Saturday, August 25, 2012

နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော


U Kyaw Thu 

Written by ဇင်ကီး    Saturday, 25 August 2012 17:38    PDF Print
ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုးပေါက်ခြင်းကို အခြေခံကာဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန်လိုအပ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေးကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။
" မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထားမရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကိုသတ်မှတ်ပြီး လုံခြုံမှုအပြည့်အ၀ ရှိအောင်လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။
အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦးဝင်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင်အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ်မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေးနေကြောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်) အထွေထွေအတွင်း ရေးမှူး
ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသောနည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက်တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။
( From Arakan Times )

No comments:

Post a Comment