ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒေသခံရခိုင်လူမျိုးများ ရောင်းဝယ် ဖောက်ကားနေသည့် ဆန်ပွဲရုံ များမှ ဆန် များအား အစိုးရ စစ်တပ် ရိက္ခာ အတွက် ၀ယ်ယူသည်ဟု အကြောင်းပြပြီး စစ်တပ် အရာရှိများနှင့် အခြားအဆင့် များက တပ်ရင်းအနီးရှိ ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များနေထိုင်သည့် ကျေးရွာများသို့ သွားရောက်ကာ အဆမ တန် ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းများ ကြောင့် စီးပွားရေးအရ တွက်ခြေကိုက်နေကြသည် ဟု Arakan Review မှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များ အကြားတွင် ယနေ့ အထိ တင်းမာမှုများရှိနေရာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်စွဲထားသည့် တပ်ထိန်း တပ်ရင်းမှ အရာရှိ အချို့နှင့် ပူးပေါင်းကာ အခြားအဆင့် စစ်သည်များက မိမိတို့ တပ်ထိန်းတပ်ရင်းအနီးရှိ အစ္စလာမ် ဘာသာဝင် များနေထိုင်သော ကျေးရွာများသို့ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်များနှင့် အခြား လူသုံးကုန်ပစ္စည်းများကို အဆ မတန် ဈေးနှုန်းများဖြင့် သွားရောက် ရောင်းချနေကြသည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်လျှက်ရှိ နေသည်ဟု တပ်ထိန်း တပ်ဖွဲ့နှင့်နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရှိရသည်။
မေလ (၂၈) ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ မသီတာထွေး အသက် (၂၈) နှစ် အား ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင် ၃ ဦးက မတရားပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုကို အကြောင်းပြုကာ ဇွန်လ (၃) ရက်နေ့ တွင် ဗုဒ္ဓဘာသာဝင် ရခိုင် လူမျိုးများနှင့် ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များအကြားတွင် ပဋိပက္ခ အသွင်ဖြစ်ပေါ်လာစေ ရန် အတွက် တွန်းအားပေး ဆောင်ရွက်လိုသည့် အကြမ်းဖက်သမား လူတစုက သံတွဲမြို့မှ ရန်ကုန်သို့ ထွက်ခေါ်လာသော အဝေးပြေးကားပေါ် လိုက်ပါလာသူ ဘုရားဖူးခရီးသည် အစ္စလာမ် ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်မှုကို တောင်ကုတ် မြို့နှင့် ၄ မိုင်ခန့်အကွာ မြို့အ၀င် စစ်ဆေးရေးဂိတ် အနီး၌ အစီစဉ်တကျ ဆောင်ရွက်ခဲ့ကြသည့်အတွက် ဇွန်လ (၈) ရက်နေ့ တွင် မောင်တောမြို့၌ ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များက ဒေသခံရခိုင်ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများကို ပြုလုပ်လာခဲ့သည်။
ထို ပဋိပက္ခ သည် ရခိုပြည်နယ် နေရာအနှံ့သို့ ကူးစက်သွာပြီး ဗုဒ္ဓဘာသာဝင် ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များအကြားတွင် သွေးချောင်းစီး ပြာပုံခဲ့ ဘ၀ ကို ဖြစ်ပေါ်စေခဲ့သည်။
ဇွန်လ (၁၀) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် က ပုဒ်မ (၁၄၄) ကိုထုတ်ပြန်ကာ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားသော နေရာများ တွင် ည မထွက်ရ အမိန့်ဖြင့် စစ်တပ်မှ အာဏာကို လတ်တလော သိမ်းခြင်းဖြင့် စတင်ခဲ့သည်။
ထို တပ်ထိန်းတပ်ရင်းနှင့် နီးစပ်သူအချို့အား ရခိုင်လူမျိုး ဆန်ကုန်သည်များထံမှ ဆန်များဝယ်ယူပြီး  လာရောက်ပေးပို့ပေး ရန်နှင့် တပ်ထိန်း တပ်ရင်း အနီးရှိ ဘင်္ဂလီလူမျိုး အစ္စလာမ် ဘာသာဝင်များနေထိုင်သော ကျေးရွာများကို သွားရောက်ရောင်း ချခြင်းဖြင့် စီးပွားရေးအရ တွက်ခြေကိုက်ပြီး အကျိုးအမြတ်များစွာ ရရှိနိုင်တယ်လို့လည်း နီးစပ်သူ ရခိုင်အသိုင်းအ၀ိုင်းများ အား လာရောက်ပြောဆိုခဲ့ရာ ထိုရခိုင်အသိုင်းမှ မိမိတို့သည် အမျိုးသားရေးကို သစ္စာ မဖောက်လိုကြောင့်၊ စီးပွားရေးအရ တွက်ခြေကိုက်မည့် အလုပ်များသည် ရခိုင်ပြည်နယ်အတွင်း အများကြီးရှိနိုင်ကြောင့်ပြောခဲ့ရာ ၎င်း တပ်ထိန်းတပ်ဖွဲ့မှ အရာရှိ အချို့နှင့် အခြားအဆင့် စစ်သည်များသည် အခွင့်အရေးရှာ  စီးပွားရေးသမားများနှင့် ဆက်စပ်ပြီး ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် များနှင့် တခြားလူသုံးကုန် ပစ္စည်းများအား ရောင်းချလျှက် ရှိနေသည်ကို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ ရခိုင်လူထုမှ မကျေ မနပ်ဖြစ် လျှက်ရှိနေ ကြသည်။
မြန်မာ့ တပ်မတော်အတွင်း ထိုသို့လုပ်ဆောင်ရန် အကြောင်းပေါ်လာသည်မှာ တပ်မတော်အတွင်း အထက်အောက် ညီမျှမှု မရှိခြင်းနှင့် လာဘ်ပေး လာဘ်ယူမှုများ အဆမတန် ပေါ်ပေါက်လာနေခြင်းကြောင်းလည်း ဖြစ်သည်။
(  From Arakan Review  )