မိမိကိုယ်မိမိ
ရခိုင်တိုင်းရင်းသားဟု ဆိုပါလျက် ရခိုင်/မြန်မာစကား တစ်ခွန်းမျ
မပြောတက်ရုံမက နားပင်မလည်သော စစ်တကောင်းကောလိပ်မှ ၀ိဇ္ဇာဘွဲ့ ယူခဲ့သော
ရိုဟင်ဂျာဆိုသူများ၏ ဖန်ဆင်းရှင်၊ ဖုံညိုလိပ်ရွာနေ အဒူဂါဖါရ်မှသည်
မိမိကိုယ် မိမိ ခေတ်သစ် သမိုင်းပညာရှင်ဟု ခံယူထားသော ဇော်ဝင်းထွဋ်ဆိုသူ အထိ
ခေတ်အဆက်ဆက် လန်ကြုတ် ဖန်တီးခဲ့သည့် ဖြတ်-ညှပ်-ကပ် ရိုဟင်ဂျာ
သမိုင်းလိမ်များကို ပြည်တွင်းပြည်ပ(နိုင်ငံခြားသား အပါအ၀င်) သမိုင်း
ပညာရှင်များက ဝေဖန်ချေပ ခဲ့ကြပြီး ဖြစ်ပါသည်။ အဒူဂါဖါရ် ၏ သမိုင်းလိမ်သည်
ဆရာ ဦးဖော်ဇံ၏ ချေပမှုအောက်တွင် အရည်ပျော်ကျခဲ့ပြီး၊ ဇော်ဝင်းထွဋ်၏
သမိုင်းလိမ်သည် ဂျပန်နိုင်ငံရောက် ရခိုင်သားများ၏ ထိုးနှက်မှုအောက်တွင်
ပျက်စီးခဲ့ရပြီးဖြစ်ပါသည်။
ထို့အပြင်
ဂျပန်နိုင်ငံတရားရုံးမှ ရိုဟင်ဂျာဆိုသူများကို လူဝင်မှုဥပဒေအရ
ရုံးတင်စစ်ဆေးသည့်အခါကလည်း သူတို့သည် ဘင်္ဂလီလူမျိုးသာဖြစ်ကြောင်း ၊
ရိုဟင်ဂျာ ဆိုသည့် လူမျိုးမှာ မရှိကြောင်း ၊မိမိကိုယ်မိမိ ခံယူထားခြင်း သာ
ဖြစ်ကြောင်း တရားရုံးက ဆုံးဖြစ်ခဲ့ပါသည်။ သို့ပါလျှက်
အနောက်သတင်းသမားများသည် အမှန်တရားကို မသိ၍လား၊ သိလျက်နှင့်
အရွဲ့တိုက်ချင်၍လား ဆက်တိုက် ထုတ်လွင့်နေကြသည်ကို မကြာခဏ ကြားနေရသည်။
ရိုဟင်ဂျာ ဆိုသူများအကြောင်းကို မြိန်ရေယှက်ရေ တင်ပြနေကြသည်ကို တွေ့ရပါသည်။
သမိုင်းဖြစ်ရပ်အမှန်ကို ကွယ်ဝှက်ပြီး အစိုးရဆန့်ကျင်ရေး
သတင်းရေစီးကြောင်းအတိုင်း မျောလိုက်နေကြပါသည်။ ဤရေစီးကြောင်းအတိုင်း
မျောလိုက်ရန် ကြိုးပမ်းနေသော ပြင်သစ်နေ လှအောင်ဆိုသူသည်
ရိုဟင်ဂျာသမိုင်းလိမ် အခန်းဆက်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ပါသည်။
သို့ရာတွင် ဘီဘီစီ၏ အင်တာဗျူးတွင် ဒေါက်တာအေးချမ်း၏ ပိတ်ဆို့မူကို
မကျော်နိုင်သော လှအောင် သည် “ဘယ်လူမျိုးဘဲဖြစ်ဖြစ် ကျွန်တော်တို့ မူဆလင်တွေ
လူ့အခွင့်အရေးခံစားရရင်တော်ပါပြီ” ဟူသော စကားဖြင့် သူတို့၏အခန်းကို
လျှော့ချပစ်ခဲ့ပါသည်။
သို့သော် အင်္ဂလန်နေ
ထွန်းခင်ဆိုသူတစ်ဦးက သူတို့၏အကြမ်းဖက်ဗီဇ ရုပ်ကလေးကို လှစ်ပြခဲ့ပြန်ပါသည်။
ဒေါက်တာအေးချမ်းနှင့် သမိုင်းပညာရှင် အချို့က
လန်ဒန်မြို့(SOAS)တက္ကသိုလ်တွင် သမိုင်းစာတမ်းဖတ်ပွဲကို ထွန်းခင်နှင့်
အကြမ်းဖက်သမားတစ်စုက ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုကြောင့် (၃)နေရာအထိ
ပြောင်းရွှေ့ပြီးမှ ပြုလုပ်နိုင်ခဲ့ပါသည်။ ထွန်းခင်နှင့် အကြမ်းဖက်သမားများက
လိုက်လံ နှောင့်ယှက်မှုကြောင့် ကြန့်ကြာနေခဲ့ရာ နိုင်ငံတကာ
သမိုင်းပညာရှင်များ ကူညီမူကြောင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
သူတို့သည် ထိုမျှနှင့် မရပ်တန့်နိုင်သေးဘဲ အတ္တလန်တိတ် သမုဒ္ဒရာကို
ခုန်ကျော်၍ အမေရိကန်နိုင်ငံ NEW JERSEY ပြည်နယ် ရီပတ်ပလီကန်အမတ် SMITH
ကိုချဉ်းကပ်ပြီး၊ ရိုဟင်ဂျာဆိုသူများအတွက် ဥပဒေတစ်ရပ် တင်သွင်းရန်
ကြိုးပမ်းမှုမှာ အဆိုတစ်ရပ်အဖြစ်သာ အဆုံးသတ်ခဲ့ပါသည်။
ဂါဖါရ် မှသည် ဇော်ဝင်းထွဋ်
အထိ ဖြတ်-ညှပ်-ကပ် သမိုင်းတစ်ရပ်ကို ဖန်တီးခဲ့ပြီး ရိုဟင်ဂျာ ဆိုသော
စကားလုံးတွင်ကျယ်မှုအတွက် ဒေါင့်မျိုးစုံမှ ကြိုးပမ်းခဲ့သည်။ BANKOK POST
မှသိန်း(၄၀) တန် ရိုဟင်ဂျာ ဆောင်းပါး (နဂါးမင်းစစ်ဆင်ရေးကာလ) သည်လည်းကောင်း
၊ မြန်မာ့ တပ်မတော်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးအပြီး ရိုဟင်ဂျာ ပေါင်းစုံ
ပြွတ်သိပ်နေခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘီစီတြာ (BECETRA) ဂျာနယ်မှ
ဓာတ်ပုံဆောင်းပါးများသည် လည်းကောင်း၊ ဘင်္ဂလီဘာသာဖြင့် ထုတ်ဝေသော့
အီတေဖတ်(ITAFAO) ဂျာနယ်ပါ ရိုဟင်ဂျာဆောင်းပါးများသည်လည်းကောင်း၊ ရေနံဒေါ်လာ
(PETRO-DOLLER)မည်မျှ လမ်းခင်းခဲ့ရသည်ကို ကာယကံရှင်များ အသိဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်လည်း အခက်အခဲ မည်မျှ ရင်ဆိုင်ခဲ့ရသည်ကို
ခေတ်ပြိုင်မီလိုက်သူများ သိပြီး ဖြစ်ပါသည်။ ရိုဟင်ဂျာ ဆိုသော
စကားလုံးတွင်ကျယ်အောင် ၊ ထင်ပေါ်အောင် ၊ နားစွဲအောင် သူတို့ဘာကြောင့်
ကြိုးပမ်း ကြပါသလဲ။သူတို့၏ မဟာဗျူဟာ ရည်မှန်းချက်အတွက် ဖြစ်ပါသည်။
ဘင်္ဂလီဆိုသည်မှာ
ဘင်္ဂလားဒေသခံ၊ အနွယ်ဝင်များဖြစ်သည်ကို အားလုံး သိကြပါသည်။ ဂါဖါရ်တို့၏
ဖြတ်-ညှပ်-ကပ် သမိုင်းဇာတ်ခန်းလာ အနွယ်ဝင်များသည် စစ်တကောင်းသား
ဘင်္ဂလီများဖြစ်ကြောင်း မည်သူမျှ မငြင်းကွယ်နိုင်သလို ၀န်ခံခြင်းလည်း
မပြုနိုင်ကြပါ။ ခပ်မဆိတ်နေကြပါသည်။ အဆိုးဆုံးကား အနောက်မီဒီယာ
များဖြစ်ပါသည်။ အနောက်မီဒီယာများသည် သတင်းတစ်ပုဒ် ကိုထုတ်လုပ်ရာ၌
လက်တွေ့ဖြစ်ရပ်နှင့် သဘာ ၀ယုတ္တိကိုပေါင်းစပ် သင့်ပါသည်။ သို့ရာတွင်
သူတို့သည် လက်တွေ့ဖြစ်ရပ်နှင့် ဆန္ဒစွဲကိုသာ ပေါင်းစပ်လိုက်သည့်အခါ
လွဲမှားသော သတင်းမှားနှင့် ဘက်လိုက်သော သတင်းမှားသာ ဖြစ်ပေါ်လာပါသည်။
အကြမ်းဖက်သမားကို သနားဖွယ်ရာလူများအဖြစ် ဖန်တီးမိကြပါသည်။ ဒုတိယကမ္ဘာ
စစ်အကြို နှင့် စစ်ပြီးခေတ်မှသည် ယနေ့အထိ အကြမ်းဖက်သမား
ကုလားဆိုးများရန်ကြောင့် အိုးပစ်အိမ်ပစ်၍ မိမိဇာတိဒေသကိုပါ
စွန့်ခွာသွားခဲ့ရသော ဘူးသီးတောင်၊ မောင်တောဒေသခံများ၏(IDP)ဖြစ်နေရသော
ဘ၀များကို အနောက်မီဒီယာများ မေ့နေကြဟန်ရှိသည်။ ဝေးလံဒေသရှိ ရခိုင်
တိုင်းရင်းသားများအပေါ် ရိုဟင်ဂျာအကြမ်းဖက်သမားများ၏ လူမဆန်စွာ အဓမ္မကျင့်မှု၊
ရက်စက်စွာ သတ်ဖြတ်ခံရမှု များကိုကား ၊အဆိုပါ အနောက်မီဒီယာများက ဖော်ထုတ်ရန်
လက်တွန့်နေကြပါသည်။
မကြာခဏဆိုသလို
အနောက်မီဒီယာအသီးသီးမှ ထုတ်လွှင့်နေသော့ လှေစီး ဒုက္ခသည်များကို ကြည့်လျှင်
အသက်(၂၀) နှင့် (၄၀)ပတ်ဝန်းကျင်ရှိ ကျန်းမာ သန်စွမ်းသော သူများဖြစ်ကြောင်း
တွေ့ရပါသည်။ သူတို့အထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူရွယ်များကို
ရိုဟင်ဂျာ အမည်ခံ များအဖြစ် တွေ့နေရပါသည်။ ခေတ်သစ် လှေစီးခရီးသည်များတွင်
ကျူးဘားဒုက္ခသည်နှင့် ဗီယက်နမ် ဒုက္ခသည်များကို ကြည့်ပါက မိသားစုအစုံအလင်၊
သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ပါလာသည်ကို တွေ့ရသော်လည်း၊
ရိုဟင်ဂျာလှေစီး ဒုက္ခသည်များထဲတွင်မူ အမြဲတမ်းလိုလို ဘင်္ဂလားဒေ့ရှ်
နိုင်ငံသား လူရွယ်များကို တွေ့နေရပါသည်။
ဒေသအုပ်စိုးရေးနှင့်
ပတ်သက်၍ လူများစုဖြစ်သော မူဆလင်များနေထိုင်ရာ ဘူးသီးတောင် ၊မောင်တော ဒေသသည်
မူဆလင်များ၏ ဒေသဖြစ်ရမည်ဟူ၍ အလယ်သံကျော်ညီလာခံ မှစကာ အစဉ်တစိုက်တောင်း
ဆိုလာကြသည်။
ဒေသအုပ်စိုးရေးဆိုသည်မှာ
လူများစု၊ လူနည်းစုနှင့် မဆိုင် ၊ဒေသခံဟုတ်/မဟုတ် ၊တိုင်းရင်းသား
ဟုတ်/မဟုတ် နှင့်သာ ဆိုင်သည်။ လူ့အနွယ်စုတစ်ရပ်သည် ထိုဒေသနှင့်
ဆက်နွယ်သင့်/မသင့်(နိုင်ငံသား ဖြစ်ထိုက်/မဖြစ်ထိုက်) ဆိုသည်မှာ
မျိုးဆက်ပေါင်းများစွာ ရှိသည်နှင့်လည်းမဆိုင်၊ ဒေသခံတိုင်းရင်းသား
ဟုတ်/မဟုတ် ဆိုသည်နှင့်လည်းကောင်း၊ ကမ္ဘာစံနှုန်း ၊ စံညွန်းများ
နှင့်လည်းကောင်း ၊ ချိန်ဆရမည်ဖြစ်ပါသည်။ မျိုးဆက်ပေါင်း မည်မျှပင်ရှိသည်
ဖြစ်စေ၊ ထိုဒေသနှင့် ဒေသခံများအပေါ် သစ္စာရှိမှု ၊ အေးအတူ ပူအမျှ ယှဉ်တွဲ
နေထိုင်လိုမူ ရှိ/မရှိ အပေါ်တွင်သာ မူတည်ပိုင်းဖြတ်ရမည် ဖြစ်ပါသည်။
ဒုတိယကမ္ဘာ စစ်ကြိုကာလ မေယုဒေသ၌ သွေးလွှမ်းခဲ့ရသော အဖြစ်အပျက်များ၊
စစ်ပြီးခေတ် မူဂျာဟစ် သောင်းကျန်းသူများ၏ အကြမ်းဖက်မူများသည် ဒေသအပေါ် သစ္စာရှိမူ ၊ဒေသခံများနှင့် အေးအတူ ပူအမျှ ယှဉ်တွဲ နေထိုင်လိုမှု ရှိ/ မရှိ ဖော်ပြနေပေရာ သူတို့အား ဒေသနှင့် ဆက်နွယ်မှု ပေးသင့်/ မသင့် ဆိုသည့် အဖြေက ရှင်းပါသည်။
စစ်ပြီးခေတ် မူဂျာဟစ် သောင်းကျန်းသူများ၏ အကြမ်းဖက်မူများသည် ဒေသအပေါ် သစ္စာရှိမူ ၊ဒေသခံများနှင့် အေးအတူ ပူအမျှ ယှဉ်တွဲ နေထိုင်လိုမှု ရှိ/ မရှိ ဖော်ပြနေပေရာ သူတို့အား ဒေသနှင့် ဆက်နွယ်မှု ပေးသင့်/ မသင့် ဆိုသည့် အဖြေက ရှင်းပါသည်။
ကျွန်တော်တို့က သူတို့အား
ဒေသနှင့် ဆက်နွယ်မှု ပေးသင့်/ မပေးသင့် (နိုင်ငံသား ဖြစ်ထိုက်/မဖြစ်ထိုက်)
စဉ်းစား နေကြသော်လည်း သူတို့သည် နိုင်ငံသား ဖြစ်ထိုက်/ မဖြစ်ထိုက်ကို
လုံးဝမစဉ်းစား ကြပါ။ သူတို့သည် တစ်ဦးစ တစ်ယောက်စမှလွဲ၍ နိုင်ငံသား
ဖြစ်လိုမှု လျှောက်ထားခြင်းမရှိကြပါ။ ကျွန်တော်တို့ နိုင်ငံထဲ့သို့
နည်းမျိုးစုံဖြင့် ရောက်လာခဲ့ကြသော ဘင်္ဂလီအဟောင်း အသစ်များသည် ဤနိုင်ငံသို့
ရောက်လာသည်နှင့် ဤနိုင်ငံသားဟု သူတို့ကိုယ်သူတို့ ခံယူထားပြီးဖြစ်နေပါသည်။
ထို့ကြောင့် သူတို့အား နိုင်ငံသား လက်မှတ်ထုတ်ပေးဖို့ အခွင့်အခါသင့်တိုင်း
တောင်းဆိုနေကြ ခြင်းဖြစ်ပါသည်။
အကြမ်းဖက်ထွန်းခင်နှင့်
အပေါင်းပါတို့က အမေရိကန်လွတ်တော်အမတ် (SMITH)ကို အသုံးချလျက်
ရိုဟင်ဂျာဆိုသူများက မြန်မာနိုင်ငံရှိ အခြားနိုင်ငံသားများ နည်းတူ
အခွင့်အရေးအပြည့်အ၀ပေးရန် တူညီသော နိုင်ငံသား (AS FULL AND EQUAL) အဖြစ်
သတ်မှတ်ပေးရန် တောင်းဆိုနေကြသည့်နည်းတူ မြန်မာနိုင်ငံတွင်း၌ အဖြူရောင်
ကတ်ပြား၊(ယာယီမှတ်ပုံတင်)အား အနီရောင် ကတ်ပြား(နိုင်ငံသားကတ်ပြား) အဖြစ်
ဘယ်တော့ လဲပေးမှာလဲ ဟု မေးမြန်းခံနေရပြီ ဖြစ်ပါသည်။
သူတို့သည် ကျွန်တော်တို့
နိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးမထားဖြင်း ဖြစ်ပါသည်။ ၀င်လိုသည့်
အချိန်တွင် ၀င်ရောက်လာပြီး ၊ သူတို့အလိုမကျသည့်အချိန် တွင် စည်းမဲ့ကမ်းမဲ့
ဥပဒေမဲ့ အတွက်အဆမဲ့စွာ အစုလိုက်အပုံလိုက် ထွက်ခွာရန် နည်းနည်းမှ
ဝန်မလေးသူများဖြစ်ကြောင်း နဂါးမင်းစစ်ဆင်ရေးကာလ အဖြစ်အပျက်များက သက်သေ
ပြပြီဖြစ်သည်။
မျိုးဆက်ပေါင်း
များစွာရှိခဲ့ပါပြီဟုအော် နေကြသော ဘင်္ဂလီ များကို ကျွန်တော်တို့ မည်သည့်
စံနှုန်းဖြင့် ရွေးချယ် ပါမည်နည်း။ ယနေ့တိုင် ကျွန်တော်တို့သည် ပထမမျိုးဆက်
ကလေးများနှင့် လူသစ်များကို တွေ့နေရဆဲဖြစ်ပါသည်။
ရိုဟင်ဂျာဆိုသော
စကားလုံးကို မည်သည့် အဓိပ္ပါယ်ဖြင့် ဖွင့်ဆိုပါစေ၊ သကြားအုပ်
ဆေးခါးကြီးသာဖြစ်ပါသည်။ သူတို့၏ ဘင်္ဂလီနောက်ကြောင်းပြန် ဇာတ်လမ်းကို
ကောက်ကြောင်းမဆွဲလိုသဖြင့် ဘင်္ဂလီ အမည်ကို ဖုံးကွယ်ပြီး အယောင်ဆောင်
အမည်သစ်ဖြင့် ဖြင့် မြန်မာ့မြေကို အကြမ်းဖက် လုယက်ရေး လုပ်ရပ်သာဖြစ်ပါသည်။
ရိုဟင်ဂျာဆိုသည်မှာ
မည်သည့် လူ့အခွင့်အရေးမှ ထူးခြားစွာဆုံးရှံးမခံရဘဲ၊ သူတို့သာလျှင်
လူ့အခွင့်အရေးကို အရင့်သီးဆုံးချိုးဖောက်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့်
ရိုဟင်ဂျာဆိုသည်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား များကိုင်စွဲသည့်
နောက်ဆုံး ပေါ်လက်နက်တစ်ရပ်သာဖြစ်ပါသည်။
သို့သော်
ယဉ်ကျေးသောလူအဖွဲ့အစည်းများ စတင်ချိန်မှစ၍ ရေကြည်ရာ မြက်နုရာ တဖြည်းဖြည်း
ရွှေ့လျားလာကြသော လူ့အဖွဲ့ အစည်းများရှိရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့
အရှေ့ဘင်္ဂလားမှ အစားကျပ်တည်း၊ အနေကျပ်တည်းသော ဘင်္ဂလီများသည်
နည်းမျိုးစုံဖြင့် တလိမ့်လိမ့် ၀င်ရောက်လာသည်မှ ရိုဟင်ဂျာအကြမ်းဖက်
သမားများသည် လောဘဇောကပ်ပြီး နယ်မြေလုယက်ရေး လုပ်ရပ်ကို စွမ်းစွမ်းတမံ
ဆောင်ရွက်နေသူများ ရှိသလို၊ မိမိတို့၏ မိသားစုဘ၀ အေးချမ်းသာယာရေး ၊
ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်ရေး၊ တည်ငြိမ်အေးချမ်းသော အခြေအနေအောက်တွင်
နေထိုင်လိုကြသော မူဆလင် ဘာသာဝင် ပေါင်းများစွာ ရှိသည်ကို
ကျွန်တော်ဝန်ခံပါသည်။ အကြမ်းဖက် သမားများနှင့် ရောထွေးလာသောအခါ
ကျွန်တော်တို့အဖို့ ခွဲခြားရ ခက်လှပါသည်။ မူဆလင်ဝါဒသည် တခြားဘာသာဝင်များပင်
အတုယူစရာဖြစ်သည်ကို ကျွန်တော် တွေ့ဖူးပါသည်။
သို့သော် ….. လက်ရှိ
မူဆလင် အကြမ်းဖက်သမားတို့၏ လုပ်ရပ်ကား ကြောက်ခမန်းလိလိ ရင်တုန်စရာ
ကောင်းလှပါသည်။ ငြိမ်းချမ်းရေး သမား မူဆလင်များသည် အကြမ်းဖက်
သမားမူဆလင်များ၏ ခြိမ်းခြောက်အကျပ်ကိုင် မှုနှင့် မူဆလင်ဘာသာဝင်
မဟုတ်သူများ၏ အထင်အမြင်လွဲမှား မှုကြားတွင် ညှပ်ပိတ် နေကြရပါသည်။
ထိုသူများသည် မိမိတို့မှာ အကြမ်းဖက်သမားများ မဟုတ်သောကြောင်း၊ ဘာသာရေးကို
ငြိမ်းချမ်းရိုးသားစွာ ကိုးကွယ်လိုသူများသာ ဖြစ်ကြောင်း ရဲဝံစွာ ပြသရန်လို
အပ်နေပါသည်။
မူဆလင်ဘာသာဝင်များ
မဟုတ်သူများအနေဖြင့်လည်း ဘာသာမတူသူများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲ
နေထိုင်မှုကိုလက်ခံ ရန်ဖြစ်ပါသည်။ ထိုသူများ၏ စစ်မှန်သော
လူ့အခွင့်အရေးတောင်းဆိုမှုကို လက်ခံရမည် ဖြစ်ပါသည်။ တပြိုင်တည်း ဘာသာရေး
အစွန်းရောက် အကြမ်းဖက်သမားများအား ယှဉ်တွဲ တိုက်ခိုက်ရင်း ငြိမ်းချမ်းသော
မေယုဒေသကို တည်ဆောက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။
စံရွှေမောင်(ပစ္ဆီမရပ်ဝန်း မဂ္ဂဇင်း)
No comments:
Post a Comment