Thursday, May 30, 2013

ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ

                                                                        


ရှေးဦးစွာ ကျွန်တော် မေတ္တာရပ်ခံထားပါရစေ ။ ယခုတင်ပြတဲ့  ဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်တိုက်ခိုက်တဲ့  အရေးအသား အတွေးအခေါ်မျိုး မဟုတ်ဘဲ နိုင်ငံရေးသမားတဦးအနေနဲ့  ခံစားရတာကို ရေးသား တင်ပြလိုက်ခြင်းဖြစ်တယ် ဆိုတာ နားလည်ပေးဖို့ လိုပါတယ် ။ ဒီလို မေတ္တာရပ်ခံထားတာဟာ ကျွန်တော့်အနေနဲ့  မိဖနှစ်ပါးက ဆိုဆုံးမခဲ့ လို့ ဘဲ ကိုယ့်ထက် အသက်-၂-နှစ်လောက်ကြီးတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ခုလို တောင်းပန်ရေးသားလိုက်ခြင်းဖြစ်တယ် ဆိုတာကို ပြောပြတာဖြစ်ပါတယ် ။ ဟုတ်ကဲ့ - ကောင်းပါပြီ- ကျွန်တော်ဟာ မိဖဆုံးမခဲ့ တဲ့  သားသမီး ဖြစ်ကြောင်း ပြောဆိုခဲ့ ပါပြီ ။
ရိုသေထိုက်သူကို ရိုသေရမယ်-လေးစားထိုက်သူကို လေးစားရမယ်- ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်လို့  ကျွန်တော့်ရဲ့  ကွယ်လွန်သူ မိဖနှစ်ပါးက ဆုံးမသြ၀ါဒ ပေးပါတယ် ။ ဒါ့ကြောင့်မို့ လို့ လို့ လဲ ရိုသေ လေးစား ဂုဏ်ပြုခြင်းများကို ကျွန်တော်ဟာ ထာဝစဉ် နှလုံးသွင်းပြီး အမြဲမပြတ် ဦးစားပေးဆောင်ရွက်တတ်တယ် ။ ကျွန်တော်ဟာ နိုင်ငံရေးလောကကို -၁၉၆ရ-ခုနှစ် သြဂုတ်လ-၁၃-ရက်နေ့ ကစလို့  ခြေစုံပစ်-ခေါင်းပစ်-တကိုယ်လုံးဂျွမ်းထိုး ၀င်ရောက်ခဲ့ သူဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  နိုင်ငံရေးစိတ်-အမျိုးချစ်စိတ်နဲ့  ပါတ်သက်လာရင် ခြေမထိပ် လက်ထိပ်ကအစ ရင်ဘတ်ထဲက နှလုံးသားအထိ နာကြင်တတ်တယ် ။
ခုအချိန်မှာ ကျွန်တော်တို့ ဟာ နိုင်ငံရေးရာသီဥတု တခုပြောင်းလဲသွားနေတယ်ဆိုတာကို သိနေကြတယ် ။ ဘာဖြစ်လို့ ဆိုတော့ လွန်ခဲ့ တဲ့  အနှစ်-၂၀- ကဆိုရင် ကျွန်တော်တို့  အော်ခဲ့ တဲ့  စကားသံ- ပခုံးပေါ်မှာ ထမ်းခဲ့ တဲ့  ပိုစတာတွေကြောင့် အမာရွတ်တွေဟာ ခုအချိန်ထိ အနာမကျက်သေးဘဲ ရှိနေသေးတယ် ။ တိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာ သိနေလို့ ဘဲ ဖြစ်တယ် ။ တချိန်က ကျွန်တော်တို့  ကြွေးကြော်ခဲ့ တဲ့  ကမ္ဘာကို တုန်လှုပ်စေတဲ့  အသံကို နားဆင်ကြည့်ပါ ။
( ဒေါ်အောင်ဆန်းစုကြည်- လွပ်မြောက်ရေး- ဒို့ အရေး )
( မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေး ဒို့ အရေး )
( စစ်အစိုးရ ပြုတ်ကျရေး -ဒို့ အရေး )
ဒီကြွေးကြော်သံတွေကို ကျွန်တော်တို့ ဟာ ကြွေးကြော်နေခဲ့ ကြတယ် ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရဲ့  လည်ချောင်းထဲက အသံတွေဟာ ပြာသထက်ပြာလာတယ် ။ ဒါပေမဲ့  ဇွဲ မလျှော့ဘဲ အော်မြဲတိုင်း အော်ခဲ့ ကြတယ် ။ ကမ္ဘာအနှံ့မှာ ကျွန်တော်တို့ ဟာ ဒီကြွေးကြော်သံ သုံးခုကို အဓိကထားပြီး လှုပ်ရှားခဲ့ ကြတယ် ။
ကံအားလျှော်စွာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကအကျယ်ချုပ် ကျခံရာကနေပြီး လွပ်မြောက်လာတယ် ။ နောက်တော့ မင်းကိုနိုင်တို့  -၈၈-ကျောင်းသားအဖွဲ့ တွေ လွပ်မြောက်လာတယ် ။ နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာတယ် ။ ကုန်ကုန်ပြောမယ်ဆိုရင် ကျွန်တော်တောင်းဆိုခဲ့ တဲ့  ရခိုင်နိုင်ငံရေးအကျဉ်းသားတွေဟာ တယောက် မကျန်လွပ်မြောက်လာခဲ့ တယ် ။
ဒီတော့ခါ ဒေါ်အောင်ဆန်းစုကြည်နဲ့  မင်းကိုနိုင်တို့ အပါအ၀င် ထင်ရှားတဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာတော့ ကျွန်တော်တို့ ရဲ့  ကြွေးကြော်သံတွေကို ပြောင်းလဲပြီး ကြွေးကြော်ရတော့မယ်ပေါ့ ။ ဒီတော့ ( စစ်အစိုးရ ပြုတ်ကျရေး-ဒို့ အရေး ) ဆိုတာကိုဘဲ ကြွေးကြော်ရတော့မယ်ပေါ့ ။
ဒါပေမဲ့  အဲဒီ ( စစ်အစိုးရပြုတ်ကျရေး-ဒို့ အရေး ) ဆိုတဲ့  ကြွေးကြော်သံဟာ လုံးဝ ကြွေးကြော်ရခြင်း မရှိတော့ဘူး ။ ပျောက်ဆုံးမလှ ပျောက်ကွယ်သွားခဲ့ ရတယ် ။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့  အစိုးရရဲ့  ပါလီမန်လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ လို့ ဘဲ ဖြစ်တယ် ။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့  ဖြစ်တယ် ။ နိုင်ငံတကာမှာရှိတဲ့  မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းတွေဟာ ချက်ချင်းပျောက်ပျက်ကုန်ကြတယ် ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရဆိုတာကလဲ ဒီ့လောက်ခိုင်မာစွာ ရပ်တည်ခဲ့ ပါလျှက် ချက်ချင်းဖျက်သိမ်းခဲ့ ရတယ် ။ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ ကလဲ ဖျက်သိမ်းခဲ့ ရတယ် ။ အခြားသော အတိုက်အခံ အဖွဲ့ အစည်းတွေဟာ ဖျက်သိမ်းခဲ့ ရတယ် ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီး နိုင်ငံတကာကို ခရီးသွားခြေဆန့်  နိုင်ငံတကာက ချီးမြှင့်တဲ့  ဆုတွေကို လက်ခံယူပြီး ကမ္ဘာပတ်သွားနိုင်ခဲ့ လို့ ဖြစ်တယ် ။ စစ်အစိုးရပြုတ်ကျရေး ဆိုတဲ့  ကြွေးကြော်သံအစား ပြည်တွင်းမှာကေ ပြည်ပမှာပါ ဟိုဟာလုပ်ပေးပါ-ဒီဟာလုပ်ပေးပါဆိုတဲ့  အစိုးရဆီက လက်ဝါးဖြန့် တောင်းခံရတဲ့  ကြွေးကြော်ရတဲ့  အသံမျိုးကို ပြောင်းလဲသွားစေတယ် ။ ဒါက ဘာကို ပြသလဲဆိုရင် အတိုက်အခံခေါင်းဆောင်ဟာ မရှိတော့တဲ့  လက္ခဏာကို ပြသလိုက်တာဘဲဖြစ်တယ် ။
ဒါပေမဲ့  ကျွန်တော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံနေတုံးဘဲဖြစ်တယ် ။ ဒီလိုနဲ့  သမ္မတဖြစ်ချင်တယ် ဆိုတဲ့  စကားကို နားနဲ့ မဆန့် ကြားလာတော့ စိတ်မကောင်းဖြစ်ရပြန်တယ် ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီး တနေရာသော်၎င်း-ဒုသမ္မတရဲ့ နေရာသော်၎င်း ထိုက်တန်သူအဖြစ် ဆောင်းပါးတွေနဲ့  အားပေးရေးသားခဲ့ သူဖြစ်တယ် ။ ဒါပေမဲ့  -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်ပြင်ပေးမှ ဖြစ်မယ်ဆိုတာကိုလဲ သတိလက်မလွပ် အကြံပြု ရေးသားထားခဲ့ သူဖြစ်တယ် ။
၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ရှိကြံခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီက မပြင်ဆင်ဘူးဆိုရင် လွှတ်တော်ထဲမှာ ရှိနေတဲ့  နိုင်ငံရေးပါတီတွေက ပြင်ကြဖို့  လိုတယ် ။ နိုင်ငံရေးပါတီတိုင်းက ရေးဆွဲထားတဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကို စုပေါင်းလေ့လာပြီး ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းဟာက လက်ခံနိုင်တဲ့  ဥပဒေအချက်အလက်မျိုးကို ထည့်သွင်းရမယ်လို့ ဆိုပြီး အပြီးသတ် ရေးဆွဲ ရမှာဘဲဖြစ်တယ် ။ ခုတော့ ဘယ်သူကမှ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှ မရေးဆွဲသေးတဲ့ အပြင် နုတ်မှထုတ်ဖေါ်ပြီး ကျမသမ္မတဖြစ်ချင်ပါသေးတယ်လို့  ပြောလာတဲ့ အထိ နိုင်ငံရေးသိက္ခာကျလောက်အောင် ဖြစ်လာတာကတော့ ဘယ်လိုမှ ကြည့်လို့  မကောင်းတဲ့  ဝေါဟာရဖြစ်တယ် ။
ကျွန်တော်တို့ လို နိုင်ငံရေးဆောင်းပါးတွေ ရေးသာေးနသူများက ဝေဖန်ထောက်ပြနေတာဟာ မိမိရဲ့  အတွေးအခေါ်နဲ့  ပေါ်လီစီတွေကို ချပြရေးသားလို့  ရတယ် ။ ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးပါတီ တခုရဲ့  ဥက္ကဋ္ဌအနေနဲ့  သမ္မတရာထူးလိုချင်တယ် ပြောရအောင် သမ္မတဦးသိန်းစိန်ကလဲ အရှင်လတ်လတ်ကြီး ဖြစ်နေသေးတယ် ။ သူ့ အသက်ရှင်နေသရွေ့ ကတော့ သူ့အနေနဲ့  သမ္မတရာထူးမှာ ရှိနေသရွေ့ ကတော့ ဒီစကားကို ပြောလို့ မကောင်းပေဘူးပေါ့ ။
ခုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဒီလိုစကားလက်လွပ် ပြောဆိုတာနဲ့  ပါတ်သက်လို့ ပြောစရာဖြစ်လာပြီ ။ လူမျိုလို့  လူမျိုးပျောက်ကွယ်တတ်တယ် ဆိုတာ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးစီးဋ္ဌါနရဲ့  လက်ကိုင်ဆောင်ပုဒ်ဖြစ်တယ် ။ နိုင်ငံတနိုင်ငံဟာ အချုပ်အချာနယ်မြေပိုင်စိုးမှုကြောင့် သူ့ ရဲ့  မြေတလက်မကိုမျှ မည်သည့်အခြားနိုင်ငံသားတွေကို တနာရီ တမိနစ်မျှ အလကား နေထိုင်ခွင့်မပေးဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိပါလိမ့်မယ် ။ အဲဒီလိုဘဲ နိုင်ငံတနိုင်ငံမှာ လက်ရှိ ရှိနေတဲ့  တိုင်းရင်းသားလူမျိုးများနဲ့  ခိုးဝင်ကျူးကျော်တဲ့  နိုင်ငံခြားသားများအတွက် အခွင့်အရေးများကိုလဲ ချမှတ်ထားတာရှိတယ် ။
နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေရဲ့  အကျိုးခံစားခွင့်နဲ့  ခိုးဝင်ကျူးကျော်သူများကို ပြစ်ဒဏ်ချမှတ်ပေးခြင်းဆိုတာဟာ ဒွန်တွဲနေတဲ့  ဥပဒေတွေတွေဖြစ်တယ် ။ တချိန်တည်းမှာဘဲ နိုင်ငံအတွင်းမှာ လူဦးရေ ပေါက်ဖွားနုံးနဲ့  စီးပွါးရေး-ပညာရေး-ကျန်းမာရေး-လူမှုရေး-စတာတွေကို စာရင်းပြုစုကောက်ယူရတဲ့ -သန်ကောင်စာရင်း လူဦးရေ ကောက်ယူရေးဆိုတာ ရှိတယ် ။ ခုတော့ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှာ လူဦးရေ ထိမ်းချုပ်ဖို့ ဆိုတဲ့  ဒေသန္တရစည်းကမ်း ကိုထုတ်ပြန်ပေးတယ် ။ မြန်မာ့ကျေးရွာ ထုံးတမ်းစဉ်လာအရ ဂါမစည်းကမ်းဆိုတာ ရှိတယ် ။ အဲဒါကတော့ ရပ်စည်းကမ်း ရွာစည်းကမ်း ထုတ်ပြန်ထားတာကို ဂါမစည်းကမ်းလို့ ခေါ်တာဖြစ်တယ် ။
ခုတော့ ဒေသန္တရ အမိန့် ကို ထုတ်ပြန်လိုက်တယ် ။ မိသားစုတစုလျှင် ခလေးနှစ်ယောက်ထက် မယူရ ဆိုတာဟာ ဂါမစည်းကမ်းဖြစ်တယ် ။ ဘာကြောင့် ထုတ်ပြန်ရသလဲ ဆိုတာ လေ့လာကြည့်ဖို့ လိုတယ် ။ ရခိုင်ပြည်နယ်မှာ အဓိကအားဖြင့် ရခိုင်လူမျိုးတွေသာ လူဦးရေ များပြားနေရမယ် ။ လူများစုဖြစ်ရမယ် ။ ဒါဟာတိကျတဲ့  သဘာဝဘဲ ။ ဒါပေမဲ့  ခုတော့ ပြောင်းပြန်ဖြစ်နေတယ် ။ ဘင်္ဂလီလူမျိုးတွေဟာ ရခိုင်လူမျိုးတွေထက်-၉၀-ရာခိုင်နုံး ကျော်နေတယ် ။ အဲဒီမောင်တောမြို့ နဲ့ ဘူးသီးတောင်မြို့ နယ်မှာ ဒီ့လောက်လူဦးများနေတာဟာ ပထမအချက်အနေနဲ့  သူတို့ ရဲ့  အိမ်ထောင်သားမွေးမှုဟာ လူ့ ယဉ်ကျေးမှု အသိုက်အ၀ိုင်းအရ လွန်ကဲနေတဲ့  လက္ခဏာကြောင့်ဖြစ်တယ် ။ မိသားစုမှာ ခလေး-၃၀-လောက်ရှိသူ- အနည်းဆုံး-၁၀-ယောက်ရှိသူ- မိန်းမ နှစ်ယောက်ကနေ လေးယောက်ယူထားသူ- ပညာမတတ်သူ- ဆင်းရဲသူနဲ့  တွက်ချက်ကြည့်လိုက်ရင် ဒီလူမျိုးကို ဘယ်လို ထိမ်းချုပ်ရမှာလဲ ဆိုတာ ကမ္ဘာ့ကုလသမ္မကတောင် ကိန်းဂဏန်းဇယားနဲ့  တွက်ချက်ပြီး ကွန်ဒုံးတွေကို ဖြန့် ဝေပေးရတယ် ။
ဒေါ်အောင်ဆန်းစုကြည်သိထားဖို့ ရာမှာ ကွန်ဒုံးဆိုတာ ကမ္ဘာ့ကုလသမ္မဂက ထုတ်ဝေဖြန့် ဝေပေးထားတယ် ဆိုတဲ့ အဓိကအချက်ဘဲ ဖြစ်တယ် ။ ကွန်ဒုံးဆိုတာဟာ ကာမဆက်ဆံဖို့  အတွက် တခုတည်းကိုဘဲ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ မဟုတ်ဘူး ။ ကျန်းမာရေးပြသနာကြောင့်- အေအိုင်ဒီအက်စ် ဆိုတဲ့  ရောဂါမကူးစက်စေဖို့ နဲ့  သားခြားဆက်စေဖို့  ထုတ်လုပ်ထားတာဖြစ်တယ် ။ ဒီတော့ ကျန်းမာရေးအတွက် ထုတ်လုပ်ထားတာကို နားလည်ထားတယ်ဆိုရင် ဘာ့ကြောင့် သားဆက်ခြားစေဖို့  ထုတ်လုပ်ထားရပါသလဲ ဆိုတာ လေ့လာဖို့ လိုတယ် ။ မိသားစုတစုမှာ သားသမီး အများအပြားမလိုချင်သူများ- ခလေးမမွေးဖွါးနိုင်သူများ -စီးပွါးရေးချို့ ယွင်းသူများအတွက် ထုတ်လုပ်ထားတယ် ဆိုတာ ယေဘူယျသိကြပါတယ် ။
လူဦးရေ မတန်မဆများပြားနေတဲ့ အတွက် အပြွတ်လိုက် သင်္ဘောသီးသလို မွေးနေတဲ့  လူမျိုးစုတွေဟာ လူ့ အခွင့်အရေးရဲ့  လူ့ အရသာ ကာမတဏှာကို ခံစားနိုင်ကြလွန်းလို့  မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှာ ဋ္ဌါနေတိုင်းရင်းသားစစ်စစ်ဖြစ်တဲ့  ရခိုင်လူမျိုးစုထက် -၉၀ ရာခိုင်နုံးကျော်ထိ များပြားနေတယ် ။ ဒါကို ဂါမစည်းကမ်းအရ ထိမ်းချုပ်ဖို့ လိုတယ် ။ ဒါ့ကြောင့် ကမ္ဘာ့ကုလသမ္မဂကတောင် စီမံကိန်းနဲ့  ချမှတ် ဆောင်ရွက်နေတာဖြစ်တယ် ။
နောက်တချက်က နိုင်ငံရေးပါတီတရပ်ရဲ့  ဥက္ကဋ္ဌ သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင် တဦးအနေနဲ့  စကားလက်လွပ် ပြောဆိုသင့် မသင့် ဆိုတာ တွက်ချက်ကြည့်ဖို့ လိုတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးပါတီတခုရဲ့  ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်ကာမတ္တ သတင်းထောက်တွေရဲ့  ပြောဆိုသုံးနုံး မေးမြန်းတာမျိုးကို မစီစစ်ဘဲ သတင်းထောက်ရဲ့  အာဘော်အတိုင်း မေးတာဖြေကြားလိုက်ပြီ ဆိုရင် အနာဂါတ်မှာ ဘာတွေ ဆိုးကျိုးဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားဖို့ လိုတယ် ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နုတ်မစောင့်စည်းမှု ပါးစပ်သရမ်းမှုကြောင့် ပြည်သူ့ ချဉ်ဖတ် ဘ၀ရောက်သွားရပြီ ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ လွှတ်တော်မှာ ပြောဆိုတင်ပြနိုင်တဲ့  အခြေအနေများစွာ ရှိနေတယ် ။ ခုတော့ မိမိကိုယ်ကို ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်နေတာကို သတိမထားဘဲ ရခိုင်ပြည်နယ်အစိုးရရဲ့  တာဝန်နဲ့  ဒီဂရီအရ ဆောင်ရွက်နေတဲ့  ဒေသန္တရအမိန့်  သို့ မဟုတ် ဂါမစည်းကမ်းထုတ်ပြန်ထားတာကို ဝေဖန်ပြောဆိုတာဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့  ဘောင်ကျော်ပြောဆိုနေခြင်းဖြစ်တယ် ။ တိကျစွာပြောရရင် အရာခပ်သိမ်းဟူသမျှ အစိုးရရဲ့  ပေါ်လီစီတခုကို ဝေဖန်တိုက်ခိုက်ချင်တဲ့  စိတ်ဓါတ်မျိုးရှိရင် လွှတ်တော်ထဲမှာ သွားရောက်တင်ပြပြောဆိုသင့်တယ် ။ ရခိုင်စုံစမ်းရေးကော်မရှင်က ဒေါက်တာရင်ရင်နွယ်ဟာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သလို နိုင်ငံရေးခေါင်းဆောင်တဦးလဲ မဟုတ်ဘူး ။ ပါရဂူဘွဲ့ ရ တဦးဖြစ်တဲ့ အလျှောက် ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့  စီစစ်ဆောင်ရွက်ချက်များကို ကမ္ဘာသိတင်ပြရာမှာ တကယ့်စံနမူနာ ယူထိုက်တဲ့  အမျိုးသမီးကောင်း တဦးဖြစ်တယ် ။ ရခိုင်အရေးနဲ့  ပတ်သက်လို့ ရှိရင် အဲဒီလို ပြောဖို့ လိုအပ်တယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှုမြင်သုံးသပ်ပုံနဲ့  ဒေါက်တာရင်ရင်နွယ်ရဲ့  တင်ပြချက်တွေ ချဉ်းကပ်ပုံတွေဟာ လွန်စွာကွာခြားနေတယ် ။
တကယ်တော့ လူမျိုလို့  လူမျိုးပျောက်ကွယ်သွားမဲ့  တကယ့်အန္တရယ်ကြီးမားတဲ့  ပေါ်လီစီရေးရာတွေနဲ့ ပါတ်သက်လို့  နုတ်သရမ်းပြီး ပြောဆိုတာဟာ မိမိပါတီရဲ့  အနာဂါတ်အတွက်သော်၎င်း- မျက်မှောက်ကာလအတွက်သော်၎င်း အကျိုးယုတ်စေတယ် ။ နိုင်ငံခေါင်းဆောင်ဆိုတာတွေဟာ နုတ်ကိုစောင့်စည်းရပါတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးသမားတွေရဲ့  စကားတလုံးဟာ လွန်စွာ တန်ဖိုးရှိစေပြီး ကမ္ဘာကျော်သောမိန့် ခွန်းမျိုး ဖြစ်စေတတ်တယ် ။ ဒါဟာ နိုင်ငံချစ်စိတ်နဲ့  ကာကွယ်ရမဲ့  အခြေအနေ- အမျိုးသားကိုယ်ကျိုးအတွက် ကာကွယ်ရမဲ့  ပေါ်လီစီတွေ ဖြစ်တယ် ။ အကြမ်းဖက်သမားများအတွက် လူ အခွင့်အရေးဆိုတာ နေရာမရှိဘူးလို့  အင်္ဂလန်နိုင်ငံမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြနေတာကို ဒေါ်အောင်ဆန်းစုကြည် မြင်ပါလိမ့်မယ် ။ ဒါဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံ လိုက်ရတဲ့  အင်္ဂလန်နိုင်ငံက လန်ဒန်သားတွေဖြစ်တယ် ။ အဲဒီလိုဘဲ မြန်မာနိုင်ငံ အနောက်ဖက်က ရခိုင်လူမျိုးတွေဟာ မောင်တောမြို့ နဲ့  ဘူးသီးတောင်မြို့ နယ်မှာ လူ့ အခွင့်အရေးချိုးဖေါက်ခံရလွန်းလို့  နောက်ကို ဒီ့ထက်မက ဆိုးဝါးတဲ့  လူ့ အခွင့်အရေးချိုးဖေါက်ခံရမှာကို ကာကွယ်လိုတဲ့  ဆန္ဒတွေနဲ့  ရခိုင်ပြည်နယ်အစိုးရ က ဒေသန္တရအမိန့် နဲ့  သူ့ ပြည်နယ် သူ့ နယ်မြေမှာ ချမှတ်တာကို လက်လွပ်စပယ် ပြောဆိုလိုက်တာဟာ နောက်ဆုံးမှာ ရခိုင်ပြည်နယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ဆိုးကျိုးများကို ဖန်တီးသွားတာဘဲ အဖတ်တင်သွားတယ် ။ နိုဘယ်ငြိမ်းချမ်းရေးခေါင်းဆောင် တဦးဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖွဲ့ ချုပ်ကို ရခိုင်ပြည်နယ်မှာ ကျွန်တော့်အနေနဲ့  အဲဒီလိုဘ၀မျိုး မဖြစ်စေချင်ဘူး ။ ခုတော့ တကယ်ဘဲ ဖြစ်သွားပါပြီကော ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ ဆိုတဲ့  မေးခွန်းကို ကျွန်တော်မေးလိုက်တာဖြစ်တယ်


ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment