Tuesday, October 30, 2012
ဝန်ကြီး ဦးစိုးသိန်းနဲ့  ကျွန်တော်တို့ ရဲ့  နယူးယောက်က အကြွေးဂတိများ
ခုတော့လည်း အောက်တိုဘာလ-၂၉-ရက်-၂၀၁၂-ဖြစ်ပြ
ီမို့  တလတိတိပြည့်ခဲ့ ပြီ ။ လွန်ခဲ့ သော စက်တင်ဘာလ-၂၉-ရက်နေ့ မှ ဆိုလျှင် တလပြည့်သောနေ့ မို့  ယနေ့ တွင် ကျွန်တော့်မှာ ရေးစရာဖြစ်လာရ
ပြီ ။ ယခုလအတွင်း ဝေဖန်ရှုတ်ချသံများ ၊ ဂတိမတည်သောအစိုးရအကြောင်းကို ပြောဆိုလာသူများသည် ကျွန်တော့်အား မီးမောင်းထိုးပြလာကြသည် ။ ကျွန်တော်ကမူ တလလောက်တော့ စောင့်ကြည့်ပါရစေဆိုပြီး ပြောဆိုထားရသည် ။ အဘယ့်ကြောင့်ဆိုသော် ဝေဖန်ပြောဆိုသော သူများမှာ ဂုဏ်သိက္ခာရှိကြသော နိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်၍ သူတို့ အား ယင်းကဲ့ သို့  မေတ္တာရပ်ခံ ထားခြင်းဖြစ်သည် ။ ပြည်တွင်းပြည်ပမှ နိုင်ငံရေးခေါင်းဆောင်များတို့ သည်လည်း မျော်လင့်ချက်ကြီးစွာဖြင့် ရှိနေခဲ့ သည်မှန်သော်လည်း ကျွန်တော်၏ မေတ္တာရပ်ခံချက်ဖြစ်သည့် တလပြည့်သောနေ့ ကို စောင့်စားတော်မူခဲ့ ကြတော့သည် ။
လွန်ခဲ့ သော စက်တင်ဘာလ-၂၉-ရက်နေ့ က သမ္မတကြီးဦးစိုးသိန်းနှင့်အတူ နိုင်ငံတော်သမ္မတရုံးမှ ၀န်ကြီးဦးစိုးသိန်းတို့  လိုက်ပါလာကြသည် ။ နယူးယောက်မြို့ မှာ မြန်မာ့ကွန်မြူနီတီတို့ နှင့် ၀န်ကြီးဦးစိုးသိန်းက တွေ့ ဆုံပွဲ လုပ်ခဲ့ သည် ။ ၄င်းတွေ့ ဆုံပွဲတွင် ဒီမိုကရေစီအတိုက်အခံအဖွဲ့ အစည်းများမှ မည်သူမျှ မတက်ရောက်သော်လည်း မြန်မာနိုင်ငံအမျိုးသားကောင်စီ-NCUB-မှာ ဦးမိုးချမ်းနှင့် ကျွန်တော်က တက်ရောက်ဖြစ်အောင် တက်ရောက်ခဲ့ သည် ။ ( တက်ရောက်ခဲ့ သောကြောင့် အတိုက်အခံများမှ ဝေဖန်ကြသေးသည် ) ယင်းသို့  တက်ရောက်ရန်အတွက် ကဗျာဆရာကြီးဦးမောင်စွမ်းရည်အိမ်မှာ သမ္မတအကြံပေးအဖွဲ့ ဝင် ဦးလှမောင်ရွှေနှင့် ဒေါက်တာကျော်ရင်လှိုင်တို့ နှင့် တွေ့ ဆုံဖြစ်ခဲ့ သည် ။ သူတို့ နှင့် တွေ့ ဆုံချိန်မှာ ယခင်က မျှဉ်းပြိုင်ဖြစ်နေသော်လည်း ယခုအချိန်မှာ မျက်နာချင်းဆိုင်စကားပြောရန်လိုအပ်နေပြီမို့  ယခုလို လက်ခံစကားပြောဖြစ်ကြောင်းကို ကျွန်တော်က ပြောဖြစ်အောင် ပြောထားခဲ့ သည် ။ သမ္မတအကြံပေးအဖွဲ့ ဝင် နှစ်ဦးတို့ နှင့် တွေ့ ဖြစ်၍လည်း ၀န်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင် တက်ရောက်ခြင်းလည်း ဖြစ်သည် ။ ၀န်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အမေးအဖြေ မေတ္တာရပ်ခံချက်များကို နားထောင်ကြည့်လျှင် သိနိုင်ပါသည် ။
ခုတော့ ကျွန်တော့်မှာ တလပြည့်ပြီမို့  မောင်လင်္ကျာထွန်း၏ မိခင် ဒေါ်ရီကို မည်သို့  ပြန်ပြောရမည် မသိဖြစ်နေသည် ။ အမေအိုသည် အသက်-၈၅-နှစ် ရှိပြီဖြစ်ရာ အကယ်၍ ကျွန်တော်က မြန်မာနိုင်ငံကို အလည်သွားဖြစ်မည်ဆိုလျှင်ပင် တွေ့ ချင်တွေ့ လိုလှသော အမေအိုဖြစ်သည် ။ သို့ သော် သင်္ခါရတရားကို အစိုးမရသောကြောင့် မောင်လင်္ကျာထွန်း မလွပ်မြောက်မှီမှာပင် အမေအိုခမြာ တိမ်းပါးသွားလေမည်လား ကျွန်တော်အထူးစိုးရိမ်မိနေဖြစ်သည် ။ ကျွန်တော်တွေ့ လိုသော အမေအိုကို အမှန်ပင် သားနှင့်အတူ တွေ့ လိုမြင်လိုလှပါသည် ။
ဝန်ကြီးဦးစိုးသိန်းက ဂတိတွေ ပေးသွားသည် ။ ကျွန်တော့်ကို သူတို့ တွေ့  မြန်မာနိုင်ငံကို ပြန်မရောက်ခင် ဘာဆောင်းပါးမှ မရေးပါနဲ့ အုံးဆိုပြီး မေတ္တာရပ်ခံပါသေးသည် ။ ကျွန်တော်ကလည်း မရေးပါဟု ပြောပြသည် ။ သို့ သော် အသံဖမ်းထားသော မီဒီယာသမားများ၏ ထုတ်လွှင့်မှုကြောင့် ကမ္ဘာသိဖြစ်သွားရသည် ။ ၀န်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံမရောက်ခင် ကျွန်တော်က ဆောင်းပါးတွေရေးပြီး လုပ်လိုက်လျှင် လွှတ်ပေးမည့်သူတွေက မလွှတ်ပေးထားလိုက်လျှင် ပြသနာတက်သွားနိုင်သည်ဟု ဆိုရှာသည် ။ သူက သမ္မတဦးသိန်းစိန်ကို ပြောဆိုပြီး လွှတ်ပေးမည့်သူက အခြားသူတယောက်ဖြစ်နေကြောင်းကို ရိုးသားပွင့်လင်းစွာ ပြောပြသည် ။ ဒေါက်တာကျော်ရင်လှိုင်ကလည်း ယင်းသို့ အတိုင်း ပြောပြသေးသည် ။ သို့ သော် ယခုမြန်မာနိုင်ငံသို့  ပြန်ရောက်သွားချိန်မှာ တလပြည့်သွားပြီဖြစ်သည် ။
လွန်ခဲ့ သောအပါတ်က သမ္မတကြီးဦးသိန်းစိန်မှ မီဒီယာသမားများနှင့် တွေ့ ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုသွားသည်ကို တွေ့ ရသည် ။ ၀န်ကြီးဦးစိုးသိန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် လွှတ်ပေးလိုက်ပြီဖြစ်ရာ အခြားမည်သူ့ ကို မှ မလွှတ်ပေးစရာမရှိ ။ မည်သူ့ ကိုမျှ အချုပ်ထဲမှာ ဖမ်းဆီးမထားချင်ပါဟု မေတ္တာစေတနာကြီးမားစွာဖြင့် အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ အာဘောင်အာရင်းသန်သန် ပြောသွားတော့ ကျွန်တော် က- Face Book -မှာ ဒါရိုက်တာချိုတူးဇေါ်ကို အသိပေး စာတကြောင်း ၀မ်းသာစွာဖြင့် ရေးသားပေးလိုက်၏ ။ ချိုတူးဇေါ်က ဧ၀ံမေသုတံ ဤသို့ ကြားရပါလေ၏ ဆိုပြီး ကျွန်တော်ရေးသောစာကို တကြောင်းထဲ ပြန်ကြားလေတော့သည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို စတင်တည်ထောင်ခဲ့ သော ရှေ့နေကြီး ဒေါ်မြင့်မြင့်ခင်နှင့် ဖုံးဖြင့် ပြောဖြစ်ရာ အန်တီဒေါ်မြင့်မြင့်ခင်က ဘယ်တော့မှ လွှတ်မှာ မဟုတ်ပါဘူး ဆိုသော စကားကို တခွန်းထဲနှင့် ဝေဖန်ပြောဆိုပါလေသည် ။ သို့ လင့်ကစား ဒေါ်အောင်ဆန်းစုကြည်လို ကြောက်စရာကောင်းသော နိုင်ငံရေးသမားတယောက်ကို လွှတ်ပေးပြီးနောက် အခြားမည်သူ့ ကို မဆို လွှတ်ပေးရဲသည်ဟု ၀န်ကြီးဦးစိုးသိန်း ပြောသွားတာကို ကျွန်တော် သဘောကျနေသည် ။ အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မတကြီး ဦးသိန်းစိန်အနီးမှာ ရှိနေသော ၀န်ကြီးတဦးဖြစ်ရာ နယူးယောက်မြို့ မှာ ကျွန်တော်တောင်းဆိုသော နိုင်ငံရေးအကျဉ်းသားများ လွပ်မြောက်ရေးကို တလုံးတပါဒတော့ ပြောမိမှာ သေချာသည် ။ သူသည် နယူးယောက်မြို့ မှ မြန်မာ့ကွန်မြူနီတီနှင့် တွေ့ ဆုံချိန်တွင် လူထုအကြိုက်လိုက်အောင် ပြောဆိုခဲ့ သော ၀န်ကြီးဖြစ်၍ သူ့ မှာ ပြောဆိုနိုင် လုပ်ကိုင်နိုင်သော ပါဝါ ရှိနေမည်ဟု ထင်ရသည် ။ သို့ မဟုတ်က သူသည် နယူးယောက်မြို့ မှာ လူပျက်လာလုပ်သော အစိုးရ၏ ပေါကြောင်ကြောင် အူကြောင်ကြား တယောက်ဖြစ်သွားလိမ့်မည်ဖြစ်သည် ။
ကျွန်တော်ကမူ ယခုတလပြည့်ပြီဖြစ်ရာ ရခိုင်ကျောင်းသားနှစ်ဦးဖြစ်သော ရဲထက်စိုး နှင့် ကိုနိုင်စိုး ၊ မောင်တောမြို့ မှ အမေအို ဒေါ်မသိန်းနှင့် တသက်တကျွန်းအကျဉ်းကျခံနေရသော မောင်လင်္ကျာထွန်းတို့ ကို လွှတ်ပေးစေချင်သည် ။ အဘယ့်ကြောင့်ဆိုသော် သမ္မတကြီးဦးသိန်းစိန်ကလည်း မီဒီယာသမားများနှင့် တွေ့ ဆုံချိန်တွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးမည်ဟု ပြောဆိုထားပြီ ။ ၀န်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အကြွေးဂတိထားခြင်းမှ လူ့ ဂုဏ်သိက္ခာများနှင့် ပါတ်သက်နေသည် ။ တဦးအပေါ် တဦး ယုံကြည်မှု တည်ဆောက်နေကြချိန်တွင် တိတိကျကျပြောရလျှင် အကြွေးဂတိကို ကျွန်တော် ပြန်ရချင်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment