Thursday, September 27, 2012

ရခိုင်တစ်မျိုးသားလုံး၏ အနာဂတ်အတွက် အသက်တမျှအရေးကြီးသည့် လူထုစည်းဝေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့


Written by ဇင်ကီး    Thursday, 27 September 2012 09:11    PDF Print E-mail
RTD Congress  3

























ရခိုင်ပြည်၊ ရသေ့တောင်မြို့တွင် ရခိုင်တစ်မျိုးသားလုံး

ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ရခိုင်ဒေသလုံးဆိုင်ရာ လူထုစည်းဝေးပွဲကြီး တစ်ရပ်ကို အလိုတော်ပြည့်ကျောင်းတိုက် ဗောဓိသုခဓမ္မာရုံတွင် စက်ဘက်ဘာ ၂၅ ရက်မှ ၂၆ ထိကျင်းပပြုလုပ်ခဲ့သည်။
ရသေ့တောင်တွင်ပြုလုပ်သည့် လူထုအစည်းအဝေးသည် ရခိုင်တစ်မျိုသားလုံးအတွက်အရေးကြီးသောကြောင့် ရန်ကုန်သို့ ဆေးကုရန်သွားရမည်ကို မသွားဘဲ အစည်းအဝေးသို့ တက်ရောက်ရှိလာသော ဒွါရာဝတီအသျှင်ကုသလက "အခုရသေ့တောင်ပွဲဟာ ဦးဇင်းကျောက်ကပ်ထက် အရေးကြီးပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ အသံဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ဒေသကိုယ်စား ဦးဇင်းကြွရခြင်းဖြစ်ပါတယ်။ " ဟု ဆရာတော် မိန့်ကြားခဲ့သည်။
အစည်းအဝေးတွင် ရခိုင်သမိုင်းဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်းအဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာလုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှခိုးဝင်လာသူ ဘင်္ဂလီများနှင့်အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက "အစိုးရဟာ ဘင်္ဂလီနှင့် အတူနေ၍ရမရဘူးဆိုပေမယ့် workshop ပြုလုပ်တဲ့နည်း၊ စုံစမ်းမေးမြန်းတဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေးဆောင်ရွက်နေတာကို တွေ့မြင်ရတယ်၊ ယခုရခိုင်လူထုစည်းဝေးပွဲကြီးက ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်တော့တာကို ရှင်းရှင်းလင်းလင်း သက်သေပြရာရောက်တယ်၊ ဒါကြောင့် ယခုလို လူထုစည်းဝေးပွဲကြီး ပြုလုပ်တာကို အားရကျေနပ်မှုရတယ်၊" ဟုပြောသည်။
ရခိုင်လူထုအဝေးသည် ရခိုင်တစ်မျိုးသားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မိမိတို့ နေရာတွင် နေထိုင်နိုင်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းကို အစည်းအဝေးသို့ လာရောက်နားထောင်သူ ကျောင်းဆရာ ကိုသန်းတင်ကပြောသည်။
ရခိုင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်၍ အစိုးရထံတောင်းဆိုချက် (၁၈) ထွက်ပေါ်လာခဲ့ပြီး၊ နောက်တဖန် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ အတူယှဉ်တွဲနေထိုင်ခြင်း၊ ရခိုင်တိုင်းရင်းသားတို့၏ ဘဘာဝ သယံဇာတ၊ ယဉ်ကျေးမှုများကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေမှုတွေကို ကန့်ကွက်တဲ့ချက်ပါ ကန့်ကွက်ချက် (၆) ချက် အတည်ပြု သတ်မှတ်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများဖြစ်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ များကိုလည်း ရခိုင်ဒေသလူထုအစည်း အဝေးက နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များကို အင်တိုက် အားတိုက် ထောက်ခံကူညီပေးဖို့ အကြံပြုတိုက်တွန်းခဲ့သည်။ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီတွေဟာ တကွဲတပြား မဆောင်ရွက်ဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းတွင်ရှိသော လူမှုအသင်းအဖွဲ့အစည်းများ၊ ပြည်ပတွင်ရှိ ရခိုင်လူမျိုးအသင်းအဖွဲ့အစည်းများကိုလည်း ကွန်ယက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့ကို တိုက်တွန်းနိုးဆော်ခဲ့သည်။။
ရခိုင်ဒေသ လူထုအစည်းအဝေးတွင် နိုင်ငံတော်အစိုးရသို့ တောင်းဆိုချက် ၁၈ ချက်
၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်ခိုးဝင်သူ များရှိနေပါ၍ပင်လယ်ပြင်နှင့် နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
၂။ ရခိုင်ပြည်နယ်တွင် နည်းပါးနေသည့်ရခိုင်လူဦးရေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ရခိုင်ဒေသတွင် စီးပွါးရေးဇုံများကို ရခိုင်တိုင်းရင်းသားများက ဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အ၀ ကူညီပေးရန်။
၃။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများအား ဒေသခံပြည်သူများသို့ ရသင့်ရထိုက်သော အခွင့်အရေးများ ကို နိုင်ငံတကာ၏ စံချိန်စံနှုန်းများအတိုင်း ပြည်ထောင်စုအစိုးရမှ ခံစားခွင့်ပေးပါရန်။
၎။ မြန်မာနိုင်ငံရှိ ဘင်္ဂလီများ၏ လူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေးပါရန်။
၅။ နိုင်ငံသားမဟုတ်သူများ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်မှုကို ဥပဒေအရကန့်သတ်ပေးပါရန်။
၆။ တိုင်းရင်းသားကျေးရွာတိုင်းတွင် ပြည်သူ့စစ်များဖွဲ့စည်းပြီး ခေတ်မီလက်နက်များတပ်ဆင်ပေးပါရန်။
၇။ ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်။
၈။ UN နှင့် INGOs အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာအစိုးရမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးပါရန်။
၉။ မြန်မာနိုင်ငံအတွင်းရှိ အစွန်းရောက် အစ္စလမ်များ၏ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍တိတိကျကျအရေးယူ
ဆောင်ရွက်ပေးပါရန်။
၁၀။၁၉၄၂-ခုနှစ်၊ ကုလား-ရခိုင်အဓိကရုဏ်းနှင့် ၁၉၄၈နောက်ပိုင်း မူဂျာဟစ်ရန်ကြောင့် ထွက်ပြေးတိန်းရှောင်ခဲ့ကြရသည့် ရခိုင်ဒုက္ခသည်များ၏ ပိုင်ဆိုင် ခဲ့သော လယ်ယာ၊ ဥယျာဉ်၊ခြံမြေများကို ယင်းတို့၏မျိုးဆက်များအား ပြန်လည်ပေး အပ်၍ ရပ်ရွာတည်ထောင် နေရာချ ထားပေးပါရန်။ ဤသို့နေရာချထားမှုကို ကုလားနှင့် ရခိုင်လူဦးရေအချိုး အစားညီမျှ သည့်အဆင့်အထိ ထိန်းညှိ ပေးရန်။
၁၁။ ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေကြသော အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ ဘင်္ဂလီ ကျေးရွာ/ရပ်ကွက်များနှင့် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ရန် တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား ဖယ်ရှားပေးရန်။
၁၂။ ဒေသခံပြည်သူများအတွက် စိုင်းဒင်ရေတံခွန်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည် ဖော် ဆောင်ရွက်ပေးပါရန်။
၁၃။ နယ်စပ်ဒေသများရှိ အစိုးရ၀န်ထမ်းအားလုံး၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးပါရန်။
၁၄။ မဒရ်ဆာ(Madressar) စာသင်ကျောင်းများ၏ သင်ရိုးညွန်းတမ်းများအား သက်ဆိုင်ရာဌာနများမှ စိစစ်ခွင့်ပြုပြီး ၄င်းအတိုင်း သင်ကြားမှုရှိ/မရှိ အချိန်ပြည့်စောင့်ကြပ်စီစစ်မှု ပြုလုပ်ပေးပါရန်။
၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ ( ၁၁ - ၇ -၂၀၁၂ ) နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား ပြောကြားခဲ့သည့် ဘင်္ဂလီနှင့်ပတ်သက်သော စကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
၁၆။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများမှ သိမ်းယူထားသော လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေ၊ ချောင်းမြောင်းအင်းအိုင်များကို သက်ဆိုင်သူ ပြည်သူများထံသို့ ပြန်လည်ပေးအပ်ရန်။
၁၇။ အများပြည်သူ မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုနေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များကို လေလံကွက်များအဖြစ် ဖန်တီး၍ လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းပေးရန်။
၁၈။ ရခိုင်ပြည်နယ်အတွင်း မြို့ချင်းဆက် ၊ ရွာချင်းဆက် ရထားလမ်း၊ ကားလမ်းများကို မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက်ပေးပါရန်။ စသည့် အချက် ၁၈ ချက်ကို နိုင်ငံတော် အစိုးရထံတောင်းဆိုရန် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်ကျင်းပသောရခိုင်ဒေသလူထုအစည်းအဝေး က ချမှတ်ခဲ့သည်။
ရခိုင်ဒေသလူထုအစည်းအဝေး က နိုင်ငံတော်အစိုးရအား ကန့်ကွက်ချက် (၆) ချက်
၁။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများအရသော်လည်းကောင်း၊ ဘင်္ဂလီများ၏ အတွင်းစိတ်သန္တာန် မမှန်ကန်မှုအရ သော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို မစောင့်သိ မရိုသေ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ပါသောကြောင့် ရခိုင်၊ ဘင်္ဂလီ အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝ ကန့် ကွက်သည်။
၂။ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရားဝင်ရောက်စွက်ဖက်မှုကို လုံးဝဆန့်ကျင် ကန့်ကွက်သည်။၎င်းအပြင် ရခိုင်ပြည်နယ်ရှိ မည်သည့်နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကိုလည်း လုံးဝကန့်ကွက်သည်။
၃။ သာဘ၀ပတ်ဝန်းကျင်နှင့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွါးရေးကို ထိခိုက်ပျက်စီးစေနိုင်သော "လေးမြို့'' ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လုံးဝကန့်ကွက်သည်။
၎။ မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးဖြစ်သည့် "ရိုဟင်ဂျာ" ဟူသောဝေါဟာရကို ပြည်တွင်း/ပ မီဒီယာများက သုံးစွဲနေမှုအပေါ် ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးက လုံးဝကန့်ကွက်သည်။
၅။ နိုင်ငံသားစီစစ်ရေးကဒ်ကို မသမာသောနည်းဖြင့်ရယူ၍ လွတ်တော်အရပ်ရပ်တွင် တက်ရောက်နေကြသည့် ဘင်္ဂလီကိုယ်စားလှယ်(အမတ်)များကို ရခိုင်ပြည်နယ် လူထုတစ်ရပ်လုံးမှ လုံးဝကန့်ကွက် သည်။
၆။ ရခိုင်တစ်မျိုးသားလုံး၏ အထွဋ်အမြတ်ထားသော ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာသင်္ကေတ၊ လက္ခဏာ အမှတ်အသားများအား ဘင်္ဂလီလူမျိုးခြားများက ပုံတူကူးယူအသုံးပြုခြင်းကို ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။ တို့ကိုလည်း အထည်ပြု သတ်မှတ်ခဲ့သည်။
ရခိုင်လူထု အစည်းအဝေးပွဲမှ အတည်ပြု ရရှိလာသော အချက်အလက်များအား ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်၊ နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။
လူထုအစည်းအဝေးတွင် ပထမနေ့တွင် "ဦးဘိုမင်းဖြူ၏သမိုင်းကပေးသောသင်ခန်းစာ၊ ဦးသိန်းမောင်မှ ရသေ့တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်း၊ ဦးမောင်ဗသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံရခိုင်ပြည်နှင့်စစ်တကောင်းသားတို့၏နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်RTD၊ လေးဝတီခိုင်ကျော်က ဘင်္ဂါလီပြဿနာနှင့် ရခိုင်ပြည်အနာဂတ်အရေး၊ ဦးမောင်ခင်သိန်း(သစ်တော)၏ ရခိုင်ဒေသ ၁၇ မြို့နယ် လူထုအစည်းအဝေး မေယုမြစ်ဝှမ်းဒေသဆန္ဒဖော်ထုတ်ပွဲစာတမ်း၊ ဦးအေးသိန်း၏ ဤအရေးသည် ရခိုင်အရေး တစ်ခုတည်းမဟုတ်၊ မကြာမီမြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါး လာမည့်အရေးဖြစ်သည်၊ ဦးဘသောင်း၏ဒိုးတန်း၊ ဦးသာသာမောင်က ရိုဟင်ဂျာဆိုသူများနှင့် သူတို့၏အကြမ်းဖက်မှုမျာ၊း ဘဒ္ဒန္တသုနရက မုစည်းကျွန်းတွင်ဖြစ်ပေါ်ခဲ့သောမှတ်တမ်းများနှင့် နောင်အေးချမ်းရေးအတွက် မိမိထင်မြင်ယူဆချက်၊ ဦးခိုင်စိုး(၀တီဆွေ) ငရို့ဇာလုပ်ကတ်ဖို့လဲ၊ ဦးသုမင်္ဂလ၏ ဘင်္ဂါလီရန်မှ အနာဂတ်နိုင်ငံတော်ကို ကာကွယ်ပေးရန် ဦးဒိုးအောင်ကျော်၏ ရိုဟင်ဂျာအမည်ခံအစ္စလာမ်အစွမ်းရောက် အကြမ်းဖက်သမားတို့၏ မြန်မာနိုင်ငံ(ရခိုင်နယ်မြေ)ကိုသိမ်းပိုက်ရန် မဟာစီမံကိန်းနှင့် ဒေသခံတိုင်းရင်းသားပေါင်းစုံတို့ ရေရှည်ခုခံတွန်းလှန်နေကြ သည့်လုပ်ဆောင်ချက်များ၊ ခိုင်အောင်ကျော်(နယူးယောက်)၏ ရခိုင်အနာဂတ် စီမံကိန်းနည်းလမ်းများနှင့်ကာကွယ်ရေးဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း ဦးဘချမ်းဖြူ၏ အတူယှဉ်တွဲရေးနေထိုင်ရေးဆိုသည်မှာ၊ ဦးထွန်းအောင်သိန်း၏ မေယုဒေသအရေး၊ ဦးဦးထွန်းဝင်းက ကျောက်တော်မြို့သားလူငယ်တစ်ဦး၏ရင်ဖွင့်သံ" တို့ကို ဖတ်ကြားခဲ့သည်။
၂၆-၉-၁၂ တွင် "ဒွါရာဝတီအသျှင်ကုသလ ၏ ရခိုင်လူမျိုးနှင့် အနာဂတ်သာသနာ၊ အရှင်ဇယန္တဗောဓိ၏ အမည်သညာ ခေါ်စရာကား၊ ဦးထွန်းသာလှ ၏ ဗြိတိသျှတို့၏ ဆိုးမွေခံမယူဒေသရခိုင်လူမျိုးတို့၏ ဘေးဒုက္ခများ၊ ဒေါ်ခင်စောတင့်၏ ရခိုင်ပြည်သူပြည်သားများ သိထားသင့်သည့် အကြောင်းအကျိုးများ၊ ပံသုခင်၏ အေနိတိုင်းရင်းသားနိုင်ငံသားပြဿနာ၊ သားလှ(ရသေ့တောင်)၏ မေယုမြစ်ဝှမ်းပညာရေးအခြေအနေ၊ အရှင်မုနိဓဇ - ရခိုင်-ကုလား အတူနေနိုင်ရေး၊ ဦးကျော်လှအောင်(ရခိုင်)၏ ရခိုင်ပြည်နယ်နှင့် ကုလားအန္တရာယ်၊ မာန်အောင်မြို့နယ်စာရေးဆရာများအသင်း၏ လေးရပ်ဝတီညီညွတ်စီစာတမ်း၊ ဦးမောင်ကျော်သာ၏ ကုလား-ရခိုင်ပြဿနာအဖြေရှာ၊ဦးမြသိန်း(ညွှန်ချုပ်/ငြိမ်း-မြေစာရင်း)၏ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးနိုင်ရေးစာတမ်း၊ ဦးမောင်ကံပေါ် ၏ဘင်္ဂါလီကုလားများနှင့်ပစ္စုပ္ပန်၊ အနာဂတ်ပြဿနာများ၊ မင်းပြား မင်းသိန်းထွန်း ၏အားလုံးနှင့်ဆိုင်ရေ၊ ဦးဦးဘသိန်း ၏ရခိုင်လူ့အဖွဲ့အစည်းကိုလေ့လာသုံးသပ်ချက်" တို့ကို အသီးသီး ဖြတ်ကြားခဲ့သည်။
လူထုအစည်းအဝေးသို့ ပလက်ဝ အပါအ၀င် ရခိုင်ပြည်နယ် ၁၇မြို့နယ် မှလူထု ကိုယ်စားလှယ် ၃၅၀ နှင့် လူထု ၂၀၀၀ ကျော်တက်ရောက်ခဲ့သည်။
ရသေ့တောင်လူထု အစည်းအဝေးအား ယခင်က မေယုခမ်းမတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် အလိုတော်ပြည့်ကျောင်းသို့ ရွှေ့ပြောင်းခဲ့ရသည်။
ယခင်က မေယုမြစ်ဝှမ်းညီလာခံ အမည်ဖြင့်ကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း အာဏာပိုင်များဘက်မှ ကန့်ကွက်ခဲ့သည်အတွက် ရခိုင်ဒေသလူထုစည်းဝေးပွဲအဖြစ် ပြောင်းလဲခဲ့ရသည်။
ရခိုင်လူထု အစည်းအဝေးအားကျင်ပရန်တွင် အာဏာပိုင်အဖွဲ့အစည်းများမှ တရားဝင်ခွင့်ပြုချက်မရခဲ့သော်လည်း အစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီဝင်များ အမျိုးသားရေ အမြင်ဖြင့် အစည်းအဝေးကြီးအား အောင်မြင်အောင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
  ( From arakan times )

No comments:

Post a Comment