Thursday, January 19, 2012

လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ

ရိုဟင်ဂျာဟူသောအသံသည် ၁၉၈၈ခုနှစ် လူထုအုံကြွမှုနှင့် ၁၉၉ဝခုရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ် ထွက်ပေါ် လာမှုနှင့်အတူ “ရိုဟင်ဂျာအမည်ခံ” ဘင်္ဂါလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများသည်လည်း ၷနိငေ မ်ားမွ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုံးးကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များကို အစားထိုးတင်ပြ ကာ “ရိုဟင်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ အကွက်ချ လုပ်ကိုင်လာ ကြပါသည်၊၊

လက်လှမ်းမှီသလောက် ၁၉၉ဝခုရွေးကောက်ပွဲတွင် ရိုဟင်ဂျာအမည်ကိုသုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှုမရှိခဲ့ပေ၊၊ ၁၉၈၈ခု လူထု အုံကြွမှုတွင်လည်း ရိုဟင်ဂျာအမည်ကို အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ခုနှစ်တွင် မူဆလင်အများအပြားကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ခ်ျ)ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့်ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက်ညှင်းပမ်းမှုကြောင့် လူ (၂ဝဝဝဝဝ) ကျော်ထွက်ပြေးလာရသည်ဟု စာရင်းပြကာ ရိုဟင်ဂျာအမည်ကို ကမBာကျော်အောင် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလာကြပါသည်၊၊ ၁၉၉ဝခုနှစ်တွင် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟင်ဂျာ အမည်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့သလို လိမ်လည်လှည့်ဖြားလာကြပါသည်၊၊ ဘာသာရေးအစွမ်းရောက်တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှု များ အစပိုင်းတွင် အောင်မြင်သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာနေပြီဖြစ်သည်၊၊
အင်္ဂလိပ်အုပ်ချုပ်မလြက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွါးရေးနှင့် ဘဝရပ် တည်ရေး ရည်မှန်းချက်သာပါလာ၍ ဒေသခံ ဗုဒ္ဓြွဘာသာဝင်ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင်လက်ခံထားခဲ့ကြသည်၊၊ နောက်ပိုင်းတွင် ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂါလီမူဆလင်များ မတရားလှိ့မ်ဝင်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် ကစိုးရိမ်၍ လူဦးရေစာရင်းစစ်တမ်းများကို လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွမ်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင်ခေါင်းဆောင်များက နိုင်ငံရေးဘက်သို့ ဦးတည်လပ်ြရှားလာပြီး သူတို့ကိုယ် သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟင်ဂျာများဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်၊၊ ယင်းစစ်တကောင်းဒေသမှ ဘဂါင်္လီ မူဆလင်များသည် ယနေ့ထက်ထိလည်း ရခိုင်ပြည်ထဲသို့ နယ်မျိုးစုံဖြင့် ခိုးဝင်နေကြရုံသာမက မြန်မာအာဏာပိုင်များကို လာဒ်ထိုး၍ ရခိုင် ပြည်၏ စီးပွားရေးကိုချုပ်ကိုင်ဖို့ ကြိုးစားနေကြသည်ကို တွေ့ရှိရပါသည်။
အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများက ရိုဟင်ဂျာအမည်နှင့် သူတို့ကို နိုင်ငံရေးအရတိုက်ပွဲဝင်မှုကို လက်ခံဖို့ ရခိုင်တို့အားဖိအား ဖိအားပေးမှုများရှိခဲ့သည်၊၊ နိုင်ငံတက္ဒွာဥ များမှလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟင်ဂျာဆိုသူများကို အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟင်ဂျာအမည်နှင့်တကွ သူတို့၏နိုင်ငံရေးအရတိုက်ပွဲဝင်မှုများကို အသိ အမှတ်ပြုကာ ရိုဟင်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ကြဖို့ နည်းမျိုးစုံဖြင့် ဖိအားပေးမှုများလုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်းတွင် မြန်မာ နိုင်ငံရှိ ဒေသခံတိုင်းရင်းသားများက သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မမျြားကို သိလာရသောအခါ ရိုဟင်ဂျာ အမည်နှင့်တကွ သူတို့ ၏နိုင်ငံရေးအရ ရပ်တည်တိုက်ပွဲဝင်မှုများကိုပါ လုံးဝအသိအမှတ်မပြု ဖြစ်လာကြသည်၊၊
ယင်းရိုဟင်ဂျာအမည်ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်း နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ဝင်ရောက်ခြင်းများကို ပြုလုပ်လျှက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘဝရပ်တည်ရေးအပါအဝင် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲဝင်မှုများကို ပြုလုပ်လာကြပါသည်၊၊ ယင်းရိုဟင်ဂျာအမည်ခံ များသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့်ချီ၍ရောက်ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ဝင်ရောက်ထိုးဖေါက်နေ ပြီဖြစ်သည်၊၊ ထိုင်းအစိုးရက ယင်းရိုဟင်ဂျာအမည်ခံများ ထိုးဖေါက်ဝင်ရောက်မှုကို စနစ်တကျ တားဆီးမှု ပြုလုပ်လာသောအခါ ယင်းရို ဟင်ဂျာအရေးသည် ဒေသခံနိုင်ငံများကိုလည်း ရိုက်ခတ်လှာုပီး ဒေသခံနိုင်ငံများက သတိထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်၊၊ ယ္ခုကျင်းပဆဲ အာစီယံထိပ်သီးအစည်းဝေး၌ပင် ယင်းရိုဟင်ဂျာပြဿနာသည် နံပါတ်(၁) နေရာကို ရယူထာားပြီးဖြစ်သည်၊၊
ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟင်ဂျာဆိုသူများကို ဒုက္ခသည်စခန်းများဖွင့်၍လက်မခံကြသနည်း၊၊ အဖြေမှာ ရှင်းနေ သည်၊၊ ယင်းရိုဟင်ဂျာအမည်ကိုသုံး၍ နိုင်ငံရေးအရတိုက်ပွဲဝင်နေသူများသည်ေူ-္ခကေိေ အဖွဲ့နှင့် ဆက်နွယ်မှုရှိနေသည်၊၊ ထိုင်းနိုင်ငံ၌ အကြမ်းဘက်လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေ၍ဖြစ်သည်၊၊
နိုင်ငံတက္ဒွာဥ များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ရိုဟင်ဂျာအမည်ခံများကို “နိုင်ငံမဲ့များ”အဖြစ် လူသားချင်းစာ နာသော ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုပေးဖို့ ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီမူဆလင်များ အလုံးအရင်းနှင့်ဝင်ရောက်ပြီးနောက်ပိုင်း ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များကို စွန့်ခွါထွက်ပြေးလာကြရသော ဒေသခံရခိုင်များ၏ ရှေ့အနာဂတ်အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင်များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရြံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓြွဘာသာ ရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီး၍ ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္န္ဓြွဘာသာဘုန်းကြီးကျောင်းများ၊ ယင်းဘာသာရေး အစွန်းရောက်မူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိအသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် အမြဲ တမ်း အထိတ်တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသ္ဒေွာဥ များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊
ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကိုခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်သက်သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓြွ ဘာသာဝင်ရခိုင်များအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်၊၊ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊္ဒွဥ များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟင်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟင်ဂျာအမည်နှင့် ယင်းအမည်ခံတို့၏ နိုင်ငံရေးအရ ရပ်တည်တိုက်ပွဲဝင်မှုကို လက်ခံခဲ့ လျှင် မကြာသောတနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်တခုလုံးသည် ယင်းရိုဟင်ဂျာအမည်ခံသူများ လက်ထဲသို့ ကျရောက်သွာပြီး ယင်းဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု ရပ်ရွာအိုးအိမ်စွန့်ခွါထွက်ပြေးရမှုနှင့် ရင်ဆိုင်ရပြီး ယင်းအရေးသည် ရခိုင် ပြည်တခုလုံး၊ ဗမာပြည်တစ်ခုလုံးနှင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပျွါခိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌နေထိုင်နေကြသော ဒေသခံ ပြည်သူများသည်လည်း ရခိုင်သားများကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊၊

                                                                                                                                     ခိုင်မင်းညို

 

(သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် ၍ညိနစနညိနညခန စာစောင် ရိုဟင်ဂျာအမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည်ဟူသောဆောင်းပါး၌ ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁၅သိန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတဝိုက် စီးပွားကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်းအခြေချလာတဲ့အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာဟု ရေးသားဖေါ်ပြထားသည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကိုဖေါ်ပြသော ထိုင်းသတင်းစာ များသည် ရိုဟင်ဂျာဆိုသူများမှရရှိသော အချက်အလက်ဖြစ်ဟန်တူသည်။
အမှန်မှာ ၁၄ဝ၄-ခု လေးမြို့ခေတ်၌ မင်းစောမွန်ဘုရင်လက်ထက်တွင် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်က ကောင်းမွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃ဝ-တွင် မြောက်ဦးမြို့ကိုတည်၍ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့်တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်များမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကင်တွင် အများစုနေထိုင်ကြပါသည်။ ယင်းသူတို့ကို ရခိုင်တို့က ကမန်ဟုခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားပါသည်။ ယင်းမူဆလင်ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော လူမျိုးတမျိုးဖြစ်သောကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင်ဘာသာ ကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုတောင် သတိပြုမိကြဖူးမည်မဟုတ်ပေ။ သို့သော် မိမိကိုယ်မိမိ ရိုဟင်ဂျာဟု ကြွှေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးမှ ဝင်ရောက်လာသော မူဆလင်ဘာသာကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။
၁၈၂၅-ခုနှစ်တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃ဝ,ဝဝဝ ရှိခဲ့ရာမှ ၁၉၃ဝ ပြည့်တွင် ၂၁၇၈ဝဝ-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေကိုစုံစမ်းရန် ၁၉၃၉-ခုနှစ်တွင် စုံစမ်းရေးကော်မရှင်တခုဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အဆီးအတားမရှိ တိုးဝင်လာမှုကိုမဟန့်တားပါက နောင်အခါ၌ လူမျိုးရေးပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယကမBာစစ်ကြောင့် မည်သို့မျှမလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့်အတိုင်းပင် ၁၉၄၂-ခုနှစ်တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ ထွက်ပြေးခဲ့ကြရသည်။
၁၉၄၂-ခုနှစ်တွင် ရခိုင်များကို သတ်ဖြတ်ခဲ့သောကုလားအဖွဲ့သည် ဂျပန်များဝင်လာသောအခါ ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာ တူ အိုလမာအသင်းကို ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်မျာအဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်းတို့ကိုခေါ်၍ မူဂျာဟစ်အဖွဲ့ကို ဖွဲ့စည်းကြသည်။ ရခိုင်ပြည်ကို ပါကိစ္စတန်နယ်သို့ ထည့်သွင်းရေးအစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟစ်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို မစ္စတာဂေါ်ဖားက ၁၉၅ဝ-ခု စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။ သို့သော် ၁၉၅၁-ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာမူဆလင်ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင်မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာလာကြသည်။ ၁၉၆ဝ-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈-ခုနေ့က မောင်တောမြို့နယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွားခဲ့သည်။ ကုလား ၅ဝဝဝဝ-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှဝိုင်းပြီး ဟစ်အော်ကြွေးကြော်လျှက် မီးရှို့သတ်ဖြတ်ရန် ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက်တနေ့နံနက် ၃-နာရီခွဲထိကြာခဲ့သည်။ ကုလားတို့သည် သူတို့ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့တိုင်းပြည်ငါတို့တိုင်းပြည်ဖြစ်ရမညိဟူ၍ ဟစ်အော်ကြသည်။

၁၉၄၂-ခုနှစ်မတိုင်မှီက မောင်တောမြို့နယ်အတွင်းတည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာရှိခဲ့ရာမှ ၁၉၉၂-ခုနှစ်တွင် ၄၆-ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများကို မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာဆိုသူများ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။ လက်ရှိအဖြစ်အပျက်များနှင့်တိုက်ဆိုင်၍ ဤဆောင်းပါးဖြင့် ချေပတင်ပြလိုက်ရပါသည်။ )

                                                                                                   
                                                                                                        ( The Arakan National Newspaper)
                                                                                                                          March- 22, 2009

No comments:

Post a Comment