Sunday, November 4, 2012

လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်နှင့်သံအမတ်ကြီး Derrek Michall တို့ ရခိုင့်အရေးဆွေးနွေးချက်


                                                                            

ယနေ့( ၃.၁၁.၁၂ ) နံနက် ၇ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်၏ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်မှ ဖုန်းဆက်ပြီး လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်နှင့် နိုင်ငံရေးပါတီ များအား သံအမတ်ကြီး Derrek Michall တို့မှ တွေ့လိုပါတယ်ဟု အကြောင်းကြားလာသောကြောင့် မည်သည့် အချိန်တွင် တွေ့မည်နည်းမေးတော နံနက် ၁၁ နာရီတွင် တွေ့လိုပါတယ်ဟု ဆက်သွယ်လာ သောကြောင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သံအမတ် နှင့်အတူ ဗြိတိန
်သံအမတ်ကြီး Andrew Heyn နှင့် သြစတရီးလျသံအမတ် Ms Bronte Moules တို့ ပါဝင်ပြီး တခြား USAIM နှင့် တ၀န်ရှိသူ များ စုစုပေါင်း ၈ဦးပါဝင်ပါသည်။ ကျွန်တော် အပါအ၀င် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ အပြင် ALD , NLD တို့မှ တစ်ဦး ကျစီပါဝင်ပြီး စစ်တွေဟော်တယ်တွင် တွေ့ဆုံခဲ့ကြပါသည်။ စတင်ဆွေးနွေး သည့်အချိန်တွင် ကျွန်တော်ကဘဲ စတင်ဆွေးနွေးပါသည်။ ကျွန်တော်က မေးခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက်ပါသည်။ ယခုကျွန်တော်တို့ကို တွေ့ဆုံရသည့် အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာကိုသိလို၍ ခေါ်တွေ့ရခြင်းဖြစ်သည်ဆိုခြင်းအား သိရှိလိုပါသည်။ သို့မှသာ ဦးတည်ချက်ရောက်ပြီး အချိန်ကုန်သက်သာပါမည်။ ဟုမေးခွန်းဖြင့်စတင်လိုက်ပါသည်။ အမေရိကန် သံအမတ်ကြီးက ယခုလိုတွေ့ဆုံခြင်းသည် ကြွရောက်လာကြသူများ၏ အသံနှင့် ယခုလက်ရှိဖြစ်ပေါ်နေသည့်ပြသနာအပေါ်မည်သို့ သုံးသပ်မိပါသလဲ။ ပြသနာရင်းမြစ်က ဘယ်ကစသနည်း။ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းအောင် မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဆိုသည့် အကြောင်းအရာများကို သိလို၍ တွိဆုံရခြင်းဖြစ်သည်ဟု ဖြေကြားပါသည်။ ထို့ကြောင့် ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေသော ပြသနာသည် ဘာသာရေး၊လူမျိုးရေး ကြောင့်ဖြစ် သောပြသနာ မဟုတ်ပါကြောင်း ယခုပြသနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ပါကြောင်း၊ အတိုချုပ်ပြီးပြောရလျင် ယခုပြသနာသည် ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများ ရခိုင်တိုင်းရင်းသားများအား လူမျိုးတုန်းသတ်ဖြတ် ပြီး အစ္စလာမ်နိုင်ငံထူထောင်ရန် ကြိုးစားခြင်း မှစတင်ခဲ့ကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့ပါကြောင်း ယခုအခါ ၃၀ ခန့်သာ ကျန်ရှိတော့ပါကြောင်း ယင်းအချိန်က အုပ်ချုပ်ခဲ့သော အင်္ဂလိပ်အစိုးရတွင် တာဝန်မကင်း ကြောင်းနှင့် ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကိုလူမျိုးတုန်းသတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်သည့်အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါကစ္စတန်နိုင်ငံကို လွတ်လပ် ရေးပေးသောအခါ မောင်တောခရိုင်အား ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစားခဲ့ကြပါကြောင်း၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ်အမည်ခံ အကြမ်းဘက်လက်နက်ကိုင်အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း ထိုသို့ မူဂျာဟစ်သူပုန်အနေဖြင့် မအောမြင်သောအခါ RSO အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန်ထပ်မံကြိုးပမ်းလာပါကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်လေဟန် နာမည်သစ်တစ်ခုလိမ်လည်ဖန်တီးပြီး ထိုမောင်တောခရိုင်အား ထပ်မံ၍ အစ္စလာမ်ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်ခဲ့ပါကြော င်းနှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ် နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားကျေးရွာများအားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ RSO ၏အထောက်အပံ့ကို အပြည့်အ၀ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကို သိရှိပြီးဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏ နေမြေပိုင်ဆိုင်လိုမူအား ဒေသခံတိုင်းရင်းသားများက မိမိဒေသကို ခုခံကာကွယ်ယင်း ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီအဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှအကြမ်းဘက်အဖွဲ့၏ ကျောထောက်နောက်ခံရရှိထားသော RSO အဖွဲ့၏ ညွန်ကြားမူအတိုင်း မိမိတို့ အိမ်များအား မီးရို့ပြီး ရခိုင်တိုင်းရင်းသားများ ရို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခုလေ့လာခဲ့ သော နေရာများတွင် တွေ့ရှိခဲ့ရမည်ဟုထင်မြင်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူယှဉ်တွဲနေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခုပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရမည်ြ ဖစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်းကြောင်းများကို ကြားသိရသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြသောကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်။ တခြား ပုဂိုလ်များမှလဲ အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သား သားအစိုးရမှကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြပါသည်။ တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။
 
(  Aung Mra Kyaw facebook )

No comments:

Post a Comment