Saturday, May 12, 2012

Bungali(ရိုဟင်ဂျာ) အရေးနဲ. ဘင်္ဂလာဒေ့ မြန်မာ စစ်ရေးအကြောင်းဆွေးနွေးချက်များ

အပိုဆာဒါးတွေ ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊ သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။ အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊ ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ် မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။ ထွန်းခင်တို့အုပ်စုကိုတော့ အပြစ်မတင်ပါဘူး။ သူတို့က ဒါနဲ့ ထမင်းစားနေရတာကိုး။ ရိုဟင်ဂျာဆိုတာကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲပြောဆိုနေကြတာဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ဇနက်လို့ မန္တလေးသား မူဆလင်ဆရာဝန် ရိုဟင်ဂျာထောက်ခံသူ တစ်ယောက် ပြောဖူးတာ တွေ့လိုက်တယ်။ အဲတော့ခါ စဉ်းစားကြည့်တာပေါ့လေ။ အာဏာရှင်ဦးနေ၀င်းကို မြန်မာတစ်နိုင်ငံလုံးက အရမ်းချစ်ခင်ကြည်ညိုလေးစားကြတယ် ဆိုတော့ခါ သူပြောတဲ့စကားကြောင့် အင်မတန်ရိုးသားဖြူစင်လှပါတယ်ဆိုတဲ့ ရိုဟင်ဂျာသည် မြန်မာတစ်မျိုးသားလုံးရဲ့ အမြင်မှာ အကြမ်းဖက်သမားတွေအဖြစ်  မြင်လာရတယ်ပေါ့လေ။ အမေရိကန်အစိုးရ၊ ဥရောပ သမဂ္ဂတို့လို မြင့်မြတ်လှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် အသိအမှတ်ပြုထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်မခံလိုတဲ့ မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က စစ်ဖက်အရာရှိတွေ ဘယ်လိုရှုမြင်ထားသလဲဆိုတာ ရှုစားကြရအောင်...:p



ဖိုရမ်မှာတင်ထားတဲ့ အကြောင်းအရာကတော့ခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေကြောင်းတိုက်ပွဲဖြစ်ရင် ဘယ်ဖက်ကနိုင်မလဲဆိုတဲ့အကြောင်းအရာကို စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကြည့်ရတာ နိုင်ငံတကာရေပိုင်နက်တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပွားတဲ့အချိန်တုန်းက နှစ်နိုင်ငံရေတပ်ချင်း ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်းရယ် တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်က သူတို့မျှော်မှန်းထားတဲ့ ပမာဏထက်ပိုပြီးရသွားတယ်ဆိုတဲ့အပေါ်မှာ မြန်မာဖက်ကမကျေနပ်လို့ နှစ်နိုင်ငံတင်းမာမှုတွေဖြစ်ပေါ်လာပြီး စစ်ခင်းကြမယ်ဆိုရင် ဖြစ်လာနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၀င်ရောက်ဆွေးနွေးသူတွေကြားမှာလည်း အငြင်းပွားတာတွေအများကြီး တွေ့ခဲ့ပါတယ်။ အဲဒီထဲက ဆွေးနွေးချက်အချို့ကို ဆွဲထုတ်တင်ပြချင်ပါတယ်။ပထမဆုံး ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမား(သို့) စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးရဲ့ မြန်မာနိုင်ငံအပေါ်မြင်တဲ့အမြင်ကို စတင်လေ့လာကြည့်ရအောင်ပါ။



အပေါ်ပုံထဲက ဆွေးနွေးသူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက madx ဖြစ်ပါတယ်။ သူပြောတာက-
" မြန်မာဟာ ဘယ်တော့မှ ဒီလိုမျိုးဆုံးဖြတ်ချက်(စစ်တိုက်ဖို့)ကို ဘယ်တော့မှ ချမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အဲဒီလိုဆုံးဖြတ်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ၂၁ရာစုကာလအတွင်း အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။ဒီဆုံးဖြတ်ချက်ကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။နောက်ပြီး သူတို့ရဲ့နာမည်လည်း သမိုင်းထဲမှာ ဆိတ်သုန်းပျောက်ကွယ်သွားပါလိမ့်မယ်။ငါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ထက်ပိုပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုအဆင်ပြေတယ်၊ သူတို့ထက်လည်း စီးပွားရေးပိုကောင်းတယ်။ဒါကြောင့် ငါတို့အနေနဲ့ တိုက်မယ်ဆိုရင် သူတို့ထက်ပိုကောင်းအောင် တိုက်နိုင်တယ်၊ ပိုပြီး ကြာကြာလည်းတိုက်နိုင်တယ်။ အဓိကအချက်တစ်ခုက ငါတို့နိုင်ငံဟာ မြန်မာထက်လူဦးရေ လေးဆပိုများတယ်ဆိုတာပဲ။ အဲဒါကြောင့် ငါတို့လူတွေဟာ လူနည်းနည်းလေးပဲရှိတဲ့ မြေဧရိယာအကျယ်ကြီးကိုသိမ်းပိုက်နိုင်တဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့မှာ မြေတွေလိုနေတယ် အဲဒီတော့ ဒီစစ်ပွဲကို ငါတို့ဖက်က စသင့်တယ်"


ဒါက အဲဒီ Captain madx ရဲ့ ဆွေးနွေးချက်တစ်ခုပါ။
"သူတို့ဝင်လာပစေ ငါတို့မှာ ငါတို့ရဲ့ စစ်ရေးစွမ်းရည်ရှိတယ် ဒီတော့ ဘာကြောက်စရာလိုလဲ တကယ်တော့ သူတို့က ငါတို့ဖက်က စတိုက်မှာကိုကြောက်နေကြတယ်လေ ဒါပေမယ့် ငါတို့က သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အကယ်၍ သူတို့ဖက်က မလိုအပ်ပဲတစ်ခုခု စလုပ်လာတာနဲ့ ဆော်ပြီးသားပဲ စိတ်ချ"



ဒါကတော့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Asad71 ဆွေးနွေးသွားတာပါ။ သူရဲ့ရာထူးကို ဒုဗိုလ်မှူးကြီးလို့ဖော်ပြထားပြီး ကနေဒါနိုင်ငံကနေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူပြောတာက-
"၁။ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ရေတပ်မတော်၊ ဗမာရေတပ်ဟာ လေတပ်လိုပဲ ကြည်းတပ်ကကြီးစိုးထားတဲ့ စစ်အစိုးရလက်အောက်မှာ လျှစ်လျှူရှုခံနေရပါတယ်။ ဒီလိုမျိုးဟာတွေကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ပရော်ဖက်ရှယ်နယ်ပီသမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လာနှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။"
"၂။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒီနယ်မြေမှာ သူများထက်ပိုတော်တယ်၊ သတ္တိရှိတယ်၊ အစပိုင်းကတည်းက သောင်းကျန်းသူတွေကို တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မာကြောပြီး
အတွေ့အကြုံရှိတဲ့စစ်တပ်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ သူတို့ကိုယ်သူတို့ ယူဆထားရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဓားချင်းယှဉ်ခုတ်ချင်ပါလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝတဲ့ အဆင့်မြင့် စစ်ဖက်အရာရှိတွေ လေ့လာဆည်းပူးလေ့ကျင့်နေတဲ့ စစ်ဗျူဟာ၊စိတ်ဓာတ်နဲ့ စည်းကမ်းတွေကိုအသုံးပြုပြီး တိုက်ပွဲတိုတွေဆင်နွှဲဖို့ ၀င်ရောက်တပ်စွဲပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ခြင်းထဲက ၀ှက်ဖဲကတော့ မူဂျာဟစ်တွေဖြစ်ပါတယ်။ အဲဒီမူဂျာဟစ်တွေဆိုတာ သူတို့ရဲ့တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိတွေကြောင့် လူတွေသိလာခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေပါပဲ။ ဗမာတွေရင်ဆိုင်ဖူးသမျှ သောင်းကျန်းသူတွေထဲမှာ ရိုဟင်ဂျာမူဂျာဟစ်တွေဟာ သူတို့အကြောက်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ သေနတ်ပြောင်းတွေဆီကနေ တစ်ကြိမ်လောက် မီးထပွင့်တာနဲ့ ဗမာတွေကို ရိုဟင်ဂျာတွေထက်ပိုမုန်းတီးတဲ့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေတောင်မှ သူတို့ကိုသတ်ဖို့ ပါဝင်လာကြလိမ့်မယ်။"
နည်းနည်းတော့ သဘောပေါက်လာပြီ ထင်ပါတယ်။ အစပိုင်းမှာကြိုပြောခဲ့ပါတယ်။ အပိုဆာဒါးတွေမပြောပါဘူးလို့။ သူများတွေရေးထားတာလေးတွေကိုပဲ တတ်သလောက်မှတ်သလောက် ဘာသာပြန်လိုက်တာပါ။ ကဲ ဆက်ကြည့်ကြရအောင်။



အပေါ်က Lt.Colonel Asad71 ရဲ့ဆွေးနွေးချက်ကို သူ့ထက်ရာထူးပိုကြီးတဲ့ Lt.General east watch က အပြည့်အ၀ထောက်ခံလိုက်ပါတယ်။
"မင်းပြောတာမှန်တယ်။ ရခိုင်ဟာ ၁၈၂၄ ခုနှစ်ထိ ဘယ်တုန်းကမှ ဗမာပြည်ရဲ့ အစိတ်အပိုင်းမဖြစ်ခဲ့ဘူး။ ဗမာတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ အာသံကို ၀င်ရောက်ကျူးကျော်ရာကနေ အစပြုပြီး ၁၈၁၇ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလား(ဗြိတိသျှ)-မြန်မာစစ်ပွဲရဲ့ ရလာဒ်ကြောင့် ဘင်္ဂလား(ဗြိတိသျှ)ပိုင်နက်အတွင်း သွတ်သွင်းခံလိုက်ရတယ်။ အာသံအရေးအခင်းနဲ့ရခိုင်ဒေသကို လုံခြုံအောင်ပြုလုပ်ရတာဟာ ဘင်္ဂလား(ဗြိတိသျှ)အတွက် ဗမာပြည်ကို သိမ်းပိုက်စေမယ့် အခြေအနေကို ဦးတည်စေခဲ့တယ်။
ဗြိတိသျှတို့အနေနဲ့ ရခိုင်ဒေသရဲ့ အုပ်ချုပ်ရေးစနစ်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲမှန်း သိလာတဲ့အခါ ၁၈၂၄ ခုနှစ်မှာ ရခိုင်ကို ဗြိတိသျှ-ဗမာ အစိုးရဆီကို လွှဲပြောင်းပေးခဲ့တယ်။ ဒါကြောင့် ရခိုင်လူမျိုးဟာ ခုအချိန်မှာ သူတို့လုံးဝမကြိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမျိုးတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမြဲကောင်းတာရှိသလို ဆိုးခဲ့တာလည်းရှိတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ပဲ ကိုယ်ပိုင်လွတ်လပ်တဲ့ နိုင်ငံတစ်ခုထူထောင်ချင်တယ်။ ဒါကြောင့် အာရကန်ဒေသထဲမှာ ဗမာပြည်ကို တော်လှန်ဖို့အခွင့်အလမ်းကို စောင့်နေကြတဲ့ မူဂျာဟစ်အုပ်စုတွေရှိနေတယ်။
၂၀၀၁ခုနှစ်  မြန်မာဖက်က ငါတို့နိုင်ငံနယ်စပ်တလျှောက် စစ်သည်ငါးသောင်းဖြန့်လာတဲ့အချိန်မှာ ငါတို့ဖက်က စစ်သည်နှစ်သောင်းပဲ ပြန်ဖြန့်ခဲ့တယ်။ ဒါပေမယ့် အာရကန်ဒေသကလူတွေဟာ ဗမာပြည်ကခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ထူထောင်နိုင်ဖို့ ဧရာမအခွင့်အလမ်းအဖြစ် မျှော်လင့်ရင်းနဲ့ ဗစာစစ်တပ်ကိုရင်ဆိုင်နိုင်တဲ့ အရည်အသွေးတွေရှိလာအောင် သူတို့ကိုယ်သူတို့ ပြင်ဆင်နေကြတယ်။ ဒီလူတွေဟာ မြန်မာစစ်တပ်ကို သူတို့ရဲ့ဌာနချုပ်ကနေ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်လို့မရအောင်  သူတို့တည်ဆောက်ထားတဲ့ တံတားတွေ၊ ပိုက်လိုင်းတွေ၊ ရထားလမ်းတွေ၊ မြစ်ဆိပ်ကမ်းတွေနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ၀င်လာတဲ့ ငါတို့ဖက်က ကွန်မန်ဒိုတွေအတွက် ကင်းထောက်ပေးခဲ့တယ်။
အာရကန်မူဆလင် မူဂျာဟစ်တွေဟာ ဗမာပြည်ကနေခွဲထွက်ဖို့ အခွင့်အလမ်းကို အမြဲစောင့်နေကြတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာစစ်ပွဲဖြစ်ရင် သူတို့အမြတ်ထွက်လိမ့်မယ်"



ကျွန်တော်ဘာသာပြန်ထားတာကို တမင်လုပ်ကြံရေးတယ်ထင်မှာစိုးလို့ မူရင်းဖိုရမ်ကပို့စ်တွေကို တင်ပေးလိုက်ပါတယ်။ ဒါတောင်မှ တမင်တကာလုပ်ကြံထားတယ်လို့ သံသယရှိတယ်ဆိုရင် မူရင်းလင့်မှာ သွားဖတ်ကြည့်လို့ရပါတယ်။ မတတ်တတတ် ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်လို့ မူရင်းအင်္ဂလိပ်စာနဲ့တိုက်ကြည့်ပြီး အဓိပ္ပါယ်ကောက်တာတွေ လွဲနေတာမျိုးရှိရင် ကျေးဇူးပြုပြီး ထောက်ပြပေးစေချင်ပါတယ်။အောက်မှာ မူရင်းဖိုရမ်ကို သွားကြည့်လို့ရအောင် လင့်ချိတ်ပေးထားပါတယ်။
Who will Win in a BD - Myanmar Naval War?

(from Min Lwun Naung- Pantanaw Blogs)

Thursday, May 10, 2012

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး


"မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး ရှိကြပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်" ဆိုပြီး ချစ်စံဝင်း ရေးသားတဲ့ ပျူ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၅၁ မှာ ဖော်ပြထားပါတယ်။
သူက ဒီစာရင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၈ မေလမှာ ထုတ်ဝေတဲ့ ယနေ့မြန်မာ ဆိုတဲ့ စာအုပ်ကို ကိုးကားပါတယ် တဲ့။

ကချင် - ၁၂ မျိုး
ကယား - ၉ မျိုး
ကရင် - ၁၁ မျိုး
ချင်း - ၅၃ မျိုး
ဗမာ - ၉ မျိုး
မွန် - ၁ မျိုး
ရခိုင် - ၇ မျိုး
ရှမ်း - ၃၃ မျိုး

စုစုပေါင်း - ၁၃၅ မျိုး

(က) ကချင်စု
ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော့၊ ဂေါ်ရီ ၊ ခစု၊ ဒုရင်၊ မရု(လော်ဂေါ်)၊ ရဝမ်၊ လရှိ(လာချစ်)၊ အဇီး၊ လီဆူး

(ခ) ကယားစု
ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ(ကယော)၊ မူနုမနော၊ ယင်းတလဲ၊ ယင်းတော်

(ဂ) ကရင်စု
ကရင်၊ ကရင်ဖြူ၊ ပလေကြီး (ကလေချီ) ၊ မွန်ကရင်၊ စကော (ကရင်)၊ တလှေပွာ၊ ပကူး၊ တွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)

(ဃ) ချင်းစု
ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု

(င) ဗမာစု
ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်၊ ကဒူ (ခုံကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)

(စ) မွန်စု –
မွန်

(ဆ) ရခိုင်စု
ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်နက်၊ မရမာကြီး၊ မြို့၊ သက်

(ဇ) ရှမ်းစု
ရှမ်း၊ ယွန်း (လားအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ်း (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း 

( From Anti Rohinja - Anti Terrorist Blogs:)

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုသည်မှာ....

By James Mmt 

ဒီ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို လူအများစုက ဘာမှန်း သေခြာမသိကြဘူး…. လူတစ်ချို့က လူသားခြင်း စာနာမှုနဲ့ ရောချကြတယ်၊ လူတစ်ချို့က လူ့အခွင့်အရေး၊ လူတစ်ချို့က သူ့ဟာသူနေတာပဲ ထားလိုက်ပါလို့ ပြောကြတယ်…… ကဲ ဒါဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုတာ ဘာလဲ၊ ဘယ်လောက်အထိ ဘာတွေ ဖြစ်သွားနိုင်လဲ၊ လူသားခြင်း စာနာထောက်ထားရမယ့် အရာလား၊ လူ့အခွင့်အရေးနဲ့ ဆိုင်သလား စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်…..


ထူးခြားသည့် သမိုင်း၊ မြင့်မားသည့် ယဉ်ကျေးမှုနှင့် နေထိုင်လာသည့် ရခိုင်လူမျိုးများ ပြယုဂ်


ကျွန်တော် ပထမ ရေးထားတဲ့ စာကို ဖတ်ပီးသူတိုင်း ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ ရှေးယခင်ကပင် တည်ရှိနေတဲ့ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာ နားလည် သဘောပေါက် လက်ခံမှာပါ….. ဒီလောက် ကမ္ဘာမှာ စည်းနဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တွေရဲ့ မှတ်တမ်း မှတ်ရာတွေမှာ ရိုဟင်ဂျာဆိုတာ တစ်လုံး တစ်ပါဒမျှ မတွေ့ရပဲ လွတ်လပ်ရေးနှောင်းပိုင်းမှ မူဂျာဟစ်တွေ တောင်းဆိုမှုနဲ့ ရိုဟင်ဂျာတွေ ထောင်းလမောင်းထလာတာကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်မှန်း သိကြမှာ ဖြစ်ပါတယ်….

ဒီနေရာမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ Origin မူဂျာဟစ်တွေကို လေ့လာကြည့်ပါ....... အင်္ဂလိပ်တွေ စစ်ပြေးတော့ သူတို့ အိန္ဒိယက (အဲ့ဒိတုန်းက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မကွဲပြားသေးပါဘူး... တစ်ပေါင်း တစ်စည်းတည်းကို အိန္ဒိယလို့ ခေါ်ပါတယ်...) ခေါ်လာတဲ့ စစ်ဗာရီတွေကို လက်နက် တပ်ဆင်ပေးခဲ့တော့ နဂိုကတည်းက မြန်မာပြည်ကနေ ခွဲထွက်ချင်တဲ့ မူဂျာဟစ် ခေါ်တောတွေဟာ ရခိုင်ရွာတွေ၊ မြို့တွေကို ဓါးပြတိုက်၊ ရွာလုံးကျွတ် မီးရှို့၊ လူမျိုးတုန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ ရခိုင် အမျိုးသမီးတွေကို မုဒိမ်းကျင့်ပီး သတ်ဖြတ်ခြင်း အစရှိတဲ့ လူမဆန်တဲ့ ရက်စက် ယုတ်မာမှုတွေကို ကျူးလွန်ခဲ့ကြပါတယ်....

၁၉၄၅ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ အခါကြတော့လည်း အဲ့ဒိ မူဂျာဟစ် ခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်းတော ဒေသတွေကို ကြိုဝင်လာကြတယ်.... အတွင်းအထိလည်း ၀င်နိုင်သမျှ ၀င်လာခဲ့ကြတယ်..... အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန်ထဲ ပေါင်းထည့်ဖို့ ပါကစ္စတန် ခေါင်းဆောင် အလီဂျင်းနားကို တောင်းဆိုခဲ့တာမှာ အလီဂျင်းနားဟာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့အတွက် လက်မခံဘူးဆိုတဲ့ ကတိကြောင့်သာ မြန်မာနဲ့ ပါကစ္စတန် နယ်နိမိတ် အရေး စစ်မခင်းခဲ့ရတာပါ.....



ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ခွဲထွက်ပီးတဲ့ အခါမှာတော့ ဘူးသီးတောင်၊ မောင်းတောကို အာသာငန်းငန်းနဲ့ လိုချင်ဇော ပြင်းပြလာတဲ့ ဘင်္ဂလားဒေ့ရှ်တွေဟာ မူဂျာဟစ်တွေကို လက်နက်ထောက်ပံ့ပေးပီး တကျော့ပြန် သောင်းကျန်းမှုကို အစပြုစေခဲ့ပါတယ်……. မြန်မာကမ်းရိုးတန်း ဒီလောက် ရှည်လျားတာမယ် ဘူးသီးတောင် မောင်းတောမှာသာ ဒီလူမျိုးရေး ပြဿနာ ဖြစ်နေ တာကို သတိထားမိရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပါတ်သက်မှုတွေကို အထင်အရှားတွေ့နိုင်မှာ ဖြစ်ပါတယ်……

လူမျိုးတစ်မျိုးမှာ စာပေ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း ဆိုတာ အတိအကျကို ရှိပါတယ်…. အခုလက်ရှိ ရိုဟင်ဂျာတွေ သုံးနှုန်းသော ဘာသာစကား၊ စာပေ အတိအကျ ခိုင်ခိုင်မာမာ မရှိပါဘူး…. အာရပ်တွေ သင်္ဘောပျက်လို့ ရောက်လာလျင် အာရပ်စကားသာ သုံးနှုန်းရမှာ ဖြစ်ပါတယ်…. သိုရာတွင် ယခု ဘင်္ဂါလီ ရိုဟင်ဂျာတွေ သုံးနှုန်းနေသည်မှာ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီတို့ သုံးနှုန်းတဲ့ ဘာသာစကားသာ ဖြစ်ပါတယ်….. ယဉ်ကျေးမှု အနေနဲ့လည်း မယ်မယ် ရရ ပြစရာ မရှိသလို၊ သမိုင်း ဆိုသည်မှာလည်း လိမ်လည်ရေးသား နေကြသဖြင့် တစ်ယောက် တစ်ပေါက်နှင့် အမြှီးအမေါက် မတည့်တာကို ကြည့်ခြင်း အားဖြင့် ရိုဟင်ဂျာဆိသည့် လူမျိုးသည် ဘင်္ဂလားဒေ့ရှ်မှ လာသော ဘင်္ဂါလီ လူမျိုးများသာ ဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး….

ဒါဆိုရင် ဘင်္ဂါလီ ရိုဟင်ဂျာအရေးဟာ လူသားခြင်း စာနာထောက်ထား သင့်တယ်လို့ပြောလာတယ်…. သူတို့ကော လူမဟုတ်ဘူးလားလို့ ပြောလာကြတယ်….. အခုလည်း လူသားခြင်း စာနာထောက်ထား တဲ့အပြင် ဘူးသီးတောင် မောင်းတော ဒေသဟာ မြန်မာပြည်မှာ INGO တွေ ဒုတိယ အများဆုံး ရုံးစိုက်ရာ ဒေသလို့တောင် သတ်မှတ်လို့ ရလောက်အောင် နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့တွေ ရုံးစိုက် လုပ်ကိုင်နေတာ အထင်အရှားပါ….. ဒီနေရာမှာ ဘာလို့ သူတို့ကို ပန်းရောင် မှတ်ပုံတင် ပေးမကိုင်သလဲ….. ရှင်းနေပါတယ်… ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတဲ့ မူဂျာဟစ်က အသွင်ပြောင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်တဲ့အတွက် သူတို့ကို နိုင်ငံသား မှတ်ပုံတင် မပေးနိုင်ပါဘူး…..

နိုင်ငံသား မှတ်ပုံတင်ဆိုတာ နိုင်ငံတိုင်းမှာ တိုင်းတပါးသား လူမျိုးခြားတွေကို အလွယ်တကူ ထုတ်ပေးရိုးလည်း ထုံးစံ မရှိပါဘူး…. လူ့အခွင့်အရေးကို အင်မတန်လေးစားပါတယ် ဆိုတဲ့ အမေရိကန် နိုင်ငံမှာတောင် Green Card ပေါက်တိုင်း Citizen တန်းဖြစ်တာ မဟုတ်ပါဘူး….. ဒါကို မေ့ထားလို့ မရပါဘူး…. ဒီနေရာမှာ နိုင်ငံသား လျှောက်ထားချိန်မှာ မိမိလျှောက်ထားတဲ့ နိုင်ငံအပေါ်ကို သစ္စာစောင့်သိရမှာ ဖြစ်ပါတယ်….. အဲ့ဒိအတွက် သမိုင်းကြောင်းတွေအရ မြန်မာနိုင်ငံကို လွတ်လပ်ရေး မရခင်ကတည်းက ခွဲပီး ဖဲ့ထုတ်ဖို့ ကြိုးစားခဲ့တဲ့ မူဂျာဟစ်တွေရဲ့ မျိုးဆက်၊ အခုလက်ရှိလည်း တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိခြင်း အလျဉ်းမရှိ၊ ဘင်္ဂလားနဲ့ မြန်မာ ရေပိုင်နက် ကိစ္စမှာ ဘင်္ဂလားကို Gratifying လှမ်းလုပ်တဲ့ လူမျိုးတွေကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လွယ်ကူစွာ နိုင်ငံသားဖြစ်ခွင့် ပေးဖို့ရန် မဖြစ်နိုင်ပါဘူး…..

အခုလက်ရှိကို ဘူးသီးတောင် မောင်းတော ဟာ Buffer Zone အနေနဲ့ ဖြစ်နေပီး ဘင်္ဂလားနဲ့ စစ်ဖြစ်ခဲ့သော် အဆိုပါ ဒေသတွင် နေထိုင်တဲ့ ရခိုင်လူမျိုးတွေအတွက် အလွန်ပင် အန္တရာယ် ကြီးပါတယ်…. ဘူးသီးတောင် မောင်းတောဒေသမှာ ရှိတဲ့ ရွာအများစုဟာ ဘင်္ဂါလီ ရွာတွေ ဖြစ်နေတာကိုလည်း တိုင်းပြည် လုံခြုံရေးအတွက် သတိထားသင့်ပါတယ်…… ဒိအတွက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးဟာ လူသားခြင်း စာနာထောက်ထားလို့ မရတဲ့၊ အလေးအနက်ကို သတိထားရမယ့် တိုင်းတစ်ပါး ကျူးကျော်မှု ဖြစ်ပါတယ်……..

ဒါဖြင့် တိုင်းတပါးသား ရိုဟင်ဂျာတွေကို လွတ်လပ်စွာ ပြည်တွင်း သွားလာခွင့် ပေးသင့်တယ် ဆိုလာပြန်ပါတယ်….. ဘယ်နိုင်ငံမှ မိမိနိုင်ငံအတွင်းကို တိုင်းတပါးသားများ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို မပေးပါဘူး…. အထူးသဖြင့် ဆင်းရဲတွင်း နိမ့်ကျတဲ့ နိုင်ငံမှ နိုင်ငံသားများကို ပိုလို့ပင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါတယ်…. ဥပမာ အနေနဲ့ မြန်မာနိုင်ငံသားများ ပြည်ဝင်ခွင့်လျှောက်လျင် အလွယ်တကူ ချပေးသော နိုင်ငံဟာ မရှိသလောက် ရှားပါတယ်…… စင်္ကာပူရှိ သြစတေးလျ သံရုံးဆိုလျင် မြန်မာနိုင်ငံသား ဗီဇာ လျှောက်ထားသူများအား သံရုံးအတွင်း ၀င်ခွင့်ပင် မပေးပါဘူး…. ဒါဆိုရင်ဖြင့် လွတ်လပ်စွာ သွားလာခွင့်ဟာ နိုင်ငံတိုင်းမှာ သူ့အကန့်အသတ်နဲ့ သူ ရှိတယ်ဆိုတာ သဘောပေါက်ကျမှာ ဖြစ်ပါတယ်….

ဒါဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ မွတ်စလင်နဲ့ ဘာသာရေး ပဠိပက္ခ ဖြစ်စေချင်လို့ ပြောဆိုလာကြတယ်လို့ စွတ်စွဲလာပြန်ပါတယ်….. အပေါ်မှာ ပြောထားတာ ရှင်းပါတယ်…. ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ တိုင်းတစ်ပါး ကျူးကျော်မှု ဖြစ်ပါတယ်…. မွတ်စလင်ကြောင့်ရယ် မဟုတ်ပါဘူး….. မြန်မာပြည် အရှေ့ဘက်က တရုတ်တွေ၊ ယိုးဒယားတွေ ဗုဒ္ဓဘာသာဝင်ပင် ဖြစ်သော်လည်း ကျူးကျော်ဝင်ရောက် နေထိုင်လာလျင် ကန့်ကွက်နေတာ အထင်အရှား ဖြစ်ပါတယ်….. ကန့်လည်း ကန့်ကွက်နေကြပါတယ်…. သို့ဖြစ်သောကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ ဘာသာရေး ပဠိပက္ခအတွက် ဇောင်းပေးလာခြင်း မဟုတ်ပါဘူး…..

အများမသိသေးတဲ့ အချက်အနေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ရှီးယိုက် မွတ်စလင် ဘာသာဝင်တွေ ဖြစ်ပြီး ပြည်တွင်းမှာ ရှေးဘုရင်တွေ လက်ထက်ကပင် အေးအတူ ပူအမျှ နေထိုင်ကြတဲ့ မွတ်စလင်တွေဟာ ဆွန်နီ မွတ်စလင်တွေ ဖြစ်ကြတယ် ဆိုတာပါပဲ….. ဘာသာ တူသော်လည်း ဂိုဏ်းကွဲခြင်း၊ ဂိုဏ်းတူသော်လည်း ပင်ကိုယ် ယုတ်မာသည့် စိတ်ဓါတ် အခံရှိခြင်းတို့ကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာတို့ ရောက်သည့် နိုင်ငံတိုင်း တွင် ပြဿနာပေါင်း စုံ ဖြစ်သည်မှာ ပုံမှန်လို ဖြစ်နေပါတယ်…. အထူးသဖြင့် ဘာသာတူ မလေးရှားလို နိုင်ငံမှာပင် မလေးနိုင်ငံသူတွေကို ယူထားပြီး ကလေးနဲ့ တိုးလို့ တွဲလောင်း ပစ်ထားတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ လုပ်ရပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်….

သို့ဖြစ်သည့်အတွက် ဘင်္ဂါလီ ရိုဟင်ဂျာတွေ ပြည်တွင်းမှာ များပြားလာရင် ဘာဖြစ်မလဲ မေးစရာ ရှိပါတယ်…. ပထမဆုံးအနေနဲ့ ပြည်တွင်း မွတ်စလင်တွေ ၀ါးမြိုခံရမှာ ဖြစ်ပါတယ်…. ဘင်္ဂါလီ ရိုဟင်ဂျာတွေ အားကောင်းလာလျင်၊ အာဏာလက်ကိုင်ရှိလာလျင် ပြည်တွင်း ဆွန်နီ မွတ်စလင်တွေကို ဘာသာရေး သစ္စာဖောက်မှုကို အကြောင်းပြုပြီး သုတ်သင်လာနိုင်ပါတယ်…. ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ဘာသာရေး ခုတုံးလုပ်တဲ့ အစုလိုက် အပြုံလိုက် လူသတ်မှုတွေ ဖြစ်လာမယ့် အရေးအခင်းလည်း ဖြစ်ပါတယ်….. ကမ္ဘာ့သမိုင်းမှာလည်း ထိုကဲ့သို့သော ကိစ္စတွေ ဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာလည်း အင်မတန် အကြမ်းဖက်မှုနဲ့ သဟဇာတ ဖြစ်နေတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အားကောင်းလာလျင် ဖြစ်လာနိုင်ဖွယ်တွေ ရှိနေပါတယ်…..

လူသားခြင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးနဲ့ ကာကွယ်လာပြန်ပါတယ်….. ကျွန်တော် ခပ်ရှင်းရှင်းပဲ မေးပါမယ် မြန်မာပြည်မှာ ပင်ကိုယ်နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးကြီးတွေ အပါအ၀င် ကျန်တဲ့ လူမျိုးစုငယ်တွေ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အ၀ ရပီလား မေးကြည့်ချင်ပါတယ်…. နိုင်ငံအသီးသီးဟ ရာဇ၀င်တွင် မိမိနိုင်ငံသား၏ အခွင့်အရေးအား ပစ်ပယ်၍ တိုင်းတစ်ပါး လူမျိုးခြား အစုလိုက်အပြုံလိုက်အား အခွင့်အရေးပေးခြင်းမှာ မည်သည့်နိုင်ငံတွင်မျှ မရှိပေ…. ဆင်းရဲသော မြန်မာနိုင်ငံ၊ ယခုမှ ပြာပုံတွင်းက ရုန်းထရန် ကြိုးစားနေသော မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံသားတို့၏ အကျိုးကျေးဇူးကိုသာ ဦးစားပေးရမည်မှာ မြန်မာနိုင်ငံရေးကို ဖော်ဆောင်သူတိုင်း လက်ခံသည့် တရားပင် ဖြစ်ပါသည်။

ဤနေရာတွင် လူ့အခွင့်အရေးဆိုသည်မှာ မြန်မာနိုင်ငံအားသာ ကွက်ကျားမိုးဖြင့် ဖိအားပေးနေသည်ကို တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အာရပ်နိုင်ငံများတွင် အခြေချ နေထိုင်ကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများသည် နှစ်ပေါင်း ၂၀ ကျော်နေထိုင်သော်လည်း၊ အဆိုပါနိုင်ငံတွင် မွေးဖွားစဉ်မှစ၍ နေထိုင်ခဲ့သော်လည်း နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကို ရရှိရန် နှစ်ပေါင်း ဆယ်စုနှစ် ၂ ခုစာမက စောင့်စားရသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ထိုသို့ စောင့်စားနေစဉ်အတွင်း အဆိုပါ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ ရင်သွေးများအား အစိုးရကျောင်းများတွင် ကျောင်းတက်ခွင့် မပေးခြင်း၊ ကလေး မွေးဖွားနှုန်းအား ထိမ်းချုပ်ခြင်း အစရှိသည်တို့ ပြဌာန်းထားခြင်းများ ရှိသော်လည်း လူ့အခွင့်အရေးဟု ကြွေးကျော်နေသူများမှာ မျက်စိကန်းနေသည့်အလား မတွေ့မမြင်ပဲ နှုတ်ပိတ်နေကြသည်ကို သိနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်သည့်အတွင် ဘင်္ဂါလီ ရိုဟင်ဂျာများသည် ကျူးကျော် ၀င်ရောက်လာသူများ ဖြစ်ခြင်း၊ ခိုးဝင်ရောက်လာသူများ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသား အခွင့်အရေး အပြည့်အ၀ မပေးနိုင်သည်မှာ တရားနည်းလမ်း မှန်ကန်သော ပြုကျင့်မှု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုတော့ ဘာသာတူသည့် အာရပ်နိုင်ငံများသည်ပင် ဘင်္ဂါလီ ရိုဟင်ဂျာတို့အား လူသားမဆန်စွာ ပြုမူဆက်ဆံနေသည်ကို အထင်အရှား တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြေးကားအရင်း၊ သားကာ အဖျားဆိုသကဲ့သို့ ဘင်္ဂါလီ ရိုဟင်ဂျာများအား လူ့အခွင့်အရေး ပေးပြီး ပြည်တွင်းရှိ ဌာနေရင်း မြန်မာနိုင်ငံသားတို့မှာ ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေထိုင်သွားရမည်မှာ မည်သို့မျှ ဖြစ်နိုင်ခြင်း မရှိပါ။

ထို့ကြောင့် မည်သူတွေမှ ဘင်္ဂါလီ ရိုဟင်ဂျာအရေးအား ရှေ့တန်းတင်နေသလဲ၊ ကမ္ဘာသိအောင် အားထုတ်နေလဲ မေးစရာ ရှိလာပါတယ်…… အင်္ဂလန်နိုင်ငံတွင် အခြေစိုက်သည့် Burma Campaign (UK) နှင့် Exile Media များ ဖြစ်ပါတယ်… မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို တစစ ဦးတည်ပြီး လျှောက်လှမ်းလာချိန်မှာ နိုင်ငံတကာ အကူအညီတွေဟာ မြန်မာနိုင်ငံထဲကို တိုက်ရိုက်စီးဝင်တော့မှာကို မြင်နေကြတဲ့အတွက် မိမိတို့ ထမင်းအိုးကွဲမှာကို ကြောက်လာကြတဲ့ ပြည်ပအခြေစိုက် မီဒီယာများနဲ့ မြန်မာနိုင်ငံနဲ့ လုပ်စားနေကြ Burma Campaign (UK) တို့ဟာ ဘင်္ဂါလီ ရိုဟင်ဂျာနဲ့ စားကွက် ထွင်လာပါတယ်…..

ဘူးသီးတောင်နှင့် မောင်းတောရှိ ဘင်္ဂါလီ ရိုဟင်ဂျာများအား အကူညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ညှိုးထိုး ပြစားခြင်းဖြင့်၊ အနောက်နိုင်ငံများထံမှမက အာရပ်နိုင်ငံများထံမှပါ မြက်မြက်စွက်စွက် အသက်ဆက်ရန် ရံပုံငွေ ရရှိသည့်အတွက်လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် မျောက်ပြ ဆန်တောင်းခံရသည် ဆိုသော် မမှားပါဘူး….. အဆိုပါ အဖွဲ့အစည်းများနှင့် အသံလွှင့်ဌာနများသည် ဘင်္ဂါလီ ရိုဟင်ဂျာများအား လူသားခြင်း စာနာထောက်ထားရန် အတန်တန် အော်ဟစ်နေကြသော်လည်း ၎င်းတို့အနေဖြင့် လက်တွေ့တွင်မူ တစ်ပြားတစ်ချပ်မျှ ဘူးသီးတောင် မောင်းတော ဒေသတွင် နေထိုင်သည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ပံ့ပိုးကူညီခြင်း၊ အလှူငွေ လှူဒါန်းခြင်း မရှိသည်ကို အဆိုပါ ဘူးသိးတောင် မောင်းတော ဒေသတွင် လက်ရှိ လုပ်ကိုင်နေသည့် INGO အဖွဲ့အစည်းများ၏ နှစ်စဉ် စာရင်းရှင်းတန်းများတွင် ကြည့်ရှုလေ့လာလျင် သိနိုင်မှာ ဖြစ်ပါတယ်…..


ထို့အတူပင် အာရပ်နိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့် ပါတ်သက်သည့် အလှူရှင်များသည်လည်း အဆိုပါ INGO အဖွဲ့အစည်းများအား ငွေ လှူဒါန်းခြင်း အလျင်းမရှိသည်ကို လေ့လာသိရှိခြင်းအားဖြင့် ၎င်းတို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအား အစွန်းရောက် အကြမ်းဖက်သမားများ ကြီးစိုးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ နိုင်ငံမျိုး ဖြစ်စေရန် ဦးတည်နေသည်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်….


အချုပ်အားဖြင့် ဆိုရလျင် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးသည် လူမျိုးရေး ပဠိပက္ခ ဖြစ်စေရန်မဟုတ်ပဲ ပြည်ပမှ ပုံစံဖျက်ထားပြီး ၀င်ရောက်လာသည့် ကျူးကျော်မှု၊ တနည်းအားဖြင့် ဘူးသီးတောင် မောင်းတောအား ရခိုင်ပြည်နယ်မှ ခွဲထွက်ရန် ကြိုးပန်းလာသည့် ဘင်္ဂလားဒေ့ရှ်၏ ရန်မှ ကာကွယ်ခြင်းဖြစ်ပြီး အဆိုပါ ပြဿနာအား မကြာခဏ မီးမွှေးနေသည်မှာ မည်သူတွေ ဖြစ်ခြင်းနှင့် မည်သည့်အတွက်ကြောင့် ပြုလုပ်နေခြင်းအား ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်ပါသည်။
( From Anti  Rohinjara- Anti Terrorist Blogs: )

Wednesday, May 9, 2012

ဘင်္ဂါလီအရေးကို ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ဆဆ နေရင်ဘာဖြစ်မလဲ..

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ခန့်က Afghanistan က ကျောက်တောင်မှာ ဗုဒ္ဓကိုယ်စား ပူဇော်ထားရှိတဲ့ မတ်ရပ်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေကို တာလီဘန် အကြမ်းဖက် အစိုးရဟာ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းပေါင်းစုံ ဘာသာပေါင်းစုံ (အစ္စလာမ်ဘာသာအပါအဝင်) အားလုံး အားလုံး တားဆီးနေတဲ့ကြားက ၂၀၀၁ မတ်လမှာ မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်...
ဝဋ်နောင်ဘဝမကူးဘူး ဆိုသလို ဆိုးရွားလှတဲ့ အကုသိုလ်တွေကြောင့် ရွှေဝါရောင် အရေးအခင်းနဲ့ နာဂစ်မုန်တိုင်းဆက်စပ်သလို..တာလီဘန်ခေါင်းဆောင်အားလုံး တစ်နှစ်အတွင်း အမေရိကန်က ဘင်လာဒင်ကိုဝင်တိုက်ချိန်မှာ အသေဆိုးနဲ့ သေခဲ့ရပါတယ်...

အဲ့ဒီတာလီဘန်တွေ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မူ ရှိတာကတော့ ဒီနေ့ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ကျူးကျော်နေတဲ့ ဘင်္ဂါလီတွေပါဘဲ...
ဘင်္ဂါလီတွေဟာ လွတ်လပ်ရေး မရခင်ခေတ်ကထဲက မြန်မာနိုင်ငံကို လက်နက်ကိုင်အကြမ်းဖက်ပြီး ဝင်ရောက် ကျူးကျော်နေထိုင်ခဲ့ကြသူတွေဖြစ်တယ်.. ယခုအခါမှာ မျိုးဆက်များစွာပေါက်ဖွားပြီး လူ့အခွင့်အရေးအကြောင်းပြလို့ အသံတွေ ထွက်လာခဲ့ပြီ..မရိုးနိုင်တဲ့ ပုံပြင်ထဲက ကုလားအုပ်ဇတ်လမ်း စလာကြပါပြီ
မြန်မာတိုင်းရင်းသား လူမျိုး ဘယ်တုံးကမှမဟုတ်ခဲ့တဲ့ ...ရိုဟင်ဂျာလူမျိုးပါဆိုပြီး တိုင်းရင်းသားလုပ်ချင်တဲ့ အကြမ်းဖက်သွေးပါတဲ့ ဘင်္ဂါလီတွေကို လက်ခံရင်ဘာဖြစ်မလဲ..
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒီဘင်္ဂါလီအရေးကို ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ဆဆ နေရင်ဘာဖြစ်မလဲ..
ကျွန်တော်တို့ရဲ့ နောင်လာမဲ့မျိုးဆက်တွေကို အမွေဆိုးတွေချန်ထားခဲ့ရင်ဘာဖြစ်မလဲ
နောင် နှစ်တစ်ရာလောက်မှာ မြန်မာစစ်အာဏာရှင်စနစ်ထက်ဆိုးတဲ့ ဒီလိုအကြမ်းဖက် အစွန်းရောက်တွေ နိုင်ငံရေးမှာ အာဏာရသွားခဲ့ရင် ဘာဖြစ်မလဲ...
အဖြေကတော့ ကြည့်မိတိုင်း အသဲတစက်စက်ခါ နာကျည်းရတဲ့ မတ်ရပ်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေ မိုင်းခွဲခံခဲ့ရတဲ့ ဒီဓါတ်ပုံမြင်ကွင်းပါဘဲ...
နောင်နှစ်ပေါင်း ၁၄၀၀ မှာ ကျွန်တော်တို့ တိုင်းပြည် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ ကိုးကွယ်ရာဘာသာ အထွဠ်အမြတ်ထားတဲ့ အရာအားလုံးရေရှည်တည်တံ့ဖို့ အားလုံး အားလုံးမှာ တာဝန်ရှိပါတယ်..ဖေ့ဘုတ်သုံးတဲ့ လူလဲ သုံးတဲ့လူအလျှောက် မိမိသိသမျှ အမျိုးသားရေး အသိကို မိမိလို မသိသေးတဲ့သူတွေဖြန်ဝေပေးကြဖို့လိုပါတယ်..
အမှိုက်ကစပြီး ပြသာဒ်မီးလောင်မဖြစ်ရအောင် ဒီအမှိုက်ကလေး ရှင်းလင်းရေးမှာ သူငယ်ချင်းအားလုံး အမျိုးသားရေး အသိနဲ့ ဝိုင်းဝန်းကြပါလို့ တိုက်တွန်းလိုပါတယ်...


ရည်ညွှန်းချက် ။ http://www.facebook.com/mramyintzuaung

ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ

( အဏ္ဏ၀ါစစ်သည်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြည်ပရောက် ရခိုင်ကျောင်းသား တစ်ဦးရဲ့ တင်ပြချက် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးကို ဘယ်သူတွေ ပွဲထုတ်လာခဲ့တယ် ဆိုတဲ့ စိတ်ဝင် စရာ ကောင်းတဲ့ အချက်အလက်များ ပါတာမို့ ဝေမျှပေး လိုက်ပါတယ်။ )

အဏ္ဏ၀ါ စစ်သည်ဆိုသူက ရိုဟင်ဂျာ အကြောင်း ရေးသွားပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မသိတဲ့ ဖဆပလခေတ်က အကြောင်းတွေ ပါလာလို့ ဗဟုသုတရပါတယ်။ ဖဆပလက အာဏာတစ်ခုထဲ အတွက် ရေရှည် အန္တရာယ်ကို မကြည့်ဘဲ ကုလားအမတ်တွေ မွေးခဲ့တယ်။

ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကုလားအမတ်တွေက စသုံးခဲ့တယ်ဆိုတဲ့ အချက်ထဲမှာ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ်။

တည်မြဲ၊ သန့်ရှင်း ကွဲပြီးနောက် အိမ်စောင့်အစိုးရ တက်တယ်။ အိမ်စောင့်အစိုးရက ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ကို မဲဆွယ်ဖို့ လာတယ်။ မောင်တော မြို့နယ်မှာ စည်းရုံးရေး လုပ်တဲ့အခါ ဦးနုက သန့်ရှင်းသာ အနိုင်ရရင် ရိုဟင်ဂျာ လူမျိုးလို့ သတ်မှတ်ပေးမယ်။ မြန်မာ့ အသံက တိုင်းရင်းသား အစီအစဉ်တွေမှာ ရိုဟင်ဂျာ ဘာသာနဲ့ အသံလွှင့် ပေးမယ်လို့ ကတိ ပေးသွားတယ်။

သူနိုင်တော့ မြန်မာ့အသံကနေ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး လေးလလောက် လွှင့်လိုက်သေးတယ်။ နောက်တော်လှန်ရေး ကောင်စီ တက်တော့မှ အဲဒီအသံလွှင့် အစီအစဉ် ရပ်သွား တယ်။

နောက်ပြီး ဦးနုကို ကုလားတွေက မေယုပြည်နယ် ဆိုပြီး သတ်မှတ်ပေးဖို့ တောင်းတယ်။ ဦးနု က ပြည်နယ်တော့ မပေးဘူး၊ သို့သော် သီးခြားဒေသ တစ်ခု သတ်မှတ် ပေးမယ်လို့ ကတိပေး သွားတယ်။ ဒါ့ကြောင့် ဦးနုရဲ့ ပထစပါတီ အနိုင်ရတဲ့အခါ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေကို မေယုနယ်ခြား ခရိုင်ဆိုပြီး သီးခြားခရိုင် တစ်ခုဖွဲ့တယ်။ အဲဒီခရိုင် ထဲက ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တယ်။

အဲဒီလို လုပ်ပေးတဲ့ အတွက် ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးနဲ့ ဟင်္သာစစ်ဆင်ရေးလုပ်တဲ့ အခါ အဲဒီကုလားတွေဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ခိုးဝင်လာတဲ့ ကုလားတွေမှန်း သိသိကြီးနဲ့ မှတ်ပုံတင် ကိုင်ထားတော့ ပြန်လက်ခံခဲ့ရတယ်။ တကယ် ဥပဒေအရက ၁၈၈၅ မတိုင်မီကစပြီး မြန်မာနိုင်ငံမှာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့တဲ့ လူများကိုပဲ နိုင်ငံသား အဖြစ်သတ်မှတ်ပြီး အမျိုးသား မှတ်ပုံတင် ထုတ်ပေး ရမှာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ရိုဟင်ဂျာကိစ္စမှာ ကူလီကူမာကျတဲ့ ကုလားများမှာ တာဝန်ရှိသလို အမတ်နေရာ သုံးလေးနေရာ ရဖို့အတွက် အာဏာ ရူးခဲ့တဲ့ နိုင်ငံရေး သမားတွေမှာလဲ တာဝန်ရှိ တယ်ဆိုတာ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။
ဒါက အတိတ်တုံးက အဖြစ်။ အခု ခေတ်မှာလဲ ဒီရိုဟင်ဂျာကိစ္စကို နိုင်ငံတကာ မျက်နှာစာပေါ် ရောက်လာအောင် လုပ်တဲ့နေရာမှာ ကိုယ့်မြန်မာ နိုင်ငံရေးသမား၊ ဒီမိုကရေစီ သမားဆိုသူတွေ ပါနေပြန် တယ်။ ပထမဆုံး ပါလာတဲ့အဖွဲ့က ကျွန်တော်တို့ ကိုယ်တိုင်ပါခဲ့တဲ့ ကျောင်းသားအဖွဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ( မကဒတ) ပဲဖြစ်ပါတယ်။

ဒီအကြောင်းကို ပြောတိုင်း အလွန် ၀မ်းနည်းပါတယ်။ အဲဒီအချိန်က မကဒတ ဗဟိုကော်မတီ အစည်းအဝေးမှာ ကေအင်ယူက ဖွဲ့ပေးထားတဲ့ အစ္စလမ် လွတ်မြောက်ရေး တပ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ချို့က ရိုဟင်ဂျာ အရေးကို ထောက်ခံဖို့၊ အဲဒီလို ထောက်ခံရင် အရှေ့အလယ်ပိုင်းက ထောက်ပံ့ငွေတွေ ရအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီအချိန်က မကဒတမှာ ရှိတဲ့ ရခိုင် ကျောင်းသားများက ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ ပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်က တွေးတာက န၀တကို တိုက်ဖို့အတွက် အားလိုတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အားယူဖို့ အတွက် ရနိုင်တဲ့ လက်နက် အားလုံးကို သုံးရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့နေ့စွဲနဲ့ မကဒတ ( ဗဟို) ရဲ့ သုတေသနဌာနက စာမျက်နှာ ၄၉ မျက်နှာပါစာ ရိုဟင်ဂျာသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာတမ်းမှာ ရိုဟင်ဂျာ တွေအပေါ် မြန်မာအစိုးရက ပြုလုပ်တယ် ဆိုတဲ့ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက လူမျိုးစုတစ်ခု အဖြစ်နဲ့ ပုံဖော်ခဲ့ ပါတယ်။

အဲဒီစာတမ်းဟာ ၁၉၉၁ ခုနှစ်ကုန်မှာ န၀တက ရခိုင်ပြည်နယ်ထဲမှာ မှတ်ပုံတင် စစ်ဆေးပြီး တရားမ၀င် ခိုးဝင်လာသူတွေကို ဖော်ထုတ်တဲ့ စစ်ဆင်ရေးကြောင့် ကုလားတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန်ထွက်ပြေးတဲ့ အချိန်နဲ့ အချိန်ကိုက် ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာတမ်းလိုပဲ INGO တွေဆီကလည်း ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုတဲ့ စာတမ်းတွေ ဆက်တိုက် ထွက်လာပါတယ်။

အဲဒီစာတမ်း အားလုံးမှာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံ လူမျိုးစုအဖြစ်နဲ့ ပုံဖော်ထားခဲ့ပါတယ်။ ဒီအတွက်လည်း မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး အခြေခံပါတီတွေ၊ ဘာသာရေး ကျောင်းတွေက ဒေါ်လာ သန်းနဲ့ချီ သုံးခဲ့ပါတယ်။ မကဒတ ကိုလည်း ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ပြီး လက်နက် အချို့လဲ ထောက်ပံ့ ပေးခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအထိ ရောက်သွားပြီး ရိုဟင်ဂျာ လူမျိုးစုဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ အတည်လို ဖြစ်သွားပါတယ်။

နအဖကို တိုက်ဖို့ သုံးတဲ့ လက်နက်ကြောင့် နအဖအစိုးရ ပြုတ်ကျ မသွားပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ထဲမှာတော့ ဘယ်တုံးကမှ မရှိခဲ့တဲ့ မုတ်ဆိတ်ဖားနဲ့ ကုလားလူမျိုးစု တစ်စု အပိုင်ရလိုက်ပါပဲ။ ရိုဟင်ဂျာတွေကို ဒီလို ပုံဖော်ခဲ့တဲ့ အတွက် ဘင်္ဂါလီ ကုလားများဟာ သူများနိုင်ငံကို ခိုးဝင်တဲ့လူ အဖြစ်ကနေ ဖိနှိပ်လို့ ထွက်ပြေးလာ ရပါတယ်ဆိုတဲ့ ဒုက္ခသည်ဘ၀ကို ရောက်သွားပါ တော့တယ်။ ဒီခေါင်းစဉ် အောက်ကနေ ထိုင်း၊ မလေးရှားဘက်ကို ထွက်ကြ တော့တာပါ။

မြန်မာနိုင်ငံမှာ ဒီလိုခိုးဝင် နေတာတွေ ရှိတုံးဖြစ်သလို၊ ခိုးဝင် လာသူတွေကို ဖော်ထုတ် အရေးယူဖို့ လုပ်တိုင်း ရိုဟင်ဂျာ လူမျိုးတွေကို ဖိနှိပ်ပါတယ်ဆိုပြီး နိုင်ငံတကာမှာ အသံကုန် အော်ခွင့် လိုင်စင် ရသွားတာပါပဲ။
မကဒတ နောက်ပိုင်းမှာ ရိုဟင်ဂျာကိစ္စကို ရှေ့တန်းတင် လာတာက ဦးဟန်ယောင်ဝေပါပဲ။

ဦးဟန်ယောင်ဝေကလဲ မကဒတရဲ့ စဉ်းစားပေါက် အတိုင်းပဲ ရိုဟင်ဂျာအရေးကို ငွေတွင်းကြီးလို့ မြင်ပါတယ်။ ဒါကြောင့်လဲ ENC အနေနဲ့ရော၊ ဥရောပမှာ သူလှုပ်ရှားနေတဲ့ အသိုင်းအ၀န်း ထဲမှာရော ရိုဟင်ဂျာကိစ္စကို Issue အဖြစ်နဲ့ တင်လာပါတယ်။ ဒီလိုလုပ်တာကို ပြည်ပရောက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဟန်ယောင်ဝေဟာ ဦးခင်မောင်လို ရခိုင်ကိုယ်ကျိုးရှာ နိုင်ငံရေး သမားကိုတော့ နံမည်ခံ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးပြီး ရိုဟင်ဂျာအရေးကို ရခိုင်လူမျိုးတွေက ထောက်ခံတဲ့ အသွင်ကိုတော့ ဖန်တီးနိုင်ခဲ့သေးတယ်။

ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ထဲမှာ တရားဝင် နေထိုင်ခွင့် ရနေတဲ့ ဘင်္ဂါလီ ကုလားများရဲ့ လူ့အခွင့်အရေး တွေ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို လက်ခံပါတယ်။ အဖိနှိပ်ခံ မြန်မာပြည်သူ တွေလိုပဲ သူတို့အနေနဲ့ ဒီအခွင့်အရေးတွေကို ရဖို့အတွက် စည်းရုံး လှုပ်ရှားတာကို ကျွန်တော်တို့ ထောက်ခံပါတယ်။ သို့သော် ဒီအခွင့်အရေးကို အကြောင်းပြပြီး ဘင်္ဂါလီ ကုလားတွေကို တိုင်းရင်းသား လူမျိုးအဖြစ် ဖန်တီးတာကို လက်မခံနိုင်ပါဘူး။ ဒီအခွင့်အရေးကို အကြောင်းပြပြီး နောက်ထပ် တရားမ၀င် ခိုးဝင်မှုတွေ ဖြစ်လာအောင် အားပေးတာ။ ခိုးဝင်လာခဲ့သူတွေကို မြန်မာ နိုင်ငံသား အဖြစ် ရောက်အောင် လုပ်တာတွေ ကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။

ဒီလိုဖြစ်အောင် အားပေးနေတဲ့ ပြည်ပရောက် ဒီမိုကရေစီ နိုင်ငံရေး သမားများကိုလည်း သူတို့ အနေနဲ့ လူ့အခွင့်အရေးကို မျက်နှာဖုံးစွပ်ပြီး မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှ မရှိတဲ့ လူမျိုးတစ်မျိုး ပေါ်လာအောင် လိမ်ညာ လှည့်ပတ်နေတဲ့ ဘင်္ဂါလီကုလားများရဲ့ လှုပ်ရှားမှုများကို ထောက်ခံ နေခြင်းဟာလဲ ရခိုင်လူမျိုးများကို စော်ကားနေတာ ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ အတွက် လိုအပ်နေတဲ့ တိုင်းရင်းသား ညီညွတ်မှုကို ပျက်စီးအောင် လုပ်နေတာ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။

၆၀ တုံးက ဦးနုအာဏာရူးပြီး ကတိတွေ ပေးခဲ့တာကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးက အတည် ဖြစ်ခဲ့ရပြီးပြီ။ အခုလဲ နအဖကို ဆော်ဖို့ အတွက် ရိုဟင်ဂျာကို သုံးဖို့ ပြန်လုပ်လာပြန်ပြီ။

ဒါဟာ ဖရန်ကင်စတိန်းလို ဖုတ်ကောင်ကြီးကို အသက်သွင်း ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။
ဒါဟာ နအဖ နဲ့သာ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အမျိုးသားရေး၊ ပြည်ထောင်စု အရေးဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်။

( From Shwe Eaim Si Facebook )

အေဒီ (၁၄) ရာစုခေတ်က ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘာလဲ ဘယ်လဲ



ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်နဲ့  အဲဒီကြေငြာချက်ကို သတင်းအဖြစ် ရေးသားခဲ့တဲ့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာပါ သတင်းတွေဟာ သက်ဆိုင်ရာ ရခိုင်လူမျိုးတွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားခဲ့တယ်လို့ ပြောချင်တယ်။
တဖက်မှာလည်း ငြိမ်းချမ်းတည်ငြိမ်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ချင်တဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအတွက် အနှောင့်အယှက်တခု အဟန့် အတားတခုဆိုတာ နားလည်ကြမယ်လို့  ယုံကြည်မိတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ယုံကြည်သူတွေအတွက် ဒီသတင်းဟာ အနှောင့်အယှက်ဖြစ်စေမယ်။ ဒါကြောင့် ဒီအဖြစ်မျိုးတွေကို ဆန့်ကျင်ဖို့  လိုအပ်တယ်ဆိုတဲ့အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တယ်။
ဆောင်းပါးအစမှာ သက်ဆိုင်ရာ ရခိုင်လူမျိုးတွေကို လှုပ်နိုးလိုက်သလိုဖြစ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီရဲ့သက်ရောက်မှုဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်ထိုင်နိုင်ရေး သို့ မဟုတ် ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လှမ်းနေတဲ့ ခြေလှမ်းတွေကို တုံ့နှေးစေမယ်။ အဟန့်အတား တွေဖြစ်စေနိုင်တယ်လို့ ပြောလိုတာဖြစ်တယ်။
၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ်။ ဆိုတော့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ် ရေးသားခဲ့ပါတယ်။ 



အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ပဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ့ ကြုံနေပြီလား။ အဲဒီ အန္တရာယ်တွေက ဘာတွေလည်း စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ်။ အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန် ဖြစ်တယ်။
တဖက်မှာလည်း နိုင်ငံတော်ပိုင် မီဒီယာပဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာပဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ်။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို ဆော်သြသင့်တယ်။ ဒါကတော့ ယေဘုယျအားဖြင့် လုပ်ရမယ့် တာဝန်တွေပါ။
ဆိုတော့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ (၄) ရက်ထုတ်မှာ ပါလာပါတယ်။ ဒါပေမယ့် ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာ တွေ့ရတယ်။
နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို့ တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ်။ သတင်းစာရဲ့ အယ်ဒီတာကိုယ်တိုင် ထိန်ချန်ခဲ့တာဖြစ်နိုင်သလို အယ်ဒီတာက ထည့်ပေမယ့် စာပေစိစစ်ရေးရဲ့ ဖြတ်တောက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ဒီလုပ်ရပ်ကို ထိန်ချန်ချင်ရတာလဲဆိုတဲ့အမေးရဲ့ အဖြေကို ဥာဏ်မှီသလောက် လက်ကုန်နှိုက်ကြည့်ဖို့ လိုအပ်တယ်။ အားလုံး ဒီအပေါ်မှာ သဘောမတူနိုင်ဘူးဆိုတာ နားလည်ပေမယ့် ဘယ်သူမှ မပေးတဲ့ သမိုင်းပေးတာဝန်တခုကို ထမ်းဆောင်ရမှာ ဖြစ်တယ်။
သေချာတာတခုက ကိုယ်နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုအဖြစ် ပြောရပါလိမ့်မယ်။ ဒီကြိုးစားမှုဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး တနည်းအားဖြင့် ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။ 



ရခိုင်မဟုတ်တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို သံသယဖြစ်အောင် တွန်းပေးသလိုဖြစ်စေပါလိမ့်မယ်။ ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါပဲ။ ဒါတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် အဟန့် အတားတွေဖြစ်စေသလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း အဟန့်အတားတခုဆိုတာပြောချင်တယ်။
မဟာလူမျိုးကြီးဝါဒကို အရေခြုံထားတာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ထောက်ပြဖူးတယ်။ ဒီမဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးကို အဓိကအားဖြင့် စစ်တပ်ခေါင်းဆောင်တချို့ က စစ်တပ်ကို အသုံးချပြီး မောင်းနှင်ခဲ့မှုအပေါ်မှာ စစ်တပ်လွှမ်းမိုးရေး သို့ မဟုတ် စစ်အာဏာရှင်စနစ်က ရှေ့ တန်းရောက် သွားခဲ့တာဖြစ်တယ်။ နဂိုမူလ ရည်ရွယ်ချက်ဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးက အတွင်းပိုင်းမှာ လူမမြင်ဘဲ ပုံးလျှိုးနေခဲ့တယ်။
ထို့ အတူ ဗမာအမျိုးသားတိုင်း မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးကို လက်ခံကြ တယ်လို့ ဘယ်သောအခါမှ ၀ါးလုံးရှည်နဲ့ မရမ်းဘူးလို့  ပြောချင်တယ်။ အဲဒီ ၀ါဒကို လက်မခံတဲ့ ဗမာ အမျိုးသားတွေ အများကြီးပါ။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအယူအဆဟာ ခေတ်သစ်မြန်မာနိုင်ငံကို ချောက်ကမ်းပါးထဲကို ဆွဲချမယ့် ၀ါဒအဖြစ် ဦးအောင်ဆန်းနဲ့  သူရဲ့မျိုးဆက်က နားလည်တယ်။ အဲဒီ ၀ါဒဟာ ဘယ်သောအခါမှ တိုင်းပြည်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကမ္ဘာ့ အရှည်ကြာဆုံး ခေတ်သစ်မြန်မာနိုင်ငံ ပြည်တွင်းစစ်က သက်သေပြနေတယ်။
ဆိုတော့ အာရှ တိုက်ထဲက ပျက်စီးမယ့် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆယ်ခုထဲမှာ ပါဝင်နေတဲ့ ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ထိန်ချန်ခဲ့မှုဟာ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးရဲ့ အစိတ်အပိုင်းတခု ဆိုတာကို ပြောလိုတယ်။
ပျက်စီးဆုံးရှုံးမယ့် ဘေးအန္တရာယ်တွေဆယ်ခုထဲမှာ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့တော် ပါဝင်နေပါလျက် အဲဒီနိုင်ငံတော်က ထုတ်ဝေတဲ့ နေ့ စဉ်သတင်းစာမှာ အဲဒီအကြောင်း အရာကို ထိန်ချန်ခဲ့မှုဟာ မတော်တဆ မဟုတ်ဘူးဆိုတာ သာမန်လူတွေတောင်နားလည် သဘောပေါက်တဲ့ကိစ္စဖြစ်တယ်။
ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ မြောက်ဦးမြို့ တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကြဉ်ဖယ်ခြင်း (ဂရုမစိုက်ခြင်း) ကို အစိုးရအဆက်ဆက်ဆီမှာ ခံခဲ့ရပါတယ်။ ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ရခိုင်ပြည်က ရှေးဟောင်းမြို့တော် မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ ၊ နည်းဗျူးဟာတွေရေးဆွဲနေချိန်ဖြစ်ပါလိမ့်။
နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို နှိုင်းယှဉ်ကြည့်ပါ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့ မရှိတော့ဘူး။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့ လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလို ဖြစ်ပါလိမ့်မယ်။ 


                          (မြောက်ဦးမြို့ ၁၇ ရာစု ပန်းချီကားပုံ)

ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့ ရဲ့ထောက်ပြမှုဟာ ရခိုင်လူထုအတွက် တပ်လှန့် သလို ဖြစ်နေလိမ့်မယ် ဆိုတဲ့အတွေး တနည်းအားဖြင့် မဟာလူမျိုးကြီးဝါဒီတွေရဲ့ ရခိုင့်ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးပစ်ရေးစံမံကိန်းကို မရိပ်မိအောင် ဆက်လက်ထားရှိရေး ရည်ရွယ်ချက်တွေကြောင့် နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာက ထိန်ချန်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့
(၁) စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း
(၂) လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း
(၃) လုယက်ခြင်း
(၄) စစ်မက်ဖြစ်ပွားခြင်း
(၅) ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။ ဆိုတော့ အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ်။
ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ့ ကတော့ စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု၊ လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့ ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မဆို့ မပို့ ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ ဖြိုးရေး ခေါင်းစဉ်အောက်က တရားဝင်ဖျက်ဆီးပစ်မယ့် စီမံကိန်းလို့ မြင်ပါတယ်။
ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့  ထောက်ပြတာဖြစ်ပါလိမ့်မယ်။ စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့် နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ်။
ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ အဓိကလက်သယ်ဟာ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးအယူအဆပါ။ အဲဒီ ၀ါဒတွေကြောင့် အခြားအမျိုးသားတွေရဲ့ ယဉ်ကျေးမှုကို ထိမ်းသိမ်းကာကွယ်ရမယ့်အစား ဒေသဖွံ့  ဖြိုးရေး အရေခြုံပြီး ဖျက်ဆီးပစ်မယ့် စီမံကိန်းတွေကို လုပ်ဆောင်ရဲတာဖြစ်တယ်။
မတူညီတဲ့ အမျိုးသားတွေနဲ့ စုစည်းထားထဲ့နိုင်ငံတော်ထဲမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေရှိမယ် မတူညီတဲ့ယဉ်ကျေးမှုတွေကို အပြန်အလှန်လေးစားတန်းဖိုးထားခြင်းတွေ၊ စောင့်ထိမ်း ကာကွယ်မြှင့်တင်ပေးခြင်းတွေဟာ မတူညီတဲ့ အမျိုးသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကောင်းဆုံးသော အဖြေဖြစ်မှာ သေချာတယ်။ 



ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းကြီးဟာ ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားထိမ်းသိမ်းကာကွယ် နေကြသလို မယဉ်ကျေးသည့် အစုအဖွဲ့ တွေကတော့ သူတို့ အတွက် အန္တရာယ်တခုလို မြင်ပြီး ဖျက်ဆီးပစ်မယ့် မဟာစီမံကိန်းတွေရေးဆွဲပြီး စနစ်တကျဖျက်ဆီးပစ်တတ်ကြပါတယ်။
ဆိုတော့ ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ် မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့  ကြုံတွေ့နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိ လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို့ ပြောချင်တယ်။
မြောက်ဦးမြို့ တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့ တော်ထက် ရှေးကျတဲ့ ဓည၀တီမြို့ တော် ဟောင်းနဲ့ ဝေသာလီမြို့  တော်ဟောင်းတွေဟာလည်း အသက်ငင်လျက် ရှိပါတယ်။
ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးခံနေရတဲ့ ရခိုင်အမျိုးသားတွေအနေနဲ့  ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့ စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ်။
ခိုင်လင်း (မေဃ၀တီ)
မေ ၇၊ ၂၀၁၂   ညး ၉း ၄၇




Monday, May 7, 2012

ရခိုင် နှင့် ဗမာ လေးသိန်းကျော် ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက် တိုက်ခိုက်ခြင်းခံနေရ

ဘင်္ဂလားဒေခ်ျ့တွင် ရှိသော ရခိုင် နှင့် ဗမာ လေးသိန်းကျော် ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက်တိုက်ခိုက်ခြင်းခံနေရ

ရခိုင်ပြည်နယ် မောင်တော( တောင်ပြို ) တစ်ကြော နှင့် ချင်းပြည်နယ် နယ်စပ်ဘက်မှ စတင်အခြေပြု၍ ရခိုင်နှင့်ဗမာ အမျိုးသားများနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီခဲ့ပြီဖြစ်သည် ။ ရခိုင်အမျိုးသားတို့မှာ ရခိုင်ဘုရင်မင်းဗာကြီး၊ စန္ဒာသူရိယမင်းဆက်များလက်ထက်ကပင် သော်ဒလီ (ရွာစား ၊ နယ်စား) များအဖြစ်နေထိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ကြသည်။

ဗမာအမျိုးသားတို့မှာ ရေကြည်ရာမြက်နုရာ ကျင်လည်ကျက်စားသူများနှင့် မင်းကြီးမဟာဗန္ဓူလ လက်ထက် ပန်းဝါတိုက်ပွဲတွင် နယ်ခြားစောင့်တပ်အဖြစ်ကျန်ရစ်ခဲ့သော တပ်မတော်သားနှင့် မိသားစုများဖြစ်ကြသည် ။ ထိုစဉ်အခါက ရခိုင်နှင့် ဗမာများမှာ အုပ်စိုးသူများအဖြစ်နေထိုင်ခဲ့ကြပြီး ၊ အင်္ဂလိပ်လက်ထက်တွင်ဒေသ
ခံဘင်္ဂလီများနှင့် တန်းတူရည်တူနေထိုင်ခဲ့ကြသည် ။ သို့သော် ပါကစ္စတန်မှ ဘင်္ဂလားဒေခ်ျ့ဟု ခွဲထွက်ပြီးသည်အချိန်မှ စ၍ ရခိုင် နှင့် ဗမာ လူမျိုးများမှာ ဘင်္ဂလီ မူဆလင် အစွန်းရောက်များ ၏ တိုက်ခိုက်မှု့ကို နှစ်စဉ်ခါးစီး၍ ခံနေကြရသည်။

ပြေးစရာမြေမရှိ၍ ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ ရခိုင်ဗမာ အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်း ၊ အမျိုးသားများ ခေါင်းဖြတ်ခံရခြင်း၊ ရွာလုံးကျွတ် ထွက်ပြေးရခြင်း များမှာ ၁၉၅၀ ကျော်မှ ယခု ၂၀၁၁ အထိ နှစ်စဉ်ပင် ကြုံတွေ့နေရပေသည်။


ထို အကြမ်းဖက် ဘင်္ဂလီများအား ဘင်္ဂလားဒေခ်ျ့စစ်တပ်မှ မတားဆီးရုံတွင်မက မသိမသာ အားပေး အားမြောက်ပင် ကူညီနေခဲ့သည် ။

ထိုဒေသရှိ ရခိုင် နှင့် ဗမာများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ များ ဖြစ်ကြသော်လည်း ၊ ဘင်္ဂလီနယ်မြေတွင် သားစဉ်မြေး ဆက်နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် မြန်မာနိုင်ငံသို့ပြန်လာဖို့ရာ လူဝင်မှုခက်အခဲ များစွာရှိသည့်အတွက် သားစဉ်မြေးဆက် နိုင်ငံမဲ့သူများပမာ ဒုက္ခအ၀၀ ကို ခါးစဉ်း၍ ခံလာကြရသည် ။ ယခုအခါ မီဒီယာအားကောင်းသော ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်များက မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်ရန်သာမက မောင်တော ၊ ဘူးသီးတောင် နယ်မြေကို မျက်စပြစ်နေသော်လည်း မြန်မာနိုင်ငံသား စစ်စစ် ဖြစ်သော်လည်း ဘင်္ဂလားချေ့်နိုင်ငံတွင်သားစဉ်မြေးဆက်
နေထိုင်ခဲ့မိ၍ ဒုက္ခရောက်နေကြရရှာသော ရခိုင်ဗမာ တိုင်းရင်းသားတို့၏ ဘ၀မှာ များစွာ စိတ်နာဖွယ်ရာကောင်းလေတော့သည်။


Source: FB Kyaw Zaw Hlaing