Sunday, October 7, 2012

သူတို့မှာ ၀ါးအိမ်ကလေးမီးလောင်တာ၊ ကိုယ်တို့မှာက မိုးမီးလောင်နေတာ

By Kyaw Zaw Oo

စစ်တွေ ၊ ၀၈ အောက်တိုဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်းသုံးသပ်ချက်]

၁။ ယမန်နေ့ (၂၀၁၂ အောက်တိုဘာလ ရ-ရက်နေ့) ဖြစ်စဉ်ကို အစကနေ ပြန်သုံးသပ်ရ ရင် -မီဒီယာသမား (၁၆)ယောက်တောင် ဘုန်းဘောလအော ခေါ်ဆောင်လာတဲ့ မလေးရှားက KP1M ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ရေးအဖွဲ့ ရောက်လာရင် ဘင်္ဂါလီတွေကို ကိုယ့်အိမ်ကိုယ်မီးရှို့တာ ဖြစ်လာနိုင်တယ်လို့ စစ်တွေမြို့သူမြို့သားတွေ ကြိုတင်တွက်ဆထား ပြီးသားရှိနေတယ်။

၂။ အဲသလိုစိတ်နဲ့ တကြောင့်ကြကြရှိနေစဉ် နေ့လယ်ပိုင်းလောက်မှာ မြို့လယ်က နှစ်ချို့သက်တမ်းရှိ ဗလီကြီးဝင်းထဲက အိမ်ကလေးတစ်အိမ်ကနေ မီးခိုးတွေ ထွက်လာ တာကို တွေ့ရတယ်။ ဒီတော့ ဒီလောက်လုံခြုံရေး တင်းတင်းကြပ်ကြပ် စောင့်ရှောက် ထားတဲ့ ဗလီဝင်းထဲက မီးခိုးထွက်လာတော့မြို့သူမြို့သားတွေက- သူတို့ထင်တဲ့အတိုင်း ဘင်္ဂလီတွေ မီးရှို့ပြီလို့ ပူပင်ပြီး ဗလီကြီးအနီးကို စုရုံးရောက်ရှိ လာကြတယ်။    လူစုလူဝေးက ဗလီတံခါးဝကို ရောက်ချိန်မှာ ဗလီတံခါးက သော့ခတ်ပိတ်လျက် သားပဲရှိသေးတယ်။

၃။ လူစုလူဝေးက သံသယရှင်းသွားအောင် ၀င်ကြည့်ခွင့်ပေးဖို့ လုံထိန်းတပ်ဖွဲ့ကို တောင်းဆိုတယ်။ ဖုံးဆက်အကူအညီတောင်းထားပြီးဖြစ်ပေမဲ့ လက်ရှိမှာ တပ်သား ဆယ်ယောက် လောက်ပဲရှိနေတဲ့အတွက် လုံထိန်းဗိုလ်ကြီးက ဗလီဝင်းထဲကို ၀င်ကြည့်ခွင့်ပေးမလို ပြောတယ်။ ၀င်ကြည့်ရမယ့် ဆယ်ယောက်ကို လူရွေးနေစဉ်မှာ နောက်ထပ် လုံထိန်းတပ်အင်အားတွေ ရောက်လာတဲ့အတွက် လူစုလူဝေးကို ချော့မော့ပြောဆိုနေ၀ရာမလိုတော့တဲ့အတွက် အတွင်းဘက်ကို ၀င်ခွင့်မပြုတော့လေ ဘူး။ သံဆူကြိုးဘောင်တန်းတွေချတယ်။ လူတွေကို တစ်ဆင့်ချင်း နောက်ဆုတ်ခိုင်း တယ်။ ပြီးတော့ သံဆူးကြိုးဘောင်တန်းတွေကို တစ်ဆင့်ချင်း ရှေ့ကို တိုးယူတယ်။

၎။ နောက်ထပ်နာရီဝက်လောက်ကြာတဲ့အခါ ဗလီဝင်းထဲက အိမ်ငယ်တစ်လုံးကို  မီးထ လောင် တယ်။ အိမ်အမိုးကို မီးစွဲလောင်တယ်။ မီးအရှိန်ကြီးလာပေမယ့် အနီးက အိမ်တွေ ကို မကူးခင်မှာ အချိန်မီငြိမ်းသတ်နိုင်ခဲ့တယ်။

၅။ အဲသည်အိမ်ထဲမှာ မီးလောင်စေဖို့ စာရွက်တွေကို အစီအရီ ချထားပြီး မီးရှို့ခဲ့တာ ဖြစ်တယ်လို့ မီးလောင်ပြီးနောက်ပိုင်း အတွင်းဘက်ကို ရောက်ခဲ့သူ အချို့ကဆိုတယ်။

၆။ ကယ်ဆယ်ရေးပစ္စည်း တန်ငါးရာကျော်ကို ဆောင်ယူလာကြတဲ့ မလေးရှား ထောက်ပံ့ရေး အဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ငါးပါးကို ခေါင်းတင်လာခဲ့တယ်။ သည်ကနေ့ပဲ စစ်တွေကို လေကြောင်းခရီးနဲ့ ရောက်လာကြတဲ့ မလေးရှား ဘုန်းတော်ကြီး ဆိုသူများဟာ ဗလီမီးလောင်ပြီး မြို့ထဲမှာ ရုတ်ရုတ်ဖြစ်နေတာကို သိပုံမရဘူး လို့ဆိုကြတယ်။ အဲသည်ဘုန်းတော်ကြီးငါးပါးဟာ စစ်တွေက ဓမ္မသုခ ကျောင်းတိုက် ဆရာတော် အပါအ၀င် ဒေသခံ ဘုန်းတော်ကြီး ခြောက်ပါးတို့နဲ့တွေ့ဆုံ တယ်။ စုံစမ်းသိရ သလောက်ကတော အလုပ်စကားပြောကြတာမဟုတ်ပဲ လောက၀တ် အရ တွေ့ဆုံမှုသာ ဖြစ်တယ်လို့ဆိုတယ်။ ဘုန်းကြီးချင်းတွေ့ဆုံမှုဟာ ရုပ်ပြ သဘော သာဖြစ်တယ်။ လုပ်စရာရှိတဲ့အလုပ်တွေကို ကျန်တဲ့ KP1M အဖွဲ့သားတွေက မြန်မြန် ထက်ထက် လုပ်ဆောင်သွားမယ့် သဘောဖြစ်တယ်။

၇။ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ထောက်ပံ့ရေးပစ္စည်းတွေ၊ တက်ကြွ လှုပ်ရှားသူ တွေ၊ မီဒီယာသမားတွေကို တင်ဆောင်ပြီး ရခိုင်ပြည် စစ်တွေအရောက် မဖြစ်အဖြစ်ကို မောင်းလာပြီးတော့ (ရိုဟင်ဂျာ)ဘင်္ဂါလီတွေကို လွတ်မြောက်အောင်လုပ်မယ်လို့ ကြွေးကြော်ပြီး၊ ငွေကြေး လူအင်အား ရိက္ခာ စတာတွေကို စုဆောင်နေခဲ့တဲ့ မလေးရှား အခြေစိုက် အဖွဲ့တစ်ဖွဲ့ ရှိတယ်။ သူတို့လှုပ်ရှားမှုကို နာမည်တပ်ထားတာက Humanitarian Freedom Flotilla to Arakan ဖြစ်တယ်။

၈။ စက်တင်ဘာ (၃)ရက်နေ့မှာ သူတို့ရဲ့ခရီးစဉ်ကို စတင်မယ်လို့ဆိုထားတဲ့ အဲသည် Freedom Flotilla (လွတ်မြောက်ရေး ရေယာဉ်စု) ရဲ့အသံပျောက်သွားပြီးတော့ သူတို့ဆွဲခဲ့တဲ့ ခရီးစဉ်နဲ့ ခပ်ဆင်ဆင်တူတဲ့ အခု ခရီးစဉ်ကို ဒီ KP1M က ဦးဆောင်ပြီး မောင်းလာခဲ့ ကြတယ်။ မလေးရှားအစိုးရက ကူညီချိတ်ဆက်ပေးတယ်။ သူတို့ ကတော့ဖြင့် ရခိုင်က ကုလားတွေကို လွတ်မြောက်စေရမယ် လို့မကြွေးကြော်ထားဘူး။ လူမြင်ကောင်းအောင် ဗုဒ္ဓဘာသာ ဘုန်းကြီးငါးပါးကို အပါခေါ်လာတယ်။

၉။ မြန်မာအစိုးရက ဖြစ်စေချင်တဲ့အတိုင်း စစ်တွေကို တိုက်ရိုက်မသွားပဲ ရန်ကုန် ကီလီဆိပ်မှာကပ်တယ်။ ကုန်စည်တွေကို အမ်ဗွီ ရွှေသုဝဏ်ကိုပြောင်းတင်လိုက်တယ်။ အခုရန်ကုန်နေ စစ်တွေကို လာနေပြီ။ မလေးဘုန်းကြီးတွေနဲ့ စစ်တွေက ရဟန်းတော်တွေ ပဋိသန္ဓာရစကားတွေပြောနေစဉ် ဗလီဝင်းက အိမ်မီးလောင်မှုအပြီး မနေ့က ငါးနာရီလောက်မှာ ပုသိမ်ကိုရောက်နေပြီလို့ဆိုတယ်။ ကျွန်တော်တို့ အဆက်အသွယ်တွေရဲ့ စုံစမ်းမှုအရကတော့ စစ်တွေမြို့က စီးပွားရေးလုပ်ငန်းရှင် လက်ဖက်ခြောက်ကုန်သည်ကြီးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ အဲသည်ကုန်စည်တွေကို အဲသည်သင်္ဘောနဲ့ သယ်လာတာဖြစ်တယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဖိအားပေးမှု တွေကြောင့် မလွဲမရှောင်သာ သယ်လာ ခဲ့ရတယ်လို့ အဲသည်စီးပွားရေးသမား ကပြောတယ်လို့ ကျွန်တော့် အဆက်အသွယ်တွေက ပြောကြတယ်။

၁၀။ ၂၀၁၀-ခုနှစ်လောက်မှာ ပါလက်စတိုင်းမှာ ဟားမာ့စ်က အာဏာလုသိမ်းတဲ့ အတွက် ဂါဇာကို အစ္စရေးနဲ့ အီဂျစ်တို့ပေါင်းပြီး ပိတ်ထားစဉ် ၊ တူရကီ နဲ့ နိုင်ငံတကာ အန်ဂျီအိုအချို့ဟာ မီဒီယာအချို့ကိုပါ ခေါ်တင်ပြီး သင်္ဘောလေးငါးခြောက်စီးနဲ့ ဂါဇာကို ဦးတည်လို့လာခဲ့တယ်။ သူတို့သင်္ဘောစုကို Freedom Flotilla လို့ခေါ်တာပေါ့။ အစ္စရေးကတော့ ကမ်းအကပ်မခံဘူး။ ကွန်မန်ဒိုတွေနဲ့ အဲသည်သင်္ဘောတွေကို ၀င်စီးတယ်။ လူတွေ သေတယ်။ စစ်သားတွေလည်း အပြင်းအထန် ဒဏ်ရာရကြ တာတွေရှိတယ်။ အဲသည် Freedom Flotillia ရဲ့ အဓိကရည်မှန်းချက်ကတော့ ကူညီကယ်ဆယ်ဖို့ထက် မီဒီယာစတန့်ထွင်တာဖြစ်တယ်။ အစ္စရေးကို လူဆိုးကြီးဖြစ်သွားအောင် သွားပြီး တုတ်နဲ့ထိုး ရန်စတာ ဖြစ်တယ်။

၁၁။ မနေ့က ညပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးတစ်ပါးနဲ့ ဖုန်းဆက်စကားပြောတဲ့အခါ၊ အဲသည် မလေးအဖွဲ့တွေယူလာတဲ့ အကူအညီတွေကို ဘင်္ဂလီတွေကို ချည်းပဲ ပေးမှာလားလို့ ကျွန်တော်ကမေးတော့၊ မဟုတ်ဘူး ထင်ပါတယ်တဲ့ နှစ်ဦးနှစ်ဘက် မျှမျှတတ ပေးမယ်လို့ ထင်ပါတယ်တဲ့၊ အဲသလို သူကပြောပါတယ်။ နိုင်ငံခြားသားနဲ့ တိုင်းရင်းသား တွေဖြစ်ရတဲ့ ပြဿနာမှာ ‘မျှမျှတတ’ ဖြေရှင်းပေးဖို့ စဉ်းစားနေကြသူ တွေက ဒီရခိုင်မြေကို အုပ်စိုးနေစဉ်မှာ နိုင်ငံခြားသားဘင်္ဂါလီတွေအတွက်ကျတော့ မမျှမတ ဘုန်းဘောလအော အကူအညီပေးမယ့်သူတွေ အတောမသတ် ၀င်လာနေ ကြတယ်။ ဒါဟာ အင်မတန်မှ စိုးရိမ်စရာကောင်းလှပါတယ်။

၁၂။ တစ်နေ့ကျော်လောက်က ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ်တစ်ယောက်နဲ့ အေးအေးလူလူ စကားထိုင်ပြောတော့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဆိုသူတွေ မည်ရွေ့မည်မျှ ကမောက်ကမ စီမံခန့်ခွဲနေရတယ် ဆိုတာကို ကြားရတယ်။ သူကပြော တယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ဘက်ဂျက်မရှိသလောက်ဖြစ်နေတော့ တင်းခံရမယ့်နေရာတွေမှာ တင်းမခံနိုင်ဘူး ဖြစ်နေရတယ်တဲ့။ ကိုယ့်လက်ထဲမှာက ပိုက်ဆံတစ်ပြားမှ မရှိ၊ အဲသည်အချိန်မှာ သူ့တို့က ငွေထုပ်ကြီးတွေကိုင်ပြီးဝင်လာ၊ ဒီတော့ ဟန်ဆောင် ပန်ဆောင်ကလေးတောင် တင်းမခံနိုင်ကြရှာဘူး။ အဲသလို ဖြစ်နေ တယ် တဲ့။

၁၃။ ရခိုင်ပြည်သူ ပြည်သားတွေက လုံးဝမဆက်ဆံရေးမူကို ကိုင်စွဲပြီး ပြတ်ပြတ် သားသား ဖြစ်နေကြတဲ့အချိန်မှာ၊ ဒီလိုမျိုး ပြတ်ပြတ်သားသား မဖြစ်နိုင်ကြသေးတဲ့ ရခိုင့်ခေါင်းဆောင် တွေထဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေသာမဟုတ်၊ RNDP ခေါင်းဆောင်အချို့လည်း ရောပါတဲ့အခါ ပါလာတာကိုတွေ့ရတယ်။ ပြီးခဲ့တဲ့ တစ်လလောက်က RNDP ဗဟိုကော်မတီဝင် အချို့ရဲ့ ညွှန်ကြားမှုနဲ့ မလေးရှား အကူအညီပေးရေးအဖွဲ့ငယ် တစ်ဖွဲ့က ဘင်္ဂါလီဒုက္ခသည်တွေအတွက် ပစ္စည်းဝယ်ခြမ်း ပေးရာမှာ မြို့နယ်အဆင့် ပါတီဝင်တွေက လိုက်ကူညီကြတယ်။ ဒါကို လုံးဝလက်မခံ နိုင်တဲ့ စစ်တွေမြို့သူမြို့သားတွေက တောကျောင်းဆရာနည်းနဲ့တုံ့ပြန်လိုက်တော့မှ ပါတီခေါင်းဆောင်ဆိုသူ အချို့ဟာ မျက်ကလူးဆန်ပြာ ကုလားလို အဘား အဘားနဲ့ အော်ရမယ့်ကိန်း ဆိုက်သွားခဲ့တယ်။

၁၄။ ဒေသဆိုင်ရာ (နဲ့ ပြည်ထောင်စု အဆင့်) အာဏာပိုင်တွေဟာ ရခိုင်ပြည်သူလူထုက ရဲ့အစစ်အမှန်သဘောထားကို သဘောပေါက်ပြီးတော့၊ သံတမန်ရေးရာအရ လောက၀တ်ချော်တာလေး ဘာညာလေးကလွဲလို့ ရခိုင့်လူထုသဘောထား ရခိုင့်လူထု အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဘာလုပ်ရပ်ကိုမှ မလုပ်သင့်ပါဘူး။ လုပ်လို့လည်း မရပါဘူး။ လုပ်လို့ရတယ်ထင်လို့အတင်းလုပ်ရင်တော့ ဒါဟာ တိုင်းရင်းသားတွေကို စစ်တလင်းထဲ အတင်း ဆွဲသွင်းနေတာသာဖြစ်တယ်။

၁၅။ စက်တင်ဘာနှောင်းပိုင်းမှာလုပ်ခဲ့တဲ့ ရသေ့တောင်ညီလာခံရဲ့ဆုံးဖြတ်ချက်တွေကို အလေးအနက် သဘောထားသင့်တယ်။ အဲသည်ဆုံးဖြတ်ချက်တွေထဲက OIC ရုံးဖွင့်တာကို လက်မခံဖို့ ဆိုတဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ အလေးဂရု မူသင့်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ အပျက် အပျက်နဲ့ နှာခေါင်း သွေးထွက်တဲ့ အခါကျမှ၊ အစက ငါမပြောဘူးလား နင့်ကျော ဖုတ်တွေပေလို့ လို့ အပြောခံရပါ လိမ့်မယ်။

(ကျော်ဇောဦး ရေးသားသည်။ Coral Arakan အဖွဲ့သားများက အချက်အလက် အကူအညီ ပေးသည်။)

--------------------------------------------------------------------------


Anyone can use our content materials except for print media but please mention that the authors are Coral Arakan  News Agency and its journalists.

---------------------------------------------------------------------------

------------------------------------------

No comments:

Post a Comment