Monday, July 23, 2012

တစ်ဖက်သတ် ဂရုဏာရှင် မဝေနှင်းပွင့်သုန်.

by Aung Zin Latt on Monday, July 23, 2012 at 12:08pm
 ·
                                                       (  Photo from facebook )                
မဝေနှင်းပွင့်သုန်နဲ့ ဗီအိုအေ အင်တာဗျူးမှာ မဝေနှင်းပွင့်သုန်က ဒီလူတွေ (သူကတော့ ရိုဟင်ဂျာ ပြောပြော စစ်တကောင်း ဘင်္ဂါလီခေါ်ခေါ် နာမည်က အရေးမကြီးလို့ဆိုပါတယ်) ဟာ တဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာတဲ့သူတွေပဲ ထားဦးတော့ သူတို့တတွေဟာ လူသားတွေမဟုတ်ဘူးလား အဲဒီလူတွေနဲ့အတူရှိနေတဲ့ အနာဂါတ်ပျောက်နေတဲ့ ကလေးငယ်တွေကရော တိရစ္ဆာန်တွေလား ရှင်တို့ရဲ့ ရင်ထဲမှာ သူတို့အတွက် နည်းနည်းလေးမှ ဂရုဏာတရားမဖြစ်မိဘူးလား ဆိုတာမျိုးပြောသွားပါတယ်။

ဟုတ်ပါတယ် နိုင်ငံမဲ့အဖြစ်နဲ့ အနာဂါတ်ပျောက်နေတဲ့ ဘာမသိညာသိပဲ မိဘတွေဆွဲခေါ်လို့ လူ့လောကထဲ ရောက်ရှိလာကြတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ သေဆုံးသွားလို့ မြုတ်နှံဖို့ သင်္ချိုင်းမြေနေရာတောင် တိတိပပ မရှိရှာတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူသားဆန်ခြင်း ရှု့ထောက်ကနေ ကြည့်လိုက်ရင် အင်မတန် ဂရုဏာဖြစ်စရာပါ။

ကျနော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကလည်း မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ် တရားကို လက်ကိုင်ပြုပြီး နေထိုင်ရှင်သန်ကြဖို့ အထူးတိုက်တွန်းထားလေတော့ မဝေနှင်းပွင့်သုန် စကားနဲ့ဆိုရင် ကျနော်တို့ဟာ မိမိတို့သက်ဝင်ယုံကြည်ထားတဲ့ ဘာသာတရားကိုတောင် ဆန့်ကျင်နေတဲ့ သူတွေလိုဖြစ်နေသပေါ့။

မဝေနှင်းပွင့်သုန် ထောက်ပြသွားတာ အင်မတန်ကောင်းပါတယ် သဘောကျပါတယ် လက်ခံပါတယ်၊ ဒါပေမဲ့ မဝေနှင်းပွင့်သုန်တို့ ဘားမားကန်ပိန်းအနေနဲ့ အဲဒီလို ဂရုဏာတရားကို ရှေ့တန်းတင်ပြီး ဒီလူတွေကို လက်ခံဖို့ ဘာလို့ မြန်မာတစ်နိုင်ငံထဲကို တိုက်တွန်းနေသလဲ၊ ဘာလို့ ဘင်္ဂလားဒေ့ရှ်ကိုရော မတိုက်တွန်းသလဲ ဆိုတာကလည်း စဉ်းစားဖို့အလွန်ကောင်းနေပြန်ရော။

ခိုးဝင်ခြင်း မခိုးဝင်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း၊ နိုင်ငံဖြစ်ချင်း မဖြစ်ခြင်း စတဲ့ အငြင်းပွားရမဲ့ သမိုင်းနဲ့ ဥပဒေ ဆိုင်ရာ အချက်တွေကို ကျော်လွန်ပြီး ဂရုဏာတရားနဲ့ လူသားချင်းဆိုတဲ့ ရှု့ထောက်တစ်ခုထဲက ပြောနေတဲ့ ဘားမားကန်ပိန်းအနေနဲ့ မြန်မာတစ်နိုင်ငံထဲကိုသာ အပြစ်တင်ပြောဆိုပြီး အတင်းဖိအားပေးပြီး ဒီလူတွေကို လက်ခံခိုင်းနေတာ လူအခွင့်အရေးအပြည့်အ၀ပေးဖို့ ပြောဆိုနေတာဟာ တစ်ဖက်သတ်မဆန်ဘူးလား၊ နိုင်ငံတကာဆက်ဆံရေးနဲ့ သံတမန်ရေး အားနည်းနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို တမင်အနိုင်ကျင့်နေသလို မဖြစ်နေဘူးလား၊ တစ်စုံတစ်ခုသော ရည်ရွယ်ချက်နဲ့ သက်သက်မဲ့ ထိုးနှက်နေတာမျိုး ဖြစ်မနေဘူးလား။

ဘားမားကန်ပိန်း (ယူကေ) ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် စေတနာကောင်းရှိတယ်ဆိုရင် ဒီပြဿနာဟာ မြန်မာတစ်နိုင်ငံထဲ ဖြေရှင်းရမှာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ဘာလို့မပြောမထောက်ပြသလဲလို့ ဒီမနက်ခင်း ဗီအိုအေ မြန်မာပိုင်းကို နားထောင်ရင်း ကျနော်တွေးနေမိတယ်။

No comments:

Post a Comment