Saturday, August 4, 2012

ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ (ဒုတိယပိုင်း)

Written by မဟာပညာကျော်    Saturday, 04 August 2012 14:55    PDF Print E-mail

အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်လာခြင်း
ဤရိုဟင်ဂျာပြသနာသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေရုံသာမက မြန်မာနိုင်ငံ ဒီမိုအရေစီ ပြုပြင် ပြောင်လဲရေးနှင့် နိုင်ငံတကာဆက်ဆန်ရေး image ကိုပါ ထိခိုက် အဟန့်အတားဖြစ်နေသည်။ အမျိုးသား လုံခြုံရေးကို ထိခိုက်နေသည်ဆိုခြင်းမှာ နိုင်ငံ၏ အချုပ်အချာအာဏာနှင့် ဒေသခံတိုင်းရင်းသားများ၏ ဘ၀၊ အသက် အိုးအိမ်၊ ငြိမ်းချမ်းရေး၊ လွတ်လပ် လုံခြုံရေး၊ ရိုးရာယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု များကိုထိခိုက်လျှက် ရှိပေသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပါယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်မှ အစ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ရခိုင်လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ပါမကျန် အပုတ်ချ တိုက်ခိုက်ခံနေကြရသည်။ နိုင်ငံတကာ သတင်းဌာနများ၊ အာရပ်အစိုးရများက ဝေဖန် ချုပ်ချခြင်းများ တစတစတိုးပွားလာနေသည်။ လူမျိုးရေး အစွမ်းရောက်များ၊ ဖက်ဆစ်များ၊ ဒီမိုကရေစီကို တန်ဘိုးမထား လူ့အခွင့်အရေးကို မလေးစားသူများ အဖြစ် စွပ်စွဲ၊ သမုတ်၊ ပြောဆို၊ ရေးသားလာကြသည်။ မြန်မာနိုင်ငံအစိုးရသည် နာဇီအစိုးရများ ကဲ့သော ရိုဟင်ဂျာခေါ်ဘင်္ဂလီများကို မျိုးဖြုတ်သတ်ဖြတ်၊ နှိပ်စက် ညှင်းပန်း နေသောအစိုးရ ဖြစ်သည်ဟု ရေးသားဝေဖန်လာကြသည်။ တဖက်တွင် အစ္စလာမ် တိုင်းပြည်များ ဖြစ်ကြသော အီရန်၊ ဒူဘိုင်း၊ အီဂျစ်၊ တူရကီ၊ ဆိုဒီအာရေဘီးယား၊ ညီညွတ်သော အာရပ် နိုင်ငံများ အပါအ၀င် အာစီယံအဖွဲ့ဝင် မူဆလင်နိုင်ငံများက နိုင်ငံတကာ အစည်းအဝေးများ ခေါ်ယူကျင်းပကာ ရိုဟင်ဂျာ ဘင်္ဂလီ များအရေးကို ဖြေရှင်းရန် တိုင်ပင် စီစဉ်လျှက်ရှိကြပေသည်။ အချုပ်အားဖြင့်ဆိုရသော် သမ္မတဦးသိန်းစိန်အပါအ၀င်၊ မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ပါမကျန် ဤပြသနာကို မဖြေရှင်း၍မရတော့ပေ။

ဗျူဟာမြောက်ဖြေရှင်းနည်း
တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများ၏ ပြသနာကိုဖြေရှင်းရန် အားလုံး တသံတည်းထွက်ရန်လိုသည်။ ထိုအသံမှာ ရိုဟင်ဂျာ ခေါ်ဘင်္ဂလီများ ပြသနာသည် လူဝင်မှုကြီးကြပ်ရေး ပြဿနာဖြစ်သည်။ တနည်းဆို ရသော် လ.၀.က immigrantion issue ဖြစ်သည်။ ၄င်းဗျူဟာကို ပြည်ထောင်စု အစိုးရ အပါအ၀င်၊ ဒီမိုအရေစီအဖွဲ့ ချုပ် နှင့် နိုင်ငံရေးပါတီများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်များ၊ ပြည်သူများနှင့် လွှတ်တော် အစရှိသည့် လူမှုအဖွဲ့ အစည်းများ၊ ရခိုင်လူမျိုးများ၊ တိုင်းရင်းသားအားလုံး တသံတည်းထွက် ရန်လိုအပ်ပေသည်။
မကြာမှီ ဦးသိန်းစိန်၏ အင်္ဂလန်နိုင်ငံခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံ ခရီးစဉ်များ မတိုင်မှီင်္ ဤပေါ်လစီအား ထုတ်ပြန်ကျေညာ ရှင်းလင်း ရန်လိုအပ်လာပါသည်။ သို့ မဟုတ်ပါက ဂျီတကြာင်း ဆပ်တကြောင်း အရှက်ရစရာနှင့် နိုင်ငံ image ကို ထိခိုက်လာနိုင်ပါသည်။ ပြည်သူများ နာလည်မှုလွှဲမှား လာနိုင်ပါသည်။
၁၉၄၈၊ ၁၉၈၂ ခုတွင် ချမှတ်ခဲ့သည့် နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေကို အတိအကျ အကောင်အထည် ဖေါ်ရန် လိုအပ်လာပါသည်။ ထိုသော အကောင်အထည်ဖေါ်ရာတွင် အဆင့် ၃ ဆင့်ထား လုပ်ဆောင်ရပါမည်။
(၁) Detention centers or camps (ထိန်းသိမ်းရေး စခန်းများဖွင့်လှစ်ရပါမည်)။
(၂) လ.၀.က၊ ရခိုင်ပြည်နယ်အစိုးရ၊ ရဲ နှင့် မြေတိုင်းဌာနတို့ ပူးပေါင်းပြီး နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူ များနှင့် ခိုးဝင်လာသူများကို စစ်ဆေး ခွဲထုတ်ရပါမည်။ စာရင်းဇယား အတိအကျ ပြုစုကျေညာရပါမည်။
(၃) တရားမ၀င် ၀င်ရောက်နေထိုင်သူများကို လ.၀.က ဥပဒေဖြင့် အရေးယူ အဖြစ်ဒဏ်ပေးကာ ထိန်းသိမ်းရေး စခန်းများတွင် ထိမ်းသိမ်းထားရမည်။ ခိုးဝင်လာသူများကို မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရပါမည်။ နိုင်ငံသားဖြစ်နိုင်သူများကို (၁၉၄၈-၁၉၈၂ ခု နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေနှင့်အကျုံးဝင်သူများ) ကို နိုင်ငံသား၊ ဧည့်နိုင်ငံသား စသည်ဖြင့် အသိအမှတ်ပြုပေးရမည်။ ကိန်းဂဏန်းတိကျစွာဖြင့် စာရင်းဇယားပြုစု ထုတ်ပြန် ရပါမည်။
တဖန်နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာကိုင်တွယ်ရမည်။ လဒ်စားသော အမှုထမ်းများကို ထိရာက်စွာ အရေးယူ အပြစ်ပေးရမည်။ ရခိုင်အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့ စည်းပေးရမည်။ ရေလမ်းဖြင့်ခိုးဝင် လာသူများကို တားဆီးရန် ကမ်ခြေစောင့် ဒေသခံအင်အားဖြင့် ဖွဲ့ စည်းပေးရမည်။ ဘင်္ဂလား ရခိုင်နှယ်စပ် တလျှောက် ဘားဝိုင်ယာ သံဆူးကြိုးများ ကာရန်ရမည်။ အနီးကပ်စောင့် ကြည့်ရမည်။

အိန္ဒိယသင်ခန်းစာ
ဘင်္ဂလားဒ(င်္ချ့) နိုင်ငံတွင် ယခု့အခါ လူဦးရေ သန်း ၁၈၀ ကျော်နေပြီဖြစ်သည်။ မြောက်ဖက် အိန္ဒိယနိုင်ငံ (West Bangle) နှင့် ဘင်္ဂလား နယ်စပ်မှ ဆက်စပ်နေသည့် အာသံ၊ ထရိပူရ ပြည်နယ်များကို အလားတူ ဘင်္ဂလီများ အစုလိုက် အပြုံလိုက် ခိုးဝင်လာသည့် ဒဏ်ကို အိန္ဒိယနိုင်ငံမှ နှစ် ၅၀ ကျော်ခံခဲ့ရပေသည်။
ယခုလတ်တလောတွင်မှာပင် ဒေသခံ ဘူဒူများကို တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အစိုးရမှ ပစ်မိန့်ထုတ် နှိမ်နင်းနေရ ပေသည်။ လူရာကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်း များစွာသော ဘူဒူ တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မီဇူရမ်ပြည်နယ်တွင် ဘင်္ဂလီများ နှင့် အိန္ဒိယလူမျိုးများ အ၀င်အထွက်ကို ပြည်နယ်အစိုးရ၏ ထောက်ခံချက် ဖြင့်သာ ၀င်ခွင့်ရှိသည့် ဥပဒေဖြင့် ကန့်သတ်တားမြစ်ထားရသည်။ အာသံပြည်နယ်တွင် ဒေသခံကျောင်းသားများ တရားမ၀င်ဝင်ရောက်လာသည့် ဘင်္ဂလီများ တားဆီးရေး လှုပ်ရှားမှုဖြင့် ဟန့်တားရန်ကြိုးစာခဲ့ကြသည်။ ဒေသခံများနှင့် ဘင်္ဂလီများ အကြား သွေးထွက်သံယို အကြမ်းဖက်မှုများ မကြာခန ဆိုသလို ဖြစ်ပွားခဲ့ကြသည်။ နောက်ဆုံးတွင် ဘင်္ဂလား အိန္ဒိယနယ်စပ် တလျှောက် ဘားဝိုင်ယာများ တားဆီးကာ နယ်ခြားစောင့်တပ်မှ ပစ်မိန့်ထုတ် တားဆီခဲ့ရပေသည်။
လူမျိုးဝါးမျိုခြင်း၏ ပင်မပြသနာအစ ဘင်္ဂလားဒေ(င်္ချ့ ) နိုင်ငံမှ
IOC အဖွဲ့ ဝင်ဖြစ်သော ဘင်္ဂလားဒေ(င်္ချ့) နိုင်ငံသည် ဘင်္ဂလီ မူဆလင်များ၏ လူမျိုးဝါးမျို ကျူကျော် သိမ်းပိုက် ခြင်း၏ ပင်မပြသနာ ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ဤမျှလူဦးရေထူထပ်သော ဘင်္ဂလားနယ်စပ်နှင့် ထိတွေ့ဆက်စပ်လျှက်ရှိပေရာ တရားမ၀င် ၀င်ရောက်လာကြသည့် ဘင်္ဂလီများကို စနစ်တကျတားဆီးရန် လိုလာပါသည်။ ရခိုင်ပြည်သို့ ခိုးဝင်လာသည့် ဘင်္ဂလီများသည် စစ်တကောင်းဒေသမှ ဘင်္ဂလီတိုင်းရင်းသား မျိုးနွယ်စုတခုဖြစ်သည်။ ဒကားနှင့် အလယ်ပိုင်းဒေသရှိ ဘင်္ဂလီများနှင့် ဘာသာစကား ယဉ်ကျေးမှုအနည်းငယ် ကွဲပြားသူများ ဖြစ်ကြသည်။ အိန္ဒိယတွင် ဇာတ်နိမ့် သတ်မှတ်ခံထားရသူများနှင့် အသွင်တူသည်။ ဘင်္ဂလား နိုင်ငံသား အများစုကလည်း ဇာတ်နိမ့် ဘင်္ဂလီများအဖြစ် လူရာမသွင်းကြပေ။ ၄င်းဇာတ်နိမ့် ဘင်္ဂလီများသည် ရခိုင်ပြည်ကို ဇာတ်နိမ့် များအားလုံး စုပေါင်းနေထိုင်နိုင်သည့် ရိုဟင်ဂျာ နိုင်ငံသစ်ထူထောင်ရန် ၁၉၄၂ ခု ကတည်းကပင် အမြဲတစေ ကြိုးစား အားထုတ် လျှက်ရှိကြပေသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူမျိုးဝါးမျိုခြင်းပြသနာ၏ ဇက်မြစ်ဖြစ်သည့် ဘင်္ဂလားဒေ(င်္ချ) နိုင်ငံကို မျက်နှာချိုသွေး အောက်ကျ နောက်ကျ ဆက်ဆန်နေစရာမလိုပေ။ ထိုရိုဟင်ဂျာ ပြသနာသည် မြန်မာနိုင်ငံမှ ပေါက်ဖွားလာသော ပြသနာမဟုတ်။ ဘင်္ဂလားဒေ(င်္ချ့ ) နိုင်ငံမှ ဇာတ်နိမ့် ဘင်္ဂလီများ၏ ကျူးကျော် တရားမ၀င် ၀င်ရောက် လာရာမှ စခဲ့သော ပြသနာဖြစ်သည်။ ဘင်္ဂလားဒေ(င်္ချ့) နိုင်ငံတွင် အတိကတာဝန်ရှိကြောင်း အစိုးရမှ ရှင်းလင်း ပြတ်သားစွာ ထောက်ပြ ပြောဆို ဖြေရှင်းရန် လိုအပ်လာပါသည်။ ဘင်္ဂလားဒေ(င်္ချ) နိုင်ငံနှင့် မြန်မာအစိုးရ ချစ်ကြည် ရင်းနှီးမှု တခုတည်းကို အခြေခံပြီး တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီ သိန်းပေါင်းများစွာကို လက်ခံလိုက်ပါက နောင်တွင် သန်းနှင့်ချီ လက်ခံလာရပေလိမ့်မည်။ ပြသနာကြီးထွားလာကာ နောက်ဆုံး စစ်မက်ဖြစ်ပွားရသည့် အထိဆိုးရွားလာနိုင်သည်။ ထို့ကြေင့် အခုရှင်းမှ နောင်ရှင်းမည်။ အမျိုးသားလုံခြုံရေး ရှုထောင်မှ ရဲရင့် ပြတ်သားစွာ ဤကစ္စကို ဘင်္ဂလားဒေ(င်္ချ့) အစိုးရနှင့် ဖြေရှင်းကြရမည်။

ရခိုင်လူမျိုးများ အခန်းကဏ္ဍ
ရခိုင်လူမျိး၏ အခန်းဂဏ္ဍသည် အလွန်တရာ အရေးကြီးပေသည်။ လူ့အခွင့်အရေး အရည်ခြုံ လူမျိုးဝါးမျို သိမ်းပိုက်ရေး ပြနာကိုဖြေရှင်းရမည့် ရှေ့တန်းနေရာတွင် ရှိသည်။ အမျိုးကွဲ၍ ကြားဆွဲခံနေ ရသည်ကို ရခိုင်များ ဦးစွာပထမ လက်ခံကြရပေမည်။ တသံတည်းထွက်ရန်ကြိုးစားရပေမည်။ ပေါ်လစီကောင်းများ ချမှတ်ရမည်။ လက်တွေ့ကျ၊ ထိရောက်ပြီး နိုင်ငံတကာ အဆင့်မှီဗျူဟာများ ချမှတ် အကောင်အထည် ဖေါ်ရန်လိုအပ်ပါသည်။
ပေါ်လစီမရှိ၊ ဗျူဟာမရှိ၊ ခံစားချက်၊ ဒေါသ၊ မာန်မာနများကို အခြေခံပြီး တတောင်တထွာ တမြင်ဖြင့် လုပ်ဆောင် နေကြလျှင် ရိုဟင်ဂျာ ဘင်္ဂလီများ အကွက်ကို ၀င်သွားပေမည်။ လူမျိုးရေးဝါးမျိုသိမ်းပိုက်ရေး ပြဇာတ်တွင် ရခိုင်များ လူဆိုးဖြစ်ပြီး၊ ဘင်္ဂလီများ မင်းသား ဖြစ်ကာ လူမျိုးလည်းပျေက် ပြည်လည်းပျောက်ရမည့်ကိန်း ဆိုက်လာ နိုင်သည်။ (မှတ်ချက်။ ။ပေါ်လစီနှင့် ဗျူဟာများဆိုင်ရာ အပိုင်းကို နောင်ရေးသားမည့် ဆောင်းပါး များတွင် ဖေါ်ပြပါမည်)
ယေဘူယ ပြောရလျှင် အာကျယ် (outspoken) မဖြစ်ရန်လိုအပ်ပါသည်။ ရိုဟင်ဂျာများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ဖျက်သိမ်းကြောင်း ALP နှင့် NUPA ပါတီများမှ တရားဝင် ကျေညာရမည်။ နောက်ပြီးနိုင်ငံတကာ အင်ဂျီအို၊ ယူအင်၊ နှင့် အခြားအဖွဲ့ အစည်းများကို သပိတ်မှောက် မောင်းထုတ်နေမည့်အစား ဆွေးနွေးအဖြေရှာ ပူးပေါင် ဆောင်ရွက်သည့်နည်းကို ကျင့်သုံးရန်လိုအပ်ပါသည်။ Dialogue and Cooperation နှင့် monitory and transparency ပေါ်လစီ၊ စနစ်များ ချမှတ်ရပါမည်။ အကူအညီပေးရာတွင် တန်းတူရည်တူ အကူ အညီပေးရန် စည်ကမ်းချက်များချမှတ်ပေးရမည်။ အကောင်အထည်ဖေါ်မှုရှိ မရှိကို စောင့်ကြည့် စီးစစ် လေ့လာကြရမည်။ ဖေါက်ဖျက်ပါ ချက်ခြင်း အရေးယူဆောင်ရွက်နိုင်ရန် စနစ်များ ထားရှိရမည်။
လူမျိုးဝါးမျိုကျူးကျော် တိုက်ခိုက် အကြမ်းဖက်မှုများကို အနီးကပ်ရင်ဆိုင်နေရသည့် ရခိုင်လူမျိုးများ အနေဖြင့် အတိက ခံယူကြရမည်မှာ သူများကို ပုံအော မှိန်ခို အားကိုးအားထားပြုနေခြင်းသည် ၍ပြနာကို ဖြေရှင်းသည့် နည်းမဟုတ်ပေ ကိုယ့်ကိုကိုယ် အားကိုးသည့် စနစ်နှင့် အပြန်အလှန် ဆက်ဆပ်သည့် စနစ်သည်သာ မှန်ကန်သော ဖြေရှင်းနည်း ဖြစ်သည်။ ရခိုင်လူမျိုးများ အလုပ်ကို ရခိုင်မလုပ်လျှင် မည်သည့်လူမျိုးကမှ ဦးစီးဦးဆောင်လုပ်ပေးမည်မဟုတ်။ လုပ်ပေးပါကလည်း သင့်တော်မည်မဟုတ်။
ထို့ကြောင့် ရခိုင်သားအလုပ်ကို ရခိုင်များလုပ်ကြရန်နှင့် လိုအပ်သည့် အကူအညီများကို ပြည်ထောင်စု အစိုးရ ထံမှ တောင်းခံနိုင်ရန် ရခိုင်လူမျိုးများအခန်းဂဏ္ဍကို အပိုင် (၇) ပိုင်းခွဲ တင်ပြထားပါသည်။ (၁) ပြည်နယ်အစိုးရ၊ (၂) နိုင်ငံရေးပါတီများ၊ (၃) တော်လှန်ရေးအင်အားများ၊ (၄) ပြည်သူများ၊ (၅) နိုင်ငံတကာတွင် အခြေချနေထိုင်သည့် ရခိုင်များ၊ (၆) နိုင်ငံခြားတိုင်းပြည်များနှင့် ရန်ကုန်၊ အခြားတိုင်းနှင့် ပြည်နယ်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရခိုင်များဂဏ္ဍ နှင့် (၇) ဘင်္ဂလားဒေ(င်္ချ့) နိင်ငံတွင် မှိန်ခိုနေရသည့် ရခိုင်ပြည်နယ် စီးပွားရေး တို့ဖြစ်ကြသည်။
(၁) ပြည်နယ်အစိုးရကဏ္ဍ
ရခိုင်ပြည်နယ်အစိုးရ ကဏ္ဍသည် အလွန်တရာ အရေးကြီးပေသည်။ ရခိုင်ပြည်နယ်ကိုယ်စား ယခုအချိန်တွင် ပြောရေးဆိုခွင့် ရှိသော အဖွဲ့ အစည်းဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေသည့် ပြည်သူ့ သဘောထား ကို မည်သည့်မျက်နှာမှ ထောက်စရာမလို ရဲရင့် ပြတ်သားစွာ ပြောဆို ကိုယ်စားပြုနိုင်သည်။ လက်ရှိရခိုင် ပြည်တွင် တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်ခဲ့ရခြင်းများ၊ ပြည်သူများ ကျီးလန့် စာစား ကြောက်လန့် နေရသည့် တာဝန်သည် ပြည်နယ်အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ယခု ရင်ဆိုင်နေ ရသည့် လုံခြုံရေး၊ ပြန်လည်နေရာချထားရေး၊ ကျမ္မာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် လူမှုပြသနာကို ဦးဆောင်ဖြေရှင်းကာ ပုံမှန်ပြန်လည် လည်ပတ်လာစေရန် လုပ်ဆောင်ပေး ရမည့်တာဝန်မှာ ပြည်နယ် အစိုးသာ ဖြစ်သည်။
သို့ဆိုပါလျှင် ပြည်နည် အစိုးရကို သုံးပိုင်းထား စဉ်းစားရေပေမည်။ ၀န်ကြီးချုပ် ဦးလှမောင်တင် အုပ်ချုပ်သည့် စီမန်ခန့်ခွဲသည့် ၀န်ကြီးဌာန အစိုးရ၊ ပြည်နယ် လွှတ်တော် နှင့် တရားစီရင်ရေး တရားရုံးတော်များ ဖြစ်သည်။
ပြည်နယ်အစိုးရသည် မိမိပြည်နယ်အတွင်းရှိသော resources များကို တွက်ချက်ရပါမည်။ စီမန်ကိန်း ရေးဆွဲကာ လုပ်ငန်းကော်မတီများဖွဲ့ စည်းပြီး လိုအပ်သည့် resources နှင့် ငွေကြေးများကို ပြည်ထောင်စု အစိုးရထံ တင်သွင်း တောင်းခံရပါမည်။ ယာတားချက်များချမှတ်ကာ အချိန်အကန့်အသတ်ထား လုပ်ဆောင် အကောင်အထည် ဖေါ်ရပါမည်။ စနစ်တကျလေ့လာ ဆန်းစစ် ပြန်လည်သုံးသပ်ကာ ဖြည့်စွက် ပြင်ဆင် reinforce လုပ်ရပါမည်။
အထူးအရေးကြီသည်မှာ တဖက်နိုင်ငံမှ ခိုးဝင်နေထိုင်သူများကို စီစစ်ကာ လ.၀.က ဥပဒေဖြင့် အရေးယူ အပြစ်ပေးရပါမည်။ နောက်နောင် ကုန်းလမ်း၊ ရေလမ်းဖြင့်ခိုးဝင် မလာနိုင်စေရန် တားဆီးရပါမည်။ ရခိုင် အမျိုးသားကာကွယ်ရေးတပ်၊ လူထုကမ်းခြေစောင့်တပ်နှင့် ပြည်သူ့စစ်များကို ဖွဲ့ စည်းပေးရမည်။ ရခိုင်နှင့် ဘင်္ဂလားဒေ(င်္ချ) နယ်စပ်ကို ခြံစည်းရိုး ကာရံရပါမည်။
ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများ၏ ရေးရာအ၀၀ နှင့် အသက် အိုးအိမ်ယာမြေ လုံခြုံအာမခံရေး၊ လူမှုစီးပွားဘ၀ ကောင်းမွန်ရေးနှင့် ငြိမ်ချမ်းသာယာ ပျော်ရွှင်ချမ်းမြဲ့သော ပတ်ဝန်းကျင်ကို ဖန်တီးရေး၊ ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ရေး တာဝန်တခုလုံးသည် ပြည်နယ်အစိုးရ၏တာဝန်ဖြစ်သည်။ ထိုအရာများကို ထိပါး နှေင့်ယှက် ဖျက်ဆီးသူမှန်အမျှကို ကြိုးသား ရင်သားမခွဲ အပြစ်ဒဏ်ပေးရမည်။ Legitimate cohesive power ကို သုံးရမည်။
ပြည်နယ်လွှတ်တော်သည် မဲဆန္ဒ နယ်မြေများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့ စည်းထားသော ရခိုင်ပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည့် လွတ်တော်ဖြစ်သည်။ ရခိုင်ပြည်သူများ၏ လိုအပ်ချက်များကို လွတ်လပ်စွာ ဥပဒေ ပြု ခွင့်ရှိသည်။ ထိုကြောင့် လက်ရှိတွင် ဘင်္ဂလီများ အကြမ်းဖက် တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ပြသနာများကို လွှတ်တော် ခေါ်ယူကျင်းပ ဆွေးနွဲကာ ပြည်နယ်အတွင်း ဥပဒေပြုရပေမည်။ ထိုပြုထားသည့် ဥပဒေများကို ပြည်နယ် ရှေ့နယ်ချုပ်မှ ပြည်နယ်၊ မြိုနယ်၊ ရပ်ကွက် ကျေးရွာ ကောင်စီများ၊ ရဲဌာန နှင့် အစိုးရ ဌာန အားလုံးကို ညွန်ကြား ချက်များ ပေးပို့ရမည်။ ပြည်နယ်သားများ အားလုံးကိုအသိပေး ထုတ်ပြန် ကျေညာရပါမည်။
တရားရေး အပိုင်းတွင် ပြည်နယ်လွှတ်တော်မှ ပြုထားသည့် ဥပဒေများ နှင့် ပြည်နယ် ဥပဒေများကို Penal code of laws များကို ပြုစု ပြဌာန်းရပါမည်။ နယ်ပြည်တော်မှချမှတ်သည့် ဥပဒေသည် ရခိုင်ဒေသ နှင့် ကိုက်ညီမှုရှိ မရှိကို ဆန်းစစ်ရမည်။ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များ၊ Penal code ဥပဒေသစ်များ ရေးဆွဲ ပြဌာန်း ရပါမည်။
ထိုပြဌာန်းထားသော ရာဇ၀ပ် နှင့် တရားမ ဥပဒေများကို ဘက်လိုက် လဒ်စားမှုမရှိဘဲ ဥပဒေရှုထောင့်မှ လွတ်လပ်စွာ စီရင်ရမည်။ ထိုမှသာ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်း ခိုင်မာလာ ပေမည်။ ပြည်သူများ အသက်အိုးအိမ် ယာမြေများ လုံခြုံစိတ်ချ အေးချမ်းသာယာသော ဘ၀ကို ရရှိကြပေမည်။
(၂) နိုင်ငံရေး ပါတီများကဏ္ဍ
ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများသည် အလွန် အရေးပါသော အခန်းဂဏ္ဍတွင်ရှိသည်။ ယခုဆိုလျှင် ရခိုင်ပြည်နယ်တွင် အမျိုးသားပါတီများဖြစ်ကြသော ALD, RNDP အပါအ၀င် ဗမာ ပြည်မ အခြေစိုက် NLD, နှင့် USDP ပါတီ လေးခုရှိသည်။ စစ်တပ် ကိုယ်စားလှယ်များမှအပ ပါတီဝင်များ၊ အမတ်များ၊ အစိုးရအဖွဲ့ ဝင်များမှာ ရခိုင် လူမျိုးများဖြစ်သည်။
ရခိုင်ပြည် ကုလားပြည်မဖြစ်ရေး နှင့် လူ့အခွင့်အရေး အရေခြုံ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများ၏ လူမျိုးဝါးမျိုးသိမ်းပိုက်ရေးကို ကာကွယ်တားဆီရန် ပါတီစွဲ အဖွဲ့ အစည်းစွဲများကို ဘဲဖေထားရပေမည်။ အမျိုးသားခံယူချက်ဖြင့် ဘုံရည်မှန်းချက်ထားရှိကာ အတူတကွ ပူးပေါင်းဆောင်ရွက်ရပေမည်။
အထူးသဖြင့် လက်ရှိအခြေအနေနှင့် နောင်ဖြစ်လာမည့် လူမျိုးဝါးမျိုခြင်း အန္ဒရာယ်ကို ကျောင်းသားများ ပြည်သူများကို မြို့ရွာ၊ ရပ်ကွက် တခုမကျန် ပညာပေးရမည်။ အုပ်ချုပ်ရေး၊ မဲပေးစနစ်နှင့် ပြည်သူများ ရပိုင်ခွင့် အခွင့်အရေးများကို ဥပဒေဘောင်အတွင်းက တိုက်ယူရန် ပညာပေးရမည်။ ၂၀၁၅ ခု ရွဲကောက်ပွဲ အတွက် ယခုအချိန်မှစတင် ပြင်ဆင် ပညာပေးရမည်။
ပြည်သူနှင့် အမြဲထိတွေ့ဆက်ဆန်နေရပေမည်။ လူငယ်မျိုးဆက် ခေါင်းဆောင်များကို စနစ်ကျလေ့ကျင့် ပြုစုပျိုးထောင်ကာ နေရာနှင့် လုပ်ပိုင်ခွင့်များ ပေရမည်။
(၃) တော်လှန်ရေးအင်အားများ အခန်းကဏ္ဍ
တော်လှန်ရေးအဖွဲ့ အစည်း ပါတီများသည် ထိုင်း၊ မလေးရှား၊ အန္ဒိယ၊ ဘင်္ဂလားဒေ (င်္ချ့) နှင့် တရုပ် နယ်စပ် များတွင် အခြေစိုက်လျှက်ရှိသည်။ တချို့အဖွဲ့ အစည်းများမှာ အစိုးရ နှင့်ငြိမ်းချမ်းရေး ယူထားကာ တချို့ အဖွဲ့  အစည်းများသည် အင်အားဖြည့်တင်းလျှက်ရှိသည်။ သို့ရာတွင် ဘုံဦးတည်ချက်တခု အပေါ်တွင် ဘုံရပ်တည်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်ဆက်စပ်လုပ်ဆောင်ခြင်းများ လုံးဝ မရှိသလောက် တွေ့ရပေသည်။ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုပြောဆိုဆွေးနွေးနိုင်သည့် နိုင်ငံရေး၊ စစ်ရေး ကိုယ်ထည် (political represnative body) မရှိပေ။ ၂၀၀၄ မှ ၂၀၀၉ ခုနှစ် အထိ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) သည် အတိုင်းအတာ တခုအထိ ကိုယ်စားပြုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ANC နှစ်ခြမ်းကွဲကာ ALP နှုပ်ထွက်သွားခြင်းကြောင့် ယခုအခါ တဖွဲ့ ချင်းစီရပ်တည်လျှက်ရှိကြသည်။
မှားယွင်းသော ပေါ်လစီ ခံယူချက် များဖြင့် ရပ်တည်လျှက်ရှိကြသည်။ အထူးသဖြင့် မိမိအဖွဲ့ အစည်း တခုတည်း အင်အားကြီးအောင်လုပ်မည်၊ မိမိတို့အင်အားကြီးလာလျှင် အခြားအဖွဲ့ အစည်းများ မှေးမှီပျောက်ကွယ်သွားမည် ဆိုသည့် (political hostage and ownership) နိုင်ငံရေး ပြန်ပေးဆွဲ မူပိုင် ကိုယ်စားပြုရေး ၀ါဒကို ကိုင်စွဲထားကြသည်။ မိမိတို့ပါတီ အဖွဲ့ အစည်း အင်အားကြီးထွာအောင်လုပ်ရမည့် အပိုင်းသည် အဖွဲ့  အစည်းတိုင်း၏ တာဝန်တရပ်ပင်ဖြစ်သည်။ သို့ရာတွင် မိမိတို့အင်အားကြီးမှ နိုင်ငံရေးမူပိုင် ခွင့်ရမည်ဆိုသည့် ခံယူချက်မှာ အလွန်တရာ မှားယွင်းသော မူဝါဒ ခံယူချက်ဖြစ်သည်။ တဖွဲ့ ကိုတဖွဲ့  အပုတ်ချ ဝေဖန်တိုက်ခိုက် သတင်းမှားများပေးကာ ပြောဆိုစည်းရုံး လူဆွေကြရမည်မှာ တဖွဲ့ ချင်းအားကောင်းရန် ကြိုးစားသူတို့၏ ပင်မအလုပ် ဖြစ်လာသည်။ ထိုအကျိုးဆက်မှာ အဖွဲ့ အစည်းတခုချင်းစီ၏ အင်အားကြီးထွာလာစေရန် အဟန့်အတား များဖြစ်နေပေသည်။ ထို့ကြောင့် တဖွဲ့ချင်းလည်း အင်အား ကြီးထွားမလာနိုင်သလို နိုင်ငံရေး ပြန်ပေးဆွဲ မူပိုင်ဖြစ်လိုသည့် ကြိုးစား အားထုတ် မှုမှာလည်း အချေးနှည်း ဖြစ်လာပါသည်။ နောက်ဆုံးတွင် အဖွဲ့အစည်းများ ပါတီများ မှေးမှိန်ကာ တစတစ ပျောက်ကွယ်ရန်သာ ရှိပါတော့သည်။
ပြည်ပ အခြေစိုက်နိုင်ငံရေး တော်လှန်ရေးအဖွဲ့ အစည်းများ ပါတီများသည် ရိုဟင်ဂျာ ဘင်္ဂလီများ ကျူကျော်ရန်ကို တားဆီး ရာတွင်လည်းကောင်း ရခိုင်ပြည်ပြန်လည်ထူထောင်ရာတွင်လည်းကောင်း အရေးပါသော အခန်းကဏ္ဍ တွင် ရှိနေပါသေးသည်။ သို့ရာတွင် အဖွဲ့ ချုပ် မဖွဲ့ နိုင်လျှင်တောင်မှ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ခြင်းမျိုး လိုအပ်ပါသည်။ ဘုံလမ်းစဉ်တခု ချမှတ် အကောင်အထည်ဖေါ်ရန် လိုအပ်လာ ပါသည်။ သို့မဟုတ်ပါက အရေး ပါသော အခြေအနေမှ အသုံးမ၀င်တော့သည့် အနေအထားကို ရောက်ရှိသွား နိုင်သည်။
ရိုဟင်ဂျာခေါ် ဘင်္ဂလီများ၏ ရန်ကို ကာကွယ်ရန် အပစ်အခပ် ရပ်စည်းထားသော အဖွဲ့ အစည်းများ ရပ်စည်း လာမည့် အဖွဲ့ အစည်းများ ပူးပေါင်းကာ ရခိုင်အမျိုးသား ကာကွယ်ရေးတပ်မတော်ကို ဖွဲ့ စည်းနိုင်သည်။ ဘူသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်မြေများတွင် နယ်စပ်လုံခြုံရေးကို တာဝန်ယူနိုင်ပါသည်။
နိုင်ငံရေးဘက်တွင်လည်း တော်လှန်ရေးအင်အားများနှင့် ၁၉၈၈ မှပေါက်ဖွာလာသည့် ALD၊ ၂၀၁၀ တွင် အမျိုးသားရေးကို ဦးတည်လာသည့် RNDP တို့ပူးပေါင်းကာ ၂၀၁၅ ခု ရွေးကောက်ပွဲတွင် အမျိုးသားပါတီများ မဲအနိုင်ရရှိရန် ပူးပေါင်းဆောင် ရွက် ကူညီပံ့ပိုးနိုင်ပါသည်။ ရခိုင်ပြည်ကို ရခိုင်သားများ အုပ်ချုပ်ရေး ပန်းတိုင်ကို ချမှတ် အကောင်အထည်ဖေါ်နိုင်ပါသည်။
အကယ်၍ တော်လှန်ရေးအင်အားမျာ တဖွဲ့ နှင့်တဖွဲ့ ပူပေါင်းကာ ညီညီညွတ်ညွတ်ဖြင့် တသံတည်းထွက် လုပ်ကိုင်လာကြမည်ဆိုလျှင် ယခုအချိန်တွင် ပြည်ပရှိ သိန်းနှင့်ချီသော ရခိုင်များ တခဲနက်ထောက်ခံ အားပေး ပူးပေါင်း ပါဝင် လာကြမည်ဖြစ်သည်။
တဦးကောင်းတဖွဲကောင်းလုပ်ဆောင် ကြိုးပန်း နေကြမည်ဆိုလျှင် တဘက် အစိုးရ၏ အင်အား ဖြိုခွင်းရေး၊ မှေးမှိန်ပျောက်ကွယ်ရေး ဗျူဟာအကွက်ထဲ ၀င်သွားနိုင်ပါသည်။ နောက်ဆုံးတွင် မြွေဘာလည်းဆုံး သားလည်း ဆုံး ဖြစ်လာနိုင်ပါသည်။
လတ်တလော အရေးတကြီးလိုအပ်နေသည်မှာ တော်လှန်ရေးအင်အားများ အားလုံး ဗျူဟာ ညှိနှိုင်းရေး အစည်းအဝေး တခုဖြစ်သည်။ ထိုအစည်းအဝေးကို အမေရိကန်ရောက် ရခိုင်များ အဖွဲ့ အစည်းများက ကမကထလုပ် ခေါ်ယူကျင်းပသင့်ပေသည်။ သို့မဟုတ်ပါက ပြည်သူများလည်း ဆက်လက် ကွဲပြဲနေကြ ပေအုံးမည်။ ရိုဟိန်ဂျာ ဘင်္ဂလီများလည်း ရခိုင်များကို ဆက်လက် သတ်ဖြတ်နေကြပေအုံးမည်။
(၄) ပြည်သူများ အခန်းကဏ္ဍ
ရခိုင်ပြည်ရှိပြည်သူများသည် လက်ရှိ ဘင်္ဂလီများ၏ ကျူးကျော်ရန်ကို ရင်ဆိုင်ကြုံတွေ့နေရသူများဖြစ်သည်။ လတ်တလော တုန့်ပြန်ဖြေရှင်းနေရသူများဖြစ်သည်။ ထို့ကြောင့်ပြည်သူများ၏ အခန်းဂဏ္ဍကို စနစ်တကျ ပုံဖေါ်လှုပ်ရှားရန်လိုလာပါသည်။
ပြည်သူ့ဆန္ဒသည် အရာရာ၏ အဆုံးအဖြတ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒကို နိုင်ငံရေးပါတီများ၊ ပြည်နယ်အစိုးရများ၊ စီတန်းလှည့်လှည် ဆန္ဒပြထုတ်ဖေါ်ကာ မိမိလိုချင် ဖြစ်စေချင်သည့် အချက်များကို တောင်းဆိုနိုင်ပါသည်။ လိုအပ်ချက်များကို တင်ပြနိုင်ပါသည်။ ဥပဒေပြုပေးရန်တောင်းဆို နိုင်ပါသည်။ လက်မှတ်များကောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု သမ္မတကို စာရေးသားတောင်းဆို နိုင်ပါသည်။ လွှတ်တော်အမတ်များကို ကိုယ်တိုင်သွားရောက် တွေ့ ဆုံ နိုင်ပါသည်။ ဒေသခံများသာ မြေပိုင်ခွင့် စသည့် ဥပဒေပြုပေးရန် ပြည်သူတရပ်လုံး တညီတညွတ်တည်း တောင်းဆို နိုင်ပါသည်။
အချုပ်အားဖြင့်တင်ပြရလျှင် ဒီမိုကရစီနိုင်ငံတွင် အာဏာသည် ပြည်သူများ၌တည်သည်။ အစိုးရတရပ်ကို ဖြုတ်ချခြင်း အစားထိုးခြင်းကို ပြည်သူများသာ အဆုံးအဖြတ်ပေး ကြရသည်။ မိမိတို့လိုလားသော အစိုးရက ပြည်သူများအတွက် လုပ်ဆောင်ပေးသည့် ပါတီကို မဲပေးရွှဲချယ်ခြင်းဖြင့် အစိုးရကို အစားထိုး နိုင်သည်။
(၅) နိုင်ငံတကာတွင် အခြေချနေထိုင်သည့် ရခိုင်များ အခန်းကဏ္ဍ
၁၉၈၈ နောက်ပိုင်းတွင် အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ ဂျပန်၊ စင်္ကာပူ နိုင်ငံများတွင် အခြေချနေထိုင် ကြသူများနှင့် ဘင်္ဂလားဒေ(ခ်ျ)၊ ထရီပူရ ဒေသများတွင်လွန်ခဲ့သည့် ရာစုအနည်းငယ်ကတည်းက ခိုလုံနေထိုင်ခဲ့ကြသူများ များစွာရှိနေသည်။
၁၉၈၈ ခုနောက်ပိုင်း အခြေချ နေထိုင်ခဲ့ကြသူများ အနေဖြင့် ရခိုင်ပြည် တိုးတက်ဖွန့်ဖြိုးရေး၊ လုံခြုံရေးနှင့် အသိပညာ၊ အတပ်ပညာများ တိုးတက်လာစေရန် များစွာ အထာက်အကူပြုနိုင်သည်။ ရံပုံငွေများ စုဆောင်းနိုင်ပါသည်။ ပြည်တွင်မှ ရရှိသော သတင်းများကို မိမိနေထိုင်သည့် တိုင်းပြည်များရှိ အစိုးရများ၊ အဖွဲ အစည်းများ၊ ပြည်သူများကို ဖြန့်ဝယ်နိုင်ပါသည်။ ဘင်္ဂလီများ ကျူးကျော်ဝင်ရာက် သိမ်းပိုက်ခြင်းကို အမှန်အတိုင်း ဖေါ်ထုတ်နိုင်ပါသည်။ အမျိုးသားနိုင်ငံရေး နှင့် ရခိုင်ပြည်တွင် ရခိုင်အမျိုးသား ပါတီများ မဲအနိုင်ရရှိရန် အထောက်အကူပြုနိုင်သည်။
ပထမအဆင့်တွင် e-mail လိပ်စာများ၊ နေရပ်လိပ်စာများ၊ ဖုန်းနံပါတ်များကို နိုင်ငံ အလိုက် စုဆောင်းရပါမည်။ ရခိုင်ပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများကို အချိန်မှန် ပို့ပေးရမည်။ နိုင်ငံအလိုက် ရခိုင်လူမျိုးများအကြား ဖြစ်ပေါ်နေသည့် လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ သာရေး နာရေး နှင့် တခြားသော သတင်းများကို ဖြန့်ချီပေး ရမည်။ မိမိတိုရပ်တည် လုပ်ဆောင်ချက်များကို ပြည်တွင်းရှိပြည်သူများကို အသိပေးရမည်။
နိုင်ငံအလိုက် ရခိုင်အမျိုးသားအဖွဲ့ အစည်းများကို စနစ်တကျ ဖွဲစည်းရမည်။ တရားဝင်မှတ်ပုံတင်ကြရမည်။
ပြည်တွင်းမှ စာတော်သူများ၊ အမျိုးသားအတွက်အကျိုးပြုမည့်သူများကို မိမိတို့ ရောက်ရှိနေသည့် နိုင်ငံများသို့ ပညာတော်သင်အဖြစ်ခေါ်ယူကာ အတတ်ပညာ အသိပညာများ သင်ကြားပေးရမည်။ ရခိုင်ပြည်တွင် အတတ်ပညာ ကျောင်းများ၊ ကောလိပ် တက္ကသိုယ်များ ဖွင့်လှစ်နှိင်ရန် ကူညီရမည်။ ပညာတတ်များ ရခိုင်ပြည်သို့ ပြန်လာကြပြီး စီးပွားရေး၊ ပညာရေး၊ လူမှုတိုးတက်ဖွန့်ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင် ကြရပေမည်။
နိုင်ငံတကာတွင် စီးပွားချမ်းသာကြွယ်ဝ သူများအနေဖြင့်လည်း ရခိုင်ပြည်တွင် ရင်းနှီမြှပ်နှံမှုများ၊ စက်ရုံအလုပ်ရုံများ ထူထောင်ခြင်းများနှင့် နိုင်ငံရေး လူမှုရေး၊ ပညာရေး အဖွဲ့ အစည်းများကို ထောက်ပံ့ ကူညီခြင်းများ လုပ်သင့်ပေသည်။ အတိက အမျိုးသားရေး အမြင်ဖြင့် တတ်အားသ၍ ကူညီရန်လိုအပ်ပေသည်။
အထူးသဖြင့် တဖွဲ့ နှင့်တဖွဲ့  တဦးနှင့် တဦး ဆက်စပ်နိုင်သည့် Network ထားရှိရန်လိုအပ်ပါသည်။ ရခိုင်ပြည်သူ များ လက်ရှိကြုံတွေ့ နေရသည့် စီးပွား၊ လူမှု နှင့် ဘင်္ဂလီများ၏ လူမျိုးဝါးမျိုသိမ်းပိုက်ရေး စီမာန်ကိန်းကို ကာကွယ် တားဆီးရေးလုပ်ငန်စဉ်များတွင် တဖက်တလမ်းမှပံ့ပိုး ကူညီ ပေးနိုင်သည်။
ယခုအခါ ဘူးသီးတောင်၊ မောင်းတောရှိ ရခိုင်များသည် ကုလားရန်ကို ကြောက်၍ စစ်တွေ၊ ရန်ကုန်ဒေသများ သို့ အလုအယက် ပြောင်ရွှေ့ နေကြပြီဖြစ်သည်။ နောင်နှစ် အနည်းငယ်အတွင်း ၄င်းဒေသတွင် ရခိုင်ဆိုလျှင် အရုပ်ရေးပြရသည့် အနေအထားသို့ ရောက်ရှိလာပါမည်။ ထိုသောလူမျိုးဝါးမျို မြေကိုပါ သိမ်းပိုက်ခံလိုက်ရပါက ရခိုင်ပြည်နယ်၏ အစစ်အပိုင်းဆိုသည်မှာ နာမည်သာရှိပြီး ရုပ်ပိုင်းဆိုင်ရာအရရော လူဦးရေ အချိုးအစား နိုင်ငံရေ political demographic အရပါ သီးခြားဒေသ ဖြစ်လာနိုင်ပါသည်။
ထိုဝါးမျိုခြင်း အန္ဒရာယ်ကို တားဆီးရန် လက်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြို့ ဟောင်း၊ ရမ်းဗြဲ၊ မာန်အေင်၊ ဂွ၊ အမ်း နှင့် စစ်တကောင်းဒေသရှိ ရခိုင်များနှင့် ထရီပူရရှိ ရခိုင်များကို ပြန်လေ နေရာချ ရွာသစ်များ တည်ပေးကာ စီးပွားရေး၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် မြေများ၊ ငွေထုတ်ချေးခြင်းများ ဖြင့် အကူအညီပေးရပေမည်။
စစ်အစိုးရ အုပ်ချုပ်စဉ် ၁၉၉၀ ကာလ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းကျော် လက်ထက်တွင် ထရိပူရမှ ရခိုင်သား များကို ရခိုင်တွင် ပြန်လည် နေရာချထားရန် သတင်းလွှင့်ခဲ့ခြင်းကြောင့် တချို့ရခိုင်များသည် မြေများကို ရောင်းချကာ ရခိုင်ပြည်သို့ ပြန်ရန် ပြင်ဆင်ခဲ့ကြသည်ကို တွေ့ ရှိခဲ့သည်။
စစ်တကောင်းဒေသရှိ ရခိုင်များမှာလည်း ရုပ်က ဘင်္ဂလားနိုင်ငံတွင်သာ ရှိပြီး စိတ်က ရခိုင်ပြည်သို့ပြန်ရန် အမြဲမျှော်လင့်နေကြသည်။ ရခိုင်ပြည်တွင် မင်းကောင်းပေါ်လျှင်ပြန်မည်ဟု အမြဲ ပြောဆိုနေကြသည်။ ယခုထိတိုင် ရခိုင်ရိုးရာ ယဉ်ကျေးမှုနှင့်၊ ရခိုင်စကား၊ ဗုဒ္ဒဘာသာကိုသာကိုးကွယ်လျှက် တဘက်နိုင်ငံတွင် အနှိမ်ခံ လူမျိုးငယ်များ အဖြစ် အောက်ကျနောက်ကျ နေထိုင်လျှက်ရှိကြပေသည်။
ဘင်္ဂလားဒေ(ခ်ျ)တွင် ရခိုင် တသိန်းကျော်ရှိပြီး၊ ထရိပူရတွင် ခုနှစ်သောင်းကျော်ရှိသည် ဟုဒေသခံများက ပြောဆို နေကြသည်။ ရခိုင်ပြည်နယ်အစိုးရမှ ထိုသော မိမိဆန္ဒ အလျှောက်ပြန်လာလို သူများကို နေရာ ချပေးမည် ဆိုလျှင် ပြန်လာလိုသူများစွာ ရှိကြောင်း ၄င်းဒေသရှိ ရခိုင်ခေါင်းဆောင်များ ပြောဆိုဆွေးနွေး တင်ပြ ခြင်းများ ရှိပါသည်။
အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်များတွင် ရခိုင်ဦးရေတိုးပွားရေးကို အဝေးရောက် ရခိုင်များနှင့် ပြည်တွင်းရှိ ရခိုင်များ အာရုံစိုက်ပူပေါင်း လုပ်ဆောင်သင့်ပေသည်။
(၆) နိုင်ငံခြားတိုင်းပြည်များ၊ ရန်ကုန်၊ အခြားတိုင်းနှင့် ပြည်နယ်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရခိုင်များ ကဏ္ဍ
မြန်မာပြည်မနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရခိုင်လူငယ် ၃ သိန်းကျော် သွာရောက် အလုပ် လုပ်ကိုင်လျှက်ရှိ ကြသည်ဟု ခန့်မှန်းနေကြသည်။ မလေးရှားတွင် ၄ သောင်း၊ ထိုင်းနိုင်ငံတွင် ၁ သိန်းခန့်ရှိသည်။ အများစုမှာ လယ်သမား သားသမီးများနှင့် ဆင်းရဲသော မိသားစုများမှ သားသမီးများဖြစ်ကြသည်။ ထိုသော ရပ်ရွာများတွင် လူငယ်များ မရှိခြင်းကြောင့် ဘင်္ဂလီများ ရခိုင်ရွာများကို အလွယ်တကူ ၀င်ရောက် အကြမ်းဖက် သတ်ဖြတ် မီးချို့ ဖျက်ဆီးနိုင်ခြင်းဖြစ်သည်။
ထိုသောဒေသခြား နိုင်ငံခြားများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော ရခိုင်လူငယ်များသည် စီးပွားလည်း မဖြစ်သလို တချို့မှာ အရက်စွဲ၊ ဘိန်းစွဲ၊ ရောဂါရ၊ လူမှုရေးအကျင့်များ ပျက်ကာ ဦးတည်ရာမဲ့ ဖြစ်နေကြသည်။ တချို့မှာ အချင်းချင်းသတ်ဖြတ်သေဆုံးခဲ့ရသည်။ အခြားလူမျိုး များနှင့် ခိုက်ရန်ဖြစ် အသတ်ခံ သေဆုံးခဲ့ရသည်။ ထောင်အချုပ်များတွင် ရာဇ၀ပ်မှု၊ မူးယစ်ဆေးဝါမှု၊ လ.၀.က မှုများဖြင့် ထောင်ကျနေသူများ မြောက်များစွာ ရှိပေသည်။ တချို့ဆိုလျှင် ကူစက်ရောဂါများ စွဲကပ်လျှက်ရှိနေကြပေသည်။ တချို့မှာ ကျန်ခဲ့သည့် သားမယားများကို ပစ်ထားကာ အခြားဒေသများတွင် အိမ်ထောင်ပြုကာ သားသမီးများပင် ရနေကြပြီဖြစ်သည်။ တချို့ဆိုလျှင် ထိုဒေသများတွင် အိမ်ထောင်ကျကာ ဆင်းရဲမွဲတည်စွာ အခြေချ နေထိုင်လျှက်ရှိကြပေသည်။ နောက်ဆုံးတွင် ရခိုင်လူငယ်များ အိမ်ပြန်နိုင်မည့် လမ်းစများ ပျောက်ဆုံးနေကြာင်းတွေ့ရှိရပေသည်။
အဝေးရောက် လူငယ်များ အနေဖြင့် အိမ်အမြန်ဆုံးပြန်နိုင်ရန် ကြိုးစားရပေမည်။ မိသားစုများ၊ ကျေးရွာ ရပ်ကွက် များကို ကာကွယ်ကြရပေမည်။ အလုပ်အကိုင်ရရှိရန် ကိုယ့်ပြည်နယ်အတွင်းမှ တိုက်ပွဲဝင် တောင်းဆို ကြရမည်။ နိုင်ငံခြားမှ တတ်မြောက်လာသည့် လုပ်ငန်းပညာများနှင့် အသက်မွေး ၀မ်းကျောင်းပြုရပ်တည် နိုင်ရန် ကြိုးစားကြရမည်။ ကိုယ့်ရပ်ကိုယ့်ဒေသ တိုးတက်လုံခြုံရန် တပ်စွမ်းသလောက် ကြိုးစား အားထုတ်ရ ပေမည်။ အမိမြေနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်ကြရပါမည်။
သို့မဟုတ်ပါက ၁၉၈၀ နောက်ပိုင်းမွေးဖွားလာသည့် မျိုးဆက်တဆက်သည် တိုင်းတပါးနှင့် တခြားဒေသများ တွင် အလဟသ ဆုံးရှုံးသွားနိုင်သည်။ ခိုးဝင်သူများနှင့် လူဦးရေ အဆမတန်တိုးပွားလာသည့် ဘင်္ဂလီများ ရခိုင်မြေ နေရာများ၊ စီပွားရေး လုပ်ငန်းများတွင် အစားထိုးဝင်ရောင် သိမ်းပိုက် ကြီးစိုးသွားကြပေမည်။
(၇) ဘင်္ဂလားဒေ(င်္ချ) နိင်ငံတွင် မှီခိုနေရသည့် ရခိုင်ပြည်နယ် စီးပွားရေး
လွတ်လပ်ရေး ရခါစကာလအထိ ရခိုင်ပြည် စစ်တွေမြို့ဆိပ်ကမ်းသည် အာရှတွင် နိုင်ငံတကာသို့ ဆန်တင်သွင်း ရောင်းချခြင်းအများဆုံး ဆိပ်ကမ်းဖြစ်ခဲ့ပေသည်။ ၁၉၆၂ ဦးနေ၀င်း မသိမ်းခင်အထိ အိန္ဒိယနှင့် ကုန်ကူသန်း ရောင်းဝယ်ခြင်း အများဆုံး ပြုခဲ့သော ပြည်နယ်ဖြစ်သည်။ ရခိုင်များသည် ဆန်စပါးရောင်းဝယ် ဖေါက်ကားခြင်း ဖြင့် ချမ်းသာကြွယ်ဝခဲ့ကြသည်။ ဦးနေ၀င်းအာဏာသိမ်းပြီး ပြည်သူပိုင်သိမ်းယူလိုက်သော အခါရခိုင်များမှာ လယ်ထွက် သီးနှံများကို အစိုးရထံသို့တင်သွင်းခဲ့ရသည်။ ဒေသတွင်းပေါက်ဈေး၊ ဘမ္ဘာ့ပေါက် ဈေးများထက် များစွာ နှိမ့်ချ တင်သွင်းရောင်းချ ခဲ့ကြရပေရာ ရခိုင်များမှာ တစတစဆင်းရဲကာ လယ်ယာလုပ်ငန်း များကို လုပ်ကိုင် လိုစိတ်မရှိကြတော့ပေ။
၁၉၈၈ ခု စစ်တပ် မှအာဏာသိမ်းကာ နှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့ချိန်အတွင်း ရခိုင်စီးပွားရေးအခြေ အနေသည် နှစ်ခြောက်ဆယ်ကျော်တွင် အဆိုးဆုံး အခြေအနေသို့ ကျဆင်းခဲ့ရသည်။ အဆင်းရဲဆုံးပြည်နယ် အဆင့်သို့ ကျရောက်ခဲ့ရသည်။
စစ်တပ်အုပ်ချုပ်သူများ၊ ဘင်္ဂလီများနှင့် ရခိုင်ကုန်သည်များပူးပေါင်းကာ ကျွဲ၊ နွား၊ ဆိပ်၊ သစ်ဝါး၊ ငါးပုဇွန်၊ ဆန်စပါးမှအစ မူးယစ်ဆေးဝါးအထိ မှောင်ခို ကုန်ကူးခဲ့ကြသည်။ ဘင်္ဂလားမှ ဆေးဝါးအပါအ၀င် အိမ်အသုံး အဆောင် အ၀တ်ဟောင်းများကိုပါ ရခိုင်ပြည်သို့ တင်သွင်းခဲ့ကြသည်။ ပြည်ပသို့ မှောင်ခိုတမျိုး တရားဝင်တဖုံ တင်သွင်း စီးပွားရှာခဲ့ကြသည်။
ဘင်္ဂလားနိုင်ငံနှင့် ယင်းကဲ့သော မှောင်ခိုတမျိုး တရားဝင်တဖုံ ကုန်ကူးသန်းရောင်းဝယ်နေပါက ဘင်္ဂလီများ၏ စီးပွားချယ်လှယ် သြဇာလွှမ်းမိုးမှုအောက်က ရုံးထွက်ရန် ခက်ခဲပေသည်။ ထို့ကြောက့် ဘင်္ဂလီများ၏ စီးပွား၊ သြဇာချယ်လှယ်ခြင်းမှ လွတ်မြောက်စေရန် အိန္ဒိယ အပါအ၀င် တခြား အာရှ ဥရောပနှင့် အနောက်နိုင်ငံများသို့ ကုန်ကူးသန်းရောင်းဝယ်နိုင်သည့် စနစ်နှင့် လုပ်ငန်းများကို စတင်လုက်ကိုင် အကောင်အထည်ဖေါ်ကြရပါမည်။ ယခင်ကကဲ့သော ကာလကပ်တား၊ ဘုန်ဘေ ဒေများနှင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ တိုက်ရိုက် ရေလမ်းဖြင့် ကုန်ကူးသန်းနိုင်ရန် အစိုးရ စာချုပ်များ၊ ကုန်တင်သင်္ဘာများနှင့် ကုန်ရောင်း၊ ဖြန့်ဖြူးရေး ဌာနများ တည်ဆောက် လုပ်ကိုင်ကြရပါမည်။ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ကာ ရေကြောင်း ကုန်ကူသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်ကြရမည်။
အစိုးရအာဏာပိုင်များကို လဒ်ထိုးကာ ဘင်္ဂလားသို့ မှောင်ခို တင်သွင်ခြင်း လုပ်ငန်းများကို လုံးဝ ရပ်ဆိုင်း ပစ်ရမည်။ ကုန်တင်သွင်း ခြင်း ပစ္စည်းအမျိုးအမည်များကို ကန့်သပ်ရမည်။ တရားဝင်ကုန်ကူးသန်းမှုစနစ်ကို တင်းကျပ်စွာ ချုပ်ထိမ်း ရပေမည်။ ပြည်နယ် အကောက်အခွန် စနစ်ကို တင်းကျပ်စွာ ချမှတ် အကောင်အထည် ဖေါ်ရပါမည်။
ယခုအတိုင်း မှောင်ခို လက်တို့ စနစ်ဖြင့် ဘင်္ဂလားနှင့် ကုန်ကူးသန်းမှု များကို အတားအဆီးမရှိ လွှတ်ပေး ထားလျှင် ပြည်တွင်းရှိ သစ်၊ ၀ါး၊ ငါးများ ပြုန်းတီးလာရုံသာမက၊ ရည်ရှည်တွင် ရခိုင်များအဖို့ အလိုအလျှောက် စီးပွားမှီခို နေရသည့် economics dependency ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် အချိန်မနှေင်းမှီ ရခိုင်ပြည်သားများ၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ ဘင်္ဂလားနှင့် ကုန်ကူသန်းရောင်းနေသည့် မှောင်ခိုလဒ်ထိုး လုပ်နေကြခြင်းကို အမြန်ဆုံးရပ်ဆိုင်း ကြရပေမည်။ ရခိုင်များ ဘင်္ဂလားမှ မှောင်ခို ၀င်လာသည့် လူသုံး၊ အိမ်သုံးကုန်များကို မသုံးကြရန် သပိတ်မှောက်သင့် ပေသည်။
နိဂုန်း
ဘင်္ဂလီကုလားများ၏ ရခိုင်ပြည်သိမ်းပိုက်ရေး စီမာန်ကိန်းမှာ တစတစကြီးထွား ကျယ်ပြန့်လာနေပြီ ဖြစ်သည်။ ခောက်အဆက်ဆက် အစိုးရ အဆက်ဆက်တွင် လက်နက်ကိုင်၍တမျိုး၊ မြေပေါ် နိုင်ငံရေးပါတီများ ထောင်၍ တဖုံ တိုက်ခဲ့ကြသည်။ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် နယ်များကို သီးခြား ရိုဟင်ဂျာ တိုင်းရင်းသား နယ်မြေအဖြစ်သတ်မှတ်ပေးရန် တိုက်ပွဲဝင်လာခဲ့ကြသည်။ ယခု ဒီမိုကရေစီ အပြောင်းအလဲနှင့် တိုင်းပြည် တိုးတက်ရေးတည်ဆောက်နေစဉ်ကာလအတွင်း အာရပ်ကမ္ဘာနှင့် နိုင်ငံတကာကို ချဉ်းကပ်ကာ ရိုဟင်ဂျာတိုင်းရင်းသား အသိအမှတ်ပြုရန် တောင်းဆို တိုက်ပွဲဝင်နေကြသည်။ ရခိုင်များကို အကြမ်းဖက် တိုက်ခိုက်ကာ ပြည်နယ်အတွင်း မငြိမ်သက်မှုများကို ဖန်တီးပြီး ၄င်းတို့ ဦးတည်ချက်ကို မရမနေ အကောင် အထည် ဖေါ်နေကြသည်။ လူ့အခွင့်အရေး အရည်ခြုံ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်နေကြခြင်း ဖြစ်သည်။
အမျိုးသာလုံခြုံရေးနှင့် နိုင်ငံ အချုပ်အချာ အာဏာကို ထိပါးနေရုံသာမက ရခိုင်လူမျိုးပျောက်ကာ မြေကိုပါ ဆုံးရှုံးကြရပြီး နောင်တွင် ဘင်္ဂလားဒေ(င်္ချ) နိုင်ငံ၏ အစစ်အပိုင်း တခုအဖြစ်ရောက်ရှိသွားနိုင်သည်။ ဘင်္ဂလား ဒေ(ခ်ျ) အစိုးရနှင့် စစ်တကောင်းဒေသခံများက ယင်းကဲ့သော ဖြစ်လာစေရန် အားပေးထောက်ခံ လုပ်ဆောင် နေကြသည်။
ထို့ကြောင့် ရခိုင်ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားများ၊ ကျောင်းသားလူငယ်များ၊ လူမှု အဖွဲ့ အစည်းများ ညီညွတ်ရန်လိုလာပါသည်။ ပြည်ထောင်စုအစိုးရ လွှတ်တော်နှင့် ပြည်နယ်အစိုးရ၊ ပြည်နယ် လွတ်တော်များ ပူးပေါင်းဆောင်ရွက်ကာ ရခိုင်ပြည်ကို ကုလားလက်ထဲမှ အမြန်ကယ်တင်ရန် လိုအပ်လာ ပါသည်။
နှစ်ပေါင်း ၆၀ ကျော်အတွင်း ရခိုင်ပြည် သုံးပုံတပုံ ကျဆုံးခဲ့ရပြီဖြစ်သည်။ ယခုကဲ့သော ပစ်ထားလျှင် နောင်နှစ်ပေါင်း ၅၀ ကျော်အတွင်းတွင် ရခိုင်ပြည်တခုလုံးကျဆုံးကာ ရခိုင်လူမျိုးမျာကို ရခိုင်ပြည်တွင် တွေ့ရတော့မည် မဟုတ်ပေ။ ထိုမှတဆင့် ရွှေတိကုန်စေတီကိုပါ ဖျက်ဆီးကာ နောင်တွင် အောက်မြန်မာပြည် တခုလုံး အစ္စလမ်နိုင်ငံဖြစ်လာနိုင်ပါသည်။
မကြာမှီ မော်လမြိုင်နှင့် မွန်ပြည်နယ်တွင် ရခိုင်၊ အာသန်ပြည်နယ်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများကဲ့သော မူဆလင် အကြမ်းဖက် ပဌိပက္ခများနှင့် ရင်ဆိုင်ကြုံတွေလာရတော့မည်ဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည် ဘင်္ဂလီများ လက်အောက် မကျရောက်စေရန် ပထမ ရခိုင်များ နိုးကြား စည်းလုံးရန် လိုလာပါသည်။ နိုင်ငံတ၀ှမ်းတိုင်းရင်းသား နှင့် ဗမာများကပါ ဤလူမျိုးဝါးမျိုး သိမ်းပိုက်ရန် ကြိုးစားခြင်းကို ၀ိုင်းဝန်း ကာကွယ်တားဆီးရန်လိုလာပါသည်။ အစိုးရ အနေဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ရခိုင်ပြည်တွင် တရားမ၀င်ခိုးဝင်နေထိုင်နေကြသည့် ဘင်္ဂလီကုလားများ ပြသနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ရန်လိုလာပါသည်။ နိုင်ငံကို လူတံတိုင်း၊ လုံခြုံရေး တံတိုင်း၊ လ.၀.က တံတိုင်း နှင့် ခြံစည်းရိုးများကာရန်ကာကွယ်ကြပါရန်။ တဖက်တွင် အကြမ်းဖက်သမားများမှ စစ်အရာရှိများ၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၊ နယ်ခြားစောင့်တပ် အရာရှိများကို လဒ်ပေး၊ လဒ်ယူလုပ်နေခြင်းများကို ထိရောက်စွာ အရေးယူ တားဆီး ကာကွယ်ကြရမည်။ ပျားရည် တစက်ကြောင့် ပြည်ပျက်ခဲ့သည့် သာတကများရှိပေရာ ရိုဟင်ဂျာကိစ္စကြောင့် ပြည်မပျက် လူမျိုးမပျောက်ကြစေရန် အားလုံး ညီညွတ်စွာဖြင့် ၀ိုင်းဝန်း ကာကွယ်ကြပါစို့။

No comments:

Post a Comment