
ပြည်ထောင်စု မြန်မာနိုင်ငံ ဘာသာစကား အုပ်စုများ အခြေပြမြေပုံ
ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု ထပ်ကွဲပါ တယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း (၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -
(၁) အခါ၊ (၂) သက၊် (၃) ဂျိန်းဖော၊ (၄) ထမံ၊ (၅) ကဒူး၊ (၆) တဆီနာဂ၊ (၇) ပအို့၊ (၈) ပိုးကရင်၊ (ဖလုံစဝေါ်)၊ (၉) ပိုး ကရင် (ဖလုံ)၊ (၁၀) ထရု၊ (၁၁) ပဒေါင်၊ (၁၂) ဘွဲကရင်၊ (၁၃) ဂေခို၊ (၁၄) ဂေဘား၊ (၁၅) ပရဲ၊ (၁၆) မနုမနော၊ (၁၇) ယင်းဘော်၊ (၁၈)

Sino-Tibetan အုပ်စု အခြေပြမြေပုံ

Austro-Asiatic အုပ်စု အခြေပြမြေပုံ
(၁) မွန်၊ (၂) ဆမ်တောင်း၊ (၃) တိုင်းလွိုင်၊ (၄) ဝ၊ (၅) ဓနော၊ (၆) ရူချင်းပလောင်၊ (၇) ရူမိုင်ပလောင်၊ (၈) ရွှေပလောင် (တအန်း)၊ (၉) ယင်းနက်၊ (၁၀) ယင်းကျား၊ တို့ဖြစ်ကြပါတယ်။

Tai-Kadai အုပ်စု အခြေပြမြေပုံ
(၁) ခမ်းတီးရှမ်း၊ (၂) ဂုံရှမ်း၊ (၃) ရှမ်း၊ တို့ဖြစ်ကြပါတယ်။
အထက်က စာရင်းမှာ မပါဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကိုးကန့်ကတော့ ပထမအုပ်စုကြီးဖြစ်တဲ့ Sino-Tibetan အုပ်စုဝင် Chinese မျိုးနွယ် အုပ်စုမှာ ပါဝင်ပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

Malayo-Polynesian အုပ်စု အခြေပြမြေပုံ
ISO Code ဆိုတာကတော့ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်စုပေါင်း ခြောက်ထောင် ကိုးရာကျော်ကို ဘာသာစကားအ လိုက် အက္ခရာသုံးလုံးနဲ့ စနစ်တကျ ခွဲခြားထားတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းဘာသာစကား အချို့ကို ဖော် ပြရမယ်ဆိုရင် ဗမာ (ISO 639-3 : mya)၊ ဟားခါးချင်း (ISO 639-3 : cnh)၊ ဂျိန်းဖော (ISO 639-3 : kac)၊ မွန် (ISO 639-3 : mnw)၊ ရခိုင် (ISO 639-3 : rki)၊ ရှမ်း (ISO 639-3 : shn) စသည်ဖြင့် ဖြစ်ပါတယ်။
ပထမ၊ ဒုတိယ၊ တတိယ အုပ်စုကြီး (၃) ခုမှာလည်းမပါ၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ် မပြုပေမဲ့ ဘာသာစ ကားရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံပါလို့ ဖော်ပြထားပြီး ISO အသိအမှတ်ပြုခြင်းကို လိမ်လည်ရယူထားတဲ့ ဘာသာစ ကား တခုကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်။ အဲဒါကတော့ ရိုဟင်ဂျာလို့ အမည်ခံယူထားတဲ့ စစ်တကောင်းဘင်္ဂလီ ဖြစ်ပါတယ်။

Indo-Aryan အုပ်စု အခြေပြမြေပုံ

Bangali-Assamese အုပ်စု အခြေပြမြေပုံ
ဒီ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုဟာ လူမျိုးစု တစ်စုထပ်တိုးပြီး (၁၉) ခု ဖြစ်သွားပါတော့ တယ်။ ဖြစ်ရပုံကတော့ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး လူမျိုးစုနှစ်စုကို မွေး ထုတ်လိုက်တာပါပဲ။ ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့ ISO 639-3 : rhg ဆိုပြီး ဖန် တီးလိုက်ပါတော့တယ်။ ယခင် စစ်တကောင်းဘင်္ဂလီရဲ့ မူရင်းဒေသဟာ ဘင်္ဂလားဒေရှ့်ဖြစ်ပေမဲ့ အခုတော့ မြန်မာနဲ့ ဘင်္ဂ လားဒေ့ရှ်ဆိုပြီး နယ်ပယ်ချဲ့ထွင်လိုက်ပါတော့တယ်။
ဒီလောက်ဆိုရင်တော့ အခြေအနေမှန်ကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ လူ့အခွင့် အရေး အယောင်ပြပြီး စနစ်တကျနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နယ်မြေကျူးကျော်မှုကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ မျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားမှန်ရင် နားလည် သဘောပေါက်ဖို့ လိုမယ်ထင်ပါတယ်။
လက်ရှိ ၂၀၀၆ ခုနှစ် စစ်တမ်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအမည်ခံ စစ်တကောင်းဘင်္ဂလီ အရေအ တွက်ကို (၁,၀၀၀,၀၀၀) ဟု ပြထားပါတယ်။ ၂၀၀၁ ခုနှစ် (Johnstone and Mandryk 2001) စစ်တမ်းအရ ရခိုင်တိုင်း ရင်းသား အရေအတွက်ဟာ (၇၃၀,၀၀၀) ပဲရှိပါတယ်။ မြန်မာပြည်မှာ လက်ရှိပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ တိုင်း ရင်းသားအချို့တောင် လူဦးရေ တသန်းမပြည့်တာ ရှိပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ လည်း မျိုးနွယ်စုဦးရေ တသန်းမရှိကြပါဘူး။ ဒီကိစ္စဟာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်ပါ လိမ့်မယ်။ ရိုဟင်ဂျာရဲ့ အကိုတော်ဖြစ်တဲ့ စစ်တကောင်းဘင်္ဂလီ မျိုးနွယ်စု ၁၃ သန်းဟာ တဘက်မှာ အဆင်သင့် စောင့် နေကြပါတယ်။
တကယ်တော့ ကိုယ့်မျိုးနွယ်စုတွေကို ကိုယ်တွေမှ မထိန်းသိမ်း မကာကွယ်နိုင်ရင်တော့ ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။ ပျောက်လည်း ပျောက်ကွယ်ခဲ့ပါတယ်။ အပေါ်မှာပါတဲ့ ထမံသီဒေသမှာ နေထိုင်တဲ့ ထမံဘာသာစကားပြော ထမံတိုင်းရင်း သား မျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက်ဟာ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။ ဒီပြည်ထောင်စုအတွင်းက မျိုးနွယ်စုတစ်ခု ပျက်သုဉ်းသွားခြင်းဟာ ဒီပြည်ထောင်စုသား အားလုံးမှာတာဝန်ရှိပါတယ်။ လက်ရှိ မြန်မာပြည်မှာ လူဦး ရေ တထောင်အောက် မျိုးနွယ်စုတွေလည်း ရှိပါတယ်။ ဒါကိုလျစ်လျူရှုမထားဘို့ အရေးကြီးပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တိုင်းရင်းသား ဒုက္ခသည်စခန်းများ
ဖြစ်နိုင်ရင်တော့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းမတိုင်မီ အကြိုစစ်တမ်းအနေနဲ့ တိုင်းရင်းသား မျိုးနွယ်စု စာရင်း ကို ကောက်ယူသင့်ပါတယ်။ ဒါကလည်း သန်းခေါင်စာရင်းအတွက် လူတယောက် ရှစ်ကျပ်ပဲ သုံးမယ်ဆိုတော့ ပြောရတာ အားတော့သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရဆိုသူကော အတိုက်အခံဆိုသူများပါ ကိုယ့်တိုင်းရင်းသား မျိုးနွယ်စုများအ ရေးကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ၊ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းရင်းသားအရေခြုံ ပြည်ပမျိုးနွယ်စု အရေး ကိုလည်း ပြတ်ပြတ်သားသား တားဆီးကာကွယ်နိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။
Thant Ko Ko Maung (ဖေစ်ဘွခ်မှ ..)
No comments:
Post a Comment