Saturday, October 6, 2012

အဘိုင့် ဒိုင်ယာရီ

Qing Minya
'အဘိုင့် ဒိုင်ယာရီ'( ၁ )
 
.
'ဥပဲ' 'ဥပဲ' အာပြဲနဲ့  ငိုပြီး
အမိဝမ်းက ကျွတ်လာကတည်းက
အခွင့်ထူးတွေ ရခဲ့တာ အဘိုင်ပါ။
အမေ၂ဒါဇင်ကျော်ကြားမှာ
ကြီးပြင်းလာရတဲ့ အဘိုင့်မှာ
Member ၅ကျိပ်ကျော်တဲ့
မိသားစုကြီး ရှိပါတယ်။
.
ဆူသံ ဆဲသံ ရယ်သံ ဟီသံတွေနဲ့
သောသောညံနေတတ်တဲ့
အဘိုင့်အိမ်ကလေးမှာ
ဖခမည်းတော် ပြန်လာတာနဲ့ 
နေဝင်ဝင် မဝင်ဝင်
ခုတင်တိုင်သံက တဒုန်းဒုန်းရယ်။
.
လောကကြီးက ဆန်းကျယ်ပါတယ်။
အဘိုင့်ဘဝမှာလည်း
အဆန်းတကျယ်တွေ ကြုံရပါတယ်။
တနေ့ က အဘိုင်နဲ့ အတူ
ဖန်ခုန်ခဲ့တဲ့ ကျစ်ဆံမြီးမလေးက
ဒီကနေ့ တော့ အဘိုင့်အမေအသစ်တဲ့။
.
အရွယ်တော် ကိုးနှစ်ကျော်တော့
မိရိုးဖလာ သိသင့်သိအပ်တာတွေ
သင်ခဲ့ရပါတယ်။
အလာရ်အတွက်၊ ဘာသာအတွက်
သမိုင်းပေးတာဝန်ကြီးကို
အဘိုင်ထမ်းရမယ်တဲ့။
.
အားကျနေလား မိတ်ဆွေ။
အဘိုင့်ဘဝမှာလည်းလေ
နာကျင်ခံစားခဲ့ရတာတွေ ရှိခဲ့ပါတယ်။
မင်းတို့ တွေ ပျော်ပျော်ရွှင်ရွှင်
ဘုန်းကြီးကျောင်းမှာ ရှင်ပြုနေချိန်မှာ
အဘိုင်ဟာ နာနာကျင်ကျင်
ဗလီမှာ ရှင်ပြုခဲ့ရပါတယ်။
.
လူကြီးသူမတွေ ပြောဆိုဆုံးမသမျှ
အဘိုင် မြေဝယ်မကျ နာယူခဲ့ပါတယ်။
ဘာတဲ့ ... ငြိမ်းချမ်းရေးအတွက် အသေခံဗုံးခွဲကြတဲ့။
အဲဒီဗုံးကြီး အဘိုင့်ခါးမှာ ချိတ်လို့ 
အစမ်းလေ့ကျင့်ကြတဲ့နေ့ က
အဘိုင့်ရင်ထဲမယ်
ဘုရားပွဲလှည့်သလို
ဘင်ခရာသံတွေ ဆူညံနေခဲ့တယ်။
.
သည်နှစ်ဆိုရင် အဘိုင့်အသက်တောင်
နှစ်ဒါဇင်ပြည့်ခဲ့ပြီ။
အဘိုင့်အသက်ရဲ့
သုံးပုံတစ်ပုံသာရှိတဲ့
အဘိုင့်မိန်းမ Number 13 က
အခန်းထောင့်မှာ
ရှိုက်ကြီးတငင် ငိုနေရှာတယ်။
အဘိုင့်ကို ခွင့်လွှတ်ပါ ကလေးမရယ်။
သမိုင်းပေးတာဝန်ကြီးကို
မကျေ ကျေအောင် အဘိုင်လေ
အားသွန်ခွန်စိုက် ကြိုးစားလိုက်တာပါ။
မင်းကရော Number 12 လိုပဲ
လမ်းမလျှောက်နိုင်တာ အဘိုင့်ကြောင့်ပါလို့ 
အပြစ်တင်မှာလားဟင်။
.
လေးပင်နေတဲ့ စိတ်တွေနဲ့
သက်ပြင်းကြီးတချက်
အဘိုင်ချမိတယ်။
အဘိုင် ကံကောင်းတာလား။
ကံဆိုးတာလား။
မသိတော့ဘူး။
သေချာတာကတော့
မနက်ဖြန်ဆိုရင် အဘိုင်ဟာ
တစစီ ကွဲကြေရတော့မယ်။
.
အသေခံ ဗုံးခွဲရမယ့်
မဟာသူရဲကောင်းကြီးကို
မဲနှိုက်ရွေးချယ်ကြတဲ့ တညမှာ
ထွက်လာတဲ့အဖြေက အဘိုင့်နာမည်ပါ။
မော်လဝီဆရာက
အဘိုင့် ပုခုံးကို ခပ်သာသာပုတ်ပြီး ပြောတယ်။
ဂုဏ်ယူစမ်းပါကွာတဲ့။
အခင်ဆုံး သူငယ်ချင်း မာမွတ်က
ခပ်တိုးတိုး အားပေးရှာတယ်။
စိတ်ဖြောင့်ဖြောင့်ထားပြီး သွားပါကွာ။
မင်း မိန်းမတွေကို ငါ တာဝန်ယူလိုက်ပါ့မယ်တဲ့။
မနက်ဖြန် .. မနက်ဖြန်ဆိုရင်
အဘိုင် သူရဲကောင်း ဖြစ်မယ့်နေ့ 
သို့ တည်းမဟုတ်
တစစီ ကွဲကြေမယ့်နေ့ ။
သဲ့သဲ့ ရှိုက်နေတဲ့
ဟိုကလေးမကို ငေးကြည့်ရင်း
အဘိုင် စဉ်းစားနေမိတယ်။
မာမွတ်နဲ့ ဆိုရင်ကော
မင်း ဒီလို ငိုနေမှာလား အမီနာရေ။
.
လင်းကြက်တွန်သံ တိုးတိုးက
အဘိုင့်နားစည်ကို
ခပ်ပြင်းပြင်း လာရိုက်ခတ်တယ်။
သြော် ... အဘိုင် စောင့်စားနေတဲ့
မနက်ဖြန်ဆိုတာ ရောက်လာပါပကော။
အသေခံဗုံးခွဲမယ့်
ငြိမ်းချမ်းရေး တမန်တော်
မဟာသူရဲကောင်းကြီး အဘိုင်ဟာ
လေးလံဖင့်နွှဲတဲ့ ခြေလှမ်းတွေနဲ့
ရွာလမ်းမပေါ်မှာ ခပ်ဖြေးဖြေး လျှောက်နေလေရဲ့။


အဘိုင့် ဒိုင်ယာရီ (၂)
.
ခွေးတွေအူနေတဲ့တညမှာ
ဇာတိချက်ကြွေရာ
အဘိုင့်ရွာကလေးကို
အဘိုင်ကျောခိုင်းခဲ့ပါတယ်။
နေရစ်ခဲ့တော့ အမီနာရေ
မေ့လိုက်ပါတော့ ဆိုဖီယာရေ
မာမွတ်က မင်းတို့ ကို
အဘိုင့်ကိုယ်စား
စောင့်ရှောက်ပါမယ်တဲ့။
.
ရေတတန် ကုန်းတတန်နဲ့
အဘိုင်တယောက်တည်း
အပီအပြင် ခရီးနှင်ခဲ့တယ်။
လမ်းတလျှောက်လုံး
အဘိုင့်အတွက်အဖော်ဟာ
မော်လဝီဆရာပေးလိုက်တဲ့
နက်ပြာရောင်ဖျင်အိတ်ကလေးပါ။
အကွက်မပေါ်တော့တဲ့
အဲဒီအိတ်ကလေးထဲမှာ
အဘိုင့်ဘဝကို
သူရဲကောင်းတယောက်
ဖြစ်အောင်လုပ်ပေးမယ့်
Made in China ဆိုတဲ့
ဖောက်ခွဲရေးပစ္စည်းတွေ။
.
အသက်ပြင်းပြင်းတချက်ကို
ခပ်တင်းတင်း ရှိုက်လိုက်ရင်း
ငြိမ်းချမ်းရေး တမန်တော်
သူရဲကောင်း အဘိုင်ဟာ
ရဲသွေးတွေ အပြည့်နဲ့
ခပ်အေးအေး လျှောက်သွားတယ်။
တောက်ပြောင်နေတဲ့
အဘိုင့်မျက်လုံးတစ်စုံဟာ
ဆိုင်းဘုတ်ကြီးပေါ်က စာလုံးတွေကို
ခပ်ဖြေးဖြေး ဖတ်လိုက်တယ်။
.
'ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်'တဲ့
မော်လဝီဆရာရဲ့
စီစဉ်ညွှန်ကြားမှုနဲ့
အဘိုင် သူရဲကောင်း လုပ်ရမှာ
ဒီနေရာပဲတဲ့။
ပိပိရိရိ ဖွက်သယ်လာတဲ့
အဲ့ဟို made in china ကြီးကြောင့်
အဘိုင် လမ်းလျှောက်ရတာ
မသက်သာလှပေဘူး။
ပူလှတဲ့ ရာသီဥတုနဲ့
ထူပွတဲ့ အဘိုင်ရဲ့ ဘောင်းဘီထဲမှာ
made in china ကြီးခမျာ
မိုးမိထားရှာတဲ့ ထင်းစည်းကြီးလို
ရွှဲရွှဲစိုနေရော့မယ်။
.
လူစည်ကားတဲ့
တယ်လီဖုန်းဆိုင်လေးရှေ့ မှာ
အဘိုင် လှုပ်ရှားတော့မယ်။
ခြေနှစ်ဖက်ကို ခပ်ကားကားရပ်ထားပြီး
အား ခနဲ အစချီလို့ 
မော်လဝီဆရာ အလွတ်ကျက်ခိုင်းသမျှကို
တဝက်တပြက်သာ
မှတ်မိတော့တဲ့ အဘိုင်ဟာ
ခပ်သွက်သွက် လက်ချောင်းတွေနဲ့
တတက်တက်မြည်နေတဲ့
ဟိုဟာဂျီးကိုလေ
အသက်အောင့်ပြီး ဖိချလိုက်တော့တယ်။
.
ဝုန်း ... ဖရုန်း
ဗြုံး .... ဒုန်း
အသံပေါင်းစုံဟာ
အဘိုင့်နားစည်ကို
အူထွက်သွားစေချိန်မယ်
အဘိုင့်အောက်ပိုင်းက
ပူချက်ကလေ...
အဲဒီနောက်မှာတော့
အမှောင်ထုဟာ အဘိုင့်ကို
ရက်တော်တော်ကြာကြာ
ထွေးပိုက်ထားတယ်။
.
မှိန်ပျပျ မီးရောင်က
အဘိုင့် မျက်လုံးထဲကို
စူးခနဲ ပြန်ဝင်လာပြီး
အေးစက်တဲ့ သံထည်သားက
အဘိုင့်လက်ကောက်ဝတ်တွေကို
မလှုပ်နိုင် မရှားနိုင်အောင်
တုပ်နှောင်ထားတယ်။
အဘိုင် မသေသေးဘူး။
ဟုတ်တယ် .. Made in china ကြီးကြောင့်
အဘိုင် အသက်ရှင်နေသေးတယ်။
.
အဘိုင် ကံကောင်းတယ်
ဟုတ်လား .. မိတ်ဆွေ?
ဆုံးအောင် နားထောင်ပါဦးလေ။
အဘိုင့်ဘဝက
သေသွားတာထက် ဆိုးပါတယ်။
အများထင်သလို
မဟာသူရဲကောင်းကြီး မဖြစ်ခဲ့ပဲ
မဟာ ဥပြဲကောင်ကြီး ဖြစ်ခဲ့ရပါတယ်။
ဟိုတချိန်က
ယောက်ျားချင်းတောင် ဖျားယူခဲ့ရတဲ့
အဘိုင့် ဓါးကောက်ကြီးဟာလေ
ခုတော့ made in china ကြီးကြောင့်
နေပြင်းထိထားတဲ့ မုန့် ဆီကြော်ခြောက်လို
ဂျပ်ပြားကြီး ဘဝ ရောက်ခဲ့ရပါတယ်။
.
အဘိုင့် ဒုက္ခတွေက
မပြီးသေးပါဘူး မိတ်ဆွေ
အဘိုင့် လုပ်ရပ်တွေအတွက်
ပြစ်မှုကြွေးကို ချွေးနဲ့ ပေးဆပ်ရမယ်တဲ့။
သံတိုင်တွေ ကာထားတဲ့
နံရံလေးဘက်ဟာ
အဘိုင့်အတွက် တကယ့်ငရဲပါ။
လူရမ်းကား နှစ်ကြီးသမားတို့ရဲ့
အချစ်တော် အဘိုင်
ညစဉ် သူတို့ ပြုသမျှ
နုရရှာတဲ့ အဘိုင်ဟာ
ရင်ထဲမှာ နာနာကြည်းကြည်း
ငိုညည်းနေရပါတယ်။
အမီနာရေ ....
အဘိုင် ကိုယ်ချင်းစာတတ်ပါပြီ။

No comments:

Post a Comment