Friday, April 6, 2012

သက်ကြီး ရခိုင်တော်လှန်ရေး သမားများ ပူဇော်ပွဲ အတွက် ကူညီသူများ ပြား

ရခိုင်မျိုးစောင့် အုပ်စုမှ စီစဉ်နေသော သက်ကြီး ရခိုင်တော်လှန်ရေး သမားများ ဂုဏ်ပြုပူဇော်ပွဲအတွက် ကူညီ လှူဒါန်းသူများ အထူးများပြားနေကြောင်း သတင်း ရရှိသည်။


U-Maung-Hen-ACB-leader (သခင်စော၊ ဦးကျော်ဇံရွီတို့နှင့် အတူ တော်လှန်ရေး လုပ်လာသူ ရခိုင်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း ဦးမောင်ဟန်)

" ကျွန်တော်တို့ မျိုးစောင့် အုပ်စုက မတည်တာက အမေရိကန် ဒေါ်လာ ၄၀၀၀ ပါ။ အခုတော့ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေ စုပေါင်းလှူဒါန်းတဲ့ အတွက် ဒေါ်လာ တစ်သောင်းကျော်သွားပါပြီ။ အားရစရာ ကောင်းပါတယ်" ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခိုင်ထူးက ပြောသည်။

ဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် သက်ကြီး ရခိုင်တော်လှန်ရေးသမားများ ဂုဏ်ပြု ပူဇော်ပွဲတွင် တော်လှန်ရေး လုပ်ရင်း အိုမင်းမစွမ်း ဖြစ်သွားသူ သက်ကြီး ၅၀ ကျော်အား ရုပ်ဝတ္ထု ပစ္စည်းများဖြင့် ပူဇော်ကန်တော့ သွားမည် ဖြစ်သည်။

"ဂုဏ်ပြုပူဇော်ပွဲများကို ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်း၊ အိန္ဒိယ သုံးနိုင်ငံမှာ ဧပြီလ ၁၆-ရက်နေ့တွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသက် ၆၀ အထက်နဲ့ ဒဏ်ရာရထားသူ ဘင်္ဂလာဒေခ်ျ့မှာ စုစုပေါင်း ၃၄ ဦး၊ ထိုင်းနယ်စပ်မှာ သက်ကြီးရွယ်အို နဲ့ ဒဏ်ရာ ရထားသူ ၆ ဦးနဲ့ အိန္ဒိယ နယ်စပ်မှာ ၁၂ ဦးတို့ကို ဂုဏ်ပြု ပူဇော်သွားမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ သက်ကြီးရွယ်အိုများ ပူဇော်ပွဲအတွက် အလှူငွေများ ထည့်ဝင်ကြသူ အရေအတွက်မှာ ယခုအခါ ၇၄ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အခမ်းအနား၌ ဘာသာခြားလူမျိုးခြားများက မီးရှို့လိုက်သော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသုံးကျောင်းနှင့် ဘာသာခြား၊ လူမျိုးခြားတို့က မိသားစုလိုက် သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးတို့ကိုပါ ငွေကြေး ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်လှူဒါန်းလိုသူ ရခိုင်မျိုးချစ် ပြည်ချစ်များသည်  ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ARG လူမှု အထောက်အကူပြုဌာန တာဝန်ခံ ကိုလှရွှေက ပြောသည်။



                                                                                (နိရဉ္စရာ- သတင်း)

No comments:

Post a Comment