by Won Thar Nu on Thursday, September 20, 2012 at 7:43pm ·
မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်များနှင့်နောက်ကြောင်းရာဇ၀င်
မြန်မာနိုင်ငံကရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကိုသတင်းမီဒီယာတွေပေါ်မှာကြောက်မက်ဖွယ်ရာလုပ်ကြံဖန်တီးဖော်ပြထားတာတွေကို တွေ့လိုက်ရတော့ ကျွန်တော့်မှာတော်တော်ကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ လူတော်တော်များများကမြန်မာနိုင်ငံအကြောင်းကိုတော်တော်သိလာကြပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ တကယ့်ဖြစ်ရပ်နဲ့ အမှန်တရားကိုတော့ မသိကြပါဘူး။
ကျွန်တော်ဒီဆောင်းပါးကိုရေးတာမြန်မာပြည်အနောက်ပိုင်းကရခိုင်ပြည်နယ်မှာဖြစ်ခဲ့ရတဲ့ဖြစ်ရပ်ရဲ့ တကယ့်အကြောင်းအရင်းတွေနဲ့ အမှန်တရားကို ရှင်းပြချင်လို့ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာလည်း အဲဒီ ဒေသရဲ့သမိုင်းကြောင်းနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တကယ့်အတွေ့အကြုံတွေအပေါ်မှာ အခြေခံထားပါတယ်။
ကျွန်တော်ဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(လွန်ခဲ့တဲ့ရှစ်လတုန်းက) အဲဒီနေရာကို ရောက်ခဲ့ပါတယ်။
_____________________________________________________________________________________________
ရခိုင် - (Rakhaing ဟု အသံထွက်သည်) Arakan ဟုလည်း ခေါ်ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ စကားနှင့်လူမျိုးနွယ်ဖွဲ့တည်မှုရှိပြီး ကိုယ်ပိုင်ဇာတိမြေတွင် သမိုင်းအစဉ်အဆက်နေထိုင်ပေါက်ပွားလာခဲ့သော ထိုဒေသရှိဗုဒ္ဓဘာသာဝင်လူမျိုးများဖြစ်သည်။
ရိုဟင်ဂျာ - များမကြာမီကပင် နိုင်ငံကူးပြောင်းဝင်လာပြီး သူတို့ကို ယခင်တုန်းက ဘင်္ဂါလီမူဆလင် (သို့) စစ်တကောင်း မူဆလင်များဟုခေါ်သည်။ (သူတို့၏ ဇာတိဇာစ်မြစ်ကို ညွှန်ပြထားပြီးသားဖြစ်သည်။)
ရခိုင်ပြည်နယ် - မြန်မာနှင့် ဘင်္ဂါလားဒေ့ရှ်နိုင်ငံ နှစ်ခုကြားရှိ ပြည်နယ်ဖြစ်သည်။ မြို့တော်မှာ စစ်တွေဖြစ်သည်။ ယခင်က Akyab ဟုခေါ်သည်။ အကြီးဆုံးသော သမိုင်းဝင်ရှေးဟောင်းအကျဆုံးနေရာမှာ (မြောက်ဦးမြို့)ဖြစ်ပြီး (၁၄၃၀ မှ ၁၇၈၄)ခုနှစ်အထိ ယခင်ကရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ထိုအချိန်က အာရှတိုက်တွင် အချမ်း သာဆုံးမြို့တော်များထဲတွင် ပါဝင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် - ၁၉၇၁ ခုနှစ်က ဖြစ်ပေါ်လာသော နိုင်ငံအသစ်တစ်ခုဖြစ်သည်။ မူလအစက ရှေးခေတ်က အိန္ဒိယလူမျိုး ဟိန္ဒူ (သို့)ဗုဒ္ဓဘာသာဝင် မင်းဆက်အမျိုးမျိုး နန်းစိုက်စိုးစံခဲ့သော ဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နောက်ပိုင်းတွင် မူဆလင်ဘာသာဝင်တို့စစ်နိုင်၍ အစ္စလာမ်ဘာသာကိုသယ်ဆောင်လာခဲ့သည်။ ဗြိတိသျှ ပိုင်အိန္ဒိယနိုင်ငံ၏ ပိုင်နက်နယ်တစ်ခုဖြစ်လာခဲ့ပြီး၊ ၁၉၄၇ ခုနှစ်တွင် အရှေ့ပါကစ္စတန်အဖြစ် အနောက်ပါကစ္စတန်နှင့် နယ်နိမိတ်မိုင်တစ်ထောင်ကျော် တွဲဆက်လျက် လွတ်လပ်ရေးရခဲ့ပြီး ၁၉၇၁ တွင် ဘင်္ဂလားဒေ့ရှ်အမည်ဖြင့် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
_______________________________________________________________________________________________
အမှန်တရား၏ ဇာစ်မြစ်
တကယ်တော့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကျနစွာ ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ မွေးရပ်ဇာတိပြည်နယ်ကြီးကို ရက်စက်လှတဲ့ အစီအစဉ်တွေချပြီး တခြားလူမျိုးနဲ့ ဘာသာတရားမမျှတမှု ရပ်တည်ရန် ခွင့်ပြုမှု မရှိဘဲအစ္စလာမ်ပြည်နယ်အဖြစ် အတင်းအဓမ္မ သိမ်းယူထူထောင်လိုက်ခြင်းပါပဲ။ဒီအဖြစ်မျိုးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာပြည်နယ်ခြားမှာရှိတဲ့ မောင်းတောနဲ့ ဘူးသီးတောင်မြို့တွေမှာ ဖြစ်ခဲ့ဘူးပါတယ်။ ရခိုင်လူမျိုးတွေဟာတခြားနယ်မြေနိုင်ငံဒေသတွေကို ဘယ်တော့မှကူးသွားပြီးနယ်ချဲ့လေ့မရှိခဲ့ပါ။ရခိုင်တွေဟာ သူတို့ရဲ့ရှေးကျလှတဲ့မွေးရပ်ဇာတိမြေမှာသာ အစဉ်အဆက်နေထိုင်လာခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)ကျော်လောက်ကပင် ဘင်္ဂါလီတို့ရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့အတင်း အဓမ္မမီးရှို.ခြင်းတွေကို ရွာပေါင်းများစွာ ခံခဲ့ရဘူးပါတယ်။
ရခိုင်တို့ဟာ မူဆလင်ဘင်္ဂါလီတို့ရဲ့ ဗုဒ္ဓဘာသာနဲ့ယဉ်ကျေးမှုအပေါ် မငဲ့ကွက်ဘဲ ဗုဒ္ဓဘုရားဆင်းတုများ ဘုန်းကြီးကျောင်းများနဲ့ ဗုဒ္ဓဘာသာရေးဆိုင်ရာ နေရာများကို ဖျက်ဆီးဦးမှာကို ခါးသည်းလှတဲ့ ယခင်အတွေ့အကြုံအရ သိနေခဲ့ပါတယ်။ အခုတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပြန်လေပြီရော။
အလားတူအဖြစ်တွေက ထိုင်းနိုင်ငံတောင်ပိုင်း မှာ(လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအပါအ၀င် ဗုဒ္ဓဘာသာဝင်လူပေါင်း ၅၀၀၀ခန့်ကို လွဲမှားသော အယူနဲ့သတ်ဖြတ်ချင်စိတ်ပြင်းပြနေတဲ့ မူဆလင်တို့က ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်ဦးရေနည်းသွားပြီးတော့၊ ထိုင်းနိုင်ငံတောင်ပိုင်းကို လွတ်လပ်သော အစ္စလာမ်ပြည်နယ် အဖြစ် ပြောင်းပစ်ဖို့ကြိုးစားခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မှာလည်းခရစ်ယာန်ဘာသာဝင် ဖိလစ်ပိုင်ပြည်သူတို့ကို အစဉ်မပြတ်ပြန်ပေးဆွဲခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းတွေ ဆက်လုပ်ပြီး သီးခြားအစ္စလာမ် သီးသန့်နိုင်ငံဖြစ်လာအောင် ကြိုးစားနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မူဆလင်မရှိသော အပိုင်းတွေမှာလဲ ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ခရစ်ယာန်ဘာသာဝင်ကျောင်းသူကလေးများ ကျောင်းတက်ဖို့လမ်းလျှောက်လာရာမှာ ခေါင်းတွေဖြတ်ပြီး သတ်ခဲ့ကြတယ်။ မကြာသေးခင်ကမူဆလင်ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲလုပ်ရန် ပါဝင်ပေးဆပ်ကြဖို့ အင်ဒိုနီးရှားလူမျိုးများကို ခေါ်ယူခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဟိန္ဒူဘာသာဝင် ၂၈% ရှိခဲ့ပါတယ်။ ဟိန္ဒူလူထုကို အတင်းမောင်းထုတ်ပြီးတဲ့နောက်မှာတော့ ဟိန္ဒူဦးရေဟာ ၉% တောင်မရှိတော့ဘဲ နည်းလာပါတော့တယ်။ ဗုဒ္ဓဘာသာဦးရေအနည်းစုကို ကြောက်စရာကောင်းလောက်အောင် မူဆလင်များကဆက်ဆံကြပါတယ်။ ဗုဒ္ဓစေတီတော်များ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ အိမ်များကို မီးရှို့ဖျက်ဆီးကြပါတယ်။ ရှေးဟောင်းဘုရားတွေ၊ တရားထိုင်တဲ့ဂူတွေနဲ့ ဖျက်ဆီးခံရတဲ့အရာတွေဟာ ဗုဒ္ဓခေတ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကဖြစ်ပြီး ယခုတော့ လုံးဝ ဖျက်ဆီးခြင်းခံခဲ့ရပါပြီ။
သမိုင်းကြောင်းရာဇ၀င်
ရခိုင်ဒေသမှာလွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်အစောပိုင်းအေဒီရာစုနှစ်များကပင်ထီးနန်း၊ဘုရင်များနဲ့သမိုင်းကောင်းအစဉ်အလာများ ရှိခဲ့ပါတယ်။ ဒုတိယအကြီးဆုံးမြို့နဲ့ ဘုရားကျောင်းများကို ဖျက်ဆီးခံခဲ့ကြရတာကတော့ မြောက်ဦးမြို့ဖြစ်ပါတယ်။ ရခိုင်လူမျိုးစစ်စစ်တို့ရဲ့ သက်သေပြုရာ ရခိုင်စိတ်ဓာတ်ရှိရာအချက်အခြာမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အင်္ဂလိပ်တို့အုပ်ချုပ်ခဲ့တဲ့ခေတ်ကိုတော့ ဖယ်လိုက်ပါတော့။အင်္ဂလိပ်တို့က ဘာမှမသိရှာဘဲ အခုဖြစ်နေတဲ့ပြဿနာတွေကို ကူညီဖန်တီးပေးသလိုဖြစ်ခဲ့တယ်။
အင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့်အခြားနိုင်ငံတွေကို ၀င်ရောက်စဉ်က စိုက်ပျိုးရေးနှင့် စီးပွားလုပ်ငန်းတွေမှာကူလုပ်တဲ့လူတွေအဖြစ် ခိုင်းဖို့ တရုတ်တွေ၊ ကုလားတွေကို ခေါ်သွင်းခဲ့ကြတယ်။ အင်္ဂလိပ် တွေဟာ ဘင်္ဂလားကမူဆလင်ကုလားတွေကို ရခိုင်ပြည်နယ်ထဲကို ခေါ်သွင်းတာများတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလား(ဘင်္ဂလားဒေ့ရှ်)က နီးလည်းနီးတော့အဆင်ပြေတယ်။ အဲဒီအလုပ်ကူသူ ဘင်္ဂါလီ မန်နေဂျာများက ဌာနေခံ ရခိုင်လုပ်သားတွေကို ငှားရမယ့်အစား ထောင်ပေါင်းးများစွာသော မူဆလင် ဘင်္ဂါလီများကို လာပြီးအလုပ်လုပ်ဖို့ ခေါ်ယူခဲ့ကြတယ်။
အဲဒီအချိန်တုန်းက (၁၈၀၀ ခုနှစ်နှောင်းပိုင်း) ဘင်္ဂလားမှာ ဒီဘင်္ဂါလီတွေ တော်တော်များများဟာ အာရေးဘီးယားရဲ့ ဝါဟာဗစ်အတွေးအခေါ်များကိုအခြေခံတဲ့ အစ္စလာမ်မစ်ဖာရာဒိုင်း လုပ်ရှားမှုရဲ့ အရှိန်အဟုန်အောက်မှာလွမ်းမိုးခြင်းခံနေရတယ်။
ဒီအာရေးဘီးယားရဲ့ ဝါဟာဗစ် အတွေးအခေါ်နဲ့ ဆော်ဒီ မျိုးနွယ်စုတွေက သူတို့ကိုသူတို့ အာရေးဘီးယားဆိုတဲ့နာမည်ပေးထားတာဖြစ်တယ် ၊အသေးစိတ်အနေနဲ့ ဘင်္ဂါလီတွေကို ညွှန်ကြားထားတာကလည်း “ရေအရင်းအမြစ်တွေ့လျှင်သူတို့ရဲ့ မူဆလင်ဘာသာဝင် တစ်မျိုးချည်းသာ နေရမယ့်ရွာတွေကို တည်ကြဖို့ဖြစ်တယ်”။
ဒါ့ကြောင့်လည်းသူတို့ဘင်္ဂါလီတွေဟာနောက်ပိုင်းမှာရေပြင်ကိုနိုင်နင်းလာပြီး ဗုဒ္ဓဘာသာဝင်တွေကို ငြင်းပယ်လာတော့တယ်။ သူတို့ရဲ့ခေါင်းဆောင်က သူတို့တတွေအင်အားတောင့်တင်းပြီး အဆင်သင့်ဖြစ်နေပြီဟုယူဆတဲ့အခါ ဘာသာရေးစစ်ဆင်နွဲဖို့ ပြင်ဆင်ကြရန်ညွှန်ကြားခဲ့ကြတယ်။
၁၉၁၀ ၀န်းကျင်လောက်က အလုပ်ကူ မူဆလင်မန်နေဂျာ ၁၅ ယောက်ဟာ မောင်းတောမြို့တစ်မြို့တည်းသို့ ထောင်နှင့်ချီတဲ့ဘင်္ဂါလီအလုပ်သမားများကို ခေါ်သွင်းခဲ့ကြတယ်။ အစပိုင်းမှာ ကြီးမားတဲ့ လူဦးရေတိုးပွားမှု စတင်ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုများ စတင်ခဲ့တယ်။
၁၉၃၉ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်ဘင်္ဂါလီကုလားများရဲ့ လူဦးရေ အလျင်အမြန်တိုးပွားနေမှုကို စုံစမ်း စစ်ဆေးရန်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ စုံစမ်းချက်တွေအရ အကြမ်းဖျင်းအားဖြင့် ၁၈၂၅ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ လောက်ရှိရာမှ ၁၉၃၀ခုနှစ်မှာ လူဦးရေ ၂၂၀၀၀၀ ကျော်လောက်အထိ တိုးပွားလာခဲ့တယ်။အဲဒီ ကော်မရှင်က ကောက်ချက်ချပုံများအရ အားမလျော့စတမ်း ဆက်တိုက် နယ်ခြားနေရာမှာ လုပ်နေတဲ့ ဘင်္ဂါလီမူဆလင်လှုပ်ရှားမှုကို ရပ်တန်းက ရပ်မပစ်လျှင် (သို့) ထိန်းချုပ်မှုမရှိလျှင် မကြာမီအချိန်အတွင်း အဓိကရုန်းအကြီးအကျယ်ဖြစ်လိမ့်မည်လို့ ဖြစ်တယ်။ကော်မရှင်ရဲ့ တွက်ဆချက်ကလည်း မှန်နေခဲ့တယ်။
ဒုတိယကမ္ဘာစစ်နေ့ရက်များ
၁၉၄၂အစောပိုင်းမှာဂျပန်တွေဟာရခိုင်ဘက်သို့ခြေဦးလှည့်လာတဲ့အခါ အင်္ဂလိပ်တို့က“ဘင်္ဂါလီဗီဖို့စ်”လို့ခေါ်တဲ့ မူဆလင်တပ်သားအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ပြီးတော့လက်နက်တွေလည်း သူတို့ကို တပ်ဆင်ပေးခဲ့တယ်။ အင်္ဂလိပ်တွေက ဒီဘင်္ဂါလီတွေကို ရခိုင်တွေထက် တိုက်ရေးခိုက်ရေးမှာ လက်ရဲဇက်ရဲတဲ့ သူတွေအဖြစ် မြင်ခဲ့တယ်။
ဒါပေမဲ့အင်္ဂလိပ်တွေရုတ်တရက်ဆုတ်ခွာရတဲ့ အချိန်မှာတော့ဘင်္ဂါလီတွေဟာ သူတို့ကိုပေးထားတဲ့လက်နက်တွေကို အလျင်အမြန်သုံးပစ်ခဲ့ကြတယ်။ဘယ်မှာသုံးပစ်ကြလဲဆိုရင်တော့ ဂျပန်တွေကို တိုက်ခိုက်ဖို့မဟုတ်ဘဲ ထောင်ပေါင်း များစွာသော ဗုဒ္ဓဘာသာတွေကို သတ်ပစ်ဖို့အတွက်သုံးခဲ့ကြတယ်။ ပြီးတော့ ဘူးသီးတောင်နဲ့ မောင်းတော ဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာရွာတွေ၊ ဘုရားစေတီကျောင်းကန်တွေနဲ့ဘုန်းကြီးကျောင်းတွေကို မီးရှို့ပစ်ခဲ့ကြတယ်။ရခိုင်ဗုဒ္ဓဘာသာပေါင်း ၃၀၀၀၀ လောက်ဟာ ဒီတကယ့် လူမျိုးတုံးသတ်ဖြတ်မှုမှာ အသတ်ခံခဲ့ရပြီး သောင်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေကနေ လူမျိုးပြုတ်သကဲ့သို့ စွန့်ခွာခဲ့ရတယ်။
၁၉၄၂ ခုနှစ် နှောင်းပိုင်းမှာတော့ ဘူးသီးတောင် မောင်းတောဒေသတစ်နေရာလုံးဟာ ဂျပန်တွေ၊ အင်္ဂလိပ်တွေ ကျန်ခဲ့တဲ့ လက်နက်တွေနဲ့ပြည့်စုံပြီး အင်အားတောင့်တင်းနေတဲ့ ဘင်္ဂါလီမူဆလင်တွေရဲ့လက်ထဲမှာ ခိုင်ခိုင်မြဲမြဲရောက်ရှိလို့နေခဲ့တယ်။ သူတို့တွေဟာ နယ်ခြားဒေသကို ချုပ်ကိုင်နိုင်ပြီဆိုတော့ မူဆလင်တွေရဲ့ရွှေ့ပြောင်းသွားလာ လှုပ်ရှားမှုများဟာကြီးမားစွာတိုးတက်လာခဲ့တယ်။
ဒီနေရာတွေကတော့ ဟိုးအရင် ရာစုနှစ်ပေါင်းများစွာထဲက လုံးဝ နီးပါး ဗုဒ္ဓဘာသာချည်းဘဲနေလာခဲ့တာဖြစ်တယ်။ ရုတ်တရက်အတော်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပဲ ဗုဒ္ဓဘာသာဝင်များတော်တော်ကြီးကင်းစင်သွားပြီး လုံးဝနီးပါးမူဆလင်တွေသာရှိခဲ့ပါတော့တယ်။ ပြီးတော့ နယ်မြေချဲ့ဖို့ စီမံကိန်းတွေချပြီး အဲဒီနယ်မြေတွေကို လုံးဝ မူဆလင်ချည်းသာဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းခဲ့တယ်။
၁၉၄၂ ခုနှစ်တုန်းက အင်္ဂလိပ်အရာရှိတစ်ဦးရဲ့ မှတ်တမ်းပြုစုမှုတစ်ရပ်ထဲမှာ…“ဘူးသီးတောင်နဲ့ အနီးတ၀ိုက်က ဗုဒ္ဓဘာသာဝင်တွေရဲ့ရွာတွေမှာရှိတဲ့ ရခိုင်လူမျိုးတွေဟာ ရက်စက်စွာ အတုံးလိုက်အတစ်လိုက် နှိပ်စက်သတ်ဖြတ်ခြင်း ခံကြရတဲ့အကြောင်းတွေကိုကျွန်တော့်ကိုပြောပြကြပါတယ်။ မြောက်ဦးရဲ့အနောက်ဖက်ကမ်းမှာရှိတဲ့ ရွာအများစုကို လည်း ဘင်္ဂါလီမူဆလင်တပ်က ဖျက်ဆီးကြတာတွေလည်း ပါပါတယ်။ “တကယ်တော့ ရန်သူ့ဂျပန်တပ်ဟာ ဒီရွာတွေနားကို တစ်ခါမျှ ရောက်မလာခဲ့ပါဘူး”ရာပေါင်းများစွာသော ရခိုင်ရွာသားတွေဟာ တောင်ကုန်းတောင်တန်း တွေပေါ်မှာ ပုန်းအောင်းနေခဲ့ကြရတယ်လို့ဆိုပါတယ်။
ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့ကြတဲ့ မွေးရပ်မြေကနေ ပြေးခဲ့ကြရတဲ့ ရခိုင်လူမျိုးတွေဟာ အဲဒီက မူဆလင်တွေကို နိုင်အောင်ပြန်မတိုက်ထုတ်နိုင်ရင်တော့ သူတို့ဘ၀ဟာ ကယ်တင်နိုင်မဲ့လမ်း မရှိနိုင်တော့ပါဘူး” လို့ ရေးသားထားပါတယ်။ ဂျပန်တွေကို မောင်းထုတ်ပြီးတဲ့နောက်မှာတော့ ရဲဘော်သုံးကျိပ်တွင် အဖွဲ့ဝင်ရဲဘော်တစ်ဦးဖြစ်သော ဗိုလ်ရန်အောင်ဟာ စစ်တွေဒေသမှာဖြစ်နေတဲ့ လှုပ်ရှားမှုများကို ထိန်းသိမ်းဖို့နဲ့ ဆူပူသောင်းကျန်းသတ်ဖြတ်မှုများကို တားဆီးဖို့ အတွက် ရခိုင်ဒေသကိုလွှတ်ခြင်းခံရတယ်။ သူဟာ သူ့ရဲ့ ရဲဘော်ကောင်းနှစ်ယောက်ဖြစ်တဲ့ ဗိုလ်ရန်နောင်နဲ့ ဗိုလ်မျိုးညွန့်တို့ကို မောင်းတောကို မူဆလင်ခေါင်းဆောင်များနဲ့ သဘောတူဆွေးနွေးဖို့ လွှတ်လိုက်တယ်။ ဒါပေမယ့် မူဆလင်ခေါင်းဆောင်တွေဟာ သူတို့နှစ်ယောက်နဲ့ ဆွေးနွေးစကားပြောမယ့်အစား နှစ်ယောက်စလုံးကို သတ်ပစ်ခဲ့ပါ တယ်။
သူတို့တွေဟာဒီနယ်မြေတွေကိုသူတို့ကိုယ်ပိုင်နယ်မြေအဖြစ်လိုချင်ခဲ့တယ်။ ပြီးတော့“ဒါရူအစ္စလာမ်”လို့ခေါ်တဲ့ အခြားနိုင်ငံတွေနဲ့ ပေါင်းစည်းသွားမယ့်အစ္စလမ်နိုင်ငံကိုတည်ထောင်ချင်ခဲ့တယ်။ မူဆလင်တွေဟာ နေရာအနှံ့ရှိအခြားမူဆလင်မဟုတ်သူများကို အပြတ်ရှင်းခဲ့တာနဲ့အမျှ တဖြည်းဖြည်းနဲ့ လုံးဝ အစ္စလာမ်ကမ္ဘာတစ်ခုဖြစ်အောင် ဖန်တီး လာခဲ့တယ်။အခုအချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို တကယ်သိမြင်လာရပါပြီ။ အကယ်၍ဒီအဖြစ်အပျက်တွေ ဆက်ဖြစ်နေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ အသက်တွေ၊ သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ဘိုးဘွားပိုင်မြေတွေနဲ့ သူတို့ရဲ့ သမိုင်းဟာ လုံးဝ ပျောက်ဆုံးပျောက်ကွယ်သွားတော့မယ် ဆိုတာကို မြင်လာခဲ့တယ်။
ကိုရမ်ကျမ်းက မူဆလင်မဟုတ်သူများရဲ့ မြေတွေယူခြင်းကို တရားတယ်လို့ ဆုံးဖြတ်တယ်။
ကိုရမ် ၃၃း၂၇ “And, He made you heirs to their land and their dwellings and their property, and (to) a land which you have not yet trodden, and Allah has power over all things.”
ကိုရမ် ၂၁း၄၄ “Do they see Us advancing, gradually reducing the land (in their control), curtailing (reducing) its borders on all sides? It is they who will be overcome.”
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်မှာတော့  အင်္ဂလိပ်တွေဟာ ပြန်ဝင်လာပြီး ချုပ်ကိုင်ခဲ့ပြန်တယ်။ ဒါပေမဲ့ မူဆလင်တွေဟာ သူတို့မောင်းထုတ်လိုက်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပြန်လာပြီး မွေးရပ်ရွာတွေမှာ ပြန်နေဖို့ကို လက်မခံခဲ့ဘူး။ သူတို့တွေဟာ အခုချိန်မှာသူတို့မှာ “ရှာရီးယားဥပဒေ”နဲ့ အုပ်ချုပ်တဲ့ ကိုယ်ပိုင်မူဆလင်ချည်း သီးသန့် နယ်မြေရှိနေပြီလို့ ယုံကြည်နေကြတယ်။ နောက်ပြီးတော့ သူတို့တွေဟာ မူဆလင်မဟုတ်တဲ့ အင်္ဂလိပ်တွေ သို့မဟုတ် ဗမာတွေအုပ်ချုပ်တဲ့ နိုင်ငံမှာ ရှိနေတယ်ဆိုတာကို လက်မခံခဲ့ဘူး။ ဒီလိုလက်ခံမယ့်အစား နောင်မကြာမီ အစ္စလာမ်နိုင်ငံ ဖြစ်တော့မယ့် ပါကစ္စတန်ထဲကို ပူးပေါင်းဝင်ရောက်ဖို့ စီစဉ်ခဲ့တယ်။
အင်္ဂလိပ်တွေက ဗမာတွေကို လွတ်လပ်ရေးပေးဖို့ ပြင်ဆင်လာတဲ့အခါမှာတော့ “ဂျာမီအာတူလ်အယ်လီမာအီအစ္စလာမ်ပါတီ”လို့အမည်ရတဲ့ မူဆလင်ခေါင်းဆောင်များ အဖွဲ့ဟာ မကြာမီဖြစ်ပေါ်တော့မယ့် ပါကစ္စတန်နိုင်ငံမှ မူဆလင်ခေါင်းဆောင်များနဲ့ ဆက်သွယ်ခဲ့ပြီးသူပုန်တပ်ဖွဲ့တစ်ခု ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီသူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းရတဲ့အကြောင်းကတော့ ရခိုင်ပြည်နယ်ကို သိမ်းယူပြီးပါကစ္စတန်အရှေ့ပိုင်း (ယခု ဘင်္ဂလားဒေ့ရှ်)နဲ့ ပူးပေါင်းဖို့ဖြစ်တယ်။
၁၉၄၆ မှာတော့ သူတို့တွေဟာ “မူဆလင်များလွတ်မြောက်ရေးအဖွဲ့အစည်း” (အမ်အယ်လ်အို)ကို ဖွဲ့စည်းပြီး သူတို့ရဲ့ စစ်ပွဲကိုစတင်ခဲ့တယ်။ ၁၉၄၈ မှာ သူတို့တွေဟာ ပါတီရဲ့  နာမည်ကို မူဂျာဟစ်ပါတီလို့ပြောင်းလိုက်တယ်။ ပြီးတော့ “မူဂျာဟစ်သူပုန်”အဖွဲ့အဖြစ်သိလာရတယ်။ မူဂျာဟေဒင်ဆိုတာကတော့ အစ္စလာမ်ဘာသာရေးစစ်ပွဲကို ဆင်နွှဲမဲ့ မူဆလင်တိုက်ခိုက်ရေးသမားများလို့ အဓိပ္ပါယ်ရတယ်။) ဂျီဟတ် = အစ္စလာမ်ဘာသာ၏ ဘာသာရေးစစ်၁၉၄၇ ခုနှစ်၊ သြဂုတ်လမှာ ရခိုင်ပြည်နယ်၏ မင်းကြီးကသူ့ရဲ့လက်အောက်ဝန်ထမ်းတစ်ယောက် မူဆလင်များရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံရတဲ့အခါ သတင်းမှတ်တမ်းတစ်ပုဒ်ကိုရေးခဲ့တယ်။ အဆိုပါသတင်းမှတ်တမ်းမှာ သူရေးထားတာကတော့“လုပ်ကြံသတ်ဖြတ်တဲ့ လူတွေဟာ မူဆလင်ရဲတပ်ဖွဲ့က ခိုင်းစေထားတာ”လို့ သံသယ ရှိခဲ့တယ်။ ပြီးတော့ အဲဒီလူတွေမှာ ပြင်းထန်တဲ့မူဆလင်စိတ်ဓာတ်နဲ့ ဒီနယ်မြေတစ်ခုလုံးကို နှိပ်ပစ်မယ်၊ အနိုင်ယူမယ်ဆို တဲ့ စိတ်ဓာတ်တွေရှိနေခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ဗမာအစိုးရရဲ့ဥပဒေအရ လုပ်ပိုင်ခွင့်ကို ဘူးသီးတောင်နဲ့ မောင်းတော ဒေသမှာရှိတဲ့ မူဆလင်ထုက တိုက်ရိုက်ရန်စပျိုး စိန်ခေါ်မှုတစ်ရပ်အသွင်ဖြစ်ပေါ်စေတယ်။ ဒီလိုအစိုးရအပေါ် အလွန် အကောက်အကြံများပြီး ဥပဒေ မလေးစားမှုတွေကို ဗမာအစိုးရက ကြပ်ကြပ်မတ်မတ်အရေးတယူ မတုန့်ပြန်၊ မဆက်ဆံဘူးဆိုရင် ဒီပြောင်းရွှေ့လာတဲ့ မူဆလင်အဖွဲ့အစည်းထုကြီးက ဒီဒေသကို ဖြစ်ခါစပါကစ္စတန်နဲ့ပေါင်းစည်းဖို့ ကြိုးစားရလိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါမှာ
(၁)ကုလားတန်မြစ်နဲ့နတ်မြစ်ကြားမှာရှိတဲ့နယ်မြေဧရိယာတွေကိုမြန်မာနိုင်ငံရဲ့မူဆလင်အမျိုးသားကိုယ်ပိုင်မြေဌာနေအဖြစ်သတ်မှတ်ပေးရမည်။(အဲဒီဒေသမှာသူတို့တွေကလွန်ခဲ့သော၆နှစ်ကပင်ဗုဒ္ဓဘာသာဝင်များအမြစ်ပြတ်ကင်းမဲ့အောင်ရှင်းလင်းထားပြီးဟုဆိုတယ်)
(၂)မူဂျာဟစ်ပါတီကိုဗမာအစိုးရအသစ်မှာ တရားဝင်အဆင့်အတန်းဝင်ရေးအတွက် ဗမာ့အစိုးရသစ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်အဖြစ်အသိအမှတ်ပြုပေးရမည်။
(၃) ဗုဒ္ဓဘာသာဝင်များစွာကို သတ်ဖြတ်မှု၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများနှင့် ကျေးရွာကို မီးရှို့ဖျက်ဆီးမှု များကြောင့် ဖမ်းဆီးပြီးအကျဉ်းချခံထားရသော မူဂျာဟေဒင်တိုက်ပွဲဝင်ခဲ့သူများကို ခြွင်းချက်မရှိလွှတ်ပေးရမည်။”တို့ ဖြစ်ပါသည်။
ဗမာနိုင်ငံဗဟိုအစိုးရသစ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းအတွက် မနည်းအဖတ်ဆယ်နေရတဲ့အချိန်မှာအဲဒီရာဇသံပြင်းပြင်းတောင်းဆိုချက်တွေ ငြင်းပယ်ခဲ့ပါတယ်။ ဒီတော့ မြောက်ဖက် ရခိုင်ပြည်နယ်က မူဆလင်တွေကချက်ခြင်း အမြန်ပဲဗမာနိုင်ငံကို ဂျီဟတ်လိုခေါ်တဲ့ ဘာသာရေးစစ်ကြေငြာလိုက်ပါတော့တယ်။
မူဂျာဟေဒင်တွေမှာ အတွင်းစိတ်ယုတ်ကန်းလှတဲ့စီမံကိန်းတစ်ခု ထွက်ပေါ်လာပြီး မောင်းတောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ဗုဒ္ဓဘာသာဝင်ကျေးရွာများအားလုံးကိုဖျက်ဆီးခဲ့ကြပါတယ်။ (၄င်းမြို့နယ်တောင်ပိုင်းမှာ လွန်ခဲ့သော၆နှစ်ကပင်ဖျက်ဆီးသုတ်သင်ပြီးဖြစ်သည်။)
၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့)မှာ ငပြုချောင်းနှင့် အနီးတ၀ိုက်မှာရှိတဲ့ ရွာတွေကို တိုက်ခိုက်ခဲ့ကြ တယ်။ ပြီးတော့နည်းလမ်းအသစ်အနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ပြန်ပေးဆွဲခဲကြတယ်။ သူတို့တောင်းဆိုတဲ့ ငွေ(သို့) သူတို့တောင်းဆိုတဲ့အနေအထား၊ မရလျှင် ပြန်ပေးဆွဲထားတဲ့ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့ကြတယ်။
အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန်
No comments:
Post a Comment