Wednesday, June 20, 2012

ရခိုင်ပြည်နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ ဦးထွန်းမြဦး ၏ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများ ခိုးဝင် လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တင်ပြချက်။

                                                                                       
၁၉၈၄ - ခု ၊ သြဂုတ်လ (၁၅) ရက်


နိဒါန်း

ရခိုင်ပြည်နယ်အတွင်း သို့ နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများသည် အကြောင်းအမျိုးမျိုးကြောင့် ခေတ် အဆက်ဆက်ကပင် ဝင်ရောက် အခြေစိုက် နေထိုင်လာကြသည်ကို သမိုင်း အထောက်အထားအရ ပေါ်လွင်နေ နိုင်ငံခြားသားဘင်္ဂလီလူမျိုး များသည် ဝင်ရောက်လာစဉ်က စီးပွားရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိရေး ကို ရည်ရွယ်ဝင်လာရာမှ တဆင့် ရခိုင်တိုင်းရင်းသား လူမျိုးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အပေါ် စီးပွားရေးအရ ၄င်း၊ လူမှုရေးအရ ၄င်း၊ လွှမ်းမိုးချယ်လှယ်ပြီး နောက်ဆုံးတွင် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးလာနိုင်သည့် လုပ်ရက်များကို အစီအစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်လာကြောင်း တွေ့ရပါသည်။ ယင်းကြောင့် ဤအန္တရာယ်သည် အမျိုးသားရေး အန္တရာယ် အထိဖြစ်လာနိုင်သည့် အတွက် တားဆီးကာကွယ်ရန် လိုအပ်လာ သဖြင့် ဤစားတမ်းကို တင်ပြရခြင်း ဖြစ်ပါသည်။

ဤစာတမ်းတွင် ခေတ်အဆက်ဆက်က ရခိုင်ပြည်နယ်သို့ နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများ ဝင်ရောက်လာမှု အခြေအနေနှင့် ယင်းတို့အားတားဆီးကာကွယ်ရေး လုပ်ရပ်များကို လက်လှမ်းမှီ သလောက် လေ့လာ ဆန်းစစ်ပြီး တင်ပြချက်များ ပါသကဲ့သို့ သုံးသပ်ချက်နှင့် အကြံပြုချက် များကိုပါ တင်ပြထားပါသည်။


ရခိုင်ဘုရင်များလက်ထက် နိုင်ငံခြားသားများ ဝင်ရောက်မှု အခြေအနေ

ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားသားများအကြောင်းကို သိရန်မှာ၊ သူတို့ ရောက်ရှိလာသော သမိုင်းကို လေ့လာမှသာ သိရှိနိုင်မည် ဖြစ်ပါသည်။ ရခိုင်ဘုရင်များ လက်ထက်တွင် ရခိုင်ပြည်တွင်းသို့ ဝင်ရောက် အခြေစိုက် နေထိုင်ခြင်းနှင့် ပတ်သက်၍ လေ့လာစရာ အောက်ပါအတိုင်း သုံးမျိုးသုံးစား ခွဲးခြားတွေ့ရှိ နိုင်ပါသည်။
(၁) ကုန်သွယ်မှုကို ကြောင်းပြုရာမှ ရောက်ရှိလာခြင်း
(၂) ကမန် ခေါ် (လေးသူရဲ) အဖြစ်ရောက်ရှိလာခြင်း
(၃) သုံ့ပန်းအဖြစ် ဖမ်းဆီးယူလာသူများ နှင့် ပေါ်တူဂီများက ဆက်သသည့် ကျွန်များရောက်ရှိလာခြင်း



(၁) ကုန်သွယ်မှုကို ကြောင်းပြုရာမှ ရောက်ရှိလာခြင်း

ကုန်သွယ်မှုကို ကြောင်းပြုပြီးရောက်ရှိလာသော သူများမှာ အာရပ်နှင့် ပထန်းကုန်သည်များ ဖြစ်ကြောင်းသိရပါသည်။ ယင်းကုန်သည်များသည် ခရစ်သက္ကရာဇ် (၈) ရာစုခန့်ကပင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး ဘင်္ဂလားပင်လယ်အော်၏ တောင်ဘက်ပိုင်းရှိ နယ်မြေများသို့ လာရောက် ကူးသန်းရောင်းဝယ်ရာမှ ရမ်းဗြဲကျွန်းတွင် လှေ သမ္ဗာန်ပျက်၍ ရခိုင်ဘုရင်ထံ အသနားခံကြပါသည်။ ထိုအခါ ရခိုင်ဘုရင် မဟာတိုင်း စန္ဒရား မင်းသည် ရခိုင်ပြည်အတွင်းရှိ ကျေးရွာများတွင် နေရာချထားပေးခဲ့ပါသည်။ ယင် အာရပ်နှင့် ပထန်းကုန်သည်တို့၏ မျိုးနွယ်ဆက်များကို ယခုတိုင် သံတွဲမြို့ပေါ်နှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာတွင် အနည်းငယ်ရှိကြောင်း သိရပါသည်။ သူတို့သည် အာရပ်နှင့် ပထန်းလူမျိုးအနွယ်များဖြစ်ပြီး မဟာမေဒင် ဘာသာဝင်များလည်း ဖြစ်ပါသည်။ သူတို့၏ ပုံပန်းသဏ္ဌာန်မှာ အရပ်ရှည်၊ နှာခေါင်းချွှန်ပြီး မျက်လုံး ရောင်မှာ အပြာရောင် သန်းသူများ ဖြစ်ကြပါသည်။

အာရပ်နှင့် ပထန်းအနွယ်များကို ကုန်သွယ်မှုကို အကြောင်းပြုပြီး ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သမိုင်းဆိုင် မှတ်တမ်း မှတ်ရာ များတွင် အောက်ပါအတိုင်းဖော်ပြ ထားပါသည်။

“ခရစ်သက္ကရာဇ် ၇၈၈ ခုနှစ်တွင် မဟာတိုင်းစန္ဒရားမင်း နန်းတက်ပြီး ရမ္မာဝတီမြို့ဟောင်းနေရာတွင် မြို့သစ်တစ်ခုကို တည် ဆောက်ခဲ့ပေသည်။ ယင်းမင်းသည် နန်းသက် နှစ်ဆက်နှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ထိုဘုရင် လက်ထက်တွင် ရမ်းဗြဲကျွန်း၌ လှေ သမ္ဗာန်အများအပြား ပျက်ခဲ့ရာ၊လှေ သမ္ဗာန်သမား၊ မဟာမေဒင် ဘာသာဝင်များကို ရခိုင်ပြည်နယ် ပြည်မသို့ ပို့ပြီး ကျေးရွာများတွင် နေရာချထားခဲ့လေသည်။  ” (R.B. Smart Burma Gazettes I.A)
“၉-ရာစုခေတ်တွင် ရမ်းဗြဲကျွန်း၌ လှေ သမ္ဗာန်အများအပြားပျက်ခဲ့ရာ မူဆလင် ဘာသာဝင်များကို ရခိုင်ပြည်သို့ ပို့ပြီး ကျေးရွာများတွင် နေရာချထားခဲ့သည်ဟု ဒေသဆိုင်ရာ သမိုင်းစဉ်က ဖော်ပြထားပါသည်”

ယခင် ရခိုင်တိုင်းလူဝင်မှုကြီးကြပ်ရေးဝန်ထောက် ဦးခင်မောင်သက်၏ အစီရင်ခံစာတွင် မဟာမေဒင် ဘာသာဝင် အမျိုးသား၊ အမျိုးသမီးများသည် သက္ကရာဇ် ၁၄၃၀-ခုနှစ်တွင် ဆူရတန်ဘုရင်ထံမှ ရခိုင်ဘုရင် နရမ်တ်လှ (ခေါ်) မင်းစောမွန်ကို အကူအညီပေးရန် လာရောက်ကြသော ဝါလါန်ခေါင်းဆောင်သည့် ဂေါ်ရိပထန် စစ်သားများနှင့် ရောနှော ထိမ်းမြား၍ ရခိုင်ဘုရင် နန်းတွင်း၌ ခစားခဲ့ကြရသည်ဟု ဖော်ပြထားပါသည်။


(၂) ကမန် ခေါ် (လေးသူရဲ) အဖြစ်ရောက်ရှိလာခြင်း

ခရစ်သက္ကရာဇ် အေဒီ ၁၆၆၀-၁၆၆၁ ခုနှစ်ခန့်တွင် မဂိုနန်းတွင်း အရေးတော်ပုံကြောင့် ဘင်္ဂလားဘုရင်ခံ ဖြစ်သော (ရှာရုဂျာ) သည် သူ၏ညီ (အောရမ်ဇက်) ၏တိုက်ခိုက်ခြင်းကို ခံရသဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မာ ထံ ခိုလှုံလာပါသည်။ ရခိုင်ဘုရင် စန္ဒသုဓမ္မာသည် (ရှာရုဂျာ) ကို ကောင်းမွန်စွာ ခိုလှုံခွင့် ပြုခဲ့သော်လည်း၊ ရှာရုဂျာသည် ရခိုင်ဘုရင် ထီးနန်းကို လုရန် ကြိုးစားလာပါသည်။ ရခိုင်ဘုရင်မှ ရှာရုဂျာ၏ လုပ်ကြံမှုကို တိုက်ခိုက် ဖြိုခွင်းလိုက်ပါသည်။ ထိုအခါ ရှာရုဂျာတွင် ဆွေမျိုးများနှင့် နောက်လိုက်များသည် ရခိုင်ဘုရင် ထံတွင် ဆက်လက် အမှုထမ်းကြပါသည်။ ရခိုင်ဘုရင်ထံတွင် အမှုထမ်းရင်း လေးသည်တော်များသည် ဆူပူသောင်းကျန်းမှုများကို ပြုလုပ်ကြပါသည်။ အေဒီ ၁၆၉၂-ခုနှစ်တွင် ရခိုင်ဘုရင်နန်းတော်ကို ပင် မီးရှို့ခဲ့ကြပါသည်။ လေးသည်တော်များသည် နှစ်ပေါင်းနှစ်ဆယ်ခန့် သောင်းကျန်းခဲ့ကြသည်ကို ရခိုင်ဘုရင် စန္ဒဝိဇယမင်း (အေဒီ ၁၇၁၀-၁၇၃၁) လက်ထက်တွင်သာ နှမ်နင်းနိုင်ပါသည်။ ရှာရုဂျာ၏ နောက်လိုက်နောက်ပါ များနှင့် လေးသည်တော်များထဲမှ အချို့သည် မြန်မာပြည်မဘက်သို့ ထွက်ပြေးသွားကြပြီး အချို့မှာ ရခိုင်ဘုရင်ထံတွင် ဆက်လက် အမှုထမ်းကြပါသည်။ ၄င်းတို့ကို ပါရှင်ဘာသာဖြင့် “ကမန်”လေးသူရဲ ဟုခေါ်ရာ ယနေ့တိုင် ထိုသူတို့အား ကမန်ဟုပင် ခေါ်တွင်လာပါသည်။

ရခိုင်ပြည်တွင် ကျန်ရှိခဲ့သော ကမန်များအား ရခိုင်ဘုရင် စန္ဒဝိဇယ လက်ထက်၊ အေဒီ ၁၇၁၀ ခုနှစ်ခန့်တွင် ကျောက်ဖြူခရိုင်အတွင်း ရမ်းဗြဲလေးတောင် ရွာတွင် ၄င်း၊ စစ်တွေမြို့နယ် သင်္ဂနက်၊ သက္ကပြင်၊ သာယာရုံး ရွာတို့တွင်၎င်း အသီသီး နေရာချထားပေးကြောင်း သိရပါသည်။ ကမန်လူမျိုးများသည် ယခုအခါ သံတွဲ နှင့် ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာ အနှံ့အပြားနှင့် စစ်တွေမြို့နယ် သင်္ဂနက်၊ သက္ကပြင်၊ သာယာရုံး-နာဇီရွာတွင် တချို့ နေထိုင်လျှက်ရှိကြပါသည်။ သမိုင်းအထောက်အထား အရ ကမန်များသည် ခရစ် သက္ကရာဇ် ၁၇-ရာစု ရခိုင်ဘုရင်များ တန်ခိုးကြီးထွားခဲ့စဉ်က ရခိုင်ဘုရင်လက်အောက်တွင် လေးသည်တော်များအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ ကြသော မဂိုဘုရင်ခံ ရှာရုဂျာ၏ နောက်လိုက်နောက်ပါ များသာဖြစ်ကြောင်းတွေ့ရပါသည်။ ယင်းတို့သည် မဟာမေဒင် ဘာသာကို ကိုးကွယ်ကြပါသည်။ သူတို့သည် ယခုအခါ မပြောပလောက်သော လူနည်းစုသာ ကျန်ရစ်ပါသည်။



(၃) သုံ့ပန်းအဖြစ် ဖမ်းဆီးယူလာသူများ နှင့် ပေါ်တူဂီများက ဆက်သသည့် ကျွန်များရောက်ရှိလာခြင်း

ရခိုင်ဘုရင်များသည် နှစ်အတန်ကြာသည် အထိ ဘင်္ဂလားနယ် အောက်ပိုင်း ဒေသများသို့ ဝင်ရောက်ကြီးစိုးခဲ့ ကြပါသည်။ ဒက္ကာနှင့် စစ်တကောင်းအထိ ကမ်းခြေတလျောက်ကို ပိုင်ဆိုင်ခဲ့ကြပါသည်။ ထိုအချိန်တွင် ရခိုင်ဘုရင်များသည် မဟာမေဒင်ဘာသာဝင် အမြောက်အမြားကို ကျေးကျွန်အဖြစ် ဖမ်းဆီးပြီး ရခိုင်ပြည်သို့ ပို့ခဲ့ကြပါသည်။ မဟာမေဒင် ဘာသာဝင်များကို ကျေးကျွန်များအဖြစ် အများဆုံးပို့ခဲ့သော အချိန်မှာ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဆန်ဒွပ်ကျွန်းသို့ ရောက်ရှိစဉ်တွင် ဖြစ်ကြောင်းသိရပါသည်။

ထိုအချိန်မှာ ပေါ်တူဂီတို့သည်လည်း ၄င်းတို့၏ ဌာနချုပ်ကို ဒီဘင်္ဂါသို့ ပြန်လည်စခန်းချ ပျောင်းရွှေ့လျှက် ရခိုင်ဘုရင် လက်အောက်ခံများအဖြစ် နေထိုင်ကြပါသည်။ ပေါ်တူဂီတို့သည် ဒီဘင်္ဂါမှ နေ၍ လူများကို ဖမ်းဆီးကာ ကျွန်အဖြစ် ရောင်းချကြပါသည်။ တနှစ်တနှစ်တွင် လူပေါင်းလေးရာထက် မနည်း ဖမ်းဆီးရောင်းချသည် ဟုဆိုကြပါသည်။ ပေါ်တူဂီတို့သည် ဘင်္ဂလား ပင်လယ်အော် တဝိုက်ရှိ မြစ်ဝကျွန်းပေါ်ဒေသ များက လူများကို ဖမ်းဆီးကြပြီး ရခိုင်ပြည်သို့ရောင်းချလေ့ ရှိသည်သာမက ဟူးဂလီးမြို့သို့လည်း ရောင်းချသည်ဟု ဆိုပါသည်။

ဦးသာထွန်းအောင် ရေးသားပြုစုသော ရခိုင်မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားချက်အရ “ဒေလီဘုရင် ရွှေမာယုံ ၏သမီးတော် ပဲသီတာ မင်းသမီးနှင့် ရခိုင်ဘုရင် မင်းဗါတို့မှ မွေးဖွားသော သား င/ဗင်္ဂါသည် တောင်ငူမင်းတရား ရွှေထီးနှင့် ပူးပေါင်း၍ မင်းဗါဘုရင်အား တိုက်ခိုက် ပုန်ကန်ခဲ့ပါသည်။ မင်းဗါဘုရင်က နှိမ်နင်းအောင်မြင်ပြီး နောက် မိဖုရား ပဲသီတာ၏ အသနားခံချက် အရ သားတော် င/ဗင်္ဂါ အားချမ်းသာခွင့်ပြုပြီး င/ဗင်္ဂါ နောက်လိုက်နောက်ပါ ကုလားစစ်သည်များကို ကျေးကျွန်များအဖြစ် သိမ်းယူနေရာ ချထားကြောင်းသိရပါသည်။ “

ရခိုင်ပြည် သမိုင်းရေးရာ မှတ်တမ်းမှတ်ရာများတွင် ဖော်ပြချက်များအရလည်း ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင် အချို့တို့သည် ရခိုင်ဘုရင်များက စစ်ပွဲများ၌ ဖမ်းဆီးရရှိသော သုံ့ပန်းများကို ယူဆောင်လာခြင်းကြောင့် ၄င်း၊ ပေါ်တူဂီများက ရခိုင်ဘုရင်များထံ ဆက်သခြင်းကြောင့်၎င်း ရခိုင်ဘုရင်များခေတ်တွင် ကျေးကျွန်များအဖြစ် အခြေစိုက်နေထိုင် ခဲ့ကြောင်း တွေ့ရပါသည်။ ( Burma Gazetteer I.A ) တွင် ရခိုင်ဘုရင်များခေတ်က ရောက်ရှိနေထိုင်ခဲ့သော ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင် ကျေးကျွန်များသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်တို့တွင် အခြေစိုက် နေထိုင်ကြသည်ဟု ဖော်ပြထားပါသည်။
သမိုင်းရေးရာ အထောက်အထားများက လည်း ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင် ကျေးကျွန်များကို ရခိုင်ဘုရင်များသည် မြောက်ဦးမြို့နယ် နှင့် ကျောက်တော်မြို့နယ်တို့၌ နေရာချထားပေးခဲ့ကြောင်း တွေ့ရပါသည်။ ၄င်းတို့သည် ယခုတိုင် ကျောက်တော်မြို့နယ် ပိုက်သည်ကုလားရွာ၊ တောင်ထောင်ဟယားတန်းကုလားရွာ၊ ပိစ်ကုလားရွာ၊ ခေါင်းတုတ်ကုလားရွာ၊ မြောက်ဦးမြို့နယ်ပေါင်းတုတ်ကုလားရွာ၊ ပုရိပ်ကုလားရွာ၊ ဘူတလုံးကုလားရွာ၊ အောင်ဒိုင်ကုလားရွာ စသည်တို့တွင် နေထိုင်လျက်ရှိကြပါသည်။
၎င်းကုလားရွာများကို ကျောက်တော်၊ မြောက်ဦးဒေသခံများက ခေါ်ဝေါ်ကြသည်မှာ ရခိုင်ကုလားရွာများ ဟူ၍လည်းကောင်း၊ ဗြိတိသျှနယ်ချဲ့ သိမ်းပိုက်ပြီးနောက်ပိုင်း ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင်နေထိုင်သော ရွာကို အနောက်ကုလားရွာ ဟူ၍လည်းကောင်း ခေါ်ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

ရခိုင်ဘုရင်များခေတ်တွင် ရခိုင်ပြည်အတွင်းသို့ အထက်ဖော်ပြပါ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ အခြေစိုက် နေထိုင်ခဲ့ကြသော မဟာမေဒင် ဘာသာဝင် ဘင်္ဂလီ လူမျိုးများသည် ရခိုင်တိုင်းရင်းသား လူမျိုးနွယ်စုတွင် ပါဝင်သော တိုင်းရင်းသားလူမျိုးများ မဟုတ်ကြပဲ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တိုင်းရင်းသား ဘင်္ဂလီ လူမျိုးများ၊ ပထန်း၊ အာရပ်လူမျိုးများသာ ဖြစ်ကြပါသည်။ အကြောင်းတရပ်ရပ်ကြောင့် ရောက်ရှိပြီး ရခိုင်ဘုရင်များ၏ခွင့်ပြုချက်အရ အခြေစိုက် နေထိုင်သူများ၊ ကျေးကျွန်များအဖြစ် ဖမ်းဆီးခံရသူများနှင့် ပေါ်တူဂီတို့မှ ဆက်သသူများ ဖြစ်ကြပါသည်။

ယင်းတို့သည် ရခိုင်လူမျိုးများနှင့် ကိုးကွယ်သော ဘာသာ၊ သာသနာရေးနှင့် ကျင့်သုံးသော ထုံးတမ်းဓလေ့များတွင်သာ ကွဲပြားခြားနားပြီး၊ စကားအပြောအဆို၊ အလုပ်အကိုင်၊ ဆက်ဆံမှု စသည်တို့တွင် ရခိုင်လူမျိုးများနှင့် တူကြပါသည်။ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့တွင် ရောက်ရှိ အခြေစိုက်နေထိုင်ခဲ့ကြသော ကမန်များ၊ ပထန်းအာရပ်ကုန်သည်များ၊ ကျေးကျွန် မဟာမေဒင်ဘာသာဝင် ဘင်္ဂလီ လူမျိုးများသည် ရွာတည်ဆောက်ပုံ၊ အိမ်တည်ဆောက်ပုံက အစ ရခိုင်လူမျိုးနှင့် ကွဲပြားခြားနားမှု မရှိပဲ တူညီသည်ကို တွေ့ရပါသည်။ အသက်ကြီးတချို့သည် ရခိုင်လူမျိုးကဲ့သို့ ထိုးကွင်းထိုးထားသည်ကို တွေ့ရပါသည်။ အမျိုးသမီးများမှာလည်း အိမ်တွင်းပုန်း အလေ့မရှိကြသည်ကို  တွေ့ရပါသည်။ စစ်တွေ ခရိုင်ကျောက်တော်မြို့ နှင့် မြောက်ဦးမြို့နယ်ရှိ ယင်းအရပ်ဒေသခေါ် ရခိုင်ကုလားရွာများမှာ ရွာတည်ဆောက်ပုံ၊ အိမ်တည်ဆောက်ပုံများမှာ ရခိုင်လူမျိုးများနှင့်ခြားနားခြင်းမရှိပဲ အနောက်ကုလားရွာများသာ ခြားနားမှုရှိကြသည်ကို တွေ့ရပါသည်။



ဗြိတိသျှနယ်ချဲ့လက်အောက် ရခိုင်ပြည်အတွင်းသို့ နိုင်ငံခြားသား ဘင်္ဂလီလူမျိုးများ ဝင်ရောက်မှု အခြေအနေ

ခရစ်သက္ကရဇ် ၁၈၂၆-ခု၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ရန္တပိုစာချုပ်အရ၊ ရခိုင်နှင့် တနင်္သာရီတို့သည် ဗြိတိသျှနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရပါသည်။ ယင်းကာလ၌ ရခိုင်ပြည်တွင် လူဦးရေ နည်းပါးကြပါသည်။ တိုင်းရင်းသား ရခိုင်လူမျိုး အမြောက်အမြားသည် ဘိုးတော်ဘုရား ရခိုင်ပြည်ကို သိမ်းစဉ် ဘင်္ဂလားနယ်မြေဒေသသို့ ဝင်ရောက် ခိုလှုံခဲ့ကြရခြင်းကြောင့် ဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့ သမားများ သိမ်းပိုက်ပြီးနောက် ၁၈၃၁-ခုနှစ်တွင် စစ်တွေခရိုင် (ရခိုင်တောင်တန်းနယ်နှင့် မြေပုံမြို့နယ် တစိတ်တဒေသ အပါအဝင်) တွင် လူဦးရေ (၉၅၀၉၀) ဦးသာ ရှိခဲ့သည်ဟု သိရပါသည်။ ၁၈၃၂-ခုနှစ်တွင် (၁၀၉၆၄၅) ဦးရှိလာခဲ့ပါသည်။ ၁၈၂၉-၃၀ ခုနှစ်တွင် ထွန်ယက်စိုက်ပျိုးသော လယ်မြေဧရိယာမှာ ၄၅၇၇၁ ဧက သာ ရှိခဲ့ပါသည်။ ထွန်ယက်စိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်းများမှာ ၁၀၀၀၄၇၇ ဧက ရှိကြောင်းသိရပါသည်။ မြေလွတ်မြေရိုင်း လယ်မြေ ဧရိယာသည် လူဦးရေထက် များစွာ ပိုနေပါသည်။

၁၈၆၉-ခုနှစ်၊ စူးအက်တူးမြောင်းကို ဖောက်လုပ်ခဲ့ပြီး အနောက်ကမ္ဘာတွင် ဆန်စပါးဈေးကောင်းလာခဲ့ပါသည်။ မြန်မာနိုင်ငံမှ ထွက်သော စပါးများကို ဥရောပတိုက်သို့ တင်ပို့ ရောင်းချနိုင်ရေးအတွက် ဗြိတိသျှနယ်ချဲ့သမားများသည် စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်းများကို တိုးချဲ့လုပ်ကိုင်ရန် လိုလားလာကြပါသည်။ မြေလွတ်မြေရိုင်းများကို တိုးချဲ့လုပ်ကိုင်ရန်လည်း အားပေးခဲ့သည်။
တိုးချဲ့သော မြေလွတ်မြေရိုင်းများကို လုပ်ကိုင်ရန် အတွက် လိုအပ်သော အလုပ်သမားများကို လုပ်ခဈေးပေါပေါနှင့် လွယ်လင့်တကူရရှိနိုင်သော ဘင်္ဂလီလူမျိုးအား ဘင်္ဂလားနယ်မြေမှ အစုလိုက် အပြုံလိုက် ခေါ်သွင်းပြီး လုပ်ကိုင်စေခဲ့ပါသည်။ ထိုအချိန်က ရခိုင်တိုင်းနှင့် အိန္ဒိယနိုင်ငံမှာ ဗြိတိသျှလက်အောက်ခံ ကိုလိုနီ ဒေသဖြစ်နေသဖြင့် အိန္ဒိယမှ ရခိုင်တိုင်းသို့လာရောက်ရန် နိုင်ငံကူးလက်မှတ်၊ ဗီဇာ စသည်များမလိုအပ်ပဲ ဝင်ထွက်သွားလာနိုင်ပါသည်။ ရခိုင်တိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မိုင်တစ်ရာကျော်ထိ နယ်နိမိတ်ချင်းဆက်စပ်လျက် သွားလာမှု လွယ်ကူပြီးစရိတ်လည်းသက်သာပါသည်။ ယင်းကြောင့် ဘင်္ဂလီ လူမျိုးတို့သည် လယ်ယာထွန်ယက်ချိန်၊ စပါးရိတ်သိမ်းချိန်များတွင် ယင်းလုပ်ငန်းများကို လုပ်ကိုင်ရန် အတွက် အစုလိုက် အပြုံလိုက် ဝင်ရောက်ခဲ့ကြပါသည်။ တချို့သော ဘင်္ဂလီလူမျိုးတို့မှာလည်း ဘင်္ဂလားနယ်ထက် စီးပွားရေးကောင်းသော၊ ချောင်လည်သော ရခိုင်ပြည်တွင်းသို့ ဝင်ရောက်ပြီး အခြေစိုက်နေထိုင်ရန် လာကြသူများလည်းရှိပါသည်။ ရာသီ အလိုက်လုပ်ကိုင်ရန် ဝင်ရောက်လာသော ဘင်္ဂလီလူမျိုးများမှာ အစတွင် လုပ်ငန်း ရာသီကုန်လျှင် ပြန်သွားကြလေ့ရှိသော်လည်း နောက်ပိုင်းတွင် လယ်ထွန်ရေး၊ စပါးရိတ်သိမ်းရေး ပြီးသော်လည်း ပြန်လည်သွားခြင်းမရှိပဲ ရရာအလုပ်ကို လုပ်ကိုင်ပြီး နေထိုင်ခြင်း၊ စစ်တွေမြို့ ဆန်စက်နှင့် ဆိပ်ကမ်း ကုန်တင်ကုန်ချ လုပ်ငန်းများတွင်လည်းကောင်း ကျေးရွာများ၌ လယ်ယာတိုးချဲ့ထွန်ယက်ရေး လုပ်ငန်းများတွင် လည်းကောင်း ဝင်ရောက်လုပ်ကိုင်ပြီး အခြေစိုက်နေထိုင်လာကြပါသည်။

ဘားမားဂေဇတ်တီးယား၊ စစ်တွေခရိုင် အတွဲ(က) တွင် ၁၈၇၂-ခုနှစ်ထိ စစ်တွေခရိုင်၌ မဟာမေဒင်ဝင် ဦးရေမှာ (၅၈၂၅၅)- ဦးရေသာရှိကြောင်းဖော်ပြထားပါသည်။ ၅၈၂၅၅ ဦးသော လူဦးရေကို အခြေခံပြီး တစ်နှစ်လျှင် ၂ % လူဦးရေ အတိုးအပေါ် မူတည်တွက်လျှင် ဗြိတိသျှနယ်ချဲ့ မသိမ်းပိုက်မှီ မဟာမေဒင် ဘာသာဝင် ဘင်္ဂလီ လူမျိုး လူဦးရေမှာ ၂၅၀၀၀ - ခန့်သာ ရှိမည်ဟု ခန့်မှန်းနိုင်ပါသည်။ ၁၈၇၂-ခုနှစ်တွင် စစ်တွေခရိုင်၌ရှိခဲ့သော မဟာမေဒင် ဘာသာဝင် ဦးရေ ၅၈၂၅၅ ဦးကို အခြေခံပြီး တနှစ်မှာ လူဦးရေ အတိုး ၂% အပေါ်မူတည်ပြီး တွက်လျှင် ၁၈၇၂-ခု မှ ၁၉၈၃-ခုနှစ်ထိ (နှစ်ပေါင်း ၁၁၁) အတွင်းမှာ မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၈၂၅၅ + ၁၂၉၃၂၇) ဦးသာ ရှိမည် ဖြစ်ပါသည်။ ယခု (၁၉၈၄) စစ်တွေ အပါအဝင် ၉ မြို့နယ်တွင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၂၉၃၉၆)  ရှိကြောင်းသက်ဆိုင်ရာမှ စာရင်းအရ သိရပါသည်။ အမှန်တကယ်ရှိသင့်သည့် လူဦးရေထက် (၃၄၁၇၈၇) ဦးပိုနေကြောင်း တွေ့ရပါသည်။ ဤပိုနေသော ဘင်္ဂလီ လူမျိုးများမှာ နောက်ထပ် ခိုးဝင်လာကြသူများသာ ဖြစ်ကြပါသည်။ ယခုအခါ (၁၉၈၄) ရခိုင်ပြည်နယ် တခုလုံးမှာ ဘင်္ဂလီလူမျိုးဦးရေ (၅၄၈၉၀၀) ထိရှိနေပြီ ဖြစ်ကြောင်းတွေ့ရပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အနီးစပ်ဆုံးဒေသများဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဒုတိယ ကမ္ဘာစစ် မဖြစ်မှီက မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုးအခြေစိုက် နေထိုင်မှု ကို လေ့လာပါလျှင် ၁၉၂၁-ခုနှစ်တွင် မောင်တောမြို့နယ်၌ (၆၈၃၀၅) ဦးသာရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၁၀၄၃၀၀) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၁၂၄၄၅၂) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၂၀၅၇၇၇) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၂၁၀၈၇၅) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၂၄၂၂၈၂) ဦးသို့၎င်း တိုးတက်လာခဲ့ပါသည်။ ဘူးသီးတောင်မြို့နယ်တွင် ၁၉၁၁-ခုနှစ်တွင် (၃၃၈၅၀) ဦးရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၅၉၂၇၉) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၇၀၇၂၇) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၁၃၆၀၁၉) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၁၃၉၆၈၆) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၁၄၀၅၉၉) ဦးသို့၎င်း တိုးတက်ခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် မောင်တောမြို့နယ်၌ရှိသော ဘင်္ဂလီ လူမျိုး (၂၄၂၂၈၂) ဦးရေသည် ၁၈၇၂ခုနှစ် စစ်တွေ ခရိုင်တခုလုံးတွင်ရှိသော လူဦးရေ (၅၈၂၅၅) ၏ ၄.၁၅ ဆ ပိုနေကြောင်းတွေ့ရပါသည်။

ဒုတိယ ကမ္ဘာစစ်မဖြစ်မှီကာလတွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့၌ ရခိုင်အမျိုးသားကျေးရွာ အများအပြားသည် ဘင်္ဂလီလူမျိုးများ ဝင်ရောက်အခြေစိုက် နေထိုင်မှုကြောင့် ပြိုပျက်ခဲ့ရပြီး၊ ပြိုပျက်သွားသော ရခိုင်အမျိုးသားကျေးရွာ အများအပြားတွင် ဘင်္ဂလီလူမျိုးများ ဝင်ရောက် လွှမ်းမိုးနေထိုင်လာကြပါသည်။ ယင်းကိစ္စနှင့် ပက်သက်၍ စစ်တွေခရိုင် ဘားမားဂေဇတ်တီယာ အတွဲ(က) စာမျက်နှာ (၈၇) တွင် အခိုင်အမာ ဖော်ပြထားပါသည်။

မောင်တောမြို့နှင့် (၆)မိုင်ကွာတွင် ရှိသော မင်္ဂလာကြီးချောင်းဝ နတ်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်္ဂလာကြီးရွာ၊ ၄င်းရွာကို ရခိုင်သားများက စတင်တည်ထောင်ခဲ့ပါသည်။ ယခုအခါ ယင်းရွာမှာ ဘင်္ဂလီလူမျိုးများသာ ဖြစ်ပြီး ရခိုင်လူမျိုးများမရှိတော့ပေ။ မောင်တောမြို့နှင့် ၂-မိုင်ခန့်ကွာဝေးသည့် ခရစ်သက္ကရာဇ် ၁၇၇၄-ခုနှစ်တွင် တည်ထောင်ပြီး ၁၈၄၈-ခုနှစ်ထိ မြို့သူုကြီးနေထိုင်ခဲ့သော မြို့သူကြီးရွာမှာလည်း ရခိုင်လူမျိုးတစ်ယောက်မျှ မကျန်တော့ပေ။ မောင်တောမြို့မြောက်ဘက် ၁၂-မိုင် ရှိ ဦးရှဥ့်ကျံ ကျေးရွာကို ၁၈၅၄-ခုနှစ်က တည်ထောင်ခဲ့ပြီး ယင်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင် ခဲ့ကြပါသည်။ ယခုအခါ ဦးရှဥ့်ကျံ ကျေးရွာတွင် ရခိုင်လူမျိုး တဦးတယောက်မျှ မကျန်ရှိတော့ကြောင်းသိရပါသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ဗြိတိသျှ ခက်အောက်ခံဘဝ၊ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားလူမျိုး အမြောက်အမြားသည် တံခါးမရှိ၊ ဓါးမရှိ ဝင်ရောက်နေထိုင် ခဲ့ကြပါသည်။ ဗြိတိသျှနယ်ချဲ့သမားများကလည်း ယင်းတို့၏အကျိုးစီးပွားအတွက် လယ်ယာမြေများကို တိုးချဲ့ရန်နှင့် အခြားလုပ်ငန်းများအတွက် ဈေးပေါပေါနှင့် ရရှိသော ဘင်္ဂလီ အလုပ်သမားများကို အစုလိုက် အပြုံလိုက်ခေါ်သွင်းပြီး အခြေစိုက်နေထိုင်စေခဲ့ ပါသည်။ ယင်းကြောင့် ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ် ကာလအတွင်း ဘင်္ဂလီလူမျိုးများ  ဝင်ရောက်နေထိုင်မှုဦးရေသည် စစ်တွေ ခရိုင်တွင် အများဆုံးဖြစ်ကြောင်းတွေ့ရပါသည်။ စစ်တွေခရိုင်အတွင်းသို့ ဘင်္ဂလီလူမျိုးများ အစုလိုက် အပြုံလိုက် ဝင်ရောက်နေထိုင်မှု အခြေအနေ မည်မျှ ဆိုးဝါးကြောင်းကို ၁၉၄၀-ခုနှစ်တွင် တင်သွင်းခဲ့သည့် Mr. J. Baxter ဦးဆောင်သော စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာတွင် ရခိုင်ပြည်သို့ ဘင်္ဂလီလူမျိုးများဝင်ရောက်မှု အခန်းကဏ္ဌတွင် ဖော်ပြထားချက်များက သက်သေခံလျက် ရှိပါသည်။




         ၁၉၄၂-ခုနောက်ပိုင်း ဘင်္ဂလီလူမျိုးများ ဝင်ရောက်မှု အခြေအနေ။

၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုဏ်း

၁၉၄၂-ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကုလား-ရခိုင် အဓိကရုဏ်းကြောင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ရခိုင်လူမျိုးကျေးရွာ အများစုသည် ဘင်္ဂလီ ကုလားလူမျိုးများ၏ ဖျက်စီးခြင်းကို ခံရပြီးကျေးရွာ အများအပြား ပျက်စီးသွားခဲ့ရပါသည်။ ၁၉၄၁-ခုနှစ်တွင် မောင်တောမြို့နယ်၌ ရခိုင်လူမျိုးကျေးရွာ (၁၂၉) ခု ရှိခဲ့ရာမှ ၁၉၄၂-ခုတွင် ဖြစ်ပွားခဲ့သော ကုလား-ရခိုင် အဓိကရုဏ်းနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း ရခိုင်လူမျိုးကျေးရွာ (၆၈) ရွာ ပျက်စီးသွားခဲ့ကြောင်း၊ ရခိုင်တိုင်း လူဝင်မှုကြီူကြပ်ရေးဝန်ထောက် အဖြစ် ဆောင်ရွက်ခဲ့သူ ဦးခင်မောင်သက်၏ အစီရင်ခံစာ အရ သိရပါသည်။ ပျက်စီးသွားသော ရခိုင်လူမျိုးကျေးရွာ များ၌ ဘင်္ဂလီလူမျိုးများက အစားဝင်ရောက်နေထိုင်ကြပါသည်။
မူဂျာဟစ်သောင်းကျန်းမှု ကုလား-ရခိုင်အဓိကရုဏ်းနှင့် ဒုတိယ ကမ္ဘာစစ်ဒါဏ်ကြောင့် ပြိုပျက်သွားပြီး ထွက်ပြေးသွားကြရသော ရခိုင်လူမျိုး အမြောက်အမြားသည် ၁၉၄၅ ခုနှစ်တွင် မိမိတို့ နေထိုင်ခဲ့သော ဘူးသီးတောင် ၊မောင်တော မြို့နယ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပါသည်။ ဗြိတိသျှ စစ်ဘက် အုပ်ချုပ်ရေး ဆိုင်ရာမှ လည်း စစ်ပြေး ဒုက္ခသည်များကို မိမိတို့ မူလနေထိုင်ခဲ့သော ကျေးရွာများတွင် ပြန်လည် နေရာချထားရေးအတွက် ကြိုးပမ်း စီစဉ်ခဲ့ပါသည်။
၁၉၄၇-ခုနှစ် ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင်များသည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို သီးခြားခရိုင်သတ်မှတ်ပေးရေးဆိုသော ကြွေးကြော်သံကို စွဲကိုင်လျက် မူဂျာဟစ် အမည်ခံယူကာ လက်နက်ကိုင် သောင်းကျန်းလာခဲ့ကြပါသည်။ သောင်းကျန်းသူ မူဂျာဟစ် အဖွဲ့သည် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ကို စွဲကိုင်ပြီး ရခိုင်လူမျိုး မုန်းတီးရေးဝါဒကို အခြေခံထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတိုင်း စစ်ဒဏ်ပြီး၍ မိမိကျေးရွာသို့ ပြန်လည်နေထိုင်ရန် ရောက်ရှိလာကြသော ရခိုင်လူမျိုး ကျေးရွာ အများအပြားကို ဖျက်စီးခဲ့ ကြပါသည်။ မူဂျာဟစ်သောင်းကျန်သူများ ဖျက်စီးမှုကြောင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ရခိုင်ကျေးရွာ အမြောက်အမြား ပြိုပျက်သွားခဲ့ရပါသည်။ ၁၉၄၂-ခုက ဖြစ်ပွားခဲ့သော ကုလား-ရခိုင် အဓိကရုဏ်း နှင့် ဒုတိယ ကမ္ဘာစစ် အတွင်း မပြိုမပျက်ပဲ ကျန်ရစ်ခဲ့သော ရခိုင်ကျေးရွာ အများအပြားသည် သောင်းကျန်းသူ မူဂျာဟစ် ကုလားဆိုးကြောင့် ပြိုပျက်သွားခဲ့ရပါသည်။ ရခိုင်လူမျိုး အမြောက်အမြားမှာလည်း ရခိုင်ပြည်နယ် အတွင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါသည်။ လူဝန်မှုကြီးကြပ်ရေး ဝန်ထောက် ဦးခင်မောင်သက်၏ အစီရင်ခံချက် အရ ၁၉၄၁-ခုနှစ် မောင်တောမြို့နယ်တွင် ရခိုင်လူမျိုးကျေးရွာ -(၁၂၉)- ရွာ ရှိခဲ့ရာမှ ကုလား-ရခိုင် အဓိကရုဏ်းနှင့် စစ်ဘေးဒါဏ်ကြောင့် ရခိုင်လူမျိုးကျေးရွာ (၆၈) ရွာ ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားပါသည်။ သို့သော် ၁၉၈၄- ခုနှစ်အထိ ရခိုင် အမျိုးသားကျေးရွာမှာ (၂၆) ရွာသာ ကျန်တော့ကြောင်းတွေ့ ရပါသည်။ ယင်းတို့မှာ-

၁- အင်းဒင်
၂- အလယ်သံကျော်
၃- ကိုင်းကြီး
၎- ကညင်ချောင်း
၅- ပြားသားရွာ
၆- ပီယေရွာ
၇- ရွာချေ (ငတိုးရွာ)
၈-သရက်အုပ်
၉- ရွက်ညှိုးတောင်
၁၀- ခြံပြင် (စံပေပင်ရင်း)
၁၁-  ရေမျက်တောင်
၁၂- ကမ္ပတောင်း
၁၃- ငါးခူရ
၁၄- မြို့သစ် (ကမ္ပဇောင်း ခေါ် ယင်ဘူရွာ)
၁၅- အထက်ပြူးမ
၁၆- အောက်ပြူးမ
၁၇- လောင်းဒုံ
၁၈- ကြိမ်ချောင်း
၁၉- ပင်းကြီးရွာ
၂၀- နံသာတောင်
၂၁- တောင်ပြို
၂၂- တမန်းသား
၂၃- ရဲအောင်စံရဖွေ
၂၄- ဝေလာတောင်
၂၅- ရွာသာယာ
၂၆- အောင်သပြေ

ဖော်ပြပါကျေးရွာများမှာ ရခိုင်တိုင်းရင်းသား လူမျိုးများနေထိုင်သည့် ကျေးရွာ များဖြစ်ကြသော်လည်း ရခိုင်တိုင်းရင်းသား လူဦးရေ လေး၊ ငါး ခြောက်ဆယ် ခန့်သာ ရှိသော ရွာ များမှာ ငါးခူရ၊ လောင်းဒုံ၊ကြိမ်ချောင်း၊ တောင်ပြို၊ ခြံပြင်၊ အောင်သပြေကျေးရွာသာ ဖြစ်ပြီး ကျန်ကျေးရွာ များမှာ တိုင်းရင်းသားလူဦးရေ ပြောပလောက်အောင် မရှိတော့ ကြောင်းတွေ့ရပါသည်။
လူဝင်မှုကြီးကြပ်ရေး ဝန်ထောက် ဦးခင်မောင်သက်၏ အစီရင်ခံစာ အရ ဆိုပါလျှင် ကုလား-ရခိုင်အဓိကရုဏ်းနှင့် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း ရခိုင် အမျိုးသားကျေးရွာ (၆၈) ရွာ ပျက်စီးသွားပါက ရခိုင်အမျိုးသားကျေးရွာ (၁၂၉) ရွာ မှ (၆၈) ရွာ နုတ်လျင် (၆၁) ရွာ ကျန်ရှိရမည် ဖြစ်ပါသည်။ သို့သော် ယခုအခါ ရခိုင်ကျေးရွာ (၂၆)ရွာသာ ကျန်ရှိရာ သောင်းကျန်းသူ မူဂျာဟစ် တို့၏ သောင်းကျန်းမှုကြောင့် ရခိုင် အမျိုးသားကျေးရွာ (၃၅) ရွာ ပျက်စီးသွားရသည်မှာ ထင်ရှားနေပါသည်။ ပျက်စီးသွားသော ရခိုင် အမျိုးသားကျေးရွာများတွင် မူဂျာဟစ်သောင်းကျန်းသူများက တဘက်နိုင်ငံမှ ဘင်္ဂလီ ကုလားများကို ခေါ်ယူပြီး နေရာချထားပေးပါသည်။ တဆက်တည်းမှာ ရခိုင်အမျိုးသားများ ကျန်ရစ်ခဲ့သော လယ်မြေများကိုလဲ ဘင်္ဂလီ လူမျိုးများအတွက် နေရာချထားပေးခဲ့ ပါသည်။ စစ်တကောင်းနယ်သား ဘင်္ဂလီများ ဒုတိယ ကမ္ဘာစစ်အတွင်း ဝင်ရောက် အခြေစိုက် နေထိုင်မှုသည် မူဂျာဟစ်သောင်းကျန်းသူများ၏ ပရောဂကြောင့်လည်းဖြစ်ကြောင်းတွေ့ရပါသည်။



လွတ်လပ်ရေးရပြီး ဘင်္ဂလီ မဟာမေဒင် ဘာသာဝင်များ ဝင်ရောက်မှု

၁၉၄၈-ခု လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင် အမြောက်အများသည် စစ်တွေ ခရိုင် အတွင်းသို့ ခိုးဝင် အခြေစိုက် နေထိုင်လာကြပါသည်။ ယင်းသို့ ဝင်ရောက် အခြေစိုက် နေထိုင်လာရခြင်းမှာ အာဏာရ နိုင်ငံရေး အဖွဲ့အစည်းများနှင့် မြေအောက် ရောင်စုံ သောင်းကျန်းသူများ၏ ပယောဂ ကြောင့်လည်း အကြောင်းတရား တခု အဖြစ် ပါဝင်ကြောင်းတွေ့ရပါသည်။ ၁၉၄၈-ခုနှစ်နောက်ပိုင်း အာဏာရ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သော ဖဆပလ အဖွဲ့သည် ရခိုင်တိုင်းအတွင်း အင်အားတောင့်တင်းသည့် ရတည အဖွဲ့နှင့် အပြိုင်အဆိုင် ဖြစ်နေရာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် မဲ အနိုင်ရရှိရေးအတွက် ရခိုင်နှင့် ဘင်္ဂလီလူမျိုးများကို ခွဲတိုက်ခဲ့ပါသည်။

အမျိုးသားစိတ်ဓါတ် ပြင်းထန်သည့် ဘင်္ဂလီလူမျိုး ပါလီမန် အမတ်များကို စည်းရုံးရရှိရေးအတွက် ယင်းပါလီမန် အမတ်များအား လူမျိုးရေးဖြင့် မြှောက်ပင့်ပေးခဲ့ကြပါသည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် - ၂ -မြို့နယ်မှ ဘင်္ဂလီလူမျိုးပါလီမန် အမတ်များကလည်း မိမိတို့ မဲအနိုင်ရရှိရေး၊ ဘင်္ဂလီလူမျိုးများက ရခိုင်တိုင်းရင်းသား အပေါ် လွှမ်းမိုးနိုင်ရေးအတွက် စစ်တကောင်းနယ်သား ဘင်္ဂလီ လူမျိုး အမြောက်အမြားကို အရှိန်အဝါ သြဇာသုံးပြီး ဗြောင်ခိုးသွင်းခဲ့ကြပါသည်။ ဗြောင်ခ်ုးသွင်းပြီး ဝင်လာသူများ ယင်းအချိန်တွင် ကျင်းပသော ရွေးကောက်ပွဲတွင် မဲ ဆန္ဒပေးခွင့် ရရှိရေးကို လည်း အရှိန်သြဇာ သုံးပြီး ဆောင်ရွက်ပေးခဲ့ကြပါသည်။ အာဏာရ ဖဆပလ အဖွဲ့ အနေဖြင့်လည်း ယင်းကိစ္စကို လစ်လျူရှုထားခဲ့သည်သာမက လိုအပ်သည့် အကူအညီများကို ပင်ပေးခဲ့ကြပါသည်။

ရခိုင်တိုင်းအတွင်းရှိသော သောင်းကျန်းသူများအနေဖြင့် မိမိအင်အားတောင့်တင်းရေး၊ မိမိ အဖွဲ့အစည်းရပ်တည်နိုင်ရေး တစ်ခုတည်းကို မျှော်ကိုး၍ မူဂျာဟစ်သောင်းကျန်းသူ ကုလားဆိုးများအား မြောက်ပင့်ပေးခြင်း၊ ကူညီခြင်း၊ စစ်တကောင်းနယ်မှ ခိုးဝင်လာသော ဘင်္ဂလီလူမျိုးများကို မိမိတို့ ကြီးစိုးရာ နယ်မြေဒေသ များ၌ နေရာချထားပေးခြင်း၊ နေထိုင်ခွင့်ပေးခြင်း၊ ခိုးဝင်ရန် မလွယ်ကူသည့် ဘင်္ဂလီများကို ယင်းတို့၏နယ်မြေဒေသမှ ဖြတ်သန်းသွားလာခွင့်ပြုခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ယင်းသို့ ရခိုင်တိုင်းရှိ ရောင်စုံသောင်းကျန်းသူများ၏ အားပေးကူညီမှုကြောင့် နိုင်ငံခြားသား ဘင်္ဂလီ လူမျိုးများသည် သောင်းကျန်းသူများ၏ နယ်မြေများကို တိုက်ရိုက် ခိုးဝင်လာကြပါသည်။ ယင်းမှ တဆင့် ရခိုင်တိုင်း အတွင်းပိုင်းသို့ လည်းကောင်း မြန်မာနိုင်ငံသို့ လည်းကောင်း တိုင်းရင်းသားဒေသများသို့ လည်းကောင်း ပြန့်နှံ့သွားပါသည်။



လဝကဌာန၏တာဝန်မကျေမှု

၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး(လတ်တလော ပြဌါန်းချက်များ) အက်ဥပဒေ ပုဒ်မ (၃)စ အရ ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် လက်မှတ် သို့တည်းမဟုတ် နည်းလမ်းတကျ ခွင့်ပြုထားသော နိုင်ငံကူးလက်မှတ် မပါပဲ မည်သည့်နိုင်ငံခြားသားမျှပြည်ထောင်စု မြန်မာနိုင်ငံသို့ မဝင်ရ ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုသော နိုင်ငံခြားသားတိုင်းသည် နည်းလမ်းတကျ ထုတ်ပေးသော ဗီဇာ သို့မဟုတ် ခွင့်ပြုလက်မှတ်များပါရှိမှသာ ဝင်နိုင်ခွင့်ရှိပါသည်။ ယင်းသို့ နိုင်ငံခြားသားများအား ထုတ်ပေးသော ဗီဇာ သို့မဟုတ် ခွင့်ပြုလက်မှတ် အမျိုးအစား (၉) မျိုး ခန့် ရှိသည့် အနက် ရာသီအလိုက် ဝင်ခွင့် လက်မှတ်များကို ရခိုင်တိုင်း အတွင်းသို့ ဝင်ရောက်လာသော ဘင်္ဂလီ လူမျိုး အများအပြားက ရယူ ဝင်ရောက်လေ့ ရှိကြပါသည်။ ဤခွင့်ပြု လက်မှတ်များဖြင့် ဝင်ရောက်လာ သော ဘင်္ဂလီ လူမျိုး အများအပြားသည် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း အခြေချ နေထိုင် သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန ဝန်ထမ်း အချို့၏ အကူအညီကို မသမာသော နည်းဖြင့် ရယူပြီး နေထိုင်ကြပါသည်။

No comments:

Post a Comment