Monday, June 18, 2012

မီဒီယာများနဲ့ ရခိုင်ကိစ္စ

                       Eleven News မှ ဘင်္ဂလီကုလားများရဲ့ အကြမ်းဖက်မှု  သတင်းမှန်ဓာတ်ပုံ။                               
ရခိုင်ပြည်နယ်အရေးတွင် ဘာသာရေးအဓိကရုဏ်း၊ ဘာသာရေးသွေးမြေကျမှု ဟူသည့်စွပ်စွဲချက်များသည် ထိုဒေသသို့ ရင်းနှီးကျွမ်းဝင်ရောက်ရှိဖူးခြင်း မရှိသော သူများထံမှ ထွက်လာလေ့ရှိပါသည်။
 
ထိုဒေသသို့ မရောက်ဖူးလျှင်လည်း ဒေသခံများထံမှ စနည်းနာသင့်ပေသည်။ ဒေသခံများထံမှ စနည်းနာကာ မျက်စိကို ဖွင့်ထားလျက် မည်သူက မည်သို့ပြုလုပ်နေသည်ကို "အမှန်အတိုင်း" မြင်တတ်ရန်မှာ အရေးကြီးသည်။ ထို မြင်သောအမြင်ကို "ဘက်မလိုက်ဘဲ" တင်ပြရန်သည် ဂျာနယ်လစ်ကောင်း၏ တာဝန်ဖြစ်သည်။
 
သို့၇ာတွင် ဂျာနယ်လစ်ဟူသည်မှာလည်း အာသဝေါကုန်ခန်းသော ရဟန္တာများမဟုတ်သဖြင့် ဘယ်ယိမ်း၊ ညာယိမ်း သတင်းစာများရှိသည်ကို ထောက်ရှု၍ ဘက်ယိမ်းခြင်းရှိသည်ကို သတိမူနိုင်ပါသည်။ သို့သော်လည်း ဘက်တစ်ခုခုကိုယိမ်းခြင်းမှာ အကန့်အသတ်ရှိသည်ကို သဘောပေါက်ထားရသည်။ ယခု ရခိုင်ပြည်နယ်အရေးအခင်းတွင် ပြည်ပ ဂျာနယ်လစ်များ ပြုသည်မှာ ဘက်ယိမ်းခြင်း မဟုတ်တော့ဘဲ သတင်းလုပ်ကြံမှုများဖြစ်နေသည်။ ရည်င်္ရွယ်ချက်ရှိရှိ စီစဉ်လုပ်ကြံမှုများဖြစ်နေပါသည်။
 
ယခင် ပြည်ပမီဒီယာအားလုံး၏ Agenda ခေါ် အာဘော်၊ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်ကို ချည့်နဲ့သွားအောင် မီဒီယာယန္တယားဖြင့် တိုက်ရန်ဖြစ်သည်။ စစ်အာဏာရှင်တို့သဘာဝ မည်သည့် သတင်းကိုမျှ ဖွင့်မထားဘဲ ပိတ်ထားသဖြင့် ထို မီဒီယာတိုက်ပွဲတွင် ဦးကျော်ဆန်း မရှုမလှ ရှုံးနိမ့်ခဲ့ပါသည်။ ယခင် ဆိုဗီယက်နှင့် အနောက်ကမ္ဘာမီဒီယာစစ်ပွဲကို ပြန်လည် သတိရမိသည်။ ထို မီဒီယာစစ်ပွဲတွင် အနောက်ကမ္ဘာမှာ သတင်းများကိုသာ အရှေ့ဥရောပနှင့် ဆိုဗီယက်ပြည်သူများ နားစွင့်ခဲ့ကြသည့် အကြောင်းရင်းမှာ အနောက်မီဒီယာများက အချက်အလက်အမှန်များကို အခြေခံ၍ မိမိတို့ အာဘော်ကို လူထုနားထဲ ရိုက်သွင်းပေးနိုင်ခြင်းကြောင့်ဖြစ်ခဲ့ပါသည်။
ထိုခေတ်က မီဒီယာအားပြိုင်ပွဲတွင် ဆိုဗီယက် "ကွဲ" သွားသည်ဟု ဆိုကြပါသည်။ ကွဲရခြင်းအကြောင်းမှာလည်း ဆိုဗီယက်တို့၏ သတင်းအမှောင်ချမှု၊ ဝါဒဖြန့်ချိမှုအားကြီးခြင်းကြောင့်ဟု ဆိုကြပါသည်။ ထိုအဆိုမှာ ဖြစ်နိုင်ဖွယ်ရှိပါသည်။ ထိုသဘောတရားအတိုင်းပင် ပြည်ပမီဒီယာတို့နှင့် မြန်မာအစိုးရမီဒီယာတို့ တိုက်ပွဲကို ရှုမြင်သင့်သည်ထင်ပါသည်။ သတင်းအချက်အမှန်များကို အခြေခံကာ လိုအပ်သလို ချဲ့ကားပေးခြင်းအားဖြင့် ဖိနှိပ်ခံပြည်သူများသည် အစိုးရမီဒီယာများကို မယုံကြည်ဘဲ ပြည်ပ မီဒီယာများကိုသာလျှင် နားစွင့်ခဲ့ကြပါသည်။
 
-သတင်းအမှောင်ချမှုအားကြီးခြင်း
-
အစိုးရ၏ ဖိနှိပ်မှု များပြားခြင်း
-
ပြည်တွင်းသတင်းစာကဏ္ဍကို တောင့်တင်းအောင်မထူထောင်နိုင်ခြင်း
-
စာပေစိစစ်ရေး၏ လက်ချက်
စသည့်အချက်များကြောင့် ပြည်ပမီဒီယာများသည် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများအပေါ် လိုသလို ကြိုးဆွဲခွင့်ရခဲ့သည့် အခွင်င့်္အရေးများရခဲ့ကြပါသည်။
 
ယနေ့အချိန်တွင် ထိုပါရာဒိုင်းမှာ အသွင်ပြောင်းလာခဲ့ပြီဖြစ်ပါသည်။ ယခင် ပြည်ပမီဒီယာများအားလုံး၏ သတင်းဇာတ်လိုက်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်များ တို့ က သတို့၏ လမ်းစဉ်ကို သိသိသာသာ ပြောင်းလဲလိုက်ရာမှ ထိုမီဒီယာများ၏ ပေါ်လစီနှင့် ကိုက်ညီခြင်းမရှိလှသော ပြည်တွင်း နိုင်ငံရေးဇာတ်လိုက်များကို
သတင်းအဖြစ်တင်ဆက်နေရင်း "ခပ်ပါးပါး" ပုတ်ခတ်မှုကလေးမျာကို မသိမသာ တွေ့မြင်လာခဲ့ရပါသည်။
တစ်ချိန်တည်းမှာပင်အနောက်နိုင်ငံများ၏ စီးပွားရေးကျဆင်းမှုနှင့်င်္အတူ ထို အသံလွှင်င့်္ဌာနများမှ မြန်မာဆက်ရှင်များမှာလည်း ဘဏ္ဍာရေး ဖြတ်တောက်မှုများကို ကြုံတွေ့လာခဲ့ရပါသည်။
 
ထိုအနေအထားတွင် ကယ်တင်ရှင်ဖြစ်နိုင်သူများမှာမည်သူများ ဖြစ်နိုင်ပါနည်း။ ဦးဟန်ယောင်ဝေတို့၏ လက်မှတ်ထိုးသော စာချုပ်မှာ မည်သည့်အချက် ဖြစ်နိုင်ပါသနည်း။ လူအများသတိမမူမိသော ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးကို မီဒီယာအားဖြင့် တိုင်းရင်းသားဟု သမုတ်ပေးရန် များစွာ ဖြစ်နေနိုင်ပါသည်။ ထိုသို့ သမုတ်ပေးခြင်းအားဖြင့် နဂိုကတည်းက စစ်အာဏာရှင်၏ အားနည်းချက်ကြောင့် ညှိုးမှိန်ခဲ့ရသော ပြည်တွင်းမီဒီယာများအပေါ် လက်ဦးမှုရကာ နိုင်ငံတကာစာမျက်နှာပေါ်တွင် ရိုဟင်ဂျာများကို ပိုမို တင်ပေးနိုင်မည် ဖြစ်ပေသည်။
 
ယခင်က DVB ရုပ်မြင်သံကြားတွင် မြောက်ပိုင်းလူသတ်မှုကိစ္စတင်ဆက်ရာတွင် အသုံးအနှုန်းမှားယွင်းသွား၇ာ ABSDF ကျောင်းသားဟောင်းများက ဖိအားပေးသောကြောင့် ရက်ပိုင်းအတွင်း မေတ္တာရပ်ခံ တောင်းပန်စာကို ထည့်သွင်းပေးခဲ့ပါသည်။ ယခုမူ DVB ဝက်ဘ်ဆိုက်ကျဆင်းသွားသည်အထိ တိုက်ခိုက်ခံနေရခြင်း၊ ဆိုရှယ်နက်ဝေါ့များတွင် အဆဲအဆိုခံ၊ မေတ္တာပို့ခံနေရသည့် စာရင်းများထဲတွင် ယခင် ဦးသန်းရွှေတို့ ထိပ်ဆုံးတန်းနေရာယူနေရာမှ မျက်လှည့်ပြလိုက်သလို ထိုသတင်းဌာနများ ပါဝင်လာခြင်း၊ သံရုံးရှေ့ ဆန္ဒပြခံရသည့် တိုင်အောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရခြင်းတို့အတွက် မည်သည့်တုန့်ပြန်မှုမှ မလာခြင်းသည် ထူးခြားနေပါသည်။ ဆက်လက်တွေးတောကြည့်သောအခါ ထိုသတင်းဌာနများမှ မလှုပ်သာအောင် ချုပ်ကိုင်ထားခြင်း ခံရသည်လောက်ဟုပင် တွေးမိလာပါသည်။ သတင်းဌာနတစ်ခုအား မလှုပ်နိုင်အောင် ချုပ်ထားနိုင်သောအရာမှာ ရံပုံငွေ (Funding) ပင်ဖြစ်ပါသည်။ ရိုဟင်ဂျာများအတွက် ပြည်ပ အစ္စလာမ်အဖွဲ့များထံမှ ငွေကြေးလက်ခံရယူကာ သတင်းဖြန့်ခဲ့သည်ဟူသော အချက်အလက်များသာ အကယ်စစ်စစ် ပျံ့နှံ့သွားပါက ထိုသတင်းဌာနများ ရပ်တည်နိုင်ဖွယ်မရှိတော့ချေ။ အကယ်၍ ထိုသတင်းဌာနများ ရံပုံငွေလက်ခံရယူထားခြင်းမရှိဘဲ ယနေ့လောက်အထိ ဆန့်ကျင်ခြင်းခံလျက် လူထုကို မလိမ့်တစ်ပါတ်လုပ်ရဲမည်မထင်ပါ။
ရိုဟင်ဂျာများဖက်ကိုမပင်းဘဲ သတင်းထုတ်လွှင့်လျှင်လည်း ပြည်ပအစ္စလာမ်အဖွဲ့များထံမှ ငွေယူထားသည့်အထောက်အထားများ ပျဲံ့နှံ့လာနိုင်သည့် အန္တရာယ်ရှိနေနိုင်သည်ဟု တွေးနေမိပါသည်။
ဆက်ရလျှင် ပြည်တွင်းမီဒီယာများကို ဘက်လိုက်ဖော်ပြခဲ့သည်ဟု ပြောကြပါသည်။ မှန်ပါသည်။ ပြည်တွင်းမီဒီယာများ ဘက်လိုက်ခဲ့နိုင်ပါသည်။ နိုင်ငံတစ်ခုရှိ မီဒီယာတစ်ခုသည် ထိုနိုင်ငံအကျိုးအတွက် ရပ်တည်မည်လား..မည်သူ့အတွက်ရပ်တည်မည်နည်းဟူသော အချက်ကို စတင်စဉ်းစားဖို့လိုပါမည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဘီဘီစီသည် အင်္ဂလန်နှင့်မဟာမိတ်များဖက်က ရပ်တည်ခဲ့သလား၊ စစ်ရာဇဝတ်မှုများပေါ်ရေးအတွက် အင်္ဂလိပ်၊ နာဇီ မငဲ့ဘဲ ရပ်တည်ခဲ့သလား ပြန်လည်ဆန်းစစ်စေချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အဘယ်ကြောင့် ဘီဘီစီမှ ဆင်ဆာဖြတ်ရန် ကြိုးစားခဲ့သနည်းဟု ပြန်လည်သုံးသပ်စေချင်ပါသည်။ ထိုအခါ ထိုဘီဘီစီသည် အင်္ဂလိပ်အကျိုးစီးပွားကို ကာကွယ်ရန်င်္ဖြစ်သည်ဟူသောအချက်နဲ့ သာဓကများထွက်လာပါမည်။ ယနေ့ ပြည်တွင်းမီဒီယာများ ဘက်လိုက်ခြင်းသည် မြန်မာ့တိုင်းရင်းသား စစ်စစ် ဖြစ်သော ရခိုင်များကို ကာကွယ်ပေးရန်သာ ဖြစ်နိုင်ပါသည်။ နိုင်ငံတကာသတင်းများတွင် "ဘာသာရေးပဋိပက္ခ" အဖြစ်သော်လည်းကောင်း၊ "အစွန်းေ၇ာက်ဗုဒ္ဓဘာသာများ" အဖြစ်သော်လည်းကောင်း ကိုယ့်နိုင်ငံထဲမှ ပေါက်ပွားကာ ပြည်ပတွင်ကျက်စားနေသူတို့ က လုပ်ကြံနေခြင်းကို ကာကွယ်ရခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ ဘက်လိုက်ခြင်းလုပ်ရပ်ကို မီဒီယာအနေဖြင့် မလုပ်အပ်ဟု ဆိုလျှင် နိုင်ငံတကာရှိမီဒီယာများ ယနေ့ရခိုင်အရေးအခင်းကဲ့သို့သော ကိစ္စကိုအသာထား၊ နိုင်ငံချင်းပြိုင်သော ဘောလုံးပွဲလို ကိစ္စများတွင် မည်ကဲ့သို့ ဖော်ပြကြသည်ကို ၂ဝဝ၄ ယူရိုပွဲစဉ်တွင် ရွန်နီနှင့် စီေ၇ာ်နယ်လ်ဒို ဖြစ်ရပ်အား ပေါ်တူဂီနှင့် အင်္ဂလိပ်မီဒီယာများ ဖော်ပြပုံအား လေ့လာကြည့်ကြပါလေ။
 
တိုင်းပြည်နှင့်လူမျိုးသည်အရေးကြီးသည်။ Multi-culturalism စသော စကားများသည်နားထောင်ကောင်းပါသည်။ ပိုအရေးကြီးသည်မှာ ထိုဝါဒများကို လက်တွေ့ကျင့်သုံးနိုင်ရန်ဖြစ်ပါသည်။ လူ့အခွင့်အရေးဟူသောစကားသည် အိမ်ရှင်အခွင့်အရေးနှင့် ဧည့်သည်အခွင့်အရေး ထပ်တူဖြစ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ တိုင်းပြည်မှ မြေပုံပဲ့ပါသွားနိုင်လောက်သော ကိစ္စတစ်ရပ်ကို အမျိုးသားရေးအဖြစ်မရှုမြင်ဘဲ စိတ်ကူးယဥ်ဇာတ်လမ်းပုံပြင်များရေးဆွဲနေသူ တစ်ချို့နှင့် လက်ဝေခံ ပြည်ပမီဒီယာတို့၏ ဇာတ်လမ်းကား မကြာမီ တစ်ခန်းရပ်ရပေတော့မည်။ လူထုကို မည်သူမျှ တစ်ပါတ်ရိုက်၍မရ။ ယနေ့ဆန္ဒပြသော လူများကို လူထုမဟုတ်ဟု ဆိုလျှင် ဖေ့စ်ဘုတ်ပေါ် တက်ကြည့်ပါလေ။ လူထုကိုတစ်ပါတ်ရိုက်ရန်ကြိုးစားသော ပြည်ပမီဒီယာများကား ဇာတ်လိုက်မှ ဗီလိန်ဖြစ်ရချေပြီ။ သင်ခန်းစာယူဖွယ်အလွန်ကောင်းပါ၏။ ပ၇ိုပိုဇယ်နိုင်ငံရေးသမားများအတွက် အမှားပြင်ဆင်ရန် သင်ခန်းစာကြီးတစ်ခုပင် ဖြစ်လေတော့သည်။

Post by -Myo Set
( From Myo Set face book )

No comments:

Post a Comment