Saturday, February 16, 2013

`အင်ဒိုနီးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော်သမိုင်း

                        `အင်ဒိုနီးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော်သမိုင်း (အပိုင်း-၁)

by Dhammavira Ashin on Wednesday, February 6, 2013 at 1:22pm ·
          အင်ဒိုနီးရှားသမ္မတနိုင်ငံ (Republic of Indonisia) သည်အရှေ့တောင်အာရှရှိ အီကွေတာမျဉ်းကြောင်းတစ်လျှောက်ပေါ်တွင်တည်ရှိပြီး အရှေ့ဘက်တွင် ပါပူဝါနယူးဂီနီ နှင့်မြောက်ဖက်တွင်    မလေးရှားနိုင်ငံတို့နှင့်နိုင်ငံနယ်နိမိတ်ချင်းဆက်စပ် လျှက်ရှိပါသည်။ နိုင်ငံအကျယ်အ၀န်းအနေဖြင့် (၇၃၅၂၆၈)စတုရန်းမိုင်ကျယ်ဝန်ပါတယ်။ မြို့တော်က တော့ ဂျာကတာဖြစ်ပြီး လူဦးရေအားဖြင့်(၁၉၉၉-ခုနှစ်စာရင်းအရ) ၅၀၇.၅.ရှိပြီး `ကမ္ဘာပေါ်တွင်မူဆလင်ဦးရေအများဆုံးနိုင်ငံ´ဖြစ်ပါတယ်။

          အာရှတိုက်၏အရှေ့တောင်ဘက် အင်ဒိုနီးရှားနိုင်ငံ၏ ဆုမတြာနှင့် ဂျာဗားကျွန်းတို့တွင် AD,700-မှစတင်၍  ဗုဒ္ဓဘာသာမှာ ထွန်းကားပြန့်ပွားခဲ့ပါတယ်။ သို့ရာတွင် ၁၄-ရာစုအရောက်တွင်မူ အစ္စလာမ်(မူဆလင်)များ တဖြည်းဖြည်းထိုးဖောက်လာပြီး ဗုဒ္ဓ၀ါဒီများ ပျောက်ကွယ်ခဲ့ရပါတယ်။

          အရှေ့တောင်အာရှ(၁၀)နိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံသည် ကုန်မြေနှင့် ရေပိုင်နက်များပါ ထည့်တွက်မည်ဆိုပါက အကျယ်ဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ မူဆလင်တို့ မကျူးကျော်မှီက ထိုနိုင်ငံတော်ကြီးသည် ဗုဒ္ဓသာသာနာတော်စည်ပင်ထွန်းကားခဲ့ပြီး အေးချမ်းမှုများစွာရှိခဲ့ပေသည်။

          သာသနာတော်ဘယ်လောက်အထိ ထွန်းကားခဲ့သလဲဆိုရင် ကောင်ကင်ယံတခွင်တွင် ရဟန္တာတို့ ဈာန်ကြွခြင်းကြောင့် သင်္ကန်းရောင်တို့ ၀င်းလက်ပြောင်လင်းရွှေအဆင်းရှိပြီး မြေအပြင်သည်လည်း စပါးပင်တို့၏ ရွှေအိုရောင် ကောင်ကင်ယံတွင် ရဟန်းတော်များ၏ သင်္ကန်းရောင် ထိုရွှေဝါရောင်နှစ်ခု၏  အရောင်းအလင်းကား ရှုမညီးဖွယ်ရာကြည်ညို ပသာဒဖြစ်စေပြီး `သုဝဏ္ဏဒီပ´ရွှေရောင်ကျွန်းဟုပင်တင်စားခေါ်ဆိုခဲ့ရသည့် အထိ သာသနာတော်ထွန်းကား သာယာခဲ့၏။ ထို့သော် ယခုအချိန် ယခုအနေအထားနှင့်ကား  လားလားမှမဆိုင် ရွှေရောင်အစား မူဆလင်တို့၏ အမဲရောင်များသာ လွှမ်းမိုးအကျည်းတန်နေလေပြီ။ ထိုအင်ဒိုကျွန်းတနည်းဆိုရသော် သုဝဏ္ဏဒီပကျွန်းကဲ့သို့ တချိန်းတခါက သံဃာတော်အရှင်မြတ်တို့၏ သင်္ကန်းရောင့်ကြောင့် ရွှေရောင်လွှမ်းသာယာလှပကဲ့သော သီဟိုဠကျွန်းသည်ကား ယခုအချိန်ထိ လှပဆဲ အေးချမ်းဆဲ သာယာဆဲပင်ဖြစ်၏။

          မဇ္ဈိမဒေသ(အိန္ဒိယ)မှနေ၍ ဗုဒ္ဒသာသာနာတော်သည်  အင်ဒိုနီးရှားနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကပင် ရောက်ရှိပြန့်ပွားနေခဲ့သည်။ အထူးသဖြင့် ဂျာဗာကျွန်းမှာ အင်ဒိုနီးရှာတနိုင်ငံလုံးသို့ ဗုဒ္ဓသာသာနာတော် ဖြန့်ချီရာ သာသာနပြု ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့၏။

          AD.14,ရာစုအထိ အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနတော် တည်ရှိနေသေးကြောင်းကို သမိုင်းဆိုင်းရာ အဆောက်အဦး နှင့် စာပေအထောက်အထားများအရ သိရှိရပါတယ်။ သာသနာတော်နှစ်(၉၅၈) AD-415, တွင် တရုတ်သမိုင်းပညာရှင် ဖာဟိယန်သည် အိန္ဒိယမှတဆင့် အင်ဒိုနီးရှားသို့ရောက်ရှိခဲ့ပြီး ထိုအချိန်အထိ ဗုဒ္ဓဘာသာများ ရှိနေသေးကြောင်း မှတ်တမ်းတင်ရေးသားထားပါတယ်။

          တတိယသင်္ဂါယနာတင်အပြီး အရှင်မောဂ္ဂလိပုတ္တတဿမဟာထေရ်မှကိုးတိုင်းကိုးဋ္ဌာနသို့ သာသနာတော်ပြုစေလွှတ်ရာတွင် တခုအပါအ၀င်ဖြစ်သော `သုဝဏ္ဏဘူမိ´ဒေသဆိုသည်မှာ အင်ဒိုနီးရှာသည် အဓိကနေရာတခုဖြစ်ကြောင်းကို ရဟန်းပညာရှိ လူပညာရှိများက တညီတညွတ် တည်းပြောဆိုကြပါတယ်။

          သုဝဏ္ဏဘူမိံ ဂန္တွာန ၊ သောဏုတ္တရာ မဟိဒ္ဓိကာ။
        ပိသာစေ နိဒ္ဓမေတွာန ၊ ဗြဟ္မဇာလမဒေသိယုန္တိ။
ဟူသော ပိဋကတော်ကိုထောက်ရှု၍ သုဝဏ္ဏဒီပခေါ် အင်ဒိုနီးရှားသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။

          အင်ဒိုနီးရှားနိုင်ငံသို့ ဗုဒ္ဓသာသနတော် ထွန်းကားပြန့်ပွားနေချိန်တွင် အစ္စလာမ်(မူဆလင်) ဘာသာမှာ မပေါ်သေးချေ၊ ထို့ကြောင့် အင်အိုနီးရှားသို့ ဗုဒ္ဓသာသနာတော်သည် စောစီးစွာ ရောက်ရှိနေပြီး ဖြစ်ကြောင်းမှာ ထင်ရှားပါတယ်။

          သာသနာတော်နှစ်(၁၀၆)နှစ်၊ AD,520-တွင် ကသ္မီရဘုရင်၏ သားတော် အရှင်ဂုဏဓမ္မ သည်  အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ကြွရောက်၍ သာသနာတော်ပြုရာတွင် ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားလာကြောင်းကို ကာအိုဆင်ချမ်ဟုဆိုသော တရုတ်ကျမ်းစာတစ်ခု၌ ဖော်ပြထား ပါသည်။  ထိုအခါက အိန္ဒိယ နာလန္ဒာတက္ကသိုလ်ကြီးမှ ဆရာတော်အရှင်ဓမ္မပါလသည်လည်း အင်ဒိုနီးရှားသို့ သာသနာပြုကြွရောက်ခဲ့ကြောင်းကို မှတ်တမ်းများအရသိရပါတယ်။

          ကမ္ဘာကျော် `ဗောရောဗုဓ´စေတီတော်ကြီးနှင့် `ကလဆံ´စေတီ၊`မင်ဒတ်စေတီတော်´ တို့မှာ အင်ဒိုနီးရှာတွင် ယခုအချိန်အထိ ထင်ရှားစွာတည်ရှိနေပါသည်။သာသနာတော်နှစ် (၁၃၃၃)ခုနှစ် AD-790,တွင်ရေးထိုးထားသော ကျောက်စာများနှင့်၊ယိကျင်၏ မှတ်တမ်းအရ ထိုခေတ်အခါက အင်ဒိုနီးရှားကျွန်းကို သုဝဏ္ဏဒီပ(ရွှေရောင်ကျွန်း)ဟုခေါ်ဆိုပြီး နိုင်ငံ တော် ၏အမည်ကိုလည်း `သီရိဝိဇယ နိုင်ငံတော်´ဟုခေါ်ဆိုကြောင်းကို မှတ်တမ်းတင်ထားပါသည်။

          သာသာနာတော်နှစ်(၁၆၀၀) AD,1157 တွင် အင်ဒိုနီးရှား(သုဝဏ္ဏဒီပ)သည် ဗုဒ္ဓဘာသာ၏ ပညာသင်ကြားရာ ဗဟိုချက်မနေရာဖြစ်လာခဲ့သည်၊၀ိက္ကမသီလတက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ကြီး အတိဆာ(ဒီပင်္ကရဉာဏ)သည်ပင် အင်ဒိုနီးရှာမှ ဆရာတော် စန္ဒြကိတ္တိထံတွင် ပညာများဆည်းပူး ခဲ့ရလေ၏။  ဆရာတော်အတိဆာသည် တိဗက်၏ သာသနာပြုအကျော်အမော် ဆရာတော် ကြီးပင်ဖြစ်ပါတယ်။

          ထိုခေတ်အခါက အင်ဒိုနီးရှား(သုဝဏ္ဏဒီပ)ဘုရင် သေလိန္ဒြမင်းတို့သည် မလေးကျွန်းဆွယ် အထိ  အာဏာပြန့်ခဲ့ပြီး ဗုဒ္ဓသာသနာတော်ပြန်ပွားစေရန် သာသနာပြုတော်မူခဲ့သည်။ ကမ္ဘာကျော် ဗောရောဗုဓစေတီတော်ကြီးကိုလည်း ထိုသေလိန္ဒြမင်းဆက်များက တည်းထားတော်ခဲ့ခြင်း ဖြစ်ပါတယ်။

          အိန္ဒိယတောင်ပိုင်းမှ စောဠမင်းများနှင့် ဘင်္ဂေါမှ ပါလမင်းတို့သည် အင်ဒိုနီးရှားတွင် ဗုဒ္ဓသာသနာတော် ပြန့်ပွားစေရန် လှုဒါန်းထောက်ပန့် ကူညီခဲ့ကြသည်။ သေလိန္ဒြ နာလန္ဒ တက္ကသိုလ်ကြီးတွင် သံဃာတော်များအတွက် ကျောင်းဆောင်များကိုဆောက်လုပ်လှုဒါန်းပြီး ထိုကျောင်းများကို စောင့်ရှောက်ရန်အတွက် ပါလမင်းများနှင့် စောဠမင်းများက ကျေးရွာများကို လှုဒါန်းခဲ့ကြလေ၏။

          ``သာသနာတော်နှစ်(၂၀၀၀) AD-1457,တွငအာရပ် အစ္စလာမ်ဘာသာဝင် မူဆလင် တို့သည် သင်္ဘောများဖြင့် ကုန်ရောင်းကုန်ဝယ်ဟုဆိုကာ မလေးကျွန်းဆွယ် မလက္ကာရေ လယ်ကြားသို့ ရောက်ရှိနေထိုင်ကြပြီး အရပ်မူဆလင်တို့သည် ကျပ၄င်းတို့၏ နည်းဗျူဟာဖြစ်သော-
          ၁။ ငွေသပြာယူမည်
        ၂။ ပျိုကညာကိုယူမည်
        ၃။ မြေပထဗျာကိုယူမည်
        ၄။ ပြည်အာဏာကိုယူမည်
        ၅။ ဘာသာကိုယူ တိုင်ပြည်ကိုသိမ်းမည်။
ဟုဆိုသော ၀ါဒအတိုင် ငွေကိုရှာ၍ ဒေသခံအမျိုးသမီးတို့အား မူဆလင်တယောက်လျှင် မယားများ စွာယူ၍ မူဆလင်လူဦးရေများရန် ပြုလုပ်ပြီး နောက် စီးပွားရေး၊လူအင်အား၊ စသည့်တို့ကို အသုံချ၍ အာဏာကိုရအောင်သိမ်းလိုက်ကြပြီး သူတို့၏ လုပ်နည်းထုံးစံအတိုင်း အာဏာရပြီးနောက်တွင် တစ်ပြည်လုံးကို မူဆလင်ဇာတ်သွင်းလိုက်ကြတော့၏။

          ထိုအချိန်မှစ၍ အင်ဒိုနီးရှားခေါ် သုဝဏ္ဏဒီပမှနေ၍ ဗုဒ္ဓသာသနာတော်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့ပါတယ်။ ``မူဆလင်တို့ သာသနာပြုသည်မှာ ဗုဒ္ဓဘာသာကဲ့သို့ တရား နည်းလမ်းကျနစွာ အကျင့်၊အယူတရား ၀ါဒကို ဟောပြကာစည်းရုံးခြင်းမဟုတ်ပေ၊ ဟောပြော ရအောင်လည်း အစ္စလာမ်ဘာသာတွင် မည်သည့်ကျင့်စဉ်အကျင့်စရဏမျှမရှိပေ။ထို့ကြောင့် အောက်တန်းကျစွာ မူဆလင်ဦးရေ အစ္စလာမ်ဘာသာဝင်များအောင်ပြုလုပ်ခြင်းသည် စစ်မှန်သောဘာသာတရားဟုတ်လောက်၏ မဟုတ်လောက်၏ ဆိုသည်ကို အနည်းငယ် ဝေဘန်ပိုင်းခြားသော အသိဉာဏ်ရှိသူတိုင်း ပြေးမကြည့်ရပဲ တွေးကြည့်ယုံမျှဖြင့် သိနိုင်ပါပေ၏။ 

 http://www.ashintejaniya.com/




အင်ဒိုနီးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော်သမိုင်း(အပိုင်း-၂)နိဂုံး



အင်ဒိုနီးရှားနိုင်ငံသည် မူဆလင်တို့၏ ၀ါးမျိုမှုကြောင့် အစ္စလာမ်နိုင်ငံဖြစ်သွားသော်လည်း ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုဖြစ်သော ပါဠိ၊သက္ကတ ဘာသာစကားများကိုကား သုံးစွဲနေဆဲပင် ဖြစ် ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ လေကြောင်းကုမ္မဏီတစ်ခု၏ နာမည်ကို ပါဠိဘာသာဖြင့် မည့် ခေါ် ထားပါတယ်။  ထိုလေကြောင်းလိုင်း၏ အမည်မှာပါဠိလို`ဂရုဍ´ (ဂဠုန်)ဟုဖြစ်၏။

          ထို့အပြင် အင်ဒိုနီးရှား သမ္မတ`ဆူကာနို´၏အမည်မှာလည်း ပါဠိအသံထွက်ဖြင့် `သုက ဏ္ဏ ´ဟုဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ သု-လှပသော၊ကဏ္ဏ-နား၊ဟုအဓိပ္ပါယ်ရ၏။ ယခုအချိန်အထိ အင်ဒိုနီးရှားလူမျိုးများကို မသိအောင်ကျောကုန်းကို အမှတ်တမဲ့ထုလိုက်ပါက  လန့်ဖျတ်ပြီး ``ဗုဒ်-ဗုဒ်၊ ဗုဒ္ဓ-ဗုဒ္ဓ ဟုယောင်ယမ်းမည်တမ်းလေ့ရှိနေဆဲပင် မြန်မာလို`ဘုရား-ဘုရား-ဟုယောင်ယမ်း ခြင်းနှင့် အတူပင်ဖြစ်ပါသည်။

          မူဆလင်တို့သည် ဗုဒ္ဒသာသနာ့အထောက်အထားများအား  အခွင့်ရလျှင်ရသလို ဖျက်ဆီး  လေ့ရှိတာကြောင့် စာပေအထောက်အထားများမှာ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပြီး။ ကမ္ဘာကျော် ဗောရောဗုဓ အစရှိသော သာသနိက အဆောက်အဦးများအားလည်းဖျက်ဆီးလေ့ရှိတာကြောင့် နိုင်ငံတကာမှ အကာအကွယ်ပေးထားရသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။

          တရုတ်ပညာရှင်ခရီးသည် အီဆိုင်(I-TSING) ၏မှတ်တမ်းအရ သီရိဝိဇယ (SRIVIJAYA) မင်းအုပ်ချုပ်နေချိန်တွင်လည်း ဗုဒ္ဓသာသနာတော်ထွန်လင်းခဲ့ကြောင်းသိရှိရပေသည်။AD-800, 900,စု ဆိုင်ရာဒရာ(SAILENDA)မင်းများလက်ထက်တွင်မူ ဗုဒ္ဓသာသနာတော်သည်  အထွန်းကား ဆုံးအချိန်ဖြစ်ခဲ့ပြီး၊ မလေးကျွန်းဆွယ်တစ်ခုလုံးနှင့် ဆုမတြာ၊ဂျာဗား၊ဘာလီ၊ဘော်နီယို ကျွန်းအား လုံးအထိ ဗုဒ္ဓသာသနာတော်မှာ ပျံ့နှံ့ရောက်ရှိခဲ့သည်။

          ဗောရောဗုဓစေတီတော်ကြီးသည် အံ့သြဖွယ်ရာကောင်းသော ကမ္ဘာကျော်အဆောက် အဦးကြီးဖြစ်ပါတယ်။ အာရှတခွင်တွင်တုမမှီသော အဆောက်အဦးတခုပင်ဖြစ်၏။ ယင်းဗောရော ဗုဓစေတီတော်မြတ်ကြီးကို AD,800 တွင် တည်းထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။

          ပါဠိစာပေမှတ်တမ်းများအရ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တတိယသင်္ဂါ ယနာ တင်ပြီး BC.300 ခန့်မှစတင်၍ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို မရှေ့မနှောင်း လက်ခံရရှိခဲ့ကြ ကြောင်းသိရပေသည်။ ပထ၀ီအနေအထားအရ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် သာသနာ့ သမိုင်းစဉ်အရ နီးစပ်မှုများရှိခဲ့ပြီး ညီရင်းအကိုသဖွယ် နှစ်ပြည်ထောင်တို့သည် သာသနာ တော်  ဆိုင်ရာများကိုအတူတကွလက်တွဲခဲ့ကြပါသည်။သို့သော် ယခုအချိန်မှာတော့ ၀မ်းနည်းစရာကောင်း လောက်အောင် လုံးဝခြားနားသွားခဲ့ပြီဖြစ်၏။

          ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှားသာသနာပြု မှတ်တမ်း များအရဆိုရသော် အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့မှ တက္ကသိုလ် ပါမောက္ခ မစ္စတာဘွန်အန် ဆိုသူ သည် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ (၁၇.၁.၅၃)နေ့တွင်ရောက်ရှိလာခဲ့ပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကိုသိမြင်နားလည်ပြီး မည်သူမှမတိုက်တွန်းရပဲ သဒ္ဓါတရားထက်သန်ကာ မဟာစည် ဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ ကမ္မ၀ါစာဆရာတော်များအဖြစ် မင်းကွန်းတိပိဋက ဆရာတော် ၊သီဟိုဠ်ဆရာတော် အရှင်အာနန္ဒာမေတ္တယျ(အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်အ ရှင် ဉာဏုတ္တရ (အဂ္ဂမဟာပဏ္ဍိတ)မှ မစ္စတာဘွန်အန်အား မြင့်မြတ်သောရဟန်းအဖြစ်သို့  ကံဆောင် ပေးခဲ့ကြပါသည်။ ထိုအင်ဒိုနီးရှား ရဟန်းတော်၏ ဘွဲ့တော်ကို `အရှင်ဇိနရက္ခိတ´ဟု ဘွဲ့အမည် ပေးတော်မူခဲ့ကြပါသည်။

          အင်ဒိုနီးရှားရဟန်းတော် အရှင်ဇိနရက္ခိတသည် မိမိ၏မွေးရပ်မြေတွင် စစ်မှန်သော ဗုဒ္ဓ သာသနာတော်ကို ပြန်လည်၍ မျိုးစေ့ချရန်ရည်ရွယ်ချက်ဖြင့် ဇာတိမြေအင်ဒိုနီးရှားသို့  ပြန်လည်ကြွ တော်မူခဲ့၏။သို့ရာတွင် အရှင်ဇိနရက္ခတသည် အမိမြေသို့ ဗုဒ္ဓသာသနာ ပြန့် ပွား ရန်လုပ်ဆောင် ဘို့နေနေသာသာ  တရက်တာမျှပင်တည်ခိုနေထိုင်ခွင့်ကို မူဆလင်တို့က မပေးတာကြောင့် စကာင်္ပူ ရှိ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းတွင် ကြွရောက်သီတင်းသုံး ရရှာလေ၏။

          မူဆလင်နိုင်ငံတို့တွင် သူတပါးနိုင်ငံများတွင် ၄င်းတို့ပြုလုပ်နေကျအတိုင်း အသံချဲ့စက် ဖြင့် အသံကုန်ဟစ်အော်ခြင်း၊ နွား၊ဆိတ်တို့အား ရက်စက်စွာခေါင်းဖြတ်သတ်ခြင်း စသည်များ ပြုလုပ် နေကြပါသော်လည်း  သူတို့နိုင်ငံတွင်မူ အေးငြိမ်းလှသော တရားတော်ကိုတောင် ဟောပြခွင့် မေတ္တာပို့သခွင့်အသာထား  သူနိုင်ငံသားကိုပင် တည်ခိုးနေထိုင်ခွင့်မရနိုင်ရှာပေ။ ဗုဒ္ဓဘာသာသို့ ပြောင်းသွားလို့ဆိုပြီး သတ်မပြစ်တာကိုပင် ကြံဖန်ကျေးဇူးတင်ရမလိုပင်။

          ယနေ့ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် မူဆလင် အများ ဆုံးနိုင်ငံတခုဖြစ်လို့ပင်နေပါသည်။၁၉၈၇-ခုနှစ် မှတ်တမ်းများအရ အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေ(၈၀)ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်မူဆလင်များဖြစ်ကြပြီး ခရစ်ယာန်ဦးရေ (၉)ရာ ခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်များမှာ(၃)ရာခိုင်နှုန်းမျှ သာရှိကြောင်း သိရပါသည်။  `သို့သော်ယခုအချိန်တွင်မူကား ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်များမှာ (၁)ရာခိုင်နှုန်းပင် မရှိတော့ပဲ  မရှိသလောက်ပင်ဖြစ်သွားပြီဖြစ်သည်။

          ဗုဒ္ဓဘာသာဆိုတာမျိုးကလည်း သံဃာတော်များ၏ အဆုံးအမတရားတော်ကို ရရှိမှသာ ရေရှည်တည်တံ့နိုင်သည်မဟုတ်ပါလား။ အင်ဒိုနိုင်ငံသည် တပါးနိုင်ငံသားရဟန်းတော်များအား ကျောင်းထိုင် တရားဟောပြုခွင့်ပေးဘို့နေနေသာသာ သူ့နိုင်ငံသားသံဃာတောင် အ၀င်မခံပေ ၊မူဆလင်တို့ပြောပြောနေသည့်`ဘာသာရေး လွတ်လပ်ခွင့်´ဆိုသောစကားလုံးကို    ပျက်ရည် ပြုနေ သလိုပင်။ခုနောက်ပိုင်းတွင်မူ ဗုဒ္ဓရပ်ပွားတော်များ၊စေတီတော်များတည်ထားခွင့်ပြုလာကြ၏။ သို့သော် အကောင်းသဒ္ဓါတရားဖြင့် ခွင့်ပြုခြင်းမဟုတ်၊ သဘာဝဘေးအန္တရာယ် လွန်စွာပေါများ သည့် အင်ဒိုတွင်ဗုဒ္ဓရပ်ပွားတော် စေတီတော်များရှိနေသည့် နေရာများတွင်  သဘာဝဘေးအန္တ ရာယ် မကျရောက်ခြင်းကြောင့် အကာအကွယ်သဘောဖြင့်ခွင့်ပြုခြင်းပင်ဖြစ်၏။

        စေတီတော် ရုပ်ပွားတော်များသာရှိပြီး ကိုးကွယ်ပူဇော်သူမရှိ သောအခြေအနေကားဝမ်း နည်းစရာပင်။ အကောင်းဘက်ကတွေးဖြေသိမ့်မည်ဆိုပါက  အနှစ်သာရသာသနာတော် ကွယ်ပပြီးဖြစ် သော်လည်း အသွင်သဏ္ဍာန်အနေဖြင့် ရှိနေသည်ကိုပင် ကျေနပ်ဂုဏ်ယူရမလိုပင်ဖြစ်၏။

          သာသနာနှစ်၁၂-ရာစု AD,600.ကျော်တွင်ဆုမတြားကျွန်းတောင်ဘက်ဒေသ၊ ပလင် ဘန်းမြို့တွင် ထီးနန်းစိုးစံခဲ့သည့် သီရိဝိဇယမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို အကြီးအကျယ် ထောက်ပန့်ခဲ့သော သာသနာပြုမင်းတပါးဖြစ်သည်။၎င်းဘုရင်၏လက်ထက်တွင် ဗုဒ္ဓသာသနာ တော်သည် တရုတ်ပြည်အထိပင် ပြန့်ပွားအောင်သာသနာပြုနိုင်ခဲ့၏။ ဗုဒ္ဓဘာသာဆိုင်ရာတက္က သိုလ်ကြီးများကိုတည်ထောင်တော်မူခဲ့ပြီး ထိုအထဲတွင် သီရိဝိဇယဗုဒ္ဓတက္ကသိုလ်ကြီးသည် အလွန်ကျော်ကြားခဲ့ပြီး ပါဠိ၊သက္ကတကျမ်းဂန်တို့အား ကမ္ဘာအရပ်ရပ်မှ လာရောက်ပ ညာဆည်း ပူးခဲ့ရ၏။ကမ္ဘာကျော် ဗောရောဗုဓတော်တီတော်ကြီးကိုလည်း ထိုရာစုနှစ်အတွင်း၌ တည်ထားခဲ့ခြင်းဖြစ်ပါသည်။

          သာသနာတော်နှစ်(၁၃၀၀) AD-700,ကျော်တွင် ဆုမတြာဘုရင် သီရိဗလ ပုတ္တဒေ၀ မင်း ကြီးသည် မိမိပိုင်ဆုမတြာကျွန်းမှ ရွာငါးရွာနှင့် ရာဇဂြိုလ်ပြည် ဂယာစီရင်စု မှရွာငါးရွာတို့ကိုလဲ  လှယ် ကာ နာလန္ဒဗုဒ္ဓတက္ကသိုလ်ကြီးအတွက် ပညာရေးပဒေသာပင်စိုက်ထူခဲ့သည့်အထိ သာသနာတော်ကိုအင်ဒိုသားတို့သည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလေးစားခဲ့ကြသည်။

          ၁၂-ရာစုတွင် အာရေဗျနိုင်ငံ၊ ပါရှားနိုင်ငံနှင့် အိန္ဒိယကမ်းခြေတလျှောက်မှ မူဆလင် နိုင် ငံ များမှ ကုန်ုသည်ရောင်ဆောင် နယ်ချဲ့ဘာသာရေးမျက်ကန်းအစ္စလာမ်ဝါဒီမူဆလင်တို့သည် အင် ဒို ကျွန်းဆွယ်များသို့ရောက်ရှိလာကြပြီး ၄င်းတို့မူဝါဒအတိုင်း အိမ်ရှင်တို့၏ ဘာသာ သာသနာနှင့် လူမျိုး တို့ အား အောက်ကျသောနည်းလမ်းများဖြင့်ဝါးမျိုခဲ့ကြလေ၏။ နောက်ဆုံးတွင် `မိုဂျိုပလစ် ´ခေါ် `ဂျာဗာ´မြို့တော်ကို သိမ်းပိုက်ခဲ့ပြီး ကျွန်းအားလုံးကို မူဆလင်များမှ အာဏာရရှိေ အာင် ပြုလုပ်ပြီး အုပ်ချုပ်လိုက်ကြသည်။

          မိုဂျိုပလစ်နိုင်ငံ၏ဘုရင်သည် အစ္စလာမ်ဘာသာသို့မ၀င်လိုသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရှာလေ၏။ မိမိ၏အသက်ထက်ဗုဒ္ဓသာသနာတော်ကိုပို၍ ချစ်သော ဘုရင်ကြီး ပါပေတကား။ထိုမိုဂျိုပလစ်ဘုရင်၏သားတော်သည်လည်း အစ္စလာမ်ဘာသာ ကိုလက်ခံခြင်း မပြုနိုင်၍  အစ္စလာမ်ဘာသာအတွင်းသို့မ၀င်လိုကြသည့် သံဃာတော်များ၊ ပညာရှိများ၊ ပြည်သူကိုခေါ်ဆောင်ကာ ဘာလီကျွန်းသို့ထွက်ပြေးပြီး ထိုကျွန်းပေါ်တွင် အခြေချ နေထိုင် ကြသည့်အတွက် ယနေတိုင်ဘာလီကျွန်းဝယ် ဗုဒ္ဓသာသနာတော်၏ အရိပ်အငွေ့များ ကျန်ရစ်နေဆဲဖြစ်ပါသည်။

          ဤသို့လျှင် အင်ဒိုနီးရှားကျွန်စွယ်တခုလုံးတွင် မူဆလင်တို့၏ ၀ါမျိုအကြမ်းဖက်မှုကြောင့် ဗုဒ္ဓသာသနာတော်ဘကီးသည့် ကွယ်ပျောက်ခဲ့ရလေ၏။ရှေ့ သာသနာ့ဥသျှောင် ဆရာတော်များ ၊ရည်ရွယ် ချက်ကြီးမားစွာဖြင့်ထေရ၀ါဒဗုဒ္ဓသာသနာတော်မျို့စေ့ချ သာသနာပြုခဲ့ရာ အင်ဒိုနီးရှား နိုင်ငံသည် အခုအချိန်တွင်မှာတော့ နှောင်းခေတ်လူသားများ၏ မသိလိုက်မသိဖာသာ ကြောင့် ကြမဲ့မှု  တာဝန်မကျေပွန်မှုများကြောင့် ဗုဒ္ဓသာသနာတော်မှာ ကွယ်ပျောက်ခဲ့ရသည်။

``အယူဝါဒ ဘာသာတရာမည်မျှပင် ကောင်းမွန်မှန်ကန်ပါသော်လည်း စောင့်ထိန်းသူ ကာကွယ်သူများ ညံ့ဖျင်းပါက လျှင်မြန်စွာပျောက်ကွယ်တတ်ပါတယ်´´

  ထို့ကြောင့် အမိမြန်မာပြည်မှ သာကီနွယ်ဘွားမြည်ပြည်သားတို့အနေဖြင့် တချိန်တခါက ဗုဒ္ဓသာ သနာတော်  နေရောင်၊လရောင်ပမာထွန်းလင်းခဲ့ပြီး အခုအချိန်မှာ ကမ္ဘာကြီး ကိုခြိမ်းခြောက် ဆုံး သော အန္တရာယ်အပြုဆုံးသော နိုင်ငံတွေဖြစ်တဲ့  အီရတ်၊အီရန်၊အာဂနစ္စတန်၊ ပါကစ္စတန်၊ တာက စ္စတန်၊ ဥဘက္ကစ္စတန်၊ ဂေါ်ဒန်၊ဆီးဒီယားတို့ကဲ့သို့မဖြစ်စေရန် ကမ္ဘာ့ကပေးသော မူဆလင် အန္တရာယ်သင်္ခန်းစာကိုအရယူကာ ဆရာ၊ဒကာလက်တွဲကာဖြင့် အမျိုးဘာသာ၊သာသနာတော်ကို ကာကွယ်ကြပါစို့။

          ကမ္ဘာကပေးနေသော များပြားလှသော ကြောက်မက်ဖွယ်ရာ မူဆလင်အန္တရာယ် သင်္ခန်းစာကိုမယူနိုင်ဘူးဆိုလျှင်တော့  မိမိတို့ထက်မိုက်သော၊ မိမိတို့ထက်ညံ့သော၊ မိမိတို့ ထက်တာဝန်မကျေသော၊ မိမိတို့ထက် သမိုင်း၏တရားခံဆိုးများရှိတော့မည်မ ဟုတ်ေ ကြာင်း ပြောကြားရင် နိဂုံးချုပ်လိုက်ရပါတော့သတည်း။







     


*ဓမ္မစေတီ ဆရာတော်၏ မဟာဘွဲ့ယူစာတမ်းအား အထူးမှီငြှမ်းပါသည်။

မိမိအကျိုး၊တပါးသူ၏အကျိုး၊သည်ပိုးရွက်ဆောင်နိုင်သူများဖြစ်ကြပါစေ

ဓမ္မ၀ီရ အရှင်တေဇနိယ

(ကိုလံဘို၊သီရိလင်္ကာ)


( From Facebook )

Monday, February 11, 2013

ဗမာစစ်သားများ သင်္ခန်းစာယူရန်

၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် BIA မှ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) ပါဝင် ပတ်သက်ခဲ့သော သမိုင်းမှန်ကို လက်ရှိရခိုင်ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးအတွက် သင်္ခန်းစာယူနိုင်ရန် တင်ပြထားပါသည်။

(က) ဆူပူမှုလား?၊ ခုခံမှုလား?

ကုလား-ရခိုင် အဓိကရုန်းကို အမြစ်ပြတ်ဖြေရှင်းရန် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်က အစွမ်းကုန် ကြိုးစားကြသည်။

အဓိကရုန်းတွင် ခေါင်းဆောင်ခဲ့သော ရခိုင်အမျိုးသား ဦးသိန်းကျော်အောင်နှင့် ဦးကျော်ယတို့အား မင်းပြားမြို့၌် ဖမ်းဆီးလိုက်သည်။ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးဘုံပေါက်သာကျော်တို့က တောင်းပန်ညှိနှိုင်း၍ အသက်ချမ်းသာပေးခဲ့သည်။

မြို့ဟောင်းမြို့ (မြောက်ဦးမြို့)သို့ ရောက်သောအခါ ဆွေးနွေးညှိနှိုင်းရန်ရှိသဖြင့် မြောက်ဦးမြို့သို့ လိုက်လာခဲ့ရန် ဖိတ်ကြားချက်အရ ဦးထွန်းလှအောင်က လာတွေ့သည်။

မြောက်ဦးမြို့ နန်းရာကုန်းပေါ်ရှိ BIA စခန်းတွင် ဦးထွန်းလှအောင်ကို ခေါ်ထားသည်မှာ သုံးရက်ရှိပြီ။ ဤရက်များအတွင်း မြောက်ဦးမြို့နယ်တခုလုံး ကျေးရွာများသို့ မောင်းခတ်၍ကြေငြာသည်။ BIA ခေါင်းဆောင် ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) တရားဟောမည်ဖြစ်၍ တအိမ်တစ်ယောက်ကျ မလာမနေရ မြို့ဟောင်းမြို့ ဘောလုံးကွင်းသို့ လာရမည်ဖြစ်ကြောင်း။

ဘောလုံးကွင်းတွင် စုဝေးရောက်ရှိနေသော လူထုပရိသတ်ကြီးက ဗိုလ်ရန်အောင် ဆင်းလာနိုးနှင့် နန်းတော်ကုန်း၏ တောင်ဘက်လှေကားကို တမျှော်မျှော် ကြည့်နေကြသည်။

မမျှော်လင့်သောမြင်ကွင်း ပေါ်လာသောအခါ ပရိသတ်တခုလုံး “ဟင်” “ဟယ်”ဖြစ်သွားပြီး ပထမ အံ့သြတကြီး ငေးကြည့်နေကြသည်။ နောက်သတိဝင်လာသောအခါ ထပြန်ရန်ကြိုးစားကြသည်။ တဦးတယောက်မျှ ပြန်သွား၍ မရနိုင်တော့၊ စစ်သားများက ထွက်ပေါက်အားလုံးကို ပိတ်ထားကြပြီ၊ ပရိသတ်ကို သေနတ်ဖြင့် ချိန်ရွယ်၍ ငြိမ်ငြိမ်ထိုင်နေရန် ညွှန်ကြားသည်။

နောက်ပြန်ကြိုးတုပ်၍ ခေါ်လာသော ဦးထွန်းလှအောင်ကို ကားစင်တင်လိုက်ကြသည်။ ဗိုလ်ရန်အောင်၏ မိန့်ခွန်းမှာ တိုတိုတုတ်တုတ်။ အင်္ဂလိပ်အဆုတ်၊ ဂျပန်အတက်၊ အုပ်ချုပ်ရေးကင်းမဲ့နေချိန် ကုလား-ရခိုင် လူမျိုးရေးအဓိကရုန်းကိုဖန်တီး၍ ဆိုးသွမ်းခဲ့သူ ဦးထွန်းလှအောင်အား စံနမူနာပြသည့်အနေဖြင့် လူထုရှေ့တွင်ပင် သတ်ဖြတ်မည်။ လူမျိုးရေးအဓိကရုန်းကို ဖန်တီးတိုက်ခိုက်သူများ ဦးထွန်းလှအောင်ကဲ့သို့ သေရမည်ဖြစ်ကြောင်း။

ဦးထွန်းလှအောင်ကို နောက်ဆုံးအခွင့်အရေးပေးသည့်အနေဖြင့် တောင်းဆိုခွင့်ပေးရာ၊ ဘုန်းကြီးတပါးကို အလှူအဒါန်းပြုလုပ်လိုကြောင်းနှင့် ရခိုင်လူထုကို တရား တနာရီဟောခွင့်ပြုရန် တောင်းဆိုသည်။ ဗိုလ်ရန်အောင်က ခွင့်ပြုလိုက်သည်။

အနီးဆုံး ဘုန်းကြီးကျောင်းတကျောင်းမှ ဆရာတော်တပါးအား ပင့်လာကြသည်။ ခါးတွင်လိပ်၍ ယူဆောင်လာသော ပိုက်ဆံအနည်းငယ်ကို စစ်သားများအား ဦးထွန်းလှအောင်က ထုတ်ယူစေပြီး ဆရာတော်အား ကပ်လိုက်သည်။

ငယ်စဉ်ကပင် အလှူရေစက် လက်နှင့်မကွာ ကြီးစွာပြုကျင့် နေထိုင်လာခဲ့ပါသည်။ ယခုအလှူသည် တပည့်တော်၏ နောက်ဆုံးအလှူဖြစ်ခြင်းကြောင့် နည်းပါးသော်လည်း လက်ခံတော်မူပါဘုရားဟု လက်အုပ်ချီ မကန်တော့နိုင်သော်လည်း ပါးစပ်ဖြင့် ကန်တော့လိုက်သည်။

ပြီးသည်နှင့် တရားစဟောတော့သည်။ ရခိုင်လူမျိုးတို့၏ ကြီးကျယ်မြင့်မြတ်ခဲ့သော သမိုင်းကို အတိုချုပ် ဟောပြောသည်။ ကုလား-ရခိုင်အဓိကရုန်း ဖြစ်ပေါ်လာပုံ၊ ယိုင်သည်ရွာဈေးရှိ မိမိနှင့်ရခိုင်များ စုဖွဲ့၍ ရောင်းချနေသော အသင်းပိုင်ဆိုင်ခန်းကို ကုလားများက ၀ါဦးလပြည့်နေ့ ဥပုဒ်လာစောင့်နေကြသော အချိန်တွင် ဆိုင်ကိုဖေါက်ဝင်၍ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးပြခြင်းဖြင့် ရခိုင်များကို ရန်စလာပုံ၊ ယိုင်သည်ကုလားရွာတွင် အင်္ဂလိပ်စစ်တပ်မှ နောက်ချန်တပ်သား ရာဂျပုတ် ကုလားစစ်သားများ ရောက်ရှိနေ၍ ကုလားများဖက်မှ ၀င်တိုက်ခဲ့ပုံ၊ မိမိတို့ဘက်မှ ဗြိတိသျှတပ်ပြေး ကရင်ရဲဘော်အနည်းငယ်က ၀င်တိုက်ခဲ့ပုံ၊ နောက်ဆုံး ရခိုင်တွင် ယခင်ကပင် နေထိုင်လာခဲ့သော ဌာနေကုလားများကိုယ်က ကုလားနှင့်ရခိုင် ပဋိပက္ခဖြစ်ရခြင်းသည် နောက်မှဝင်လာသော ကုလားများကြောင့် ဖြစ်ရသည်ဟု အသစ်ဝင်လာသော ကုလားများကို မောင်းထုတ်ကြပုံ၊ လူသစ်ကုလားများ အနေဖြင့်လည်း အေးအေးဆေးဆေး ကိုယ့်ပြည်ကိုကိုယ် ပြန်လိုလျှင် ပြန်ခွင့်ပြုခဲ့ရုံသာမက ခရီးလမ်းတွင် အန္တရာယ် မကျရောက်နိုင်စေရန် ရသေ့တောင်မြို့နယ်အထိ မိမိတို့က တာဝန်ယူ ပို့ဆောင်ပေးခဲ့ပုံ၊ ငြိမ်းချမ်းစပြုလာသော အခြေအနေတွင် BIA တပ် မိမိတို့ရွာများသို့ ရောက်လာပြီး မြို့ဟောင်းတွင် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပုံ၊ အဟုတ်ဆွေးနွေးမည်ထင်သဖြင့် မိမိဖာသာမိမိ လိုက်လာခဲ့ပုံ၊ နောက်ဆုံး ယခုအခြေအနေများသို့ ရောက်ရပုံ၊ ခရစ်ယာန်ဘာသာဝင်များဖြစ်သော ကရင်စစ်သားကလေးများကပင် အရေးကြီး သွေးနီးစကားနှင့်အညီ ရခိုင်များဘက်မှ ကာကွယ်ပေးခဲ့ခြင်းကြောင့်၊ ဗုဒ္ဓဘာသာဝင်များဖြစ်သော ဗမာများက မိမိအား ဤသို့လုပ်ကြံလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပုံ၊ ဗမာကို ယုံကြည်ခဲ့သဖြင့် ရခိုင်ပြည်ကြီး ပျောက်ဆုံးသွားကာ ရခိုင်လူမျိုး ခြောက်သိန်းကျော် အသတ်ခံခဲ့ရသည်ကိုပင် သင်္ခန်းစာမယူခဲ့သော မိမိသည် ယခု အသက်ဆုံးရတော့မည်ဖြစ်သည်။

ကျွန်တော့်ကို သတ်ဖြတ်ခြင်းသည် ၁၇၈၄-ခုနှစ် ရခိုင်ပြည်ကို ဗမာကျူးကျော်သိမ်းပိုက်စဉ်က သတ်ဖြတ်မှု၏ နောက်ဆက်တွဲဖြစ်သည်။ နောင်လာနောက်သား ရခိုင်များတို့ ဗမာကိုမယုံကြည်ကြဖို့ ကျွန်တော့်ဖြစ်ရပ်ကို သင်္ခန်းစာယူနိုင်ကြလျှင် ကျွန်တော်သေရကျိုးနပ်သည်။ အစဉ်အဆက်ဆက်သော ရခိုင်အာဇာနည်များကဲ့သို့ပင် ကျွန်တော်ရဲဝံ့စွာ အသေခံသွားမည်။ ဗမာများဂတိဖေါက်ဖျက် သစ္စာပျက်ခဲ့သည်မှာ သမိုင်းတွင် အကြိမ်များစွာရှိခဲ့ပြီ၊ ရခိုင်ပြည် ဆုံးရှုံးခဲ့ရသည်မှာလည်း ဗမာဘုရင်မောင်ဝိုင်းက ဂတိဖျက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အနောက်ဘက် မျက်နှာစာတွင် ကုလားရန်ကို နှစ်ပေါင်းများစွာ ခုခံကာကွယ်နေရသော ရခိုင်နိုင်ငံသည် တဖြည်းဖြည်း အင်အားချိနည်းလာသည်၊ တိုင်းပြည်အင်အား ချိနည်းမှုကြောင့် ဗဟိုထိန်းချုပ်မှု ပျက်စီးလုလုဖြစ်ပြီး ဒေသအသီးသီး သူတလူငါတမင်း ဖြစ်နေချိန် လူမျိုးခြား၊ ဘာသာခြားများ၏ လက်အောက် ကျရောက်မသွားစေရန် ဗမာဘုရင်မောင်ဝိုင်းအား ထိန်းသိမ်းပေးရန် စစ်ပန်ခဲ့သည်။ သို့သော် ရခိုင်ပြည်ကိုရောက်သည်နှင့် ဂတိဖျက်ပြီး ရခိုင်ထီးနန်းကိုဖြိုဖျက်၊ ရခိုင်များကို မျိုးဖြုတ် သတ်ဖြတ်တော့သည်၊ ဘယ်နေရာမှာ ဘယ်မျှသတ်ဖြတ်ခဲ့သည်။ ကလေးသူငယ်များကို ဘယ်မျှသတ်ခဲ့သည်၊ ကိုယ်ဝန်ဆောင်များကို ဘယ်နေရာမှာ သတ်ခဲ့သည် စသည်ဖြင့် နေရာဒေသ၊ အရေအတွက် အတိအကျနှင့် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ကို သတ်နည်း သတ်ဟန်များကအစ ဟောပြောနေရာ ခွင့်ပြုထားသောအချိန် တနာရီစေ့အောင်ပင် မစောင့်နိုင်တော့၊ အနာပေါ် တုတ်ကျ၍ ဒေါသ အမျက်ထွက်နေသော ဗိုလ်ရန်အောင်က စစ်သားများကို စစ်ရေးပြရန်အမိန့်ပေးသည်။

စစ်သားများ ကားစင်နှင့် လူထုအကြားတွင် ဘယ်ညာ၊ဘယ်ညာအော်၍ စစ်ရေးပြကြပြီးသည်နှင့် ကျားထိုးရန် ဗိုလ်ရန်အောင်က အမိန့်ပေးသည်။

ဦးထွန်းလှအောင် ရင်ဝကို စစ်သားတစ်ဦးက လှံစွပ်ဖြင့် အားကုန်ထိုးသွင်းလိုက်သည်။ ဦးထွန်းလှအောင် တရားဟောမပျက်။

နောက်တစ်ချက်ထိုးသည်၊ သွေးဝတ်ရုံလွှမ်းခြုံထားသော ဦးထွန်းလှအောင်သည် တရား ဟောကောင်းဆဲ။

သုံးချက်မြောက်ထပ်ထိုးရန် အမိန့်ပေးလိုက်သည်။ ထိုသုံးချက်မြောက်တွင် “ထွန်းလှအောင်ဆိုတာ လူသေသွားပေမဲ့၊ ရခိုင်သမိုင်းမှာ နာမည်မသေနိုင်တော့”ဟု အသံကုန်အော်ပြောပြီး ခေါင်းငိုက်စိုက်ကျ ငြိမ်သက်သွားသည်။

မငြိမ်နိုင်သူက ဗိုလ်ရန်အောင်။ နတ်ပူးသလို တဆတ်ဆတ်တုန်နေသည်။ လူထုဘက်ကို ကြည့်လိုက်သောအခါ အားမတန်၍ မာန်လျှော့ကာ အံကြိတ်ခံနေကြသော ရခိုင်သားများနှင့်၊ တယောက်နှင့်တယောက် ပွေ့ဖက်၍ ခေါင်းမဖေါ်နိုင်အောင် ငိုကြွေးနေကြသော ရခိုင်အမျိုးသမီးများ။ သည်ကြားထဲ BIA တပ်ထဲမှ ရခိုင်ရဲဘော်အများစုက လက်နက်များကိုအပ်၊ ယူနီဖေါင်းကိုပင် ချက်ချင်းချွတ်ပေးပြီး တပ်မှထွက်သွားကြသည်။

ကုလားများကို တိုက်ခိုက်ခဲ့၍ ဆိုးသွမ်းယုတ်မာသူအဖြစ် မိမိက စံနမူနာပြ သတ်ဖြတ်ခဲ့သော်လည်း အသတ်ခံရသူက မိမိအား လူယုတ်မာကြီးအဖြစ် ပုံဖေါ်သွားခဲ့ပြီ။ လှံစွပ်နှင့်ထိုးနေသည်ကို အပ်ဖျားနှင့် ထိုးသလောက်ပင် နာကြင်မှုကိုမပြပဲ သေသည်အထိ မိမိအား အာခံသွားခဲ့သည်။

ညနေ မြို့လူကြီးများနှင့်တွေ့ချိန်တွင် မိမိလက်လွန်သွားကြောင်း ဗိုလ်ရန်အောင်က ၀န်ခံလိုက်သည်။

(ခ) ငြိမ်းချမ်းရေးလား?၊ င/ရဲလား?

ဗြိတိသျှစစ်တပ် နတ်မြစ်အနောက်ဘက်ခြမ်းထိ ဆုတ်ခွာသွားပြီးနောက် မိမိတို့၏ ရှေ့ကာအတားအဆီးအဖြစ် ဘူးသီးတောင်၊ မောင်တောနယ်မှ ကုလားများကို အပျော်ထမ်းတပ်များဖွဲ့စည်း၍ လက်နက်များ တပ်ဆင်ပေးထားခဲ့သည်။ ရည်ရွယ်ချက်မှာ ရှေ့တိုးလာသော ဂျပန်တပ်များကို ထောက်လှမ်းရန်နှင့် နှောင့်ယှက်ဟန့်တား တိုက်ခိုက်ရန်ဖြစ်သည်။

သို့သော် ကုလားများသည် ဂျပန်ကိုမတိုက်၊ ဂျပန်ရောက်မလာမီကပင် ယင်းဒေသရှိ ရခိုင်များကို အပြတ်ရှင်းတော့သည်။ မောင်တောတနယ်လုံး ရခိုင်များ ပြုတ်ပြုတ်ပြုန်းကုန်ပြီး ဘူးသီးတောင်ကို ၀ိုင်းရံ၍ အားစမ်းတိုက်ခိုက်နေကြသည်။ ဘူးသီးတောင်မြို့တွင် ဗြိတိသျှအုပ်ချုပ်မှု အကြွင်းအကျန် ရခိုင်ပုလိပ်အချို့နှင့် ဘူးသီးတောင် မြို့သူမြို့သားများက မြို့ကိုမဆုတ်မနစ် ခုခံနေကြသည်။

ထိုအချိန် ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် BIA က ဘူးသီးတောင်မြို့ကို သေနတ်တစ်ချက်မဖေါက်ရပဲ သိမ်းပိုက်လိုက်သည်။ ဘူးသီးတောင် ဘဏ်တိုက်မှ ငွေသိန်းပေါင်း နှစ်ဆယ်ကို သိမ်းယူလိုက်သည်။ ရခိုင်ပုလိပ်များနှင့် ဘူးသီးတောင် မြို့သူမြို့သားများထံမှ သေနတ်အလက် နှစ်ရာကိုလည်း သိမ်းယူလိုက်သည်။

မိမိတို့ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ လုံခြုံရေးတာဝန် ယူထားလိုက်ပြီဖြစ်ခြင်းကြောင်း ရခိုင်လူမျိုးများလက်ထဲတွင် သေနတ်လက်နက် ထားရှိရန် မလိုတော့၊ ကုလားများနှင့်ဖြစ်ပွားနေသော လူမျိုးရေးအဓိကရုန်းကို မိမိတို့က ညှိနှိုင်းဖြေရှင်းပေးမည်။

ကုလားများကို ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်သည်။ ကုလားများက ဆွေးနွေးညှိနှိုင်းရန် ကိုယ်စားလှယ်လွှတ်ပေးဖို့ တောင်းဆိုသည်။ BIA မှ ဗိုလ်ရန်နောင်နှင့် ဗိုလ်မျိုးညွန့်နှစ်ဦးတို့ကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်သည်။

ကုလားများက ငြိမ်းချမ်းရေး မဆွေးနွေးမီ ထမင်းစားပွဲကြီး ပြင်ဆင်ထားသည်။ ထမင်းစားဝိုင်းတွင် သေနတ်ကို ဘေးတွင်ချ၍ BIA ကိုယ်စားလှယ်နှစ်ဦး ၀င်ထိုင်လိုက်ကြသည်နှင့် နောက်ဘက်မှ ကုလားများက ဖမ်းချုပ်၊ အပြင်ဆွဲထုတ်ကာ လည်ပင်းကိုလှီးဖြတ်၍ ဟာလာလုပ်လိုက်ကြသည်။

ဧရာမထမင်းစားပွဲကြီးကို မိမိတို့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုဟု ထင်မှတ်ခဲ့သော BIA ကိုယ်စားလှယ်တော်ကြီးနှစ်ဦး မြင်သာမြင်ရ မစားခဲ့ရပဲ၊ ကိုယ်တိုင်က ယဇ်ကောင်ဘ၀ ကျရောက်သွားသည်။ ထမင်းစားပွဲကြီးကား ကုလားများအတွက် အောင်သေအောင်သား စားတော်ပွဲကြီးတခုသာ။

ငြိမ်းချမ်းရေး ဗိသုကာကြီး ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) သည် မည်သို့မှ မတတ်နိုင်တော့။

ကုလားများ၏ စစ်ရေးလှုပ်ရှားမှုများက ပို၍ပြင်းထန်လာသည်။ သည်ကြားထဲ အင်္ဂလိပ် ဒီဝီဇံတပ်မကြီး ချီတက်လာပြီဟု ကုလားများက လုပ်ကြံ သတင်းလွှင့်ကြရာ BIA ဗမာစစ်သားများ ဆုတ်ခွာချင်လာကြသည်။ ဦးဘုံပေါက်သာကျော် အစရှိသော ရခိုင်ခေါင်းဆောင်များက ကုလား လက်နက်ကိုင်များသာဖြစ်ကြောင်း၊ အင်္ဂလိပ်တပ် မဟုတ်ကြောင်း မည်သို့ပင် နားချစေကာမူ သွေးပျက်နေသော ဗမာစစ်သားများက ဆုတ်ခွာရန်သာ ပြောလာကြသည်။

“ပရိုဂရက်” (Progress) သင်္ဘောပေါ်တွင် စစ်သားအားလုံး တက်ရောက်ပြီးခါမှ ဗမာ့လွတ်လပ်ရေးတပ်မတော် ဆုတ်ခွာမည်ကို ဘူးသီးတောင် မြို့သူမြို့သားများ သိသွားကြသည်။

မနေရဲကြတော့။ အဓိကရုန်းကို ကာကွယ်ပေးမည်ဆိုသော BIA စစ်သားများပင် ဆုတ်ပြေးနေကြပြီ။ လူမျိုးရေးအဓိကရုန်း ဆက်မဖြစ်ရန် အကြောင်းပြချက်ဖြင့် မိမိတို့၏ လက်နက်များကိုလည်း သိမ်းယူသွားကြသေးသည်။

အတူလိုက်ပါရန် ဘူးသီးတောင် မြို့သူ၊ မြို့သားများ စုပြုံဆင်းလာကြသည်။ စစ်သားများ၏ “ပရိုဂရက်”သင်္ဘောပေါ်သို့ တက်ရန် တားဆီးခံရသောအခါ၊ စက်ပျက်နေသော “ မင်းဝ” သင်္ဘောကို ဆွဲယူပေးရန် တောင်းပန်ကြသည်။ ဗိုလ်ရန်အောင်က သဘောတူ၍ “မင်းဝ” သင်္ဘောသို့ မြို့သူမြို့သားများ မဆန့်မပြဲတက်ကြသည်။

ကြိုးဖြင့်ဆွဲလျှက် ထွက်လာသည်။ မြုတ်လု မြုတ်ချင် ဖြစ်နေသော “မင်းဝ” သင်္ဘောပေါ်တွင် ကြောက်အား လန့်အားနှင့် လူးလွန့်နေကြရာ သင်္ဘောစောင်းလာသည်။ မိမိတို့၏ သင်္ဘောပါ နစ်မြုတ်သွားမည်ကို စိုးရိမ်လာသော ဗိုလ်ရန်အောင်က ကြိုးဖြတ်ရန် အမိန့်ပေးလိုက်၍ ဆွဲထားသောကြိုးကို ဖြတ်ပစ်လိုက်သည်နှင့် “မင်းဝ”နစ်မြုတ်ရတော့သည်။

ကယ်ပါ၊ ကူပါ တစာစာ အော်နေကြသော ဘူးသီးတောင် မြို့သူမြို့သား လေးရာကျော်အား မေယုမြစ်က ၀ါးမျိုနေသည်ကို မသိကျိုးကျွမ် စွန့်ခွာလျှက် ဗိုလ်ရန်အောင်၏သင်္ဘော စစ်တွေသို့ ဆက်လက်ထွက်ခွာသွားသည်။

ကုလား-ရခိုင် အဓိကရုန်းကို ငြိမ်းချမ်းအောင် လုပ်ပေးမည့် ကယ်တင်ရှင်ကြီး ဗိုလ်ရန်အောင် အကြီးအကျယ် စိတ်မကောင်း ခံစားရသည်ဟုဆို၏။

စစ်တွေမြို့သို့ ရောက်ပြီး မကြာမီ ဘူးသီးတောင်မြို့ကို ကုလားများ အလုံးအရင်းဖြင့် တိုက်နေပြီဟူသော သတင်းစကားကြောင့် ရခိုင်ရဲဘော်များ၏ တောင်းဆိုချက်အရ BIA တပ်စုတစ်စုကို စက်လှေတစ်စီးဖြင့် ဘူးသီးတောင်မြို့သို့ လွှတ်လိုက်သည်။ သို့သော် မရတော့။ လမ်းခုလပ် ခွဆုံရွာရောက်သည့်နှင့် ကုလားများက ကမ်းမှလှမ်းပစ်၍ စက်လှေမြုပ်ပြီး အားလုံးသေကုန်သည်။

ဘူးသီးတောင်မြို့၏ နောက်ဆုံးအခြေအနေကို အောက်ပါမိသားစုတစ်ခု၏ ဖြစ်ရပ်က ပုံပေါ်စေလိမ့်မည်။

ကုလားများ မြို့ထဲသို့ ၀င်လာပြီ။ လှေပေါ်တက်၍ ထွက်ပြေးကြသည်။ မိမိတို့ အိမ်ကြီးအား ကုလားများက မီးရှို့လိုက်သည်ကို မြင်နေရသည်။ ကုလားလှေများ ၀ဲယာညှပ်၍ လာနေကြသည်။ တဘက်ကမ်းသို့ ဦးတည်လှော်ခတ်သွားရာ ကမ်းပေါ်မှာ ကုလားပေါင်းများစွာ ဘွားခနဲပေါ်လာသည်။ ဓါးကို ထောင်ပြနေကြသည်။ “လာခဲ့၊ လာခဲ့ နွားလှီးသလို လှီးမည်”ဟု ပြောင်ပြနေကြသည်။

ညီမဖြစ်သူက “မောင်ကြီး ကျွန်မ ကုလားမယားအဖြစ် မခံနိုင်၊ ကျွန်မဂုတ်ကို ဓါးဖြင့်ခုတ်၍ အယင်သတ်ပေးပါ”ဟု တောင်းပန်နေသည်။

အမကြီးကလည်း “ငါလည်း ကုလားမယားအဖြစ် မခံနိုင်၊ ငါ့ကိုပါသတ်ပေးပါ”ဟု တောင်းဆိုလာသည်။ အမေနှင့် အဘွားတို့ကလည်း “ကုလားလက်ထဲ ဠင်းတဆွဲသလို အသေမခံနိုင်၊ ငါတို့ကိုလည်း အယင်ခုတ်သတ်လိုက်”ဟု တောင်းဆိုလာသည်။

မောင်ကြီးနှင့် မောင်လေးတို့က “ညီမနှင့် အမကိုတော့ ခုတ်သတ်မည်၊ အမေနှင့် အဘွားကိုတော့ လက်မတင်ကောင်း၍ မသတ်နိုင်”ဟုပြောသော်လည်း၊ မိခင်က “ငါ့သားတို့ကို ငါတို့ခွင့်ပြုသည်၊ ခွင့်လွှတ်သည်၊ ငါတို့ကို သတ်ပြီးသည်နှင့် ကုလားယုတ်များကို သေနိုင်သမျှ များများသေအောင် ခုတ်ပြီး မင်းတို့လည်း မလွတ်နိုင်လျှင် အသေခံကြလော။ ဤတိရစ္ဆာန်များလက်ထဲမှာ အသက်ရှင်လျှက်ဖြင့် လုံးဝ အဖမ်းမခံကြလေနှင့်။”

(ဂ) စကားချပ်

(၁) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်သည် ဦးထွန်းလှအောင်ကို သတ်ဖြတ်ခဲ့မှု၊ ဘူးသီးတောင် မြို့သူမြို့သားများကို သေစေခဲ့မှု ၀ဠ်ကြွေးကြောင့်ထင်သည်၊ ၁၉၆၇-ခုနှစ် ဒီဇင်ဘာလ ၂၆-ရက်နေ့၌ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ၏ ဖြုတ်ထုတ်သတ် စီမံကိန်းတွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

ဗကပ ဗဟိုစခန်းတွင် ဗိုလ်ရန်အောင်အား စွဲချက်များ တစ်ယောက်တစ်မျိုး ၀ိုင်းတင်ကြရာ၌ သခင်ဇင်၏ စွဲချက်တွင် ဘူးသီးတောင်မှာ သင်္ဘောမြုပ်၍ လူအများအပြား သေစေခဲ့မှု၊ ကုလား-ရခိုင် အဓိကရုန်းကို ကိုင်တွယ်မှု အမှားကြောင့် ဘူးသီးတောင်၊ မောင်တောနယ်ရှိ ရခိုင်များစွာ အသက်ဆုံးရှုံးခဲ့ရမှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခဲ့သည်။

သားလတ် ရဲဘော်စောမင်းကပါ အဖေအရင်းကို သစ္စာဖေါက်အဖြစ် စွဲချက်တင်၍ ဖြစ်နိုင်လျှင် သူကိုယ်တိုင် လာသတ်လိုသည်ဟု စာရေးသားခဲ့သည်။

စိတ်ရော၊ လူကိုပါ အမျိုးမျိုးနှိပ်စက်ခြင်း၏ဒဏ်ကို မခံနိုင်တော့၍ ၁၉၆၇-ခု၌ နိုဝင်ဘာလ ၁၅-ရက်နေ့ကပင် အက်စ်ပရင်ဆေး ၃၃-လုံးသောက်ကာ ကိုယ့်ကိုကိုယ် သတ်သေရန်ကြိုးစားသည်။ မသေနိုင်လိုက်။

ခြေထောက်တွင် သစ်တုံးချိတ်ဆွဲ၍ တိရစ္ဆာန်ရိုင်းများကဲ့သို့ ၀ါးရုံပင်တွင် ချဉ်နှောင်ထားခြင်းကြောင့် နမိုးနီးယားဝင်ကာ သေလုမျောပါး ဖြစ်လာသည်ကို ချက်ချင်းမသေစေရန် ပဋိဇီဝဆေးများ ထိုးသွင်းပေးသည်။ တံတွေး ၀ိုင်းထွေးကြပြီး သေးအလူးလူး၊ ချေးအလူးလူး ဖြစ်နေသော ဗိုလ်ရန်အောင်ကို ၀ါးရင်းတုတ်များဖြင့် ရိုက်နှက်၍ မချီမဆန့် အသက်ထွက်စေခဲ့သည်။

(၂) ဦးထွန်းလှအောင်ကား မသေနိုင်တော့။ ကုလား နယ်မြေချဲ့မှု ရှိနေသမျှ ရခိုင်သားများ တွန်းလှန်နေကြမည်။ ရခိုင်သားများ ခုခံတွန်းလှန်နေသမျှ သူလုပ်ခဲ့သော လုပ်ရပ်များသည်လည်း ဆက်လက် ရှင်သန်နေမည်။

၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် သူ့အားပါဝင်စေခဲ့သော ယိုင်သည်ရွာသည်၊ ၂၀၁၂-ခုနှစ် အောက်တိုဘာလ ၂၃-ရက်နေ့က မီးရှို့ခံလိုက်ရပြီ။ ရာဇ၀င်ကြွေးလော၊ အရိုးတွန်ခြင်းလော မပြောတတ်။ သေချာသည်ကား ရခိုင်သမိုင်းရှိနေသမျှ ဦးထွန်းလှအောင်သမိုင်းက ရှင်သန်နေမည်သာ။

(၃) ၁၈၁၀-နှင့် ၁၈၁၆-ကြားကာလတွင် ရခိုင်ပြည်၌ လူဦးရေ ၁-သန်းကျော်ရှိခဲ့သည်။ ဗမာဘုရင် လက်ထဲမှ ရခိုင်ပြည်ကို ဗြိတိသျှတို့ သိမ်းယူပြီး ၁၈၂၆-ခုနှစ်တွင် လူဦးရေစာရင်း ကောက်ယူသောအခါ ရခိုင်ပြည်၌ လူဦးရေ (၁၀၀၀၀၀) တစ်သိန်းသာ ကျန်တော့သည်။

(၄) ယခုဖြစ်ပွားနေသော ပဋိပက္ခတွင် လိုအပ်သည်ထက်ပို၍ ရခိုင်များကို နှိမ်နင်းသတ်ဖြတ်နေသော ဗမာစစ်ဗိုလ်၊ စစ်သားများသည် အထက်ပါ သမိုင်းဖြစ်ရပ်မှန်ကို သင်္ခန်းစာ ယူကြစေလိုသည်။ ပဋိပက္ခ တားဆီးရုံထက် ပိုလွန်၍ ရခိုင်များအား ဖိနှိပ်ခြင်းသည် မှန်သလား?၊ ရခိုင်များထံမှ ထင်းခုတ်မည့် ဓါးပါမကျန် လက်နက်များ သိမ်းဆည်းခြင်းသည် မှန်သလား?။

(၅) အထက်ပါ သမိုင်းဖြစ်ရပ်မှန် တင်ပြချက်သည် ဗမာမုန်းတီးရေး တင်ပြချက်ဖြစ်သည်ဟု မမှတ်ယူကြစေလို။

အတိတ်မှ သမိုင်းမှန်ကို သင်္ခန်းစာယူနိုင်မှ လက်ငင်းအခြေအနေကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

၁၉၅၆-ခုနှစ် ရွေးကောက်ပွဲတွင် လူတစ်ကိုယ် မဲတစ်ပြားစီစနစ်ဖြင့် မဲပေးနိုင်ရန် ဦးနုဦးဆောင်သော ဖဆပလ သည် တဘက်နိုင်ငံမှ ကုလားများအား မြောက်များစွာ သွင်းခဲ့သည်။ မဲနိုင်သည်ကား ဗမာအုပ်စိုးသူ၊ ကုလားဒဏ်ကို ခံရသူက ရခိုင်ပြည်သူ။

ဗမာအုပ်စိုးသူများကို အစဉ်အဆက် ယုံကြည်၍မရသည်မှာကား သမိုင်းက သက်သေပြခဲ့ပါပြီ။

ဦးနေ၀င်း လက်ထက်ကဆိုလျှင် ရခိုင်ပြည်၊ ရခိုင်မြေဖြစ်သော အုန်းကျွန်းကို ဘင်္ဂလားဒေ့(ခ်ျ)သို့ လက်ဆောင် ပေးသကဲ့သို့ အသားလွတ် ပေးပစ်ခဲ့သည်။ နဂါးမင်းစီမံချက်ကြောင့် ကုလား (၁၅၆၆၃၀) ယောက် ထွက်ပြေးသွားသည်ကို ဟင်္သာစီမံချက်ဖြင့်(၁၈၈၇၈၀) ထိ လက်ခံခဲ့သည်။ နိုင်ငံတကာက အခွင့်အရေး ပေးလာမည်ကို မျှော်လင့်ပြီး ရခိုင်မြေမှာ ကုလား ၃၂၁၅၀-ယောက်ကို ပိုမိုဖြည့်သိပ်ခဲ့သည်။

ယခု သမ္မတကြီး ဦးသိန်စိန်ကား အပြောက ရွှေမန်းဖြစ်ခြင်းကြောင့် ရခိုင်အမျိုးသားအားလုံး ၀မ်းသာအားရ ထောက်ခံနေကြသော်လည်း နိုင်ငံတကာ အထောက်အကူနှင့် ရခိုင်မြေကို အလဲအလှယ် လုပ်မည်လားဟု သံသယစိတ်နှင့် စောင့်ကြည့်နေကြသည်။

ဤတစ်ကြိမ်တွင် ဗမာရဟန်းရှင်လူ ပြည်သူအားလုံးက ရခိုင်လူမျိုးများ၏ ခံစားမှုကို ထပ်တူထပ်မျှ ၀င်ရောက်ခံစား ပေးကြနေကြခြင်းသည် ရခိုင်-ဗမာ သွေးစည်းညီညွတ်ရေးဆီသို့ ဦးတည်နေသည်။

လက်ရှိပဋိပက္ခကို မှန်ကန်စွာ ဖြေရှင်းနိုင်ရေးသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချက်ကြီး တစ်ခုဖြစ်သည်။ သို့မဟုတ်ပါက-----------။

ခိုင်ထူး (ARG-222)

ရခိုင်မျိုးစောင့်အုပ်စု

ဂျပန်နိုင်ငံ

ရက်စွဲ-၁၈.၁၁.၂၀၁၂

မှီငြမ်း-

(၁) တော်လှန်ရေးခရီးဝယ် (စာရေးသူ-ဘုံပေါက်သာကျော်) ၊ သန္တာအောင်စာပေ၊ သတင်းဂျာနယ် ပုံနှိပ်တိုက်မှ ၁၉၇၃-ခု ဇူလိုင်လ ၁၅-ရက်နေ့တွင် ထုတ်ဝေသည်။

(၂) ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု (စာရေးသူ-ဦးဘစံ)၊ သဟာယစာပေမှ ၁၉၉၆-ခု မတ်လတွင် ထုတ်ဝေသည်။

(၃) သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ)၊ မြရာပင်စာပေမှ ၁၉၆၉-ခုနှစ် မေလ ၁-ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

တွေ့ဆုံမေးမြန်းခဲ့သူများ-

(၁) ဦးမောင်ကြီး (တောင်ကုတ်မြို့)၊ BIA တပ်သားဟောင်းဖြစ်သည်။ ဦးထွန်းလှအောင်ကို ဗိုလ်ရန်အောင် ကျားထိုး၍ သတ်စဉ်က ရှေ့ဆုံးတွင် ရှိနေပြီး ရခိုင်ရဲဘော်များ တပ်မှထွက်ကြစဉ် ပါဝင်ခဲ့သူဖြစ်သည်။ (မြောက်ဦးမြို့မှ ကျောင်းဆရာ ဦးမောင်တင်ကြီး၏ အကိုဖြစ်သည်)။

(၂) ဦးဝင်းမြအောင် (မြောက်ဦးမြို့) ကွယ်လွန်။

(၃) ဦးဘအောင် (မြောက်ဦးမြို့) ကွယ်လွန်။(ဦးထွန်းလှအောင်၏ ညီဖြစ်သည်)။

(၄) ဦးစိန်ကျော် (မြောက်ဦးမြို့) ကွယ်လွန်။ ကျောင်းဆရာ။

(၅) ဦးစံထွန်းအောင်ကျော် (မြောက်ဦးမြို့) အသက်-၉၆-နှစ်။

(၆) ဒေါ်ဦးစိန်သာ (မြောက်ဦးမြို့) အသက်-၈၆-နှစ်။

(၇) ဦးစိုးသာအောင် (ကျွဲတဲရွာ) ကွယ်လွန်။ (ဇာတိ-ဘူးသီးတောင်)။

(၈) ဦးနီထွန်းဦး (ကျွဲတဲရွာ) ကွယ်လွန်။ (ဇာတိ-ဘူးသီးတောင်)။

(၉) ဒေါက်တာအေးချမ်း (ပါမောက္ခ) ဂျပန်နိုင်ငံ။ (ဇာတိ-ဘူးသီးတောင်)။

(၁၀) ဆရာကြီးဦးမောင်ဗသိန်း(အငြိမ်းစား-မြို့နယ်ပညာရေးမှူး၊ ရခိုင်သမိုင်းသုတေသီ) စစ်တွေမြို့။

Sunday, February 10, 2013

အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ လက်ရှ်ခါ၊ မြန်မာနိုင်ငံမှာ အခြေချရန် ကြိုးစားနေသည်….






အိန္ဒိယအစိုးရဟာ သူ့ရဲ့ အရှေ့ဘက် အိမ်နီးနားခြင်းတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ သတင်းအချက်လက်တွေ ဝေငှပေးနေပါတယ်… အဓိကအားဖြင့် ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ (စစ်တကောင်း ဘင်္ဂါလီ)များနဲ့ ရခိုင်တွေရဲ့ ရခိုင်နယ်စပ်တလျှောက်က အဓိကရုဏ်းတွေနဲ့ ပါတ်သက်နေပါတယ်….

အဲ့ဒိအဖွဲ့အစည်းတွေကြားမှာ လက်ရှ်ခါ-အီး-တိုင်ဘာ (Lashkar-e-Taiba) ဆိုတဲ့အဖွဲ့ဟာ ထင်ရှားပါတယ်…. ထောက်လှမ်းရေးက ရရှိတဲ့ အချက်အလက်များအရ အစွန်းရောက် ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ) များရဲ့ လှုပ်ရှားမှုတွေရဲ့ အဓိကငွေကြေး ထောက်ပံ့မှုတွေဟာ ဆော်ဒီအာရေးဗျမှာရှိတဲ့ အဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အိန္ဒိယရဲ့ အဆင့်မြင့် အရာရှိများရဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်…. အဲ့ဒိ အစွန်းရောက် စစ်သွေးကြွများဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ စစ်ရေးသင်ကြားမှုကို ရရှိနေပြီး လက်နက်တွေဟာ ထိုင်းနိုင်ငံဘက်ကနေ ရရှိနေပါတယ်…


စီးပွားရေးနဲ့ လူမှုရေး အခက်အခဲတွေ့နေတဲ့ ဒုက္ခသည်စခန်းရှိ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) များမှအပ ကျန်တဲ့အဖွဲ့တွေဟာ လက်နက်များ တိတ်တဆိတ်ခိုးသွင်းခြင်း၊ မူးယစ်ဆေးဝါးများ၊ ဗလီအစရှိတဲ့ ဘာသာရေးအဆောက်အဦးများမှာ အကြမ်းဖက်လုပ်ရပ်များမှာ ပါဝင်တဲ့ သင်တန်းများ ပို့ချခြင်း၊ လက်နက်ပစ္စည်းများ လျှို့ဝှက်ထားခြင်း အစရှိတာတွေဟာ ဒေသတွင်း အကြမ်းဖက် နှိမ်နှင်းရေးအတွက် အဓိကအတားအဆီး အခက်အခဲဖြစ်နေတယ်လို့ အိန္ဒိယအဆင့်မြင့် အရာရှိတွေက ဆိုပါတယ်…

နယူးဒေလီက အဓိက စိုးရိမ်ပူပန်နေတာကတော့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွ အဖွဲ့တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ လူသစ် စုဆောင်းမှာတွေ၊ ကလာပ်စည်းများ ထားရှိပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို အရှေ့မြောက်ပိုင်းမှာ လုပ်လာနိုင်လို့ ဖြစ်ပါတယ်… အဲ့ဒိလိုပဲ အဆိုပါ ကလာပ်စည်းများ၊ စုဆောင်ထားတဲ့ လူသစ်များနဲ့ Assam မှာလုပ်ခဲ့သလိုမျိုး သက်ဆိုင်ရာ ဒေသတွေတိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ လှုံ့ဆော်လာမှာကိုလည်း အဓိက စိုးရိမ်နေပါတယ်….

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည် အဖွဲ့အစည်းများရဲ့ တူညီတဲ့ အချက်ကတော့ ပါကစ္စတန် ထောက်လှမ်းရေးနဲ့ လက်ရှ်ခါအဖွဲ့ရဲ့ မသိမသာ ၀င်ရောက်စွက်ဖက်နေတဲ့ ကိစ္စရပ်များဖြစ်ပြီး နှစ်နိုင်ငံစလုံးကလည်း စုံစမ်းရရှိသမျှ အဆိုပါ ကိစ္စရပ်တွေကို ဖလှယ်ဖို့ သဘောတူညီထားကြပါတယ်…. သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်း တောင်တန်းဒေသတွေမှာ  အခြေစိုက်တဲ့ Jaish-e-Mohammed (JeM) အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရှိနေနိုင်တယ်လို့ ယုံကြည်နေပါတယ်… အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်ဖြစ်တဲ့ Cox’s Bazaar နဲ့ တက်နာ့ဖ် ဒေသတွေမှာ လှုပ်ရှားနေတယ်လို့ ယုံကြည်နေကြပါတယ်….

၂၀၁၂ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အကြမ်းဖက်မှု ဖြစ်ပွားပြီးချိန်မှာတော့ လက်ရှ်ခါအဖွဲ့နဲ့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Jammaat-ud-Dawwa (JuD) ဟာ Difa-e-Musalman Arakan-Burma (Defence of Muslims in Myanmar) ဆိုတဲ့ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်…. အဓိကအားဖြင့် မိုဘိုင်းလှုပ်ရှား အဖွဲ့အစည်းများ၊ ထောက်ခံသူများဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်မှုများ ပြုလုပ်နိုင်စေဖို့ ရည်ရွယ်ခဲ့ပါတယ်….

လက်ရှ်ခါနဲ့ ဂျမက် အဖွဲ့နှစ်ခုဟာ ပေါင်းစပ်လိုက်ပြီး အဖွဲ့နှစ်ခုတွင်းမှာ ပါသူများဟာ ဂျမတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဒီးမ် အ၀ါရီ (Nadeem Awari) နဲ့ ဂျမတ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ရှာဟစ် မန်မွတ် ရီမတ်တူလာ့ရှ် (Shahid Mehmood Rehmatullah) တို့ကို သြဂုတ် ၁၀ ၂၀၁၂ မှာ တာဝန်ပေးအပ်လိုက်ပါတယ်…. သူတို့ရဲ့ အဓိက တာဝန်တွေကတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းများက အရေးကြီး တာဝန်ရှိသူများနဲ့ အချိပ်အဆက်ရယူရန်ပဲ ဖြစ်ပါတယ်….

အိန္ဒိယအစိုးရစီက ရရှိတဲ့ သတင်းအချက်အလက်များအရ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဟာဖီး ဆာအိ (Hafeez Saeed) အပါအ၀င် လက်ရှ်ခါအဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင်များဟာ မြန်မာနိုင်ငံကို အဓိကပစ်မှတ်ထားပြီး လူသစ် စုဆောင်းရရှိနိုင်ဖွယ် ရှိမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေး၍ စီမံကိန်းများ ချမှတ်တယ်လို့ ဆိုပါတယ်…. လက်ရှ်ခါ အဖွဲ့ဟာ ရခိုင်ဒေသမှ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ပြုပြင်ရေးသမား ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို အပြစ်တင်လိုက်ပါတယ်….



Rohingya Solidarity Organization


RSO အဖွဲ့ခေါင်းဆေင် နူရူး အစ္စလာမ်


နူရူးအစ္စလာမ်အား အစည်းအဝေး တစ်ခုတွင် တွေ့ရစဉ်


RSO အဖွဲ့နှင့် နီးကပ်စွာ အဆက်အသွယ် ရှိသည့်  ဒေါက်တာ ၀ါကာအူဒင်


ဗြိတိန်အစိုးရအား ရိုဟင်ဂျာအား လော်ဘီလုပ်ပေးနေသည့် ဆန္ဒပြပွဲတွင် တွေ့ရသည့် နူရူးအစ္စလာမ်


ပါကစ္စတန်အခြေစိုက် လက်ရှ်ခါးအဖွဲ့ရဲ့ ဦးဆောင်လှုပ်ရှားသူများဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရခိုင်ဒေသနဲ့ ကပ်ရပ်ဒေသများကို သွားရောက် လေ့လာအကဲခတ်ရန်ရင်းနှင့်အတူ အခြားသော Harkat ul Jihadi al Islami (HUJI), JeM နဲ့ Jammat ul Mujahideen Bangladesh (JMB) အဖွဲ့များဟာ Rohingya Solidarity Organization (RSO) နဲ့ ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်ထားပါတယ်….. ထိုကဲ့သို့ ချိပ်ဆက်ခြင်းဟာ အဓိကအားဖြင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ချဲ့ထွင့်နိုင်ရန်၊ အိန္ဒိယအရှေ့ပိုင်း အစွန်အဖြား ဒေသတွေမှာ စခန်းသစ်များ ထပ်မံတည်ဆောက်နိုင်ရန်အတွက် ဖြစ်ပါတယ်….

အိန္ဒိယနိုင်ငံတွင်းရှိ လုံခြုံရေးအေဂျင်စီတွေဟာ မန်မိုဟန်ဆင်း အစိုးရကို Jammaat ul Arakan (JuA) တပ်ဦးအကြောင်းနဲ့ ပါတ်သက်ပြီး အစီရင်ခံထားပြီး ဖြစ်ပါတယ်….. အဆိုပါ JuA ဟာ JMB အဖွဲ့နဲ့ အခြားသော အစွန်းရောက် ရိုဟင်ဂျာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပါတယ်…. အဆိုပါ အစီရင်ခံစာက ညွှန်းဆိုတာကတော့ JMB အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒေသဖြစ်တဲ့ ဘန်ဒါဘန်ရဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ စစ်ရေးဆိုင်ရာ သင်တန်းပေးမယ့် အခြေစိုက်စခန်းတွေ တည်ဆောက်ခြင်းတွေမှာ ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ…. သူတို့ဟာ မြန်မာနိုင်ငံအတွင်းက လှုပ်ရှားမှုတွေနဲ့ ပါတ်သက်ပြီး တာဝန်ယူဖို့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေတယ်လို့ တရားဝင်ဆိုပါတယ်….

ISI ရဲ့ ခြေရာတွေကို စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) အတွင်းပိုင်းကို ချဲ့ထွင် ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၁၁ ၂၀၁၂ မှာ စစ်တကောင်းအခြေစိုက် Cox’s Bazaar မှာရှိတဲ့ Idgah madarassa အဖွဲ့မှ နော် အယ်လ် အမင် (Noor-ul-Amin) ကို ဖမ်းစီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်…. ကရာချိရှိ Dar-ul-Uloom Islamiya madarassa အဖွဲ့အစည်းက ရွေးချယ်လိုက်တဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Noor-ul-Amin ဟာ ယခင်က ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အတွက် အမြဲတန်းစစ်မှုထမ်းများကို ရွေးချယ်ခန့်အပ်မှုနဲ့ စစ်ရေးအသိအမြင် ရှိသူတွေကို ထောက်ပြတဲ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်….

သူ့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ အာမင်း ထွက်ဆိုခဲ့တာကတော့ သူ့ရဲ့ ပူးပေါင်းပါဝင်မှုဟာ HUJI (Arakan) အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကရာချိအခြေစိုက် Maulana Abdus Qudus Burmi နဲ့ ဆက်နွယ်မှုပါပဲ….. သူထပ်မံ ထွက်ဆိုတာကတော့ ရိုဟင်ဂျာ ဒုက္ခသည် အသိုင်အ၀န်းအတွင်း လက်နက်များ ကူးလူးဆက်နွယ်မှုတွေမှာ ပါကစ္စတန် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီကလည်း ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ….. နောက်ပိုင်းမှာ Noor-ul-Amin နဲ့ နီးကပ်စွာရှိတဲ့ အပေါင်းပါတစ်ဦးဖြစ်တဲ့ အလီ အာမက် ခေါ် အဘူဂျီဘရယ် (Ali Ahmend aka Abu Jibral) ဟာလည်း အောက်တိုဘာ ၈ ရက် ၂၀၁၂ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့အစည်းများရဲ့ အရေးယူခြင်းကို ခံလိုက်ရပါတယ်….

အဘူဂျီဘရယ်ဟာ ပြီးခဲ့တဲ့လတွေမှာ ISI နဲ့ Karachi Islamiya madarassa တို့အကြား ငွေကြေးအလဲအလှယ် ကိစ္စတွေမှာ ပါဝင် ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. အဘူဂျီဘရယ်ကို စစ်ဆေးမေးမြန်းခဲ့စဉ်မှာ ဂျီဘရယ်ဟာ သူ ဂျီဟတ် စစ်သားတစ်ယောက်အနေဖြင့် အာဖဂန် နစ္စတန်မှာ ရှိနေခဲ့စဉ်မှာ ၁၉၈၅ မှ ၁၉၉၄ အတွင်း ၀ါဇာရစ်စတန်မြောက်ပိုင်း မီရန်ရှား တွင်နေထိုင်ခဲ့စဉ်အတွင်း တာလီဘန်အဖွဲ့နဲ့ ပါဝင်ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. HUJI အဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူ ဂျီဘရယ်ဟာ အဖမ်းခံရစဉ်မှာ ပါကစ္စတန် စာရွက်စာတန်းများနဲ့ ဘင်္ဂလားဒေ့ရှ်ပါ့စပို့ ကိုင်ဆောင်ထားပါတယ်….



ရိုဟင်ဂျာ အကြမ်းဖက် သဲလွန်စများနဲ့ ပါတ်သက်ပြီး ဒါကာနဲ့ နေပြည်တော်ကို သတိလှမ်းပေးနေစဉ်မှာ အိန္ဒိယအနေနဲ့ စိုးရိမ်နေတာက ISI ရဲ့ ရခိုင်ဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေအပေါ်ကို စိတ်ဝင်စားမှုနှုန်းတွေ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်…. အဓိကအားဖြင့် အကြမ်းဖက် အဖွဲ့တွေဖြစ်တဲ့ လက်ရှ်ခါ (Lashkar)၊ Jaish, HUJI နဲ့ Tehrik-e-Azadi Arakan (TAA) တွေကမှတဆင့် အဆိုပါ မွတ်စလင်တွေကို အစွန်းရောက်တွေအဖြစ် လေ့ကျင့်ပေးပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသတွေကို အန္တရာယ်ပြုရာမှာ အသုံးချလာမှာကို စိုးရိမ်နေပါတယ်….



ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အရင်းအမြစ်တွေ များပြားလာခြင်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်ရပ်တွေကတော့ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေး ကျွမ်းကျင်သူများ၏ သင်ကြားမှုဖြင့် စစ်ရေးကြွ ဒုက္ခသည်များ ပိုမိုများပြားလာပြီး လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းများ ပိုမိုပြုလုပ်၍ မြန်မာနိုင်ငံတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းတွေကို မည်သို့မည်ပုံ ဒုက္ခပေးနိုင်ရန်လည်း ဖြစ်ပါတော့တယ်….

၂၀၁၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဟင်ဒူစတန်တိုင်းရှိ LeT seeks foothold in Myanmar ကို နားလည်တတ်ကြွမ်းသလောက် ဘာသာပြန်ဆို၍ မိမိကဲ့သို့ စိတ်ဝင်စားသူများ သိရှိနိုင်စေရန် ရည်ရွယ်ပါတယ်… အထူးသဖြင့် ရခိုင်ဒေသတွင် ဖြစ်ပျက်နေသည်များဟာ အစိုးရက တမင်ဖန်တီးနေသည်ဟု မြင်နေကြသူများ သိရှိစေရန်လည်း ဖြစ်ပါတယ်…. အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းမှု ရည်ရွယ်ချက်နဲ့ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံအတွင်းရှိ အမျိုးသားရေး စိတ်ဝင်စားသည့် လူငယ် လူရွယ်များ သတိပြုမိစေရန်လည်း ဦးတည်ပါတယ်…..

ထစ်ခနဲရှိ အစိုးရကို လက်ညှိုးထိုးနေတဲ့ အဆိုပါ ပုဂ္ဂိုလ်တွေဟာ ရခိုင်ကိစ္စကို အစိုးရဖန်တီးတယ်လို့သာ စွတ်စွဲနေတယ်၊ အဲ့ဒိလို လုပ်လို့ အစိုးရအနေနဲ့ ဘာများ အကျိုးအမြတ် ရမလဲမေးရင် မဖြေတတ်တာကို တွေ့ရပါတယ်..... နိုင်ငံရေးအရ အစိုးရကို အမြတ်ထုတ်ဖို့ သိက္ခာချ၊ အပုတ်ချဖို့ စွတ်စွဲဖို့ပဲတတ်ကြပြီး အလွန်ကို စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးတာကို တွေ့ရပါတယ်.....

အထူးသတိချပ်သင့်တဲ့ ကိစ္စကတော့ အစ္စလာမ်မစ် စစ်သွေးကြွတွေဆိုတာ သူတို့လိုချင်တဲ့နိုင်ငံမရမခြင်း ဦးသိန်းစိန်သော ဒေါ်စုသော ရွေးမနေဘူးဗျ တွယ်နေမယ်ဆိုတာလေး ဦးနှောက်ထဲ ထည့်ထားဖို့ လိုပေလိမ့်မယ်....

( ၀ံသာနု-မှကူးယူဖေါ်ပြသည် )

Saturday, February 2, 2013

မြောက်ဦးနန်းတော်ကုန်း


http://arakanliteraturepalace.weebly.com/

မြောက်ဦးနန်းတော်ကုန်း

မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။

သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။

နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။

အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။

ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။

နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။

ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။

ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-

(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။

မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။

ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
   

မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်

သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။

နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။

အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။

ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။

နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။

ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။

ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-

(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။

မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။

ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့


( http://arakanliteraturepalace.weebly.com/ )