Thursday, August 9, 2012

ဘင်္ဂလီအရေးသည် မူဆလင်ဘာသာအရေး မဟုတ်

by Ko Htoo on Thursday, June 7, 2012 at 12:50pm 
·
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သံယောဇဉ်အရမ်းကြီးတဲ့ လူမျိုးတွေဖြစ်တယ်။ သားသမီးတွေနဲ့ အဖေအမေတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အဖိုးအဘွားတွေနဲ့ မြေးမြစ်တွေကြားက ချစ်ခြင်းမေတ္တာဆိုတာ ဘယ်နယ်ရာပဲ ရောက်နေရောက်နေ လျော့ရဲပြတ်ထွက်လို့သွားတယ်ဆိုတာ မရှိဘူး။ အစဉ်အမြဲ ခိုင်မြဲနှောင်ဖွဲ့လျက်သာ…


အနောက်နိုင်ငံကို ရောက်ပြီး အနောက်တိုင်းလူမှုအဖွဲ့အစည်းမှာ လူ့ဘ၀ရဲ့နှစ်လတချို့ကို ကုန်လွန်စေခဲ့သူတွေအတွက်ဆိုရင် မိသားစုအကြောင်းကို စဉ်းစားလိုက်တိုင်း မြန်မာပြည်ကို အပြေးပြန်ချင်မိတော့တာပဲ။ အနောက်နိုင်ငံမှာဆိုရင် ၁၈ နှစ်ပြည့်တာနဲ့ မိဖအိမ်မှာ မနေပဲ တတ်နိုင်ရင် ကိုယ့်ဟာကိုယ် အိမ်ခြားဆင်းတဲ့ ဓလေ့တွေရှိတယ်။ သားသမီးတွေဆိုရင် တက်မဲ့ကောလိပ်ကျောင်း ရွေးတာတောင် အဖေအမေတွေမရှိတဲ့ မြို့တွေကို ရွေးပြီး လွတ်လွတ်လပ်လပ် ကောလိပ်ကျောင်းသားဘ၀ကို အပိုင်ဆွတ်ခူးဖို့ ကြိုးစားကြတယ်။ စရိုက်ယဉ်ကျေးမှုဓလေ့တွေ မတူဘူးပေါ့။


မြန်မာလူမျိုးတွေကျတော့ သားသမီးတွေ တက္ကသိုလ်တက်လို့၊ ကျောင်းပြီးလို့၊ အလုပ်ရလို့၊ အိမ်ထောင်ကျလို့၊ ခလေးရပြီးတောင်မှ မိဖတွေနဲ့ မခွဲပဲ အတူတူ နွေးနွေးထွေးထွေး နေထိုင်တတ်ကြတယ်။ မိဘ ညီကိုမောင်နှမတွေကို မစွန့်ခွာချင်ပဲ စွန့်ခွာလာခဲ့ကြရပြီး ပြည်ပကို ရောက်လာကြတဲ့ လူတွေကျတော့ အဲဒီအခွင့်ထူးတွေကို အရမ်းတမ်းတမိကြတယ်။ အမေချက်တဲ့ ဟင်းတွေက ဘွားခနဲဆို ပေါ်လာရော။ တစ်နေ့တစ်မျိုး မရိုးအောင် ချက်ပေးတတ်တဲ့ ကျွန်တော်တို့ရဲ့ မိခင်တွေ။


အမေ့ပေါင်လေးပေါ်မှာ ခေါင်းလေးတင်ပြီး ဗီဒီယိုဇာတ်ကားတွေ လဲကြည့်ချင်လိုက်တာ အမေ ရေ…။


သား ခေါင်းနဲ့ ဖိထားလို့ အမေ့ရဲ့ ပေါင်လုံးသေးသေးလေးက ကျင်လာပေမယ့် အမေက အပြုံးမပျက်။ သားတွေ သမီးတွေ သင်တန်းဖိုး ပေးနိုင်ဖို့ သွားရမဲ့ဆေးခန်းကို မသွားပဲ အနွံတာခံပေးတဲ့ ကျွန်တော်တို့ရဲ့ ဖခင်မေတ္တာကလည်း ရုပ်ပိုင်းဆိုင်ရာတိုးတက်လာပြီး စိတ်ပိုင်းဆိုင်ရာ ယုတ်ညံ့လာတဲ့ ဒီနေ့ခေတ်ကမ္ဘာမှာ ရှားမှရှား…အဲဒီလို အကြင်နာမေတ္တာကြီးမားတဲ့ ကျွန်တော်တို့ မိခင်၊ ဖခင်၊ အဘိုးအဘွား၊ မောင်နှမတွေကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ အဲဒီ အလွမ်းအဆွေးတွေက အသက်ငယ်တယ် ကြီးတယ်ရယ်လို့ မဟုတ်ပဲ ရင်ညှပ်ထက်ကို လှိုက်လှိုက်ပြီး တက်လာတတ်တယ်။ ပြည်ပမှာ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကိုယ့်အဖေအမေအိမ်လောက် ဘယ်တော့မှာ မသာနိုင်ပါဘူး။ အမိမြေကို လွှမ်းဆွတ်တဲ့ စိတ်တွေနဲ့ စိတ်ပိန်ရတဲ့ ရက်တွေက ဒုနဲ့ဒေး…


ဒီကြားထဲ မြန်မာပြည်မှာ တစ်ခုခုဖြစ်ရင် လူက ရင်ဘတ်ကို မီးပူအလုံးတစ်ရာနဲ့ ထိုးလိုက်သည့်အလား တစ်ပူပေါ်နှစ်ပူဆင့်ပြီး ပူပန်သောကတွေ များကြရပြန်တယ်။ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက အင်တာနတ်တို့ ဖေ့ဘုတ်တို့ပေါ်ကနေ ချက်ချင်းဆိုသလို ရောက်ရောက်လာတော့ ဒီကလူတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြပါရော။ ဒါနဲ့ အနားမှာ ရှိတဲ့ မိုဘိုင်းဖုန်းကိုပဲ ကယ်တင်ရှင်ကြီးအနေနဲ့ ကိုးကွယ်ပြီး ဖုန်းတွေ ကောက်ဆက်ရပါတယ်။ ခြေထောက်ရှည်လို့ပဲလားမသိ၊ မိသားစုတွေကလည်း ဟိုမှာ တစ်စု၊ သည်မှာ တစ်စု ဆိုတော့ ဆက်လိုက်ရတဲ့ ဖုန်းတွေ။ ဖုန်းကဒ်တစ်ကဒ်ကို ဒေါ်လာငွေ ၅ ကျပ်ပေးရင်တောင် ၁၈ မိနစ်သာသာလောက်ပဲ ပြောရတော့ ကုန်လိုက်တဲ့ ဖုန်းဖိုးတွေ…။ နယ်မြို့တွေဆို ပိုဆိုးသေး။ ဟယ်လို ခေါ်နေရင်းနဲ့ ဖုန်းကဒ်က ကုန်သွားရော။ မိနစ်တွေက အလိုလို စားသွားရင်း ကျန်ခဲ့တာဆိုလို့ လိပ်ခေါင်းပဲ ကျန်ခဲ့တာ။ “ကြားလား၊ မကြားဘူးလား”နဲ့ အော်ရလွန်းလို့…


အခုလည်း ဖြစ်ပြန်ပြီ။ ဘင်္ဂလီကုလားကိစ္စ။ တိုင်းပြည်တိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို အာရုံစိုက်ဖို့ ကြံရုံပဲရှိသေး မပြီးမပြတ် အမျှင်ရှည်နေတဲ့ ဒီခေါ်တောကုလားကိစ္စက ကြော်ငြာဝင်ပြန်ပါပြီ။ ဒီကိစ္စမတိုင်ခင် လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းလှုပ်ရှားမှုတွေက အားတက်စရာ ကောင်းနေတာ။ နိုင်ငံတ၀ှမ်း ၂၄ နာရီ ရရှိရေး၊ အလုပ်သမား လစာတိုးရေး၊ ခရိုနီချုပ်ကိုင်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကနေ ပီပြင်ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ ဈေးကွက်စီးပွားရေး ဖော်ဆောင်ရေး၊ မိမိနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ပြည်သူ့အကျိုးအတွက် အသုံးပြုရေး စတဲ့ ပြည်သူ့တိုက်ပွဲတွေက အားရစရာ။ အခုတော့ ဇာတ်လမ်းကောင်းနေတုန်း ကြော်ငြာက ၀င်လာရော။ မိန်းကလေးတစ်ယောက်ကို လက်ဝတ်လက်စားလုယူရုံတင်မက အတင်းအဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခဲ့လေခြင်း။


လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ကြပြီဆိုရင် နှစ်ဘက်စလုံးက နစ်နာတာပဲ။ လူ့အသက်၊ အိုးအိမ် စည်းစိမ် အကုန်လုံး ဆုံးရှုံးကြရတယ်။ နဂိုကတည်းက တိုးတက်မှုနှေးကွေးနေတဲ့နိုင်ငံမှာ မဖြစ်သင့်ဘူး။ ဒါဟာ နိုင်ငံ့အနာဂတ်အတွက် မကောင်းဘူး။ ဒီကြားတွေ ပြဿနာက ပြီးမသွားတဲ့အပြင် ကိုမြအေးပြောသလို ဘင်္ဂလီကုလားအရေးကနေ မူဆလင်ဘာသာအရေးဘက်ကို ပြောင်းသွားအောင် တွန်းပို့ဖို့ ကြိုးစားတဲ့ လူတွေကလည်း ရှိနေပြန်တယ်။ ဒါဟာ ပြည်ထဲမှာ ပထမဆုံး လူသိရှင်ကြား ကြိုးစားမှုပဲ။ ပြည်ပမှာကတော့ Muslim Brotherhood ဆိုတဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူတိုင်းဟာ ညီအကိုတွေဖြစ်တယ် ဆိုတဲ့ စိတ်နဲ့ မြန်မာ့အမျိုးသားအကျိုးစီးပွားထက် ဘာသာရေးအစွန်းရောက်မှုဘက်ကို ရောက်နေတဲ့ လူတွေက သူ့network တစ်ခုနဲ့ လှုပ်ရှားလာခဲ့တာ နှစ်အတော်ကြာနေပါပြီ။


ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ကြီးဖြစ်တဲ့ Organization of Islamic Cooperation (OIC) ဆိုရင် ဘင်္ဂလီအရေးကို နိုင်ငံတကာ စင်မြင့်ပေါ်ကနေ မူဆလင်ညီအစ်ကိုစိတ်နဲ့ ထဲထဲဝင်ဝင် လုပ်ကိုင်နေတာပါ။ အဲဒီလိုပဲ ဘင်္ဂလီ ပညာရှင်တွေဖြစ်တဲ့ ဘင်္ဂလီကုလားတွေကို မြန်မာပြည်ကို Export ပို့ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလီ Abid Baharနဲ့ မြန်မာ့ရေပိုင်နက် ဘင်္ဂလားဒေ့ရှ်လက်ထဲပါသွားတာကို ၀မ်းပန်းတသာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရထံ ချီးကျူးထောပနာပြုခဲ့တဲ့ မဟာဘင်္ဂလီမူဆလင်ဝါဒီ Habib Siddiqui တို့ ဆိုရင်လည်း နိုင်ငံနယ်နိမိတ်စည်း ဘယ်လောက်ပဲခြားခြား သူတို့အတွက်က ရိုဟင်ညာနာမည်ခံ ဘင်္ဂလီကုလားတွေ မြန်မာနိုင်ငံမှာ လူမျိုးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ မူဆလင်ညီအစ်ကိုစိတ်နဲ့ ဘာသာရေး၊လူမျိုးရေးတိုက်စစ်တစ်ခုအနေနဲ့ တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့ကြတာပါ။




Abid Bahar




Habib Siddiqui

ပြည်ပ network ထဲမှာ ဘင်္ဂလီတွေကို ဦးဆောင်လမ်းညွှန်မှု ပေးနေတဲ့ မြန်မာတွေထဲက မြန်မာမူဆလင်တစ်ယောက်ကို ပြပါဆိုရင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က အောင်တင်ဆိုတဲ့ မြန်မာမူဆလင်ကို ပြရလိမ့်မယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စုနှစ်လောက်ကတည်းက ဘင်္ဂလီခေါ်တောကုလားအရေးကို အနီးကပ် ကွပ်ကဲလာခဲ့သူဖြစ်တယ်။ သူ့ကိုယ်သူ မြန်မာ့အရေး လှုပ်ရှားသူ အဖြစ် ဒီမိုအဖွဲ့အစည်းတွေမှာ နေရာယူပြီး နောက်ကွယ်မှာတော့ ဘင်္ဂလီအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်းလုပ်ကိုင်နေပြီး အမြဲတမ်းအချက်အလက်နဲ့ ဗျူဟာတွေ ချပေးနေသူပဲ။ မြန်မာတွေ၊ ရခိုင်တွေနဲ့ တွေ့တဲ့အခါ သဘောထားပျော့ပျောင်းသလို သူတော်ကောင်းဦးထုပ်ဆောင်းပြီး နောက်ကွယ်မှာ ကိုမြအေးပြောသလို ဘင်္ဂလီခေါ်တောကုလားအရေးကို မူဆလင်အရေးဖြစ်အောင် စွမ်းစွမ်းတမံ တွန်းပို့နေတဲ့သူတွေထဲက တစ်ယောက်ပေါ့။


 
၂၀၀၈ ခုနှစ်က ကျင်းပတဲ့ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ မြန်မာမူဆလင်ညီလာခံသို့ တက်ရောလာသော ဦးဝင်းအောင် (ဗွီအိုအေ)၊ ဘင်္ဂလီခေါ်တော နေဆန်းဦး (ဆော်ဒီမှ ဘင်္ဂလီခေါ်တော ဦးဘစိန်၏သား)၊ ဦးဘိုလှတင့်၊ ဦးဘီလယ်ရာချစ်၊ ဦးအောင်တင် (၀ဲ မှ ယာ)

ဒါကြောင့် ဘာသာရေးတိုက်ပွဲအသွင်ကို တွန်းပို့နေတဲ့ အစွန်းရောက် လူတစ်စုကို ငြိမ်းချမ်းရေး ချစ်မြတ်နိုးတဲ့၊ အမှန်တရားကို တန်ဖိုးထားတဲ့ မြန်မာပြည်သူတရပ်လုံးက ၀ိုင်းဝန်းကာကွယ်ထိန်းသိမ်းကြရလိမ့်မယ်။ ဒီအရေးဟာ ဘင်္ဂလီ ခေါ်တောကုလားတွေရဲ့ လိမ်လည်မှုကို အမှန်တရားဘက်က ဖော်ထုတ်တဲ့ တိုက်ပွဲသာ ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ တာဂတ်ထားပြီး လုပ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီကိစ္စဟာ တရားမ၀င် လာရောက်နေထိုင်မှု၊ အမိမြန်မာနိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာကို ထိပါးစော်ကားမှု၊ တရားဥပဒေ စိုးမိုးမှု ညံ့ဖျင်းမှု၊ ၀န်ထမ်းအချို့ရဲ့ အကျင့်ပျက်ခြစားမှု၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ အတူတကွ  ယှဉ်တွဲနေထိုင်နိုင်မှုကို ခြိမ်းခြောက်မှု၊ ရခိုင်သမိုင်း ရခိုင်လူမျိုးအမည်များကို လိမ်လည်လုယူမှု၊ မြန်မာနိုင်ငံသို့ အစ္စလာမ်အစွမ်းရောက်ဝါဒကို ပို့ကုန်အဖြစ် တင်ပို့လိုမှု၊ ဘင်္ဂလီများကို မြန်မာနိုင်ငံသို့ တရားမ၀င်တင်ပို့မှု၊ ပြည်ထောင်စုကြီး ပြိုကွဲအောင် ကြိုးပမ်းမှု စတဲ့ အမျိုးသားရေးလုပ်ငန်းရပ်တွေနဲ့ ပတ်သက်နေတယ်။ ဒီကိစ္စဟာ မည်သည့်ဘာသာ၊ မည်သည့်နိုင်ငံခြားသား လူမျိုးကိုမျှ တာဂတ်ထားပြီး လုပ်တာမဟုတ်ဘူး။


မြန်မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်ကြတယ်။ ရခိုင်ပြည်မှာလည်း လူမျိုးစုံ ဘာသာစုံ ရှိကြတယ်။ တရုတ်ရော (လက်သစ်ဂုတ်သွေးစုပ် တရုတ်နိုင်ငံသားများ မပါ)၊ ဟိန္ဒူဘာသာကိုးကွယ်တဲ့ အိန္ဒိယမျိုးနွယ်တွေရော၊ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ကမန်လူမျိုးတွေရော အေးအတူ ပူအမျှ နေထိုင်လာခဲ့ကြတယ်။ အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေ ရှိပေမဲ့ ရခိုင်ဒေသနဲ့ မြန်မာပြည်တ၀ှမ်းမှာ ဘာခွဲခြားမှုမှ မရှိပဲ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြတယ်။ တရုတ်လူမျိုးတွေဆိုရင်လည်း အဲဒီအတိုင်းပဲ။ အမေရိကမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ရခိုင်ပြည်က တရုတ်မိသားစုတွေကို တွေ့ဖူးတယ်။ အဖိုးအဖွားတွေက ရခိုင်ပြည်မှာ နေလာခဲ့ပြီး အမေရိကမှာ မွေးတဲ့ မြေးတွေကိုတောင် ရခိုင်စကားသင်ပေးတာတို့ ရခိုင်လို ဆိုဆုံးမတာတို့ ကို တွေ့ဖူးတယ်။ သူတို့ကိုယ်သူတို့လည်း တရုတ်လို့ မခံယူတော့ပဲ ရခိုင်လို့ ၀င့်ကြွားစွာ ခံယူပြီး ချစ်ချစ်ခင်ခင် ဆက်ဆံလာခဲ့ကြတာ အခုထိပဲ။ 


ရခိုင်ပြည်မှာ နေထိုင်လာကြတဲ့ ကမန်လူမျိုးတွေ ဆိုရင်လည်း အဲဒီအတိုင်းပဲ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပေမဲ့ သူတို့ဟာ ရခိုင်လူမှု့အဖွဲ့အစည်းမှာ အေးအတူပူအမျှ ညီအကိုမောင်နှမစိတ်မွေးပြီး ရခိုင်လိုဝတ်၊ ရခိုင်လိုစားပြီး ရခိုင်စကားကို ပြောကာ ရခိုင်မြေမှာ အတူတကွ နေထိုင်လာခဲ့ကြတယ်။ တချို့ဆိုရင် ကမန်မှန်းတောင် မသိနိုင်လောက်အောင် သွေးနှောသွားကြပြီး ဗုဒ္ဓဘာသာကို နှိုက်နှိုက်ရှိုင်းရှိုင်း ကိုးကွယ်နေတဲ့ လူတွေရှိတယ်။

ဒါပေမယ့် ရိုဟင်ညာအမည်ခံ ဘင်္ဂလီအစွန်းရောက်တစ်စုကတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုံးဝဆန့်ကျင်တဲ့ လမ်းကြောင်းကို သွားနေတယ်။ နိုင်ငံတကာမှာ ရခိုင်ပြည်ဟာ သူတို့ ကုလားပြည်ဖြစ်ကြောင်း ၀ါဒဖြန့်တယ်။ ရခိုင့်ရှေးဟောင်းဘုရင့်တိုင်းနိုင်ငံတော် အင်အားကြီးစိုးခဲ့စဉ်က နိုင်ငံတကာကုန်သွယ်ရေးမှာ သုံးခဲ့တဲ့ ဒင်္ဂါးပြားတွေကို သုံးပြီး ရခိုင့်ဘုရင့်နိုင်ငံတော်ဟာ သူတို့ရဲ့ အစ္စလာမ်နိုင်ငံတော် ဖြစ်ကြောင်း လီဆယ်ရေးသားပြောဆိုနေကြတယ်။ ရခိုင့်နာမည်ဖြစ်တဲ့ Arakan ကို မောင်ပိုင်စီးပြီး ကမ္ဘာပတ်လျှောက်လိမ်ကြတယ်။ ဘလော့ဂ်တွေ၊ ၀က်ဆိုက်တွေထောင်ပြီး ရခိုင့်သမိုင်း၊ မြန်မာ့သမိုင်းကို လိမ်ရေးကြတယ်။ ဓည၀တီ ဆိုတဲ့ ရခိုင်ရှေးဟောင်းမြို့တော်အမည်တွေကို သုံးပြီး ဘလော့ဂ်တွေ ထောင်ပြီး အဲဒီရခိုင်နာမည်အောက်မှာ သူတို့ခေါ်တောကုလားသမိုင်းလိမ်ကို လှည့်ပတ်ထည့်ကြတယ်။ အဲဒီလို လုပ်နေတာကို ၇ခိုင်ပြည်ထဲက အင်တာနတ်မသုံးတဲ့လူတွေ၊ Search Engine ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်တဲ့လူတွေက သတိထားမိကြမှာ မဟုတ်ဘူး။


အခုဆိုရင် ဘင်္ဂလီတွေက ရခိုင်ပြည်ရဲ့အနောက်ဘက်က စစ်တကောင်းတောင်တန်းကို တက်သိမ်းနေပြီ။ ဒေသခံဌာနေ တိုင်းရင်းသားမျိုးနွယ်စုတွေ စစ်တကောင်းရိုးမမှာ အရိုးစုတွေ ကြွေခဲ့ကြရပါပြီ။ ရခိုင်ပြည်မြောက်ပိုင်းမှာ ဘင်္ဂလီလူဦးရေက ကြောက်ခမန်းလိလိ တိုးပွားလာနေပြီ။ ဘင်္ဂလီကုလားတွေက ကမန်လူမျိုးဆိုတဲ့ နာမည်နဲ့ မှတ်ပုံတင်တွေ လုပ်လာခဲ့တာ အများကြီးပဲ။ ကမန်လူမျိုးတွေ ကိုယ်တိုင်က ဘင်္ဂလီကုလား လွှမ်းမိုးမှုကို စိုးရိမ်လာနေကြတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား ခြိမ်းခြောက်မှုကို ခုခံတာကို လူမျိုးရေးခွဲခြားမှုလို့ ပြောလို့မရဘူး။ ရန်စကျူးကျော်လာတာက သူတို့။ (အခု မသီတာထွေးကိစ္စလိုပေါ့။)


အမေရိကန်မှာ တရားသူကြီးတစ်ယောက်က တရားရုံးမှာ စကားပြန်လုပ်နေတဲ့ ရခိုင်လူကြီးတစ်ဦးကို “ခင်ဗျားက မြန်မာနိုင်ငံရခိုင်ပြည်နယ် (Arakan) ကဆိုတော့ မူဆလင်ပေါ့နာ်”လို့ မေးလာတဲ့အထိ ဖြစ်လာတယ်။ ဒါဟာ တကယ့်ဖြစ်ရပ်ဗျ။ ကဲ… ရခိုင်တစ်ယောက်ရဲ့ နေရာမှာ ခင်ဗျားတို့ ၀င် စဉ်းစားကြည့်ကြပါ။ ရခိုင်ပြည်ရဲ့ တောင်ထိပ်ပေါင်းများစွာက စေတီပုထိုးများစွာ ကြွေကျမြေခပြီး ကျနော်တို့ကိုယ်တိုင် မူဆလင်ဇာတ်သွင်းခံရတဲ့ အဖြစ်။


ပြဿနာတစ်ခုကို ဖြေရှင်းချင်တယ်ဆိုရင် အဲဒီပြဿနာ မရှုပ်ထွေးသွားအောင် ကြိုးစားဖို့လည်း လိုတယ်။ ဘင်္ဂလီအရေးကို အစ္စလာမ်ဘာသာအရေးအသွင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အစွန်းရောက် မူဆလင်ဘာသာဝင်တွေဟာ ဘင်္ဂလီအရေးကို ရှုပ်ထွေးအောင် လုပ်နေသူတွေဖြစ်တယ်။ ကျနော်တို့ ဒီအတိုင်းလက်ပိုက်ကြည့်နေရင် မကြာခင် ရခိုင်လူမျိုးတွေ ရခိုင်ရိုးမပေါ် တက်ပြေးကြရလိမ့်မယ်။ ကျနော်တို့ အရမ်းစိုးရိမ်တယ်။ အခုလက်ရှိနှစ်ဘက်တင်းမာမှုတွေအပြင် အနာဂတ်တွေအတွက်လည်း ကျနော်တို့ အရမ်းစိုးရိမ်တယ်။  မြန်မာပြည်ရဲ့ အနာဂတ်အတွက် မကောင်းဘူး။ ကျနော်တို့ဆီက မွေးလာမဲ့ ကလေးတွေရဲ့ နောင်ရေးအတွက်လည်း မကောင်းဘူး။ ကျနော်တို့ အခုကတည်းက အေးအေးချမ်းချမ်း မရှင်းနိုင်ရင် နောင်မှာ ကျနော်တို့ သားသမီးတွေက အဖေတို့ ညံ့ခဲ့လို့ လို့ အပြစ်တင်ကြကုန်တော့

No comments:

Post a Comment