Monday, May 7, 2012

ရခိုင် နှင့် ဗမာ လေးသိန်းကျော် ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက် တိုက်ခိုက်ခြင်းခံနေရ

ဘင်္ဂလားဒေခ်ျ့တွင် ရှိသော ရခိုင် နှင့် ဗမာ လေးသိန်းကျော် ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက်တိုက်ခိုက်ခြင်းခံနေရ

ရခိုင်ပြည်နယ် မောင်တော( တောင်ပြို ) တစ်ကြော နှင့် ချင်းပြည်နယ် နယ်စပ်ဘက်မှ စတင်အခြေပြု၍ ရခိုင်နှင့်ဗမာ အမျိုးသားများနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီခဲ့ပြီဖြစ်သည် ။ ရခိုင်အမျိုးသားတို့မှာ ရခိုင်ဘုရင်မင်းဗာကြီး၊ စန္ဒာသူရိယမင်းဆက်များလက်ထက်ကပင် သော်ဒလီ (ရွာစား ၊ နယ်စား) များအဖြစ်နေထိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ကြသည်။

ဗမာအမျိုးသားတို့မှာ ရေကြည်ရာမြက်နုရာ ကျင်လည်ကျက်စားသူများနှင့် မင်းကြီးမဟာဗန္ဓူလ လက်ထက် ပန်းဝါတိုက်ပွဲတွင် နယ်ခြားစောင့်တပ်အဖြစ်ကျန်ရစ်ခဲ့သော တပ်မတော်သားနှင့် မိသားစုများဖြစ်ကြသည် ။ ထိုစဉ်အခါက ရခိုင်နှင့် ဗမာများမှာ အုပ်စိုးသူများအဖြစ်နေထိုင်ခဲ့ကြပြီး ၊ အင်္ဂလိပ်လက်ထက်တွင်ဒေသ
ခံဘင်္ဂလီများနှင့် တန်းတူရည်တူနေထိုင်ခဲ့ကြသည် ။ သို့သော် ပါကစ္စတန်မှ ဘင်္ဂလားဒေခ်ျ့ဟု ခွဲထွက်ပြီးသည်အချိန်မှ စ၍ ရခိုင် နှင့် ဗမာ လူမျိုးများမှာ ဘင်္ဂလီ မူဆလင် အစွန်းရောက်များ ၏ တိုက်ခိုက်မှု့ကို နှစ်စဉ်ခါးစီး၍ ခံနေကြရသည်။

ပြေးစရာမြေမရှိ၍ ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ ရခိုင်ဗမာ အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်း ၊ အမျိုးသားများ ခေါင်းဖြတ်ခံရခြင်း၊ ရွာလုံးကျွတ် ထွက်ပြေးရခြင်း များမှာ ၁၉၅၀ ကျော်မှ ယခု ၂၀၁၁ အထိ နှစ်စဉ်ပင် ကြုံတွေ့နေရပေသည်။


ထို အကြမ်းဖက် ဘင်္ဂလီများအား ဘင်္ဂလားဒေခ်ျ့စစ်တပ်မှ မတားဆီးရုံတွင်မက မသိမသာ အားပေး အားမြောက်ပင် ကူညီနေခဲ့သည် ။

ထိုဒေသရှိ ရခိုင် နှင့် ဗမာများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ များ ဖြစ်ကြသော်လည်း ၊ ဘင်္ဂလီနယ်မြေတွင် သားစဉ်မြေး ဆက်နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် မြန်မာနိုင်ငံသို့ပြန်လာဖို့ရာ လူဝင်မှုခက်အခဲ များစွာရှိသည့်အတွက် သားစဉ်မြေးဆက် နိုင်ငံမဲ့သူများပမာ ဒုက္ခအ၀၀ ကို ခါးစဉ်း၍ ခံလာကြရသည် ။ ယခုအခါ မီဒီယာအားကောင်းသော ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်များက မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရန်သာမက မောင်တော ၊ ဘူးသီးတောင် နယ်မြေကို မျက်စပြစ်နေသော်လည်း မြန်မာနိုင်ငံသား စစ်စစ် ဖြစ်သော်လည်း ဘင်္ဂလားချေ့်နိုင်ငံတွင်သားစဉ်မြေးဆက်
နေထိုင်ခဲ့မိ၍ ဒုက္ခရောက်နေကြရရှာသော ရခိုင်ဗမာ တိုင်းရင်းသားတို့၏ ဘ၀မှာ များစွာ စိတ်နာဖွယ်ရာကောင်းလေတော့သည်။


Source: FB Kyaw Zaw Hlaing

No comments:

Post a Comment