
ဥတုရာသီ တောကိုမှီ၏။ လူနှင့်သက်ရှိ သတ္တ၀ါအပေါင်းတို့၏ အသက်ရှင် ရပ်တည်ရေးသည်လည်း ရာသီဥတုကို မှီခိုအားထားနေရသည်မှာ လောကသဘာဝပင် ဖြစ်သည်။ တောတောင်ကိုမှီ၍ မြစ်ချောင်းတို့ ဖြစ်ပေါ်လာရ၏။ မြစ်ချောင်းတို့နုန်းမြေပို့ချ
စီမံကိန်းတို့သည် လာဒ်ပေးလာဒ်ယူနှင့် အဂတိလိုက်စားခြင်းတည်းဟူသော အသွားထက်သည့် ပေါက်ချွန်း၊ပေါက်တူးတို့ဖြင့် တောရိုင်းမြေနှင့် လူနေရပ်ရွာအနီးတ၀ိုက်ရှိ လယ်မြေကိုင်းကျွန်းတို့ကို အပိုင်စီးလျှက် တူးဆွလျှက်ရှိသည်။ အာဏာတည်းဟူသော ဘူဒိုဇာဖြင့် သစ်တောများ၊ ကျေးရွာများ ကို အပြောင်ရှင်း၍ တလင်းဖြစ်အောင် ဖန်တီးနေလေ၏။ အိန္ဒိယဖြစ်၊ တရုတ်ဖြစ် မြေတူးမြေကော်စက် အပေါင်းတို့သည် မြစ်ချောင်းများရှိ သဲများကို ကော်ယူ၍ ရလာသည့်မြေသားကို မြစ်ရေဖြင့်ပြန်မျှော၊ ထွက်လာသည့်ရွှေကို ပြဒါးဖြင့်ဖမ်း၊ မလိုအပ်သည်တို့ကို စွန့်ပစ်၊ လမ်းတလျှောက်စီးသွားသည့် မြေဇာရွံ့နှစ်တို့က မြစ်ထဲသို့ပြန်လည် ရောက်ရှိသည့်အခါ နောက်ကျိသည့်ရေပြင်ဝယ် ပြဒါးဆိပ်၊ခဲဆိပ်တို့ရောနှောလျှ
အမိမြေသည် မှီတင်းနေထိုင်ကြကုန်သည့် သားသမီးများအတွက် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးတွင် မတောင့်မတ မကြောင့်မကြ ရပ်တည်စေရန်အလို့ငှာ သယံဇာတဟင်းလျှာကို ဥတုရာသီမရွေး ချက်ပြုတ်ကျွေးလျှက်ရှိသည်။ သို့သော် မျှတစွာခွဲဝေပေးရန်ကား သူ့တွင် အာဏာမရှိချေ။ တချို့သောသူများသည် အမြီးကျက်လျှင်အမြီးစား၊ ခေါင်းကျက်လျှင်ခေါင်းစား၊ ၀ါးပြီးထွေးထုတ်၊ ပိုလျှင် ဆွေစဉ်မျိုးဆက်စားနိုင်စေရန် လစ်လျှင်လစ်သလို ပါဆယ်ထုတ်လျှက် ရှိကြသည်။ မလစ်လျှင်လည်း မည်သူ့ကိုမျှ ဂရုမစိုက်ပဲ ကြောင်တောင်နှိုက်စားကြကုန်၏။ အရိုးအရင်းတို့သည်ကား မြေကြီးတွင်ပြန့်ကျဲလျှက်၊ ဆာလောင်မွတ်သိပ်သော မျက်လုံးသန်းပေါင်းစွာကို လှောင်ပြောင်လျှက် ရှိနေသည်။ နိုင်ငံတော်ကား အကြွေးနွံဝယ် ဇောက်ထိုးနစ်လျှက်ပင်။
ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း မြန်မာပြည်ကို စိုးစံအုပ်ချုပ်တော်မူသည့် ဆင်ဖြူမရှင် ကြက်ဆူဒါယကာ မင်းတရားကြီးသည် သူ၏ဘုန်းတန်ခိုးအာနုဘော်အရ တင်ရှိနေသည့် ကြွေးတော်မြီတော်အပေါင်းတို့အား ဖြေရှင်းရန်အလို့ငှာ ရေမြေသနင်းပြည့်ရှင်မင်းပီပီ ပိုင်ဆိုင်သည့် ရေ၊မြေတို့ကို မြီရှင်စိနတိုင်းသားများနှင့် မဇ္ဈိမတိုင်းသားတို့အား လက်ညှိုးထိုးအပ်ကာ စိတ်သဘောရှိ လိုသည့်အတိုင်း စီမံခွင့်ပေးရာ တစ်ချိန်တစ်ခါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် စံပြကြက်ဆူပင် စီမံကိန်းနှင့် နေပူတောင်မှလွဲ၍ တခြားကြီးမားသော စီမံကိန်းများနှင့် လားလားမျှ မသက်ဆိုင်ဖူးသည့် ရခိုင်ပြည်တွင် ဧရာမစီမံကိန်းများစွာတို့ ဖြစ်ထွန်းပေါ်ပေါက် လာလေတော့သည်။


ရခိုင်ပြည်နှင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံကို အစဉ်အဆက်အုပ်စိုးခဲ့ကြသည့် အစိုးရမင်းများအတွက် စီးပွားရေးအရ စိတ်ဝင်စားစရာ နည်းပါးလှသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလနှင့် ယခုအချိန်ထိ ရခိုင်ပြည်တွင် ပေါများသောအရာများမှာ အလုပ်လက်မဲ့များ၊ ရှေးဟောင်းစေတီပုထိုး အပျက်အစီးများနှင့် ဘင်္ဂလီများသာဖြစ်သည်။ ဆန်ရေစပါး၊ သားငါးပုဇွန်စသည်တို့ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ဆိုးရွားနိမ့်ကျသဖြင့် သူ့ရွာသူ့ဇာတ် အရပ်ဖူလုံရုံလောက်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်းအတွက် ငပလီကမ်းခြေမှလွဲလျှင် နေရာအများစုမှာ ရခိုင်ရိုးမကို အသက်နှင့်ရင်း၍ ဖြတ်သန်းရသည့်အတွက် ပြည်မသားများ အလည်အပတ်လာခဲသော အရပ်ဒေသတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒုတိယမြောက်အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်သည် တချိန်တခါက ဆင်းရဲမွဲတေနေသော်လည်း ပြည်တွင်းစစ်ဒဏ်ခံနေရသည့် အခြားပြည်နယ်များထက်စာလျှင် အတန်အသင့် ငြိမ်းချမ်းတည်ငြိမ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။ ကြံ့သတ္တ၀ါသည် ဈေးကောင်းရသည့် ဦးချိုနှင့်သွေးကြောင့် အသက်ဆုံးရှုံးရသကဲ့သို့ ဈေးကွက်မရှိသေးသောအချိန်တွင် ယူနီဖောင်းဝတ်တို့ တခါတရံ ဟင်းစားရှာကြသည်မှလွဲ၍ တည်ငြိမ်အေးချမ်းခဲ့သော အရပ်ဒေသသည် ယခုအခါတွင် အိမ်နီးချင်းနိုင်ငံကြီးနှစ်နို
ကုလားတန်မြစ်ကြောင်း စီမံကိန်း

၂၀၀၈ခုနှစ် ဧပြီလ၂ ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ကုလားတန်မြစ်ကြောင်း စီမံကိန်း (Kaladan Multi-Modal Trasit Transport Project)သည် အိန္ဒိယနိုင်ငံ ကာလက္ကတားမြို့မှသည် ကုန်တွင်းပိုင်းတွင် တောတောင်ထူထပ်မှုကြောင့် တိုက်ရိုက် ကုန်းကြောင်းဆက်သွယ်ရေး မလွယ်ကူသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသ(မီဇိုရမ်ပြည်နယ်)တို့ကို ကုန်စည်တင်ပို့ ဖြန့်ဖြူးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကုလားတန် မြစ်ကြောင်းတလျှောက် ရေကြောင်းခရီးဖြင့် တိုက်ရိုက်ဆက်သွယ်၍ ထိုမှတဆင့် ချင်းပြည်နယ်ကို ကုန်းကြောင်းခရီးဖြင့်ဖြတ်ကာ ကုန်းလမ်းရေလမ်း တစ်ပိုင်းစီပါဝင်သည့် ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းသွားမည့် အဆိုပါစီမံကိန်း၏ ဆုံရပ်သည် စီမံကိန်း၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းကို ဗဟိုပြုနေသောကြောင့် အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခုအဖြစ် အရေးပါလာမည့် စီမံကိန်းတစ်ရပ်လည်းဖြစ်သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကာလကတ္တားမြို့ ဆိပ်ကမ်းမှစတင်၍ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေဆိပ်ကမ်းအထိ ၅၃၉ကီလိုမီတာ ရှည်လျှားသော ပင်လယ်ခရီးကိုဖြတ်သန်းကာ ထိုမှတဆင့် မြစ်ကြောင်း၊ကုန်းလမ်းခရီးတိြု့
အပိုင်း(၁)
အနာဂတ်ကာလတွင် အရေအတွက်များပြားစွာ ဆိုက်ကပ်လာမည့် ပင်လယ်ကူးသင်္ဘောများအတွက် စစ်တွေဆိပ်ကမ်းကို တိုးချဲ့မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် စစ်တွေဆိပ်ကမ်း ဧရိယာကိုတိုးချဲ့ရုံသာမက Inland Waterway Terminal(IWT) အသစ်တစ်ခုကိုပါ တည်ဆောက်သွားရန် အစီအစဉ်ရှိနေသည်။

အပိုင်း(၂)
စစ်တွေမြို့နှင့် ချင်းပြည်နယ် ကလက်ဝမြို့အထိ ကုလားတန်မြစ်ကြောင်းတလျှောက် ၂၂၅ကီလိုမီတာ အကွာအဝေးအား ပင်လယ်ကူးသင်္ဘောကြီးများ ခုတ်မောင်းနိုင်သည့် အနက်ပမာဏသို့ တူးဖော်မည်ဖြစ်သည်။ ထို့အပြင် ခရီးတထောက်ရပ်နားရာဖြစ်သည့် ကလက်ဝမြို့၊ စက်ပစ်ပြင်တွင် IWT အသစ်တစ်ခုကို ထပ်မံတည်ဆောက် သွားမည်ဖြစ်သည်။ ဤအဆင့်ကို ၂၀၁၃ခုနှစ်တွင် အပြီးသတ်ရန် လျှာထားသည်။
အပိုင်း(၃)
ချင်းပြည်နယ် ကလက်ဝမြို့မှနေ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသအထိ ၆၂ကီလိုမီတာရှည်လျှားသော အဝေးပြေးလမ်းမကြီးတစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်သည်။
ဤစီမံကိန်းကို အဓိကအကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ဖြစ်ြ


စီမံကိန်းတည်ရှိရာ ကုလားတန်မြစ်ကြောင်းတလျှောက် သန်းနှင့်ချီသော ဒေသခံတို့သည် ဤမြစ်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြသည်။ သောက်ရေ၊သုံးရေတို့အတွက် မြစ်ကိုအားကိုးကြရသည်။ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွ




မြေယာသိမ်း၍ လျှော်ကြေးမရသည့်အခါ ဒေသခံအများစုသည် အလုပ်လက်မဲ့ဘ၀သို့ ရွေ့လျားကြကုန်၏။ ထိုင်းသို့စွန့်စားသွားရောက် အလုပ်လုပ်ကိုင်ရန် မတတ်နိုင်သောလူရွယ်အချို့အတွက် စေတနာကြီးမားလှသည့် တပ်မတော်ကြီးမှ ထမင်းနပ်မှန်သော အလုပ်ပေး၍ စုဆောင်းရေး လုပ်ကြလေသည်။ စစ်သားမလုပ်ချင်သောသူသည် ဘုန်းကြီးဝတ်၍ ဗမာပြည်မသို့ တက်ပြေးကြရရှာသည်။ ထိုသို့သောအခြေအနေ အစုစုကြောင့် ရခိုင်ပြည်ရှိ အချို့ကျေးလက်တောရွာများတွင် အရွယ်ကောင်းယောင်္ကျားသားတို့ ရှားပါး၍ ယခင်က ရွာတစ်ရွာလျှင် တောင်ပိုင်း၊မြောက်ပိုင်း ဘောလုံးနှစ်သင်းစာ အခိုင်အမာထွက်ရှိသည့် ရွာတို့တွင် ယခုအခါ အိမ်ထောင်ဦးစီး ယောင်္ကျားသား မရှိသလောက်နည်းပါးပြီး နို့သောက်နှင့် တုတ်ထောက်၊ မိန်းမသားတို့သာ ကျန်ရှိသဖြင့် လုပ်အားပေးဆင့်ခေါ်သည့်အခါ ဤသို့သောမြင်ကွင်းတို့ကို ရင်တွင်းမချိအောင် မြင်တွေ့နေရလေတော့သည်။

ကျေးလက်တောရွာများတွင်သာမက ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင်လည်း အဆိုပါစီမံကိန်း၏ ရိုက်ခတ်မှုကို မြို့ခံလူများ ခါးစည်းခံစားနေကြရသည်။ စစ်တွေဆိပ်ကမ်း စီမံကိန်းဧရိယာတ၀ိုက် ယခင်က အများပြည်သူ အပန်းဖြေရာ မင်းကြီးကျောက်တန်း တလျှောက်လုံးကို စီမံကိန်းက၀ါးမျိုမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်း တစိတ်တပိုင်း ပါဝင်နေသည့် စစ်တွေမြို့၏ အလှပဆုံး ပွိုင့်ကမ်းခြေမှာလည်း စီမံကိန်းကြောင့် မကြာမှီ ရုပ်ဆိုးအကျည်းတန်တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထို့အပြင် ကမ်းစပ်တလျှောက် ပင်လယ်ကူးသင်္ဘောကြီးများ ၀င်ရောက်နိုင်ရန်အတွက် သင်္ဘောလမ်းကြောင်း သတ်မှတ်ခြင်း၊ ရေအောက်ကြမ်းပြင် တူးဖော်ခြင်းစသည့် လုပ်ငန်းရပ်များကို ဖော်ဆောင်ခြင်း၊ လုပ်ငန်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပင်လယ်တွင်သို့ စွန့်ပစ်ခြင်းစသည်တို့ကို လုပ်ဆောင်ကြသည့်အခါ ရေထုညစ်ညမ်းမှုနှင့်အတူ ရေအောက်ကြမ်းပြင်တွင် နေထိုင်ကျက်စားကြကုန်သော ငါးပုဇွန်တို့ အစာရှာမှီးရာနှင့် မျိုးပွားရာနေရာဖြစ်သည့် သန္တာကျောက်တန်းတို့ ပျက်စီးပြီး အဏ္ဏ၀ါဂေဟစနစ်ကို အဆိုးရွားဆုံး ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ထိုသို့သော အခြေအနေတို့သည် ဒေသ၏အဓိက အသက်မွေးလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်းလုပ်ငန်း၏ အနာဂတ်ကို ပြင်းထန်စွာခြိမ်းခြောက်လျှက်ရှ



ထို့အတူ ကုလားတန် မြစ်ကြောင်းတလျှောက် ၂၂၅ကီလိုမီတာ အကွာအဝေးအထိ မြစ်ကြမ်းပြင် တူးဖော်မည့်လုပ်ငန်းမှာလည်း စီမံကိန်းလုပ်ဆောင်ရာ မြစ်ကမ်းနံဘေးရှိ မြောက်မြားစွာသော ဒေသခံတို့၏ ဘ၀ရပ်တည်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျှက်ရှိသည်။ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လူနေအိမ်ခြေများစွာ အတင်းအဓမ္မ ရွေ့ပြောင်းခံရနိုင်ပြီး အဆိုပါရွေ့ပြောင်းမှုနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများထံမှ မည်ကဲ့သို့စီစဉ်ထားသည်ကို မသိရှိရသေးချေ။ ထို့အပြင် မြစ်ကြမ်းပြင်ကို တူးဖော်သည့်အခါ မြစ်ရေနောက်ကျိခြင်းနှင့်အတူ ရေတွင်ပါဝင်သည့် အောက်စီဂျင်ဓာတ်နည်းပါးပြီး မြစ်တွင်းငါးတို့ သေကြေပျက်စီးကြလိမ့်မည်။ စီမံကိန်းလုပ်ဆောင်နေစဉ်ကာလအတွ


ထို့အပြင် မြစ်အထက်ပိုင်းရှိ ချင်းပြည်နယ်အတွင်းတွင် မြစ်ကြမ်းပြင်တူးဖော်ရုံသာမက ကျဉ်းမြောင်းသော မြစ်ဖျားပိုင်းကို သင်္ဘောများဝင်ရောက်နိုင်ရန်အတွက် မြစ်ကြောင်းချဲ့တွင်ခြင်း၊ သဘောင်္ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်သည့်အခါ ဒေသခံတို့ထံမှ လျှော်ကြေးတစ်ပြားတစ်ချပ်မှမပေး


ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်နှစ်ခုအတွက် ဒေသဖွံ့ဖြိုးရေးအလို့ငှာ ဤစီမံကိန်းအရပ်ရပ်ကို ဖော်ဆောင်၍ ဒေသခံများ၏ လူနေမှုဘ၀တိုးတက်မြင့်မားစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု နှစ်ဖက်အစိုးရတို့ မည်သို့ပင်ပြောဆိုစေကာမူ စီမံကိန်းတည်ရှိရာ မြန်မာနိုင်ငံဖက်ခြမ်းသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံ

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများစွာ လိုအပ်နေသည် မှန်သော်လည်း ပြည်သူတို့၏ နေထိုင်ရပ်တည်မှု ဘ၀အထွေထွေအား ရင်းနှီးစတေးပြီးမှ ရရှိလာမည့် ဖွံ့ဖြိုးတိုးတက်မှုသည် ခိုင်မာသည့် ဥပဒေစနစ်၊ မျှတသည့် အကျိုးအမြတ်ခွဲဝေမှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုတို့မရှိလျှင် အန္တရာယ်များလှသည်။ဒီမိုကရေစီ
No comments:
Post a Comment