Tuesday, April 10, 2012

ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း

 
 
ဘင်္ဂလားဒေ့ရှ် နှင့် ပတ်သက်၍ ယခုတလော online တွင် လူတော်တော်များများ ရေးနေကြသည်။ လူဦးရေကိစ္စ၊ ရေပိုင်နက်ကိစ္စ အမျိုးမျိုးဖြစ်သည်။ ထူးခြားသော သတင်းတစ်ပုဒ်မှာ လစာနှုန်း ချိုသာသော ဘင်္ဂလား အလုပ်သမားများ မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်လိုသောကြောင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား အေဂျင်စီတစ်ခုမှ ကမ်းလှမ်းလာသော သတင်းတစ်ပုဒ်ဖြစ်သည်။
ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ် အကြောင်း တစေ့တစောင်း လေ့လာမိသွားသည်။ ဘင်္ဂလားဒေ့ရှ်သည် ၂၀၀၁ မှ ၂၀၀၅ အထိ နှစ်စဉ် အလုပ်သမား ၂၅၀ ၀၀၀ ခန့်  ပြည်ပသို့ စေလွှတ်ခဲ့သည်။ ၂၀၀၅ နှစ်လည်မှစ၍ နှစ်စဉ် အလုပ်သမား ၄၀၀ ၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပထွက်ခွာသူ အလုပ်သမားဦးရေ ၈၃၃ ၀၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင်လည်း ခန့် မှန်းခြေ လုပ်သား ၉၀၀ ၀၀၀ ခန့်  ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။
ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် လုပ်သားဦးရေသည် နိုင်ငံလူဦးရေ၏ ၂.၈% ခန့်သာ ရှိသော်လည်း ထိုလုပ်သားတို့ ထံမှ နှစ်စဉ် လက်ခံရရှိသော လွှဲငွေပမာဏမှာ နိုင်ငံ GDP (Gross Domestic Product) ၏ ၁၃% ခန့် ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်ပလုပ်သားများ၏ လွှဲငွေပမာဏမှာ US$ 9000 million ခန့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှစ်သည် အထည်ချုပ်လုပ်ငန်းပြီးလျှင် ပြည်ပလုပ်သားများထံမှ တိုင်းပြည်ဝင်ငွေကို ဒုတိယအများဆုံး ရရှိသည်။
သို့ ရာတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းတွင်မူ အလုပ်အကိုင် မကောင်းလှချေ။ စစ်တမ်းများအရ ဘင်္ဂလားဒေ့ရှ် လုပ်သားများသည် အာရှတွင် လုပ်ခအနည်းဆုံး ရရှိသူစာရင်းဝင်များ ဖြစ်ကြပြီး အလုပ်လက်မဲ့ ဦးရေလည်း ပေါများလှသည်။ ထို့ ကြောင့် ၄င်းအစိုးရကိုယ်တိုင်မှလည်း
လုပ်သားများ ပြည်ပတွင်အလုပ်အကိုင် ရှာဖွေရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။
ပြည်ပထွက်ခွာ လုပ်သားများ၏ ၄၀% ခန့်သည်သာ ကျွမ်းကျင်လုပ်သားများ ဖြစ်သည်ဟု ဆိုသည်။ လုပ်သားများ၏ ၈၀% သည် Middle East တွင် အလုပ် လုပ်ကိုင်ကြသည်။ ၂၀၀၈-၂၀၀၉ တွင် နိုင်ငံတော်တော်များများ စီးပွားရေး ကျဆင်းသည်။ Middle East တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းကုန်ကာ ပြည်ပလုပ်သားတင်သွင်းမှုကို လျှော့ချသည့်အပြင် ရှိရင်းစွဲ လုပ်သားများကိုပင် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။ Singapore, Saudi Arabia, Kuwait, Malaysia, Italy, South Korea, United Kingdom တို့ တွင် ပြည်ပလုပ်သားများအား ဗီဇာသက်တမ်းတိုးပေးခြင်း ရပ်ဆိုင်းလိုက်သည့်အပြင် နှစ်စဉ်ခွင့်ပြုသော လူဦးရေကိုလည်း လျှော့ချခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြည်ပထွက်ခွာ လုပ်သားဦးရေမှာ သိသိသာသာ ကျဆင်းသွားသည်။
မလေးရှားနိုင်ငံသို့ ထွက်ခွာသူ ၂၀၀၈ခုနှစ်တွင် ၁၃၀ ၀၀၀ မှ ၂၀၀၉ ခုနှစ်တွင် ၁၂၄၀၀ သို့လည်းကောင်း၊ စင်ကာပူတွင် ၁၃၂ ၀၀၀ မှ ၁၄၇၀၀ သို့လည်းကောင်း၊ ကူဝိတ်တွင် ၃၂၀ မှ ၁၀ ဦးသို့ လည်းကောင်း အသီးသီး ကျဆင်းသွားခဲ့သည်။ ပြန်လည်စေလွှတ်ခံရသော ပြည်တော်ပြန်များကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းတွင် ဂယေက်ဂယက် ဖြစ်တော့သည်။ ထို့ကြောင့် ၄င်းတို့အစိုးရမှ သံတမန်နည်းလမ်းသုံးကာ North America, Romania, Mali, Africa, Libya, Iraq, Vietnam, Hong Kong စသော နိုင်ငံများတွင် အလုပ်သမားများအတွက် အလုပ်အကိုင် ဈေးကွက်သစ် ရှာဖွေပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက် ရှိသည်။
ယခုလည်း ဘင်္ဂလားအလုပ်သမားများ မြန်မာပြည်တွင် လာရောက်အလုပ်လုပ်လိုသည်ဟု ဆိုသည်။ အလျှင်းသင် ဆက်ပြီး စဉ်းစားမိသည်။ ၂၀၁၁ခုနှစ် IMF (International Monetary Funds) စစ်တမ်းများအရ မြန်မာနိုင်ငံ၏ GDP per capita (တစ်ဦးချင်း၏ ဂျီဒီပီ)သည် US$ 1400 ဖြစ်ပြီး ဘင်္ဂလားဒေ့ရှစ်မှာမူ US$ 1700 ဖြစ်သည်။ တိုင်းပြည်ထုတ်ကုန် GDP ချင်းကို နှိုင်းယှဉ်ကြည့်ပါကလည်း မြန်မာနိုင်ငံ၏ GDP သည် US$ 82.829 billion သာရှိပြီး ဘင်္ဂလားဒေ့ရှစ်မှာမူ US$ 282.945 billion ဖြစ်သည်။ ထို့အပြင် လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လက်မဲ့အများစုမှာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဖြစ်သည်ဆိုတော့ တကယ်လို့များ သူတို့တကယ် လာရင်ဖြင့် ကျုပ်တို့အထည်ချုပ်တွေက ကလေးမတွေအစား ရင်လေးမိပါရဲ့။ ကျုပ်တို့တိုင်းပြည်ကြီး အနူလဲရာ ဘာထောင်းတယ်ဆိုသလိုများ ဖြစ်သွားလေမလား။ သူတို့တွေ ဝင်လာရင်ဖြင့် တို့ မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ဦးရေ တိုးပွားသွားလေမလား။ အနည်းဆုံးတော့ အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။ စားခွက်လုတယ်ဆိုတဲ့စကားက ရင့်သီးပါတယ်။ ဒါပေမယ့် ရင့်ရင့်ပဲပြောပါရစေ။ သူတို့ တကယ်ဝင်လာရင် မြန်မာပြည်သူတွေ စားခွက်လုခံရပါ လိမ့်မယ်။ ကိုယ့်တိုင်းပြည်မှာ အလုပ်ရှာမလို့ မြန်မာများက ပြည်ပထွက်၊ အဲဒီအချိန်မှာ ဘင်္ဂလားများက အလုံးအရင်းနဲ့ဝင်၊ တစ တစနဲ့ မြန်မာပြည် ဘင်္ဂလားအမျိုခံရဖို့ကိန်းရှိသလားလို့လည်း စဉ်းစားမိပါတယ်။ တရားဝင်သော နည်းဖြစ်စေ၊ တရားမဝင်သော နည်းဖြစ်စေ နည်းမျိုးစုံနဲ့ တို့ ပြည်တွင်းကို ဝင်ဖို့ ကြိုးစားနေကြပါသည်။ နှစ်ဖူးစာဆိုတာ ရွာလည်တတ်ပါရဲ့။ အလုပ်လာလုပ်သော ဘင်္ဂားကိုကိုများနဲ့ အကြောင်းဆက် ပေါင်းဖက်ကြမယ့် တို့ ညီမလေးများ ဘယ်နှစ်ယောက်များ ရှိလေမလဲရယ်လို့ စဉ်းစားမိရင်း သက်ပြင်းသာ အခါခါ ချမိပါတော့သည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တိုင်းပြည် GDP အတွက် ပြည်ပရောက် အလုပ်သမားများကို အားထားရကြောင်း တင်ပြခဲ့ပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် ပြည်ပသို့ တရားဝင်နည်းလမ်းများကို သုံး၍ ထွက်ခွာသလို တရားမဝင် လူကုန်ကူးသော နည်းလမ်းများဖြင့်လည်း ပြည်ပနိုင်ငံများသို့ ဝင်ရောက်လေ့ရှိသည်။
UNODC (United Nations Office on Drugs and Crime) မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူကုန်ကူးမှုအများစုမှာ နယ်စပ်မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အများစုမှာ ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်ခွာခြင်းဖြစ်သည်။ ထိုနိုင်ငံများမှာ India, Saudi Arabia, Kuwait, Jordan, UAE, Quatar, Lebanon, Iraq, Malaysia စသော နိုင်ငံများ အပါအဝင် ဖြစ်သည်။ ၁၉၉၇ မှ ၂၀၀၃ခုနှစ်အတွင်း ပြည်ပထွက်ခွာသော အလုပ်သမားများအနက် အမျိုးသမီးဦးရေသည် (၁)%သာ ရှိပြီး ၂၀၀၈ခုနှစ်တွင်မူ (၅)%အထိ မြင့်တက်ခဲ့သည်။ လူကုန်ကူးခံရသော ဘင်္ဂလားဒေ့ရှ်အလုပ်သမားအများစုသည် Saudi Arabia နှင့် Malaysia သို့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြသည်။ အများစုသည် အောက်ခြေသိမ်း အလုပ်များဖြစ်သော စားသောက်ဆိုင်နှင့် ဟိုတယ်များ၊ ရုံးများတွင် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်ကြရသည်။
ထိုသို့ ပြည်ပထွက်ခွာ အလုပ်လုပ်ရန်အတွက် ၄င်းအလုပ်သမားတို့၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း မနည်းလှချေ။ အလုပ်သမား အများစုသည် အိမ်ရောင်း၊ လယ်ရောင်းရာမှ ရသောငွေဖြင့် အေဂျင့်ကိုပေးကာ စွန့်စားထွက်ခွာ လာသူများ ဖြစ်သည်။ တရားမဝင်နှုန်းထားများအရ အလုပ်သမားတစ်ဦးလျှင် သွားရောက်လိုသော နိုင်ငံအလိုက် US$4000~6000 အထိ အေဂျင့်ကို ပေးရသည်ဟု ဆိုသည်။ တရားဝင်နှုန်းထားမှာ US$ 1200~1500 ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံအများစုမှ ဘင်္ဂလား အလုပ်သမားများကို ပါမစ်ထုတ်ပေးခြင်း မရှိတော့သောကြောင့် အခြားသော
နည်းလမ်းများကိုသုံး၍ ပြည်ပသို့ ထွက်ခွာကြရသည်။ ပြည်ပနိုင်ငံများတွင် တစ်လလျှင် လစာငွေ US$ 120~150 အတွင်း ရနိုင်သည်ဟု ဆိုသည်။
အလုပ်သမားအများစုတွင် တရားဝင်နေထိုင်ခွင့် ဗီဇာ မရှိပေ။ စစ်တမ်းများအရ Malaysia နိုင်ငံတွင် တရားဝင်၊ တရားမဝင် နေထိုင်သူ ဘင်္ဂလားဒေ့ရှ် အလုပ်သမားဦးရေသည် ၂၀၀၉ခုနှစ်တွင် ၅၀၀ ၀၀၀ ရှိပြီး ၂၀၁၁ခုနှစ်တွင် ၇၀၀ ၀၀၀ ဦး ဖြစ်သည်။ Malaysia နိုင်ငံသည် ၂၀၀၉ခုနှစ်မှ စတင်၍ ဘင်္ဂလားဒေ့ရှ်အလုပ်သမားများအား တင်သွင်းခြင်းကို တရားဝင်ရပ်ဆိုင်းခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အလုပ်သမား ၅၀ ၀၀၀ အား ဗီဇာသက်တမ်းတိုးခွင့်ကို ပယ်ချခဲ့ပြီး ပါမစ်အသစ်လျှောက်ထားခြင်းများကိုလည်း ပိတ်ပင်ခဲ့သည်။ Malaysia မီဒီယာများ၏ ရေးသားချက်အရ ၁၉၉၁-၁၉၉၆ အတွင်း ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်များသည် မလေး မိန်းကလေးများနှင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အိမ်ရာထူထောင်ပြီးနောက်နိုင်ငံသားအဖြစ် ခံယူကာ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေပါကြောင်း သိရပါသည်။
မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံအများအပြားတွင် ဘင်္ဂလားဒေ့ရှ်လူမျိုးများ ပိုမိုများပြားလာသည် အမှန်ပင် ဖြစ်သည်။ ယခုလက်ရှိ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်ဦးရေသည် Saudi Arabia တွင် ၁ ၀၀၀ ၀၀၀၊ UAE တွင် ၅၀၀ ၀၀၀၊ Pakistan တွင် ၃ ၀၀၀ ၀၀၀ ၊ South Korea တွင် ၁၃၀ ၀၀၀၊ Malaysia တွင် ၇၀၀ ၀၀၀ နှင့် Maldives တွင် ၅၀ ၀၀၀ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တရားဝင်သာ စစ်တမ်းကောက်ယူရလျှင် မည်ရွေ့မည်မျှ တိုးပွားနေမည်လဲဟု ဝေခွဲမရဖြစ်ရင်း နိဂုံးချုပ်အပ်ပါသည်။
(ဗဟုသုတအဖြစ် ဖြည့်စွက်ပြောလိုပါသည်။ ဘင်္ဂလားဒေ့ရှ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ရေကြောင်းမှ ဝင်ရောက်သော ပေါက်ဈေးမှာ ရင်းဂစ် ၂၂၀၀၀ဖြစ်ပြီး ထိုင်းမှ မလေးရှားအရောက် ပေါက်ဈေးမှာ ရင်းဂစ် ၂၅၀၀ ခန့် ဖြစ်ကြောင်း မလေးရှားရောက် ဘင်္ဂလား အလုပ်သမားများထံမှ ကြားသိရပါသည်။)

                                                                                                          - မှ

No comments:

Post a Comment