ဘားရက်အိုဘားမား စကားတခွန်းကြောင့် မီးဟုန်းဟုန်း မတောက်ပါစေနဲ့ 
ခိုင်အောင်ကျော် ( နယူးယောက် )
မြန်မာနိုင်ငံသို့  အမေရိကပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားက ဘာမဲ
့- ၁၉-ရက်နေ့ မှာ လာမည်ဖြစ်သည် ။ သူ၏ ခရီးစဉ်နှင့် ပါတ်သက်၍ လူ
့အခွင့်အရေးအဖွဲ့ အစည်းများဆိုသူက စောလွန်းသေးသည်ဆိုကာ တချို့ က ကန်
့ကွက်နေကြသေးသည် ။ တချို့ ကမူ ယခုလို လာရောက်ခြင်းအပေါ် ထောက်ခံကြသည် ။
ရေဒီယိုများကမူ ထုံးစံအတိုင်း သွေးထိုးလှုံ့ ဆော်မှုများဖြင့်
ပြောဆိုရေးသား အသံ လွှင့်နေဖြစ်ကြသည် ။ အမေရိကန် အိမ်ဖြူတော်မှ အမျိုးသား
လုံခြုံရေးအကြံပေးအရာရှိ မစ္စတာ ( Donilon ) က ယနေ့ တ့ နေ့ စွဲဖြင့် ဘီဘီစီက
ထုတ်လွှင့်ရေးသား ခဲ့ရာ၌ မစ္စတာဘားရက်အိုဘားမား၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးစဉ်နှင့် ကချင်ပြည်နယ်- ရခိုင်ပြည်နယ်
ဖြစ်စဉ်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း အင်တာဗျူး
ပြုလုပ်သွားသည်ကို တွေ့ ရသည် ။ သူ၏ ပြောကြားချက်မှာ ရခိုင်ပြည်နယ်မှာ
မရှိသော ၄င်း(မွတ်ဆလင် အဖွဲ့ အစည်း ) တို့  ပြောဆိုနေသည့် နာမည်မျိုးဖြင့်
ပြောဆိုသွားခြင်းဖြစ် သည်။ ဤသည်မှာ လွန်စွာ စိုးရိမ်ရသော စကားဖြစ်သည် ။
အမေရိကန် သမ္မတ အိုဘားမား၏ ခရီးစဉ်သည် နာရီပိုင်းလောက်မျှသာ
ဖြစ်သော်လည်း ယင်းနာရီပိုင်းကား ရခိုင်ပြည်နယ်အတွက် သေရေးရှင်ရေးတမျှ
အရေးကြီးသလို မြန်မာနိုင်ငံအတွက်လည်း အလွန်တရာ သတိထားရမည့်
အကြောင်းအရာဖြစ်သည် ။ ဘားရက်အိုဘားမား၏ လုံခြုံရေးကို အမေရိကန် အစိုးရက
ဂရုတစိုက် ဆောင်ရွက်နေသလို မြန်မာနိုင်ငံကလည်း ကိုယ့်နိုင်ငံ
မပျက်စီးရေးအတွက် ဆောင်ရွက်ရန် လိုနေသည် ။ အဘယ့်ကြောင့်ဆိုသော်
မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းပြီး တနိုင်ငံလုံးပြာကျအောင်
ပြုလုပ်နိုင်သော စကားတခွန်းကို မပြောမိအောင် ကြိုတင် ကာကွယ်ကြရန် လိုနေသည် ။
မနေ့ က မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ ဗုဒ္ဒဘာသာ ရဟန်းသင်္ဃာတော်များ ၊
မွတ်ဆလင်ဆရာများကို တွေ့ ဆုံပြီး တင်ပြချက်မှာ တိကျသော သမ္မတ၏
ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ရည်ညွှန်းခြင်းဖြစ်သည် ။
၎င်းတင်ပြလျှောက်ထားချက်ကို ပြည်သူတရပ်လုံးက လိုက်နာလေးစားရန်လိုသည် ။
သမ္မတဦးသိန်းစိန်၏ ယခုကဲ့ သို့ တင်ပြချက်ကိုလည်း လာမည့်-၁၉-ရက်နေ
့တွင် လာရောက်မည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားကိုလည်း ပေးအပ်ရန်လိုသည် ။
အကြောင်းမှာ သမ္မတဦးသိန်းစိန်၏ အလွန်တရာပြည့်စုံသော တင်ပြချက်ကို
ကမ္ဘာတ၀န်းလုံးမှ လေးစား လိုက်နာ ကျင့်သုံးကြသွားမည်ဖြစ်သည် ။
မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီ ကုလားတို့ ၏ သူတို့ ကို သူတို့  ခေါ်ဆိုစေလိုသော
နာမည်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောဆိုခြင်း မရှိသည်ကို
ဤနေရာ၌ အထူးမှတ်သားရန်လိုသည် ။ ယင်းအချက်မှာ ကမ္ဘာ့ကုလသမ္မအပါအ၀င်
ယခုလောလောလတ်လတ် မြန်မာနိုင်ငံသို့  နာရီပိုင်းမျှသာ လာရောက်မည့်
ဘားရက်အိုဘားမားကလည်း သိသွားရန်လိုသည် ။ တချိန်တည်းမှာပင်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း
အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူသတင်းစာနှင့် တွေ့ ဆုံရာတွင် ၄င်း၊ ဥရောပ နှင့်
အမေရိကခရီးစဉ် တလျှောက်လုံးမှာလည်း ၄င်းနာမည်ကို တလုံးတလေတောင်မျှ ယောင်လို
့တောင် ထည့်သွင်းမပြောဆိုခဲ့ ချေ ။ နယူးဒေလီတွင်
ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ခြင်း ၊ မီးကွင်းပစ်ခြင်း ၊
လူသတ်ခြင်းတို့ ကို ပြုလုပ်နေသော သူတို့ ကို ဆိုပြီး ( နယ်စပ်မှ
စိမ့်ဝင်လာသေ ဘင်္ဂလီ လူမျိုး ဟု ) ပြောကြားသွားခြင်းမှာ အင်မတန်ထူးခြားသော
ဒေါ်စု၏ ရင်တွင်းကလာသော စကားဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်မှ
မုဒိမ်းကျင့်ပြီး ပြသနာဖြစ်လာသော ရခိုင်ပြည်နယ် ဖြစ်စဉ်ကို တိတိကျကျ
သိရှိထားသူဖြစ်သောကြောင့် ဤအချက်ကိုပင် အင်တာဗျူးပြောဆိုသွားခြင်းဖြစ်သည် ။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်သော
မြန်မာအမျိုးသမီးကောင်း တဦးဖြစ်နေသည်ပေဘဲ ။
သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးသာ
ရှိသည်ဆိုခြင်းကိုလည်း ကမ္ဘာသို့ ကြေညာထားပြီးဖြစ်ရာ ယခုအချိန်မှာ
အမေရိကပြည်ထောင်စု၏ သမ္မတ ဘားရက်အိုဘားမားကလည်း ယင်းအချက်ကို
လေးစားလိုက်နာရမည်ဖြစ်သည် ။ နိုင်ငံတနိုင်ငံ၏ အချုပ်အချာ အာဏာပိုင်
နယ်မြေဒေသမှ မူဝါဒရေးရာ ပေါ်လီစီကို မိမိတို့ နိုင်ငံနှင့် သဟဇါတဖြစ်အောင်
ပြောဆိုတိုက်တွန်းခြင်းမှာ နိုင်ငံတနိုင်၏ အချုပ်အချာအာဏာကို ၀င်ရောက်ထိပါး
စော်ကားခြင်းဖြစ်သည်။
အဓိကအားဖြင့် အမေရိကန် သမ္မတ
ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံတွင် မရှိသော ၄င်းလူမျိုးနာမည်ကို
ထည့်သွင်းမပြောကြားရန် ရန်ကုန်ရှိ အမေရိကန်သံရုံးသို့  တောင်းဆိုစာများ
ပေးပို့ ရမည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်
ဖြစ်စဉ်များနှင့် ပါတ်သက်၍ ၄င်းနာမည်ကို ရှေ့တန်းတင်ပြီး
ပြောဆိုရေးသားနေကြခြင်း ရှိနေသမျှ ရခိုင်ပြည်နယ် တွင် ပဏ္ဍိပက္ခတို့ မှာ
မီးခိုးကြွက်လျှောက် ဆက်လက်ဖြစ်ပေါ်နေအုံးမည်ဖြစ်သည် ။ ရခိုင်ပြည်နယ်တွင်
ပပဋိပက္ခများ ဖြစ်ပေါ်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီကုလားများကို
ချော့မော့နှစ်သိမ့်သော ဓါတ်ပုံကို လူများမြင်တွေ့ သွားကြရာ ၄င်းဓါတ်ပုံကို
နိုင်ငံရေးအရ အသုံးချသွားခြင်းများ ရှိနေခဲ့ သည် ။ ယခုလည်း
သမ္မတဘားရက်အိုဘားမားကသာ သူတို့ ၏ အဓိကလိုချင်သော ၄င်းနာမည်ကို
ထည့်သွင်းပြောခဲ့ ပါက ရခိုင်ပြည်နယ်မှာ ချက်ချင်း မီးဟုန်းဟုန်း
တောက်လောင်သွားသလို မြန်မာနိုင်ငံတော်လည်း မီးဟုန်းဟုန်း တောက်သွားမည့်
လောင်စာဖြစ်သွားနိုင်သည် ။ မည်သည့်အတွက်အကြောင့်ဆိုလျှင် -OIC- မှာ
ဘားရက်အိုဘားမားကို ၄င်းနာမည်နှင့် ထည့်သွင်းပြောဆိုပြီး ဆောင်ရွက်ခဲ
့ပါရန် အိပ်ဖွင့်ပေးစာ ပေးထား၍ ဖြစ်သည် ။ အကယ်၍ အိုဘားမား၏
စကားတခွန်းကြောင့် မီးဟုန်းဟုန်းတောက်သွားမည်ဆိုလျှင် မီးဟုန်းဟုန်း
မတောက်ဖြစ်အောင် အစိုးရနှင့် နိုင်ငံရေးပါတီများ ၊ ရဟန်းပြည်သူ တရပ်လုံးက
ကြိုတင်ပြီး အမေရိကန်သံရုံးသို့  မေတ္တာရပ်ခံ အိပ်ဖွင့်ပေးစာများ
ပေးရန်လိုပါကြောင်း ။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment