Monday, June 25, 2012

လေးဝတီကနေ ပို့လာတဲ့ သတင်းကောက်နုတ်ချက်

.၆.၂၀၁၂ ရက်နေ့ကတည်းက ဘင်္ဂလီအကြမ်းဖက်သမားများ၏ လူသတ်ဖျက်ဆီး ရမ်းကားမှုများကို သွေးပျက်မတတ် ခံစားခဲ့ရသည့် မောင်တောမြို့ခံများမှာ အိုးမဲ့အိမ်မဲ့ မိဘမဲ့ဖြစ်ခဲ့ရပြီး ယခုအချိန်ထိ သေဆုံး၊ပျောက်ဆုံးသူစာရင်းကို ယခုအချိန်ထိ အတည်ပြုရန် ခက်ခဲနေသေးကြောင်း၊ ထို့အပြင် ယခုလ ၂၅ရက်နေ့တွင် ဘင်္ဂလီများက ထပ်မံအကြမ်းဖက်တိုက်ခိုက်လာလိမ့်မည်ဟု ကောဟာလဟ ထွက်ပေါ်နေသဖြင့် စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ကြောင်း မောင်တောဒေသခံများက လေးဝတီသို့ ပြောကြားခဲ့ပါသည်။
ဒီနေ့ထိ မောင်တောမြို့ပြင်က ရွာတွေမှာ လူဘယ်လောက် သေဆုံးသွားတယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ ခု မိုးကလည်းအရမ်းရွာတော့ သွားရေးလာရေး ခက်ခဲနေတဲ့အပြင် မြို့ကိုရောက်လာတဲ့ ဒုက္ခသည်ဦးရေကလည်း တစ်ရက်ထက်တစ်ရက် ပိုများလာနေတဲ့အတွက် အကူအညီပေးနေရပါတယ်။ ၂၅ရက်နေ့မှာ ကုလားတွေထပ်အကြမ်းဖက်ဖို့ကြံနေတယ်လို့ သတင်းတွေထွက်နေပြီး ခုဒီမှာရှိတဲ့ နစကတွေက အားမကိုးရတဲ့အပြင် လုံခြုံရေးယူထားတဲ့ရဲတွေဆီမှာ ရှိတဲ့သေနတ်တွေကလည်း ကျည်မပေါက်တဲ့သေနတ်တွေဆိုပြီး သတင်းထွက်နေလို့ ကျွန်တော်တို့ ရဲ့ လုံခြုံရေးဟာ တော်တော့်ကို စိုးရိမ်နေရပါတယ်ဟု မောင်တောဒေသခံတစ်ဦးက လေးဝတီကိုပြောကြားသွားပါသည်။
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာအကြမ်းဖက်လှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် သံသယရှိခြင်းခံခဲ့ရသည့် နတ်မြစ်တစ်ဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂလားဒေ့ရှ် ဘာသာရေးအစွန်းရောက်အဖွဲ့ ဂျာမာတ်အီစလာမ်၏ လှုပ်ရှားမှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရက မျက်ခြေမပြတ်စောင့်ကြည့်ခဲ့သည့်ကြားက ယခုကဲ့သို့ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၇.၆.၂၀၁၂ နေ့စွဲဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု တောင်တန်းနယ် ဘန်ဒရိုဘန်(ခေါ်) ရွာတော်ခရိုင် လမားမြို့နယ် ရွေးကောက်ပွဲအနိုင်ရပါတီ အုပ်ချုပ်ရေးမှူး အီစမိုင်လ်က လေးဝတီကို ပြောကြားသွားခဲ့ပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀လောက်ကတည်းက မြန်မာနိုင်ငံကနေထွက်လာခဲ့တဲ့  ရိုဟင်ဂျာဒုက္ခသည် ငါးသောင်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ခရိုင်ရှစ်ဆယ်နီးပါးလောက်မှာ ဒေသခံတွေနဲ့အိမ်ထောင်ကျပြီး အခြေချနေထိုင်လျက်ရှိပါတယ်။ ခု အစိုးရက ဒီလူတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီကို ညွှန်ကြားချက်တစ်စောင် ပို့လာပါတယ်။ အဲဒီတိုက်ရိုက်ညွှန်ကြားစာထဲမှာ ဒီလူတွေမှာရထားတဲ့ နိုင်ငံသားကတ် ထုတ်ပေးတဲ့ မှတ်တမ်းတွေကို ဆွေစဉ်မျိုးဆက်ဇယားသေချာပြန်လိုက်ပြီး တိတိကျကျစီစစ်ပေးဖို့နဲ့ အဲဒီစစ်ဆေးမှုကို ကျေးလက်တောရွာတွေအထိ တစ်ခုမကျန် လိုက်လံစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ ခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ အိမ်ခြေယာမဲ့တစ်ထောင်ကျော်လောက် ဖမ်းဆီးထားပြီးပါပြီဟု အုပ်ချုပ်ရေးမှူး အီစမိုင်လ်၏ ပြောကြားသွားခဲ့ပါသည်။
ဘင်္ဂလား-မြန်မာနယ်စပ်တလျှောက် လံခြုံရေးတာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို လေးဝတီကဆက်သွယ် မေးမြန်းကြည့်သောအခါ ၎င်းတို့က၉ရက်နေ့ကနေ ၂၂ရက်နေ့အထိ မြန်မာနိုင်ငံက ခိုးဝင်လာတဲ့ စက်လှေတွေကနေ လူဦးရေစုစုပေါင်း ၉၁၈ယောက်ကို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်လိုက်ပါတယ်။ ခု ကျွန်တော်တို့လက်ထဲမှာ ၁၈ယောက်ထိန်းသိမ်းထားပါတယ်။ လှေနဲ့ဝင်လာတဲ့လူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါလာလို့ မီးဖွားဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးလိုက်ပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာအမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဆီက ငွေအတုတွေအများကြီး ဖမ်းမိလို့ ဥပဒေအရ အရေးယူထားပါတယ်။ ခုဆိုရင် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟာ ဈေးတွေ၊ကားလမ်းတွေမှာ သေချာစစ်ဆေးပြီး ခိုးဝင်လာသူတိုင်းကို ပြန်ပို့ပေးနေရပါတယ်။ ခုထိန်းသိမ်းထားတဲ့ ၁၈ယောက်ကိုလည်း ခုမုန်တိုင်းသတိပေးချက်ရှိနေလို့ ခဏထိန်းသိမ်းထားတာပါ။ မိုးလေ၀သကောင်းတာနဲ့ ချက်ချင်းပြန်ပို့မှာပါဟုပြောကြားသွားပါသည်။
မကြာသေးခင်အချိန်က ဖလောင်းချိတ်မြို့ တည်းခိုရိပ်သာတစ်ခုတွင် လျှို့ဝှက်အစည်းအဝေးလုပ်နေသော ဂျာမတ်အီစလာမ်အဖွဲ့ဝင်များကို အချိန်မှီသွားရောက်ဖမ်းဆီးနိုင်ခဲ့ပြီး တက္ကနာနယ်စပ် အာရဗီဘာသာ စာသင်ကျောင်းဖွင့်လှစ်ထားရာ ဗလီတွင်း၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော အကြမ်းဖက်သမားများကို ကူညီရန်ပြင်ဆင်နေသည့် နောက်ကွယ်မှကြိုးကိုင်သူများကို ဖမ်းဆီးမိကြောင်း၊ ထို့အပြင် လွန်ခဲ့သည့်အပတ်က ဖလောင်းချိတ်မြို့ NGO တစ်ခုမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါကစ္စတန်နိုင်ငံသား ဒေါက်တာဇာဟိဒ်ဇာမာလ်ကိုလည်း အဆိုပါရိုဟင်ဂျာ အကြမ်းဖက်သမားများနှင့်ပတ်သက်၍ အရေးယူထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အဓိကရုန်းအတွက် ဘင်္ဂလားဒေ့ရှ်မှ မူဆလင်များကို လိမ်ညာဝါဒဖြန့်ရန်အတွက် ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကာလက သေဆုံးခဲ့သည့် ဓာတ်ပုံများ၊ နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သည့် အလောင်းဓာတ်ပုံများ၊ အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် ဓာတ်ပုံများကို ကွန်ပြူတာဖြင့် ပြုပြင်၍ လွန်ခဲ့သည့် ၆လခန့်ကာလကတည်းက (RSO/ARNO) အဖွဲ့ဝင်များက ကြိုတင်စီမံခဲ့ကြကြောင်းကို ဘင်္ဂလားဒေ့ရှ်သတင်းစာများက ဖော်ထုတ်ခဲ့ကြပါသည်။
၁၉၉၂ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းတွင် လူတစ်သိန်းခန့်ရှိရာမှ တစ်ဝက်ခန့်မှာ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်သွားကြကြောင်းနှင့် တချို့မှာ အိန္ဒိယ၊ပါကစ္စတန်၊ထိုင်း၊မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် စခန်းအတွင်း ဒုက္ခသည် ၂သောင်းကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းတွင် အခြေချနေထိုင်သော အဆိုပါ ရိုဟင်ဂျာဆိုသူများမှာ ဘင်္ဂလားဒေ့ရှ်ဒေသခံများနှင့် ဆက်ဆံရေးအဆင်မပြေကြောင်း၊ ယခင်က ဒုက္ခသည်စခန်းမှ အပြင်သို့ တရားဝင်ထွက်ခွင့်ပေးခဲ့သည့်အတွက် အဆိုပါဒုက္ခသည်များမှာ ရရာအလုပ်ဝင်ရောက် လုပ်ကိုင်ရင်း ဒေသတွင်း ဓားပြမှု၊ခိုးမှုနှင့်သစ်ခိုးမှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် ရာဇ၀တ်မှုများ ကျူးလွန်နေသည့်အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့အပြင် ဒုက္ခသည်စခန်းအတွင်း လက်နက်များဖမ်းဆီးရမိသည့်အခါ အဆိုပါဒုက္ခသည်ဆိုသူများမှာ အကြမ်းဖက်အဖွဲ့အစည်းများ၏ အသုံးချခံဖြစ်နေကြောင်းကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက သတိပြုမိလာခဲ့ကြောင်း သိရှိရသည်။
လက်ရှိဖြစ်ပွားနေသော ဆူပူအုံကြွမှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ စက်လှေဖြင့်ဝင်ရောက်လာသော လူများကို လက်ခံရန်အတွက် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ဘင်္ဂလားဒေ့ရှ်အစိုးရအား တိုက်တွန်းခဲ့ပြီး အတိုက်အခံပါတီများကလည်း လွှတ်တော်အတွင်းတောင်းဆိုခဲ့ကြသော်လည်း အာဏာရအစိုးရအဖွဲ့မှ ငြင်းဆန်ပယ်ချခဲ့သည်။ လွန်ခဲ့သည့် ဇွန်လ၈ရက်နေ့မှစတင်၍ တစ်ပတ်တိတိ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခွင့်များကို ပိတ်ပင်ထားခဲ့ပြီး ယခုချိန်တွင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ကုန်သွယ်မှုများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သတင်းစာတွင် ရေးသားဖော်ပြသွားပါသည်။
 
လေးဝတီ လွတ်လပ်သော ရခိုင်သတင်းဌာန
ส่วนบนของฟอร์ม
18Like · · Share
ส่วนล่างของฟอร์ม

No comments:

Post a Comment