Monday, August 20, 2012

ရခိုင်ပြည်နယ်ငြိမ်မှာလား၊ ဒါမှမဟုတ် အလျော်အစားလုပ်မှာလား


အပိုင်း ( ၁ )

ရင်ဘတ်ချင်းကပ်ထားတာတောင် ကျောကမနာရင် ကျွန်တော်တို့တွေ ကွဲဖို့ဘဲရှိတော့တယ် လို့ ရခိုင်သားတစ်ဦး ကပြောလိုက်တဲ့စကားကို ကျွန်တော်အတော်လေး စဉ်းစားမိပါတယ်။
လက်ရှိရခိုင်ပြည်နယ်အခြေအနေကို လေ့လာသုံးသပ်ကြည့်ရင် နိုင်ငံရေးသားတွေအတွက်ရော စီးပွားရေးသမား တွေအတွက်ပါ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတော်အစိုးရရဲ့လမ်းညွှန်ချ
က်တွေနဲ့ ဘယ်လိုတွေလုပ်ဆောင်နေသလဲဆိုတာကို မျက်မြင်တွေ့နေရပြီဖြစ်ပါတယ်။ ဖြစ်ပေါ်ခဲ့မှုတွေကို တွေးမြင်ကြည့်ရင် မယုံနိုင်လောက်အောင်ကို စိတ်ဝင်စားဖို့ ကောင်းသလို့ မယုံနိုင်လောက်အောင်ကိုဖြစ်တာလို့မြင်တယ်။
မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ သတင်းအချက်အလက်တွေကို ယုံကြည်မှုရှိခဲ့ကြသလဲဆိုကိုလည်း တွေ့ရ တယ်။ သတင်းမီဒီယာတစ်ချို့က သတင်းတွေကို အမှန်တင်တယ်။ ရေးသားဖော်ပြတယ်။ အဲဒါကိုအနောက်နိုင်ငံက မီဒီယာတွေ မဟုတ်တဲ့သတင်းအကုန်လွင့်တယ်။ အဲဒါကို ယုံကြည်သူတစ်ချို့ယုံကြည်ကြတယ်။ တူရကီနိုင်ငံခြား ရေး ၀န်ကြီး ရခိုင်ပြည်နယ်ကိုရောက်လာတယ်။ ရှပ်တစ်ပြက် နှစ်ဘက်လူတွေနဲ့တွေ့ဆုံတယ်။ ဘယ်သူ့စကားကို ယုံ ခဲ့သလဲဆိုတာ စိတ်ဝင်စားဖို့ ပိုကောင်းလာတယ်။
မကြာဘူး မြန်မာအစိုးရက ဖမ်းဆီးထားတဲ့ အိုင်ဂျီအိုဝန်ထမ်းတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါဟာ နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် ကျားကွက်တစ်ခုကို ရွှေ့လိုက်တာလို့မြင်မယ်။ ဒါပေမယ့် ဒီကျားကွက် က ရခိုင်တွေအတွက်ကော ဘာဖြစ်လာနိုင်သလဲ။ ဘင်္ဂလီတွေအတွက်ကော ဘာဖြစ်လာနိုင်သလဲ စဉ်းစားကြည့်ဖို့ လိုမယ်။ ပွင့်လင်းမြင်သာမှုတွေရှိဖို့လိုတယ်လို့ တူရကီနိုင်ငံခြားရေး ၀န်ကြီးပြောကြားခဲ့တယ်။ အဲဒါဟာ တကယ် ကောဘယ်လောက်ထိ ခရီးရောက်နေပြီလဲ ချပြဖို့လိုပြီဖြစ်တယ်။
ဇွန်လ ၈ ရက်နေ့ကို ကြည့်မယ်ဆိုရင် မောင်တောမှာ ရွာပေါင်း ၃၂ ကို စတင်မီးရှို့ခဲ့တာက ဘင်္ဂလီတွေပဲဖြစ် တယ်။ အဲဒီလို့ လုပ်ခဲ့တာကိုတောင် တူရကီနိုင်ငံခြားရေး ၀န်ကြီး H.E Mr Ahmet Davutoglu ဘင်္ဂလီတွေဟာ ရန် ရှာတတ်သူတွေမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါကကော ဘာကြောင့် ဒီလိုပြောတယ်လို့ထင်သလဲ။ ဖြစ်ပေါ်ခဲ့မှုတွေ အားလုံးကို ရခိုင်တိုင်းရင်းသားတွေလုပ်တာလို့ စွဲချက်တင်လိုက်တဲ့သဘောလို့မြင်တယ်။
နိုင်ငံရေးအရ၊ သံတမံအရ ဒီလိုပြောလိုက်တယ်ဆိုရင်တောင် ရခိုင်လူ့အဖွဲ့အစည်းအတွက် အင်အားတွေ လိုနေတယ်တိုတာကို ပြလိုက်တာလည်းဖြစ်ပါတယ်။ အခုဆို ကျောင်းတွေဖွင့်တယ်။ ဆရာ/မတွေကို ယခင်တာဝန် ထမ်းဆောင်ရာနေရာတွေကို ပြန်ပို့တယ်။ မသွားရင် အလုပ်ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံတယ်။ အဲဒီလိုခြိမ်းခြောက် ခံရပေမယ့် တစ်ချို့ကတော့ ဘယ်တော့မှ မသွားတော့ဘူးလို့ပြောပြီး အိမ်မှာဘဲ နေလိုက်တဲ့ သူတွေလည်းရှိလာ တယ်။ တကယ်ကော လုံခြုံရေးဆိုတာဟာ ရခိုင်ပြည်နယ်အတွက် လုံလောက်ပြီလားဆိုတဲ့မေးခွန်းကို ဒီနေ့ထိဖြေနိုင် တဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး။ အပြောနဲ့အလုပ်မညီမျှတဲ့သူတွေ လက်အောက်မှာ တာဝန်ဆိုတဲ့ ပုဒ်မကို ခေါင်း ပေါ်တင်လိုက်ရတဲ့ ပြည်သူဝန်ထမ်းတွေအတွက်ကော ဘယ်လို ယုံကြည်ချက်မျိုးနဲ့လက်ခံလို့ရနိုင်မလဲဆိုတာ တွေးမြင်ဖို့လိုပြီဖြစ်တယ်။
အင်အား၊ အရှိန်အ၀ါတွေ၊ အာဏာတွေ၊ပါဝါတွေကို သုံးပြီး ခိုင်းစေခံရတဲ့သူတွေကကော ဘယ်သူတွေများ ဖြစ်နေသလဲဆိုတာ ရှင်းပြနေစရာမလိုဘူးလို့ထင်တယ်။ တကယ်တန်းကျတော့ အဲဒီအပေါ်ကလို့ပြောနေတဲ့သူတွေ ဘင်္ဂလီရွာမှာသွားနေကြည့်ပါလားဖို့ ပြောချင်တယ်။ လုံခြုံရေးဆိုတာ ဘယ်အတိုင်းအတာထိကိုပြောတာလဲဆိုမေး ရင် ဘယ်သူဖြေမလဲ။
တစ်ရက်၊နှစ်ရက် ၊သုံးရက် ….. ပေးမယ်။ နောက်နေ့တွေမှာ လုံခြုံရေးဆိုတာ အရက်သောက်ပြီးအိပ်နေရုံ ကိုပြောတာလား။ သတင်းစာတွေ၊ ဂျာနယ်တွေမှာဖော်ပြလို့မရတဲ့ ဓါတ်ပုံတွေ ရခိုင်ပြည်သူလူထုမှာ အများကြီးရှိ ပါတယ်။ အဲဒီသတင်းအချက်အလက် ၊သက်သေအထောက်အထားတွေကိုကော ယုံကြည်ပေးနိုင်တဲ့သူ မြန်မာနိုင်ငံ မှာရှိကော ရှိရဲ့လားလို့မေးချင်တယ်။ ပြည်သူတွေယုံကြည်ချက်ပျက်ပြားအောင်ဘယ်သူတွေလုပ်နေသလဲဆိုတာ လူတိုင်းသိပါတယ်။ ထင်သာမြင်သာမှုတွေရှိဖို့ ကြိုးစားဖို့လိုမယ်။
ဒီရက်ပိုင်းမှာ ထွက်လာသမျ သတင်းတွေဟာ ရခိုင်လူထုကို ထိုးနှက်နေသလို ခံစားကြရတယ်။ ပြည်ထောင် စုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးတွေ ရခိုင်ပြည်သူတွေနဲ့တွေ့တော့ အခုဖြစ်ရပ်တွေဟာ ရခိုင်ကစလို့ဖြစ်သလို လို ပြောလာတယ်။ ဘင်္ဂလီတွေနဲ့တွေ့ပြန်ရင်တော့ သူတို့ဘာလိုအပ်သလဲ မေးပြီး ဖြည့်ဆည်းပေးဖို့ကြိုးစား တယ်။ ဒါဟာနှစ်ဘက်ငြိမ်းချမ်းရေးလုပ်တာလို့သူတို့ထင်ပုံရတယ်။ ဒီသတင်းတွေက ရခိုင်လူထုရဲ့ ခံစားချက်ကို ဆွပေးနေသလို ဖြစ်လာတာကို သတိမပြုမိကြဘူးလား။
မောင်တောမှာဆို ဘင်္ဂလီဆိုင်တွေ ဖွင့်နိုင်အောင် လုံခြုံရေးအရ တာဝန်ယူပေးနေတယ်။ ရခိုင် တွေတောင်းဆိုသမျကိုတော့ မျက်ကွယ်ပြုထားတယ်။ နောက် ဆုံးသတင်းက ဘင်္ဂလီတွေ ဗလီတက်ခွင့်တောင်း တာကို တက်ခွင့်ပေးလိုက်ပြီဆိုတဲ့သတင်း။ အစိုးရ ဖြေရှင်းနေပုံက မဟုတ်သေးဘူး။ ဖြစ်ချင်တာဖြစ်စေတော့ဆိုပြီး လက်လွှတ်စပယ်လုပ်လိုက်မယ်ဆိုရင် တိုင်းရင်းတွေကို ဘယ်လိုနေရာမျိုးမှာထားသင့်သလဲ။ တစ်လောက ကိုဆိုဘို အကြောင်းရေးပြထားတဲ့ ၊ရခိုင်နဲ့နှို်င်းယှဉ်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ အဲဒါကိုပဲ မကျေမနပ်တဲ့ လေသံတွေကြားနေတယ်။ တကယ်တော့ မကြာခင် ကိုဆိုဗိုဒေသလို ဖြစ်လာနိုင်တယ်လို့ ဆိုရင်တောင် လက်သင့်ခံ သင့်ရင်ခံရမယ်။ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူအာမခံရဲမလဲ။
အစိုးရကသာ တန်းတူအခွင့်အရေးတို့၊ ပူးပေါင်းနေထိုင်ခွင့်တို့တွေလုပ်လာမယ်ဆိုရင် တိုင်းရင်းသားတွေ ရခိုင်ဒေသမှာ ရွှေတွေပုံအောပြီးထားရင်တောင်နေတော့မှာမဟုတ်ဘူးလို့ ထင်တယ်။ မောင်တောဒေသကို ကြည့် မယ်ဆိုရင် အနောက်ဘက်ခြမ်း တောင်ပြို၊ နံသာတောင်၊ ကွမ်းသီးပင် တွေက တစ်ဘက်ကမ်းမှာရှိနေတယ်။ မြစ်ရဲ့ဒီ ဘက်ခြမ်းမှာ မြစ်ကမ်းဘေးက ရခိုင်ရွာတွေရှိနေတယ်။ ပြုန်းမ၊ ငါးခူရ၊ ခြံပြင်၊ စံပယ်ရင်း၊ ရွက်ညိုတောင်အစရှိတဲ့ ရွာတွေအများကြီးဟာ အမြဲစိုးထိတ်နေရမယ့်အနေအထထားမှာရှိနေတယ်။ ကြိမ်ချောင်းအထက် မင်းကြီးရွာ၊ ၀က် ကျိန်းကနေ အထက်ဘက်နယ်စပ်အဆုံး အင်တူလာဘော်တူလာအထိ က တောင်ကြားဒေသတွေဖြစ်နေတယ်။ အရှေ့ဘက်က မယူတောင်တန်းကြီး၊ အနောက်ဘက်က ဝေလာတောင်တောင်ကြောနဲ့ဆက်နေတဲ့တောင်ကြောကြီး တွေဟာ အဲဒီဒေသကို ညှပ်ထားတယ်။ ဆိုတော့ ပြေးပေါက်က တစ်ခုတည်းသာရှိတော့တယ်။ အောက်ကိုဆင်း ပြေး ရင်တောင် ၀က်ကျိန်းကနေ ပိတ်ထားရင် အခြားလမ်းမရှိတော့ဘူး။
ဒါကြောင့် အခြေအနေတွေကိုကြည့်ပြီး ညီမျှခြင်းရှာကြည့်ရင် ကျော်ချင်းကပ်ခွဲခွါသွားဖို့ထက် ပူးပေါင်းခြင်း ဆိုတာကို ဘယ်သူလက်ခံမလဲဆိုတာကြည့်လိုက်ပါ။ တစ်ခုမေးချင်တယ်။ ဘယ်သူဖြေနိုင်မလဲတော့မသိဘူး။ ရခိုင် ပြည်နယ်ထဲမှာ ဘင်္ဂလီတွေ ဒီလောက်များလာနေတာကို လူသားချင်းစာနာထောက်ထားတာတို့နဲ့ တန်းတူနေထိုင် လိုသူတွေအနေနဲ့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေကို အခြားတိုင်းနဲ့ပြည်နယ်ကို ခေါ်သွားပြီးထားပေးလိုက်ပါလား။ ရခိုင်ဒေသမှာလည်း လျော့သွားတာပေါ့။ ဒီလိုဆိုရင် ဘယ်သူ၊ဘယ်တိုင်းနဲ့ ပြည်နယ်ကြီးတွေက လက်ခံမလဲဆိုတဲ့ မေးခွန်းကို ဖြေလာမယ့် အဖြေဟာ နိုးဘဲမဟုတ်လား။
ကဲ ဘယ်သူခေါ်ရဲသလဲ။ ဘယ်ပြည်နယ်နဲ့တိုင်းက ခေါ်ရဲသလဲဆိုတာကို ပြောပါ။ ခေါ်သွားကြပါတော့လား။ အခုကျွန်တော်ရေးနေတဲ့ဆောင်းပါးဟာ ခံစားချက်တွေပါတယ်ဆိုရင်တောင် ဘက်လိုက်ပြီးပြောတာတစ်ခုမှမပါဘူး။ ခဏတစ်ဖြုတ်လာပြီး တောပြော၊တောင်ပြောနဲ့ လုပ်နေမယ့်အစား ခေါ်ပြီးမွေးကြည့်ပါလို့ပြောချင်တယ်။ ခံစားဖူးတဲ့ လူတွေကတော့ ခံစားချက်ရှိမှာဘဲ အဲဒါကို အပြစ်လို့ မမြင်စေချင်ပါ။ အပြစ်လို့မြင်ရင်လည်း ဆော်ရီးပါ။
နောက်တစ်ခုက လက်ရှိ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်တို့ ခေါ်ဆိုကြတဲ့ ရန်ကုန်မြို့မှာ ဘင်္ဂလီတွေဘယ် လောက်များနေပြီလဲ စဉ်းစားကြည့်ပါ။ ဒီလိုလူဦးရေ တိုးပွားလာတဲ့ လူမျိုးတစ်ခု မြန်မာနိုင်ငံရဲ့ မြို့တော်ကြီးမှာ ရှိနေ တာ ဘယ်လောက်အန္တရာယ်များသလဲ ဗမာလူမျိုးတွေအားလုံးသိကြပါတယ်။ အပြင်ပန်းသဏ္ဍာန်မှာ ဘောထားကြီး နိုင်ပေမယ့် မန္တလေးကိုကြည့်ရင် ရင်ထဲမှာ ဘယ်သူမှ ကျေနပ်မှာမဟုတ်ဘူးလို့ထင်တယ်။ တစ်ချို့ ဗမာတွေလည်း ဒီ အကြောင်းကိုသိနေကြပါတယ်။တစ်ခုလောက်ပြောချင်တယ်။ နောက်နှစ်ပေါင်း ၂၀လောက်၊ဒါမှမဟုတ် ၅၀ လောက် မှာ ရွှေတိဂုံစေတီတော်ကြီးကို ဒီအတိုင်းမြင်ခွင့်ရနိုင်မယ်လို့ ဘယ်သူအာမခံနိုင်မလဲဆိုတာကို မေးချင်တယ်။
ကမ္ဘာမှာ ဗုဒ ဘာသာအထွန်းကားဆုံးနိုင်ငံတွေကို တစ်ချက်ပြန်ကြည့်လိုက်ပါ။ ဘာတွေဖြစ်သွားပြီလဲ။ဘယ် လောက်ကျန်သေးသလဲ။ ပြီးတော့ ဘင်္ဂလီတစ်ဦးအသတ်ခံရရင် ကမ္ဘာကအော်ကြတယ်။ ဒါပေမယ့် ဘုန်းတော်ကြီး တစ်ပါးအသတ်ခံရတာကို ဘယ်အကောင်ကမှမအော်ဘူး မပြောဘူး။ မြန်မာအစိုးရကကော ဘယ်သတင်းဌာနမှာ ဘုန်းကြီးအသတ်ခံရတဲ့အကြောင်းဖော်ပြဖူးသလဲ။ တရားဝင်ထုတ်ဖော်ပြောဖူးသလဲ။ သရီကုန်ဘောင်မှာ ဘုန်းတော် ကြီးအသတ်ခံရတာ ဘယ်သတင်းဌာနကမှ ဖော်ပြခွင့်မရခဲ့ဘူး။ ဒါဟာ တန်သလား။ ဘာကိုဖုံးကွယ်ထားသလဲ။ ပွင့် လင်းမြင်သာမှုဆိုတာ အဲဒါဘဲလား။
ဒေါက်တာသန်းထွန်းအောင်ပြောတာကြားဖူးတယ်။ ဥပဒေပြုရေးမဏ္ဍိုင်မကောင်းနေသမျှ ၊တရားစီရင်ရေး မဏ္ဍိုင်ကောင်းလာနိုင်ပါ့မလား၊ တရားစီရင်ရေးမဏ္ဍိုင်ကောင်းမလာသမျှ အုပ်ချုပ်ရေးမဏ္ဍိုင်ကောကောင်းလာပါ့မ လား ဆိုတဲ့စကားပါ။ အခုလည်း ဒီစကားကို ကျွန်တော်ကောင်းကောင်း ကြားနေမိပါတယ်။ အုပ်ချုပ်ရေးတွေ၊ တရား စီရင်ရေးတွေနဲ့ပတ်သက်ပြီး နယ်မြို့တွေကို တစ်ချက်လောက်ပြန်ကြည့်ကြပါ။ အထက်မှာ ကောင်းနေရုံနဲ့ အားလုံး ကောင်းနေပြီလို့ ပြောလို့မရသေးပါဘူး။ အများကြီးလိုအပ်ချက်တွေရှိနေပါသေးတယ်။ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အပိုင်းကို နယ်တွေမှာဘယ်လိုရှိတယ်ဆိုတာလည်း နိုင်ငံတော်သမ္မတကြီးအနေနဲ့ လေ့လာကြည့်ပါ။
လက်ဝါးချင်းရိုက်ထားတဲ့ ကိစ္စတွေကိုလာရောက်လေ့လာမယ်ဆိုရင် ဘာမှထူးမှာမဟုတ်ဘူး။ တီးလုံးတိုက် ပြီးသား ကိစ္စတွေကို လာကြည့်မယ်၊ လေ့လာမယ်ဆိုရင် အဖြေမှန်ဘယ်လိုရမလဲ။ စီးပွားရေးလုပ်ငန်းတွေမှာလည်း ခရိုနီတွေဘယ်လောက်များနေသလဲဆိုတာ ကြည့်မြင်တတ်ဖို့ထက် အဖြစ်မှန်ကိုသိဖို့လိုတယ်။ ပြည်နယ်နဲ့တိုင်းတွေ မှာ ဖြစ်နေတာ ဂျာနယ်တွေထဲ အနည်းအကျဉ်းတော့တွေ့ရတယ်။ ဒါပေမယ့် ဘာအဖြေမှ ထွက်မလာဘူး။ ကောင်း တာတွေကို လုပ်နေရုံနဲ့ ကောင်းအောင်လုပ်ဖို့ကအရေးကြီးတယ်။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ရပ်တစ်ခုကဖြစ်သွားပြီဆိုပေမယ့် ဒီကိစ္စဟာ သဘောထားကြီးပြရုံနဲ့ မပြီးဘူး။ ပြတ် သားဖို့ဘဲလိုတယ်။ ပြတ်သားမှုဟာ အရေးအကြီးဆုံးဖြစ်ဖို့လိုတယ်။ အခုလိုသာ မပြတ်မသားလုပ်နေမယ်ဆိုရင် ဘယ်လိုမှ ဖြေရှင်းပေးလို့ရမှာမဟုတ်ဘူး။ ရခိုင်မဟုတ်တဲ့လူက ရခိုင်လို ခံစားရတယ်ဆိုတဲ့ စကားဟာ ဘယ်အတိုင်း အတာထိမှန်နိုင်မလဲ။ ရခိုင်လိုခံစားမှုအပြည့်ရှိနိုင်မယ်တော့မထင်ဘူး။ ဒါကြောင့်ရခိုင်တွေကဘဲ ကိုယ့်ကိုကိုယ် ရပ် တည်နေကြရတယ်။ ရခိုင်မှာ လက်နက်ကိုင်ပြောက်ကျားတွေမရှိလို့ တခြားလူမျိုးတွေဖိအားပေးတာလား။ အကြမ်း ဖက်သမားတွေမရှိလို့ လူတွေက ဖိအားပေးတာလား။ အကြမ်းဖက်သမားတွေရှိမှ နိုင်ငံတော်က အလေးထားမယ်ဆို ရင် ရခိုင်တွေအားလုံးအကြမ်းဖက်သမားတွေဖြစ်သွားမှာပေါ့လို့ ပြောချင်တယ်။ ဘင်္ဂလီတွေမှာက အနောက်နိုင်ငံ တွေမှာ ဘင်္ဂလီအကြမ်းဖက်သမားတွေရှိနေတယ်ဆိုပြီး တောင်းဆိုချက်တွေကိုလိုက်လျောမယ်ဆိုရင် ရခိုင်တွေက ကော…….။
နောက်ပြီး ကိုယ်စာပြတဲ့ကျောင်းသားက ကိုယ့်ကိုပြန်သတ်တာ သမိုင်းတွင်ခဲ့ပြီ။ ဒီအကြောင်းကို ဘယ်ရခိုင် ကမှ မေ့လို့ရတော့မှာ မဟုတ်ဘူး။ ကျောင်းဆရာ/မတွေကို တာဝန်ကျရာကိုပြန်လွှတ်နေတာဟာ လုံခြုံရေးနဲ့ အသက် အာမခံအတွက် ဘယ်သူတွေကတာဝန်ယူထားသလဲ။ ဘယ်သူတွေက အာမခံထားသလဲဆိုတာ အခုထိမ ဖြေကြသေးဘူး။ အာမခံချက်မရှိတဲ့ကျောင်းဆရာ/မတွေဟာကော ကျောင်းကို ဘယ်လိုပုံစံသွားတက်မလဲဆိုတာကို တွေးကြည့်ပါ။ ပညာရှင်တွေ၊ ပညာရှိတွေပိုသိပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒကိုဦးစားပေးရင် ဖြစ်သင့်တာတွေဆုံးရှုံးသွား နိုင်တယ်ဆိုတာကို သိကြမှာဖြစ်ပါတယ်။ လူတစ်ဦးအတွက် ၊တစ်စုအတွက် တာဝန်မယူနိုင်ဘဲ တာဝန်ပေးခြင်းကို တာဝန်ယူတာဟာ သိပ်ရှက်ဖို့ကောင်းပါတယ်။
အကောင်းဆုံးအနေအထားကိုရောက်ဖို့ အဆုံးကိုကောင်းအောင်လုပ်ဖို့လည်းလိုပါတယ်။ ရင်ချင်းကပ်ထား ပေမယ့် ကျောမနာတာက စည်းလုံးညီညွတ်မှုတွေကို ဖော်ဆောင်လို့ရနိုင်ပါ့မလားဆိုတာကို ပြန်တွေးကြည့်မိတိုင်း ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ အမြဲရင်နာနေမှာပါ။
ဖြစ်တည်ချက်တစ်ခုအတွက် ဖြစ်လာသင့်သလို ဖြစ်နိုင်ခြေရှိတာကို လုပ်သင့်တာကလည်း နိုင်ငံတော်တာ ၀န် ကို ဦးဆောင်ဦးရွက်ပြုသူတွေမှာ ပိုပြီးတာဝန်မကင်းဘူးဆိုတာ သဘောပေါက်မှာပါ။ အင်အားဆိုတာကို အား အင်ရဲ့အထိမ်းအမှတ်တစ်ခုအဖြစ် ပြုနိုင်မယ်ဆိုရင် တိုင်းရင်းသားလူသားများစွာအတွက် အေးချမ်းရာအေးချမ်း ကြောင်းကိုဖော်ဆောင်ပေးနိုင်မယ့် လဒ်ကောင်းတစ်ပါးဖြစ်မှာတော့သေချာတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တွေရှိမနေရင် ဘယ်လိုပြည်နယ်မျိုးအဖြစ်သတ်မှတ်လိုက်ရမယ်ဆိုတာကို သိပါလျက် ကယ်နဲ့ ရခိုင်တိုင်းရင်းသားတွေမရှိနိုင်အောင် လုပ်နေမယ်ဆိုရင် တခြားလူမျိုးတွေရှိလာမှာကိုလိုးလားမှာလားဆိုတဲ့ မေးခွန်းကိုလည်း နည်းနည်းလောက်ဖြေပေးကြပါလို့ပြောချင်တယ်။ ဒေသတစ်ခုကိုပေးအပ်နိုင်ဖို့အတွက်ကော ကျွန် တော်တို့ စိတ်သဘောထားမြင့်မြတ်နိုင်ပါ့မလား။ ရခိုင်တိုင်းရင်းသားတွေမရှိဘဲ အုပ်ချုပ်သူလူတန်းစားတွေအတွက် ကော သနားကြင်နာစွာအုပ်ချုပ်ခွင့်ရနိုင်ပါ့မလား။ မေးခွန်းများစွာအတွက် ဖြေရှင်းရန်ခက်ခဲနေမည်ဆိုလျင် ထိုအဖြေ သည် ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများစွာအတွက် ကျောချင်းနာရမည့်အနေအထားလား ဆိုတာကိုတွေးကြည့် မိလျင် ရင်နာမဆုံးဖြစ်ခဲ့ရပါသည်။
တိုင်းရင်းသားများထဲတွင် ဘင်္ဂလီများလည်း ပါနေတယ်ဆိုလျင် ရခိုင်တိုင်းရင်းသားများအားလုံးသည် ဘယ် လိုအခြေအနေမျိုးကို ရောက်နေသလဲဆိုတာ ကျွန်တော်တို့ ရခိုင်သားများအားလုံးနားလည်သင့်ပြီဟု ကျွန်တော်တို့ ထင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများခေါင်းဆောင်တို့ ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိလာခဲ့စဉ်တွင် ဒေသခံတစ်ဦးပြောသော စကားရှိပါသည်။ တခြားလူတွေလိုအပ်ချက်တစ်ခုအတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို အလျော်အစားပေးလိုက်ရသလိုမျိုးမဖြစ်စေချင်ပါ လို့ပြောရမလား။ လူနည်းစုကို လူများက ၀ိုင်းပြီးရန်ရှာနေတယ်လို့ ပြောလိုက်ကြတာလည်း ကျွန်တော်တို့နားကြားမှားစွာ ကြားမိသည်ဆိုလျင် ထိုသို့ နားကြားလွဲမှုကို ကျွန်တော်တို့ ရ ခိုင်တိုင်းရင်းတွေ ဆက်လက်ကြားချင်ကြပါ့မလား။ တကယ့်ကို အင်အားကောင်းနေတာ၊ အင်အားကြီးနေတာက ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဦးခေါင်းနဲ့ စကားပြောသူများ သိရှိနာလည်နိုင်သော အချိန်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ကျွန်တော်တို့ ယုံကြည်လိုက်ပါရစေ ဟု ပြောကြားလိုက်ရပါသည်။

No comments:

Post a Comment