Thursday, May 2, 2013

ကျုပ်တို့ အရပ်နဲ့  ကျုပ်တို့ ဇတ် ဆက်လို့ မှ ကချင်သေးတယ်

တကယ်ပါဘဲ ၊ ဒီတခါတော့ ကျုပ် အံ့သြမိတာ မလွန်ပါဘူးနော ။ နောက်တခါ ကျုပ်က ၀န်ကြီးဦးခင်ရီကို တောင်းဆိုတာလဲ အမှန်ပါဘဲပေါ့ ။ စဉ်းစားကြည့်ပါလားဗျာ ။ ဒီကနေ့ ဖြစ်ပျက်နေတဲ့  ရာခိုင်ပြသနာမှသည် တနေ့ က ဖြစ်ပျက်နေတဲ့  ဥက္ကံ - ဟော -သန်ကောင်စာရင်း ကောက်ဖို့  သွားတဲ့  တပ်-ရဲ-လ၀က -ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေ သေပြေးရှင်ပြေး ပြေးခဲ့ ရတာတွေကို ကျုပ်မြင်ရ ကြားရတော့ စိတ်ထဲမှာ မကောင်းလှဘူးဗျာ၊ ဟိုအယင်က အစိုးရက လက်ပိုက်ကြည့်နေပါတယ် ဆိုတာ ပြောသံတွေ ကြားဖူးတာဟာ နှစ်ဖက်စလုံး ပြောသံတွေပါ ။ ကျုပ်က ဘယ်ဖက်မှာမှ ရပ်ချင်တဲ့  လူမဟုတ်ဘူး ။ ခက်တာက ကုလားတွေကို ကျုပ်တို့ က ကုလားလို့ ဘဲ ခေါ်နေတာ ကျုပ်တို့  အဖိုးရဲ့  အဖေ လက်ထက်ကဗျ ။ ကျုပ်အဖီးကပြောတော့ ကျုပ်တို့ လယ်တွေ နည်းတာမှ မဟုတ်တာဗျာ ။ အုဋ္ဌ်တောင်ကျေးရွာ ဆိုတာ သိကြပါတယ် ။ လယ်ဧက တရာကျော်ဗျ ။ ၁၉၄၂- ခုနှစ် ဘူးသီးတောင်မြို့ နယ်မှာ ကုလားရခိုင်ပြသနာဖြစ်တော့ သေကြ ကြေကြနဲ့  ကျုပ်တို့ အဖိုးအဖီး လယ်တွေ တခါတည်း ကုလားလက်ထဲ ရောက်ကုန်ပါတယ် ၊ ဆွေမျိုးတွေ သေကုန်ပါတယ် ။ ကျုပ်အဖေက အိန္ဒိယနိုင်ငံ ဒိုင်နာစပူ ဆိုတဲ့  မြို့ ကို သွားပြီး စစ်ပြေးဒုက္ခသည်အဖြစ် စစ်ပြေးနေခဲ့ ရပါတယ် ။ 
    ပြန်လာတော့ ကျုပ်တို့  အဖိုး အဖီး ချမ်းသာခဲ့ သလောက် သူဋ္ဌေးကုန်းရပ်ကွက်လို့  နာမည်လေး တလုံးနဲ့ သာ ကျုပ်တို့ ဆွေမျိုးတွေ နေခဲ့ တဲ့  အရပ်ကို ခေါ်ဝေါ်ပေးကြပါတယ် ။ ကျုပ်တို့ က လယ်မရှိ ယာမရှိ အဲဒီလို သူဋ္ဌေးနာမည် တလုံးနဲ့  လောကကို ရောက်လာတဲ့ လူဘဲပေါ့ ။ ကျုပ်ပြောချင်တာ ကုလားကြောင့် လယ်ယာမြေတွေ ပျက်စီး -ဆွေမျိုးတွေ သေကြေပျက်စီးခဲ့ ရတာကို ကျုပ်မမေ့ပါဘူးပေါ့ ။ ဒါပေမဲ့  ကျုပ်ကိုတော့ ကျုပ်ဘ၀ကိုယ်၌က အရာရာဟာ မတည်မြဲဘူးဆိုတဲ့  ဗုဒ္ဒရဲ့  တရားတော်ကြောင့် ကျုပ်ဖြေနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့  ကျုပ်ကတော့ ကုလားကို ကျုပ်အဖိုးအဖီးတွေ ခေါ်ခဲ့ သလို ကျုပ်သေသွားလို့  နောက်ထပ် ကျုပ်ရဲ့  မြေးမြစ်အထိ မျိုးဆက်သစ်အထိ ခေါ်စေခဲ့ မှာဗျ ။ ရှင်းတယ်နော် ။ 
   ကျုပ်တို့ လောကကို မရောက်ခင်မှာ  ကျုပ်ရဲ့  ဆွေမျိုး ကျုပ်ရဲ့ လူမျိုးတွေ တော်တော်ကြီး ပျက်စီးသေကြေခဲ့ ရပါတယ် ။ ကျုပ်လောကကို ရောက်လာပြန်တော့ မကြာသေးခင်ကဘဲ ရခိုင်ပြည်နယ်မှာ ကုလားရခိုင် ပြန်လည်ဖြစ်လာပါရော့လား ။ ဒါပေမဲ့  ကျုပ်က နိုင်ငံခြားမှာ ရောက်နေပြီ ၊ ကျုပ်ဘာမှ ကူညီ လုပ်ပေး နိုင်စရာ တစက်မှ မရှိဘူး ။ ကျုပ် နေ့ စဉ်နဲ့  အမျှ ခံစားရပါတယ် ။ ၀မ်းနည်းရပါတယ် ။ ကျုပ်ခံစားနေတာဟာ လူမျိုးရေးမုန်းတီးမှုတွေကို ခံစားနေတာ မဟုတ်ဘူး ။ စနစ်တခုကို ခံစားနေတာဖြစ်တယ် ။ ခုတော့ စနစ်ကို ဖန်တီးနေတဲ့  မြန်မာနိုင်ငံအစိုးရက ကံကောင်းလို့  ရခိုင်တို့ ရဲ့  အနောက်ဖက်တံခါးကို သေချာစွာ တားဆီး ပိတ်ပင်ထားတာ တွေ့ ရတယ်ဗျ ။ ကျုပ်တို့  အနောက်ဖက် တံခါးက ကျိုးပေါက်ဖို့  အခြေအနေဆိုးတွေက တာစူနေပြီလေဗျာ ။
  ကျုပ်တို့ အနောက်ဖက် တံထားက ဘယ်သူ့ ကြောင့် ကျိုးပေါက်ဖို့  ဖြစ်ခဲ့ ရပါလိမ့် ။ ကျုပ်စဉ်းစားကြည့်တယ် ။ ဒါဟာ သွေးထိုးလှုံ့ ဆော်သူတွေကြောင့် ဖြစ်တယ် ။ ဒီလိုဖြစ်အောင် ဘယ်သူတွေ ဖန်တီးတာလဲ ဆိုပြီး ကျုပ်မျက်စိတွေကို သေသေချာချာ ဖွင့်ကြည့်တယ် ။ ကျုပ်တွေ့ ပြီ ။ ဒီလို ရခိုင်တို့ ရဲ့  အနောက်ဖက် တံခါးကို ကျိုးဖေါက်အောင် လုပ်တဲ့  သူက သောကြာနေ့  အရေးအခင်းမှာ မောင်တောမြို့ တနယ်လုံးကို မီးလောင်တိုက်သွင်းဖို့  ကြိုးစားတဲ့  ဒေါက်တာထွန်းအောင် ဆိုသူဘဲပေါ့ ။ ဒါပေမဲ့  ကျုပ်က အဲဒီလူကို ထောင်ကျနေပြီမို့  ဘာမှ မပြောချင်တော့ဘူး ။ သူက အစိုးရက ပေးထားတဲ့  ထောင်ဒဏ်ကို ကျခံနေရပြီ ။ ကျုပ်ပြောချင်တာက ကုလသမ္မဂ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တာနားရဲ့  ပြောတဲ့  စကားကို ကြားရလို့  ဒီစကား ပြောချင်တာဗျ ။ ဒီလူဒီစကားပြောတော့ သိပ်ကိုလွန်လွန်း နေပြီဗျာ ။ မြန်မာနိုင်ငံအစိုးရကတော့ ဘယ်လိုခံစားနေမယ်မှန်း ကျုပ်မပြောချင်ဘူး ။ ကျုပ်ခံစားတာကိုတော့ ကျုပ်ပြောမယ် ။ ကျုပ်ရင်နာလွန်းမက ရင်နာတယ်ဗျာ ။
    အကြမ်းဖက်သမားတဦးကို အစိုးရက ထိုက်တန်တဲ့  ဥပဒေတွေနဲ့  ထောင်ချထားပါလျှက်ကယ်နဲ့  အဲဒီအကြမ်းဖက်သမားကို ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကငြိမ်းချမ်းရေးလူသား တဦးအဖြစ် အစိုးရက လွှတ်ပေးဖို့  တောင်းဆိုတယ်တဲ့ ဗျာ ။ ကျုပ်ကတော့ ဒီလိုလူမျိုးကို ကုလသမ္မဂမှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခန့် အပ်ပေးတာကို လက်သင့်ခံနေတဲ့  မြန်မာနိုင်ငံ အစိုးရကို ဒီကတခါ ထပ်ပြီး တောင်းဆိုပါရစေဗျာ ။ ဒီလူကို မြန်မာနိုင်ငံအတွက် လက်မခံပါနဲ့ တော့ ၊ အခြားလူတဦးဦးကို လက်သင့်ခံဖို့  စိတ်ကူးကြပါဦး ၊ ကျုပ်လက်မခံလို့  တောင်းဆိုတာပါ ၊ ကျုပ်တောင်းဆိုသလို မြန်မာနိုင်ငံသူတရပ်လုံးကလဲ ဒီလိုတောင်းဆိုပြီး လမ်းပေါ်ထွက်ဆန္ဒပြကြရမှာလားဗျာ ၊ 
      ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်က အခုဘဲ အစီရင်ခံစာ ထုတ်ပြန်ထားပြီးပါပြီ ။ သူတို့ ရဲ့  အစီရင်ခံစာကိုလဲ လူတိုင်းဖတ်ကြပြီးပါပြီ ။  အစီရင်ခံစာ တစောင်လုံးကို မဖတ်တဲ့ သူက အခုလို အစီရင်ခံစာက ဘာကို ရည်ညွှန်းထောက်ပြနေတယ် ဆိုတာကို နားမလည်ဘဲ အခုလို လူပါးဝတာကို ကျုပ်တို့ က လက်ပိုက်ကြည့်နေရမှာလားဗျာ ။ ဒါဟာ သိပ်ကို သေသေချာချာ တိတိကျကျ စော်ကားတာဗျ ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့  အစီရင်ခံစာကို သေချာအောင် ဖတ်ပြီးရင် အားနည်းချက်များရှိရင် အကောင်းမြင်သဘောနဲ့  ဝေဖန်ထောက်ပြပြီး တင်ပြပေါ့ ။ ခုတော့ အကြမ်းဖက်သူကို ငြိမ်းချမ်းရေးအတွက် ထောင်ကလွှတ်ပေးဖို့ လိုတယ်တဲ့  ။ ကဲ -ကောင်းကြသေးရဲ့ လားဗျာ ။
     ကျုပ်က ဟိုလွန်ခဲ့ တဲ့  နှစ်-၂၀-လောက်က ဂွမြို့ နယ် ကျိန္တလီတံထားနားက ရတာနာမြိုင်ရွာမှာ နေခဲ့ ဖူးတယ် ။  ဆောင်းရာသီမှာ အငြိမ့်တွေ ဇါတ်တွေ ကကြတယ် ။ ကျုပ်တို့ ရတနာမြိုင်ဆိုတာကလဲ အငြိမ့်ကြိုက်သလား မပြောနဲ့  ။ ဆောင်းရာသီတချိန်လုံး အငြိမ့်ပွဲတွေ-ဇတ်ပွဲတွေနဲ့  စည်ကားပါ့ ။ ဒါနဲ့  အားမရလို့  ရွာဇါတ်ထောင် ကကြပါသေးတယ် ။ ကိုသိန်းဇံတို့ က အတီးသမား ဇတ်သမားတွေပေါ့ ။ တနေ့  ရွာဇတ်ကတော့ ကျုပ်နေတဲ့ အိမ်က မိန်းခလေးက အမေတွေ အကိုတွေရဲ့ အလယ် -အမေက ကျမကို ပိုကာ အထွေးဆုံးမို့ ချစ်တယ် -ချစ်တယ် -ဆိုပြီး ကပါလေရော့ ။ ဒီလိုနဲ့  ရွာကလူတွေက ဒီကောင်မလေးကို အကြောင်းသိတော့ ရီကြ အားပေးကြနဲ့  လက်ခုပ်သံ တညံညံပေါ့ ။ သူကပြီးတာနဲ့ နောက်တယောက်ကတော့ တီးလုံးတွေ တီးပေးလိုက်တာနဲ့  ကပါလေရော့ ။ အမှန်အတိုင်းဆိုရင် ကနေတဲ့  မိန်းခလေးတွေက တယောက်တပုဒ် ဆိုပြီးရင် ဇတ်စင်အောက်ကို ဆင်းလာရတော့တာပေါ့ ။ ဒါပေမဲ့ ကျုပ်တို့  ရွာက မင်းသမီးလေးက ဆရာ ကျမ ကချင်သေးတယ် ဆိုပြီး ဆက်ကပါတယ် ။ မနည်းတောင်းပန်ပြီး နောက်တပုဒ် အပြီးမှာ ဇတ်စင်ပေါ်က ဆင်းခိုင်းရပါတော့တယ် ပြောပါတယ် ။ 
     ကျုပ်တို့ အရပ်က ကျုပ်တို့ ဇတ်မှာတောင် ကချင်သေးတယ် ဆိုရင်တောင် ကြည့်နေတဲ့  လူကို အားနာလို့  ဇါတ်စင်ပေါ်က ခေါ်ယူပြောဆိုခဲ့ ရတာ ရှိတယ် ။ ကျုပ်တို့ အရပ်က ကျုပ်တို့ ဇတ်မှာ ကျုပ်တို့ က လူကြီးဖြစ်တယ် ။ ခုလဲဘဲ ကျုပ်တို့ အရပ်မှာ ကျုပ်တို့ ဟာ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့် တာဝန်ရှိနေရမယ် ။ ကျုပ်တို့ အရပ်ကို ကျုပ်တို့ က တံထားကျိုးလို့  ကျုပ်တို့ မြေကို ကျုပ်တို့ ကာကွယ်ရမယ် ဆိုရင် ကျုပ်တို့ မှာ သစ္စာတရားဆိုတာ ရှိတယ် ။ အဲဒီသစ္စာ တရားဆိုတာဟာ လူသားဆန်တဲ့  သစ္စာတရားဘဲဖြစ်တယ် ။  ကျုပ်တို့ ဆိုနေတဲ့  သစ္စာတရားဟာ မိမိတို့  အိမ် မိမိတို့ မြေ မိမိတို့ ဘ၀ကို ကာကွယ်စောင့်ရှောက်တာဘဲဖြစ်တယ် ။ ဒါ့ကြောင့်မို့  ကျုပ်က မြန်မာနိုင်ငံအစိုးရဟာ ရခိုင်လူမျိုးတွေဖက်က မားမားရပ်တည်ပေးတာကို ကျုပ်တိတိကျကျ သေသေချာချာ ထောက်ခံတယ်ဆိုတာ ပြောချင်တယ် ။ ဆက်လက်ထောက်ခံရအောင် တိတိကျကျ  ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့  ကျုပ်တောင်းဆိုတယ်  ။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment