Tuesday, September 18, 2012

နိုင်ငံတော်အစိုးရ သမ္မတထံသို့ မောင်တောမြို့နယ်မြို့မိမြို့ဖများက တင်သွင်းသည့် အစီအရင်ခံစာ အပိုင်း(၂)

နိုင်ငံတော်အစိုးရ သမ္မတထံသို့ မောင်တောမြို့နယ်မြို့မိမြို့ဖများက တင်သွင်းသည့် အစီအရင်ခံစာ အပိုင်း(၂)

by Won Thar Nu on Wednesday, September 19, 2012 at 1:10am ·
 

“ရခိုင်ပြည်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေထိုင်သူ ဘင်္ဂါလီလူမျိုး (၅)သိန်းကျော်ရှိသည်။ မြန်မာ(အစိုးရ)အနေဖြင့် ထိုသူတို့အား တိုင်းပြည်မှ နှင်ထုတ်ပိုင်ခွင့်ရှိသည်ဟု မစ္စတာကိုင်ဇာ(ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အမြဲတမ်း ကိုယ်စားလှယ်)က ၀န်ခံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၌ လတ်တလောအခက်အခဲကြုံတွေ့နေရချိန်တွင် ဤပြဿနာအပေါ် ဖိအားပေး ခြင်းမပြုပါရန် မြန်မာအာဏာပိုင်တို့အား သူ့အနေဖြင့် အနူးအညွတ်ပန်ကြားပြီးဖြစ်သည်။” (ကိုးကားချက်-အမျိုးသား မော်ကွန်းတိုက် (လန်ဒန်)စာရွက်စာတမ်းအမှတ် FCO 15/2041-C 384097)

ဝး၄း၇ စီစစ်သုံးသပ်ချက်

တင်ပြခဲ့သည့်အချက်အလက်အထောက်အထားများ အထူးသဖြင့် လန်ဒန်မြို့အမျိုးသားမော်ကွန်းတိုက်ရှိ သံတမန်ရေး ဆိုင်ရာမှတ်တမ်းများအရ ရခိုင်ပြည်ရှိမူဆလင်ဘာသာဝင်များသည် စစ်တကောင်းနယ်သားများဖြစ်ကြောင်း၊ ၎င်းတို့သည် ဘူးသီးတောင်၊ မောင်တောနယ်မြေအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် (သို့) အရှေ့ပါကိစ္စတန်/ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်နှင့် ပေါင်းစည်းဆက်စပ်ရန် အစဉ်အမြဲကြိုးစားခဲ့ကြကြောင်းတွေ့ရသည်။ ယင်းသို့မဆောင်ရွက်နိုင်သောအခါများတွင် အာဏာပိုင် များအားချဉ်းကပ်၍ အပျော့ဆွဲ၊ အချောင်နှိုက်တတ်ပြီး၊ မရ ဒဿကချဉ်ပြုကျင့်လေ့ရှိကြသည်။ ဥပမာ-ဦးနုလက်ထက်က မေယုခရိုင်အဖြစ်တောင်းဆို၍ ရခိုင်ပြည်နယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးဥပဒေပြုရေး အာဏာစက်ကွင်းမှ လိမ္မာစွာတိမ်းရှောင် နေခဲ့ကြသည်။ မြေအောက်တွင် မူဂျာဟစ်သောင်းကျန်းသူမီးကိုမူ ပရိယာယ်ေ၀၀ုစ်အမျိုးမျိုးပြကာ စခန်းသွားခဲ့ကြသည်။ မူဆလင်အမတ်များနှင့် မူဆလင်လူထုမှာ သူတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် မေယုနယ်မြေတွင် မြန်မာတိုင်းရင်းသား တစ်ကောင်တစ်မြီးမှ နေထိုင်ခြင်းမရှိစေရေးအတွက် စဉ်ဆက်မပြတ်ဇောက်ချလုပ်ဆောင်ခဲ့ကြသည်ကို ထင်ထင်ရှားရှားတွေ့ရ မည်ဖြစ်ပါသည်။
            အထက်က တင်ပြခဲ့သော အရေးအခင်း(၄)ရပ်လုံးကညွှန်ပြနေသည်မှာ (၁)ကုလားတန်အနောက်ခြမ်းမှသည် နတ်မြစ် အရှေ့ဘက်ကမ်းထိ နယ်မြေတစ်ခုလုံးကို မူဆလင်ရာနှုန်းပြည့်ဖြစ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မူဆလင်ပြည်နယ်ဖြစ်ရေး၊ (၂)အခြေအနေအခွင့်အခါပေးပါက ၎င်းနယ်မြေတစ်ခုလုံးကိုခွဲထုတ်ယူရေးစသည့် အချက်(၂)ရပ်ကို လယ်ပြင်မှာ ဆင်သွား သကဲ့သို့ ထင်ရှားစွာတွေ့ရမည်ဖြစ်ပါသည်။
            အမှတ်စဉ်(၄)အချက်ဖြစ်သော ရမ်းဗြဲ၊ တောင်ကုတ်အဖြစ်အပျက်များကို အကြောင်းပြု၍ ၈.၆.၁၂ နေ့ တစ်မြို့နယ်လုံး အား ချေမှုန်းပစ်ရေးသည် ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာ၊ တနည်းအားဖြင့် ရခိုင်နှင့် ကုလား ၀ရုဏ်းသုဉ်းကား၊ နိုင်ထက်စီးနင်းဖြစ်ပျက်ခဲ့သည့်အရေးအခင်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်၏အချုပ်အခြာအာဏာကို စော်ကားဖောက်ဖျက် ကျူးလွန်သည့် ထိပ်တိုက်ရင်ဆိုင်စိန်ခေါ်မှုပင်ဖြစ်ကြောင်း နားလည်ရမည်ဖြစ်သည်ဟုယုံကြည်ရပါသည်။ ယင်းသို့နားလည်မှ သာ ရှေ့ဆက်ဆောင်ရွက်ရမည့်မဟာဗျူဟာနည်းဗျူဟာလုပ်ငန်းများကို ရှင်းလင်းစွာသိမြင်နိုင်မည်ဖြစ်ပါသည်။ ပြဿနာ၏ အတိမ်အနက်၊ အကျယ်အ၀န်းနှင့် ရည်မှန်းချိန်ချချက်(Focus)ကိုပေါ့ပေါ့ဆဆတွက်မှားမိလျှင် အပ်နှင့်ထွင်မည့်နေရာကို ပုဆိန်ဖြင့်ဖောက်ခွဲရသကဲ့သို့ အချိန်နှင့်ခွန်အား တလွဲအသုံးချ မှားယွင်းမိနိုင်ပါသည်။
            မောင်တောဒေသတွင်ဖြစ်ပျက်ခဲ့သည့်(၀းဝး၃)တွင်တင်ပြခဲ့သော စစ်တကောင်းဘင်္ဂါလီကုလားများ၏ ထကြွမှု(၄)ရပ် လုံးမှာ ဤစာတမ်း၏(၀း၎း၆)တွင်ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတကာအသွင်ဆောင်နေကြောင်း အကဲဖြတ်နိုင်ပါသည်။
(၁)        လူ့အခွင့်အရေးအရေခြုံလျှက် ဒေသနေတိုင်းရင်းသားပြည်သူများ (အိစ္စလာမ်ဘာသာဝင်မဟုတ်သော သူတို့အဆို Kuffar (Infidel)များ)အား လက်စတုံးသတ်ဖြတ်ရန် အဓိကရည်မှန်းခြင်း။
(၂)        သတ်ဖြတ်မှုများ ရာနှုန်းပြည့်အောင်မြင်ခဲ့လျှင်လည်း ယင်းသို့သောလှုပ်ရှားမှုများကြောင့် ဒေသနေတိုင်းရင်းသား ပြည်သူများ တစ်စတစ်စဒေသစွန့်ခွာထွက်ပြေးသွားခြင်းဖြင့် နောင်တွင်ရာနှုန်းပြည့်မူဆလင်သီးသန့်ဒေသ ပေါ်ပေါက် လာရန် ရည်မှန်းခြင်း။
(၃)        အားနည်း၍မတည်ငြိမ်သော အုပ်ချုပ်ရေးကာလများဖြစ်ပေါ်အောင် ဇွတ်အတင်းလုပ်ဆောင်ပေးခြင်းဖြင့် ပြည်တွင်း ပြဿနာ(ဘင်္ဂါလီမူဆလင်အားလုံး မြန်မာတိုင်းရင်းသားဖြစ်ရေး)ကို ကမ္ဘာ့အ၀ိုင်းအ၀န်းသို့ ရောက်ရှိအောင်၊ ယင်းဖိအားဖြင့် ကုလားတန်အနောက်ခြမ်းတစ်ခုလုံးအား သီးခြားမူဆလင်ပြည်နယ်တည်ထောင်ရေး ရည်မှန်းချက်ဆီ ဦးတည်သွားစေမည်ဟု မျှော်မှန်းကြခြင်း။
(၄)        နယ်စပ်အုပ်ချုပ်ရေးမတည်မငြိမ်ဖြစ်ပေါ်လာခြင်းဖြင့် အိမ်နီးချင်းမူဆလင်နိုင်ငံ(ဘင်္ဂါလားဒေ့ရှ်)နှင့် တင်းမာမှုများ ဖြစ်လာပြီး လက်နက်ကိုင်ပဋိပက္ခများ၊ ကျူးကျော်ရေးစစ်ပွဲများဖြစ်လာအောင် ဖန်တီးယူရေး၊ ယင်းကိုအကြောင်းပြု၍ မူဆလင်ကမ္ဘာနှင့် မူဆလင်အကြမ်းဖက်သမား(အယ်ခိုင်ဒါ)တို့၏လက်နက်၊ ငွေကြေးနှင့် စိတ်ဓါတ်ရေးရာအကူအညီ များ ၀င်ရောက်စွက်ဖက်မှုများ အခွင့်အလမ်းပွင့်လင်းလာအောင် ဖန်တီးယူရေး ရည်မှန်းကြခြင်း(ဥပမာ-စစ်တကောင်း နယ်အချို့ဒေသများတွင် “မူဆလင်များကို မျိုးဖြုတ်သတ်ဖြတ်ခံနေရပြီ”၊ “လက်စားချေသတ်ဖြတ်ကြ”ဟူ၍ စာတမ်း များ ချိတ်ဆွဲလျှက် ဘင်္ဂါလားဒေ့ရှ်ရှိရခိုင်များအား လက်စားချေသတ်ဖြတ်မှုများဖြစ်ပေါ်ရှုတ်ထွေးလာစေရန် မူဆလင် အကြမ်းဖက်သမားများက လှုံ့ဆော်မှုပြုခဲ့ကြသည်ဟု ယုံကြည်ရသောသတင်းပို့ချက်ရရှိခဲ့ပါသည်)။
(၅)        ပြည်ပအခြေစိုက် ရိုဟင်ဂျာ(ခ)လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့(ARNO)ရုံးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရှိ ဂျူမေခါရပ်ကွက်၊ ဂျူမေခါလမ်း၊ အိမ်နံပါတ်(၃၀)တွင်ဖွင့်လှစ်ထားပါသည်။ သူတို့၏စစ်စခန်းများမှာ ZAI-LAR-SAW-RI HQ Camp-Map Refrence(PG-2916), Daw-Maw Sri Camp-Map Refrence(PG-0537), and Kyar-Laung-Taik Camp-Map Refrence(PG-2026)တို့မှာဖြစ်သည်။ (ARNO)၏ဥက္ကဋ္ဌမှာ Nurul Islam ဖြစ်ပါသည်။ သူသည် ရခိုင်ပြည်နယ်မှပြည်ပြေးတစ်ဦးဖြစ်ပါသည်။ (ARNO)ခေါင်းဆောင်များသည် အိုစမာဘာလာဒင် ၏တာလီဘန်အဖွဲ့နှင့် အယ်ခိုင်ဒါ(AL QAEDA)အဖွဲ့တို့မှပို့ချသည့် အဆင့်မြင့်အရာရှိသင်တန်းများတွင် တက်ရောက်ခဲ့ ကြောင်းသိရပါသည်။ (၁၀.၁၀.၂၀၀၂)နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် O2 Rangoon 1310 စာတမ်းအား Wikileaks မှ ကူးယူဘာသာပြန်၍ James Mmt က Oct-20, 2011 နေ့ Website တွင် “Wikileaks မှပြောသည့် ရိုဟင်ဂျာနှင့် AL QAEDA…”ခေါင်းစဉ်ပါစာတမ်း)
(၆)        “ခွဲထွက်ရေးလှုပ်ရှားမှုများ၏နောက်ကွယ်တွင် အထွေထွေလူထုအားစုစည်းရန်ကြိုးပမ်းနေကြသော မူဂျာဟစ်တဖြစ်လဲ ရိုဟင်ဂျာများသည် ၎င်းအရေးအား နိုင်ငံတကာနိုင်ငံရေးဝဲဂယက်ထဲသို့ ဆွဲသွင်းလျှက် မြန်မာပြည်အနောက် မြောက်ပိုင်းဒေသ၌ လွတ်လပ်သော အိစ္စလာမ်နိုင်ငံထူထောင်ရန်အလို့ငှာ နိုင်ငံရေးအခွင့်အလမ်းရရှိရေး၊ နိုင်ငံသား ဖြစ်ခွင့်ရရှိရေးစသည်တို့အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ဟု အခိုင်အမာကြေညာခဲ့ကြသည်။ ယခင် ဂျီဟတ် မူဂျာဟစ်အဖွဲ့အစည်းမှ ကနဦးအစပြုခဲ့သော ရိုဟင်ဂျာခွဲထွက်ရေးလှုပ်ရှားမှုအဖွဲ့ဝင်များတွင် အယ်ခိုင်ဒါအယူသည်းဝါဒ အမြစ်တွယ်နေကြပြီး၊ ယခုအခါ နိုင်ငံတကာ ဂျီဟတ်တိုက်ပွဲဝင်သူများဖြစ်လာကြသည်။ ၎င်းတို့သည်အနောက်နိုင်ငံ များဖြစ်ကြသော အမေရိကန်၊ အထူးသဖြင့် အစ္စရေးတို့အား အပြီးပြတ်ချေမှုန်းလျှက် အိစ္စလာမ်ကမ္ဘာသစ်တစ်ခု ထူထောင်ရန် နယ်စည်းမခြားတိုက်ပွဲဝင်နေကြသည်…”(Mg Tha Hla: Rohingya Hoax, New York, 2009, P-67)
(၇)        အယ်ခိုင်ဒါက မြန်မာအစိုးရအား သတိပေးစာတစ်စောင်ကို ၁၄.၆.၁၂ နေ့တွင် Facebook စာမျက်နှာ၌တွေ့ရပါသည်။ ၎င်းကြေညာချက်ပါတောင်းဆိုချက်များမှာ ထူးခြားမှုမရှိသော်လည်း ကမ္ဘာ့အကြမ်းဖက်အဖွဲ့ဖြစ်သည့် အယ်ခိုင်ဒါသည် ဘာကြောင့်ဝင်စွက်ရသလဲဆိုသည့်အကြောင်းအချက်နောက်ကွယ်တွင် မေးစရာမေးခွန်းများစွာရှိနေပါသည်။ ၎င်းတွင် “အဆုံးမသတ်နိုင်သောစစ်ပွဲနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်”ဟူသော စိန်ခေါ်ချက်တစ်ရပ် ပါရှိပါသည်။ “ကျွန်ူပ်တို့သည်(အယ်ခိုင်ဒါအဖွဲ့သည်)မည်သည့်ဆင်ခြေကိုမျှလက်ခံလိမ့်မည်မဟုတ်”ဆိုသော ပမာမခန့် သည့်အမိန့်ပေးချက်ဖြင့် အဆုံးသတ်ထားကြောင်းတွေ့ရသည်။ ၎င်းကြေညာချက်ကို ဆာနီ(အိစ္စလာမ်ဂိုဏ်းချုပ်) တစ်ဦးက လက်မှတ်ရေးထိုးထားသည်။ (၁၄.၆.၁၂ နေ့စွဲပါ Facebook စာမျက်နှာ)
            အထက်ပါစီစစ်သုံးသပ်ချက်များသည်ဖြစ်ပေါ်ခဲ့သည့် ဘင်္ဂါလီမူဆလင်များ၏ထကြွမှု(၄)ရပ်လုံးကို ဒေသခံတိုင်းရင်း သားပြည်သူများ၏ အနှစ်နှစ်အလလခံစားခဲ့ကြရသော ရင်တွင်းဖြစ်ဝေဒနာများနှင့်  မီဒီယာများတွင် တင်ပြခဲ့ကြသူများ၏နိုင်ငံ တကာအတွေ့အကြုံများမှ စုစည်းသုံးသပ်ချက်များဖြစ်ပါသည်။


ဝး၅းဝ နိဂုံး
         
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နေထိုင်ကြသည့်တိုင်းရင်းသားပြည်သူများဖြစ်သော မြို၊ သက်၊ ခမီး၊ ဒိုင်းနက်၊ ရခိုင်၊ ဗမာ အမျိုးသားများသည် ခေတ်အဆက်ဆက်တိုင်းတွင် မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ချမှတ် ထားသော လုံခြုံရေးဆိုင်ရာပြဋ္ဌာန်းချက်များအတိုင်း တသွေမတိမ်းမျှော်လင့်အားကိုးစွာပုံအပ်ကာ အေးအေးချမ်းချမ်းနေထိုင်လာ ကြသည်မှာ ယနေ့အချိန်ထိဖြစ်ပါသည်။ယင်းသို့အဆက်ဆက်သောခေတ်များကို မျိုးဆက်ပေါင်းများစွာ ဒုက္ခသုခအလီလီဖြင့် ဖြတ်သန်းနေဆဲ နောင်လည်း ဖြတ်သန်းရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသတွင် စစ်တကောင်းနွယ် ဘင်္ဂါလီမူဆလင်များ၏ လူဦးရေ အသာစီးရနေမှုကို အကြောင်းပြု၍ အနိုင်ကျင့်ခံရခြင်း၊ ဓါးပြတိုက်ခံရခြင်း၊ လုယက်ခံရခြင်း၊ တိုင်းရင်းသူများ မုဒိမ်းကျင့်ခံရခြင်း၊ သားငါးတိရိစ္ဆာန် ကဲ့သို့ ကိုယ်ခန္ဓာအား အစိတ်စိတ်အမွှာမွှာပိုင်းဖြတ်အသတ်ခံရခြင်းစသည့် မကြားဝံ့ မနာသာသောဒုက္ခများကို ကျိန်စာသင့်သူ များကဲ့သို့မကြာခဏခံစားနေကြရပါသည်။ (အကျယ်ကို နောက်ဆက်တွဲတွင် ရှု)*
            ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိသည်သာမက စိတ်ပိုင်းဆိုင်ရာအရ စိုးရိမ်ထိတ်လန့်မှုအကြောက်တရား နယ်ပယ်တွင် ကျီးလန့်စာစားဘ၀ဖြင့် အသက်ရှင်နေကြရပါသည်။ ခြံတွင်ပိတ်လှောင်ထားသော ကြက်၊ ငှက်ကဲ့သို့ ဓါးစာခံ (Scapegoat)ဘ၀ဖြင့် မိမိမြေတွင် မိမိနေထိုင်ပါလျှက် တိုင်းတပါးသားဖိအားအောက်တွင် “ဇိကုတ်၍ ငရဲချ”သကဲ့သို့ နင့်နင့်နဲနဲ ခံစားနေကြရသည်မှာ ကာလကြာခဲ့ပါပြီ။
            သို့သော် “သေသော်မှတည်း အော်ကောင်း၏”ဟူသော ထုံးကိုနှလုံးမူ၍ “အမျိုးသီလ၊ နှစ်ဌာန”ကိုစောင့်ရှောက်လျှက် “အမိမြေတစ်လက်မကိုမျှအပါမခံ”ဟူသော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ကြိတ်မှိတ်တောင့်ခံကာ မည်သည့်အခါမျှ ဒင်းတို့ကို အလျှော့ပေးလိမ့်မည်မဟုတ်ကြောင်း သစ္စာဆိုရဲပါသည်။ ပြည်ထောင်စုအကျိုးအတွက် လူသားတံတိုင်းအဖြစ် မိမိခန္ဓာအား စတေး၍ကာကွယ်သွားရန် အဓိဋ္ဌာန်ပြုပါသည်။
            ဤသို့သော စိတ်ဓါတ်ခွန်အားဖြင့် အမျိုးဘာသာ သာသနာနှင့်ပြည်ထောင်စုကို ကာကွယ်စောင့်ထိန်းသွားရန် အသင့် ရှိနေကြပါသည်။
            သို့သော် နယ်စပ်နေတိုင်းရင်းသားပြည်သူများအား တစ်စိတ်တစ်ပိုင်းဖြေသာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(င) အရ နိုင်ငံတော်အစိုးရမှ အောက်ပါတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အလေးအနက်အကြံပြုတင်ပြအပ်ပါသည်။

ဝး၅း၁ အကြံပြုချက်များ

(၁)     ဘင်္ဂါလီမူဆလင်များ နယ်စပ်ဖြတ်ကျော်၍ဥပဒေမဲ့ခိုးဝင်မှုများမဖြစ်ပေါ်စေရေးအတွက် ယခုထက်ပိုမိုသော အစီအမံများဖြင့် စနစ်တကျ၊ တိကျစွာ ကြပ်ကြပ်မတ်မတ် ပိတ်ဆို့တားဆီးအရေးယူမှုများဆောင်ရွက်ပေးပါရန်။
(၂)     ပြည်တွင်းရောက်ဘင်္ဂါလီမူဆလင်များအား ပြဋ္ဌာန်းပြီးသော လူဝင်မှုဥပဒေ၊ အက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ နောင်ကြဉ်စေမည့်အရေးယူမှုများဖြင့်ထိရောက်စွာ စီမံဆောင်ရွက်ပေးပါရန်။
(၃)     ရိုဟင်ဂျာဆိုသူတို့နှင့်ပတ်သက်၍ တိကျပြတ်သားသော သတိပေးကြေညာချက်များ၊ ထုတ်ပြန်ချက်များ၊ အတိအလင်းထုတ်ပြန် ကြေညာပေးပါရန်။
(၄)     ပြည်တွင်းနေဘင်္ဂါလီမူဆလင်များအား လူဦးရေဖြန့်ခွဲနေရာချထားသောနည်းဖြင့် သင့်တော်သည့်နေရာများ (အသွားအလာခက်ခဲသည့်ကျွန်းစုများ၊ တောတောင်များ)သို့ ပြောင်းရွှေ့နေရာချထားပေးရန်။ (သို့မဟုတ်) တိုင်းရင်းသားများနေထိုင်ရာဒေသနှင့်ဝေးလံသည့် သီးသန့်နေရာများတွင် ဖြန့်ခွဲနေရာချထားပေး၍ လိုအပ်ပါက တံတိုင်းကာဆီး၍ စောင့်ကြပ်ကွပ်ကဲဆောင်ရွက်ပေးပါရန်။
(၅)     မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တိုင်းရင်းသားပြည်သူများနှင့် မူဆလင်များ လူဦးရေအချိုးအစား အလွန်အမင်းမကွာခြားစေရန် တိုင်းရင်းသားကျေးရွာသစ်များ အလုံးအရင်းဖြင့်ချထားပေးပါရန်။


* “နောက်ဆက်တွဲ(ဃ)တွင် ဖြစ်ရပ်မှန်မှုခင်းများကို လက်လှမ်းမီရာမှတ်တမ်းတင်ထားရှိချက်များသာဖြစ်ပါသည်။ မှုခင်းမှတ်တမ်းမှာ အစုံအလင်မဟုတ်ပါ”

(၆)     ၎င်းကျေးရွာများ၏ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး စသည့်လိုအပ်ချက်များကို မက်လုံးတစ်ရပ်အဖြစ် နိုင်ငံတော်အစီအမံများဖြင့် ပံ့ပိုးဖြည့်ဆည်း မြင့်တင်ပေးပါရန်။
(၇)     ၎င်းမြို့ရွာကျေးလက်ဒေသနေ တိုင်းရင်းသားပြည်သူများ၏လုံခြုံရေးအတွက် လုံလောက်သော လက်နက်ကိုင် တပ်ဖွဲ့များ အစဉ်ချထားပေးပါရန်။
(၈)     သို့မဟုတ်ပါက တပ်မတော်၏စီမံခန့်ခွဲမှုအောက်တွင် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သည့်နယ်စပ်ဒေသ ကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ ကျေးရွာအနှံ့လုံလောက်စွာဖွဲ့စည်းပေးပါရန်။
(၉)     ဘင်္ဂလားဒေ့ရှ်နေ ဗုဒ္ဓဘာသာဒုက္ခသည်များ အလွယ်တကူဝင်ရောက်အခြေစိုက်နေထိုင်နိုင်ရန် လိုအပ်သည့် ဥပဒေများပြဌာန်းလျှက် လမ်းဖွင့်ပေးပါရန်။  
(၁၀)  လူဝင်မှုနှင့်သက်ဆိုင်သော လာဘ်ပေးလာဘ်ယူပြုသည့်ဝန်ထမ်းများအား ပြဋ္ဌာန်းဥပဒေများနှင့်အညီ ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ပါရန်။
(၁၁)   တိုင်းရင်းသားမဟုတ်သူများအား လယ်မြေနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ တားမြစ်ကန့်သတ်ပါရန်။ဤဆောင်ရွက်မှုကို (၆)လတစ်ကြိမ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးပါရန်။
(၁၂)   မြန်မာပြည်ရှိ မူဆလင်အားလုံးအား နိုင်ငံသားဟုတ်/မဟုတ် ပြန်လည်စီစစ်ပြီး (နိုင်ငံသားကတ်ပြားရရှိထား သော်လည်း ပြန်လည်စီစစ်မှုပြုရန်လိုအပ်ပါသည်) နိုင်ငံသားမဟုတ်သူများအား သူတို့၏မူရင်းနိုင်ငံ(သို့)တတိယ နိုင်ငံတစ်ခုခုသို့ ဆက်သွယ်ပြောင်းရွှေ့ရေး ပေါ်လစီချမှတ်ဆောင်ရွက်ပါရန်။
(၁၃)   ဘူးသီးတောင်နှင့်မောင်တောမြို့တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် UNHCR နှင့် INGOs အဖွဲ့များ၏ မူဆလင်များအား တဖက်သတ်ဘက်လိုက်ကာပြုလုပ်နေကြသည့်အစီအစဉ်များ၊ စီမံချက်များအား ရပ်ဆိုင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဆောင်ရွက်ပေးပါရန်။ (၁၊ UNHCR မှ Senior Repatriation Officer ဖြစ်သူ Peter Nicolaus သည် ကဏ္ဍ(၄)ခုပါ(အမည်မသိ)စာတမ်းတစ်စောင်အား ရိုက်နှိပ်၍ လက်သိပ်ထိုးဖြန့်ချီလျှက် မြန်မာနိုင်ငံမူဆလင်ပြဿနာကို မီးထိုးပေးခဲ့ပါသည်။ ၂၊ ဘူးသီးတောင်၊ မောင်တောမြို့များမှ မူဆလင်ခေါင်းဆောင်အချို့သည် UNHCR နှင့် INGOs ထီးရိပ်အောက်မှ ဆက်သွယ်ရေး စက်များကိုတလွဲအသုံးချ၍မြို့နယ်အချင်းချင်းဆက်သွယ်ခြင်း၊လုပ်ကြံသတင်းများကိုနိုင်ငံတကာသို့ပေးပို့ဆက်
သွယ်  ခြင်းများ  ပြုလုပ်ခဲ့ကြပါသည်)။
(၁၄)   နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှကျင့်သုံပြဌာန်းထားသော ဘင်္ဂလီလူမျိုးများ လက်ထပ်ခွင့် ဆိုင်ရာ တစ်လင်တစ်မယားစနစ်နှင့်သားသမီး(၁)ဦးသာမွေးဖွားသည့်စံနစ်တို့ကို ယခုထက်ပို၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ လိုက်နာရန် ငြင်းဆန်(သို့မဟုတ်)ပျက်ကွက်သူများအား နှောင်ကြဉ်သည့်ပြစ်ဒဏ်များ  ချမှတ်ရန်(သို့မဟုတ်)နိုင်ငံမှ နှင်ထုတ်ပါရန်။
(၁၅)   ရခိုင်ပြည်နယ်မှမြန်မာနိုင်ငံအနှံအပြားသို့၊ဘင်္ဂလ်ီမူဆလင်များအား ခရီးသွားလာခွင့်၊   ပြောင်းရွေ့အခြေစိုက်ခွင့်
         လုံးဝခွင့်မပြုသင့်ပါ။ ခွင့်ပြုပေးသည့် အာဏာပိုင်များ၊ဌာနဆိုင်ရများအား ထိရောက်စွာအရေးယူဆောင်ရွက်ပေး
         ပါရန်(ဤကိစ္စမှာ ဘင်္ဂလီကုလားများအား လူဖြန့်ခွဲနေရာချထားရေးပေါ်လစီုနှင့်မသက်ဆိုင်ပါ)
(၁၆)   ရိုဟင်ဂျာခေါ်ဘင်္ဂလီမူဆလင်များသည် ပွင့်သစ်စမြန်မာဒီမိုကရေစီလမ်းကြောင်းသို့ တဖက်လှည့်ခိုးဝင်ပြီး အင်
         အားကြီးပါတီများဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သို့ “ရိုဟင်ဂျာလူမျိုး” အမည်ဖော်ပြလျှောက်ထားလျှက် မြန်မာ့နိုင်ငံရေးတွင် ရှုပ်ထွေးစေရန်ကြိုးစားနေကြပါသည်၊ပါတီများအနေဖြင့် အစဉ်သတိထားကြရန် သင့်လျော်သလို အသိပေးနှိုးဆော်သင့်ပါသည်။

ပြည်ထောင်စုစိတ်ဓါတ်ဖြင့်

မောင်တောမြို့နယ်တိုင်းရင်းသားပြည်သူများကိုယ်စား




စဉ်              အမည်             မှတ်ပုံတင်အမှတ်                နေရပ်လိပ်စာ                လက်မှတ်



























၁၀







လုံခြုံရေးကြောင့် အမည်၊မှတ်ပုံတင်နှင့် နေရပ်လိပ်စာတို့ကို ဖော်ပြနိုင်ခြင်းမရှိသည်ကို နားလည်ခွင့်လွှတ်စေချင်ပါသည်။ ဘင်္ဂလီများ၏ အကြမ်းဖက်မှု မှုခင်းမှတ်တမ်းများအား အပိုင်း(၃)တွင် ဆက်လက်ဖတ်ရှုကြပါရန်







No comments:

Post a Comment