Wednesday, July 4, 2012

ပြိုပျက်နေသော ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ

Written by ခိုင်သံမဏိ    Tuesday, 03 July 2012 13:50    PDF Print E-mail
cartoon 001
ရခိုင်ပြည်သည် ခေတ်အဆက်အဆက် အုပ်စိုးသော အာဏာရှင်လူတန်းစား တို့ကြောင့် ပြိုပျက်ခဲ့ရပါသည်။ ယခုလည်း ပြိုပျက်နေဆဲ ပင်ဖြစ်သည်။ နောင်အနာဂတ် မည်ကဲ့သို့ ဖြစ်လာမည်ကို ရင်တမမနှင့်သာ အဝေးကကြည့်ပြီး တတ်နိင်သလောက် ကူညီပီးနေရပါသည်။ ဂျာမဏီနိင်ငံတွင် အဒေါ့ဟစ်တစ်လာ အာဏာရှိစဉ်က ဒေသခံ ဂျာမန်တွေက ဂျူးလူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်ခဲ့ကြသည်။ ယခု ရခိုင်ပြည်တွင် ဒေသခံ လူမျိုးကို တရားမ၀င်ဘင်္ဂလီတွေက မျိုးတုန်းလိုက်သတ်ဖြတ်နေကြသည်။ အဓိက နံပါတ်တစ် တရားခံမှာ ညံ့ဖျင်းသော အစိုးရ၏လုပ်ရပ်တို့ကြောင့် ဖြစ်သည်။ နံပါတ်နှစ် တရားခံမှာ ခေတ်အဆက်အဆက် ရခိုင်တစ်မျိုးသားလုံးကို မစည်းရုံးနိုင်သော နိုင်ငံရေး၊ တော်လှန်ရေးသမားခေါင်းဆောင် ဆိုသူတို့ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ပြောရသနည်းဆိုသည်ကို ယနေ့ ပြည်တွင်း ပြည်ပရှိ ရခိုင်သူ၊ ရခိုင်သား အားလုံး နားလည်သဘောပေါက် ကြမည်ဖြစ်သည်။ ခေတ်အဆက်အဆက် နိုင်ငံရေးသမားနှင့် တော်လှန်ရေးသမားဆိုသူတို့မှာ ရခိုင်ပြည်သူများကို ကိုယ်စားမပြုသော ပါတီနိုင်ငံရေး။ ဒေသဂိုဏ်းဂဏကို အခြေခံသော နိုင်ငံရေး၊ တော်လှန်ရေးတို့ကို လုပ်နေကြသောကြောင့် ဖြစ်သည်။ မိမိ တစ်မျိုးသားလုံး၏ အကျိုးစီးပွါးကိုမကြည့်ဘဲ အသုံးမ၀င်သော မိမိတို့၏ အတ္တ၊ မာနများကို ရှေ့တန်းတင်ကာ တစ်ကိုယ်တော် ထင်ပေါ်ကျော်ကြားရေး၊ နေရာမြဲရေး၊ လူအထင်ကြီးရေးတို့ကိုသာ တွင်တွင်ကျယ်ကျယ် လုပ်နေကြကြောင်းကို သူတို့၏လုပ်ရပ်များက သက်သေ ပြလျှက်ရှိပေသည်။
ခိုင်မိုးလင်း၊ ခိုင်ရာဇာတို့လောက်နှင့်သာ ပြီးနေကြ၏ ထိုသူတို့လျှောက်လှမ်းခဲ့ကြသော အမျိုးသားရေးလမ်းကြောင်းကို ဆက်မလျှောက်လှမ်းကြ။ အစည်းအဝေးတက်ကြ။ စားကြသောက်ကြ။ ဗမာနိင်ငံရေး လူလိမ်ကြီးများဖြစ်သော စိန်းဝင်း ဟန်ညောင်ဝေတို့ အကွက်တွင်ေ၈ျာင်ပိတ်မိနေကြ၏။ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချူပ်မြက ဒီရခိုင်တွေနှင့်တော့ ခက်ပါရဲ့။ လက်နက်ထုပ်ပေးလျှင် ကိုယ်အချင်းချင်းသတ်ကြဖြတ်ကြတယ်။ ကိုယ်အချင်းချင်းမသတ်လျှင် အလင်းဝင်သွားကြတယ်လို့ တော်လှန်ရေးနယ်မှ အကိုကြီးတစ်ယောက်ရဲ့ ပြောဆိုသံကို ကြားဖူးပါတယ်။ သာမန်ပြည်သူတွေဆီ လာလျှင်တော့ တကယ့်သူရဲကောင်း မဟာခေါင်းဆောင်ပမာ ဖြစ်သည်။ တကယ်တန်း မဟာမိတ်အလယ်တွင် ဘယ်သူမှ အသိအမှတ်မပြုကြ။ ဓားပြသာသာ အတွေးအခေါ်နှင့် လုပ်ရပ်သာရှိသည်။ အမှန်တကယ် လုပ်နေကြသော လက်အောက် ငယ်သားများကိုတော့ လေးစားပါသည်။ တကယ်ဆိုလျှင် ကိုယ်တို့လောက် ခိုင်မာသော ယာဉ်ကျေးမူ၊ စာပေ၊ ဘာသာမရှိသော လူမျိုးများဆီမှာ တော်လှန်ရေးကို အသက်ဆက်နေရသည်မှာ ရှက်ဖို့ကောင်းသလို မိမိတို့ လူမျိုးအတွက်လည်း သိက္ခာကျပါသည်။ ပေါင်းစည်းရေးစကား၊ စည်းရုံးရေးစကား၊ ပြည်သူတစ်ရပ်လုံးထောက်ခံလာအောင် မည်သည့်အခါမှ မကြိုးစားကြ။၂၀၀၆၊၀၇၊၀၈ လောက်က မလေးရှားသို့ ပါတီစုံ ဂိုဏ်းဂဏစုံမှ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဆိုသူများ အိမ်ဦးနှင့်ကြမ်းပြင် ကဲ့သို့ သွားလာနေကြ၏၊ မလေးရှား လူထုတစ်ရပ်လုံး စိတ်ဝမ်းကွဲ၊ ရုံးကွဲ၊ ဓားဆွဲ၊ ဒုတ်ဆွဲ ဖြစ်နေသည်ကို ၀င်မဖြန်ဖြေကြ၊ မစည်းလုံးပေးကြ၊ စည်းလုံးမူ ပညာ။ အုပ်ချူပ်မူပညာ မရှိသောကြောင့် ဟုသာ သတ်မှတ်ကြသည်။
သူတို့၏ အရည်းအချင်းများ၊ လုပ်ရပ်များက ပေါ်လွင်လာသည့် မိမိပါတီ အတွက်လောက်သာ ပြောဆိုသွားကြပြီး ပြန်လှန်သွားကြသည်။ တကယ့် ဟာသမြောက်တဲ့ ခေါင်းဆောင်ဆိုသူတွေပါ၊ မိမိလူမျိုး အချင်းချင်း တိုက်ခိုက်လိုစိတ်နှင့် ရေးသားခြင်းမဟုတ်ပါ။ ကိုယ်အမျိုးသားစည်းလုံးမူကို မလုပ်ကြ၍ ရေးသားနေရခြင်းဖြစ်သည်။ စာဖတ်သူများ စာရေးသူကို ဆဲလိုက ဆဲနိင်သည်။ ထိုသူတို့ပြန်သွားပြီးတိုင်း မသိနားမလည်သော လူငယ်များ စိတ်ဝမ်းကွဲကြ၏၊ အလုပ်မဖြစ်သော အတ္တမာနများသည် ထိုတော်လှန်ရေး နိင်ငံရေးသမားတို့ကြောင့် ရခိုင်တော်လှန်ရေး နိုင်ငံရေးသည် မီးယပ်ပိန် မိးယပ်ခြောက်ဖြစ်နေသော မိန်းမကဲ့သို လုံးပါးပါးလာ၏။ မိမိတို့ အတ္တမာနများကို ရခိုင်တော်လှန်ရေး နိုင်ငံရေးကြီးထွားဖို့ရန် အသုံးမချတတ်ဘဲ ကိုယ့်အချင်းသတ်ဖြတ်ဖို့၊ နေရာမြဲဖို့၊ လူရာဝင်ဖို့၊ လူအထင်ကြီးခံဖို့။ နေရာတွင်သာ အသုံးချနေကြသည်ကိုတွေ့ရပါသည်။ တကယ်တမ်း တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် သစ္စာရှိပြီး လုပ်ရည်၊ ကိုင်ရည်ရှိသော လူငယ်များကို စနစ်တစ်ကျ မွေးထုတ်ပြီး ရခိုင်ပြည်ကို ပြန်လည်ကယ်တင်ရန်လိုပေသည်။ ဒေသစွဲ၊ မြို့နယ်စွဲ၊ ပါတီစွဲများကို ဖျောက်ဖျက်ပြီး ခိုင်မာသော ရခိုင်တစ်မျိုးသားလုံးကို စည်းရုံး ဆွဲခေါ်နိုင်သော နိုင်ငံရေးတစ်ခုတော်လှန်ရေးတစ်ခုကိုသာ စုပေါင်းလုပ်ကြဖို့ အချိန်ဖြစ်သည်။
ပြည်ပနိုင်ငံတစ်ခုစီတွင် အဖွဲပေါင်းများစွာဖြစ်နေကြသည်။ အိန္ဒိယဆိုလျှင် ဘုန်းကြီးတွေတောင် ရခိုင်ပြည်ကောင်စီမှာ နှစ်ဖွဲ့ဖြစ်နေကြသည်။ လူတွေ မညီညွှတ်လို့ ဘုန်းကြီးတွက ၀င်ထိန်းသဘော လုပ်တာလား၊ သို့မဟုတ် အာဏာရှိလိုသော ဘုန်းကြီးတွေက ရာဇပလ္လင် လိုချင်လိုလားမသိတော့ပါ။ ရခိုင်ပြည် နိုင်ငံရေး၊ တော်လှန်ရေး လူမှု့အဖွဲ့အားလုံး အင်အားမရှိသည်ကို ကုလားလည်းသိသလို အစိုးရလည်းသိသည်။ ထိုကြောင့် ရခိုင်ပြည် ကျူးကျော်ခံနေရပါသည်။ ရှမ်းပြည်၊ ကရင်ပြည်တွင် သူ့လူမျိုး လက်နက်ကိုင်များရှိသောကြောင့် မြန်မာစစ်တပ်မှလွဲရင် မည်သည့်လူမျိုးကမျှ မထိရဲကြ အခုရခိုင်တွင် ခိုင်မာသော တပ်မရှိသောကြောင့် ကုလားတွေက စော်ကားရဲကြသည်။ ရှိသော တပ်များကလည်း လူမလေးခွေးမခန့်ပါ။ နှစ်ယောက်တစ်ပိုင်း။ ထိုကြောင့် ရခိုင်ပြည်ကြီး ကယ်တင်ရန် ရခိုင်သားများအပြုသဘောဆောင်ကြရမည်။ စည်းရုံးကြရန်လိုပေသည်။ ပြည်တွင်းဒေသတွင် ပြည်သူစစ်အဆင့် မဟုတ်ဘဲ ရခိုင်လူမျိုးပါဝင်သော နယ်ခြားစောင့်တပ်ကို သိန်းစိန် အစိုးရကို ပြည်းတွင်း ပြည်ပ ရခိုင်အားလုံး တောင်းဆိုကြရမည်ဖြစ်ပါသည်။
အမျိုးသားရေးသစ္စာဖြင့်
ခိုင်သံမဏိ
( From Arakan Times )

No comments:

Post a Comment