Wednesday, January 25, 2012

စစ်အာဏာသိမ်းရန် ကြိုးပမ်းမူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့တွင် စစ်အရာရှိ ၄၀ စစ်ဆေးခံနေရ

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် များမကြာမှီက ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းရန် ကြိုးပမ်းမူနှင့် ပတ်သက်ပြီး စစ်အရာရှိ ၄၀ ကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
Ishraq-Ziaul   အာဏာသိမ်းရန်ကြံစည်သူ ပြည်ပရောက်Ishraq နှင့်ဗိုလ်မှူးZiaul   

ဘင်္ဂလာဒေခ်ျ့ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ စစ်ခုံရုံးက စစ်အရာရှိ ၄၀ ကို ခေါ်ယူ စစ်ဆေးမေးမြန်းနေခြင်း ဖြစ်ပြီး အဆိုပါ စစ်အရာရှိများမှာ နိုင်ငံအ၀န်းရှိ စစ်တပ်နယ်မြေများမှ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ရေးသား ဖေါ်ပြသည်။

စစ်အာဏာသိမ်းရန် ကြိုးပမ်းရာတွင် အဓိက ခေါင်းဆောင်ခဲ့သူဟု စွပ်စွဲခံထားရသူ ဗိုလ်မှူး Ziaul Huq မှာ ယခုအချိန်ထိ လွှတ်မြောက်နေပြီး ယခု စစ်ဆေးခံရသူ စစ်အရာရှိများမှာ အာဏသိမ်းရန် ကြိုးပမ်းသူ Ziaul Huq နှင့် ဖုံးထဲမှ ဆက်သွယ် စကားပြောခဲ့သူများ ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းရန် ကြံစည်သူ ဗိုလ်မှူး Ziaul သည် သူ၏ အာဏာသိမ်းရန် အစီအစဉ်အား ဖုံးထဲမှ တဆင့် ဆက်သွယ်ပြောကြားခဲ့သော်လည်း သူအသုံးပြုခဲ့သော ဖုံး SIM ဆိမ်းကဒ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သုံးသော SIM မဟုတ်ဘဲ ဗြိတိန်နိုင်ငံသုံး ကဒ်ဖြစ်ကြောင်း သိရသည်။

ယခု အာဏာသိမ်းရန် ကြံစည် ကြိုးပမ်းသူများမှာ ပြည်တွင်း ပြည်ပရှိ ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ဆက်နွယ်သူများ ဖြစ်ကြပြီး ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အနားယူသွားသော ဗိုလ်မှူးချုပ် အဆင့်ထိ တာဝန် ထမ်းဆောင်သူများ ပါဝင်ကြောင်း သိရသည်။ ထိုအထဲတွင် ၁၉၈၀ ၀န်းကျင်က ဘင်္ဂလာ စစ်တပ်တွင် တာဝန်ဆောင်ခဲ့ပြီး ယခု ပြည်ပတွင် နေထိုင်သော Ishraq ဆိုသူမှာ အဓိက ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

ယခု စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သူများမှာ ဘာသာရေး အယူသည်းသူများ ဖြစ်ပြီး လက်ရှိ အစိုးရအား ဖြုတ်ချပြီး နောက်ထပ် အစိုးရသစ် တရပ်ကို တင်မြှောက်ကာ ဘင်္ဂလာဒေခ်ျ့ကို စစ်အရာရှိများဖြင့် အစားထိုး အုပ်ချုပ်ရန် စီစဉ်ခဲ့သူများ ဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။

လက်ရှိ ရှစ်ဟာဆီးနာ ဦးဆောင်သော အ၀ါမီလိဂ် အစိုးရသည် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွှတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပူးပေါင်းပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇ၀တ် ပြစ်မူများကို ကျူးလွန်ခဲ့သူ ဘာသာရေး ခေါင်းဆောင် တချို့အား ဖမ်းဆီး တရားစွဲဆိုပြီး အမူများကို စစ်ဆေးနေသည်။

ယခု အာာဏာသိမ်းရန် ကြံစည်သူများသည် အဆိုပါ တရားစီရင်မူကို မလိုလားသူများ ဖြစ်ကြောင်းနှင့် သူတို့၏ နောက်ကွယ်တွင် တရားမ၀င် အသင်းအဖြစ် ကျေညာထားသော အစ္စလာမ်မစ် အဖွဲ့အစည်း တစ်ချို့ ပါဝင်ပတ်သက်နေကြောင်း အစိုးရ ထိပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ယခု အာဏာသိမ်းရန် ကြံစည်ရာတွင် အလယ်အလတ် စစ်အရာရှိ ၁၄ ဦးမှ ၁၆ ဦးထိ ပါဝင်နိုင်ပြီး ယခုအခါ တချို့ကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သိရသည်။ 

                                                                                                                   (  နိရဉ္စရာ )

No comments:

Post a Comment