Thursday, September 20, 2012

ရခိုင်အမျိုးသမီးအသင်း၏ဥက္ကဌ ဒေါ်စောခင်တင့်၏ဟောပြောချက်(2)


by Arakan the golden land on Thursday, September 20, 2012 at 8:01pm 
·
၂၇.၆.၂၀၁၂ ရက်နေ့က ရသေ့တောင်မြို့နယ်၊အလိုတော်ပြည့်ဆရာတော်ကျောင်းတွင် ရခိုင်အမျိုးသမီးအသင်း၏ဥက္ကဌဖြစ်သူ ဒေါ်စောခင်တင့်၏ဟောပြောချက်

         
                   အဲဒါကြောင့် လက်ရှိဖြစ်စဉ်မှာ ကျွန်မတို့ ရခိုင်သူ၊ရခိုင်သားတွေ ပေးဆပ်လိုက်ရတဲ့ ဒီဖြစ်စဉ်တွေကို အခုအခါမှာ တစ်ကမ္ဘာလုံးကလည်း အမှန်တကယ် သိမြင်သွားကြပါပြီ။တကယ်ခံရတဲ့သူတွေက ဘယ်သူတွေလဲ။ ရခိုင်သူ၊ရခိုင်သားတွေပါ။ ဗုဒ္ဓဘာသာဝင် ရခိုင်သူ၊ရခိုင်သားတွေ ခံနေရတာ အခုဘယ်လောက်များ ရက်စက်သလဲ ကြည့်တော့။ အခုကျွန်မတို့မှာ document တွေအပြည့်အစုံ ရထားပါပြီ။ ကူတောင်မှာ အသတ်ခံသွားရတဲ့ လူ(၁၁)ဦး၊ အဲဒီအစော်ကားခံရတဲ့ ကျောက်နီမော်က မိန်းကလေးကိစ္စ၊ ဒီကိစ္စတွေကိုတစ်ကမ္ဘာလုံးအတွက်ကဲ…..မင်းတို့ကြည့်။ ဒီကုလားတွေ ဘယ်လောက်ထိ ယုတ်မာတာလဲဆိုတာ မင်းတို့မြင်ကြပြီလား။ ငါတို့ရခိုင်လူမျိုးတွေကို ဘယ်လေက်ထိ ရက်စက်လဲဆိုတာ မင်းတို့သိကြပြီလား။ဆိုပြီး (သိသွားအောင်) ဒီစာတွေ တစ်ကမ္ဘာလုံး မရောက်ရောက်အောင် ပြန်ပြီးတင်ပြ၊ဖြန့်ပြဖို့က ကျွန်မတို့ရဲ့တာဝန်ပါ။ ကျွန်မတို့ (တစ်ကမ္ဘာလုံး) ရောက်အောင်လည်း တင်ပြသွားမယ်။ ကုလသမဂ္ဂကိုလည်း ရောက်အောင်တင်ပြပါမယ်။ ကမ္ဘာသူ၊ကမ္ဘာသားအားလုံးသိအောင်လည်း ကျွန်မတို့ဒီစာတမ်းတွေကို ကျွန်မတို့ တင်ပြပါမယ်။ ဒါတွေနဲ့ပက်သက်ပြီး ကျွန်မတို့မှာ သက်သေအားလုံး ရရှိထားပါပြီ။ဒါကြောင့် ပေးဆပ်လိုက်ရတဲ့အတွက် ဒီနေရာမှာ ကျွန်မတို့ရခိုင်သားတွေတော့ ရပိုင်ခွင့် အားလုံးကို ရရှိနိုင်အောင်၊ ဆုပ်ကိုင်နိုင်အောင် ကျွန်မတို့ ကြိုးစားရပါမယ်။
             ကျွန်မတို့ ရခိုင်သူ၊ရခိုင်သားတွေ သိထားရမှာက သူတို့တွေရဲ့နောက်မှာ အင်မတန်ကြီးကျယ်တဲ့ ငွေကြေးထောက်ပံ့မှုတွေရှိနေတဲ့အတွက် ဒီငွေကြေးကိုအကြောင်းပြုပြီး ကျွန်မတို့လူမျိုးတွေ အားလုံးကို ဒီငွေကြေးတွေနဲ့ဖိသတ်ပြီး၊ ဓနအင်အားနဲ့ဖိသတ်ပြီး၊ သူတို့လိုချင်တဲ့ကိစ္စအားလုံးကို လုပ်ယူသွားခြင်းသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကိစ္စမှာ ကျွန်မတို့တွေဟာ တရားမဝင်ခိုးဝင်လာတဲ့သူတွေ၊ ဥပဒေဘောင်အတွင်းမှ မဟုတ်တဲ့သူတွေ၊ တရားမဝင်ရရှိတဲ့ငွေကြေးတွေနဲ့ ချမ်းသာကြွယ်ဝနေသူတွေ၊ ဒီလူတွေအားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ကိစ္စအတွက် ရှေ့ဆက်ပြီး ကျွန်မတို့ လုပ်ကိုလုပ်ရပါမယ်။ ဒါတွေအားလုံးဟာလွှတ်တော်ထဲကိုလည်းရောက်သွားရပါမယ်။ အားလုံး သိနားလည် အောင်လည်း လုပ်ရပါမယ်။ အဲဒါကြောင့် ကျွန်မထပ်ပြောချင်တာက ဒီဖြစ်နေတဲ့ကိစ္စဟာ သာမန်ကိစ္စ မဟုတ်ပါဘူး။ သူတို့ဆီက ဒီလောက်အင်အားကြီးတဲ့ စီမံချက်တွေနဲ့ လုပ်ထားတဲ့ကိစ္စကို ကျွန်မတို့ ရခိုင်လူမျိုးသက်သက်နဲ့ ကာကွယ်လို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မတို့ရခိုင်သူ၊ရခိုင်သားတို့ဘက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး ပါဝင်လာအောင် လုပ်ဆောင်နိုင်ရပါမယ်။ အသိပေးနိုင်ရပါမယ်။ သူတို့နဲ့တန်းတူ ပြည်ထောင်စုသား ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ပြောနိုင်ရပါမယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ အတိုက်အခံပါတီအားလုံးကိုလည်း ကျွန်မတို့ဘက် ပါလာအောင် ပြောဆိုစည်းရုံးရပါမယ်။ (၈၈)မျိုးဆက်ကျောင်းသားတွေကို ကျွန်မတို့ပြောပါတယ်။ ပါလာအောင် ပြောတဲ့အတွက် ကျွန်မတို့ဘက်ကို ပါလာပါတယ်။ အဲဒါကြောင့် ဒီကိစ္စတွေအားလုံးကိုလည်း ဒီလူကြီးတွေသိအောင် ကျွန်မတို့ ပြောပြဖို့ဆိုတာ ကျွန်မတို့တာဝန်ပါ။
၁၁၇။  အဲဒါကြောင့် ရခိုင်သားတွေ ဒီနေ့ဒီအချိန်မှာ ဥပဒေဘောင်အတွင်းက ကျွန်မတို့ရဲ့ရပိုင်ခွင့်ကို ရနိုင်သလောက်ရအောင် လုပ်ဆောင်ရမယ့် အခွင့်အရေးဟာ ကျွန်မတို့ရဲ့ အခွင့်အရေးပါ။ ပါးစပ်ပိတ်ပြီးနေဖို့ မလိုပါဘူး။  ဥပဒေဘောင်အတွင်းကသာ ကျွန်မတို့သွားကြပါ။ ကျွန်မတို့ လိုချင်တာတွေအားလုံးကို ရရပါ စေမယ်။ ဒီအခွင့်ရေးတစ်ခုအတွက် ကျွန်မတို့ရခိုင်လူမျိုးတွေ အများကြီး ပေးဆပ်ထားခဲ့ရပါပြီ။
               အဲဒါကြောင့် ကျွန်မတို့ ရခိုင်သားတွေအတွက် ရသင့်ရထိုက်တဲ့ အချက်တွေကို နှစ်ပေါင်းသုံးဆယ်ခန့် ကျွန်မတို့ဘာမှမပြောခဲ့ရဘဲ နှုတ်ပိတ်နေလာခဲ့ရတဲ့ ဒီကိစ္စတွေကို လူအားလုံးကို အားလုံးက ပြောနိုင်ရပါမယ်။ ဒါ့ကြောင့်မေ့မေ့လျော့လျော့မနေကြပါနဲ့။ အရာရာကိုသတိနဲ့နေပါ။ အားလုံးကို မျက်စိဖွင့်ပြီး ကြည့်ထားပါ။ ဒီကိစ္စရပ်တိုင်းဟာ လူတစ်ဦးချင်းစီအတွက် အရေးကြီးပါတယ်။ ဒီအရေးကိစ္စမှာသာ ကျွန်မတို့ ဒီကုလားတွေကို မနိုင်ရင် နောင်အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ အဲဒါကြောင့် ဒီနေ့ဒီအချိန်မှာ နည်းပေါင်းစုံသုံးပြီး၊ ဘက်ပေါင်းစုံက လူအားလုံးဟာ ဒီကုလားတွေကို မနိုင်နိုင်အောင် ကျွန်မတို့လုပ်ရမယ်ဆိုတဲ့ဆန္ဒကို ခေါင်းထဲမှာ စွဲမြဲနေအောင် မှတ်သားထားရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ရှိရပါမယ်။ ဒီရပ်ကွက်၊ကျေးရွာ၊နေရာတိုင်းမှာ ဖြစ်စဉ်တိုင်းဖြစ်စဉ်တိုင်းက အားလုံးရခိုင်သားတိုင်း ချိတ်ဆက်နိုင်အောင် အလျင်မြန်ဆုံး အကြောင်းကြားနိုင်ပြီး ဒီကိစ္စတွေကိုသတင်းပေးပို့နိုင်ရပါမယ်။ ဒီမှန်ကန်တဲ့ ဖြစ်စဉ်တွေအပေါ်မှာ ကျွန်မတို့ဘက်က တတ်နိုင်တဲ့လူတွေကလည်း တတ်နိုင်သလောက် တစ်နိုင်ငံလုံး၊တစ်ကမ္ဘာလုံးကို သိနိုင်အောင် အမြဲတမ်း တင်ပြနိုင်ရပါမယ်။ အဲဒီိလို ကမ္ဘာက သူတို့လုပ်ထားတဲ့ကိစ္စကို ကျွန်မတို့က ကမ္ဘာကိုပြန်ပြီး တင်ပြနိုင်ရပါမယ်။ဒါကြောင့်ဒီနေ့ဒီအချိန်မှာ “ ‘ရိုဟင်ဂျာ’  လို့ခေါ်တဲ့လူမျိုးဟာ ရခိုင်ပြည်မှာမရှိဘူး၊ ဒီလူမျိုးတွေဟာ ငါတို့လူမျိုးမဟုတ်ဘူးလို့ တစ်ကမ္ဘာလုံးက သိသွားတဲ့အချိန်မှာ ဒီရိုဟင်ဂျာဆိုတဲ့ စကားလုံး တစ်လုံးကို သူတို့တွေရဲ့လူမျိုးအသစ်ဖြစ်တဲ့ နာမည်လေးတစ်လုံးကို ရဖို့အတွက် ဒေါ်လာငွေမီလီယန်နဲ့ချီပြီး အကုန်ခံထားရတဲ့ကိစ္စပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ သန်းနဲ့ချီပြီးအ ကုန်အကျခံပြီးတော့မှ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်မျိုး ဖြစ်ပေါ်လာစေဖို့၊ ကမ္ဘာကလည်း လက်ခံလာစေဖို့ သူတို့တွေ ရင်းနှီးထားကြရတာပါ။ အဲဒါကြောင့် ဒီကိစ္စတွေအားလုံးမှာ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဒီလိုမျိုး အဖော်ခံရတဲ့အခါမှာ သူတို့အနုနည်းနဲ့မရရင် ကြမ်းပါလိမ့်မယ်။ ကြမ်းကိုကြမ်းလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့ ရခိုင်တွေ သတိရှိဖို့ လိုပါတယ်။
                    အခုနက ပြောခဲ့သလိုပဲ ကျွန်မတို့လိုအပ်ရင် အတိုင်းအတာတစ်ခုမှာ စောင့်ရှောက်ဖို့ လိုအပ်တဲ့အရာတွေကို တင်ပြသလိုပဲ ပြည်သူ့စစ်ဖွဲ့ဖို့၊ သတိနဲ့နေဖို့၊ အမျိုးသားရေးသတိရှိဖို့ဆိုတဲ့ ရှေ့ကကျွန်မတင်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်မတို့ ရခိုင်သားတွေအားလုံး လုပ်ရမယ့်အချက်တွေ ဖြစ်ပါတယ်။ မေ့မေ့လျော့လျော့ နေလို့ မရတော့ပါဘူး။ ကျွန်မတို့ဘက်ကလည်း တတ်နိုင်သမျှ ဒီကုလားနဲ့ရခိုင်တွေနဲ့ အတူယှဉ်တွဲ နေထိုင်လို့မရဘူးဆိုတာကို တင်ပြနိုင်ဖို့ ကျွန်မတို့မှာ သက်သေခံတွေ အများကြီးရှိနေတဲ့အတွက် ဒီအချက်တွေကို တင်ပြသွားပါမယ်။ ဒါကြောင့် ချက်ချင်းအားလုံးမဖြစ်နိုင်သေးတဲ့ အခိုက်အတန့်မှာ ကျွန်မတို့တွေဟာ သည်းခံပြီးတော့ ကိုယ်ဘာလုပ်သင့်တာလဲဆိုတာကို အမြဲတမ်းစဉ်းစားပြီုး လုပ်ဆောင်ဖို့လိုပါတယ်။ အမျိုးသမီးရော အမျိုးသားပါ  အမျိုးသားရေးသတိရှိဖို့ လိုပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ လွယ်လွယ်ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးဆိုတဲ့အချက်ကို ခေါင်းထဲ ထည့်ထားဖို့ လိုပါမယ်။
               ဒီကိစ္စဟာ နှစ်နဲ့ချီပြီး ဖြစ်သွားနိုင်တဲ့ ကိစ္စပါ။ သူတို့နှစ်ပေါင်း (၃၀)လောက်ရင်းထားရတဲ့ ကိစ္စကို ဒီတစ်လတည်းနဲ့ ပြေလည်သွားနိုင်မယ်လို့ထင်လား။ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ အနှစ်(၃၀)လုပ်ထားတဲ့ ဒီကိစ္စကို သူတို့က ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒအပေါ်မှာ ကျွန်မတို့ ရခိုင်သူ၊ရခိုင်သားတွေက ပိုပြီးသတိရှိရပါမယ်။ ပိုပြီး ညီညွတ်ရပါမယ်။ တိုင်းရင်းသားအားလုံး ကျွန်မတို့နဲ့ တစ်သားတည်းဖြစ်ဖို့ လိုပါတယ်။ နိုင်ငံခေါင်းဆောင် အားလုံးဟာလည်း ကျွန်မတို့နဲ့ တစ်ဖက်တည်းဖြစ်နေဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရဟာလည်း ကျွန်မတို့နဲ့ တစ်ဖက်တည်းရှိဖို့ လိုပါတယ်။ နိုင်ငံတော် စစ်တပ်အားလုံးလည်း ကျွန်မတို့နဲ့ တစ်ဖက်တည်းရှိဖို့လိုပါတယ်။ အဲဒီလို စည်လုံးမှုအင်အားကို ကျွန်မတို့ ရခိုင်သူ၊ရခိုင်သားတွေက လိမ္မာပါးနပ်စွာလုပ်ဆောင်ရပါမယ်။ လက်ခံရပါမယ်။ လုပ်ဆောင်နိုင်ရပါမယ်။ သူတို့တွေအားလုံးကိုလည်း ကို်ယ့်လူဖြစ်အောင် ကျွန်မတို့ ရှင်းပြစည်းရုံးရပါမယ်။ သူတို့ကို ကန်ထုတ်ရင် တစ်ယောက်ကန်ထုတ်ရင် ကျွန်မတို့ဘက်က တစ်ဖွဲ့ဆုံးရှုံးတယ်လို့ မှတ်ပါ။ အဲဒါကြောင့် ပြည်ထောင်စုနိုင်ငံသားတွေအားလုံးကလည်းဒီရခိုင်အရေးဟာ သူတို့အရေးသာမဟုတ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့အရေးဆိုတာကို အမှန်တကယ် သိမြင်သွားကြတဲ့အချိိန်မှာ အားလုံးက ကြိုးကြိုးစားစာစား၊တည်တည်တံ့တံ့ ရပ်တည်နိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ဆန္ဒ(ဖြစ်တဲ့) သူတို့ကို မဖြစ်မနေ ဒီနိုင်ငံက ဘယ်လိုပုံစံမျိုးနဲ့ နှင်ထုတ်ရမှာလဲ၊ ဘယ်လိုမျိုးနေရာချထားရမှာလဲ ဆိုတာမျိုး စဉ်းစားရမယ့်အချက်တွေ၊ ထွက်ပေါက်တွေ အများကြီး ရှိပါတယ်။
            ဒီကိစ္စကို နိုင်ငံတော်အစိုးရကို အကြံပေးဖို့၊ တင်ပြဖို့၊ လုပ်ဆောင်ရဖို့ကဏ္ဍတွေ အများအပြား ရှိလာပါလိမ့်မယ်။ အဲဒီလိုဖြစ်အောင်အထိတော့ ကြားအချိန်မှာ ကျွန်မတို့ တတွေ သတိကြီးစွာထားပြီး ဒီတာဝန်တွေကို မဖြစ်မနေသိအောင် ကြိုးစားကြပါ။ သိအောင်လည်း ကျင့်ကြံကြပါ။ ကိုယ့်ကိုကိုယ်လည်း သတိနဲ့ ဆင်ခြင်ပေးကြပါလို့ ကျွန်မ ပြောကြားလိုပါတယ်။ 

အသံမှစာသားအဖြစ်သို့ပြောင်းလဲပြီး၊ မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာပြန်ဆိုသူ -  ဇွဲသစ် (ရမ္မာမြေ)
Transcribed from audio to text and translated from Arakanese to Myanmar and English by Zwe Thit (Rammarmray)

No comments:

Post a Comment