Friday, January 25, 2013

လိမ်ညာသော သမိုင်းတွေနဲ့ တိုင်းရင်းသားမဖြစ်နိုင်


-ခိုင်လင်း(မေဃ၀တီ)
-၂၃.၁.၂၀၁၃



ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာ တွေဖြစ်ပေါ်စေရေးကိုလည်း ဦးတည်နေပြန်တယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးကို လိုလားပါတယ်လို့ လူကြားကားအောင် ပြောနေ ရေးနေကြပေမယ့် လက်တွေ့လုပ်ရပ်တွေဟာ တတိအကြိမ်ပြဿနာဖြစ်ရေးကို လှုံ့ဆော်နေတာတွေရှိတယ်။

တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ ပုံဖော်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခပုံစံမျိုး မဖြစ်ခဲ့မှုအပေါ်မှာ သူတို့ဖြစ်ချင်တဲ့ ဘာသာရေးပဋိပက္ခမျိုးဖြစ်အောင်လှုံ့ဆော်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြတယ်။

ဒါကို အမြော်အမြင် ရှိရှိ ရှောင်လွှဲနိုင်အောင် ကြိုးစားဖို့လိုအပ်တယ်လို့မြင်တယ်။။

ရှေးခေတ် မွန်နိုင်ငံတော်မတည်မှီနဲ့ ရခိုင်နိုင်ငံတော်မဖြစ်ပေါ်ခင်က ဒီဒေသတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့တိုင်းပြည်ဖြစ်တယ်။ ရခိုင်ကျောက်စာတွေအပါအ၀င် ရှေးမြန်မာကျောက်စာတွေဟာ သက္ကတဘာသာနဲ့ ရေးထိုးခဲ့တဲ့အတွက် ဒီတိုင်းပြည်တွေရဲ့ မူလတိုင်းရင်းသားတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ်စသဖြင့် လှုံ့ဆော် ရေးသားခြင်းတွေဟာ မြန်မာတိုင်းရင်း သားတွေရဲ့ သမိုင်းတွေကို စော်ကားနေတယ်လို့မြင်တယ်။

ဒီစော်ကားမှုတွေကြောင့် ဒေါသအဖြစ်ပေါက်ကွဲစေပြီး မွတ်ဆလင်မှန်သမျှ ခြေမှုန်းရေး ပုံစံမျိုးဖြစ်ပေါ်လာအောင် လှုံ့ဆော် နေတာလို့မြင်ပါတယ်။အဓိကဖြစ်စေချင်တဲ့ ဘာသာရေးအဓိကရုဏ်းပုံစံမျိုးကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဘက်ကလိုချင်တာပါ။ ရခိုင်အရေးအခင်းတုန်းက ဘာသာရေးပဋိပက္ခ ၊ ဘာသာရေးအဓိကရုဏ်းဖြစ်ပါတယ်လို့ မွတ်ဆလင်ကမ္ဘာကို ချပြခဲ့ဖူးတဲ့ ဖြစ်စဉ်ဟာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။



ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မြန်မာနိုင်ငံ တနံတလျားက မွတ်ဆလင်တွေအနေနဲ့လည်း ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအနေနဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်လိုရေးဟာ သူတို့ရဲ့ အလိုချင်ဆုံး၊ အလိုအပ်ဆုံး မဟာဗျူဟာ တရပ်ဖြစ်ပါတယ်။

ရခိုင်ပြည်အရေးအခင်းဖြစ်စဉ်က ရခိုင်ဗုဒ္ဓဘာသာတွေ အသက်ဆုံးရှုံးရခြင်းအတွက် ထိုင်း၊တရုတ်၊တိဘက်စတဲ့ နိုင်ငံတွေကို ဂယက်မရိုက်ခတ်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေသေကြေမှုကတော့ မွတ်ဆလင်ကမ္ဘာကို ကိုင်လှိုင်စေခဲ့တယ်။နိုင်ငံတော်အလံ မီးရှို့မှုအပါအ၀င် မြန်မာသံရုံးအချို့ကို အကြမ်းဖက်တဲ့အထိဖြစ်လာခဲ့တယ်။

OIC လိုအဖွဲ့ကိုလည်း ပြည်တွင်းဝင်ရောက်ရေးကို တွန်းအားပေးနိုင်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်ရေးကို မဟာဗျူဟာအရ လိုအပ်တယ်လို့ထောက်ပြရခြင်းဖြစ်တယ်။ ။

အင်္ဂလိပ်လို ရခိုင်ပြည်ကို ARNKAN လို့ ပြောဆိုရေးသားနေခြင်းမျိုးကိုလည်း ရိုဟင်ဂျာကို ပြောတာဖြစ်တယ်အထိ သမိုင်းလိမ်များကို ချပြရဲသလို တဘက်မှာလည်း ဘင်္ဂလီတွေဟာ ခိုးဝင်လာတာမဟုတ်ဘူး၊ ရိုဟင်ဂျာအမည်နဲ့ နှစ်ထောင်ချီပြီး နေထိုင်လာတဲ့ တိုင်းရင်း သားတွေဖြစ်တယ် စသဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေခြင်းမျိုးဟာ ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်လိုခြင်းရှိပါတယ်ဆိုတဲ့ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေရဲ့ စကားကို ချေဖျက်စေပါတယ်။ 
အဲဒီအပေါ်မှာဘဲ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကို ဒီဘိတ်လုပ်ရန် စိန်ခေါ်မှုမျိုးအထိ ဆွပေးနေတာတွေကို မြင်နေရ ကြားနေရပါတယ်။ ကြုံတုံး ဒီနေရာမှာ ပြောချင်တာက မိမိကိုယ်ကို ပညာရှင်ဖြစ်တယ်လို့ ယုံကြည်နေရင် ဒေါက်တာအေးချမ်းရဲ့ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းမဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူများဖြစ်တယ်ဆိုတာတွေကို ချေပချင်တယ်ဆိုရင် သုတေသနစာတမ်းတစောင်ပြုစုပြီး ကမ္ဘာ့ပညာရှင်တွေကို ဖိတ်ကြားကာ စာတမ်းဖတ်ကြားခြင်းဟာ အငြိမ်းချမ်းဆုံးဖြစ်ပါလိမ့်မယ်။ တဘက်မှာလည်း ဒေါက်တာအေးချမ်းအနေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မြန်မာတိုင်းရင်း သားတွေမဟုတ်ဘူး။ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူတွေဖြစ်တယ်ဆိုတာ ဆက်လက်ပြီး ကမ္ဘာကို ချပြရင်း မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကို ကာကွယ်တဲ့ အလုပ်တွေကိုသာ ဆက်လက်ပြီး တစိုက်မတ်မတ်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။



ဆက်ရရင် မြန်မာနိုင်ငံတနံတလျားမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို မြန်မာတိုင်းရင်းသားတွေအနေနဲ့ အမုန်းမပွားစေချင်ပါ။ ဒါပေမယ့် မြန်မာပြည် တနံတလျားမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို အမုန်းပွားအောင် ဒေါသတွေဖြစ်အောင် ဘယ်သူတွေလုပ်နေကြတာလဲဆိုတာကို သိဖို့လိုအပ်တယ်။ အဲဒီအုပ်စုတွေကို မွတ်ဆလင်အင်အားစုတွေပါ ပြတ်သားစွာ ဆန့်ကျင်ဖို့လိုတယ်လို့မြင်တယ်။ ရှင်းရှင်းပြောရရင် ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ရိုဟင်ဂျာအမည်ခံချင်နေကြတဲ့ ခေတ်ပညာတတ် ဘင်္ဂလီလက်တဆုပ်စာ အင်အားစုတွေက ဖန်တီးနေတယ်ဆိုတာ မြင်ဖို့လိုတယ်။ ဒီလက်တဆုပ်စာ အင်အားစုတွေဟာ ဘာသာရေးပဋိပက္ခအဖြစ်မျိုးကို လိုချင်တယ်။ ဒီ ဘာသာရေးပဋိပက္ခကို အကြောင်းပြပြီး မွတ်ဆလင်ကမ္ဘာရဲ့ ပံ့ပိုးမှုနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အစရှိတဲ့နယ်မြေတွေကို ရိုဟင်ဂျာပြည်နယ်ဖြစ်ရေးကို ပုံဖော်ချင်တယ်။ ။



၂၀၁၂ က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းကို ပုံဖော်ခဲ့တာဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီခေတ်ပညာတတ် အင်အားစုတွေက ပုံဖော်ခဲ့ တယ်ဆိုတာ မမေ့ဖို့လိုအပ်တယ်။ အဲဒီအရေးအခင်းကို မြန်မာတပြည်လုံးပြန်နှံ့ရေးအထိ လှုံ့ဆော်နိုင်ခဲ့သလို မွတ်ဆလင်ကမ္ဘာကိုလည်း ဘာသာရေးပဋိပက္ခအသွင်ဖြစ်သယောင် လိမ်ညာခဲ့တယ်။

ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်အပေါ်မှာ ရိုးသားမှုမရှိခြင်းကို ဖော်ညွန်းနေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်းမရှိဘူးဆိုတာကိုလည်း သက်သေပြနေတယ်။ ကရင်ပြည်နယ်ထဲမှာ မွတ်ဆ လင်တွေနဲ့ စီးပွားရေးအရ မဆက်ဆံရေးလုပ်ဆောင်ချက်တွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရ သလို မွတ်ဆလင်အားလုံးကို အမုန်းပွားလာရခြင်းဟာလည်း ဒီအင်အားစုတွေကြောင့်ဖြစ်တယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လက်တဆုပ်စာ ခေတ်ပညာတတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအင်အားစုကို ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါလိမ့်မယ်။

နောက်တချက်က ဒီအင်အားစုတွေဟာ မွတ်ဆလင်ကမ္ဘာနဲ့ရော မြန်မာနိုင်ငံလွှတ်တော် တွင်းမှာပါ ကွန်ယက်တွေကို စနစ်တကျ တည်ဆောက်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအစိုးရရော ၊ အတိုက်အခံအင်အားစုများ ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါ သတိထားဖို့လိုအပ်တယ်ဆိုတာ အတိအလင်း ပြောချင်တယ်။




ရခိုင်ပြည်ရဲ့သမိုင်းကြောင်းတွေအရ
(၁)မင်းစောမွန်ခေတ် မွတ်ဆလင်များ၊
(၂)မင်းဗာကြီးခေတ် စစ်နိုင်ဘုရင်များ ဖမ်းဆီးယူလာတဲ့ စစ်သုံ့ပန်း မွတ်ဆလင်များ၊
(၃)သျှာသျှူများ နောက်လိုက် လေးသည် ကမန်များကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရမယ် ဆိုပေမယ့် ဗြိတိသျှခေတ်မှာ မောင်တော ၊ ဘူးသီးတောင်မှတဆင့် တံခါးမရှိ ၊ ဓါးမရှိ ၀င်ရောက် အခြေစိုက်နေထိုင်လာခဲ့တဲ့ ဘင်္ဂါလီများကို မြန်မာနိုင်ငံအစိုးရပြဌာန်းထားတဲ့ တရားဥပဒေနဲ့အညီ စိစစ်ပြီးမှ မြန်မာနိုင်ငံသားဖြစ်ရေး မဖြစ်ရေးကို စိစစ်ရပါလိမ့်မယ်။

နောက်တချက်
(၁)လွတ်လပ်ရေးခေတ်မှာ မသာမှု နည်းမျိုးစုံနဲ့ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီများ၊
(၂)ဟင်္သာစီမံချက်မှာ အပိုဝင်ရောက်လာသူများနဲ့ ယင်းကာလမှ ယနေ့အချိန်ထိ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများအဖြစ်သတ်မှတ်ရပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက တကယ်တမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုတယ်ဆိုရင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်း သားဖြစ်ရေးမူနဲ့အတူ လိမ်ညာထားတဲ့သမိုင်းတွေကို စွန့်လွှတ်ဖို့လိုသလို အခိုင်အမာ ရှိနေတဲ့ မြန်မာ့သမိုင်း အုတ်နံရံကြီးကိုလည်း ခေါင်းနဲ့ မတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ဆိုသည်ကို ဟုတ်တယ်စသည်ဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ ၀င်တိုက်လို့ကတော့ အကျိုးဆက်အနေနဲ့ မြန်မာ တိုင်းရင်းသား အဖြစ် နိုင်ငံတော်ဥပဒေမှာ တရားဝင်ပြဌာန်းခြင်း မရှိ သည့်အပြင် အမုန်းပွားအောင်၊ ဒေါသဖြစ်အောင်၊ ပြဿနာဖြစ်အောင် လှုံ့ဆော်နေသလိုသာ ဖြစ်ပါလိမ့်မယ်။ ။။

No comments:

Post a Comment