ကျနော်သိသမျှ ကျူးကျော်ဘင်္ဂလီ ( ရိုဟင်ဂျာ ) တို့ဘ၀ ကိုရေးပြီးတော့
တော်လိုက်ဖို့သင့်ပြီဟု ယူဆခဲ့သည် ။ သို့သော် ဖိဘက်တွေပြန်လာသည် ။
တန်ပြန်မေးခွန်းတွေလာသည် ။
တချို့ဆို စော်ကားမော်ကားတွေပြောသည် ။ တခုတော့ ပြောချင်ပါသည် ။ ကျနော် ဟာ
လူမျိုးရေးခွဲခြားသူတစ်ယောက်မဟုတ်ပါ ။ ဘယ်လူမျိုး ဘယ်ဘာသာကို မှ
ဘ၀တစ်သက်မှာ
မစော်ကားခဲ့ဖူးပါ ။ မြင်သမျှ ကြားသမျှကို အမှန်အတိုင်းပြောတတ်ရုံသာရှိသည်
။ မိတ်ဆွေများ ဤကဲ့သို့ကျနော်ကို ပြန်လည်မေးခွန်းထုတ်သည့်အတွက် ကျနော်
အသေးစိတ်ရှင်းရတော့မည် ။
ကျနော်တို့ ရခိုင်ပြည်၏ စည်းမှာမလုံပါ ။ ဟိုအရင် ၂၀၀၄-၂၀၀၅
နှစ်များစွာကဆိုလျှင် လစဉ် သောင်းနှင့်ချီ၍ ဘင်္ဂလားဒေခ်ျ့မှ
ဝင်ရောက်မူ့များရှိသည် ။ ထိုစဉ်က ကျနော်ဆယ်တန်းတက်စဉ်က
ကျနော်နှင့် စာအတူသင်ခဲ့သော ထောက်လှမ်းရေး ၁၈ မှ ( ဒု-တပ်ကြပ် ဇော်နိုင် )
မှာ ကျနော်နှင့်ညီအကိုရင်းပမာခင်မင်ခဲ့သဖြင့် အမှတ်တမဲ့ပြောပြခဲ့ဖူးသည် ။
ရခိုင်ပြည်ရှိ နစက ၊ လ၀က နှင့် ဗျုဟာ
နယ်ခြားစောင့်တပ်များမှာ များစွာဆင်းရဲကြသဖြင့် နယ်စပ်စည်းမျဉ်းထက်
မိမိတို့၏ စားဝတ်နေရေးကို ဦးစားပေးနေရသည် ။ ဘင်္ဂလားဒျေ့်တွင်
လူဦးရေဗုံးပေါက်ကွဲနေသည် ၊ သဘာဝဘေးအန္တာရယ်
များကြရောက်သဖြင့်များစွာအတိဒုက္ခရောက်နေရကြသည် ။
ထိုကြောင့်ဘင်္ဂလားဒျေ့်ကိုစွန့်ခွာက တောင်ပြိုဘက်မှတဆင့် ၊ မောင်တော ၊
မောင်တောမှ တဆင့် ဘူးသီးတောင် ၊ ဘူးသီးတောင်မှတဆင့်
စစ်တွေ ၊ စစ်တွေမှတဆင့် သံတွဲ ၊ သံတွဲမှ တဆင့် ၊ ဧရာဝတီတိုင်း သို့မဟုတ်
ပြည် လမ်းကြောင်းများမှ မြန်မာပြည်မကြီး ရန်ကုန်သို့ ၀င်ရောက်ကြသည် ။
တောင်ကုတ်မှ တဆင့် ရခိုင်ရိုးမသို့ ကူးရာတွင် လ၀က ဂိတ်များ ရှိ၍
အကူးနည်းသည် ။ များသော အားဖြင့် စက်လှေများပေါ်တွင် ပုန်းရင်းလည်းကောင်း ၊
စေတုတ္တရာ လမ်းကြောင်းမှ လည်းကောင်း ပြည်မကြီးသို့ဝင်ရောက်ကြသည် ။ အားကို
အားကိုနှင့် စကားမပီသော ကုလားလူမျိုးများမှာ မြန်မာပြည်နေဌာနေ
ကုလားများမဟုတ်ပါ ၊ ရခိုင်ပြည်မှတဆင့် ပြည်မကြီးသို့ကူးလာသော ကုလားများသာ
ဖြစ်သည် ။ မိတ်ဆွေများကို သတိပေးချင်ပါသည် ။
အခု ရခိုင်ပြည်သည် ဟိုတုန်းကလို ဘင်္ဂလီများကိုတောင့်ခံနိုင်သော
ရခိုင်ပြည်မဟုတ်တော့ပါ ။ ရခိုင်ပြည်သည် နိုင်ငံရပ်ခြားသွားသောရခိုင်များ ၊
စီးပွားရေးကြောင့် ရန်ကုန် နှင့် နိုင်ငံအနှံပြန့်ကျဲသွားသော
ရခိုင်များ ၊ လူမျိုးရေးမျိုးတုန်းသတ်ဖြတ်မူ့ကိုကြောက်ရွံ့၍
ပြည်မကြီးသို့တက်ပြေးလာ၍သော ရခိုင်များ ကြောင့် များစွာအားနည်းနေသည် ။
ထိုပြင် ကလေးဖျက်ချမူ့ကို တားဆီးထားသော မွတ်ဆလင်တို့
၏ ကလေးမွေးဖွားမူ့သည် ကြောက်ခမန်းလီလီ ၊ ရခိုင်သားများကား ထိုလောက်
ကလေးမမွေးနိုင်ကြ ၊ အစိုးရကလည်း ရခိုင်ပြည်အပေါ် ထောက်ပံဖို့ထက်
သွေးစုတ်ဖို့ချောင်းနေသည် ။ ရခိုင်ပြည်၏ အနာ
ဂတ်သည်အနက်ရောင်ချည်းသာ ။ အမှောင်ချည်းသာ ။ ဘင်္ဂလီအနွယ်တို့သည်
ဒီရေကဲ့သို့ တိုးသထက် တိုးလာသည် ။ ဗုဒ္ဓဘာသာဝင် ရခိုင်တို့ကား
ဘုရားကျောင်းကန်စေတီပုထိုး ဘာသာသာသနာကို
ဖက်တွယ်ရင်း နောက်ဆုတ်ဆုတ်ပေးနေရသည် ။ ရွာတရွာမှ ဆုတ်ပေးရလျှင်
ထိုရွာတွင် ရှိသော ဘုရားပုထိုးတို့ အုတ်ခဲ့ပုံဘ၀ရောက်ကုန်သည် ။
ရခိုင်သားတို့ လွန်စွာဝမ်းနည်းကြသည် ၊ စိတ်မကောင်း
ဖြစ်ကြသည် ။ ယခုသော် ထိုဒုက္ခတို့ကို ရခိုင်သားတို့ခံစားနေရသည် ။
ရခိုင်သားတို့ ရခိုင်ပြည်ကို ဆုံးရှုံးပြီးသည့်အခါ ရခိုင်နှင့်အနီးဆုံး
ဗမာလူမျိုးတို့ ထို ဒုက္ခကို ဆက်လက်ခံစားကြရလိမ့်မည် ။
ထိုအချိန်သည်သိပ်မဝေးလှတော့ပါ နောင် နှစ်ငါးဆယ်လား ၊ နောင်နှစ်တရာလား ။
မိတ်ဆွေ၏ သားသမီး ၊ မြေးမြစ်တို့၏ အနာဂါတ်ကိုမျက်စိမှိတ်၍ ၃
စက္ကန့်လောက်တွေးကြည့်ပါ ။
ယခုဆိုလျှင် ရွာသာမက မောင်တောမြို့ကိုပါ ရခိုင်တို့ လက်လွတ် လိုက်ရပြီ။
မောင်တောသည် မြန်မာနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော်လည်း မြို့တွင်
မြန်မာနိုင်ငံသားဟူ၍ အစိုးရ၀န်ထမ်းများသာ အများစုရှိတော့သည် ။ ကျန်တာက
ဘင်္ဂလီအနွယ်များသာ ၊ ဘူးသီးတောင်မြို့တွင် ရခိုင် ထောင်ဂဏာန်းသာရှိတော့သည်
၊ ကျန်တာ ဘင်္ဂလီအနွယ်များသာ ။ ရသေ့တောင်ရွာဘက်များတွင်
ရခိုင်ရွာအနည်းစုသာ ရှိတော့သည် ၊ ကျန်တာ . . . ။ ရခိုင်ပြည်၏ မြို့တော်
စစ်တွေ တွင် ၄၈ ရာခိုင်နုန်းမှာ ဘင်္ဂလီအနွယ်များဖြစ်နေကြပြီ ။ ကျနော်တို့
ရခိုင်များတစတစ မည်သည့်နေရာတွင် သွားနေရမည်နည်း ။
စိတ်နာစရာအကောင်းဆုံးအချက်မှာ မြန်မာနိုင်ငံကို နအဖ အုပ်ချုပ်စဉ်က
မြန်မာလူထု ( ရခိုင်လူထု အပါအ၀င် ) အားထားအားကိုးခဲ့ရသော နိုင်ငံခြားရှိ
မြန်မာမီဒီယာများက ရိုဟင်ဂျာကို တရားဝင်ဖြစ်အောင်
ကြိုးစားနေကြသည် ။ ညီအကို အချင်းချင်း ချောက်ထဲ တွန်းချတော့မလို့လား
ညီအကိုတော်တို့ ၊ ချောက်ထဲ တွန်းချနေပြီလား ညီအကိုတို့ ။ ညီအကိုတို့နဲ့
ဘုရားတဆူထဲ ၊ တမြေထဲ တရေထဲမှာ နှစ်
ထောင်ချီနေခဲ့ကြတဲ့ ရခိုင်ညီနောင်သားချင်းတွေရဲ့ မျက်နှာကို
နည်းနည်းလောက်ငဲ့ကြပါဦး ။ ညီအကိုတို့ ပိုက်ဆံလိုလျှင် ရခိုင်သားများထံမှ
ပိုက်ဆံစုပြီး ကျနော်တို့ ရခိုင်သွေးသစ်တွေ ညီအကိုတော်တို့
ကိုပေးပါမည် ။ ကျေးဇူးပြူပြီး ကျနော်တို့ရဲ့မြေထဲက လူစိမ်းတွေကို
အိမ်ရှင်မလုပ်လိုက်ပါနဲ့ ။ ညီအကို တို့ ဘယ်လောက် နိုင်ငံခြားမှာနေနေ ၊
မြန်မာက မြန်မာပါပဲ ၊ ဗမာဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ် မွန်ဖြစ်ဖြစ်
ရခိုင်ဖြစ်ဖြစ် မြန်မာပါပဲ ။ သူတို့သာ တရားဝင်ဖြစ်သွားရင်
ဖြစ်လာမဲ့အကျိုးဆက်တွေကို ညီအကိုတို့ တွေးဖြစ်ရဲ့လား ။ ညီအကို တို့
တွေးကြည့်နိုင်ကြပါစေ ။
ကျနော် ငယ်စဉ်ခါက ကျနော့်အဘွား ( ဒေါ်နုသာ ) မှာ ကျောက်ဖြူ
စည်ပင်သာယာဈေးကြီးတွင် ကုန်စုံဆိုင်ရောင်းရသည် ။ ကျနော်တို့ဆိုင်ရှေ့တွင်
ဆရာသိန်းဝင်း ခေါ် မွတ်ဆလင်ကျောင်းဆရာတစ်ယောက်ရှိသည် ။ ဆရာသိန်းဝင်းသည်
စိတ်သဘောထား အင်မတန်ကောင်းသည် ။ သူတို့၏ မျိုးနွယ်မှာ ကျောက်ဖြူတွင်
နေထိုင်ခဲ့သည်မှာ မျိုးဆက် သုံးဆက်လောက်ရှိပြီ ။ ကျနော့်အား
အင်မတန်ချစ်သည် ။ အမြဲတမ်းကြက်တူရွေး ပီကယ်ကျွေးသည် ။ ကျနော်သည်
ဆရာသိန်းဝင်ထံ အင်္ဂလိပ်စာသင်ရသည် ။ ဆရာသိန်းဝင်းက B I R D ဘာ့ = ဌဲ့
ဟုဆိုလျှင် ကျနော်မှာ B I R D ဘာ့ = ဌဲ့ လိုက်လုပ်ရသည် ။ ဌက်ဟုပင် မပီ
တော့ ။ ထိုဆရာသိန်းဝင်းသည် သင်္ဘောဆိုက်ချိန်ရောက်လျှင် အမြဲနားစွင့်နေသည် ။
စစ်တွေမှာ ရခိုင်နဲ့ ကုလားသတ်လို့ဟု
သင်္ဘောဆိုက်ချိန်တွင်ရောက်လာသောခရီးသည်များက ပြောရင် ဆရာသိန်းဝင်း
သည် ဆိုင်ပိတ်၍ပြေးတော့သည် ။ ကျနော့်မှာ သူ့ကို အင်မတန်ခင်တွယ်သောကြောင့်
ရခိုင်နှင့်ကုလားကို ရန်မဖြစ်စေချင်ပေ ။ ရန်ဖြစ်ကြသော
ရခိုင်နှင့်ကုလားများကိုလည်း စိတ်ထဲတွင်မုန်းတီးမိသည် ။
ကျနော်တို့မြို့ရှိ ကုလားများမှာနှစ်စုကွဲနေသည် ၊
သန်ပန်ချောင်းရပ်ကွက်ရှိ ကုလားများနှင့် ကုလားပိုက်ဆိပ်ရပ်ကွက်ရှိ
ကုလားများဟူ၍ဖြစ်သည် ။ သန်ပန်ချောင်း အလက၄ တွင် ကျနော်
အလယ်တန်းပြီးဆုံးအောင် တက်ခဲ့သဖြင့် ကျနော့်ထံတွင်
ကုလားသူငယ်ချင်းများစွာရှိသည် ။ ထိုကုလားများမှာ ရခိုင်ပြည်တွင်
ဘိုးစဉ်ဘောင်ဆက်နေခဲ့သော ကမန်မျိုးနွယ်ကုလားများဖြစ်သည် ။
ကုလားပိုက်ဆိပ်မှာမူ ဘင်္ဂလီမှ လာသော ကုလားများဖြစ်သည် ။ တနေ့ကျနော်
လူပျိုပေါက်အရွယ်တွင် ကုလားပိုက်ဆိပ်ဘေးရှိ ရခိုင်ပိုက်ဆိပ်ရပ်ကွက်သို့
လူပျိုလှည့်ရာ မှ အပြန်တွင် ကုလားပိုက်ဆိပ်ရပ်ကွက်မှ
ဘင်္ဂလီများကကျနော်တို့အဖွဲကို ၀ိုင်းလိုက်ကြသည် ။ ကျနော်တို့အဖွဲ့တွင်
ကုလား၃ယောက် ရခိုင်နှစ်ယောက် ရဲတပ်ကြီးသား ဗမာတစ်ယောက်ဖြစ်သည် ။
ကျနော်တို့သူငယ်ချင်းများသည် ထိုဘင်္ဂလီများကို လက်တွဲကာ ရင်ဆိုင်ခဲ့ကြသည် ။
နောက်တစ်နေ့တွင် ရရှိလာသော ဒဏ်ရာများကိုကြည့်ပြီးလွန်စွာဒေါသထွက်မိသည် ။
ရခိုင်စကားတောင်မတတ် ၊ မြန်မာစကားနားမလည်တဲ့ အဲ့ဒီဘင်္ဂလီနွယ်တွေက
ငါတို့မြန်မာနိုင်ငံ ရခိုင်ပြည်မှာနေပြီး ငါတို့ကို ရန်လုပ်သည် ဟူ၍
လွန်စွာ စိတ်ထဲမျက်မိသည် ။ ထိုနောက် သံဝေဂပါ ရမိသည် ၊
တရားမ၀င်နေသည်တိုင်အောင် ဤကဲ့သို့ အကြောင်းတရားမရှိ ရိုက်နှက်ချင်ကြသည် ။
ထိုဘင်္ဂလီများသာ ရခိုင်ပြည်တွင် တရားဝင်လူမျိုးအဖြစ် ရရှိသွားပါက
ရခိုင်လူမျိုးပါ အမျိုးပျောက်သွားနိုင်သည် ။
ရခိုင်လူမျိုးသည် ရခိုင်ဒေတွင် ဘုရားပွင်တော်မူသော အချိန်ကပင် ကိုယ့်ထီး
ကိုယ့်နန်း နှင့် နေထိုင်လာခဲ့ကြသော ဗမာတို့ နှင့် သမိုင်းကြောင်းညီအကို
လူမျိုးဖြစ်သည် ။ ယခု ရခိုင်လူမျိုး ဖျက်ဆီးခံလိုက်ရပါက ၊ နောင်တွင်
ဗမာလူမျိုးဖျက်ဆီးခံရလိမ့်မည် ( ဥက္ကံ ၊ သုံးဆယ် ဘက်သည်
မြန်မာ့တော်လှန်ရေးသမိုင်း ဆရာစံနယ်ဖြစ်သည် ၊ ယခု သွားကြည့်လိုက်ပါ အဆွေ ၊
မည်သည့်ပုဂ္ဂိုလ်များ အလုံးအရင်းနေထိုင်နေသနည်း ) ။ ဗမာလူမျိုး
ဖျက်ဆီးခံရပြီးက မွန်လူမျိုး ၊ ရှမ်းလူမျိုး ၊ ကရင်လူမျိုး . . .
အစရှိသော မြန်မာမျိုးနွယ်စု တခုချင်းဖျက်ဆီးခံရမည်မှာ အသေအချာပင် ။
အမျိုးပျောက်မှာ စိုးကြောက်စရာမို့ သာဤကဲ့သို့ ပြောရချင်းဖြစ်သည် ။
လူမျိုးရေးမခွဲခြားချင်သော်လည်း ကျနော်တို့ မြန်မာနိုင်ငံသည်
မြန်မာလူမျိုးများအတွက်ပင် မလောက်မဌဖြစ်နေရသည် ။ ဆင်းရဲနေရသည် ။
အမေရိကန်လို ချမ်းသာသော နိုင်ငံလည်းမဟုတ် ၊ ကျယ်ဝန်းသောနိုင်ငံလည်းမဟုတ် ။
ထိုကြောင့် လူမျိုးစုံနေထိုင်သော အမေရိက ၊ ယူရုတ်နှင့် လာပြီး
မနိုင်ယှဉ်ပါနှင့် ။ ကိုယ့်နိုင်ငံကိုယ်ပင် ဒုက္ခရောက်နေသည့်ကြားထဲ
သခွတ်ပင်မှ မီးတကျီကျီဖြစ်နေသည် ။ နိုင်ငံခြားမီဒီယာများကလည်း
စကားပုံထဲကလို ကုလားမနိုင် ရခိုင်မမဲပါနှင့် ။ ကုလားများဖျက်ဆီးလိုက်သော
ဆေးစကားထာထဲကလို ရခိုင်နှင့် မြွေပွေးမြင်လျှင် ရခိုင်ကိုသတ် ဆိုခြင်းမှာ
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံအတွက် ဘာသာရေး
လူမျိုးရေးလှိုင်းကြီးကို ရင်စည်းခံနေရသော လူမျိုးဖြစ်သောကြောင့် ကုလားများ
အနေဖြင့် မြွေပွေး အကိုက်ခံပြီး ရခိုင်ကိုသတ်ရမည်ဟု ဆိုလိုခြင်းသာဖြစ်သည်
။ ရခိုင်ပြိုမှ ဗမာငိုရမည် ဟု ကုလားစကားပုံရှိသည် ။
နိုင်ငံခြားမီဒီယာများကို ပြောချင်ပါသည် ၊ ကုလားမနိုင် ရခိုင်မဲလျှင်
အခြေအနေကြည့်မဲပါ ၊ သင်တို့၏ ပါတ်စပိုစ့်ပါမြန်မာလူမျိုးပါ
ပျောက်လိမ့်မည်ဟု သတိပေးလိုက်သည် ။
ကြိုတင်ပြောထားပါရစေ ။ ရိုဟင်ဂျာနာမည်ခံသူများ ကျနော့်ကို
တိုက်ခိုက်ချင်လျှင် အချက်အလက်နှင့် တိုက်ပါ ။ ခွေးရူးအမှီး
မီးစွဲသကဲ့သို့ ကျနော့်ကိုတိုက်ခိုက်လျှင် ဒီထက်အသေးစိတ်သော
ရခိုင်ပြည်တွင်းရေးများကို ချပြမည်ဖြစ်သည် ။
မာဃလုလင်
http://www.facebook.com/kyaw.kyawzawhlaing
No comments:
Post a Comment