Sunday, September 2, 2012

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ဆောင်းပါး စိတ်ဝင်စားစရာကောင်း


သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ဆောင်းပါး စိတ်ဝင်စားစရာကောင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့
ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်းမှာ
ဖမ်းဆီးခံထားရတဲ့ သူတွေ အပေါ်
သမ္မတကြီး ဦးသိန်းစိန်မှ
(ပြင်ပ ပယောဂတွေကြောင့်)


ကျောသား ရင်သားခွဲခြားပြီး ဘက်လိုက် ဆောင်ရွက် နေတယ်ဆိုပြီး ဝေဖန်မူများ
ထွက်ပေါ်နေတဲ့ နေရာမှာ အခု နောက်ဆုံး ထွက်လာတဲ့ ပြည်တွင်း အခြေစိုက်
Coral Arakan News Agency မှ သတင်း ဆောင်းပါး တစ်ပုဒ်က စိတ်ဝင်စားစရာ
ကောင်းတဲ့ အတွက် စာဖတ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
(အယ်ဒီတာအဖွဲ့)
————————————————

ပီတာဖေး၊ ၀ီရသူ၊ ဦးသိန်းစိန်၊ ကျောတစ်ရာ ရင်တစ်ရာ နဲ့ ဒေသခံတိုင်းရင်းသားများ

(ဟန်မောင်သိန်း၊ စစ်တွေ၊ ၂ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency)
မိုက်ကယ်ပီတာဖေး ဆိုတဲ့ အမေရိကန်ချာတိတ်တစ်ယောက် စင်ကာပူမှာ သူများ ကားတွေကို မှုတ်ဆေးတွေနဲ့ လျှောက်မှုတ်ပြီး ညစ်ပတ်ပျက်စီးစေတဲ့အတွက်စင်ကာပူတရားရုံးတစ်ရုံးက သူ့ကို ၁၉၉၄-ခုနှစ် မတ်လ သုံးရက်နေ့မှာ ထောင်ဒဏ်လေးလ၊

ဒဏ်ငွေ စင်ကာပူဒေါ်လာ သုံးထောင့်ငါးရာ နဲ့ ကြိမ်ဒဏ်ခြောက်ချက် ကျခံစေလို့ အမိန့် ချမှတ်လိုက်
ပါတယ်။

အမေရိကန်သမ္မတ၊ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်တွေ နဲ့ အမေရိကန်ပြည်သူ များစွာတို့က ကြိမ်ဒဏ်မပေးဖို့ တညံညံ ကန့်ကွက်နေကြတဲ့ကြားထဲက စင်ကာပူ တရားစီရင်ရေး စနစ်ဟာ အမေရိကန်သား မိုက်ကယ်ဖေး ကို ကြိမ်ဒဏ် လေးချက် မဖြစ်မနေစီရင်ခဲ့ပါတယ်။




ကမ္ဘာကြီးရဲ့ စကြာဝတေးမင်းစံရာ အမေရိကန်နိုင်ငံကို အာခံပြီးသကာလ စင်ကာပူနိုင်ငံ

သေးသေး လေးဟာ မိမိတို့မူ၊ မိမိတို့ ဥပဒေတွေအတိုင်း နေထိုင်ဆောင်ရွက်တာကို
မည်သည့်နိုင်ငံက ၀င်ရောက် ဖိအားပေး စွက်ဖက် ခိုင်းစေတာမျိုးလုပ်လို့ မရဘူးလို့
စင်ကာပူက သက်သေပြ ရပ်တည်သွားခဲ့ပါ တယ်။

“ဦးဇင်းက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တာက အဲဒီ စင်ကာပူနမူနာအတိုင်း ဖြစ်စေချင်တာ” လို့ မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ၊ ဓမ္မသဟာ
ယကျောင်းနာယက ဆရာတော်ဘဒ္ဒ န္တဝိစိတ္တာဘိဝံသ – ဝီရသူ (မစိုးရိမ်) က
Coral Arakan သတင်းဌာနကို ပြောပြသွားတာဖြစ်ပါတယ်။

“ဥပဒေအတိုင်းပဲ လုပ်သင့်တာပေါ့။ အပြစ်ရှိရင် အပြစ်ရှိတဲ့အတိုင်း စီရင်ရမှာပေါ့” လို့ ဆရာတော်က ပြောပါတယ်။

နောက်တစ်နေ့ စက်တင်ဘာလ နှစ်ရက်နေ့ မနက် ၁၀-နာရီနဲ့ ၁၁-နာရီကြား မန္တလေးမြို့မှာ ‘
သမ္မတကြီး ဦးသိန်းစိန်ကို ထောက်ခံဆန္ဒပြပွဲ’ မကျင်းပမီ တစ်ရက်က ညကိုးနာရီခွဲ အချိန်မှာ
Coral Arakan က ဆရာတော် ၀ီရသူကို မေးမြန်းလျှောက်ထားတဲ့အခါ အခုလို
ဖြေကြားသွားတာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကို ဖေါက်ဖျက်ပါတယ်ဆိုပီးတော့ မကြာသေးခင်က ထောင်ဒဏ်ချလိုက်တဲ့ (၆၃) ယောက်ထဲ မှာ အများစုဟာ တိုင်းရင်းသား ရခိုင်တိုင်းရင်းသားလူမျိုးတွေဖြစ်ကြတယ်။

နောက်ပြီး တော့ ဇွန်လကနေယခုအချိန်အထိ ကျောက်တော်မြို့နယ်အတွင်း မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲ
ဖမ်းဆီးထားသူ ရခိုင်လူမျိုးအရေအတွက်ဟာ စုစုပေါင်း (၃၁) ယောက်ရှိပါတယ်။

ဒါပေမဲ့ ဆရာတော်ပြောသလို အပြစ်ရှိရင် ရှိသလို စီရင်ရဲ့လားလို့ တစ်ဘက်ကိုကြည့်မယ်ဆိုရင် အရေးအခင်းဖြစ်ပေါ်အောင် လှုံ့ဆော်တယ်လို့ယူဆရတဲ့ ဘင်္ဂါလီလူမျိုး UN နဲ့ iNGO ၀န်ထမ်းတွေကို အရှိုရှိုပြန်လွှတ်ပေးနေတာကို တွေ့ရတယ်။ အဲသလို ဖမ်းဆီးထားတဲ့ ဘင်္ဂါလီဆယ်ယောက်ထဲ က ခုနစ်ယောက်ကို သြဂုတ် ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်။

အဲသလို လွှတ်ပေးလိုက်တဲ့ INGO ၀န်ထမ်း ဘင်္ဂါလီတွေဟာ အရေးအခင်းမှာ အမှန်တကယ်
ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရရှိထားပြီးသားတွေ
ဖြစ်တာကြောင့် သူတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး
သိန်းဌေးက ဇူလိုင် ၃၀ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာရုံးဟောင်း
ရှင်းလင်းပွဲမှာ ခိုင်ခိုင်မာမာ ထုတ်ဖေါ်ပြောဆိုခဲ့တဲ့သူတွေဖြစ်တယ်။

ကျန်တဲ့သုံးယောက်ဖြစ်တဲ့ ဦးခင်ရွှေ (WFP)၊ ဦးခင်မောင်ဟာ (UNHCR) နဲ့ ဒေါ်ချိုလေးမာခါတုန် (CSSEP)တို့ကို သြဂုတ်လ ၂၄-ရက်နေ့မှာ မလွဲမရှောင်သာ ပြစ်ဒဏ်တွေချမှတ်ပြခဲ့ပြီး၊ ချက်ချင်းဆိုသလို နိုင်ငံတော်သမ္မတကြီး ရဲ့အမိန့်အရ လွှတ်လိုက်ပြန်ပါတယ်။ ဒါဟာ မူဆလင်နိုင်ငံများအဖွဲ့ (OIC) နဲ့
မူဆလင်နိုင်ငံတွေရဲ့ဖိအားကြောင့်လို့ တချို့က ယူဆကြပါ တယ်။ဒီတော့ အခုလို ဘင်္ဂလီတွေကိုလွှတ်ပြီး ရခိုင်တွေကိုဖမ်းထားတဲ့အတွက် သမ္မတကြီးကို ထောက်ခံတာ ဖြစ်ပါသလားလို့ Coral Arakan ကမေးတော့ “မဟုတ်ပါဘူး။

ဆန်ရင်းနာနာဖွတ် ဆိုတဲ့ စကားပုံကို ဒီနေရာမှာကျင့်သုံးပြီးတော့ ကိုယ့်လူကိုနာစေ ဟိုဘက်ကလူကိုသာစေ
မလုပ်သင့်ပါဘူး။

တကယ်တော့ ဦးဇင်းတို့ဆန္ဒပြတာဟာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး နဲ့ တွေ့ဆုံစဉ်တုန်းက ကျူးကျော်ခိုးဝင်သူ ဘင်္ဂလီတွေကို UNHCR အကူအညီနဲ့ ဒုက္ခသည်တွေအဖြစ်စခန်းသွင်းထားရှိဖို့၊ နောက်ပြီးတော့တတိယနိုင်ငံတခုခုသို့ပို့ဆောင်ဖို့အစရှိ
သည်အားဖြင့် ပြတ်ပြတ်သားသား ပြောသွားတာတွေကို ထောက်ခံတာဖြစ်ပါတယ်
” လို့ ဖြေဆိုပါတယ်။

ဒါ့အပြင် ကုသမဂ္ဂအထူးသံတမန် သောမတ် အိုယေး ကွင်တားနားက မြန်မာနိုင်ငံကို လာရောက် လေ့လာပြီးနောက် မြန်မာ့ပြည်တွင်းရေး စွက်ဖက်ပြောဆိုတဲ့ စကားတွေကို ဒီဆန္ဒထုတ်ဖေါ်ပွဲတွေက ရှုတ်ချသွားမှာဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

ရခိုင်ရေးရာ တက်ကြွလှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သူ စစ်တွေမြို့နေ ခိုင်ကျော်ဇောကတော့ ဘာပဲပြောပြော သမ္မတကြီးရဲ့လုပ်ဆောင်ချက်တွေက ဟိုမှာ သည်မှာ ရှေ့နောက်တလွဲကလေးတွေ
ရှိနေလို့ သတိနဲ့ စာင့်ကြည့်ရဦးမှာ ဖြစ်တယ် လို့ဆိုပါတယ်။

ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ကို သြဂုတ်လ ၂၃-ရက်နေ့မှာတင်သွင်းဖို့လုပ်ပြီးမှ မတင်သွင်းပဲ ရွေ့ဆိုင်းလိုက်ရတဲ့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ ရခိုင်ပြည်နယ်
အရေးသုံးသပ်ချက်ပါ အချက်အလက်အလွဲတွေဟာ ပင်မအပိုင်း ဖြစ်တဲ့ သ၀ဏ်လွှာအပိုင်း
မဟုတ်ဘူးပဲ ထားပါတော့၊ သုံးသပ်တဲ့အထဲမှာ ထည့်သွင်းစဉ်းစားဖို့ လို မလို ဆိုတာကို
တွေးစရာ မလိုလောက်အောင် ရှင်းနေတဲ့အပိုင်းတွေ ဖြစ်တယ်။

ဒါမျိုးကို ပူးတွဲပါသွားအောင် ထည့်ပေး နိုင်တဲ့သူတွေ သမ္မတဆီပေါက်ရောက်တယ်ဆိုတော့
သတိထားစရာပဲ လို့ သူကဆိုပါတယ်။

အဲသည် ပဋိပက္ခ သုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်၊
ဆူပူမှုတွေဟာRNDPနဲ့ရခိုင်မျိုးချစ်ခေါင်းဆောင်တွေ၊ဘာသာရေးခေါင်းဆောင်တွေရဲ့
သွေးထိုးလှုံဆော်မှုတွေ ကြောင့် ဖြစ်ပေါ်ရတာဆိုတဲ့ သုံးသပ်ချက်တွေပါသွားခဲ့တယ်။

ဒီလို ပါသွားတဲ့ လွဲမှားသုံးသပ်ချက် ဆယ်ချက်လောက်မှာ ရခိုင်ပါတီတွေကို ယိုးမယ်ဖွဲ့တာ၊ ရဟန်းတော်တွေကို စွပ်စွဲတာတွေပါတယ်။

နောက်ပြီးတော့ လုံးဝမဟုတ်မှန်ကြောင်းကို လူအများက ကြားတယ်ဆိုရုံနဲ့ သိသာနိုင်တဲ့
အချက်တစ်ချက်ဖြစ်တဲ့ တိုင်းရင်းသား ကုန်သည် စီးပွားရေး သမားတွေက ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အချောင်ရယူချင်လို့ဖြစ်ရတာ ဆိုတဲ့ ပြစ်တင်စွပ်စွဲမှုတွေ
ရောကောသောကော ပါလာခဲ့တယ်။

ဒီတော့ ယုံကြည်လို့ ပုံအပ်တာကို မကျင့်သုံးပဲ သမ္မတကြီးကို သတိတရားနဲ့သာ မေတ္တာထား ချင်သူတွေ ပြောတာကတော့၊ ဟုတ်ပါပြီ၊ တရားမျှမျှတတဖြစ်အောင် တကယ်တမ်း ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို မိုက်ကယ်ဖေးလို ကြိမ်ဒဏ်လေးချက်ပေးတယ်ပဲထားပါတော့၊ တိုင်းရင်းသား တွေကိုတော့ ကျောတစ်ရာ
ရင်တစ်ရာ ကြိမ်ရိုက်ပြီး မြိုင်အရပ်ကို နှင်နေရင်တော့ ဒုက္ခပါပဲ၊ သမ္မတကြီးကိုတော့ သတိတရားနဲ့မှ မေတ္တာထားမှဖြစ်မယ်လို့ ဆိုကြပါတယ်။

သေချာတာကတော့ ထောက်ခံပါတယ်လို့ဆန္ဒပြမှာကိုတောင် အုပ်ချုပ်သူတွေဘက်က စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာဖြစ်တယ်။

ဆရာတော်ဝီရသူတို့ ကြိုပြီး တင်ပြထားတဲ့ လက်ကိုင်ဆိုင်းဘုတ် စာသား ဆယ့်ငါးခုဟာ ပိတ်ပင်ခံရပြီး၊ “သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ” ဆိုတဲ့ဗီနိုင်းနဲ့ UNHCR
မဟာမင်းကြီးကို သမ္မတကြီး ကပြောခဲ့တဲ့ အဓိကအချက် သုံးချက်ပါ ဗီနိုင်းတို့ကိုပဲ ဆန္ဒပြပွဲမှာ
ခွင့်ပြုထားတယ်လို့ သိရတယ်။


မန္တလေးအန်အယ်လ်ဒီရုံးနားကို မရောက်အောင် ဆန္ဒပြစီတန်းလှည့်လည်ခွင့်ပေးတဲ့
နယ်မြေကိုလည်း ကန့်သတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

“ထောက်ခံဆန္ဒပြမယ်ဆိုတာတောင် ဆန္ဒပြမှာကို သူတို့ ကြောက်နေကြသလားမသိဘူး”
လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဆရာတော် ၀ီရသူက မှတ်ချက်ပြုပါတယ်။

“ဆရာတော်က ဟိုမှာ ဇွန်လ စဖြစ်တယ်ဆိုကတည်းက ထိန်းပေး လာတာပါ။ ကိုယ့်တကာတကာမတွေကိုလည်း ထိန်းတယ်။ ဟိုဘက်က မူဆလင်တွေကိုလည်း ထိန်းတယ်” လို့ပြောပြတယ်။

ဒါပေမဲ့ အရေးအခင်းမငြိမ်သက်သွားခင်လေးမှာ ထုတ်ပြန်တဲ့ “၀ီရသူသဘောထား” ဆိုတဲ့
ဆရာတော် ရဲ့ကြေငြာချက်ကြီးကလည်း ဘင်္ဂါလီတွေရဲ့ အန္တရယ်ကို ကွက်ကွက်ကွင်းကွင်း
မီးမောင်းထိုးပြခဲ့ တယ်။

တကယ်တော့ အစိုးရဘက်ကအပါအ၀င် ဗမာပြည်မဘက်က ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ တော်တော်များများဟာ ဒီဘင်္ဂါလီဆူပူမှုစဖြစ်တယ်ဆိုကတည်းက ဒါကို ပြည်မဘက်ကို ရောက်မလာအောင် ထိန်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အခုလည်း ဆူပူမှုကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေဘက်က သတိနဲ့ ကန့်သတ်ထားပုံရပါတယ်။

ပြည်တွင်းက အင်တာနက်စာမျက်နှာပေါ်မှာကတော့ ပြည်တွင်းက ဗမာအပါအ၀င် အခြား
တိုင်းရင်းသားတွေ အားလုံးရဲ့အမြင်မှာ ဒီအရေးအခင်းဟာ လူဦးရေအားဖြင့်နယ်ချဲ့
ကျူးကျော်မှုခံရတဲ့ သဘောဖြစ်တယ်လို့ပြောဆိုရေးသားနေကြတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ဒီအရေးအခင်းမှာ ရခိုင်တိုင်းရင်းသား များဘက်က ပြတ်ပြတ်သာသားမှန်မှန်ကန်ကန် တောက်လျှောက် ရပ်တည်ပြောဆိုခဲ့သူဖြစ်ပေမယ့်၊
နောက်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ (မွန်-တရုတ်ကပြားတစ်ဦးဖြစ်သူ) မင်းကိုနိုင်ဆီက ဒီအရေးနဲ့ ပတ်သက်လို့ တိတိပပ ကိုးကားစရာစကား “quotable quote”
ရယ်လို့ မယ်မယ်ရရ ဘာမှထွက်မလာသေးဘူးလို့ ရခိုင်အရေးစောင့်ကြည့်သူ ရန်ကုန်က
ကျောင်းဆရာ တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်း ဆယ်နာရီမှာ စတော့မယ့် သမ္မတကြီးကိုထောက်ခံပွဲမှာ ပါဝင်ဆင်နွှဲကြမယ့် မန္တလေး အန်အယ်ဒီလူငယ်များထဲက တစ်ဦးဖြစ်သူ မလှလှမြင့်က ညကြီးမင်းကြီး ဆယ်နာရီ လောက်မှာ ဖုန်းဆက်မေးမလို့ ကြိုးစားတဲ့ Coral Arakan ကိုပြောတာကတော့၊

မနက်ဖန် အလုပ်တွေများမှာ မို့လို့အခုစောစောအိပ်နေတာ လို့ဆိုပါတယ်။ မနက်မှမေးပါ
လားလို့ ဆိုပါတယ်။

ဒီတော့ အချုပ်အားဖြင့်ဆိုရရင် ဒီနေ့မနက်မှာ လုပ်ကြတော့မယ့် ဆန္ဒထုတ်ဖေါ်ပွဲရဲ့ အကျိုးဆက်ကြောင့် မလှလှမြင့်၊ ဆရာတော်ဝီရသူ နဲ့ အခြားသံဃာတော်များ၊ ဆန္ဒဖေါ်ထုတ်ရာမှာ ပါဝင်ကြမယ့် သူအားလုံး၊
မြန်မာနိုင်ငံသား တိုင်းရင်းသားများ အားလုံး တို့ဟာ . . . ဒေသခံဖြစ်ရဲ့ သားနဲ့ ကျောတစ်ရာ ရင်တစ်ရာ ကြိမ်ဒဏ်ခတ်ပြီး မြိုင်အရပ်ကို အနှင်ခံရမယ့် ဘေးကနေ ဝေးနိုင်ကြပါစေလို့ ဆုတောင်း မျှော်လင့်မိတယ်။

(ဟန်မောင်သိန်း)

နိရဉ္စရ

No comments:

Post a Comment