ်နိုင်သည်။ ကျောင်းဝင်လက်ခံရာတွင် အဆင့်မြင့် ပညာရေး တက္ကသိုလ်များနှင့် စက်မှုအထက်တန်းကျောင်းများက လူနည်းစု အမျိုးသားကျောင်းသားများအတွက်   ကျောင်းဝင်ခွင့် စံနှုန်းနှင့် အရည်အချင်း သတ်မှတ်ချက်တို့ကို သင့်တော်စွာ နှိမ့်ချပေးရမည်။
-       ဟူ၍ ပြဌာန်းထားချက်များကို တွေ့ရှိရပါသည်။

တခြားနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တပြည်ထောင်စုတွင်ပင်လျှင် အထက်ပါအခွင့်အရေးများကို လူမျိုးစုများအတွက် ပေး အပ် ပြဌာန်းထားသည်ကိုတွေ့ရပါသည်။ ပြည်ထောင်စုစနစ်ကိုသွားမည့် မြန်မာနိုင်ငံအနေဖြင့်ဆိုပါမူ ထိုထက်ပင် ပိုမိုပြည့်စုံရန် လိုအပ်မည် ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေတွင် ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ” အတွက် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးလောက်ကိုပင်လျှင် ဘာတစ်ခုမှ ပေးအပ်ပြဌာန်းထားခြင်းမရှိသည်ကို အပွင့်လင်းဆုံး တွေ့မြင် နေရပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ နှိုင်းယှဉ်လေ့လာနိုင်ပါရန် တင်ပြခြင်းသာဖြစ်ပါ သည်။ နိုင်ငံလွတ်လပ်ရေးကို အရယူနိုင်ခဲ့သော လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် လွတ်လပ်ရေးနှင့်အတူ တောင်းဆိုခဲ့သည့် ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့် ၊ ကိုယ်ပိုင်းပြဌာန်းခွင့် အခွင့်အရေး လုံးဝ (လုံးဝ) ပျောက်ဆုံးနေပါသည်။ ဝေးသော – သာ၍ဝေး   သော –
ဟိုတစ်ဖက်ကမ်းမှာ – ဟုသာ ထင်မှတ်ရပါတော့မည်။ နိုးနိုးကြားကြား ရှိရန်လိုပါသည်။

ဦးမျိုး( ဥပဒေ)
၂၅.၃.၂၀၁၂

Monday, March 26, 2012

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

Sunday, March 25, 2012



၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

(Pavena foundation )

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့် ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။


ဖာက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက် သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။

ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြု လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။

သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန် လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။
စာကြွင်း။ ။ ဒီလို လူမဆန်မှုမျိုးကို မြန်မာ အမျိုးသား တစ်ယောက်အနေ နဲ့သာမက ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အရမ်းကို စက်ဆုပ်ရွံရှာ ဖို့ကောင်းပါတယ် ထိုင်းလူမျိုးတွေက မြန်မာဆိုရင်သူတို့ရင်ထဲမှာ ညှိုးရမှာလို့တရားသေတွက်ထားတာဟာ မကောင်းပါဘူး ထိုင်းအာဏာပိုင် တွေရဲ့ မူးစိမတ်စိ လောက် မက်မောမှုကြောင့် ကြားထဲက ဓားစာခံ ဖြစ်တဲ့ တို့မြန်မာလူမျိုးတွေကို ကိုယ်ချင်းစာပါတယ် မိမိတတ်နိုင်တဲ့ ဘက်ကတတ်အားသမျှ ကူညီပေးပါ့မယ် အပေါင်းအသင်းများလည်း အခုချိန်လောက်ဆို ဖတ်ပြီးကြရောပေါ့ တတ်အားသမျှလေး fordward လုပ်ပေးကြပါ။

ကျေးဇူးအထူးတင်ပါသည်။

နှမသားချင်း စာနာသူများဒီ mail ကို နီးစပ်ရာ မြန်မြန် လေး fordward လုပ်ပေးကြပါ (ဖူးစာရှင်ဆိုဒ်မှ ကူးယူဖော်ပြသည်)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP အစိုးရနှင့် ပြည်နယ်အဆင့်ဆွေးနွေးမည်

မတ် ၂၆၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ၄၅နှစ်ရှိပြီးဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် လာမည့်ဧပြီလ ၄ရက်နှင့် ၅ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးကြမည်ဟု အဖွဲ့၏ ဒုဥက္ကဌ ဦးခိုင်စိုး နိုင်အောင်က သတင်းထောက်များကို ယနေ့ ပြောကြားလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ရှေ့လ လေးရက်နဲ့ ငါးရက်နေ့တွေမှာ ကျနော်တို့ ALP နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ စစ်တွေမြို့မှာတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး အဲဒီ ဆွေးနွေးပွဲမှာ ကျနော်တို့ဘက်က အချက် ၆ချက်တောင်းဆိုမှာ ဖြစ်တယ်”ဟု ဦးခိုင်စိုးနိုင်အောင်က ပြောသည်။

၎င်းဆွေးနွေးပွဲတွင် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် အခြေစိုက်သည့် ALP အဖွဲ့မှ ကိုယ်စားလှယ် ၂၁ဦးပါဝင်မည်ဖြစ်ပြီး ထိုင်းနယ်စပ်ရှိ ကိုယ်စားလှယ်အဖွဲ့ကို ဦးခိုင်စိုးနိုင်အောင်မှလည်းကောင်း၊ အိန္ဒိယနယ်စပ်အဖွဲ့ကို ခိုင်သုခမှလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အဖွဲ့ကို စောမြရာဇာလင်းမှလည်းကောင်း ဦးဆောင်ကာ သွားရောက် ဆွေးနွေးကြမည်ဖြစ်သကဲ့သို့ ထိုခရီးစဉ်အတွင်း ရခိုင်ပြည် နယ် ၀န်ကြီးချုပ်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။
ALP ၏ တောင်းဆိုချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း နှစ်ဖက်တပ်များ သတ်မှတ်နယ်မြေမှအပ ကျူး ကျော်သွားလာခွင့်မပြုရန်၊ အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း မြန်မာစစ်တပ်များ သတ်မှတ်ထားသည့် နယ်မြေအတွင်းမှ အားလုံး ဆုတ်ခွာပေးရန်၊ ဆက်သွယ်ရေးရုံးများဖွင့်လှစ်ရန်၊ ALP တပ်ဖွဲ့ဝင်များ လက်နက်မပါဘဲ မြန်မာတပြည်လုံးသို့ လွတ်လပ်စွာ ခရီးသွားလာ ခွင့်ပြုရန်၊ တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာရန် စသည့်အချက် ၆ချက် ပါရှိသည်။
တောင်းဆိုချက်များကို မြန်မာအစိုးရဘက်မှ သဘောတူညီနိုင်ပါက ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထု အဓိကလိုအပ်နေသည့် ပညာ ရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများကို အစိုးရနှင့်ဆွေးနွေးပြီး လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
မြန်မာအစိုးရ၏ အစီအစဉ်များဖြင့် နယ်စပ်ဒေသ ၃ခုမှလာရောက်ကြမည့် ALP မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုယ်စားလှယ်များသည် စစ်တွေ မြို့သို့ လာမည့် ဧပြီလ ၂ရက်နေ့တွင် ရောက်ရှိကြမည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် စစ်တွေမြို့မှတဆင့် ရန်ကုန်မြို့သို့သွားရောက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်သားအဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။
၁၉၆၇ခုနှစ်၊ ဧပြီလ ၉ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ALP သည် မြန်မာ၊ ထိုင်းနှင့် အိန္ဒိယနယ်စပ်များတွင် စစ်ရေးလှုပ်ရှားလျှက်ရှိကာ လက်ရှိအချိန်တွင် တပ်အင်အား ၃၀၀ကျော်ရှိသည်ဟု သိရသည်။

Musical Instrument of World wide

























မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


Mahamuni-temple-Arakan ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်


" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံ အမြှောက်ဖြစ်ပါတယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့မှ ရှေးဟောင်း လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

" ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။


                                                                                  နိရဉ္စရာ- သတင်း

Thursday, March 22, 2012

စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်

     ဇာဏီထွဏ်း
မကြာမီရောက်ရှိလာတော့မည့်မြန်မာ့နှစ်သစ်ကူးကာလမှ စတင်ကာ တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်များကို ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံမေးမြန်းထားချက်များ ကို ဖော်ပြလိုက်ပါသည်။
မြန်မာလို ၁၃၇၄ ခုနှစ်၊ ၀ါထပ်တဲ့နှစ်၊ မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများကြီးရှိတယ်၊ အပြောင်း အလဲတွေ အများကြီးဖြစ်မယ်၊ နောက် ဒီလိုဖြစ်လာမယ့် အပြောင်းအလဲတွေက လူတွေ ထင်မှတ်ထားတာ၊ တွက်ဆထားတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး၊ ပုံမှန် နဲ့မတူတဲ့ အပြောင်းအလဲလေးတွေ ဖြစ်မယ်၊ အခြေခံအားဖြင့် ကျွန်တော်တို့ အယူအဆအရ ၀ါထပ်နှစ်လည်းဖြစ်တယ်၊ လာမယ့် ကဆုန်လပြည့် ကစပြီး၊ နယုလပြည့်အတွင်းမှာ တစ်ကြိမ် (မေ ၅ မှ ဇွန်လ ၁၈ ရက်) ၊ ဒုတိယ၀ါဆိုလပြည့်နေ့ ကနေ တော်သလင်းလပြည့်နေ့မှာ (ဇူလိုင်လ ၁၉ရက်မှစက်တင်ဘာလ ၁ ရက် ) တစ်ကြိမ် အဲဒီ ကာလလေး တွေမှာ ထူးခြားတဲ့ ဂြိုလ်အနေအထားလေးတွေရှိတယ်။
နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ရှုထောင့်မှာ မတ်လ ၂၀မှာနိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လမ်းကြောင်းတွေ အပြောင်းအလဲတွေရှိတယ်၊ ဇွန်လ ၆ ရက်နေ့မှာလည်း နိုင်ငံတကာ အဆင့်ဆက်သွယ်မှု အပြောင်းလဲတွေရှိတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်ကစပြီး အောက်တို ဘာ ၅ ရက်အတွင်းမှာလည်း ထူးခြားတဲ့ အပြောင်း အလဲတွေ ဆက်တိုက်ရှိလာမယ်။
နောက်ပြီးအဓိက ပြသနာတစ်ခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကဏ္ဍမှာ တည်ငြိမ်မှု အနေအထား နဲ့ ပြည်တွင်းငြိမ်းချမ်းမှု အနေအထားမှာတော့ ယုံကြည်ချက်ရှိတယ်။
၂ အချက် က စီးပွားရေးက တိုးတက်တာ မမြင်ဘူး။ မှန်းသလောက် မဖြစ်လာဘူး၊ ထင်ထင်ရှားရှား တိုးတက်တာမရှိဘူး။ တန့်နေတယ်။ အချို့နေရာတွေမှာ ယုတ်လျှော့နေတယ်။
ယေဘုယျအားဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို မျှော်လင့်ကြ တဲ့အခါ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာ ရှုထောင့်ရဲ့ ရုတ်ချည်းဖွံ့ဖြိုးမှုကတော့ ဇွန်လ ၂၅ ကစပြီး သြဂုတ် ၂၃ ၀န်းကျင်မှာတော့ အနည်းငယ် အပြောင်းအလဲရှိတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ နည်းတာ ပေါ့လေ။
ပြည်ပကို ရောက်ရှိနေတဲ့သူတွေရဲ့ အနေအထား ကတော့ ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံဖို့ မြင်တယ်။ ပြည်ပမှာ အမြဲနေထိုင်ခွင့်ရှိသူတွေရဲ့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြုပ်နှံတာ မြင်တယ်၊ နိုင်ငံတကာအဆင့် ကုမ္ပဏီ တွေရဲ့ ရင်းနှီးမြုပ်နှံမှု ရှုထောင့်ကတော့ အားနည်းတယ်။
ဒေသတွင်းအခြားနိုင်ငံနဲ့ဆက်စပ်မှုမှာတော့အနောက် နိုင်ငံတွေရဲ့စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်။   လေတပ်အခြေစိုက်စခန်း၊ ရေတပ် အခြေစိုက်စခန်း တို့အတွက် မြန်မာနိုင်ငံမှာနေရာပေးခြင်း၊ ငှားရမ်းခြင်း တို့ မြင်တယ်။ စစ်ရေးအခြေစိုက်ဒေသတစ်ခုအဖြစ် မြန်မာ ပါဝင်ဖို့မြင်တယ်။
နိုင်ငံတကာဆက်ဆံရေးမှာ ကမ်္ဘာ့အရှေ့ပိုင်းဖြစ်တဲ့ ကိုရီယား၊ ဂျပန်၊ တရုတ်တို့နဲ့ စီးပွားကုန်သွယ်မှု အားကောင်းတယ်၊ အရှေ့အလယ်ပိုင်းအားနည်းတယ်၊ ဥရောပ အနည်းငယ်တက်မယ်၊ အရှေ့တောင်အာရှ ရဲ့ ဆက်သွယ်မှု လမ်းကြောင်းတော့ ပုံမှန်ထက် အားနည်းတယ်၊ အမေရိက အနည်းငယ်တက်မယ်။ ၁၃၇၄ ခုနှစ်မှာ အရှေ့တိုင်းပြည်နဲ့ ပတ်သတ်ပြီး ဆက်သွယ်မှု အားကောင်းမယ်။
ပညာရေး ပြုပြင်ပြောင်းလဲမှု အကြီးစားတွေတော့ မမြင်ဘူး၊ ဒါပေမယ့် စတင်ခြင်း အချို့မြင်တယ်၊ ကျန်းမာရေးကဏ္ဍမှာတော့ အဖွဲ့အစည်းဆိုင်ရာမှာ အားကောင်းမယ်၊ နိုင်ငံတကာ အဖွဲ့အစည်းကတော့ ပုံမှန်အဆင့်ပဲရှိမယ်၊ အမျိုးသားစီမံကိန်းဆိုင်ရာတွေ မှာတော့ ဖွံ့ဖြိုးဖို့မြင်တယ်၊ အခွန်များလာမယ့် အနေအထားရှိတယ်။ စာပေလွပ်လပ်ခွင့် လုံးဝမမြင်ဘူး
စာပေလွပ်လပ်ခွင့် လုံးဝမမြင်ဘူး၊ တစ်စုံတရာ အတိုင်းအတာထိမမြင်ဘူး၊ ဒါပေမယ့် ပုဂ်္ဂလိက နေ့စဉ် သတင်းစာဖြစ်ပေါ်လာဖို့တော့ ဇွန် ၆ လမှာမြင်တယ်၊ ထွက်မယ့် သဘောလောက်တော့ ရှိတယ်၊ လွပ်လပ်ခွင့် ဘယ်လောက်ပေးမလဲ မသိဘူး၊ လာမယ့် ဇွန်ဝန်းကျင်မှာ တစ်စောင်ကနေ သုံးစောင် ရနိုင်တယ်၊စီးပွားရေး ဆိုင်ရာမှာတော့ သိပ်မရှိဘူး၊
သဘာဝ ဘေးကတော့ တော်တော်လေး သတိထားသင့်တယ်။ မီး မီးက တောက်လျှောက် သတိထားရမယ်၊ မိုးတွင်းပင်လျှင်သတိထားရမယ်။ရေနဲ့ ပတ်သတ်တာ။ ရေကမရှိလို့ ရေငတ်တာရော၊ ရေကြီး ရေလျှံဖြစ်မယ်၊
နောက် မေလကုန်သြဂုတ်၊ အောက်တိုဘာမှာ ငလျင်ဒဏ်မြင် တယ်၊
နောင်နှစ် ၂၀၁၃ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလည်း သတိထားရမယ်။နိုင်ငံတော်ရဲ့အုပ်ချုပ်မှု ယန်္တယား အကြီး စားပြောင်းလဲမှု မမြင်သေးဘူး၊ ရင်းနှီးမြုပ်နှံမှုတွေရဲ့ သဘာဝမှာ ဖိတ်ခေါ်မှုရှိပေမယ့် အကြီးစား ရင်းနှီးမြုပ်နှံတာမျိုး
မမြင်ဘူး။ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်တာမြင်တယ်၊ ပြည်ပလုပ်ငန်းရှင်တွေ အပြည့်အ၀ လုပ်တာတော့ မမြင်ဘူး။
အဲဒီနှစ်မှာ ထူးခြားတာက မြန်မာနိုင်ငံအောက် ပိုင်းတွေမှာ အရမ်းဖွံ့ဖြိုးမယ်။ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်တွေပေါ့။ ရန်ကုန်နဲ့အရှေ့တောင်ပိုင်းမှာ ဖွံ့ဖြိုးမှုနဲ့ အဆင် ပြေမှုတွေ မြင်တယ်။ စီမံကိန်းနဲ့ ပတ်သတ်ပြီး အတင်းအကြပ် လုပ်လိမ့်မယ်။ လုပ်တဲ့အခါမှာ နိုင်ငံ တကာ အဆင့်မ၀င်တာ က ဒေသခံပြဿနာကြောင့်လို့ ဗေဒင်အရ မြင်နိုင်တယ်၊။

Monday, March 19, 2012

ရခိုင်မဲဆန္ဒရှင်များ မကြေနပ်ချက်ကို ကော်မီရှင်ထံတိုင်ကြား

                                                                                          လာမည့်အေပြီလတရက်နေ့တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်လောင်းများကို တရားဥပဒေနှင့် မညီညွတ်ပါက တိုင်ကြားခွင့်ရှိသည့်အတွက် ရခိုင်ပြည်နယ်က မဲဆန္ဒရှင်အချို့၏ တိုင်ကြားစာဖြစ်ပါသည်။
အကြောင်းအရာ။   ။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံ ဥပဒေပုဒ်မ ၃၉၆(က) (၄) ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အားတာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ) ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း အကြောင်းကို ရွေးကောက်ပွဲကော်မီရှင်ထံ တိုင်ကြားခြင်းဖြစ်ပါသည်။

သို့

 ဥက္ကဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်

ရက်စွဲ။           ၂၀၁၂ ခုနှစ်၊မတ်လ (၁၄) ရက်
အကြောင်းအရာ။      ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(က) (၄)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အား တာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ) ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း။
 မောင်တောမြို့နယ် မဲဆန္ဒရှင် စုစုပေါင်း (၂၅၇၄၄၁) ၏ ၁%ရာခိုင်နှုန်းကျော်ဖြစ်သော ပူးတွဲစာရင်း၌ လက်မှတ်ရေးထိုးထားသည့် ပုဂ္ဂိုလ်များက အောက်ပါအတိုင်း လေးစားစွာ တင်ပြလျှောက်ထားအပ်ပါသည်။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၂၀ (ခ) ၊ ပုဒ်မ- ၁၅၂ (ခ)နှင့် ပုဒ်မ- ၁၆၉ (က) တို့တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနှင့် ပတ်သက်၍ ‘‘နိုင်ငံသားမိဘ နှစ်ပါး မှ မွေးဖွါးသော နိုင်ငံသားဖြစ်သူ’’ ဖြစ်ရမည်ဟု ပြဌာန်းထားပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၁၀ (င)၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ- ၁၀ (င) ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ- ၁၀ (င) တို့တွင်‘‘မွေးဖွါးစဉ်ကနိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ နှစ်ပါးစလုံးမှ ဖြစ်စေ မွေးဖွါးသည့် နိုင်ငံသား’’ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ကန့်သတ်ထားပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ရွေးကောက်ခံသူသည်နှင့် ၎င်း၏မိဘနှစ်ပါးစလုံး သည် တနည်းနည်းဖြင့် နိုင်ငံသားများအဖြစ် ရရှိနေ စေကာမူ ရွေးကောက်ခံသူ မွေးဖွါးသည့်အချိန်က ရွေးကောက်ခံသူ ၏ မိဘတစ်ပါးပါး သည်နိုင်ငံသား အဖြစ်သို့ မရောက်သေးပါက ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်းပြဌာန်း ထားခြင်းဖြစ်ပါသည်။
၂။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ- ၃ တွင် အောက်ပါ အတိုင်းပြဌာန်းထား ပါသည်။ ‘‘နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ - ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။’’
အထက်ပါပြဌာန်းချက်နှင့် ပတ်သက်၍ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးအဖွဲ့ မှ (၂၀- ၉ -၁၉၈၃) ရက်စွဲပါ အမိန့်ကြော်ငြာစာ ၁၃/၈၃ အရ ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း (နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း) အပိုဒ် (၄) တွင် ‘‘၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွါးခဲ့ ပါသည်။ ထိုကာလ နောက်ပိုင်းတွင်နိုင်ငံခြားသား အများအပြားနိုင်ငံတော် အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ ကြသည်။ ထို့ကြောင့်မြန်မာသက္ကရာဇ် ၁၁၈၅- ခုနှစ် ၊ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီ ကာလကို ပိုင်းခြား သတ်မှတ်ခြင်း ဖြစ်သည် ’’ ဟုထပ်ဆင့် ရှင်းလင်းထားပါသည်။ ထိုဥပဒေပုဒ်မ - ၅ အရတိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသားများဖြစ်ကြပါသည်။
၃။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ- ၃တွင် ဖော်ပြထားသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စု မဟုတ်သော လူမျိုးများသည် လူမျိုးအရ မြန်မာနိုင်ငံသားများ မဟုတ်ပါ။ ထိုအခြား လူမျိုးများအနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (ဃ) အရ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသား  (ရွေးချယ်ရေး)  အက်ဥပဒေများနှင့် အညီသာလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် နိုင်ငံသားအဖြစ်ကို ရခွင့်ရှိကြပါသည်။ ထိုဥပဒေများနှင့် ညီညွတ်သူများ သည်ပင်လျှင် ၁၉၈၂ ခုနှစ် ၊မြန်မာနိုင်ငံသား ဥပဒေ အာဏာတည်ပြီး နောက်တွင်ပုဒ်မ- ၂၃ အရ ဧည့်နိုင်ငံသားအဖြစ်ကိုသာ ရရှိကြမည်ဖြစ်ပါသည်။
၎။ အထက်ပါ တင်ပြချက်များအရ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော ‘‘ဘင်္ဂလီ’’လူမျိုးများ သည် လူမျိုးအရ နိုင်ငံသားများ မဟုတ်ကြောင်း ထင်ရှားနေပါသည်။ ထို ဘင်္ဂလီလူမျိုးများ အနေဖြင့် နိုင်ငံသားအဖြစ် ရယူလိုပါက အပိုဒ် (၃) ပါ ဥပဒေပြဌာန်းချက်များနှင့် အညီသာလျှင် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
၅။ ထို ဘင်္ဂလီတချို့က ၎င်းတို့သည် နှစ်ပေါင်း ထောင်နှင့်ချီ၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်လာကြသော ‘‘ရိုဟင်ဂျာ’ ’လူမျိုး မြန်မာတိုင်းရင်းသားဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း၌ လည်း ကောင်း သမိုင်းလိမ်ဖြင့် ၀ါဒဖြန့်ချိ တင်ပြနေကြပါသည်။ ထိုကိစ္စကို လူကြီးမင်းတို့က မျက်စိကြီး နားကြီးဖြစ်၍ ပိုမိုသိရှိ ကြလိမ့်မည်ဟု ယုံကြည်သဖြင့် အကျယ်ချဲ့၍ တင်ပြခြင်း မပြုလိုတော့ပါ။ သို့သော် ထိုသမိုင်းလိမ်ကိစ္စသည် ရခိုင်တိုင်း ရင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မြန်မာနိုင်ငံတော် တစ်ခုလုံး၏ အချုပ်အခြာအာဏာကို ထိပါးနေ သည့် ကိစ္စတရပ်ဖြစ်ကြောင်း လေးနက်စွာ တင်ပြလိုပါသည်။
၆။ ‘‘ရိုဟင်ဂျာ’’ လူမျိုးဆိုသည်ကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ- ၄ အရ တိုင်းရင်းသားမျိုးနွယ် စုဖြစ်သည်ဟု ကြေငြာဆုံးဖြတ်ထားခြင်း မရှိပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကလည်း မြန်မာနိုင်ငံအတွင်း၌  ‘‘ရိုဟင်ဂျာ’’ ဟု ခေါ်သော တိုင်းရင်းသား မရှိကြောင်း ကမ္ဘာသိ အတိအလင်း ကြေငြာခဲ့ပြီး ဖြစ်ပါသည်။
၇။ သို့ပါလျှက် ဘင်္ဂလီလူမျိုး များဖြစ်ကြသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့က ‘‘ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးများ’’  ကို တိုင်းရင်းသားနိုင်ငံသားများသို့ ထုတ်ပေးနိုင်သည့် နိုင်ငံသား စိစစ်ရေးကဒ် (ပန်းရောင်) ကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးကော်မတီ ဒုဥက္ကဌထံသို့ (၁၁- ၂ -၂၀၁၂) ရက်စွဲပါ စာဖြင့် တင်ပြတောင်းဆို ဖော်ပြသည်ဟု သိရှိ ရပါသည်။
၈။ ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ-
(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်သည် ယခုအခါ နိုင်ငံသား စီစစ်ရေးကဒ်ပြား အမှတ် ၁၂ / ပဘတ (နိုင်) ၀၂၉၉၅၁ ကိုင်ဆောင်ထားသော်လည်း ၎င်း၏ မိဘများဖြစ်သော ဘင်္ဂလီလူမျိုး (ဘ) ဦးနူရ်အာလမ် (၁၁ / မတန (ယ) ၀၉၂၂၂၆)နှင့် (အမိ) ဒေါ်ခေါ်တီဇာ (၁၁ / မတန (ယ) ၀၉၂၂၂၈) တို့မှ မောင်တောမြို့နယ်၊ ငါးခူရကျေးရွာတွင် (၂၉- ၅ -၁၉၆၄)နေ့ မွေးဖွါးခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိမ်အမှတ် (၆)၊ အခန်း (၉) သို့ရောက်ရှိနေထိုင်လျှက် ရှိပြီးနိုင်ငံသား စီစစ်ရေးကဒ်ပြားကို တနည်းနည်း ဖြင့်ရယူထားသူ သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ၎င်း၏ မိဘများသည် ယခုတိုင် ၁၁ / မတန (ယ) ကိုသာ ရရှိထားသူများ ဖြစ်သဖြင့်နိုင်ငံသား မဟုတ်သူများ ဖြစ်ကြပါသည်။
(၂) မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း (ခ) ဇာယာဒ်ရော်မန် သည် ယခင်က အမျိုးသားမှတ်ပုံတင် လက်မှတ်များ ကိုင်ဆောင်ကြသည့် ဘင်္ဂလီလူမျိုး (ဘ) ဦးအိုဆီဒူရော်မံ  (AK၀၄၇၂၇၇)နှင့် (အမိ) ဒေါ်ဇီနူဘာဟာရ် (AK ၁၀၈၃၆၈) တို့မှမောင်တောမြို့နယ်၊ ဟာဘီကျေးရွာတွင် (၃- ၄ -၁၉၆၂) ခုတွင် မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသား မှတ်ပုံတင်အမှတ်မှာ (MDW ၂၄၇၄၇၇)ဖြစ် ပါသည်။ ယခုအခါ ၁၁ / မတန (ယ) များကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများ မဟုတ်ပါ။ သို့ရာတွင် တနည်းနည်းဖြင့် အမှတ် (၂၆) ၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ခွင့် ရရှိနေပါသည်။
(၃) မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဇာဟိန်းဂိရ် သည် ဘင်္ဂလီလူမျိုး (အဖ) ဦးရော်ရှီးအာမတ် (AK၀၁၅၆၁၈)နှင့် (အမိ) ဒေါ်ဒူဘာဟာရ် (AK ၀၁၅၆၁၉)တို့မှ မောင်တောမြို့နယ်၊ စံပါယ်ကုန်းကျေးရွာတွင် (၂- ၆ -၁၉၅၀) နေ့၌ မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသား မှတ်ပုံတင် ကဒ်ပြားအမှတ်မှာ (AK 195265)ဖြစ်ပါသည်။ ယခုအခါ ၁၁ / မတန (ယ) ကို ကိုင်ဆောင်ခွင့်ရသော်လည်း  နိုင်ငံသားများမဟုတ်ပါ။
၉။ ၁၉၄၉- ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ တို့အရ ယခင်က ထုတ်ပေးခဲ့သော အမျိုးသား မှတ်ပုံတင်ကဒ်ပြားသည် ‘‘မည်သူ မည်ဝါ ဖြစ်ကြောင်း’’ သက်သေခံအတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ သား အဖြစ်အသိအမှတ်ပြု၍ ထုတ်ပေး ခဲ့ခြင်းမဟုတ်ပါ။ ထို့အပြင် ဧည့်နိုင်ငံသားအဖြစ်သို့ပင် မရောက် ရှိသေးပါ။  အထက်ပါ ပုဂ္ဂိုလ်များအနေဖြင့် အထက်အပိုဒ် (၃) တွင်တင်ပြခဲ့သော ဥပဒေများ အရနိုင်ငံသားအဖြစ်ကို ရရှိထားသူများ လည်း မဟုတ်ကြပါ။ ထိုပုဂ္ဂိုလ် သုံးဦး၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်  ရပ်တည်နေမှုသည် အထက် အပိုဒ် (၁) တွင် တင်ပြခဲ့သော ဥပဒေများနှင့် ငြိစွန်းနေသူ များသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၁၀။ မြန်မာနိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်နေသဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး ၏ အကျိုးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးအတွက်သော် လည်းကောင်း၊ အလွဲအသုံးပြု ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်စပ်လျဉ်း၍ အလွန်အန္တရာယ်များသော ဆောင်ရွက်ချက် တရပ်ဖြစ်ပါသည်။ ယခုပင်လျှင် နိုင်ငံတော်၏ တရားဝင်ရပ်တည်ချက်ကို မျက်ကွယ်ပြုပြီး မရှိသော လူမျိုးတစ်မျိုးကို ဖန်တီးလျက် ပြည်သူ့လွှတ်တော်သို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ် တင်ပြ လာနေကြပြီ ဖြစ်ပါသည်။
၁၁။ ယခုအခါ မည်သည့် (လ၀က) ဌာနကမှ မိမိတို့ကိုယ်ကို ‘‘ရိုဟင်ဂျာ’’ လူမျိုးဖြစ်ကြောင်း ဖော်ပြလျှောက် ထားသူကို (ယ)ဖြစ်စေ (ဧည့်)ဖြစ်စေ (နိုင်)ဖြစ်စေ လျှောက်ထားသော လျှောက်လွှာတွင် (ဘင်္ဂလီ) လူမျိုးဖြစ်ကြောင်း ဖော်ပြထားသူများက မိမိတို့သည် (ဘင်္ဂလီ) လူမျိုးမဟုတ်ဘဲ (ရိုဟင်ဂျာ) လူမျိုးဖြစ်သည်ဟု တင်ပြလာခြင်းမှာ သက်ဆိုင်ရာ ဌာနကိုလိမ်လည်ခြင်း၊ မထီမဲ့မြင်ပြုခြင်းများပြုရာရောက် နေသည့် အပြင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၃၉၆ (က) (ခ) ပါနိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ရာ လည်းရောက်ပါသည်။
Nay
ထို့ကြောင့် အထက်ပါလွှတ်တော် ကိုယ်စားလှယ် (၃) ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၉၆ (က) (၄) နှင့်အညီ လွှတ်တော်ကိုယ်စား လှယ်တာဝန်များ မှပြန်လည်ရုတ်သိမ်းပေးပါရန်၊ ပုဒ်မ- ၃၉၆ (ခ) အရပူးတွဲပါ မောင်တောမြို့နယ် မဲဆန္ဒရှင်များက လျှောက်ထားတင်ပြအပ်ပါသည်။
(မူရင်းရေးထိုးထားသော လက်မှတ်များကိုပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့ထားပြီးဖြစ်သည်)
ဆက်သွယ် ရန်၊
0949658126
                                                                                                      လေးစားစွာဖြင့်
                                                                                     မောင်တောမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ