Thursday, March 28, 2013

ဝံသာနု အယ်ဒီတာ့ အာဘော်


ဝံသာနု အယ်ဒီတာ့ အာဘော်

ဘီဘီစီကနေ တင်လိုက်တဲ့ ဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ် ပုံဖော်ထားတဲ့ မြေပုံတစ်ခုကနေစတင်ပြီး မြန်မာပြည်သူတွေကြားမှာ အမျိုးသားရေးနိုးကြားမှုတွေ ဖြစ်ပေါ်လာခဲ့တာ လူတိုင်းအသိပဲဖြစ်ပါတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးအခင်းမှာ ပြည်တွင်းနေ မူဆလင်တချို့ကလွဲလို့ ပြည်တွင်းပြည်ပ အလွှာပေါင်းစုံက မြန်မာတွေ ညီညွတ်ခဲ့ကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ အားလုံးစည်းလုံးညီညွတ်ခဲ့ကြတဲ့ အဲဒီအချိန်တုန်းက ဘင်္ဂလီအရေးထောက်ခံအားပေးခဲ့ကြတဲ့ ပြည်တွင်းနေမူဆလင် အွန်လိုင်းစာရေးသူတချို့ကြောင့် မြန်မာနိုင်ငံထဲက မူဆလင်တွေဟာ မြန်မာပြည်သူအများစုရဲ့ ဆန့်ကျင်ဖက်အဖြစ် ရှုမြင်ခြင်းခံခဲ့ရပါတယ်။

အဲဒီလို ရှုမြင်ရာကနေ စစ်အာဏာရှင်စနစ်ကာလတုန်းက အာဏာပိုင်တွေကို လက်သိပ်ထိုးပေါင်းပြီး စီးပွားရေးလုပ်ခဲ့ကြတဲ့ လုပ်ငန်းရှင်တွေထဲမှာမူဆလင်တွေ ပါဝင်ခဲ့တာရယ်၊ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတချို့ မူဆလင်နဲ့ လက်ထပ်ပြီး ဘာသာပြောင်းခံခဲ့ရတာရယ်၊ ဘင်္ဂလီတွေရဲ့ မူဆလင်နိုင်ငံတွေရဲ့ အကူအညီနဲ့ မြန်မာအစိုးရကို ဖိအားမျိုးစုံပေးနေတာရယ်၊ မီဒီယာတွေကနေ မြန်မာနိုင်ငံကို အပုတ်ချစော်ကားနေတာရယ်၊ အိမ်နီးချင်းနိုင်ငံအချို့က မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မူဆလင်တွေဆီမှာ သတ်ဖြတ်ခံခဲ့ရတာရယ်၊ မူဆလင်ဦးရေတိုးပွားလာနေတာရယ် စသဖြင့် အချက်ပေါင်းများစွာဟာ ဘင်္ဂလီဆန့်ကျင်ရေးကနေ မူဆလင်ဆန့်ကျင်ရေးဆီကို တဖြည်းဖြည်း အသွင်ကူးပြောင်းလာခဲ့ပါတယ်။

တဖက်မှာလည်း ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံရာမှာ မြန်မာနိုင်ငံထဲက ရှိရှိသမျှမူဆလင်တွေကို ပြန်တမ်းဝင်တိုင်းရင်းသားဖြစ်ရေးဆိုပြီး မိုက်မိုက်မဲမဲ တောင်းဆိုနေတဲ့ မူဆလင်ခေါင်းဆောင်တချို့ရယ်၊ လွှတ်တော်ထဲရောက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဘင်္ဂလီအမတ်တချို့ရဲ့ ဘင်္ဂလီဟာ ရိုဟင်ဂျာတိုင်းရင်းသားပါလို့ မရှက်မကြောက် ထုတ်ဖော်ပြောဆိုခဲ့တာတွေရယ်ကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေရဲ့ သတင်းတွေကလည်း ပြည်တွင်းနေမူဆလင်တွေကို မြန်မာပြည်သူတွေ သံသယပိုဝင်လာစေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်ရင် အာဏာရအစိုးရအနေနဲ့ နိုင်ငံတကာမှာ နာမည်ကောင်းရဖို့ အတိုက်အခံကို နေရာပေးလာရတဲ့အချိန်ဖြစ်နေပါတယ်။ အဲဒါကြောင့် အတိုက်အခံအင်အားစုတွေ လူထုထောက်ခံမှုပိုရလာတာကို မနာလိုမရှုစိမ့်တဲ့ အင်အားစုနှစ်ခု ရှိလာပါတယ်။ အုပ်စုတစ်ခုက အစိုးရအတွင်းက ယခင်စစ်အုပ်စုဝင်ဟောင်းတချို့ဖြစ်ပြီး တခြားအုပ်စုတစ်ခုကတော့ မြန်မာ့နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှ အသက်မွေးဝမ်းကျောင်းလို့ရမယ့် ပြည်ပအခြေစိုက် သိက္ခာမဲ့ အတိုက်အခံနိုင်ငံရေးသမားတချို့ပဲ ဖြစ်ပါတယ်။ ဒီအုပ်စုနှစ်ခုဟာ ရည်ရွယ်ချက်ချင်း မတူညီပေမယ့် လှုပ်ရှားဆောင်ရွက်မှုမှာတော့ လမ်းကြောင်းတစ်ခုတည်းကိုပဲ လျှောက်နေကြတယ်လို့ ၀ံသာနုအနေနဲ့ သုံးသပ်မိပါတယ်။ 

သူတို့လျှောက်နေတဲ့လမ်းကြောင်းကတော့ မြန်မာနိုင်ငံအတွင်းက အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကို ခုတုံးလုပ်ပြီး နိုင်ငံအတွင်း ဆူပူအုံကြွမှုတွေကနေ အမြတ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရထဲက အုပ်စုကြောင့် အစိုးရကိုအပြစ်တင်လို့ရပေမယ့် ခု သမ္မတဦးသိန်းစိန်ရဲ့ အစိုးရဟာ ယခင်စစ်အာဏာရှင်အစိုးရလိုမျိုး တစည်းတလုံးတည်းမဟုတ်ပဲ အာဏာလွန်ဆွဲမှုတွေ ရှိနေတာကြောင့် အစိုးရတစ်ဖွဲ့လုံးကို လက်ညှိုးထိုးလို့တော့ မရပါဘူး။ ဒီအုပ်စုရဲ့ ရည်မှန်းချက်ကတော့ အဓိကရုဏ်းတွေဆီကနေ အတိုက်အခံတွေရဲ့ တုန့်ပြန်မှုကို အပြစ်ရှာပြီး ပြည်သူလူထုရဲ့ အတိုက်အခံတွေအပေါ် ထောက်ခံအားပေးမှု ကျဆင်းအောင်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ တပ်မတော်ကျောထောက်နောက်ခံ လက်ရှိအစိုးရနဲ့ ကြံ့ခိုင်ရေးပါတီအပေါ် လူထုက အားကိုးပြီး ထောက်ခံလာဖို့ပါပဲ။ အဓိကရုဏ်းတွေအတောအတွင်း ကြံ့ခိုင်ရေးပါတီရဲ့ တုန့်ပြန်မှုတွေဟာ အတိုက်အခံတွေလိုမဟုတ်ပဲ အပြစ်လွတ်အောင် ဘေးထွက်ရပ်နေပြီး အစိုးရနဲ့စစ်တပ်ကပဲ နောက်ကျဝင်ရောက်လာမျိုးတွေဟာ သံသယဖြစ်စရာကောင်းလှပါတယ်။ နောက်ပြီး ဒီအဓိကရုဏ်းတွေကြောင့် ပြည်သူအများစုဟာ လက်ရှိအချိန်မှာ လှုပ်ရှားနေဆဲ နိုင်ငံခြားစီမံကိန်းဆန့်ကျင်ရေး၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေးတွေဆီကနေ အာရုံပြောင်းသွားတဲ့အတွက် အစိုးရအနေနဲ့ အသက်ရှူပေါက်ရအောင် ဖန်တီးနိုင်ခဲ့တယ်လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် ဒီလက်တစ်ဆုပ်စာ အုပ်စုကလွဲရင် တပ်မတော်သားအများစုဟာ အမျိုးသားရေးကို သစ္စာမဖောက်ပဲ ရိုးသားစွာ အားပေးနေကြတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။

ပြည်ပအခြေစိုက် လုပ်စားနိုင်ငံရေးအုပ်စုတွေကတော့ မြန်မာနိုင်ငံအတွင်း မတရားမှုတွေ၊ မငြိမ်မသက်မှုတွေ ရှိနေမှ သူတို့လက်ရှိရပ်တည်နေတဲ့ဘ၀မှာ လူရာဝင်ပြီး ၀င်ငွေမှန်နေမှာ ဖြစ်တာကြောင့် အေးအေးဆေးဆေး နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမယ့် ကိစ္စတွေမှာ မလိုအပ်ပဲ ဆူပူအုံကြွမှုတွေဖြစ်အောင် ဒလံတွေလွှတ်ပြီး တမင်တကာ ဖန်တီးနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ဘယ်တော့မှ မအေးချမ်းနိုင်အောင် ဘင်္ဂလီတွေကို တိုင်းရင်းသားဖြစ်ခွင့်ပေးရမယ်ဆိုတဲ့ လူ့အခွင့်အရေးခေါင်းစဉ်တပ်ပြီး မျက်နှာပြောင်တိုက် တောင်းဆိုတာမျိုးတွေကို ကြည့်ရင် ဒီအုပ်စုရဲ့ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ကျိုးရှာအုပ်စုနှစ်ခုကြောင့် ပြန်လည်ဦးမော့လာတဲ့ မြန်မာ့နိုင်ငံရေးမှာ ခလုပ်ကန်သင်း ထူပြောလာခဲ့ရပါတယ်။

မူဆလင်ဆန့်ကျင်ရေးကနေ အခြေခံပြီး အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ဖို့ ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ စနစ်တကျ အဖွဲ့အစည်းတည်ထောင်ပြီး လှုပ်ရှားတာမျိုးမဟုတ်ပဲ ထောက်ခံအားပေးတဲ့ တက်ကြွလှုပ်ရှားသူတွေကနေ အုပ်စုငယ်တွေဖွဲ့ပြီး ကိုယ့်တိုင်းရင်းသားပိုင် စီးပွားရေးကို အားပေးကြပါဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ လှုပ်ရှားခဲ့ကြပါတယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ သံဃာတချို့လည်း ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လာခဲ့ပါတယ်။ ၉၆၉လှုပ်ရှားသူတွေဟာ ဖွဲ့စည်းပုံတစ်ခုအောက်မှာ စနစ်တကျလှုပ်ရှားခဲ့တာ မဟုတ်တဲ့အတွက် ထောက်ခံအားပေးသူများသလို ဆန့်ကျင်ရှုံ့ချသူတွေလည်း ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် လစ်ဘရယ်အုပ်စုတွေက ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ လက်ယာအုပ်စုနဲ့ လစ်ဘရယ်အုပ်စုကြား အငြင်းပွားရာကနေ အပြန်အလှန်တိုက်ခိုက်ရင်း တချိန်ကညီညွတ်မှုတွေ ဆုံးရှုံးခဲ့ရပါတယ်။ လစ်ဘရယ်တွေဖက်က ထောက်ပြဝေဖန်သလိုမျိုး ၉၆၉လှုပ်ရှားသူတွေထဲမှာ အမျိုးသားအကျိုးစီးပွားမြှင့်တင်ရေးထက် မူဆလင်ဆန့်ကျင်ရေးကို ဦးစားပေးတဲ့လူတွေ များပြားနေခဲ့ပါတယ်။ ဒါကလည်း စနစ်တကျဖွဲ့စည်းထားတာမျိုး မဟုတ်ပဲ အုတ်အရောရော၊ ကျောက်အရောရော ဖြစ်သွားလို့ ခုလိုဖြစ်ရတာပါ။ ဒီအခြေအနေဟာ အစိုးရထဲက အမျိုးသားရေးခုတုံးလုပ်လိုသူ စစ်အုပ်စုဝင်ဟောင်းတချို့ကနေ မီးလောင်ရာလေပင့်ပေးဖို့ အရမ်းလွယ်ကူသွားခဲ့ပါတယ်။ အဲဒီအုပ်စုရဲ့ လက်ပါးစေတွေဟာ ၉၆၉လှုပ်ရှားသူတွေကြား စိမ့်ဝင်လာခဲ့ပြီး မူဆလင်ဆန့်ကျင်ရေး ဖန်တီးရာကနေ မိထ္ထီလာအဓိကရုဏ်းစတင်ပြီး ခုချိန်ထိ တစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်သွားရတဲ့ အနေအထားကို ရောက်ရှိသွားတဲ့အပြင် မူလက အမျိုးသားအကျိုးစီးပွားမြှင့်တင်ဖို့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားခဲ့တဲ့ ၉၆၉ဟာ အဲဒီလှုပ်ရှားမှုကြောင့် စီးပွားရေးထိခိုက်လာနေတဲ့ မူဆလင်တွေရဲ့ ခေါင်းစဉ်တပ်ရှုံ့ချမှုတွေကြားမှာ ဆိုးဆိုးဝါးဝါး နာမည်ပျက်ခဲ့ရပါတယ်။

ရခိုင်အရေးအခင်းမှာ အတိုက်အခံအုပ်စုရဲ့ အဓိကခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်မှုကို ပြည်သူတွေဝေဖန်ရာကနေ အဲဒီအုပ်စုအနေနဲ့ အတိုက်အခံတွေရရှိထားတဲ့ လူထုထောက်ခံမှုကိုဖဲ့ထုတ်ဖို့ လမ်းစရသွားပုံရပါတယ်။ ဒါပေမယ့် မရိုးသားမှုဟာ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားလို့မရပါဘူး။ လူထုထောက်ခံမှု ရရှိဖို့ သူတို့ခုတုံးလုပ်လိုက်တာက ပြည်သူလူထုရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေ ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း ပြည်ပအခြေစိုက် နိုင်ငံရေးလုပ်စားတချို့နဲ့ ဘင်္ဂလီအခွင့်အရေး လှုပ်ရှားသူတွေပေါင်းပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ ခုထက်ပိုပေးလာအောင်၊ မြန်မာနိုင်ငံသားမူဆလင်တွေနဲ့ ဘင်္ဂလီတွေကြားမှာ ပိုမိုစည်းလုံးလာအောင် ဖန်တီးတဲ့အနေနဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။  မြန်မာတွေက မူဆလင်တွေကို သတ်ဖြတ်ဖို့ ကြံစည်နေတဲ့အတွက် လက်နက်တွေအဆင်သင့်ပြင်ထားပါ၊ လက်ဦးမှုရအောင်ယူပါ ဆိုတာမျိုးပေါ့လေ။ အဲဒီလိုမျိုး လှုံ့ဆော်နေတဲ့ မူဆလင်အုပ်စုတစ်ခု ပြည်တွင်းမှာရှိနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သံသယဖြစ်နေတဲ့ အခြေအနေမှာ အဓိကရုဏ်းဆိုတာမျိုးက ဘယ်ဖက်ကပဲ စစ၊ ဖြစ်တာနဲ့ တဟုန်ထိုးပြန့်နှံ့သွားပါတော့တယ်။ အဓိကရုဏ်းရဲ့ဒဏ်ကို တကယ်တမ်းခံစားရတာက လှုံ့ဆော်သူတွေမဟုတ်တဲ့ သာမန်ပြည်သူတွေပါ။ အပြန်အလှန် တိုက်ခိုက်မှုတွေအပြီးမှာ ဘယ်ဖက်ကတရားလွန်တယ်၊ ဘယ်ဖက်ကဖြင့် မတရားခံရတယ် စသဖြင့် သက်ဆိုင်ရာအုပ်စုအလိုက် မကျေနပ်ချက်တွေ ထုတ်ပြန်ရင်း အငြိုးအတေးတွေ ကြီးသထက် ကြီးလာခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ခုချိန်ထိ ပွဲကမပြီးသေးပဲ ဆက်ရန်ရှိသည် မကြာမှီမျှော်ဆိုတဲ့ အနေအထားကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီလောက်ထိ ပုဒ်မ(၁၄၄)ထုတ်ပြန်ပြီး ထိတ်လန့်စွာနေကြရတဲ့ အခြေအနေမျိုးမှာတောင် အမျိုးသားရေးခုတုံးလုပ်ပြီး အဓိကရုဏ်းမီးမွှေးလိုသူတွေက ဇွဲမလျှော့ကြသေးပါဘူး။ လူနေရပ်ကွက်တွေကြားမှာ ကောဟလဟတွေ လျှောက်လွှင့်နေကြပါတယ်။မူဆလင်တွေဖက်ကဓားသွေးနေတဲ့အချိန်၊ မြန်မာတွေဖက်ကလည်း သွေးဆူနေတဲ့အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုတဲ့ ကောဟလဟဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဒီလိုမျိုး အဓိကရုဏ်းတွေမှာ ၀င်ရောက်သတ်ဖြတ် ရိုက်နှက်တဲ့ မြန်မာဖက်ကလူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲဆိုတဲ့ စဉ်းစားစရာမေးခွန်းတစ်ခု ပေါ်လာပါတယ်။ မူဆလင်ဖက်ကတော့ ဂျီဟတ်သမားတွေပေါ့လေ။ ဗုဒ္ဓဘာသာဝင်အများစုဟာ သတ်ဖြတ်မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်တဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ အဲဒီလူမျိုးအများစုဟာ သာမန်ပြည်သူတွေပါ။ မူဆလင်တွေလိုမျိုး ဂျီဟတ်မရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေထဲမှာ လက်ရဲဇက်ရဲသတ်ဖြတ်ရဲတာ၊ သွေးမြေကျမှုတွေကို ဖန်တီးရဲတာ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲ။ ဖြစ်သွားခဲ့တဲ့ တောင်ကုတ်အရေးအခင်းကို ပြန်သတိရမိပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အစိုးရလက်ပါးစေ လက်မရွံ့လူတန်းစားတစ်ရပ်ကို ၀ံသာနုပရိသတ်တွေ မမေ့ကြသေးဘူးလို့ ထင်မိပါတယ်။ ခုချိန်ထိ တရားခံမမိသေးတဲ့ ဒီပဲယင်းလူသတ်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတွေမှာ အရပ်ဝတ်နဲ့ ပြည်သူတွေကို လက်သံပြောင်ခဲ့တဲ့ စွမ်းအားရှင်တွေပါ။ ဒီလောက်ထိ တပ်လှန့်ထားတဲ့ အခြေအနေမျိုးမှာ ၀င်ထွက်လှုံ့ဆော်ရဲတာ ဒီအုပ်စုကလွဲရင် တခြားမမြင်မိပါဘူး။ ဒီလူတွေဟာ ဦးသိန်းစိန်အစိုးရ တက်ပြီးနောက်ပိုင်း သိပ်မထင်ပေါ်တော့ပေမယ့်လို့ ဘယ်မှမသွားပဲ မြို့နယ်တိုင်းမှာ ရှိနေတုန်းပါပဲ။ ရွှေသမင်ကို ဖမ်းဆီးမိန့်ထုတ်ထားပေမယ့်လို့ အဲဒီသမင်က မင်းကြီးတာကနေ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်နေတာပါ။ သိပေမယ့် တာဝန်ရှိသူတွေဟာ ဒီလူတွေအပေါ်မှာတော့ တာဝန်ရှိရဲလိမ့်မယ် မထင်ပါဘူး။ ဒီလူတွေ ဘာလုပ်လုပ် ၉၆၉မျက်နှာဖုံးစွပ်ပြီး လုပ်တော့ ၉၆၉ခမျာ အချောင်နာမည်ပျက်ရပါတယ်။

ခု ၀ံသာနုဆီပေးပို့လာတဲ့ လှုံ့ဆော်စာ ဓာတ်ပုံတစ်ခုကို သက်သေအထောက်အထားအဖြစ် တင်ပြချင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီစာဟာ အမှတ်တမဲ့ကြည့်ရင် မူဆလင်တွေရေးထားတာလို့ ယုံကြည်ချင်စရာ ဖြစ်နေပါတယ်။ ဒါပေမယ့် သေချာဖတ်ပြီး သုံးသပ်ကြည့်တဲ့အခါ မူဆလင်တွေ ရေးထားတာ လုံးဝမဟုတ်ပါဘူး။ နောက်ပြီး စာမှာပါတဲ့ အမှတ်တံဆိပ်က Rohingya Blogger ရဲ့ အမှတ်တံဆိပ်ကို ပုံတူကူးချထားတာကို တွေ့ရပါတယ်။ စာထဲမှာ ရေးထားတာတွေကလည်း အလ္လာကလွဲရင် အစ္စလာမ်သာသနာဆိုင်ရာ ဝေါဟာရတစ်လုံးမှ မပါဝင်ပါဘူး။ အဲဒီတော့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရန်တိုက်ထားတဲ့ စာဆိုတာ ထင်ရှားနေပါတယ်။ မူဆလင်အများစုနေထိုင်ရာ ကန်တော်လေးကို ပစ်မှတ်ထားပြီး ကန်တော်ကလေးစစ်သည်များလို့ ပါတဲ့အတွက် ရန်ကုန်မှာ အဓိကရုဏ်းထပ်မံဖြစ်ပွားအောင် ကြံစည်ထားတာလို့ပဲ ယူဆမိပါတယ်။ သေချာတာတစ်ခုကတော့ ဒီစာကိုရေးတဲ့လူဟာ ဗဟုသုတနည်းပါးတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ ၀ံသာနုအနေနဲ့  မူဆလင်တွေ ဂျီဟတ်လှုံ့ဆော်တဲ့ စာအရေးအသားများစွာကို လေ့လာဖူးတဲ့အတွက် ဒီစာဟာ အတုဆိုတာ သိလိုက်ရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ အမျိုးသားရေးဆိုတာ ဘယ်လိုအရေးကိစ္စမျိုးမှာမဆို ခုတုံးမလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ အမျိုးသားရေးရဲ့နောက်မှာ အမျိုးသားအကျိုးစီးပွားဆိုတာ ဒွန်တွဲနေပါတယ်။ အပြင်ရန်ကိုတွန်းလှန်ခုခံနေရတဲ့အချိန်မှာ အတွင်းကနေ လှိုက်စားပြီး အခေါင်းဖောက် အမြတ်ထုတ်နေမယ်ဆိုရင် မှန်မှန်ကန်ကန်ရပ်တည်နေတဲ့ လူတွေကြားမှာ အက်ကြောင်းတွေပေါ်လာပြီး မကြာတော့မယ့် အချိန်ကာလတစ်ခုမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် ပွင့်ထွက် ပျက်စီးသွားပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ခုစာရေးနေတဲ့ ၀ံသာနုအယ်ဒီတာရဲ့ အနာဂတ်ဖြစ်သလို အဓိကရုဏ်းဖန်တီးနေသူ စွမ်းအားရှင်တွေရဲ့ အနာဂတ်ပါပဲ။ ကယ်ဆယ်ရေးစခန်းတွေမှာ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ်ဖြစ်သလို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အုပ်စုရဲ့ နောင်လာမယ့် သား၊သမီး၊မြေး၊မြစ်တွေရဲ့ အနာဂတ်ဖြစ်တယ်ဆိုတာ သတိပြုကြပါလို့ တိုက်တွန်းရင်း

မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

ဝံသာနု


ဘီဘီစီကနေတင်လိုက်တဲ့ဘင်္ဂလီတွေကိုတိုင်းရင်းသားအဖြစ်ပုံဖော်ထားတဲ့ မြေပုံတစ်ခုကနေစတင်ပြီး မြန်မာပြည်သူတွေကြားမှာ အမျိုးသားရေးနိုးကြားမှုတွေဖြစ်ပေါ်လာခဲ့တာလူတိုင်းအသိပဲဖြစ်ပါတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးအခင်းမှာပြည်တွင်းနေမူဆလင်တချို့ကလွဲလို့ပြည်တွင်းပြည်ပအလွှာပေါင်းစုံက မြန်မာတွေ ညီညွတ်ခဲ့ကြတာကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။အားလုံးစည်းလုံးညီညွတ်ခဲ့ကြတဲ့အဲဒီအချိန်တုန်းက ဘင်္ဂလီအရေးထောက်ခံအားပေးခဲ့ကြတဲ့ပြည်တွင်းနေမူဆလင်အွန်လိုင်းစာရေးသူတချို့ကြောင့် မြန်မာနိုင်ငံထဲက မူဆလင်တွေဟာ မြန်မာပြည်သူအများစုရဲ့ ဆန့်ကျင်ဖက်အဖြစ် ရှုမြင်ခြင်းခံခဲ့ရပါတယ်။

အဲဒီလို ရှုမြင်ရာကနေ စစ်အာဏာရှင်စနစ်ကာလတုန်းက အာဏာပိုင်တွေကို လက်သိပ်ထိုးပေါင်းပြီး စီးပွားရေးလုပ်ခဲ့ကြတဲ့လုပ်ငန်းရှင်တွေထဲမှာမူဆလင်တွေပါဝင်ခဲ့တာရယ်၊ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတချို့ မူဆလင်နဲ့ လက်ထပ်ပြီး ဘာသာပြောင်းခံခဲ့ရတာရယ်၊ ဘင်္ဂလီတွေရဲ့ မူဆလင်နိုင်ငံတွေရဲ့ အကူအညီနဲ့ မြန်မာအစိုးရကို ဖိအားမျိုးစုံပေးနေတာရယ်၊ မီဒီယာတွေကနေ မြန်မာနိုင်ငံကို အပုတ်ချစော်ကားနေတာရယ်၊ အိမ်နီးချင်းနိုင်ငံအချို့က မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မူဆလင်တွေဆီမှာ သတ်ဖြတ်ခံခဲ့ရတာရယ်၊ မူဆလင်ဦးရေတိုးပွားလာနေတာရယ် စသဖြင့် အချက်ပေါင်းများစွာဟာ ဘင်္ဂလီဆန့်ကျင်ရေးကနေ မူဆလင်ဆန့်ကျင်ရေးဆီကို တဖြည်းဖြည်း အသွင်ကူးပြောင်းလာခဲ့ပါတယ်။

တဖက်မှာလည်း၂၀၁၄သန်းခေါင်စာရင်းကောက်ခံရာမှာမြန်မာနိုင်ငံထဲကရှိရှိသမျှမူဆလင်တွေကို ပြန်တမ်းဝင်တိုင်းရင်းသားဖြစ်ရေးဆိုပြီး မိုက်မိုက်မဲမဲ တောင်းဆိုနေတဲ့ မူဆလင်ခေါင်းဆောင်တချို့ရယ်၊ လွှတ်တော်ထဲရောက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဘင်္ဂလီအမတ်တချို့ရဲ့ ဘင်္ဂလီဟာ ရိုဟင်ဂျာတိုင်းရင်းသားပါလို့ မရှက်မကြောက် ထုတ်ဖော်ပြောဆိုခဲ့တာတွေရယ်ကြောင့်အခြေအနေတွေပိုမိုဆိုးရွားလာခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေရဲ့သတင်းတွေကလည်း ပြည်တွင်းနေမူဆလင်တွေကို မြန်မာပြည်သူတွေ သံသယပိုဝင်လာစေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာမြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုလေ့လာကြည့်ရင်အာဏာရအစိုးရအနေနဲ့ နိုင်ငံတကာမှာ နာမည်ကောင်းရဖို့အတိုက်အခံကိုနေရာပေးလာရတဲ့အချိန်ဖြစ်နေပါတယ်။အဲဒါကြောင့်အတိုက်အခံအင်အားစုတွေ လူထုထောက်ခံမှုပိုရလာတာကို မနာလိုမရှုစိမ့်တဲ့ အင်အားစုနှစ်ခု ရှိလာပါတယ်။အုပ်စုတစ်ခုကအစိုးရအတွင်းကယခင်စစ်အုပ်စုဝင်ဟောင်းတချို့ဖြစ်ပြီး တခြားအုပ်စုတစ်ခုကတော့မြန်မာ့နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင်အသက်မွေးဝမ်းကျောင်းလို့ရမယ့် ပြည်ပအခြေစိုက် သိက္ခာမဲ့ အတိုက်အခံနိုင်ငံရေးသမားတချို့ပဲ ဖြစ်ပါတယ်။ ဒီအုပ်စုနှစ်ခုဟာ ရည်ရွယ်ချက်ချင်း မတူညီပေမယ့် လှုပ်ရှားဆောင်ရွက်မှုမှာတော့ လမ်းကြောင်းတစ်ခုတည်းကိုပဲ လျှောက်နေကြတယ်လို့ ၀ံသာနုအနေနဲ့ သုံးသပ်မိပါတယ်။

သူတို့လျှောက်နေတဲ့လမ်းကြောင်းကတော့ မြန်မာနိုင်ငံအတွင်းက အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကို ခုတုံးလုပ်ပြီး နိုင်ငံအတွင်း ဆူပူအုံကြွမှုတွေကနေ အမြတ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရထဲက အုပ်စုကြောင့် အစိုးရကိုအပြစ်တင်လို့ရပေမယ့် ခု သမ္မတဦးသိန်းစိန်ရဲ့ အစိုးရဟာ ယခင်စစ်အာဏာရှင်အစိုးရလိုမျိုး တစည်းတလုံးတည်းမဟုတ်ပဲ အာဏာလွန်ဆွဲမှုတွေ ရှိနေတာကြောင့် အစိုးရတစ်ဖွဲ့လုံးကို လက်ညှိုးထိုးလို့တော့ မရပါဘူး။ ဒီအုပ်စုရဲ့ ရည်မှန်းချက်ကတော့ အဓိကရုဏ်းတွေဆီကနေ အတိုက်အခံတွေရဲ့ တုန့်ပြန်မှုကို အပြစ်ရှာပြီး ပြည်သူလူထုရဲ့ အတိုက်အခံတွေအပေါ် ထောက်ခံအားပေးမှု ကျဆင်းအောင်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ တပ်မတော်ကျောထောက်နောက်ခံ လက်ရှိအစိုးရနဲ့ ကြံ့ခိုင်ရေးပါတီအပေါ် လူထုက အားကိုးပြီး ထောက်ခံလာဖို့ပါပဲ။ အဓိကရုဏ်းတွေအတောအတွင်း ကြံ့ခိုင်ရေးပါတီရဲ့ တုန့်ပြန်မှုတွေဟာ အတိုက်အခံတွေလိုမဟုတ်ပဲ အပြစ်လွတ်အောင် ဘေးထွက်ရပ်နေပြီး အစိုးရနဲ့စစ်တပ်ကပဲ နောက်ကျဝင်ရောက်လာမျိုးတွေဟာ သံသယဖြစ်စရာကောင်းလှပါတယ်။ နောက်ပြီး ဒီအဓိကရုဏ်းတွေကြောင့် ပြည်သူအများစုဟာ လက်ရှိအချိန်မှာ လှုပ်ရှားနေဆဲ နိုင်ငံခြားစီမံကိန်းဆန့်ကျင်ရေး၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေးတွေဆီကနေ အာရုံပြောင်းသွားတဲ့အတွက် အစိုးရအနေနဲ့ အသက်ရှူပေါက်ရအောင် ဖန်တီးနိုင်ခဲ့တယ်လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် ဒီလက်တစ်ဆုပ်စာ အုပ်စုကလွဲရင် တပ်မတော်သားအများစုဟာ အမျိုးသားရေးကို သစ္စာမဖောက်ပဲ ရိုးသားစွာ အားပေးနေကြတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။

ပြည်ပအခြေစိုက်လုပ်စားနိုင်ငံရေးအုပ်စုတွေကတော့ မြန်မာနိုင်ငံအတွင်း မတရားမှုတွေ၊ မငြိမ်မသက်မှုတွေ ရှိနေမှသူတို့လက်ရှိရပ်တည်နေတဲ့ဘ၀မှာလူရာဝင်ပြီးဝင်ငွေမှန်နေမှာ ဖြစ်တာကြောင့် အေးအေးဆေးဆေး နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမယ့် ကိစ္စတွေမှာ မလိုအပ်ပဲ ဆူပူအုံကြွမှုတွေဖြစ်အောင် ဒလံတွေလွှတ်ပြီး တမင်တကာ ဖန်တီးနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ဘယ်တော့မှ မအေးချမ်းနိုင်အောင် ဘင်္ဂလီတွေကို တိုင်းရင်းသားဖြစ်ခွင့်ပေးရမယ်ဆိုတဲ့လူ့အခွင့်အရေးခေါင်းစဉ်တပ်ပြီးမျက်နှာပြောင်တိုက် တောင်းဆိုတာမျိုးတွေကို ကြည့်ရင် ဒီအုပ်စုရဲ့ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ကျိုးရှာအုပ်စုနှစ်ခုကြောင့် ပြန်လည်ဦးမော့လာတဲ့ မြန်မာ့နိုင်ငံရေးမှာ ခလုပ်ကန်သင်း ထူပြောလာခဲ့ရပါတယ်။

မူဆလင်ဆန့်ကျင်ရေးကနေအခြေခံပြီးအမျိုးသားအကျိုးစီးပွားကိုမြှင့်တင်ဖို့၉၆၉လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ စနစ်တကျ အဖွဲ့အစည်းတည်ထောင်ပြီး လှုပ်ရှားတာမျိုးမဟုတ်ပဲ ထောက်ခံအားပေးတဲ့ တက်ကြွလှုပ်ရှားသူတွေကနေ အုပ်စုငယ်တွေဖွဲ့ပြီး ကိုယ့်တိုင်းရင်းသားပိုင် စီးပွားရေးကို အားပေးကြပါဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ လှုပ်ရှားခဲ့ကြပါတယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ သံဃာတချို့လည်း ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လာခဲ့ပါတယ်။ ၉၆၉လှုပ်ရှားသူတွေဟာ ဖွဲ့စည်းပုံတစ်ခုအောက်မှာ စနစ်တကျလှုပ်ရှားခဲ့တာ မဟုတ်တဲ့အတွက် ထောက်ခံအားပေးသူများသလို ဆန့်ကျင်ရှုံ့ချသူတွေလည်းပေါ်ပေါက်လာပါတယ်။အထူးသဖြင့်လစ်ဘရယ်အုပ်စုတွေက ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ လက်ယာအုပ်စုနဲ့ လစ်ဘရယ်အုပ်စုကြား အငြင်းပွားရာကနေ အပြန်အလှန်တိုက်ခိုက်ရင်း တချိန်ကညီညွတ်မှုတွေ ဆုံးရှုံးခဲ့ရပါတယ်။ လစ်ဘရယ်တွေဖက်က ထောက်ပြဝေဖန်သလိုမျိုး ၉၆၉လှုပ်ရှားသူတွေထဲမှာ အမျိုးသားအကျိုးစီးပွားမြှင့်တင်ရေးထက် မူဆလင်ဆန့်ကျင်ရေးကို ဦးစားပေးတဲ့လူတွေ များပြားနေခဲ့ပါတယ်။ ဒါကလည်း စနစ်တကျဖွဲ့စည်းထားတာမျိုး မဟုတ်ပဲ အုတ်အရောရော၊ ကျောက်အရောရော ဖြစ်သွားလို့ ခုလိုဖြစ်ရတာပါ။ ဒီအခြေအနေဟာ အစိုးရထဲက အမျိုးသားရေးခုတုံးလုပ်လိုသူ စစ်အုပ်စုဝင်ဟောင်းတချို့ကနေ မီးလောင်ရာလေပင့်ပေးဖို့ အရမ်းလွယ်ကူသွားခဲ့ပါတယ်။ အဲဒီအုပ်စုရဲ့ လက်ပါးစေတွေဟာ ၉၆၉လှုပ်ရှားသူတွေကြား စိမ့်ဝင်လာခဲ့ပြီး မူဆလင်ဆန့်ကျင်ရေး ဖန်တီးရာကနေ မိထ္ထီလာအဓိကရုဏ်းစတင်ပြီး ခုချိန်ထိ တစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်သွားရတဲ့ အနေအထားကို ရောက်ရှိသွားတဲ့အပြင် မူလက အမျိုးသားအကျိုးစီးပွားမြှင့်တင်ဖို့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားခဲ့တဲ့ ၉၆၉ဟာ အဲဒီလှုပ်ရှားမှုကြောင့် စီးပွားရေးထိခိုက်လာနေတဲ့ မူဆလင်တွေရဲ့ ခေါင်းစဉ်တပ်ရှုံ့ချမှုတွေကြားမှာ ဆိုးဆိုးဝါးဝါး နာမည်ပျက်ခဲ့ရပါတယ်။

ရခိုင်အရေးအခင်းမှာအတိုက်အခံအုပ်စုရဲ့အဓိကခါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တုန့်ပြန်မှုကို ပြည်သူတွေဝေဖန်ရာကနေ အဲဒီအုပ်စုအနေနဲ့ အတိုက်အခံတွေရရှိထားတဲ့ လူထုထောက်ခံမှုကိုဖဲ့ထုတ်ဖို့ လမ်းစရသွားပုံရပါတယ်။ ဒါပေမယ့် မရိုးသားမှုဟာ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားလို့မရပါဘူး။ လူထုထောက်ခံမှု ရရှိဖို့ သူတို့ခုတုံးလုပ်လိုက်တာက ပြည်သူလူထုရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေ ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်းပြည်ပအခြေစိုက်နိုင်ငံရေးလုပ်စားတချို့နဲ့ဘင်္ဂလီအခွင့်အရေးလှုပ်ရှားသူတွေပေါင်းပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ ခုထက်ပိုပေးလာအောင်၊ မြန်မာနိုင်ငံသားမူဆလင်တွေနဲ့ ဘင်္ဂလီတွေကြားမှာ ပိုမိုစည်းလုံးလာအောင် ဖန်တီးတဲ့အနေနဲ့ပြည်တွင်းမငြိမ်မသက်မှုတွေဖြစ်ပွားအောင်လှုံ့ဆော်တာမျိုးတွေလုပ်ဆောင်ခဲ့ပါတယ်။ မြန်မာတွေက မူဆလင်တွေကိုသတ်ဖြတ်ဖို့ကြံစည်နေတဲ့အတွက်လက်နက်တွေအဆင်သင့်ပြင်ထားပါ၊ လက်ဦးမှုရအောင်ယူပါဆိုတာမျိုးပေါ့လေ။အဲဒီလိုမျိုးလှုံ့ဆော်နေတဲ့မူဆလင်အုပ်စုတစ်ခု ပြည်တွင်းမှာရှိနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သံသယဖြစ်နေတဲ့ အခြေအနေမှာ အဓိကရုဏ်းဆိုတာမျိုးက ဘယ်ဖက်ကပဲ စစ၊ ဖြစ်တာနဲ့ တဟုန်ထိုးပြန့်နှံ့သွားပါတော့တယ်။ အဓိကရုဏ်းရဲ့ဒဏ်ကို တကယ်တမ်းခံစားရတာက လှုံ့ဆော်သူတွေမဟုတ်တဲ့ သာမန်ပြည်သူတွေပါ။ အပြန်အလှန် တိုက်ခိုက်မှုတွေအပြီးမှာ ဘယ်ဖက်ကတရားလွန်တယ်၊ ဘယ်ဖက်ကဖြင့် မတရားခံရတယ် စသဖြင့် သက်ဆိုင်ရာအုပ်စုအလိုက် မကျေနပ်ချက်တွေ ထုတ်ပြန်ရင်း အငြိုးအတေးတွေ ကြီးသထက် ကြီးလာခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ခုချိန်ထိ ပွဲကမပြီးသေးပဲ ဆက်ရန်ရှိသည် မကြာမှီမျှော်ဆိုတဲ့ အနေအထားကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီလောက်ထိပုဒ်မ(၁၄၄)ထုတ်ပြန်ပြီးထိတ်လန့်စွာနေကြရတဲ့အခြေအနေမျိုးမှာတောင်အမျိုးသားရေးခုတုံးလုပ်ပြီး အဓိကရုဏ်းမီးမွှေးလိုသူတွေကဇွဲမလျှော့ကြသေးပါဘူး။လူနေရပ်ကွက်တွေကြားမှာ ကောဟလဟတွေ လျှောက်လွှင့်နေကြပါတယ်။မူဆလင်တွေဖက်ကဓားသွေးနေတဲ့အချိန်၊ မြန်မာတွေဖက်ကလည်း သွေးဆူနေတဲ့အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုတဲ့ ကောဟလဟဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဒီလိုမျိုး အဓိကရုဏ်းတွေမှာ ၀င်ရောက်သတ်ဖြတ် ရိုက်နှက်တဲ့ မြန်မာဖက်ကလူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲဆိုတဲ့ စဉ်းစားစရာမေးခွန်းတစ်ခု ပေါ်လာပါတယ်။ မူဆလင်ဖက်ကတော့ ဂျီဟတ်သမားတွေပေါ့လေ။ ဗုဒ္ဓဘာသာဝင်အများစုဟာ သတ်ဖြတ်မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်တဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ အဲဒီလူမျိုးအများစုဟာ သာမန်ပြည်သူတွေပါ။ မူဆလင်တွေလိုမျိုး ဂျီဟတ်မရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေထဲမှာ လက်ရဲဇက်ရဲသတ်ဖြတ်ရဲတာ၊သွေးမြေကျမှုတွေကိုဖန်တီးရဲတာဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲ။ ဖြစ်သွားခဲ့တဲ့ တောင်ကုတ်အရေးအခင်းကို ပြန်သတိရမိပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အစိုးရလက်ပါးစေ လက်မရွံ့လူတန်းစားတစ်ရပ်ကို ၀ံသာနုပရိသတ်တွေ မမေ့ကြသေးဘူးလို့ ထင်မိပါတယ်။ ခုချိန်ထိ တရားခံမမိသေးတဲ့ ဒီပဲယင်းလူသတ်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတွေမှာ အရပ်ဝတ်နဲ့ ပြည်သူတွေကို လက်သံပြောင်ခဲ့တဲ့ စွမ်းအားရှင်တွေပါ။ ဒီလောက်ထိ တပ်လှန့်ထားတဲ့ အခြေအနေမျိုးမှာ ၀င်ထွက်လှုံ့ဆော်ရဲတာ ဒီအုပ်စုကလွဲရင် တခြားမမြင်မိပါဘူး။ ဒီလူတွေဟာ ဦးသိန်းစိန်အစိုးရ တက်ပြီးနောက်ပိုင်း သိပ်မထင်ပေါ်တော့ပေမယ့်လို့ ဘယ်မှမသွားပဲ မြို့နယ်တိုင်းမှာ ရှိနေတုန်းပါပဲ။ ရွှေသမင်ကို ဖမ်းဆီးမိန့်ထုတ်ထားပေမယ့်လို့ အဲဒီသမင်က မင်းကြီးတာကနေ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်နေတာပါ။ သိပေမယ့် တာဝန်ရှိသူတွေဟာ ဒီလူတွေအပေါ်မှာတော့ တာဝန်ရှိရဲလိမ့်မယ် မထင်ပါဘူး။ ဒီလူတွေ ဘာလုပ်လုပ် ၉၆၉မျက်နှာဖုံးစွပ်ပြီး လုပ်တော့ ၉၆၉ခမျာ အချောင်နာမည်ပျက်ရပါတယ်။

ခု ၀ံသာနုဆီပေးပို့လာတဲ့ လှုံ့ဆော်စာ ဓာတ်ပုံတစ်ခုကို သက်သေအထောက်အထားအဖြစ် တင်ပြချင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီစာဟာ အမှတ်တမဲ့ကြည့်ရင် မူဆလင်တွေရေးထားတာလို့ ယုံကြည်ချင်စရာ ဖြစ်နေပါတယ်။ ဒါပေမယ့် သေချာဖတ်ပြီး သုံးသပ်ကြည့်တဲ့အခါ မူဆလင်တွေ ရေးထားတာ လုံးဝမဟုတ်ပါဘူး။ နောက်ပြီး စာမှာပါတဲ့ အမှတ်တံဆိပ်က Rohingya Blogger ရဲ့ အမှတ်တံဆိပ်ကို ပုံတူကူးချထားတာကို တွေ့ရပါတယ်။ စာထဲမှာ ရေးထားတာတွေကလည်း အလ္လာကလွဲရင် အစ္စလာမ်သာသနာဆိုင်ရာ ဝေါဟာရတစ်လုံးမှ မပါဝင်ပါဘူး။ အဲဒီတော့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရန်တိုက်ထားတဲ့ စာဆိုတာ ထင်ရှားနေပါတယ်။ မူဆလင်အများစုနေထိုင်ရာ ကန်တော်လေးကို ပစ်မှတ်ထားပြီး ကန်တော်ကလေးစစ်သည်များလို့ ပါတဲ့အတွက်ရန်ကုန်မှာအဓိကရုဏ်းထပ်မံဖြစ်ပွားအောင်ကြံစည်ထားတာလို့ပဲယူဆမိပါတယ်။ သေချာတာတစ်ခုကတော့ ဒီစာကိုရေးတဲ့လူဟာ ဗဟုသုတနည်းပါးတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ ၀ံသာနုအနေနဲ့ မူဆလင်တွေ ဂျီဟတ်လှုံ့ဆော်တဲ့ စာအရေးအသားများစွာကို လေ့လာဖူးတဲ့အတွက် ဒီစာဟာ အတုဆိုတာ သိလိုက်ရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ အမျိုးသားရေးဆိုတာ ဘယ်လိုအရေးကိစ္စမျိုးမှာမဆို ခုတုံးမလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ အမျိုးသားရေးရဲ့နောက်မှာ အမျိုးသားအကျိုးစီးပွားဆိုတာ ဒွန်တွဲနေပါတယ်။ အပြင်ရန်ကိုတွန်းလှန်ခုခံနေရတဲ့အချိန်မှာ အတွင်းကနေ လှိုက်စားပြီး အခေါင်းဖောက် အမြတ်ထုတ်နေမယ်ဆိုရင် မှန်မှန်ကန်ကန်ရပ်တည်နေတဲ့ လူတွေကြားမှာ အက်ကြောင်းတွေပေါ်လာပြီး မကြာတော့မယ့် အချိန်ကာလတစ်ခုမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် ပွင့်ထွက် ပျက်စီးသွားပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ခုစာရေးနေတဲ့ ၀ံသာနုအယ်ဒီတာရဲ့ အနာဂတ်ဖြစ်သလိုအဓိကရုဏ်းဖန်တီးနေသူ စွမ်းအားရှင်တွေရဲ့ အနာဂတ်ပါပဲ။ ကယ်ဆယ်ရေးစခန်းတွေမှာ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ်ဖြစ်သလို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အုပ်စုရဲ့ နောင်လာမယ့် သား၊သမီး၊မြေး၊မြစ်တွေရဲ့ အနာဂတ်ဖြစ်တယ်ဆိုတာ သတိပြုကြပါလို့ တိုက်တွန်းရင်း

မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

ဝံသာနု

No comments:

Post a Comment