Saturday, July 28, 2012
မြန်မာမွတ်စလင်အစည်းအရုံးအား နိုင်ငံတော်အပ်ါသစ္စာခံသည်ကို ရှင်းလင်းပြတ်သားစွာ ပြသစေလိုပေသည်။
by Mg Mike Mike on Saturday, July 28, 2012 at 10:35am·
မီးရှို့ရန် ပြင်ဆင်နေသည့် မူဂျာဟစ် တစ်ဦးအား တွေ့ရစဉ်
မြန်မာမွတ်စလင် အစည်းအရုံးမှ ထိုသို့ ကြေငြာချက်ထုတ်လာသည်ကို ကြိုဆိုပါသည်။ သို့ရာတွင် စာပါ အဖြစ်အပျက်များသည် နှစ်ဖက် မျှတခြင်း မရှိသည်ကို အထင်းသား တွေ့ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိ ဘူးသီးတောင်၊ မောင်းတော နှင့် စစ်တွေ တစ်ဝိုက်တွင် အကြမ်းဖက်မှု ပြုလုပ်ခဲ့သည့် တရားခံများအား ပြတ်ပြတ်သားသား ရှုံ့ချထားခြင်း မရှိသောကြောင့် ပေတည်း။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်တွင် စောင့်ကြပ်နေသည့် အိန္ဒိယ စစ်သားများ
လက်ခုတ်ဆိုသည်မှာ တစ်ဖက်တည်းမဟုတ်၊ နှစ်ဖက်တီးမှ မည်သည်ဆိုသည်ကို အများအသိပင် ဖြစ်သော်ငြား တစ်ဖက်သတ် အပြစ်တင်ခြင်းမှာ မသင့်လျော်ပေ။ ထို့အတူ သမ္မတရုံးမှ မှူးဇော် ပြောကြားသည့် စကားများသည် မှားသည် မှန်သည် သက်သေပြနိုင်ခြင်း မရှိပဲ သွေးထိုးလှုံ့ဆော်သည်ဟု ဆိုခြင်းမှာ အပုတ်ချရန် တစ်ဖက်သတ် စွတ်စွဲချက်ပင် ဖြစ်ပေသည်။ အဘယ့်ကြောင့်မူကား မူဂျာဟစ် ရိုဟင်ဂျာများသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်ခြင်း ရှိသည် ဆိုသည်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် ကမ္ဘာသိ ကြေငြာထားပြီး ဖြစ်ပေသည်။ ထို့အတူပင် ယခုလက်ရှိ အိန္ဒိနိုင်ငံ အာသံပြည်နယ်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များက သက်သေခံနေပေသည်။
အော့နှလုံးနာဖွယ်ရာ မူဂျာဟစ် တစ်ဦး၏ အပြုအမူ
တစ်ဖန် ဖေ့ဘွတ်နှင့် ပြည်တွင်းမီဒီယာများတွင် ရိုဟင်ဂျာ ဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးများအား ထွေးရော ယှက်တင် ဖော်ပြနေကြသည် ဆိုရာတွင် ပြည်တွင်းနေ အချို့သော မြန်မာမွတ်စလင်များမှ ယခုအရေးအခင်းနှင့် ဆက်စပ်၍ ရိုဟင်ဂျာ လော်ဘီလုပ်လာခြင်းနှင့် မသိမသာ မွတ်စလင် ဘရားသားဟုဒ် ကြွေးကျော်လာခြင်း များသည်လည်း ယခုကဲ့သို့ ဖြစ်ပွားစေသည့် အကြောင်းခြင်းရာ တစ်ရပ် ဖြစ်သည်ဟု ပြောရသော် လွန်အံ့မထင်။
နိုင်ငံတစ်နိုင်ငံတွင် နေထိုင်လျင် ၎င်းနိုင်ငံတွင် ချမှတ်ထားသည့် ဥပဒေများအား လေးစားလိုက်နာရန် လိုအပ်ပေသည်။ မိမိတို့နှင့် အဆင်မပြေသည့်အတွက် အဆိုပါ ဥပဒေအား လက်မခံဟု သတ်မှတ်၍ မရနိုင်ပေ။
သြစတြီးလျား နိုင်ငံတွင်မူ ၀န်ကြီးချုပ်မှ မိမိတို့ နိုင်ငံ၏ ဥပဒေနှင့်အညီ မနေနိုင်သူများ နိုင်ငံမှ ထွက်သွားဟုပင် ပြောဆိုခဲ့ပေသည်။ သို့ရာတွင်မူ မြန်မာလူမျိုးများသည် သနားကြင်နာတတ်သူများ ဖြစ်သဖြင့် အာဏာပိုင်များမှ ထိုကဲ့သို့ ပြောဆိုခြင်း အလျဉ်းမရှိပေ။
မိမိတို့နှင့် အဆင်မပြေပါက အဆိုပါ အဆင်မပြေသည့် ဥပဒေအား ပြင်ဆင်ရန် တရားဝင် သတ်မှတ်ထားသည့် လမ်းကြောင်းဖြင့်သာ ပြင်ရာ၏။ ယခု ရေတွင်းတူး၍ ယခု ရေကြည် သောက်၍ မရသကဲ့သို့ ဥပဒေ ပြင်ဆင်ခြင်းမျိုးသည်လည်း အချိန်အတိုင်းအတာ တစ်ခု ယူရမည် ဖြစ်ပေသည်။
မြန်မာနိုင်ငံ မွတ်စလင် အစည်းအရုံး ထုတ်ပြန် ကြေငြာချက်၏ အပိုဒ် (၇)၊ အပိုဒ်ခွဲ (က) နှင့်ပါတ်သက်၍
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးများနှင့် ပါတ်သက်သည့် သတ်မှတ်ချက် မပါရှိသော်ငြား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၄၆၊ ၄၄၇ အရ ၁၉၈၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် (၄) သည် ဆက်လက် အာဏာတည်နေသည် ဆိုသည်အား သတိထားနိုင်မည် ဖြစ်ပေသည်။
သို့ဖြစ်သည့်အတွက် တိုင်းရင်းသား လူမျိုးများ၊ နိုင်ငံသားဖြစ်ခွင့်နှင့် ပါတ်သက်လျင် မြန်မာနိုင်ငံတွင် ဥပဒေမရှိမဟုတ် ရှိပြီးသားဖြစ်ပေသည်။ လက်ရှိ ခောတ်စနစ်နှင့် မကိုက်ညီလျင်သာ ပြင်ဆင်ရန် လိုအပ်ပေသည်။ ထိုသို့ ပြင်ဆင်နိုင်ရန် တရားဝင် လမ်းကြောင်းလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပေသည်။ ထို့အတူပင် လက်ရှိ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သော နိုင်ငံတော် သမ္မတမှ ထုတ်ပြန်ကြေငြာချက်သည် အတိအလင်း ရှိပြီး ဖြစ်သဖြင့် မည်သည့် ကွန်ဖရင့်မျှ ထပ်မံ ကျင်းပရန် လိုအပ်မည် မဟုတ်ပဲ ဥပဒေလမ်းကြောင်းအရသာ ဆက်လက်ဖော်ဆောင်သွားရန် လိုအပ်ပေသည်။
အပိုဒ် (၇) အပိုဒ်ခွဲ (င) နှင့်ပါတ်သက်လျင်
ပြည်တွင်း အကူအညီများအား အသာဖယ်ထား၍ ပြည်ပ အကူအညီများသည် မည်သူများထံသို့သာ စီးဆင်းသွားသည် ဆိုသည်ကို အထင်အရှား တွေ့နိုင်မည် ဖြစ်ပေသည်။ ထို့အတူ ဆော်ဒီ အစရှိသော နိုင်ငံများမှ လှူဒါန်းသည်များသည် မည်သည့် လူမျိုးများသို့သာ ရည်ရွယ်သည်ကို တွေ့နိုင်ပေမည်။ UN အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ (INGO) များ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် မည်သို့သော အကျိုးရလာဒ်များ ဖြစ်ပေါ်စေသည် ဆိုသည်ကို အစိုးရ၏ လှုံ့ဆော်မှု မပါသော ဌာနေရင်း ဒေသခံ ဒုက္ခသည်များ၏ သဘောထား ဖော်ပြချက် ဖြစ်သော နံရံကပ် ပိုစတာများအား ကြည့်ခြင်းဖြင့် သိရှိနိုင်ပေသည်။ ထိုသို့သော ဒေသခံ ဒုက္ခသည်များ၏ INGO များနှင့် ပါတ်သက်သည့် သဘောထားအားလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အရိပ်အမြွက်ပြောကြားခဲ့သည်ကို သိရှိနိုင်ပေသည်။
သို့ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ အကူအညီများ လိုအပ်သည်မှာ မှန်သော်ငြား မျှတမှု ရှိစေရန်နှင့် နိုင်ငံတကာ အကူအညီများနှင့် ပါတ်သက်ပြီး ဒေသခံများ၏ ခံစားနေရသည့် နာကျဉ်းချက်များအား ပြေလျော့စေရန်နှင့် မလိုလားအပ်သည့် မုန်းတီးမှုများ ပွားများ မလာစေရန် သက်ဆိုင်ရာ အာဏာပိုင်များမှ သတ်မှတ်ထားသည့် အချက်များအား အတိအကျ လိုက်နာရန် လိုအပ်ပေသည်။ ထိုသို့ လိုက်နာနိုင်ခြင်း မရှိပါမူ မည်သည့်အကူအညီမျှ လက်ခံရန် ငြင်းပယ်နိုင်ခွင့် အခွင့်အရေးသည် မြန်မာနိုင်ငံ အစိုးရတွင် အပြည့်အ၀ ရှိသည်ဆိုသည်ကို သတိပြုသင့်ပေသည်။
မူဂျာဟစ် ဒုက္ခသည်များ ဒုက္ခသည်စခန်းသို့ အသွား
အပိုဒ် (၇) အပိုဒ်ခွဲ (စ) နှင့်ပါတ်သက်၍
ယနေ့လက်ရှိ BBC, RFA, CNN အပါအ၀င် နိုင်ငံတကာ သတင်းဌာနများမှ အဆိုပါ အရေးကိစ္စနှင့် ပါတ်သက်ပြီး သတင်းဓါတ်ပုံများ များစွာ ဖော်ပြနေသည်ကို အထင်အရှား တွေ့ရှိနိုင်ပေသည်။ ထို့အတူ ပြည်တွင်း သတင်းဂျာနယ်များမှလည်း အင်တာနက်တွင် ဖော်ပြထားသည့် သတင်းဓါတ်ပုံများလည်း အထင်အရှား ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။ သို့ဖြစ်သည့်အတွက် မည်သို့သော သတင်းထုတ်ပြန်မှုမျိုးအား မြန်မာမွတ်စလင် အသင်းအနေဖြင့် အလိုရှိသည်ကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောကြားသင့်ပေသည်။
လူမျိုးရေး တင်းမာမှု၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်နေမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများအား ဒေသခံများ အမြင်မကြည်လင်မှု ရှုပ်ထွေးနေသည့် နေရာတစ်ခုအား ယခုကဲ့သို့ လောလောလတ်လတ် အခြေအနေတွင် နိုင်ငံခြားသားများ ခြေရှုပ်စေခြင်းသည် ဒေသခံတို့ ခံစားနေရသည့် စိတ်ဒဏ်ရာအား နှိုးဆွသကဲ့သို့ ဖြစ်နေမည်အား လူသားခြင်း စာနာပါက သတိချပ်မိနိုင်မည် ဖြစ်ပေသည်။
အပိုဒ် (၇) အပိုဒ်ခွဲ (ဆ) နှင့်ပါတ်သက်၍
ယခုလက်ရှိလည်း မကြာမကြာ ဘာသာကြီးလေးရပ် ဆုတောင်းပွဲများ ကျင်းပပြုလုပ်ခြင်း၊ နိုင်ငံတော် အစိုးရမှ သက်ဆိုင်ရာ ဘာသာများ၏ အခါကြီး ရက်ကြီးများတွင် နိုင်ငံတော်၏ အဆင့်မြင့် အရာရှိများ၊ အထူးသဖြင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခြင်းများ ရှိသည်ကို လေ့လာကြည့်ပါက သိရှိနိုင်မည် ဖြစ်ပေသည်။ မည်သည့်နိုင်ငံတွင်မျှ ၎င်းတို့၏ မူရင်းကိုးကွယ်ရာ ဘာသာမှ အခြားသော ဘာသာများ၏ အခါကြီး ရက်ကြီးများအား သက်ဆိုင်ရာ အစိုးရ၏ အဆင့်မြင့်အရာရှိများ တက်ရောက် ချီးမြှင့်သည်ကို တွေ့ရသဘောဟု စောကြောချင်မိပေသည်။ အထူးသဖြင့် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံများတွင် မည်ကဲ့သို့ အခြေအနေ ရှိသည်ကို အများသိရှိပြီး ဖြစ်သည့်အတွက် အထူးပြောရန် မလိုအပ်တော့ပေ။
အပိုဒ် (၇) အပိုဒ်ခွဲ (ဇ) နှင့်ပါတ်သက်၍
လွန်စွာ လှိုက်လှဲဝမ်းမြောက်ခြင်း ကြီးစွာဖြင့် ကြိုဆိုမိပါသည်။ မြန်မာမွတ်စလင်များအနေဖြင့် ထိုကဲ့သို့ သဘောထားအား ရှင်းလင်းပြတ်သားစွာ ပြောကြားသည်မှာ လွန်စွာပင် နှစ်ထောင်းအားရမိပေသည်။ သို့ရာတွင် အထက်တွင် ဖော်ပြထားသည့် အချက်များနှင့် ပါတ်သက်လျင်မူ မြန်မာမွတ်စလင်များအနေဖြင့် သဘောထား ပြတ်သားစွာ ရှိသင့်ပေသည်။ သို့မှသာ အများပြည်သူများနှင့် စိတ်သဘောထား ထပ်တူကျ၍ ယခုကဲ့သို့ အချင်းများနေသည်များအား ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။ သို့မဟုတ်ပါမူ အမြင်မကြည်လင်မှုများအား ပိုမိုသာ တိုးပွားစေမည် ဖြစ်ပေသည်။
ဘူးသီးတောင်၊ မောင်းတောနှင့် စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများတွင် ဌာနေ ဒေသရင်း ရခိုင်လူမျိုးများနှင့် မွတ်စလင် ကိုးကွယ်သည့် ကမန်းလူမျိုးများပါ အတိုက်အခိုက် ခံရသည့် အဖြစ်အပျက်များတွင် အဓိကအားဖြင့် မူဂျာဟစ် ရိုဟင်ဂျာများ၏ မောလ၀ီ ဆရာများသည် အဓိကကျသည့် အခန်းကဏ္ဍများမှ ပါဝင်နေသဖြင့် မြန်မာမွတ်စလင်များအနေဖြင့် ၎င်းတို့နှင့် ပါတ်သက်၍ ပြတ်ပြတ်သားသား ကြေငြာချက် ထုတ်သင့်ပေသည်။ သို့မှသာ ပြည်တွင်းရှိ ဌာနေရင်း မွတ်စလင်များပါ ၎င်းတို့အား ကန့်ကွက်သည်ကို အတိအလင်း သိရှိသွားပါမူ အခြေအနေသည် အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားပေမည်။
ထို့အတူပင် အင်တာနက်တွင် ပြန့်နှံ့နေသည့် မှားယွင်းသည့် သတင်းများ၊ ကောလာဟလများ၊ လိမ်ညာ အသုံးပြုထားသည့် ဓါတ်ပုံများနှင့် ပါတ်သက်၍လည်း မြန်မာမွတ်စလင်များ၏ သဘောထားအား ပြတ်ပြတ်သားသား ကြေငြာချက် ထုတ်သင့်ပေသည်။
အရာအားလုံးထက် ကြီးကျယ်မြင့်မြတ်သော၊ အမှန်တရားအား မြတ်နိုးသော၊ မတရားမှုကို ဆန့်ကျင် ရွံ့မုန်းသော အလ္လာအရှင်မြတ်သည် ထိုကဲ့သို့သော လိမ်လည်မှုမျိုးအား နှစ်ခြိုက်တော် မမူသကဲ့သို့ ၎င်း၏ သစ္စာတော်ခံများ ထိုကဲ့သို့ ပြုမူသည်ကိုလည်း နှစ်ခြိုက်မည်မဟုတ်သည်ကို မြန်မာမွတ်စလင်များမှ ပိုမို သိရှိပေမည်။
အချုပ်အားဖြင့် မြန်မာမွတ်စလင်များအနေဖြင့် မပြတ်မသားေ၀၀ါးသည့် ကြေငြာချက်များအစား ထိုကဲ့သို့ ပြတ်သားရှင်းလင်းသည့် သဘောာထား ထုတ်ပြန်မှုမျိုး ပြုလုပ်လိုက်ပါက မြန်မာလူမျိုးများ၏ တစ်ခဲနက် ထောက်ခံမှုအား ရရှိနိုင်မည် ဖြစ်သဖြင့် မွတ်စလင် ဘာသာဝင်များအား အမြင်မကြည်လင်မှုများသည် နေလာလျင် နှင်းပျောက်သကဲ့သို့ ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ ထို့အတူပင် ဘာသာရေးအား အကြောင်းပြု၍ မွတ်စလင် ဘရားသားဟုဒ် လုပ်နေသည့် ရိုဟင်ဂျာ လော်ဘီသမားများအားလည်း ပြတ်ပြတ်သားသား ရှုံ့ချသင့်ပေသည်။
မြန်မာမွတ်စလင် အသင်းအနေဖြင့် မိမိတို့အပေါ်တွင် ယုံကြည်မှု ရှိလာစေရန် လိုလားပါမူ အခြားသူများအား ယုံကြည်ပါဟု ပြောဆိုနေမည့်အစား ယုံကြည်မှု ရှိလာစေရန် တည်ဆောက်ယူရမည် ဖြစ်ပေသည်။ သို့မှသာ လက်တွေ့ကျသော လမ်းကြောင်းပေါ်သို့ ရောက်ရှိပေမည်။
မြန်မာမွတ်စလင်များသည် သမိုင်းစဉ်လာအရ တိုင်းပြည်ကို သစ္စာခံသော တိုင်းချစ်ပြည်ချစ် မြန်မာ တိုင်းရင်းသားများသာ ဖြစ်သဖြင့်ဟု ဖော်ပြထားသကဲ့သို့ပင် နိုင်ငံတကာတွင် ပြန့်နှံ့နေသော မှားယွင်းသတင်း၊ ကောလာဟလနှင့် ဓါတ်ပုံအမှားများအား မြန်မာမွတ်စလင်များမှ ကမ္ဘာသိ ပြတ်ပြတ်သားသား ထုတ်ဖော်ရှုံ့ချခဲ့ပါမူ မြန်မာမွတ်စလင်များ၏ တိုင်းပြည်အပေါ်တွင် ထားရှိသည့် သစ္စာ၊ တိုင်းပြည်အပေါ် ချစ်မြတ်နိုးသည်အား သံသယပွားဖွယ် မရှိနိုင်တော့ပြီဟုသာ ပြောကြားလိုပေသည်။
မှတ်ချက် ။    ။ သတင်းဓါတ်ပုံများအား သက်ဆိုင်ရာ သတင်းဌာနများနှင့် သတင်းထောက်များ ဖေ့ဘွတ်နှင့် ၀က်ဘ်ဆိုဒ်များမှ ရယူဖော်ပြပါသည်။
Friday, July 27, 2012
“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”
by သက်တန့်ချို on Friday, July 27, 2012 at 3:49pm ·
ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။
တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ
TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။
ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ
ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး  ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။
၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။ ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို  မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆိုခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေမှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။
TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်းဆက်လုပ်နေတဲ့ တိုက်ခိုက်မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေတယ်လို့ဆိုတယ် ။
ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ်သတ်နေတယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံတုန်းကတိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူးဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်းအတိအလင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး  တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ်လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -
၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ
၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်
၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေလည်းပါဝင်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားတယ် ။
စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ
ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ပေးခဲ့ကြရာကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက်တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာလည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေးမှာပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။ ခြိမ်းခြောက်တာကို မကြောက်ပေမယ့်လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရမယ်မဟုတ်လား ။ အားနာတတ်လွန်းလို့ ကိုယ့်တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲကို တောင်ကြည့်ပြီး နေတတ်ထိုင်တတ်နေရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော်ကားတာမျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။
မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေရှည်မတွေးပဲ ရေတိုပဲကြည့်တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။
၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု
၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု
၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာပါ ပျောက်ကွယ်ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး
၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့
၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း
၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။
၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရိုဟင်ဂျာအမည်ခံတိုင်းသားမျိုးနွယ်စုအဖြစ်သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။
စတဲ့အချက်တွေဖြစ်တယ် ။
ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ
သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက်ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်းပါလာနိုင်တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင်တိုက်အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။ ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက်လှမ်းနိုင်ဖို့လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။
လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး
တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေးလုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင်ပျံ့နှံ့နေကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြတုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမနည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည်ထဲ သွေးမြေကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်ပါဘူး ။ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေရဲ့ နေရာတွေ လမ်းတွေ အဆောက်အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေးလို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာလူမျိုးတွေပျောက်ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ် ။
ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိဖြစ်တယ် ။ အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံအနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။
သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီဘန်တွေက မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်းဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ်လိုက်ပါတယ် ။
သက်တန့်ချို
References
1.Eleven Media Group
2.wikipedia
3.nctc.gov/site/groups/ttp.html
4.tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/
Photos : Facebook , thargithway
Thursday, July 26, 2012
ငါ့မြေအတွက် ငါပြိတ္တာ အနောက်ဘက်တံခါးကိုစောင့်ရစေသား
မမေ့နဲ့ ဂျွန် ၈ ရက်
ငါ့သွေး ငါ့သားကို ငါ့ရှေ့မှာ သတ်နေသလို
ငါ့သမီးကို ငါ့ရှေ့မှာ မတရားကျင့်နေသလို
ငါ့အမေအိမ်ကို မီးရှို့နေသလို
လှိုက်စားနေတဲ့ အမှန်တရားကြီးဟာ ဘွင်းဘွင်းကြီးပေါ်လာ
အဲဒီနေ့က စသိခဲ့တာဘဲ မမေ့နဲ့ ဂျွန် ၈ ရက်။
ငါတို့နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့ကြ
အနောက်ဘက်တံခါးဝမှာ မကောင်းဆိုးဝါးတွေ စောင့်နေတယ်ဆိုတာ။
ခုတော့ နေ့ချင်းညချင်းကို ကိုယ်ထင်ပြ
အရေခြုံထားတဲ့ သရုပ်သကန်က ချက်ချင်းကိုပေါ်လာ
ဘာတဲ့ သနားစရာ အဖိနှိပ်ခံ လူနည်းစုလေး ....ဟုတ်လား
ဝါး...ဟား.ဟား.....ဟား    
မပြုံးဘဲနဲ့ ၀ါးလုံးကွဲအောင်ရီလိုက်ရ။
လူသားချင်း စာနာတယ်ဆိုတာ
ကမ္ဘာမှာ မြန်မာက ဟိုးပဝေသဏီကထဲက စခဲ့တာ
ဂရုဏာ မုဒိတာဆိုတာ ငါတို့ကအသွေးအသားထဲမှာကို ပါလာပြီးသား။
ဒါပေမဲ့ အိမ်ဦးခန်းမှ သေးတက်ပန်းချင်ရင်
ငါ့အမေသွေးနဲ့မှ ဘယဆေးဖော်ချင်ရင်
တို့အဘိုးအဘွား ရိုးမြေကျ
ဓါးမဦးချ နေခဲ့ကြတဲ့ ဒီမြေကိုမှ လိုချင်သပဆိုရင်တော့...
အနောက်ဘက်က သားရေပေါ်အိပ်သားရေနားစားတွေရေ
ငါတို့မြန်မာဆိုတာ လည်စင်းခံမယ့် နွားတွေမှမဟုတ်တာ။
ရေမြေခြားက ပထွေးများအားကိုးနဲ့
ခြိမ်းလား ခြောက်လား ဟိမ်းလား ဟောက်လား
ဘာသာရေးမှိုင်းနဲ့ ဖိချင်သပဆိုရင်တော့
နွားမသတ်တတ်ပေမဲ့
နှစ်ပိုင်းပြတ်အောင် ခုတ်တတ်တဲ့ ယိမ်းနွဲ့ပါးဓါးတွေအကြောင်းသိရမှာပေါ့။
စစ်မောင်းသံတွေကြားမှာ ကြီးခဲ့တဲ့လူမျိုး
ရှင်ကြီးဝမ်းလည်းဝင် ရှင်ငယ်ဝမ်းလည်းဝင်ဘူးတဲ့ လူမျိုး
သွေးမကြောင် သွေးမကြောက်တတ်တဲ့ လူမျိုးကိုမှ
သွေးကွဲတုန်း ခွေးဆွဲမယ်ကြံချင်ရင်တော့
သေနတ်ပြောင်းဝတွေအကုန် အနောက်ဘက်လှည့်သွားမယ်မှတ်
မိန်းမတွေဟင်းချက်တဲ့ဓါးကအစ ခွေးသတ်တဲ့ဓါးဖြစ်သွားမယ်မှတ်။
အသားထဲကလောက်ဆိုတာ အနောက်ဘက်ကမီးထတောက်မှဘဲ
ငါ့မှာ မြင်ရ ကြားရ ဖတ်ရ မှတ်ရတော့တယ်
ဒီမြေမှာနေ ဒီရေကိုသောက်
ဒီနိုင်ငံကနွားတွေရုန်းပြီးကျွေးခဲ့တဲ့ ထမင်းစား ကြီးလာပြီးမှ
အမေကျော် ဒွေးတော်လွမ်းလိုက်ပုံများ
အရေးကြီးတော့ သွေးမနီးလိုက်ပုံများ
လေလှိုင်းထဲမှာ မျက်နှာစာအုပ်ကြီးထဲမှာ
ပွစိကိုတက် ဘောင်ဘင်ကိုခတ်လို့။
အရိပ်နေနေ အခက်ချိုးခဲ့တဲ့ အကြွေးကို
သားရေပေါ်အိပ် သားရေနားစားခဲ့တဲ့ အကြွေးကို
ငါ့တို့သွေးနဲ့ ခြေဆေးခဲ့တဲ့ အကြွေးကို
အရိုးမြေကျတောင် မမေ့ဘူး
ဘ၀ကူးမကောင်းရင်တောင် မမေ့ဘူး
သံသရာပါမယ်ဆိုရင်တောင် မမေ့ဘူး။
ငါတို့ရဲ့ ဂုဏ်သိက္ခာကြီးတဲ့မြေပေါ်မှာ
အသေခံ ဗုံးခွဲတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ဘယ်တော့မှမရှိစေရ
အစွန်းရောက်အတွေးနဲ့ ငါတို့သာအမှန်ဆိုတဲ့ သွေးဆာတဲ့ကောင်တွေကို
ငါ့မြေမှာ ငါ့သွေးငါ့သားငါ့မြေးတွေက ကြောက်နေရမယ့်အဖြစ်မျိုး ဘယ်တော့မှ မဖြစ်စေရ
ဒီအကြွေး ဒီသွေးနဲ့ ဒီမြေအတွက်
အကုသိုလ် သံသရာပါ မကျွတ်မလွတ်ရလဲ
နောက်ဘ၀တွေမှာ ငါပြိတ္တာ ဒီမြေနဲ့ အနောက်ဘက်တံခါးကို စောင့်ရစေသား။
  Rudolph Nyo Min
Tuesday, July 24, 2012
သမ္မတ ဦးသိန်းစိန်၏ ကျူးကျော်ဘင်္ဂလီများအပေါ် ထုတ်ဖေါ်ပြောဆိုမှု ရခိုင်ပြည်သူလူထု ထောက်ခံကြိုဆို
Written by သဇင်ဥ    Monday, 23 July 2012 22:40    PDF Print E-mail
Sittwe00000000000000000 
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီများအား UNHCR အကူအညီဖြင့် ဒုက္ခသည်အဖြစ် စခန်းသွင်း ထားရှိရန်နှင့် တတိယနိုင်ငံတခုခုသို့ ပို့ဆောင်မည့်အပြင် လ၀က ဥပဒေအရ အရေးယူသွားမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြားမှုအပေါ် ထောက်ခံ ကြိုဆိုသည့် အနေဖြင့် ယမန်နေ့က ရခိုင်ပြည်သူလူထုတရပ်လုံး နိုင်ငံ၏အောင်လံတော်နှင့် ပြည်နယ်အောင်လံတော်အား တပြိုင်နက် လွှင်ထူခဲ့ကြကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သောအဖွဲ့အား  ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ဆုံပြောဆိုခဲ့ခြင်းဖြစ်သည်။
သမ္မတက “ ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများအရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation)မြေး အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာကြောင်း၊ ဤကိစ္စကို ကိုယ်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်း သည့်နည်းလမ်းမှာ ခိုဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCRက ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာ ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း။ ”  ဟု သမ္မတ၀ပ်ဆိုက်တွင် ဖေါ်ပြချက်အား ရခိုင်ပြည်သူလူထုများက ထောက်ခံကြိုဆို လိုက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းတဦးက ရှင်းပြသည်။
ဆက်လက်ပြီး “ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိပါကြောင်းနှင့်  တွေ့ဆုံပွဲတွင် သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း။ ”   ဖေါ်ပြထားသည်။
အဆိုပါ ဦးသိန်းစိန် Mr. Antonio Guterresအား ပြောကြားခဲ့သော စကားအတိုင်း အကောင်အထည်ဖေါ် လုပ်ဆောင်မှု ရှိမရှိကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၈ ကျော် ကာလအတွင်း ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို ထောက်ရှုပြီး တက်ရောက်ခဲ့သည့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် သမ္မတ၏၀ပ်ဆိုက်က သက်သီအဖြစ် တည်ရှိနေပြီးသားဖြစ်ကြောင်း သူကဝေဖန်ခဲ့သေးသည်။
“ သမ္မတက ပြောပြီးရင် အကောင်အထည်ဖေါ်ဆောင်ပြီး လက်တွေ့လုပ်ဖို့ လိုအပ်ပါလိမ့်မယ်၊ ပြောလည်းပြောခဲ့တယ်၊ အစတော့ လုပ်ပြန်ခဲ့တယ်၊ ဘာမှမလုပ်ခဲ့ဘဲ ဆိုးကျိုးတွေသာ နှစ်ပေါင်း ၄၈ နှစ်ကျော် ပြည်သူတွေခံစားလာရတာက ခုချိန်ထိ နစ်တာက မကျွတ် လွတ်သေးဘူးဆိုတာ သမ္မတက မြင်ဖို့လိုအပ်လိမ့်မယ်၊ နိုင်ငံတော် အောင်လံတော်ကို ဆိုက္ကား၊ စက်ဘီး၊ ဈေးဆိုင်နဲ့ ခရီးသွား လက်တွေမှာအစ ကိုင်ပြီး ၉ ရက်ကြာ ဒီကနေ့ကနေ လွှင်ထူသွားမှာ ဖြစ်ပါတယ်၊ ဒါရခိုင်ပါတီတွေက ဦးဆောင်လုပ်တာပါ။ ”  ဟု တက္ကသိုလ်ကျောင်းသားဟောင်းက ဝေဖန်ခြင်းဖြစ်သည်။   
မောင်တောမြို့ခံတဦးက “သမ္မတပြောစကားကို ကြိုဆိုထောက်ခံပါတယ်၊ ကျွန်တော်တို့က အလှမ်းဝေးတော့ သိပ်ပြီးအချိန်နဲ့ တပြေးညီ လိုက်မမီဘူး၊ မနေ့က နေရာတိုင်း၊ အိမ်တိုင်းတော့ မဟုတ်ဘူးဗျာ၊ သိတဲ့သူတွေတော့ မြန်မာအောင်လံထူကြတာ တွေ့ရတယ်၊ စိုးရိမ် နေရတဲ့နေရာဖြစ်နေတော့ အောင်လံလွှင်ထူဖို့ စည်းရုံးမှုတွေလည်း မရှိခဲ့ပါဘူး။”  ဟု ဘုတ်ဆိပ်ကတဦးက ပြောသည်။
ယင်းကဲ့သို့ ပြောဆိုခဲ့သော သမ္မတ ဦးသိန်းစိန်အား ကမ္ဘာ့ဘာသာရေး အစွန်းရောက်များနှင့် အကြမ်းဖက်သောင်းကျန်းသူများက ဝေဖန်မှုများ တိုးပွားလျက် ရှိနေသည်။ Sittwe 1111111111111111111111111111
ဇွန် ၈ ရက်နေ့က သောင်းကျန်းသူ ဘင်္ဂလီများက စတင်တိုက်ခိုက်ခံရရာတွင် မီးထဲပါသွားသည့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဒုက္ခသည် များအတွက် ယာယီနေထိုင်နိုင်ရန် လတ်တလောနေအိမ်အဖြစ် အသုံးပြုနိုင်ရန် တဲပေါင်း ၇၀၀ ရာကို ရခိုင်ပြည်နယ်သို့ တောင်ကိုးရီးယားနိုင်ငံက ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။
တောင်ကိုးရီးယားမှ ကူညီပေးပို့ခဲ့သည့် စုပေါင်းတဲများအတွင်း ဒုက္ခသည် ၃၀၀၀ ခန့် ယာယီနေနိုင်ကြောင်း ကိုးရီးယား အရာရှိများက ဆိုသည်။
သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ထပ်တူ သောင်းကျန်းသူ ဘင်္ဂလီ အကြမ်းဖက်မှုများ ဆက်တိုက် တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကြောင့် ထိုင်းနှင့် ဘင်္ဂလာ ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ရသည်။
သို့သော်လည်း သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး၊ အလုပ်သမားဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ်၊ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး၊ ကျန်းမာရေး ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ယမန်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ ထွက်သွားခဲ့ကြောင်း သမ္မတ ၀ပ်ဆိုက်တွင် ဖေါ်ပြထားသည်။
Monday, July 23, 2012
တစ်ဖက်သတ် ဂရုဏာရှင် မဝေနှင်းပွင့်သုန်.
by Aung Zin Latt on Monday, July 23, 2012 at 12:08pm
 ·
                                                       (  Photo from facebook )                
မဝေနှင်းပွင့်သုန်နဲ့ ဗီအိုအေ အင်တာဗျူးမှာ မဝေနှင်းပွင့်သုန်က ဒီလူတွေ (သူကတော့ ရိုဟင်ဂျာ ပြောပြော စစ်တကောင်း ဘင်္ဂါလီခေါ်ခေါ် နာမည်က အရေးမကြီးလို့ဆိုပါတယ်) ဟာ တဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာတဲ့သူတွေပဲ ထားဦးတော့ သူတို့တတွေဟာ လူသားတွေမဟုတ်ဘူးလား အဲဒီလူတွေနဲ့အတူရှိနေတဲ့ အနာဂါတ်ပျောက်နေတဲ့ ကလေးငယ်တွေကရော တိရစ္ဆာန်တွေလား ရှင်တို့ရဲ့ ရင်ထဲမှာ သူတို့အတွက် နည်းနည်းလေးမှ ဂရုဏာတရားမဖြစ်မိဘူးလား ဆိုတာမျိုးပြောသွားပါတယ်။
ဟုတ်ပါတယ် နိုင်ငံမဲ့အဖြစ်နဲ့ အနာဂါတ်ပျောက်နေတဲ့ ဘာမသိညာသိပဲ မိဘတွေဆွဲခေါ်လို့ လူ့လောကထဲ ရောက်ရှိလာကြတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ သေဆုံးသွားလို့ မြုတ်နှံဖို့ သင်္ချိုင်းမြေနေရာတောင် တိတိပပ မရှိရှာတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူသားဆန်ခြင်း ရှု့ထောက်ကနေ ကြည့်လိုက်ရင် အင်မတန် ဂရုဏာဖြစ်စရာပါ။
ကျနော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကလည်း မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ် တရားကို လက်ကိုင်ပြုပြီး နေထိုင်ရှင်သန်ကြဖို့ အထူးတိုက်တွန်းထားလေတော့ မဝေနှင်းပွင့်သုန် စကားနဲ့ဆိုရင် ကျနော်တို့ဟာ မိမိတို့သက်ဝင်ယုံကြည်ထားတဲ့ ဘာသာတရားကိုတောင် ဆန့်ကျင်နေတဲ့ သူတွေလိုဖြစ်နေသပေါ့။
မဝေနှင်းပွင့်သုန် ထောက်ပြသွားတာ အင်မတန်ကောင်းပါတယ် သဘောကျပါတယ် လက်ခံပါတယ်၊ ဒါပေမဲ့ မဝေနှင်းပွင့်သုန်တို့ ဘားမားကန်ပိန်းအနေနဲ့ အဲဒီလို ဂရုဏာတရားကို ရှေ့တန်းတင်ပြီး ဒီလူတွေကို လက်ခံဖို့ ဘာလို့ မြန်မာတစ်နိုင်ငံထဲကို တိုက်တွန်းနေသလဲ၊ ဘာလို့ ဘင်္ဂလားဒေ့ရှ်ကိုရော မတိုက်တွန်းသလဲ ဆိုတာကလည်း စဉ်းစားဖို့အလွန်ကောင်းနေပြန်ရော။
ခိုးဝင်ခြင်း မခိုးဝင်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း၊ နိုင်ငံဖြစ်ချင်း မဖြစ်ခြင်း စတဲ့ အငြင်းပွားရမဲ့ သမိုင်းနဲ့ ဥပဒေ ဆိုင်ရာ အချက်တွေကို ကျော်လွန်ပြီး ဂရုဏာတရားနဲ့ လူသားချင်းဆိုတဲ့ ရှု့ထောက်တစ်ခုထဲက ပြောနေတဲ့ ဘားမားကန်ပိန်းအနေနဲ့ မြန်မာတစ်နိုင်ငံထဲကိုသာ အပြစ်တင်ပြောဆိုပြီး အတင်းဖိအားပေးပြီး ဒီလူတွေကို လက်ခံခိုင်းနေတာ လူအခွင့်အရေးအပြည့်အ၀ပေးဖို့ ပြောဆိုနေတာဟာ တစ်ဖက်သတ်မဆန်ဘူးလား၊ နိုင်ငံတကာဆက်ဆံရေးနဲ့ သံတမန်ရေး အားနည်းနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို တမင်အနိုင်ကျင့်နေသလို မဖြစ်နေဘူးလား၊ တစ်စုံတစ်ခုသော ရည်ရွယ်ချက်နဲ့ သက်သက်မဲ့ ထိုးနှက်နေတာမျိုး ဖြစ်မနေဘူးလား။
ဘားမားကန်ပိန်း (ယူကေ) ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် စေတနာကောင်းရှိတယ်ဆိုရင် ဒီပြဿနာဟာ မြန်မာတစ်နိုင်ငံထဲ ဖြေရှင်းရမှာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ဘာလို့မပြောမထောက်ပြသလဲလို့ ဒီမနက်ခင်း ဗီအိုအေ မြန်မာပိုင်းကို နားထောင်ရင်း ကျနော်တွေးနေမိတယ်။
Sunday, July 22, 2012
Social media is lying to you about Burma’s Muslim ‘cleansing’
July 19, 2012
Don't you wonder sometimes, that the information we are being fed on daily basis can be untrue entirely or exaggerated to the point where it loses all its truth? PHOTO: REUTERS
Social networking sites are abuzz with news about Muslims being killed in Burma.You can see the sporadic posting of pictures by different people with captions like ‘Muslims killing in Burma’, ‘Muslims slaughtered by Buddhists in Burma’ and so on.
Thus, I took on the mission to sort the truth out for myself once and for all and researched some pictures that I felt were dubious. Below are a few pictures and their original copies. You can evidently see the gross difference between them and how they are thrown out of context.
This was a picture shared on Facebook.
I have found the original version which reads differently to the the one posted on the social networking site.
This picture was taken in 2010 after an earthquake in China and captures the efforts put in by the Tibetans to help rescue the victims. Now, Islamic political parties and some other elements are sharing this image as Muslim killing and their slaughter in Burma.
Another widely circulated  picture captioned “More then 1,000 people killed in Burma” is also fake.
575850 422729151098985 1400558517 n Muslims Killing in Burma and our Social Media / Islamic Parties
The original, as you can see below, is taken in Thailand in the year 2004. This picture shows protesters that were tear-gassed outside the Tal Bai police station in Bangkok. This is roughly 1,409.9 km away from Burma! What is grossly negligent about these photos is the factual ignorance of the hate these misleading photos can culminate.
VOICE LIBERTY NATIONAL 093950 Muslims Killing in Burma and our Social Media / Islamic Parties
Below, please find another image which was posted online, this time with an imprint of Jamaat-e-Islami on the top left . It reads ‘Terrorists of Budhism of Burma kills 500 Muslims’.
As you can guess, this is also a fabricated picture.
Terrorists of Budhism of Burma Kills 500 Muslims at the Beach today 753438 Muslims Killing in Burma and our Social Media / Islamic Parties
In reality, this image belongs to a Human Rights violation incident by the Thai authorities against the Rohingya ethnic minority of Burma. These refugees were detained for a few weeks and then sent off drifting into the sea.
Here is another instance of such fallacy spreading across the social media sites regarding the massacre of Muslims in Burma.
fb image Muslims Killing in Burma and our Social Media / Islamic Parties
This picture is extremely misleading considering that the original image was about the riots in Thailand that took place in 2003!
Now, take a look at the image below and observe how it is blown out of context.
fb image02 Muslims Killing in Burma and our Social Media / Islamic Parties
Now, view the original.
fb image02 origi 700x1024 Muslims Killing in Burma and our Social Media / Islamic Parties
The original picture is not even remotely close to what the picture above states. In fact, a Tibetan protester had set himself on fire in protest prior to the arrival of Chinese president Hu Jintao and that too in Delhi.
I do not deny the killings of Muslims in Burma – not even for a minute.
I think it is horrific and I am sympathetic towards the immense loss being suffered by my Muslim brothers and sisters abroad.
What I am against is being lied to.
Imagine the amount of lies we are being fed through these pictures. How can one trust any image online if such drastic manipulation and editing is being done to cater to someone’s political or personal agenda?
Social media and networking sites, if used properly, can be an impressive tool in spreading awareness amongst its users, but it can be an equally dangerous median as well if misused.
These images are false and are only igniting hatred and prejudice in our youth.
We need to become more vigilant and aware of the credibility and authenticity of  pictures we browse through. It only takes one wrong image to push us over the edge towards extremism.
Who do you think is more misleading?
     View Results
This post originally appeared here
Follow Faraz on Twitter @imfaraz
From:
http://blogs.tribune.com.pk/story/12867/social-media-is-lying-to-you-about-burmas-muslim-cleansing
ရခိုင်ပြသနာမှာ သူတို့ဘာလို့ ကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်တာလဲ? ( ၂ )
လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများ ကျူးကျော်သိမ်းပိုက်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲ
Written by မဟာပညာကျော်    Saturday, 21 July 2012 08:02   
အရေးကြီးလာပြီ။ ဒီဘင်္ဂလီမူဆလင်ကိစ္စကို နှေးနှေးကွေးကွေးလုပ်နေလို့မရဘူး။ အပြက်အပြက်နဲ့နှာခေါင်းသွေး 
လျှံထွတ်တော့မည်။ တိကျတဲ့ပေါ်လစီ၊ ဗျူဟာတွေ ချမှတ်ကာ ပြည်ထောင်စုအစိုးရအပိုင်း၊ ပြည်နယ်အစိုးရအပိုင်းနှင့် ပြည်သူတွေအပိုင်းကို သတ်သတ်မှတ်မှတ် စနစ်တကျ ချမှတ် လုပ်ဆောင်ဖို့လိုလာတယ်။
လက်ရှိအခြေအနေ
(က) အဲဒီရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေဟာ လူအခွင့်ရေးကို အရေခြုံပြီး ရခိုင်ပြည်နယ်ကို ကျူးကျော် ၀င်ရောက်သိမ်းပိုက်နေတာ ဖြစ်တယ်။ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်နေတာဖြစ်တယ်။
(ခ) အီရန်၊ ဒူဘိုင်း၊ တူရကီ၊ ဆိုဒီအာရေဘီယား၊ အီဂျစ်၊ ညီညွတ်သော အာရေဘီးယား နိုင်ငံတွေက နိုင်ငံတကာနှင့် အာရပ်နိုင်ငံတွေ အစည်းအဝေးခေါ်ဖြေရှင်းဖို့ တောင်းဆိုနေကြတယ်။
(ဂ) အာစီယံနိုင်ငံအပါအ၀င် IOC အဖွဲ့ဝင်နိုင်ငံတွေ အကြာမီ အစည်းအဝေးခေါ်ယူဆွေးနွေးဖို့ ပြင်ဆင် နေကြတယ်။
(ဃ) နိုင်ငံတကာ သတင်းဌာနတွေမှာ ရခိုင်နှင့် မြန်မာအစိုးရဟာ ရိုဟင်ဂျာ ၃၀၀၀၀ ကိုသတ်ကာ ၃၀၀၀၀၀၀ ကျော်ကို နာဇီလို ကမ့်တွေမှာ သွင်းနေကြတယ်၊ မျိုးဖြုတ်သုတ်သင်နေကြတဲ့ စသည်ဖြင့် ၀ါဒဖြန့် လှုံ့ဆော်နေကြတယ်။ မူဆင်နိုင်ငံအားလုံး ဒီကိစ္စကို ညီညွတ်စွာ တားဆီးဝင်ရောက် ကိုင်တွယ်ကူညီကြဖို့ လှုံဆော်နေကြပြီး တစ်ဖြည်းဖြည်း ကျယ်ပြန့်ကြီးထွားလာနေတယ်။ 
သတင်းထုတ်ပြန်မှုအားနည်းခြင်းနှင့် ပေါ်လစီပိုင်းဆိုင်ရာအားနည်းချက်များ
(က) ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားမှုထိရောက်ခြင်းမရှိခြင်း။ ဖမ်းဆီးရမိသာ လက်နက်များ၊ အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်မှုများ၊ အထောက်အထားများ၊ အကြမ်းဖက်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်ကို တိကျစွာ သတင်းစာရှင်းလင်းပွဲ ယနေ့အချိန်ထိမလုပ်နိုင်ခြင်း။
(ခ) AZG၊ UNHCR၊ UNICEF တွင်အမှုထမ်းနေသူများ၊ ဆက်စပ်မြေအောက်လှုပ်ရှားသူများက သတင်းအမှားများ၊ လုပ်ကြံသည့် ဓါတ်ပုံများကို ပြည်ပမှ ရိုဟင်ဂျာ အဖွဲအစည်းများ၊ နိုင်ငံတကာ အဖွဲအစည်းများသို့ စစ်တွေ၊ ရန်ကုန်၊ စစ်တကောင်းနှင့် တာခ်နာမြို့များမှ ခိုးထုတ် ဖြန့်ဝေ နေခြင်းများကို မတားဆီးနိုင်ခြင်း။
(ဂ) ပြည်ထောင်စု့အစိုးရ၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးများက လက်ရှောင်နေခြင်း။ သတင်းအချက်အလက်များ၊ ပေါ်လစီများ၊ ဥပဒေနှင့် ငြိမ့်စွန်းနေမှုများကို အချိန်မှန် ထုတ်ပြန်ခြင်းမရှိခြင်းများ။
(ဃ) ပြည်ထောင်စုအစိုးရမှ ဘင်္ဂလီ တရားမ၀င်ခိုးဝင်လာသည့် ကိစ္စများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တိကျစွာ ထုတ်ပြန်ကြေငြာခြင်းမရှိခြင်းများ။
(င) လွှတ်တော်တွင် ခိုင်မာသည့်မူဝါဒ သဘောထား non-biding resolution (အလွတ်သဘော) ဖြေရှင်းချက် သဘေားထား မထုတ်ပြန်နိုင်ခြင်း။
(စ) ပြည်နည်အစိုးရကို ဒေသတွင်း အခြေအနေနှင့် ကိုက်ညီသည့် လုပ်ပိုင်ခွင့်၊ ဖြေရှင်းခွင့်များ ဘောင်သတ်မှတ် အပေးထားခြင်း၊ (က) မှ (အ) အဆုံးထိ သမ္မတနှင့် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ထံမှ ညွှန်ကြားချက်များ ရယူနေရခြင်း။
(ဆ) RNDP အပါအ၀င် ရခိုင်လူမှုအဖွဲ့အစည်းများကို ပြည်နယ်အစိုးရမှ တားဆီးကန့်သတ် ပိတ်ပင်ခြင်းများ ပြုလုပ်ခြင်း။
လိုအပ်နေသည့် ပေါ်လစီနှင့် ဗျူဟာများ
(က) ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အနေဖြင့် ရခိုင်တွင် ဘင်္ဂလီ ရိုဟင်ဂျာ ပြဿနာသည် လူဝင်မှုကြီးကြပ်ရေးနှင့် တရားမ၀င် ၀င်ရောက်လာသည့် illegal immigrant problem အဖြစ် ထုတ်ပြန် ကြေငြာရမည်။
(ခ) ပြည်ထဲရေးဝန်ကြီးဌာန၊ လ.၀.က နှင့် ပြည်နယ်အစိုးရမှ လ.၀.က ဥပဒေကို တိကျစွာ အကောင်အထည်ဖေါ် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင်။
(၁) Detention centers or camps (ယာယိထိမ်းသိမ်းရေ စခန်းများ ထားရှိရန်)။
(၂) ဘင်္ဂလီ တဦးမကျန် နိုင်ငံသားကဒ်၊ ယာယီကဒ်၊ မြေဂရမ်၊ လုပ်ငန်းလိုင်စင် အစရှိသည့် နိုင်ငံသားနှင့် နှစ် ၄၀ ကျော်အတွင်း ခိုးဝင်လာသူများကို စစ်ဆေးခွဲထုတ်ပြီး လ.၀.က ဥပဒေချိုးဖေါက်ခဲ့သူများကို ဥပဒေအရ အရေးယူရမည်။ မိခင်နိုင်ငံကို ပြန်ပို့ရမည်။
(၃) အကျင့်ပျက် လာဒ်စား၊ လာဒ်ယူနေသော ၀န်ကြီးမှ အစ လ.၀.က၊ ရဲ၊ စစ်အရာရှိများ အစိုးရ အမှုထမ်းများ အားလုံကို အရေယူ အပြစ်ပေးရမည်။
(၄) ရခိုင်အမျိုးသားကာကွယ်ရေး တပ်မတော်ကို ဖွဲစည်းရမည်။ ရခိုင်ပြည်သူများ နှင့် civilian defense corp. (မလေးရှားတွင် ၅ သန်းကျော်ရှိသော Rala) ကဲ့သို့ လူထုကာကွယ်ရေးကို ဖွဲစည်းပေးရမည်။
(၅) နယ်ခြားတလျှောက်တွင် သံဆူးကြိုးကာရန်ရမည်။
(၆) ဘုတ်၊ စက်လှေများနှင့် ခိုးဝင်လာသူများကို ဖမ်းဆီးရန်၊ တားဆီးရန် Arakan National Coast Guard unit (ရခိုင်ကမ်းခြေစောင့်အဖွဲ့) ကို ပင်လယ်၊ မြစ်ချောင်း ကမ်းခြေဒေသများတွင် နေထိုင်သော ရခိုင်ဒေသခံများနှင့် ရေတပ်ပူးပေါင်းဖွဲ့စည်းရမည်။ သတင်းပေး သတင်းယူစနစ်ထားရှိကာ ရေတပ်နှင့် စစ်တပ်က rapid action (အရေးပေါ် တုန့်ပြန်ခြင်း) များလုပ်ဆောင်ရမည်။
(၇) ပြည်သူများ နေ့ကင်း၊ ညကင်းထားပြီး သတင်းယူ၊ သတင်းပေး စနစ်များ ထားရှိရန် (neighbor watch and inform program)၊ ပြည်နယ်အစိုး၊ ရပ်ကွက် ကျေးရွာ အစိုးရ၊ ရဲ၊ လ.၀.က နှင့် နယ်ခြားစောင့်တပ်များ ပူးပေါင်းလုပ်ဆောင်ရမည်။
နိဂုံး
ရိုဟင်ဂျာဘင်္ဂလီပြဿနာသည် လ.၀.က ပြဿနာ တခုတည်း ဖြစ်သည်။ တရားမ၀င်ဝင်ရောက်လာသည့် illegal immigrant issue ဖြစ်သည်။ ထိုပြဿနာကို လ.၀.က ဥပဒေဖြင့်ဖြေရှင်း ရမည်။ ပြည်ထောင်စုအစိုးရ၊ လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်သူများအားလုံး ကဏ္ဍအလိုက် ထိရောက်စွာဆောင်ရွက်မှသာ အကျိုးဖြစ်ထွန်းမည်။ ဤစီမံကိန်းကို ၃ နှစ် မှ ၁၀ နှစ်အထိ လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက ရိုဟင်ဂျာ သီးခြားအုပ်ချုပ်ဒေသ ရခိုင်ပြည်နယ်တွင် လုံးဝ ဖြစ်ပေါ်လာမည်။ ရခိုင်ပြည်နယ်ကို လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာ သိမ်းပိုက်ရေး စီမံကိန်း အောင်မြင်သွားပါလိမ့်မည်။ အစိုးရနှင့် ပြည်သူများအနေဖြင့် ဤပြဿနာကို ခေါင်းရှောင်ထွက်ပြေးနေခြင်းဖြင့် ပြဿနာကို ကြီးထွားလာစေရန် ဖိတ်ခေါ်နေလို့ ဖြစ်နေပါလိမ့်မည်။ နည်းလမ်းကောင်းများ၊ တိကျခိုင်မာသည့်မူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်ကာ တိုက်ခိုက်ရင်ဆိုင် ဖြေရှင်းခြင်းဖြင့်သာ ဤပြဿနာကို ကျော်လွှားကြရမည်။ အကောင်းဆုံးဖြေရှင်းသည့်နည်း မဟုတ်စေကာမူ တရားမ၀င် ၀င်ရောက် ပြီးလူ့အခွင့်အရေး အရည်ခြုံ ကျူးကျော်သိမ်းပိုက်ခြင်းကို အနည်းဆုံး တားဆီးနိုင်ပါသည်။
Friday, July 20, 2012
ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ်
ပဋိပက္ခဖြေရှင်းရေးများကို အဆိုတင်သွင်းသည့် အကြောင်းအရာများ
ရခိုင်ပြည်နယ်အတွက် Border Guard Forces ဖွဲ့ စည်းပေးသင့်
                                     စစ်တွေမြို. မှ ဘင်္ဂလီများမီးရှို.ခြင်းခံရသည့် အိမ်တစ်အိမ်ပုံ
အစိုးရသည်ရခိုင့်အရေးကို - လက်ရှိအမြင်ပြောရလျှင် - အုပ်ချုပ်ရေး (administrative/ law and order issue) ပြဿနာအဆင့်ထားကာပြည်ထောင်စုအစိုးရအဖွဲ့ ကသာကိုင်တွယ်ဖြေရှင်းနေဟန်ရှိသည်။
သို့ သော်ပြည်သူလူထုကမူ အမျိုးသားအရေး (a national concern) အဖြစ် မြင်နေကြသည်။
ထို့ ကြောင့် 7 Day News ဂျာနယ်ကလွှတ်တော်ကိုမတင် ဘူးလားဟုအစိုးရအာဏာရပြည်ခိုင်ဖြိုး ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူဦး ဌေးဦးကိုမေးခွန်းထုတ်ခဲ့သည်။ဦးသိန်းညွန့် စသောပြည်သူ့ 
လွှတ်တော်ကိုယ်စားလှယ်တို့ ကလည်းလွှတ်တော်သို့ တင်သွင်းရန်အသံမြည်လာကြပြီ။
အမျိုးသားအရေးဟုသတ်မှတ်သူများအနက်တတ်နိုင်သူများကအလှုငွေသိန်းထောင်နှင့်ချီ၍အပြိုင်အဆိုင်
လှုဒါန်းကြယုံမကဒုက္ခသည်များထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်စောင့်ရှောက်နေကြပြီဖြစ်သည်။ [ဧရာဝတီတိုင်း၌နာဂစ်မုန်တိုင်းဖျက်ဆီးပြီးချိန်ကာလကိုပြန်သတိရစရာပင်။] 
ရခိုင်အရေးနှင့်ပါတ်သက်၍တစ်ဦးချင်းခံစားချက်(emotions) များကိုအချိန်အတိုင်းအတာ တစ်ခုအထိခွင့်ပြုပေးခဲ့ကြပြီးပါပြီ။ရှေ့ ခရီးအတွက်အလုံးစုံပါဝင်သောချဉ်းကပ်နည်း (comprehensive approach) ဖြင့်အကောင်းဆုံးဟုမဆိုနိုင်သော်လည်းလက်တွေ့ အကောင်အထည်ဖေါ်ယူနိုင်မည့်
(realistic and feasible solution) အဖြေကိုစဉ်းစားကြရမည်ဖြစ်ပါသည်။
ယခုတင်ပြချက်တွင်ရိုဟင်ဂျာတွေအယ်ခိုက်ဒါနှင့်အဆက်အသွယ်ရှိကြောင်း
မြန်မာ့နယ်မြေတစ်စိပ်တစ်ပိုင်းကိုအရယူ၍နိုင်ငံထူထောင်ရန်စီမံကိန်းရှိတာတွေ
ကိုထည့်မပြောတော့ပါ။ ပြောနေစရာမလိုတော့သောကြောင့်ဖြစ်သည်။
ဘင်္ဂလားဒက်ရှ်အစိုးရနိုင်ငံခြားရေးဌာနနှင့်ဘင်္ဂလားဒက်ရှင်္မီဒီယာတို့ ကယခုကိစ္စ
၏နောက်ခံအကြောင်းသည် Jamaat -e- Islam လက်ချက်ဖြစ်ကြောင်းပြောကြသဖြင့် ကြိုတင်ကြံစည်မှုတွေပါကြောင်းခိုင်လုံသောလက်ဆုပ်လက်ကိုင်တွေရှိနေပြီ။
ပြီးခဲ့သောအဓိကရုဏ်းတွင်ဘင်္ဂလီခေါ်တောများကတနေရာတွင်လောင်ချာနှင့်ပစ်သည်ဟုခိုင်မာသော
သတင်းထွက်လာသည်။ဝှက်ထားသောသေနတ်တလက်စ၊နှစ်လက်စနှင့်ပစ်ခြင်းသည်
လက်နက်ပုန်း ပြဿနာလောက်သာဖြစ်သည်။ လက်နက်ခဲယမ်းများသေတ္တာလိုက်ဖမ်းမိခြင်း၊
RPG အသုံးပြုခြင်းတို့ ပါဝင်လာသောအခါမူလ immigration issue သည် national security issue အဖြစ်နောက်တဆင့်တက်သွားပြီဖြစ်သည်။
ယခုတဖန် national security issue သည်လူဦးရေဆက်တိုးနေသည်နှင့်အမျှလူသားချင်းစာနာရမည့်
မျက်နှာစာဘက် (humanitarian dimension) ပါကြီးထွားလာပြီးပို၍ဖြေရှင်းရခက်လာတော့မည်။ 
ယ္ခုပင်လှေများဖြင့်ထွက်ပြေးသွားကြသောအမျိုးသမီးနှင့်ခလေးများကိုဘင်္ဂလားဒက်ရှ်ဘက်က
လက်မခံဟူသည့်သတင်းကြောင့်ပြဿနာကိုဘယ်ဘက်ကစလိုက်သည်ဆိုသည့်အချက်အား
သတင်းဖတ်ပရိဿတ်ကလျှော့တွက် (discount) တာခံရလာနိုင်သည်။
ဤပြဿနာသည်သက်တမ်းရှည်လာသည်နှင့်အမျှ ‘တရားဝင်သောအရေးဆိုမှုတစ်ခု’
(a legitimate cause) ဖြစ်နေသလိုလို၊ ‘အမျိုးသားလွတ်မြောက်ရေးကျိုးပမ်းမှု’တစ်ခု
(a national liberation movement) လိုလိုကမ္ဘာ့ပရိဿတ်၏အဝေးမြင်တွင်
ထင်မြင်လာနိုင်သည်။ ထိုအခါပို၍ရှင်းရခက်လာလိမ့်မည်။
ပြောရမည်ဆိုလျှင်ပြည်ထောင်စုအစိုးရသည်မဝေးကွာလှသေးသောမိမိ၏စစ်အာဏာရှင်
အရိပ်မည်းကြောင့်နိုင်ငံတကာကသံသယမျက်လုံးများဖြင့်စောင့်ကြည့်
အကဲခပ်နေကြမည်ကိုအလေးအနက်ထည့်တွက်နေရပုံရသည်။
၎င်းအပြင်စီးပွားရေးဆန်ရှင်အပြီးတိုင်ရုပ်သိမ်းပေးရေး၊ အကူအညီအထောက်အပံ့တွေရရေး၊ E Visa စသည်ဖြင့်အစွမ်းကုန်ပြင်ဆင်ထားသောသောကမ္ဘာ လှည့်ဧည့်သည်လုပ်ငန်းအောင်မြင်ရေး တို့ သည်မြန်မာနိုင်ငံ၏ဖြစ်တည်ခါစ ပြရုပ်ကောင်း (positive image) ပေါ်တွင်မူတည်နေသည်။ ဤအချက်များကလည်းဦးသိန်းစိန်အစိုးရကိုတုပ်နှောင်ထားသလိုဖြစ်နေပုံရသည်။
သို့ သော်ရခိုင်ပြည်သူတွေကမိမိတို့ ကိုပြည်ထောင်စုအစိုးရကလုံလောက်သော
အကာအကွယ်မပေးနိုင်၊ ပေးချင်စိတ်မရှိဟုခံစားမိသွားကြလျှင်ပြည်ထောင်စုကြီးပြိုကွဲရေးကို
ရှေးရှုသွားမည့်အချက်ဖြစ်သည်ကိုလည်းဤ cost-benefit analysis ထည်းတွင်ထည့်တွက် သင့်သည်ဟုယူဆသည်။
အခြေအနေမှာလောလောဆယ်ထိမ်းချုပ်ထားနိုင်သည်ဆိုစေကာမူအချိန်မရွေးပြန်ပေါက်ကွဲမည့်အနေ
အထားဖြစ်ကြောင်းယခုရသေ့တောင်တွင်ရခိုင် ၁၁ ဦး ထပ်၍အသတ်ခံရသည်အဖြစ်ကလှစ်ပြနေသည်။
အဘယ့်ကြောင့်ဆိုသော်၎င်း၏မူလအကြောင်းတရားကအပွန်းအပဲ့မရှိနဂိုအတိုင်းရှိနေ၍ဖြစ်သည်။ 
ခိုးဝင်လာသူများကသူတို့ သည်တိုင်းရင်းသားတစ်မျိုးဖြစ်ပါသည်ဟုနိုင်ငံတကာမျက်နှာစာ
တွင်နှစ်ပေါင်း၂၀ ကျော် lobby လုပ်ထားသည်။ လက်တွေ့ အရလည်းဒီလူတွေမြန်မာ့မြေပေါ်
မှာနေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့သည့်အတွက်နှစ်တွေကြာလေသူတို့ ၏ claim
ကိုကမ္ဘာ့ပရိဿတ်ကဟုတ်သယောင်ယောင်ထင်လာနိုင်လေလေဖြစ်မည်။
၎င်းအထင်ကိုမြန်မာအစိုးရကထိထိရောက်ရောက်မချေဖျက်နိုင်ပါ။
[လ၀က၀န်ကြီးဦးခင်ရီကပြည်တွင်းမီဒီယာကိုခရီးသွားဟန်လွှဲတစ်ခွန်းမျှဖြေယုံမျှဖြင့်မလုံလောက်ပါ။]
ရခိုင်ပြည်တွင်ဒေသခံများ(အထူးသဖြင့်သံဃာတော်များကို)အလစ်ချောင်း၍တစ်ဦးချင်းလုပ်ကြံသတ်ဖြတ်ခြင်း၊ မိန်းခလေးများကိုစော်ကားပြီးအလွန်လူမဆန်သောနည်းများဖြင့်သတ်ဖြတ်ခြင်းတို့ သည်ယခုမှဖြစ်သည်မဟုတ်။
အဓိကရုဏ်းကာလအတွင်းရေတွင်းရေကန်တို့ ကိုအဆိပ်ခပ်သည်ဟူသောသတင်းများကြားရသည်။ [ဤအလုပ်မျိုးလုပ်သူများသည်မိမိအလိုကိုမလိုက်သောမိန်းခလေးများ၏မျက်နှာကိုအက်ဆစ်နှင့်ပက်သော
ယဉ်ကျေးမှုအဆင့်အတန်းမှဖြစ်ကြသည်။ မျက်နှာကိုအက်ဆစ်နှင့်ပက်ခံရသောဘင်္ဂလားဒက်ရှ်မှ မိန်းခလေးများအားကနေဒါ၌ပလပ်စတစ်ဆာဂျရီလုပ်အခမဲ့ဆေးကုပြုပြင်ပေးနေပုံကနေဒီယံ TV Program များတွင်ကြည့်ရဘူးသည်။ အမျိုးတူဘာသာတူများအပေါ်၌ပင်ကမ်းကုန်အောင်ရက်စက်သူများဖြစ်သည်။
ထိုသို့ ဆိုသဖြင့်ကျွန်ုပ်တို့ သည်ထိုသူများကိုကိုင်တွယ်ရာ၌တန်းတူရည်တူလူမဆန်သောနည်းများဖြင့်
လက်တုန့် ပြန်ရမည်ဟုမဆိုလိုပါ။
မကောင်းဆိုးဝါးကိုနှိမ်နင်းရင်းကျွန်ုပ်တို့ ကိုယ်တိုင်မကောင်းဆိုးဝါးများဖြစ်မသွားသင့်။
(In fighting monsters, we ourselves should not become monsters.) 
သို့ သော်ရှေ့ ဆက်၍ပြော့စိစိလုပ်နေလို့ လည်းမဖြစ်ပါ။ 
မြန်မာပြည်တွင်း၌ “ရိုဟင်ဂျာ” ၂ သန်းခန့် အထိရှိနိုင်သည်ဟုအိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ် 
၂နိုင်ငံစလုံးကခန့်  မှန်းသည်။ မြန်မာအာဏာပိုင်များဘက်ကမူ ရှစ်သိန်းဟုခန့် မှန်းသည်။ 
သူတို့ နှင့်ဒေသခံများပဋိပက္ခဖြစ်တိုင်းတိုင်းပြည်၏အခြားအစိပ်အပိုင်းများနေနှစ်ဘက်ဘာသာတူ
အခြားလူများအကြားမအီမလည်ဖြစ်ရသည်မှာဒီတကြိမ်သာမဟုတ်တော့။ 
ကိုးကွယ်သောဘာသာချင်းတူပေမင့်“ရိုဟင်ဂျာ”ဆိုသူတွေနှင့်မြန်မာမူဆလင်တွေယဉ်ကျေးမှုအဆင့်
အတန်းချင်းကွာခြားသည်။ မြန်မာမူဆလင်များနှင့်သာမက၊မလေးရှား၊အင်ဒိုနီးရှားတို့ ကဘာသာတူ
သူများနှင့်အများကြီးကွာခြားသည်။ ချမ်းသာသောဘရူနိုင်း၊ ဘာရိမ်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ တူရကီတို့ ကိုထည့်ပြောစရာပင်မလို။
[မလေးရှားနိုင်ငံသည် ဘော့စနီးယား၊ ကိုဆိုဗို စသည့်အရှေ့ ဥရောပမှမူဆလင် ဒုက္ခသည်များကိုလျောလျောရှုရှုလက်ခံသည်။ ဘင်္ဂလီများကိုလက်မခံလို။]
ပထမဆုံးလုပ်သင့်သည်မှာလူတွေထပ်ခိုးဝင်မလာနိုင်အောင်ထိထိရောက်ရောက်တားရေးဖြစ်မည်။ 
လာဘ်စားသောပြည်ထောင်စုအစိုးရအရာရှိများထက်ပို၍၀ံသာနုရက္ခိတဖြစ်မည့်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးသင့်သည်။
အိန္ဒိယနိုင်ငံကမူခိုးဝင်လာသောဘင်္ဂလီများကိုတံတိုင်းခတ်၍ဆီးတားယုံမကသေနတ်နှင့်
အသေပစ်ခတ်၍တားဆီး (shoot at sight policy) ရာအတော်အတန်ခရီးရောက်သည်။
အိန္ဒိယနှင့်စာလျှင်မြန်မာနှင့်နိုင်ငံတကာနယ်နမိတ်သည် ၁၇၅ မိုင်သာရှိရာထိုခြံစည်းရိုးကာ ထား၍ဖြတ်ကျော်လာသူကိုပစ်ခတ်နည်းကိုအတုယူသင့်ကယူရမည်။
တရားမ၀င်ခိုးဝင်လာသူများကိုအမေရိကန်ပြည်ထောင်စုမှာပင်ထိုနည်းကိုသုံး၍
တစိပ်တစ်ပိုင်းအားဖြင့်ဖြေရှင်းနေသည်။ Texas, Arizona နှင့် New Mexico
ပြည်နယ်များတွင်ဒေသခံ အမေရိကန်လူထုထည်းမှတက်ကြွသူများက Heavy Duty Truck
များ high power rifle များသုံး၍ခိုးဝင်လာသူမက္ကဆီကန်များကိုယ်တိုင်စောင့်ကြပ်ဖမ်းဆီးပေးနေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်းကျောင်းဆရာများ၊ ကျမ္မာရေးဝန်ထမ်းများ၊ ဆွမ်းခံကြွနေသော ရဟန်းတော်များကိုချောင်းမြောင်းသတ်ဖြတ်နေသောမူဆလင်သူပုန်များအန္တရယ်မှကာကွယ်ရန်
ထိုဝန်ထမ်းများကိုလက်နက်တပ်ဆင် ပေးထားသည်။
မြန်မာအစိုးရသည်ပြည်ထောင်စု၏အခြားအစိပ်အပိုင်းများရှိလူမျိုးစုလက်နက်ကိုင်အဖွဲ့ 
အစည်းများကိုနယ်ခြားစောင့်တပ်ဖွဲ့ များ (Border Guard Forces) ဖွဲ့ ပေး၍လခရိက္ခာ
များပေးခြင်းလေ့ကျင့်သင် ကြားပေးခြင်းများပြုလုပ်ထားပါသည်။
ယခုထိုတပ်ဖွဲ့ မျိုးများအမှန်တကယ်အရေးတကြီးလိုအပ်နေသည်မှာရခိုင်ပြည်နယ်တွင်ဖြစ်သည်။ 
ပြည်ထောင်စုအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးရထားသောရခိုင်အဖွဲ့ အစည်းရှိလျှင်လည်းတခြားပြည်နယ်
တွေမှာလိုသူတို့ ကိုဦးစားပေး၍ BGF ဖွဲ့ ပေး၊ လေ့ကျင့်သင်ကြားပေး၊စည်းကမ်းသတ်မှတ်၍တာဝန်ပေးပါ။
၎င်းအဖွဲ့ များကိုပြည်ထောင်စုအစိုးရကအုပ်ချုပ်နိုင်သော်လည်းပြည်နယ်အစိုးရကလိုအပ်သလို အနီးကပ်ကြီးကြပ်တာဝန်ပေးခွင့်ပြုပါ။
အကြောင်းမှာယခုလိုအချိန်မျိုးမှာပင်ပြည်မကလာသောလုံခြုံရေးတပ်ဖွဲ့ များသည်တဘက်မှ
တန်စိုးလက်ဆောင်များယူနေသည်ဟုဒေသခံရခိုင်များကစွပ်စွဲနေကြသည့်အတွက်ဖြစ်သည်။
ရခိုင်တွင် BGF ဖွဲ့ ပေးလျှင် "ရခိုင်တွေလက်ထဲသေနတ်ရောက်သွားပြီးကုလားတွေပစ်သတ်မှာပေါ့"
ဟုအပေါ်ယံမတွေးစေလိုပါ။ဤအချက်ကိုကောင်းစွာသတိပြု၍ပင်လူခိုးဝင်မှုတစ်ခုတည်းကိုတားဆီးရန် ကန့် သတ်တာဝန်ဖြင့်ဖွဲ့ စည်းရန်ကိုဆိုလိုပါသည်။ BGFရခိုင်ပြည်နယ်နေ လူမျိုးမရွေး၊ဘာသာမခွဲခြား အလုပ်နှင့် "သင့်တော်သူ-နိုင်ငံသား" များထည်းမှရွေးချယ်တာဝန်ပေးရန်ဖြစ်သည်။
အကယ်၍ရခိုင်ပြည်နယ်အတွက် BGF အဖွဲ့ များကိုချက်ချင်းမဖွဲ့ နိုင်သေးဘူးဆိုလျှင်လည်း လက်ငင်းလိုအပ်ချက်ကိုဖြေရှင်းရန်ပြည်ထောင်စု၏အခြားပြည်နယ်များတွင်ဖွဲ့ စည်းပြီးသား
BGF အဖွဲ့ များကိုတနှစ်တန်သည် ၂နှစ်တန်သည်အကူအညီတောင်း၍ပို့ လွှတ်သင့်သည်။ ဥပမာကရင်ပြည်နယ်က DKBA နှင့်ရှမ်း၊ ကချင်ပြည်နယ်များက BGF များ။
အကောင်းဆုံးမှာရှိပြီးသားအခြားပြည်နယ်များ၏ BGF တပ်ဖွဲ့ များမှတစ်ဦးချင်းဖြစ်စေ - တပ်ဖွဲ့ 
အလိုက်ဖြစ်စေ-စာရင်းပေး/ပူးပေါင်း၍-အရေးပေါ်သဘောဖွဲ့ စည်းကာအချိန်အတိုင်းအတာနှင့်တာဝန် ကိုကန့် သတ်ထားမည့်ပြည်ထောင်စုနယ်ခြားစောင့်တပ်ဖွဲ့ Union Border Guard Forces (UBGF) ကြီးတစ်ခုဖွဲ့ စည်းယူခြင်းဖြစ်မည်။ UBGF သည်နယ်စပ်လုံခြုံရေးကိုသာတာဝန်ယူရန်ဖြစ်သည်။
ဤသို့ ဆိုလျှင်ပြည်ထောင်စုကြီး၏ဘေးရန်အသွယ်သွယ်ကိုကာကွယ်ရန်တိုင်းရင်းသားညီအစ်ကိုတော်များ
က၀ိုင်းဝန်း၍တာဝန်ယူကြသည်ဆိုသောနိုင်ငံရေးအနှစ်သာရကို highlight လုပ်ပေးရာလည်းရောက်မည်။
လူပြောများနေသောလ-၀-က၊ န-စ-ကထည်းမှအမျိုးသားရေးကိုသစ္စာဖေါက်၍ကိုယ်ကျိုးရှာနေသော သူများကိုရှင်းလင်းပေးပါ။ခန္ဓာကိုယ်မှမကောင်းသောခြေမလက်မများကိုဖြတ်ထုတ်ရန်အချိန်တန်ပါပြီ။
နောက်ဆုံးအားဖြင့်ကျောင်းဆရာ/ဆရာမများ၊ကျမ္မာရေးဝန်ထမ်းများအား ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာလိုအခြေခံစစ်ပညာသင်ပေးပြီးလက် နက်များထုတ်ပေးထားဖို့ ၊သံဃာတော်များခရီးသွားလျှင်လိုက်လံစောင့်ရှောက်ဖို့ လိုအပ်နေပြီ။  
ထိုင်းနိုင်ငံတွင် cellphones နှင့်မော်တော်ဆိုင်ကယ်လူတိုင်းမှာရှိကြပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင်အစိုးရကထိုအရာများကိုပါတပ်ဆင်ပေးသင့်ကပေးရမည်။
မြန်မာနိုင်ငံအတွင်းသို့ ဆယ်စုနှစ်ပေါင်းအတန်ကြာကပင်ရောက်နေပြီး
အခြေတကျဖြစ်နေပြီးသားသူများအတွက်ကားနောက်တမျိုးစီစဉ်ရန်ဖြစ်သည်။
ပထမအချက်အဖြစ်တည်ဆဲရခိုင်နှင့်ဘင်္ဂလီလူဦးရေအချိုးအဆလက်ရှိထက်ပို၍
တဘက်စောင်းနင်းမဖြစ်ရန်အစိုးရကထိမ်းညှိပေးပါ။တလင်တမယားစံနစ်မကျင့်
သုံးသောဘင်္ဂလီတို့ ၏လူဦးရေတိုးနှုံးကရခိုင်ထက်များနေသည်။ ထို့ ကြောင့်
UN နှင့်ညှိနှိုင်း၍ ယခုတနည်းတဖုံအားဖြင့်စမ်းသပ်နေသည့်Two children ပေါ်လစီကိုထိထိရောက်ရောက်လုပ်ပေးပါ။ 
(တရုပ်ပြည်တွင် One Child Policyအောင်မြင်နေသည်။)
မြန်မာပြည်တွင်လူဦးရေတိုးနှုံးမြင့်အုပ်စုများကိုTwo Children Policy နည်းဖြင့်ထိမ်းချုပ်မည်ဆိုလျှင်လက္ခံနိုင်ရပေမည်။)
လက်တွေ့ နိုင်ငံတကာစံဖြစ်သောတလင်တမယားစံနစ်ကိုမလိုက်နာသောမိသားစုဖြစ်နေလျှင်
Two children ပေါ်လစီသည်ပင်မလုံလောက် ပါ။ ထိုမိသားစုမျိုး (polygamous families)
တွင်သားသမီးနှစ်ယောက်ရှိပြီးဖခင်တိုင်းကို bio-engineering (voluntary or enforced neutering) လုပ်ပေးရန်လိုအပ်မည်ဖြစ်သည်။
သို့ မှသာ၎င်းတို့ ၏ပညာရေးနှင့်ယဉ်ကျေးမှုအဆင့်အတန်းသည်ပြည်ထောင်စုတွင်းရှိမြန်
မာမူဆလင်များ၏အဆင့်အတန်းနှင့်ညီမျှလာမည်။ အခြားသူများကိုအန္တရယ်ပြုမည့်လူဆိုး များဖြစ်လာကြမည့်ဘ၀မျိုးမှလမ်းလွှဲယူနိုင်မည်၊အကြမ်းဖက်သမားတို့ ၏စည်းရုံးရေး သြဇာအောက်မှဆွဲထုတ်နိုင်မည်ဖြစ်သည်။ 
ဤနည်းများဖြင့်တဖက်တလမ်းကရခိုင်အပေါ်ဘင်္ဂလီလူဦးရေဖိအားလျှော့ပေးရာကျမည်။
တတိယနိုင်ငံများမှအစိုးရများကဒုက္ခသည်များ (refugees) အဖြစ်နှင့်မျှဝေယူလာကြစေရန် လည်းမြန်မာအစိုးရက UNHCR နှင့်ယခုထက်ပို၍ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
ရခိုင်ရှိဘင်္ဂလီတွေကိုအကုန်လုံးပြန်မောင်းထုတ်ပစ်ရန်သို့ မဟုတ်လက်စတုံး (ethnic cleansing) ပစ်ရန်မဖြစ်နိုင်။ (immoral) ဤသို့ ဆိုလျှင်၎င်းတို့ ကိုတနည်းနည်းဖြင့်နေရာချ(accommodate) ထားမှလက်တွေ့ ကျမည်ဖြစ်ပါသည်။
မည်သည့်ခြေလှမ်းကိုမျှမလှမ်းမီဤသန်းချီ၍ရှိသောလူအုပ်ကြီးကိုတစ်ဦးချင်းစာရင်းကောက်၍ သိုးနှင့်ဆိပ်ခွဲခြား(လူကောင်းနှင့်လူဆိုး)သည့်အလုပ်ကိုနိုင်နိုင်နင်းနင်းကြိုတင်လုပ်ထားရလိမ့်မည်။ 
[ယခုလက်ရှိလူရှစ်သိန်းအနက်လေးသိန်းကိုနိုင်ငံသားစီစစ်ရေးကပ်ပြား
ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။ ကျန်လူများကိုယာယီကပ်ပြား (အဖြူရောင်ကဒ်)ပေးထားပြီးခရီးသွားလာခွင့်ကန့် သတ်ထားသည်ဟုဆိုသည်။]
လွန်ခဲ့သည့်အပါတ်ကအမေရိကန်ပြည်ထောင်စုတွင် - အိုဘားမားအစိုးရက - မိဘများနှင့်အတူ (ခိုးဝင်၍) ရောက်လာစေကာမူ-အသက်၁၆နှစ်မတိုင်မီကရောက်တာဖြစ်ပြီး-တဆက်တည်းနေသက် ငါးနှစ်ထက်မနည်းရှိနေသူ-လက်ရှိအသက်သုံးဆယ်အောက်ဖြစ်ကာကျောင်း၊ကောလိပ်၊ တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားနေသူ-ရာဇ၀တ်ပြစ်မှုကင်းရှင်းသော-မက္ကဆီကန်လူငယ်များ ကိုအမေရိကန်ပြည်ထောင်စုတွင်ယာယီတရားဝင်ဆက်လက်နေထိုင်ခွင့်အစီအမံတစ်ခုကိုတီထွင်ခဲ့သည်။
ထိုမှတဆင့်အမေရိကန်နိုင်ငံသားဖြစ်လာနိုင်မည့်အစီအစဉ်တစ်ခုဆက်လက်ဖန်တီးပေးရန်လည်းအလားအလာရှိသည်။ 
(အိုဘားမားသည်ရွေးကောက်ပွဲနီးလာသဖြင့်ဦးနုလုပ်ခဲ့သလို election politics လုပ်တာလဲဖြစ်ကောင်းဖြစ်မည်။) 
ရခိုင်ရောက်ဘင်္ဂလီများကိစ္စတွင်နောက်ဆုံးပေါ်အမေရိကန်နည်းကို carbon copy ကူးရန်
မတိုက်တွန်းပါ။ အမေရိကန်များနှင့်မက္ကဆီကန်များအကြားမှာဘာသာရေးတံတိုင်းမရှိချေ။
မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာနေသလိုမျိုးဖြစ်သည်။သို့ သော်ရခိုင်ရှိဘင်္ဂလီတစ်သန်းလောက်က
ထိုကဲ့သို့ မဟုတ်။ ဘာဘဲဖြစ်ဖြစ်လက်တွေ့ ကျကျဖြေရှင်းပစ်သည့်စိတ်ထားကိုအတုယူယူသင့်သည်။
တတိယတင်ပြလိုသည့်အချက်မှာရခိုင်လူငယ်များရခိုင်ပြည်မှာနေကြရန်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးမှုကြောင့်မြန်မာနိုင်ငံသားများတိုင်တပါးသို့ ထွက်ခွာရာတွင်ရခိုင်လူငယ်များ လည်းအများအပြားပါဝင်သည်။ တခြားပြည်နယ်များအတွက်ပြဿနာမကြီးလှသော်လည်းရခိုင်ပြည်နယ် တွင်မိမိထက်ပို၍ဆင်းရဲသောတဘက်နိုင်ငံမှခိုးဝင်လာသူများကိုနေရာဖယ်ပေးသလိုဖြစ်နေသည်။
[ပြည်တွင်း၌အလုပ်အကိုင်ရှားပါးခြင်းသည်စီးပွားရေးပိတ်ဆို့ မှုဆန်ရှင်ကြောင့်လည်းဖြစ်ရာ ‘ဆန်ရှင်နိုင်ငံရေး’သည်ပြဿနာ၏တစိပ်တစ်ပိုင်း (part of the problem)ဖြစ်သည်ကိုပြော
မနေတော့ပါ။ ယ္ခုလည်းဆန်ရှင်နောက်တနှစ်ဆက်ရှိနေဦးမည်။]
လူကိုလူတံတိုင်းဖြင့်ကာကွယ်ထားခြင်းထက်အခြားဘာအစီအမံကမှပို၍မထိရောက်။ ကမ္ဘာ့နိုင်ငံအများတွင်မဟာဗျူဟာသဘော (strategic reasons) အရတိုင်းပြည်၏အချို့ သော အစိပ်အပိုင်း၌နေထိုင်သူများကိုအစိုးရကထောက် ပံ့မှုများပံ့ပိုးပေးသည်(subsidies)။ ဥပမာအစ္စရေးတွင်သိမ်းပိုက်ထားသောနယ်မြေများတွင်အခြေချနေထိုင်သူများ၊
ကနေဒါတွင်မြောက်ဘက်ဝင်ရိုးစွန်းနားနီးဒေသများတွင်နေထိုင်သူများ။
[ဤရေခဲပြင်ကြီးအောက်တွင်ရေနံသိုက်ကြီးများရှိသည်။]
ပြည်ထောင်စုအစိုးရဤအချက်ကိုမသိ၊ ဘာမှလုပ်ကိုင်မထားသေးဟုမပြောပါ။ အစိုးရတွင်ဘဏ္ဍာရေးမလုံလောက်သည်ကိုလည်းသိပါသည်။သို့ သော်အချို့ သောကိစ္စများ သည်စားစရာမရှိသော်လည်းလျော်စရာရှိရမည်။ရခိုင်သည်ပြည်ထောင်စု၏အနောက် တံခါးပေါက်ဖြစ်သည်။ ယခုထိုတံခါးပေါက်ကိုယခင်ကထက်ပိုဂရုစိုက်မှဖြစ်တော့မည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှအရွေးခံကြရသည့်ဘူးသီးတောင်မောင်တော
နယ်စပ်မှလွှတ်တော်ကိုယ်စားလှယ်များကိုဆိုလိုသည်။ (သူတို့ အထည်းကတစ်ချို့ 
သည်ဗြိတိသျှဝန်ကြီးချုပ် David Cameron လာတုံးကသံအမတ်ကြီးအိမ်တွင်တွေ့ 
ဆုံကာ၊မိမိတို့ ကိုကိုယ် “ရိုဟင်ဂျာ”များအဖြစ်မိတ်ဆက်၍မြန်မာအစိုးရကဖိနှိပ်နေကြောင်း
တိုင်တန်းသူများလည်းပါနေသည်ကိုသတိပြုမိသည်။)
ဤနေရာတွင်အခြားသူများနှင့်မတူသောမိမိ၏အမြင်ကိုတင်ပြလိုပါသည်။ ယခုမြန်မာကလက်ခံထားရသောသူတို့ ကိုယ်သူတို့ ရိုဟင်ဂျာများဖြစ်သည် တိုင်းရင်းသားတစ်မျိုးပါဟုပြောပြီးသီးသန့် နယ်မြေတစ်ခု (၀လူမျိုးစုအလားတူ)
တောင်းနေတာထက် - သူတို့ တစ်ဦးချင်းစီကမြန်မာနိုင်ငံသားအဖြစ်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလိုက်နာပါမည်၊ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိမ်ဆိုကြစေခြင်းကပို၍ကောင်းပါသည်။
လူမျိုး၊ဘာသာမရွေး “ဒီနိုင်ငံမှာမွေးလျှင်” နိုင်ငံသားပြု၍နိုင်ငံသားတာဝန်နှင့် အခွင့်အရေးများပေးအပ်သည်မှာကနေ့ ခေတ်အတိုင်းတိုင်းအပြည်ပြည်ကကျင့်
သုံးနေသောနိုင်ငံတကာထုံးစံဖြစ်သည်။
ဤနည်းလမ်းများဖြင့်သာတဘက်နိုင်ငံ၏ပိုင်နက်ကိုနတ်မြစ်၏ဒီဘက်ကမ်းသို့  တဘက်နိုင်ငံသားတွေကနယ်ချဲ့ လာခြင်းကိုကာကွယ်နိုင်လိမ့်မည်။
“မြေကိုတလက္မမျှမပေးဘဲ(ရောက်နေသည့်)လူကိုမွေးစား”လိုက်ခြင်းဟုခေါ်
လိုကခေါ်နိုင်မည်ထင်ပါသည်။(adoption and assimilation) သို့ ဖြစ်သောကြောင့် -
လူသစ်များထပ်ဝင်မလာနိုင်အောင် BGF တပ်ဖွဲ့ များသုံး၍တင်းတင်းကျပ်ကျပ်
 ထိထိရောက်ရောက်တားဆီးခြင်း -
 ရှိပြီးသားလူများ၏လူဦးရေတိုးနှုံးကို bio-engineering နည်းဖြင့်ထိမ်းချုပ်ခြင်း-
-       
 ခလေးသူငယ်များ/အထူးသဖြင့်ဤတိုင်းပြည်မှာမွေးဖွားသောခလေးများကိုရခိုင်ပြည်နယ်ပြင်ပ
(ရခိုင်များအပေါ်လူဦးရေဖိအားလျှော့စေရန်))
-         
“အစားထိုး" နိုင်ငံရေးရည်မှန်းချက်ပေးခြင်း - (offering alternative political ambition) ဆိုလိုသည်မှာ“တိုင်းရင်းသားတစ်ခုအဖြစ်အသိအမှတ်ပြုခံရရေး၊ကိုယ်ပိုင်နယ်မြေရရှိရေး”အစား “မြန်မာနိုင်ငံသားများအဖြစ်နှင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပါတာဝန်နှင့်အခွင့်အရေး
များဘောင်အတွင်းသိမ်းသွင်းခြင်း” (assimilating with Myanmar Muslim community) တို့ လုပ်ရမည်၏ယူဆပါသည်။
ချက်ချင်းအရေးတကြီးဆောင်ရွက်ရန်၂ ချက်မှာရခိုင်ပြည်နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့ 
(Border Guard Forces)များဖွဲ့ စည်းပေးရန်၊ 
 အုပ်ချုပ်ရေးဝန်ထမ်းများသာမက ပညာရေး၊ ကျမ္မာရေးဝန်ထမ်းများ
ကိုပါလက်နက်တပ်ဆင်ပေးရန်ဖြစ်ပါသည်။  
ကိုလိုနီဘ၀မှာအမြစ်တွယ်ခဲ့ပြီးလွပ်လပ်ရေးခေတ်နှစ်ပေါင်း ၆၀ ကျော်အ တွင်းနိုင်နင်းအောင်မဖြေရှင်းခဲ့သည့်ပြဿနာကိုယခုအချိန်မှစ၍လက်စသပ် သည်အထိဖြေရှင်းလျှင်ပင်ဆယ်နှစ်လောက်အချိန်ယူကောင်းယူရလိမ့်မည်။
ဘင်္ဂလားဒက်ရှ်အစိုးရထံမှယခုထက်ပိုကောင်းသောပူးပေါင်းဆောင်ရွက်မှု
ရအောင်မိမိဘက်ကရှိသမျှအားသာချက်တစ်ခုမကျန်အသုံးချစေချင်သည်။
လက်ရှိတွင်သူတို့ အစိုးရပယောဂမပါတာကိုသက်သေပြနေသည့် အဆင့်မှာဘဲရှိသည်။
မြန်မာသံတော်ဆင့်
[ဤသုံးသပ်ချက်ကိုရေးသားရာ၌၀ိုင်းဝန်းဆွေးနွေးပေးသောကနေဒါ၊ ၾသစေတ်းလ် နှင့်ဥရောပမှမိတ်ဆွေတို့ ကိုကျေးဇူးတင်ပါသည်]
ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား
                                  (Photo: One of Bengali liberation Group base in Bangladesh )                                                  
by Aung Zin Latt on Friday, July 20, 2012 at 4:33pm
 ·
ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်းတွေ့ရတယ်။
ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့ လေ့လာသူအချို့က သုံးသပ်ကြတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့ ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။
ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို သတိထားမိတယ်။
နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။
ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ် ဆိုတာမျိုးတော့ ပြောတာရှိတယ်။
ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။
ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင် အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက် သားသမီး အယောက် ၂၀ ဆိုတဲ့ ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။
လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။
မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။
ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။
သူတို့ရဲ့ အစီစဉ်က ကိုဆိုဗိုမှာလို အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေ ကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။
မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက  ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။
(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)
ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။
ဒီလိုနဲ့  နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း  ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။
အဲဒီကိုဆိုဗိုစစ်မှာ မွတ်ဆလင်ညီအကို ဆိုတဲ့အမြင်နဲ့ ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့  မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။
တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။
အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့က မြန်မာကို အရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။
၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။
တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။
ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။
ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။
တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။
အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။
အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘာမှမဆိုင်ပဲ ငါတို့မွတ်လဆင်တွေဆိုပြီး ရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။
တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။
တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။
ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။
ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။
ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။