Thursday, June 28, 2012

ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် အပိုင်း(၂)


by Myat Thein Tun on Wednesday, June 27, 2012 at 9:12pm 
 
                    ကိုရဲရင့်သစ္စာရဲ့ ဒုတိယမြောက် ပြန်ကြားချက်ကို ဖတ်ရှုပြီးတဲ့အခါ အစ်ကို့ရဲ့ တင်ပြချက်တွေကို တော်တော် နှစ်ခြိုက်မိပါတယ်။ ကိုရဲရင့်သစ္စာဟာ မြန်မာမူဆလင်တွေထဲမှာ နာမည်ကျော်ကြားပြီး သြဇာရှိတဲ့ စာရေးသူတစ်ယောက် ဖြစ်လို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုသဘော ဆွေးနွေးမှုတွေကနေ မြန်မာမူဆလင်တွေရဲ့ တခြားတိုင်းရင်းသား လူမျိုးတွေကြားမှာ အပြုသဘောဆက်ဆံရေးတွေ ပိုမိုတိုးတက် လာလိမ့်မယ်လို့ ရိုးသားစွာ မျှော်လင့်မိပါတယ်။ အစ်ကို့ရဲ့ ပထမပြန်ကြားချက်ထဲက တချို့အချက်တွေကို ကျွန်တော်နားလည်မှုလွဲသွားတာကို ထောက်ပြပေးတဲ့ အတွက်လည်း ကျေးဇူးတင်မိပါတယ်။
                   ကိုရဲရင့်သစ္စာရဲ့ ဒုတိယမြောက်ပြန်ကြားချက်ဟာ ပထမပြန်ကြားချက်ထက်စာရင် ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေ၊ အကိုးအကားတွေ ပါလာတဲ့အတွက် စာဖတ်သူတစ်ယောက်အနေနဲ့ ပိုပြီး အားရကျေနပ်မိပါတယ်။ အစ်ကို့ရဲ့ပြန်ကြားချက်ထဲမှာ ကျွန်တော်အနေနဲ့ အမြင်တူတာရှိသလို သဘောမတူတာတွေလည်း ရှိနေတဲ့အတွက် ဒီစာကိုရေးလိုက်တာပါ။
                   ကိုရဲရင့်သစ္စာ မှီငြမ်းကိုးကားသွားတဲ့ ဂျူးသမိုင်းသုတေသီ မိုရှေရေဂါရ်တင်ပြတဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ထိ ရခိုင်တွေနဲ့ ဘင်္ဂလီတွေကြားမှာ ပဋိပက္ခလုံးဝမရှိခဲ့ဘူးဆိုတာကို ကျွန်တော်ရဲ့လက်ရှိ ဗဟုသုတအရ  ထပ်တူကျတဲ့အတွက် ချွင်းချက်မရှိ သဘောတူပါတယ်။ ဒါပေမယ့် ရခိုင်လူမျိုး ဆိုးသွမ်းသောင်းကျန်းသူတွေက ဘင်္ဂလီတွေကိုစတင်တိုက်ခိုက်ခဲ့လို့ ဆိုတဲ့အချက်ကိုတော့ လက်ခံဖို့ခက်ခဲပါတယ်။ အဲဒီအချက်နဲ့ဆက်စပ်ပြီး ဒေါက်တာအေးချမ်းနဲ့ကျွန်တော့်ရဲ့ ရေးသားပြောဆိုချက်ဟာ ပုဂ္ဂလိကခံစားမှုနဲ့ ပါးစပ်ရာဇ၀င်ကိုအခြေခံထားတယ်လို့ ကိုရဲရင့်သစ္စာရေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ ရခိုင်တွေက စတင်တိုက်ခိုက်ပါတယ်လို့ အခိုင်အမာဆိုထားတဲ့ မိုရှေရေဂါရ်ရဲ့ သုတေသနမှတ်တမ်းဟာ ဘယ်လိုခိုင်မာတဲ့ သက်သေသာဓကတွေကို အခြေခံထားသလဲဆိုတာ မေးစရာရှိလာပါပြီ။ ဗြီတိသျှအပြေး-ဂျပန်အ၀င်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးချင်းတိုက်ခိုက်မှုမှာ အဲဒီခေတ်မှာ အစိုးရပိုင်းက မှတ်တမ်းတင်ထားတဲ့ ခိုင်မာတဲ့ မှုခင်းမှတ်တမ်းမှတ်ရာတွေကို မိုရှေရေဂါရ် မှီငြမ်းကိုးကားခွင့် ရခဲ့ပါသလား။ ကျွန်တော့်အမြင်ပြောရရင် အဲဒီသမိုင်းသုတေသီဟာလည်း နီးစပ်ရာပါးစပ်သတင်းတွေကို စုစည်းပြီး အဲဒီစာတမ်းကိုပြုစုခဲ့တာ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ရခိုင်ကိုမေးရင် ဘင်္ဂလီကစသတ်တာ၊ ဘင်္ဂလီကိုမေးရင် ရခိုင်က စသတ်တာ စသဖြင့် ဆန့်ကျင်ဖက် အဖြေတွေထွက်လာပါလိမ့်မယ်။ အဲဒီအနေအထားဟာလည်း ခုဖြစ်နေတဲ့ပြဿနာအတိုင်းပါပဲ။ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ဖြစ်လာတဲ့ပြဿနာပါ။
                 နောက်တစ်ခါ အပေါ်က ကျွန်တော်တို့နှစ်ယောက် သဘောတူခဲ့ကြတဲ့ အချက်ကို ပြန်ကောက်ကြည့်ရအောင်ပါ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်ထိ ဘင်္ဂလီနဲ့ရခိုင်တွေကြားမှာ ပဋိပက္ခမရှိခဲ့ဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဘာကြောင့်မရှိခဲ့ရတာလဲ။ ဘင်္ဂလီဦးရေနည်းလို့လား။ မဟုတ်ရင် ကိုရဲရင့်သစ္စာပြောသလို ရခိုင်ဦးရေပဲ နည်းနေလို့လား။  ဗဒုံမင်း(ဘိုးတော်ဘုရား)ရဲ့ ကျူးကျော်စစ်ကြောင့် အဲဒီနေရာမှာ ရခိုင်တွေ အများအပြားသတ်ဖြတ်ခံရလို့ အင်္ဂလိပ်ပိုင်တဲ့ ဘင်္ဂလားနယ်ထဲကို ၀င်ပြေးသွားတာကြောင့် ရခိုင်မြောက်ပိုင်းမှာ ရခိုင်တွေနည်းပါးသွားတယ်ဆိုတဲ့ ဒေါက်တာအေးချမ်း သူ့စာအုပ်မှာ မှီငြမ်းထားတဲ့ Michael W. Charney ရဲ့ PhD ကျမ်းကို  ကိုရဲရင့်သစ္စာက ဖော်ပြသွားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ခါ မိုရှေရေဂါရ်ရဲ့ စာအုပ်ကို ကိုးကားပြီး တောင်ပိုင်းက သတ်ဖြတ်မှုတွေကြောင့် မူဆလင်တွေဟာ မြောက်ပိုင်းမှာ သွားရောက်စုဝေးခဲ့တယ်လို့ ပြောသွားတဲ့အတွက် ရခိုင်ပြည်နယ်တောင်ပိုင်းက ဌာနေတိုင်းရင်းသား မူဆလင်ကမန်တွေဟာ မြောက်ပိုင်းမှာ သွားရောက်စုဝေးကြတယ်လို့ ယူဆရမလိုဖြစ်နေပါတယ်။ အဲဒီတော့ ခုလက်ရှိအချိန်မှာ ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ဘယ်အပိုင်းက ကမန်ဦးရေပိုများပါသလဲ။ တောင်ပိုင်းရခိုင်တွေရဲ့ သတ်ဖြတ်မှုကြောင့်  မူဆလင်တွေမြောက်ပိုင်းမှာ စုဝေးရတယ်ဆိုတော့ ကျွန်တော်သိထားတဲ့ ကမန်နဲ့ရခိုင်ကြားမှာ မြောက်ဦးခေတ်ပုန်ကန်မှု တစ်ခုကလွဲရင် တခြားပဋိပက္ခမရှိဘူးဆိုတဲ့ အချက်နဲ့ ကွဲလွဲနေသလို ခုချိန်ထိ တောင်ပိုင်းမှာ ကမန်ဦးရေအများအပြားရှိနေတဲ့ အချက်နဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ ဒီနေရာမှာ ကိုရဲရင့်သစ္စာ ဖော်ပြထားတဲ့အချက်တွေဟာ ဘင်္ဂလီနဲ့ကမန်ကို ရောပြီးဖော်ပြထားတာ တွေ့ရပါတယ်။ ကိုရဲရင့်သစ္စာရည်ညွှန်းလိုတဲ့ တောင်ပိုင်းက မြောက်ပိုင်းကို တိမ်းရှောင်လာတဲ့ မူဆလင်တွေဟာ ရခိုင်ပြည်နယ်ထဲကို ကိုလိုနီခေတ်အတွင်း လယ်ကူလီလုပ်ဖို့ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေဖြစ်ပါလိမ့်မယ်။ မြောက်ပိုင်းဒေသ ၁၉၄၂ မတိုင်ခင်အခြေအနေကို ပြန်သွားကြည့်ရအောင်ပါ။
                နတ်မြစ်တစ်ဖက်ကမ်း ဘူးသီးတောင်-မောင်တောဒေသဟာ ဗမာကျူးကျော်စစ်ကြောင့် ရခိုင်တွေ ဘင်္ဂလားနယ်ထဲကို ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် လူဦးရေကျဲပါးခဲ့တယ်။ လူဦးရေကျဲပါးတယ် ဆိုကတည်းက ဒီဒေသမှာ လက်ကျန်လူတွေဟာ ရခိုင်တွေကလွဲပြီး တခြားလူမျိုးတွေမဖြစ်နိုင်ပါဘူး။ ရခိုင်ဒေသ ဗြိတိသျှအုပ်ချုပ်လက်အောက် ရောက်လာတဲ့အခါ လယ်ကူလီလုပ်ဖို့ ဘင်္ဂလီတွေကို အများအပြားခေါ်သွင်းလာပါတယ်။ သူတို့ကို စစ်တကောင်းသားတွေလို့ အင်္ဂလိပ်တွေက မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလဟာ ၁၈၈၀ခုနှစ်ဝန်းကျင်ဖြစ်ပါတယ်။ အထောက်အထား အကိုးအကား အနေနဲ့   Rakhine Security Association, Maungdaw, Rakhine State.dated 9th October 1988 က မြန်မာလို မှတ်တမ်းပြုစုခဲ့တဲ့ Report on the conditions and sufferings of the Rakhaings in Maungdaw  မှာ နတ်မြစ်တစ်ဖက်ကမ်း မြန်မာနိုင်ငံဖက်ခြမ်းကို ၁၈၂၅ခုနှစ်ကနေစတင်ပြီး ရခိုင်ဘုရင်ရဲ့မြေးတော် မောင်ညိုဆိုသူကို အုပ်ချုပ်ခွင့်ပြုခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေ လယ်ကူလီအဖြစ် ၀င်မလာခင်ထိ ဒီဒေသဟာ ဗြိတိသျှလက်အောက်ခံ ရခိုင်အုပ်ချုပ်သူရဲ့ လက်အောက်မှာ ငြိမ်ဝပ်ပိပြားစွာ ရှိနေခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ရခိုင်သမိုင်းသုတေသီ အရှင်စက္ကင်္တရဲ့ သုတေသနမှတ်တမ်းနဲ့  နိုင်ငံခြားသားတွေပြုစုခဲ့တဲ့  "R.B.Sonant M. "Akyab District", Page No. 87.  ရယ် နောက်ပြီး The mahamadans Kho. in ref. No. 88255 by the year 194 Disen to 178647 ကို မှီငြမ်းပြုစုထားတာဖြစ်ပါတယ်။ အဲဒီမှတ်တမ်းရဲ့ အဆိုအရ ဘင်္ဂလီတွေဟာ ၁၈၈၀ကနေစပြီး လယ်ကူလီအဖြစ် အလုပ်လာလုပ်ကြပေမယ့် တကယ်တမ်းအခြေချနေထိုင်ဖို့ စတင်ခဲ့တာက ၁၉၁၆-၁၉၁၈ကြားမှာ အရှေ့အိန္ဒိယကုမ္ပဏီက ဘူးသီးတောင်-မောင်တောဒေသကို လမ်းဖောက်ဖို့ အလုပ်သမားတွေ ခေါ်သွင်းလာရာကနေ စတင်တယ်လို့ သိရပါတယ်။ နောက်ပြီး ဗြိတိသျှအစိုးရဟာ ၁၉၃၀ခုနှစ်မှာ ရာသီလိုက်လယ်ကူလီအဖြစ် ဘင်္ဂလီလေးသောင်းကို စစ်တကောင်းကနေ ခေါ်သွင်းလာတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကာလအတွင်းမှာ ဘင်္ဂလီတွေဟာ အလုပ်လာလုပ်ပြီး နေရပ်ပြန်တဲ့လူနဲ့ အခြေချနေထိုင်ကျန်ခဲ့တဲ့လူ အမျိုးမျိုးရှိမယ်လို့ ယူဆရပါတယ်။ အဲဒီကာလအထိ ဒီနေ့ ခေတ်စားနေတဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရမပေါ်သေးပါဘူး။ အကယ်၍အဲကတည်းက အဲဒီနာမည်ရှိနေမယ်ဆိုရင် ဗြိတိသျှမှတ်တမ်းတွေမှာ မထည့်သွင်းပဲချန်ထားစရာ အကြောင်းမရှိပါဘူး။ ၁၉၄၂ခုနှစ်အဓိကရုန်းမှာ ဘူးသီးတောင်-မောင်တောက ရခိုင်တွေဟာ ဘင်္ဂလီတွေရဲ့ ရန်ပြုမှုကြောင့် ကျောက်တော်ဖက်ကို ရွေ့ပြောင်းအခြေချခဲံရပြီး အဲဒေသကရခိုင်ရွာအများစုဟာ ကုလားရွာတွေဖြစ်ကုန်တယ်လို့ ဆိုထားပါတယ်။ အဲဒီဖော်ပြချက်မှန်ကုန်မှုရှိမရှိကို ခုကုလားတွေနေထိုင်နေကြတဲ့ အဲဒေသက ရခိုင်နာမည်နဲ့ ကျေးရွာတွေစာရင်းကို ကြည့်ရင်သိနိုင်ပါတယ်။
                     အဲဒီမှတ်တမ်းတွေကို ထောက်ရှုပြီး ရခိုင်ပြည်နယ်မှာ မူဆလင်တွေဟာ ကမန်တွေကလွဲရင် ကိုရဲရင့်သစ္စာပြောသလို နှစ်နိုင်ငံနယ်စပ် ဟိုဖက်ဒိဖက်နဂိုကတည်းက နေထိုင်ခဲ့တဲ့ လူမျိုးစုတစ်ခု မဟုတ်တာ သိသာထင်ရှားပါတယ်။ အဲဒီတော့ ဒေါက်တာအေးချမ်းစာအုပ်ထဲမှာ ပန်းတောင်း-တောင်ကုတ်လမ်းအတိုင်း ထွက်ပြေးသွားတဲ့ မူဆလင်ဆိုသူတွေဟာ ဒေသခံဌာနေတိုင်းရင်းသား ကမန်မူဆလင်တွေမဟုတ်ပဲ ဘင်္ဂလားနယ်ထဲကနေ ရခိုင်ပြည်ကို ၀င်ရောက်အခြေချလာတဲ့ ဘင်္ဂလီတွေဆိုတာ သိသာနိုင်ပါတယ်။ အထက်မှာပြောသွားတဲ့ အချက်တွေဟာ ကိုရဲရင့်သစ္စာပြောတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလီ၊ ရခိုင်မှာ ရိုဟင်ဂျာလို့ခေါ်တဲ့ဆိုတဲ့စကားကို ကျွန်တော်ဗဟုသုတရှိသလောက်လေးနဲ့ ဖြေရှင်းကြည့်တာပါ။ အဲဒီစကားဟာ ရခိုင်မှာရိုဟင်ဂျာဆိုတဲ့ လူမျိုးနဂိုကတည်းကရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်နေသလို ခံစားမိလို့ပါ။ ကိုလိုနီခေတ်မှာ ရွေ့ပြောင်းအခြေချနေထိုင်သူနဲ့ ဌာနေတိုင်းရင်းသားဆိုတာ အရမ်းကွဲပြားပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးအောက်မှာ ဖြစ်တဲ့အတွက် ခိုးဝင်လာတာမဟုတ်ပေမယ့် နဂိုမူလနေထိုင်ခဲ့တဲ့သူတွေ မဟုတ်တာတော့ သေချာပါတယ်။
                   Races Of Burma စာအုပ်မှာဖော်ပြထားတဲ့ အိန္ဒိယနွယ်ဖွားဦးရေ သန်းဂဏန်းမှာ မူဆလင်တွေချည်းပဲ မဟုတ်ပါဘူး။ကျန်တဲ့ ဆစ်၊ဟိန္ဓူတွေလည်း အများအပြားပါဝင်မှာပါ။ ဒါပေမယ့် အဲဒီအိန္ဒိယတွေဟာ အင်္ဂလိပ်အဆုတ်မှာ အများအပြား အိန္ဒိယကိုပြန်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ မူဆလင်တွေဟာ နဂိုရှိနေတဲ့ မြန်မာမူဆလင်တွေနဲ့ ရောနှောပြီး မြန်မာမူဆလင်လူ့အဖွဲ့အစည်းတစ်ခု ပီပီပြင်ပြင်ဖြစ်လာခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီထဲကအများစုဟာလည်း မြန်မာနိုင်ငံသားတွေဖြစ်နေကြပါပြီ။ ဒါပေမယ့် ရခိုင်ပြည်မြောက်ပိုင်းက ဘင်္ဂလီလူ့အဖွဲ့အစည်းကတော့ ပြည်မကမြန်မာမူဆလင်လူ့အဖွဲ့အစည်းနဲ့ ကွာခြားပါတယ်။ ၁၉၄၉ခုနှစ် မူဂျာဟစ်အရေးအခင်းဟာ ၁၉၄၂ အဓိကရုန်းရဲ့ နောက်ဆက်တွဲဖြစ်ပြီး သီးခြားခွဲထွက်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာပါ။ အဲဒီမူဂျာဟစ်လှုပ်ရှားမှုကိုရော ကိုရဲရင့်သစ္စာက ရခိုင်တွေက စတိုက်လို့ဖြစ်လာတာပါလို့ ပြောအုန်းမလား သိချင်ပါတယ်။
               မူဂျာဟစ်အရေးအခင်းနောက်ပိုင်း ပါလီမန်ခေတ် ရွေးကောက်ပွဲမှာ ရခိုင်အခြေစိုက် ရတညပါတီကို ယှဉ်ပြိုင်ဖို့ ၁၉၆၀ ခုနှစ်မှာ ဘူးသီးတောင်၊မောင်တောနဲ့ ရသေ့တောင်ဒေသကို မေယုနယ်ခြားခရိုင်သတ်မှတ်ပြီး ဘင်္ဂလီတွေကို ဖဆပလအစိုးရက မဲပေးခွင့်ပေးခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီဒေသကထောက်ခံမဲတွေနဲ့ ဘင်္ဂလီအမတ်တွေဟာ လွှတ်တော်ထဲရောက်လာပြီး အစိုးရ၀န်ကြီးတွေဖြစ်လာပါတယ်။ အဲဒီတော့ ကိုရဲရင့်သစ္စာပြောတဲ့ မြန်မာ့အသံမှာ အသံလွှင့်တာတို့၊ စွယ်စုံကျမ်းတို့၊ကျောင်းသုံးစာအုပ်တွေမှာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ထည့်သွင်းဖော်ပြခဲ့တယ်ဆိုတာ အာဏာရအစိုးရထဲက ဘယ်သူတွေရဲ့ လက်ချက်ဆိုတာ သိသာလာပါတယ်။
                  ဘင်္ဂလီတွေပြည်မကို စိမ့်ဝင်မှုလည်း တစတစများလာပြီး ရခိုင်ပြည်နယ်အတွင်းကို ဘင်္ဂလားက ခိုးဝင်လာတဲ့ လူတွေလည်း တစတစ များပြားလာခဲ့ပါတယ်။ ပါလီမန်ခေတ်မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပါကစ္စတန်နဲ့တွဲနေရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအနေကို ကိုရဲရင့်သစ္စာ ယှဉ်ကြည့်ရင် ဘာကြောင့် ခိုးဝင်လာရသလဲဆိုတာ သိပါလိမ့်မယ်။ ပါလီမန်မှာနေရာရလာတဲ့ ဘင်္ဂလီတွေကြောင့် ရခိုင်ဒေသမှာ ရှိတဲ့ဘင်္ဂလီတွေဟာ အခိုင်အမာခြေကုပ်ယူနိုင်လာပြီး ရခိုင်တွေယခင်ကပိုင်ဆိုင်ခဲ့တဲ့ မြေယာတွေဟာ သူတို့လက်ထဲ တဖြည်းဖြည်း ရောက်လာခဲ့ပါတယ်။ ရခိုင်ရွာတစ်ရွာမှာ ရခိုင်များပြီး ဘင်္ဂလီနည်းတာ ပြဿနာမရှိပေမယ့် ဘင်္ဂလီများလာတဲ့ရခိုင်ရွာတွေမှာ ရခိုင်တွေဟာ သူတို့နှောင့်ယှက်မှုကြောင့် တာရှည်နေထိုင်နိုင်ခြင်း မရှိပဲ ပြောင်းရွေ့ခဲ့ရပါတယ်။ အဲဒီအတိုင်းပဲ ခုဖြစ်သွားတဲ့အဓိကရုန်းကြောင့် ဒီနေ့အထိ အဲဒေသက ရခိုင်တွေဟာ သူတို့ရွာတွေမှာ ဆက်မနေရဲပဲ ရခိုင်အများစုရှိတဲ့မြို့ရွာတွေကို တဖွဲဖွဲရွေ့ပြောင်းနေကြတယ်လို့ သတင်းရပါတယ်။
                 ဦးနေ၀င်းရဲ့ နဂါးမင်းစီမံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတဲ့ ဘင်္ဂလီတွေကို ဟင်္သာစီမံချက်နဲ့ ပြန်လက်ခံတဲ့အခါ နဂိုမူလရှိတဲ့လူဦးရေထက်အပြင် ပိုမိုလက်ခံခဲ့ရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ လာဘ်ပေးလာဘ်ယူမှု ထူပြောတဲ့ အဲကာလမှာ အဲကိစ္စမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ်။ အထက်မှာပြောသွားတဲ့အချက်တွေ အားလုံးခြုံကြည့်ရင် ဒီလူမျိုးတွေဟာ တဖက်ကရွေ့ပြောင်းလာတဲ့ လူမျိုးတွေဖြစ်ပြီး မြန်မာနိုင်ငံတွင်းကို ဘာသာရေးအကြောင်းပြပြီး လူမျိုးရေးဝါးမြိုဖို့ ရည်ရွယ်ထားတဲ့ လူမျိုးတွေဖြစ်တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ အကယ်၍ သူတို့ဟာ ဒေသခံတွေနဲ့ ဘာပဋိပက္ခမှမရှိခဲ့ပဲ ရိုးရိုးသားသား နေထိုင်ခဲ့ကြမယ်ဆိုရင်ခုလောက်ဆိုကမန်တွေလိုပဲ ဒေသယဉ်ကျေးမှုထဲမှာ ရောနှောပြီး မြန်မာနိုင်ငံသားတွေ ဖြစ်နေလောက်ပါပြီ။ သူတို့ရဲ့အကြံအစည်ကို ပြည်တွင်းက အဓိကရုန်းတွေနဲ့ ပြည်ပမှာ သမိုင်းအမျိုးမျိုးဖန်တီးနေတဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်ရင် ကိုရဲရင့်သစ္စာ သိမှာပါ။
              ကျွန်တော် Races Of Burma စာအုပ်ကို ကိုးကားရတဲ့အချက်က နိုင်ငံခြားသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ရှိတယ်လို့ ယူဆမိလို့ပါပဲ။ ဘာလို့အဲလိုပြောရသလဲဆိုရင် ဒီဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ်မသတ်မှတ်တဲ့ ဦးနေ၀င်းအစိုးရနဲ့ စစ်အစိုးရ၊ခုလက်ရှိအစိုးရလက်ထက် ရေးသားတဲ့ စာအုပ်စာတမ်းတွေဟာ အစိုးရရဲ့မူဝါဒကြောင့်ဆိုပြီး ထောက်စရာရှိနေမှာ စိုးလို့ပါ။ ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တယ်ဆိုတဲ့ ဦးနုအစိုးရလက်ထက် စာအုပ်တွေကို ငြင်းပယ်ရတာကလည်း အစိုးရမူဝါဒမကင်းဘူးလို့ ယူဆလို့ပါ။ အဲစာအုပ်ပြုစုသူကိုယ်တိုင်က ဘင်္ဂလီတွေဟာ စိုက်ပျိုးရေးလုပ်ဖို့ ၀င်ရောက်လာတဲ့သူတွေလို့ ပြောထားတော့ နဂိုရှိနေတဲ့ ဌာနေတိုင်းရင်းသား လုံးဝမဟုတ်ဘူးဆိုတာ ပေါ်လွင်သွားပါတယ်။ ကိုရဲရင့်သစ္စာပြောသလို အဲဒီစာရေးသူဟာ မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားတွေအကြောင်း သူသိသလောက်သာ ရေးသွားတယ်ဆိုတဲ့ အချက်ကို ကျွန်တော် သဘောမတူပါဘူး။ သူဖော်ပြတဲ့အထဲမှာ မပါတဲ့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ၀တို့၊ကိုးကန့်၊ကယန်းစတဲ့ ဟိုဖက်ဒီဖက် နေထိုင်နေကြတဲ့ မျိုးနွယ်စုငယ်တွေကိုတောင်မှ တိုင်းရင်းသားအဖြစ် ဓာတ်ပုံအထောက်အထားနဲ့ မှတ်တမ်းတင်ခဲ့နိုင်လျက်နဲ့ ဘာလို့ ရိုဟင်ဂျာဆိုတဲ့ အုံနဲ့ကျင်းနဲ့ရှိနေတဲ့ လူတွေကို သူ့စာအုပ်မှာ တိုင်းရင်းသားအဖြစ် မဖော်ပြနိုင်ခဲ့ရတာလဲ။
            လူမျိုးတုန်းသတ်ဖြတ်မှုလို့ ခေါင်းစဉ်တပ်လို့မရရင်တောင် မူဂျာဟစ်အုံကြွမှုမှာ အဲဒီဒေသက ရခိုင်ဦးရေ ၅ထောင်ကျော်လောက် သူတို့ရွာတွေကို စွန့်ပစ်ထွက်ပြေးခဲ့ရပါတယ်။ လူတွေလည်းအများအပြား သေခဲ့ပါတယ်။ ထွက်ပြေးလွတ်မြောက်တဲ့ လူစာရင်းပဲ သိရပြီး ဘယ်နှစ်ယောက်သေသွားလဲ မသိရပါဘူး။ ကမ္ဘာမှာ သူတို့သတ်ဖြတ်ခံနေရပါတယ်ဆိုပြီး တစာစာအော်ရင်း လူဦးရေပွားသထက်ပွားနေတဲ့ ဒီဘင်္ဂလီတွေကြောင့် ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့အလည်မှာ သိက္ခာကျပေါင်းများလှပါပြီ။ ဒေသတွင်း ကူညီထောက်ပံ့ဖို့ရောက်လာတဲ့ NGO တွေကလည်း သူတို့ကိုပဲ မျက်နှာသာပေးပါတယ်။
             ခုကျွန်တော်ပြောသွားသမျှအချက်တွေဟာ မြောက်ဦးခေတ်မှာ ရခိုင်ပြည်မှာ အခြေချခဲ့တဲ့ ဘင်္ဂလီ၊ အာရပ်၊ ပထန်၊ မဂိုနဲ့ ပေါ်တူဂီစတဲ့ နိုင်ငံခြားသားတွေအကြောင်း မဟုတ်ပါဘူး။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေအကြောင်းပဲ ဖြစ်ပါတယ်။ မြောက်ဦးခေတ်မှာအခြေချနေထိုင်ခဲ့တဲ့ မူဆလင်ဦးရေဟာ ရခိုင်ဦးရေနဲ့ယှဉ်ရင် အရမ်းနည်းပါးပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ကျန်တဲ့လူနေမှုပုံစံ၊ စိတ်နေသဘောထား စရိုက်သဘာဝတွေဟာ ရခိုင်လူနေမှုစနစ်မှာ စိမ့်ဝင်ရောနှောသွားခဲ့ပါတယ်။ အဲလိုမဟုတ်ပဲ ခုလိုတသီးတသန့်ဖြစ်နေရင် အဲဒီကတည်းက သူတို့နဲ့ရခိုင်တွေကြားမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကာလကမှ ပြောင်းရွေ့အခြေချလာသူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လက်ရှိနိုင်ငံရဲ့ စီးပွားရေး၊နိုင်ငံရေး အခြေအနေတွေနဲ့ သူတို့ရဲ့စိတ်နေစိတ်ထား စရိုက်သဘာဝရအရ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တဲ့အတွက် လက်ခံလို့ လုံးဝမဖြစ်ပါဘူး။
            နောက်တစ်ချက်က ကျွန်တော်ထင်မြင်ယူဆချက်တစ်ခုကို ကိုရဲရင့်သစ္စာငြင်းသွားတာ တွေ့ပါတယ်။ ဘာသာရေးအစွန်းရောက်မှုဟာ ကိုလိုနီခေတ် အိန္ဒိယကရွေ့ပြောင်းလာတဲ့ လူတွေဆီကနေပါလာတာ မဟုတ်ဘူးဆိုတဲ့အချက်ပါ။ အဲဒါဆိုရင် ခုမင်္ဂလာတောင်ညွှန့်မှာ မြင်နေရတဲ့ အာရပ်စတိုင် မျက်နှာဖုံး၊ခြေအိတ်လက်အိတ်စွပ်ပြီးမှ အပြင်ထွက်တဲ့အလေ့အထဟာ မြန်မာမူဆလင်တွေမှာ နဂိုကတည်းက ရှိနေတာလား မေးချင်ပါတယ်။ နောက်ပြီး ရခိုင်တွေဟာ အစၥလာမ္ဘာသာကို အျငိဳးထားတာမဟုတ္ပါဘူး။ အစၥလာမ္ဘာသာကို ခုတုံးလုပ်နေတဲ့ ဘင်္ဂလီတွေရဲ့လုပ်ရပ်တွေကို မုန်းတီးနာကျည်းနေတာပါ။ နောက်ထပ် သဘောမတူတာက ဘင်္ဂလီတွေနဲ့ပတ်သက်ပြီး ကိုရဲရင့်သစ္စာချပြသွားတဲ့ နည်းလမ်းသုံးခုဖြစ်ပါတယ်။ သုံးခုစလုံး လက်တွေ့ကျကျ ဖြစ်နိုင်မယ့် အလားအလာမရှိတဲ့အတွက် သဘောမတူတာဖြစ်ပါတယ်။ သူတို့ကို လူမျိုးတုန်းသတ်ဖြတ်ဖို့ဆိုတာ ရခိုင်တွေ နှစ်ပေါင်းများစွာ ကြိမ်းဝါးရင်း ကိုယ့်ဖက်ကချည်းပဲ အသတ်ခံနေရပြီး နိုင်ငံတကာကလည်း လက်မခံတဲ့အတွက် မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့လူမျိုးဟာ လူသတ်ဝါဒကိုအားပေးတဲ့ လူမျိုးမဟုတ်ပါဘူး။ ဒုတိယအချက်ဖြစ်တဲ့ နယ်မြေခွဲဝေသတ်မှတ်ရေး ဆိုတာကြီးက သူတို့ရဲ့အိပ်မက်ဖြစ်ပြီး ကျွန်တော်တို့အတွက်က တော်တော်ခါးသီးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီနယ်မြေဟာ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းထောင်ချီပိုင်ဆိုင်ခဲ့တဲ့ နယ်မြေပါ။ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ မပေးလို့ ဒီ့ပြင်ပြည်နယ်နဲ့တိုင်းတွေမှာ နေရာချထားမယ် ဆိုရင်လည်း သူတို့ရဲ့စရိုက်ဆိုးကြောင့် ဘယ်သူကလက်ခံချင်မှာလဲ။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ အစီအစဉ်ကတော့ မဆိုးပါဘူး။ လောလောဆယ် လူမနေပဲ လစ်လပ်နေတာ အန္တာတိကတိုက်ကြီး တစ်ကျွန်းလုံးရှိပါတယ်။ သွားနေမယ်ဆိုရင် ကျွန်တော်တို့ စရိတ်ခံပြီး ပို့ပေးပါ့မယ်။
           ကိုရမ်ရ်ကျမ်းရဲ့ အဆုံးအမတွေထဲမှာ မိမိနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိရမယ် ဆိုတဲ့အချက်ကို ကြားဖူးနားဝ မှတ်သားဖူးပါတယ်။ နောက်တစ်ချက်က မူဆလင်အချင်းချင်း စာနာထောက်ထား ရိုင်းပင်းကူညီရမယ်၊ စည်းလုံးညီညွှတ်ရမယ်ဆိုပြီး ကြားဖူးနားဝရှိပါတယ်။ ကိုရဲရင့်သစ္စာရဲ့ စာအဆုံးမှာ တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့ လူတစ်ယောက်အဖြစ်ဖော်ပြသွားတာ တွေ့ရတော့ ၀မ်းသာမိပါတယ်။ ဒါပေမယ့် အထက်မှာပြောထားတဲ့ ကိုရမ်ရ်ကျမ်းရဲ့ အဆုံးအမနှစ်ခုဟာ ၀ိရောဓိအသွင်ဆောင်တဲ့ အခြေအနေမျိုးမှာ ဘာသာတရား ကိုင်းရှိုင်းတဲ့ မူဆလင်တစ်ယောက်အနေနဲ့ ဘယ်ဖက်က ရပ်တည်မလဲ သိချင်ပါတယ်။ မြန်မာမူဆလင်တွေ အနေနဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဘင်္ဂလီတွေနဲ့ မူဆလင်အသိုင်းအ၀ိုင်းမှာ အတူယှဉ်တွဲ နေထိုင်နေကြတာရယ်၊ ဘင်္ဂလီတွေရဲ့ အငြင်းပွားစရာ သမိုင်းဇာတ်လမ်းတွေကြောင့် သူတို့ကို ပစ်ပယ်ခံတိုင်းရင်းသား နိုင်ငံမဲ့တွေအဖြစ် စာနာထောက်ထားနေကြတဲ့ ကမ္လာ့မူဆလင်အသိုင်းအ၀ိုင်းရဲ့ ပြစ်တင်ဝေဖန်မှုကို မလိုလားတာရယ်ကြောင့် ဒီအရေးမှာ ကြားထဲက မပြတ်မသား ဖြစ်နေကြတယ်လို့ ရိုးသားစွာ ထင်မြင်ယူဆမိပါတယ်။ ဒါပေမယ့် တစ်ဖက်ကိုပစ်တဲ့ ကျောက်ခဲတွေကို ကြားကရင်စီးခံနေတာကတော့ အကျိုးရှိတဲ့ လုပ်ရပ်လို့မမြင်ပါဘူး။
         တစ်နေ့နေ့မှာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘာသာရေးခေါင်းစဉ်တပ် အပြန်အလှန် ဆဲဆိုရန်ဖြစ်မှုတွေ ပပျောက်ပြီး အားလုံးတန်းတူ သံသယမမြင်ပဲ ချစ်ခင်ညီညွတ်ကြမယ့် အခြေအနေကို မျှော်လင့်နေပါတယ်။ ဘင်္ဂလီရိုဟင်ဂျာဆိုတဲ့လူတွေ မြန်မာ့မြေပေါ်မှာ မရှိတော့တဲ့ တစ်နေ့ပေါ့လေ…။

                                                                                              မြတ်သိန်းထွန်း(၂၇၊၆၊၂၀၁၂)


ဆွေးနွေးချက်များ-
၁။ ရေးသူ-ရဲရင့်သစ္စာ-ကို Myat Thein Tun အားဖြေကြားခြင်း
၂။ရေးသူ-မြတ်သိန်းထွန်း-ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် အပိုင်း(၁)
၃။ရေးသူ-ရဲရင့်သစ္စာ-သမိုင်းတို့အားပြန်လှန်ကြည့်ခြင်း

No comments:

Post a Comment