Sunday, January 27, 2013

ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒ ဆိုင်ရာစိန်ခေါ်မှုများ (၁)

(Voice Weekly Volume 8, No. 38., page 30-31, June 30, 2012)

မင်းဇော်ဦး

အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရိုလင်ဂျာပြဿနာ အပေါ်မှာ
တိုင်းပြည်ခေါင်းဆောင်တွေ နိုင်ငံရေးပါတီကြီးတွေက သဘောထား
ထုတ်ပြန်ချက်တွေပေးကြတယ့်အခါမှာ အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေး နဲ့ ဘာသာရေး အဓိကရုဏ်းအဖြစ် တခြားနေရာတွေမှာ ပြန့်မသွားကြဖို့
တိုက်တွန်းထားပါတယ်။ လက်ရှိ အဓိကရုဏ်းကို ရပ်တန့်ဖို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကလှည့်စားခြေတာတွေရပ်ဖို့ ကလက်ငင်းလိုအပ်ချက်တွေပါ။ ဒါအပြင် ရေရှည်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စကို စဆွေးနွေးသင့်ပြီ၊ လူထုကို ချပြသင့်ပြီလို့ထင်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာက အမျိုးသားလုံခြုံရေး နဲ့ ဘယ်လိုဆက်စပ်လဲ?
ဒီပြဿနာနဲ့ပတ်သက်ပြီး အမျိုးသား အကျိုးစီးပွားက ဘာဖြစ်သင့်လဲ?
ဘယ်လိုပေါ်လစီတွေချပြီး ဆောင်ရွက်သင့်လဲ?
အမျိုးသားလုံခြုံရေးပြဿနာ
ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေး နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာတရား
သက်သက်လောက်မှာပဲ ကန့်သတ်စဉ်းစားလို့ မရဘူး။ ရိုဟင်ဂျာပြဿနာက
အမျိုးသားလုံခြုံရေး နဲ့တိုက်ရိုက်ဆိုင်တယ်။ အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွား ကိုစဉ်းစားတဲ့အခါမှာ ချစ်ခြင်းမုန်းခြင်းကင်းတဲ့ ကျိုးကြောင်းဆီလျှော်မှုကို အခြေခံတဲ့ ရလဒ်ကိုခြေပြုတဲ့ ဆင်ခြင်တုံတရားကို အခြေခံဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်ရတယ် ဆိုတာ အချက် ၃ ချက်ရှိတယ်။
ဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့အကြပ်အတည်း
နံပတ်တစ် အဓိကအကြောင်းက ဘေးအိမ်နီးချင်း ဘင်းဂလားဒေ့ရှ် ရဲ့
လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းပါ။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံထက် ၄.၆ ဆလောက် အကျယ်အဝန်းအရ သေးငယ်ပေမယ့် ခန့်မှန်းချေ အရ သူ့လူဦးရေက ၂.၆ ဆပိုများတယ်။ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းဆ အများဆုံးနိုင်ငံတွေထဲ မှာပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက လုပ်ကိုင်စားသောက်လို့ ပိုအဆင်ပြေတဲ့ မြန်မာပြည်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကသူတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် ဗြိတိသျှအစိုးရတောင် နောင်လူမျိုးရေးပြဿနာတွေ ဖြစ်နိုင်တယ်လို့ မှတ်တမ်းပြုခဲ့ဘူးတယ်။
ဘင်းဂလားဒေ့ရှ်ဆိုတာ သဘာဝပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို
အခံရဆုံးနိုင်ငံတွေထဲ ကတစ်ခု။ UNDPရဲ့အဆိုအရ ပယ်လယ်ရေမျက်နှာပြင်မြင့် တက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၇.၅% သောမြေတွေပာာ ရေအောက်ရောက်မယ့် ကိန်းဖြစ်နေပြီ။ ရေဖုံးလာနေတဲ့မြေတွေပာာ ဘင်္ဂလားဒေ့ရှ်ရဲ့
ကန်ရိုးတန်းဒေသတွေဖြစ်ပြီး ဒီပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လူသန်း ၄၀ လောက်တဖြေးဖြေးနဲ့ “သဘာဝပတ်ဝန်းကျင် ဒုက္ခသည်” ဖြစ်လာမယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ခန့်မှန်းကြတယ်။ ရေမျက်နှာပြင်
မြင့်တက်နှုန်းအမြင့်ဆုံးဒေသက မြန်မာပြည်နဲ့နီးတဲ့ စစ်တကောင်း (Cox’s Bazar) ကမ်းရိုးတန်း ဖြစ်တယ်။ တစ်နှစ်ကို အနည်းဆုံး ၇.၈ မီလီမီတာနှုန်းနဲ့ မြင့်တက်လာတယ်။ ရေရှည်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ “သဘာဝပတ်ဝန်းကျင်ဘေးသင့် ဒုက္ခသည်” ပြဿနာက မြန်မာနိုင်ငံတံခါး ကိုလာခေါက်တော့မှာ ဖြစ်တယ်။ အထူးအဖြင့် မြန်မာပြည်မှာ စီးပွားရေး အခွင့်အလမ်း တိုးတက်လာခဲ့ယင်ပေါ့။
ဒါပေမယ့် ၁၉၉၁ နောက်ပိုင်းကစလို့ အစိုးရက ရိုဟင်ဂျာတွေကို
နိုပ်ကွပ်လာလိုက်တဲ့အခါ ခိုးဝင်တာတွေနည်းသွားတဲ့အပြင် ဘင်းဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူညီမှုရပြီး ပြန်ပို့တဲ့သူတွေထဲမှာတောင် မြန်မာပြည်တွင်းက ပြန်ထွက်ပြေးသူတွေ အများကြီးပါ။ မြန်မာပြည်တွင်းမှာ စီးပွားရေး မကောင်းတာက တစ်ကြောင်း နိုင်ငံခြားမှာ သွားအလုပ်လုပ်နိုင်တဲ့
အခွင့်အရေးတွေ ပေါ်လာတာကတစ်ကြောင်း အနောက်နိုင်ငံတွေကို ဒုက္ခသည်အဖြစ် သွားရောက်ဖို့ အခွင့်အလမ်းတွေ ဖန်လာတာတွေ ကြောင့်
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ သူတွေအပြင် မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေပါ ပြည်ပကို တစ်နည်းနည်းနဲ့ ရအောင်ထွက်ကြပါတယ်။ ဒါကြောင့် လူကုန်ကူးလုပ်ငန်း ကိုကျယ်ကျယ်ပြန့်ပြန့် လုပ်တဲ့သူတွေထဲမှာ ရိုဟင်ဂျာကွန်ယက်ဟာ စနစ်တကျနဲ့ အချိပ်ဆက်ရှိရှိ တည်ဆောက်ထား တယ်လို့ ဒေသဆိုင်ရာ လုံခြုံရေး အဖွဲ့တွေက ဆိုပါတယ်။ ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ တရားမဝင်ခိုးဝင်တဲ့ ပြဿနာဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အော်စတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္နိယ၊ ပါကစ်စတန်၊ ဆော်ဒီအာရေးဘီးရား၊ UAE စတဲ့နိုင်ငံတွေ အထိပြန့်နှံ့နေပြီး ဒေသဆိုင်ရာ နယ်စပ်ဖြတ်ကျော်မှုခင်း (Transnational Crime) တစ်ခုအဖြစ် အလေးနက်ထား စဉ်းစားလာပြီဖြစ်တယ်။
နယ်စပ်ရိုဟင်ဂျာတို့ရဲ့ ဘင်္ဂလီ အဆက်အနွယ်
နံပတ်နှစ် အကြောင်းက ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ ဘာသာစကား ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှုအရ နီးစပ်တဲ့ မြန်မာပြည်ထဲက ရိုဟင်ဂျာတွေပာာ
ဆွေမျိုးသားချင်းတွေက လာချင်တယ်ဆိုယင် လာခေါက်မယ့် တံခါးဝမှာ
ဖွင့်ပေးဖို့ ထိုင်စောင့်နေသူတွေလို ဖြစ်နေတယ်။ မြန်မာပြည်နဲ့
ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းက ၁၂၅ မိုင် ပဲရှိပေမယ့် အိန္နိယလို ဘင်္ဂလားဒေ့ရှ် ကခိုးဝင်လာမယ့် သူတွေကိုတားဆီးဖို့ စနစ်တကျပြင်ဆင် ထားတဲ့ အတားအဆီးမျိုး မရှိဘူး။ အိန္နိယမှာ မိုင်၂၅၀၀ ကျော် ဘင်္ဂလားနယ်စပ်ကို မိုင် ၂၀၀၀ လောက်ခြံစည်းရိုးခတ်ပြီး လုံခြုံရေး အစီအမံတွေ လုပ်ထားတာတောင်
ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာကို မဟန့်တားနိုင်ပါဘူး။ နယ်စပ်ကလည်းပို
ရှေလျှားတဲ့ အပြင် အာသံနဲ့ West Bengal ဘက်မှာက ဘင်္ဂလီအနွယ်တွေက ရှိနေတော့ ၂၀၀၁ တရားဝင်နေထိုင်သူ စစ်တမ်းအရ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလီ ၃ သန်းလောက်က အိန္နိယနိုင်ငံနိုင်ငံထဲ ရောက်နေပြီးပြီ။ အိန္နိယ ပြည်ထဲရေး ဝန်ကြီး Shri Indrajit Gupta က တရားမဝင် ၁၀သန်းကျော် ခိုးနေသူတွေထဲမှာ ဘင်္ဂလားနယ်စပ် အာသံနဲ့ West Bengal နှစ်ခုပေါင်းရင်ပဲ ၉သန်းကျော် သူတို့တိုင်းပြည်ထဲမှာ ဝင်နေပြီလို့ ၁၉၉၇ တုန်းက အိန္နိယလွတ်တော်ကို တင်ပြဖူးတယ်။ ဘင်္ဂလီအနွယ် လူမှုရေးကွန်ရက်ရှိပြီးသား နယ်စပ်တွေက တရားမဝင် ခိုးဝင်ဖို့ လွယ်ကူတဲ့နေ ရာတွေဖြစ်လာတယ်။ အထူးသဖြင့် ဒီလိုဝင်လာတဲ့သူ အများစုက ဆင်းရဲပြီး ပညာမတတ်သူတွေ ဖြစ်တာကြောင့် မတိုးတက်သေးတဲ့ တိုင်းပြည်တွေမှာ ဝန်ထုတ်ဝန်ပိုး ပိုကြီးလာတယ်။ မြန်မာပြည်က
အကျင့်ပျက်လဝက အရာရှိတွေကြောင့်လည်း တရားမဝင်ခိုးဝင်လာသူတွေ
ကိုထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ပါဘူး။
တံခါးစောင့်ဆွေမျိုးပေါက်ဖော် ပြဿနာက ရခိုင်ဘက်မှာတင်မဟုတ်ဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းက တရုပ်စကားပြောတဲ့ ဥပမာ ‘ဝ’ လူမျိုးစု တွေလိုအုပ်စုတွေမှာလည်း အလားတူ ပြဿနာမျိုးရှိပါတယ်။ ရခိုင်မှာ အခုဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းမျိုး မန္တလေးလို နေရာမျိုးမှာ
တစ်ချိန်ဖြစ်လာနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အဆက်အနွယ် တင်မက နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုပြီး ရောက်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေက မြန်မာပြည်ပြန်ရေး ဆိုပြီးဖြစ်လာနိုင်တဲ့ ပြဿနာကိုလည်း ထည့်စဉ်းစားဖို့လိုပါ လိမ့်မယ်။ နိုင်ငံတကာရောက်
ရိုဟင်ဂျာတွေနဲ့ သူတို့နေတဲ့ အိမ်ရှင်နိုင်ငံကြားမှာ
ပြဿနာအများကြီးရှိပါတယ်။ ဥပမာ ဆော်ဒီဘုရင် Faisal လက်ထက်မှာ ၁၉၅၀ အစောပိုင်းကစပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် လက်ခံပြီး အမြဲတန်းနေထိုင်ခွင့် ပေးခဲ့ပါတာ အခုဆို ၂သိန်းခွဲလောက်ရှိနိုင်ပါတယ်။ အဲဒီထဲမှာ မကာဘုရားဖူးဆိုပြီး ဗီဇာနဲ့ဝင် ခိုးဝင်ြပီးနေတဲ့ သူတွေလည်း အများအပြားပါ။ အခုဆိုယင် Faisal လက်ထက်ကပေးဝင်ခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ကိုတောင် ဆော်ဒီအစိုးရက နေထိုင်ခွင့်တိုးပေး
ဖို့ငြင်းဆန်နေပါတယ်။ ၂၀၀၉မှာ ရာဇဝတ်မှုအမျိုးမျိုးနဲ့
ထောင်ထဲမှာထည့်ထားတဲ့ ရိုဟင်ဂျာ မိသားစု ၃ ထောင်လောက်ကို
ဆော်ဒီကနှင်ထုတ်ဖို့ အမိန့်ချပေမယ့် ဘယ်ပို့ရမလဲမသိ ဖြစ်နေတယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာနေတယ်ဆိုတဲ့ အသိမှတ်ပြုမှုမျိုးဖြစ်လာရင် နိုင်ငံအသီးသီးထောင်တွေထဲက ပြည်နှင်ခွင့်ကျနေတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဖိအားပေးမှုမျိုးတွေ ရှိလာဦးမှာပါ။
နယ်စပ်ပြဿနာ ရှုထောင့်ကကြည့်ယင် ဘင်္ဂလီအနွယ်ခြင်း တူတာတောင်မှ
ပြည်မရောက်လာပြီး မြန်မာတိုင်းရင်းသားတွေနဲ့ ဒွေးရောယှက်တင်
နေထိုင်နေတဲ့သူတွေက ပြဿနာမဟုတ်ဘူး။ ဒီသူတွေကို အကြောင်းပြုပြီး နောက်ထပ်တရားမဝင် လာရောက်ဖို့ဆိုတာ ဖြစ်ဖို့အလားအလာ နဲတယ်။
နယ်စပ်နဲ့ဆိုင်တဲ့ အဓိကပြဿနာက ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီနွယ်
ရိုဟင်ဂျာတွေ။ သမိုင်းဆိုင်ရာအရ ၁၅ ရာစုလောက်က မွတ်ဆလင်ဘာသာဝင်တွေ ရခိုင်ကိုကူးလာတာ ရှိခဲ့တယ်လို့ ပြောကြပေမယ့် တကယ့်အများစုကတော့ အင်္ဂလိပ်ရခိုင်ကို စသိမ်းပြီးမှ ရောက်လာကြတာပါ။ သူတို့မြန်မာပြည်ကို စရောက်လာတဲ့ အချိန်ကစပြီး တခြားလူမျိုးစုတွေနဲ့ ရောထွေးမှုမရှိပဲ သီးသီးသန့်သန့် နေခဲ့ကြတယ်။ အစိုးရ အဆက်ဆက်ကမူဝါဒ အမှားတွေကြောင့် သူတို့ကို သီးသန့်နေခိုင်းသလို ဖြစ်သွားတာလဲပါတယ်။
သူတို့အနေနဲ့ အများစုက ဘင်္ဂလီဘာသာစကားပဲ ပြောတယ်။ မြန်မာပြည်မြေပေါ်မှာ မွေးလာတဲ့သူတို့ ခလေးတွေကလည်း မြန်မာပြည်က ယဉ်ကျေးမှုထက်
တဖက်နိုင်ငံကပါလာတဲ့ ဓလေ့ထုံးတမ်းတွေ အပေါ်မှာကြီးပြင်းလာတယ်။ သူတို့ရဲ့ အမျိုးသားရေး ဆက်စပ်မှုက (national sense of belonging) မြန်မာပြည်ထက် တဖက်နိုင်ငံကို တွယ်ဆက်ထားတယ်။ ဒါကြောင့်မို့ လွတ်လပ်ရေးရတော့မယ့် အချိန်မှာ ဂျပန်တိုက်ဖို့ဆိုပြီး အင်္ဂလိပ်တွေ လက်နက်တပ်ဆင်ပေးထားတဲ့ ရခိုင်နေ ဘင်္ဂလီနွယ် မွတ်ဆလင် အုပ်စုဟာ မြန်မာပြည်က ခွဲထွက်ပြီး East Pakistan (အခုဘင်္ဂလားဒေ့ရှ်) နဲ့ပေါင်းမယ်ဆိုပြီး ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်က ဘင်္ဂလားဒေ့ရှ် ကပါကန်စတန်ရဲ့နယ်ဖြစ်ခဲ့တာမို့ ပါကန်စတန် သမ္မတ Muhammad Ali Jinnah က မြန်မာခေါင်းဆောင်များနဲ့ မျက်နှာမပျက်ရအောင် ရခိုင်မွတ်ဆလင်တွေနဲ့ East Pakistan ပေါင်းဖို့ဆိုတာကို
ငြင်းဆန်ခဲ့ပါတယ်။ North Arakan Muslim League ကိုတည်ထောင်ပြီး (အဲဒိအချိန်တွေမှာ ရိုဟင်ဂျာဆိုတာ မပြောကြသေးပါ) East Pakistan နဲ့ပေါင်းမရယင်လဲ ကုလားတန်မြစ်နဲ့ မေယုမြစ်ကြားကဒေသကို လွတ်လပ်တဲ့ မွတ်ဆလင်နိုင်ငံတခု ထူထောင်ဖို့ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်ထဲမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ရအောင်လုပ်သင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ အစွန်းမရောက်တဲ့ ခေါင်းဆောင်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသံက အနည်းစုဖြစ်ခဲ့တယ်။
မွတ်ဆလင်ချင်း တူယင်တောင်မှ ရခိုင်က ဘင်္ဂလီအနွယ် နဲ့
အိန္နိယအနွယ်တွေကြားမှာ အဲဒီထဲက ကွာခြားမှုရှိခဲ့တယ်။ ရခိုင်ပြည်ပြင်ပ မှာနေကြတဲ့ အိန္နိယအနွယ် မွတ်ဆလင်အများစုကတော့ သူတို့ရဲ့ အိန္နိယ ပါကစ္စတန် အဆက်ကိုဖြတ်ပြီး မြန်မာနိုင်ငံသား အဖြစ်နေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြန်ချင်တဲ့သူတွေ ကလည်းအပြီးပြန်သွားတယ်။ ကျန်နေတဲ့ အိန္နိယနွယ်ဖွား မြန်မာမွတ်ဆလင်တွေဟာ ဒီနေ့အထိ ဘာသာတာမတူပေမယ့် သူတို့ကိုသူတို့ မြန်မာနိုင်ငံသားလို့ နှစ်နှစ်ကာကာခံယူပြီး ဒီတိုင်းပြည်ရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အောက်မှာကြီးပြင်းလာ ကြတယ်။ လူမှုရေး ယဉ်ကျေးမှုအရ ရောရှက်သွားပြီး အမျိုးသားရေး ဆက်စပ်ပေါင်းစည်းမှု (National Integration) ဖြစ်လာခဲ့တယ်။ ဒါကြောင့် ရခိုင် ပဋိပက္ခကို မွတ်ဆလင် နဲ့ ဗုဒ္ဓဘာသာ ပြဿနာသက်သက်လို့ သုံးသတ်လို့ မရပါဘူး။ ဆက်စပ်ပေါင်းစည်းမှု integration မလုပ်နိုင်ခဲ့တဲ့ ပြဿနာဖြစ်တယ်။
အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးပြဿနာ
တတိယ ပြဿနာက လုံခြုံရေး ကိစ္စဖြစ်တယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီး အယင် ဘင်္ဂလီတွေကြောင့် တဖက်နိုင်ငံကိုပြေးသွားရတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေ ပြန်ရောက်လာတော့ အခုလိုပဲ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ကြပါတယ်။ အဲဒီအချိန်ကတည်းက သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာရေးစစ်ပွဲ
ဂျီဟတ်ကိုဆင်နွဲဖို့ နိုးဆော်ခဲ့ပါတယ်။ ဒီလိုနဲ့
မူဂျာဟစ်သူပုန်ဆိုတာဖြစ်လာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို
ထိမ်းချုပ်ထားနိုင်ခဲ့တယ်။
၁၉၅၄ မှာတော့ မူဂျာဟစ်တွေ စစ်ဦးကျိုးသွားခဲ့ပြီး သူ့တပ်တွေလည်း ဆန်မှောင်ခိုဂိုဏ်း သာသာလောက် ဖြစ်သွားခဲ့တယ်။ ၁၉၆၀ ဦးနုရဲ့ ဖဆပလ ရွေးကောက်ပွဲနိုင် သွားပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်
အဆင့်ပေးဖို့လုပ်တဲ့ အချိန်မှာ မူဂျာဟစ်ကနေ ရိုဟင်ဂျာဆိုပြီး နိုင်ငံရေး လှုပ်ရှားမှုတွေပေါ်လာတယ်။ ပြည်တွင်းမှာ Rohingya Youth Organization, Rohingya Student Organization နဲ့ Rohingya Jamiat-al-Ulama
Organization စတဲ့အဖွဲ့တွေအပြင် ဘူးသီးတောင် မောင်းတောက ရွေးကောက်ခံရတဲ့ ကိုယ်စားလုယ်တွေက ရခိုင်ပြည်နယ် အတွင်းမှာပဲ သူတို့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ ရပိုင် ခွင့်တွေပေးဖို့ တောင်းဆိုခဲ့တယ်။
ဦးနုအစိုးရက မေယုအုပ်ချုပ်ရေးဒေသဆိုပြီး ရိုဟင်ဂျာတွေအတွက်
သီးသန့်သတ်မှတ်ဖို့လုပ်ခဲ့ပေမယ့် ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာက မရပ်တဲ့အပြင် ပိုကြီးလာတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း တက်လာပြီး နောက်ပိုင်းမှာ ရိုဟင်ဂျာအုပ်စုတွေ မြေအောက်ရောက်သွားပြီး ခွဲထွက်ရေး တောင်းဆိုချက်တွေ ဖြစ်လာပြန်တယ်။ ဒါပေမယ့် ၁၉၇၈ နဂါးမင်း စစ်ဆင်ရေး ဖြစ်လာတဲ့အချိန်မှာရော နောက်ပိုင်းတွေမှာ ရိုဟင်ဂျာ
စစ်ရေးလှုပ်ရှား မှုတွေက အရှိန်သေသွားခဲ့ပြီ။ ၁၉၉၀ မှာ စစ်တပ်က
ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့ စဉ်မှာလည်း ရိုဟင်ဂျာ စစ်ရေးလှုပ်ရှားမှုတွေ မယ်မယ်ရရ သိပ်မတွေ့ရပါဘူး။ ၁၉၉၄မှာ မောင်းတော်ဒေသအတွင်း Rohingya Solidarity Organization (RSO)က ထိုးဖောက်စစ်ဆင်ရေးလုပ်ခဲ့ပေမယ့် စောစောစီးစီးပဲ ချေမှုန်းခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း မြန်မာပြည်တွင်း မှာ ရိုလင်ဂျာ အဖွဲ့တွေရဲ့ အထင်ကရ စစ်ရေးလှုပ်ရှားမှု ဆိုတာ
မရှိသလောက်ဖြစ်သွားပြီ။ ဒါဆိုဘာကြောင့် အခုချိန်မှာ ဒီရိုဟင်ဂျာအဖွဲ့က မြန်မာပြည်မှာ လုံခြုံရေးပြဿနာရှိတယ် လို့ပြောရတာလဲ မေးစရာဖြစ်လာတယ်။
အချုပ်အားဖြင့် ပြောရယင် RSO ရဲ့ နိုင်ငံတကာ အကြမ်းဖက်
အဖွဲ့တွေနဲ့ဆက်စပ်မှု၊ လက်ရှိ နိုင်ငံတကာကကွန်ယက်၊ ဘင်္ဂလားဒေ့ရှ် အစိုးရ ရဲ့ အခန်းကဏ္ဍ၊ မြန်မာပြည်တွင်းက ရိုဟင်ဂျာတို့ရဲ့ ပေါက်ကွဲထွက်မဲ့အခြေအနေ နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး တံခါးအဖွင့် အားလုံးဆုံလိုက်တဲ့ အခါ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ လုံခြုံရေးအရ
စိုးရိမ်စရာတွေ ဖြစ်လာတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ရိုဟင်ဂျာ အဖွဲ့တွေထဲမှာ Arakan Rohingya National Organization (ARNO) နဲ့ RSO နှစ်ခုလောက်ပဲ ထင်ထင်ရှားရှား ရှိတော့တယ်။ ARNOမှာ RSO ကအဖွဲ့တစ်ခုအနေနဲ့ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ ခွာပြဲသွားတယ်။ ARNO ကတော့ RSOထက်စာယင် အင်အားနည်းပြီး ပိုပျော့ပြောင်းတဲ့မူဝါဒရှိတယ်။ ခွဲထွက်ရေးအတွက် မလုပ်ဖူးလို့ ၂၀၀၁ အင်တာဗျူးလုပ်တုန်းကပြောခဲ့ဖူးတယ်။ ရိုဟင်ဂျာထဲမှာလည်း အကွဲကွဲ အပြဲပြဲနဲ့ မူဝါဒကအမျိုးမျိုးပါ။ လှေနံဓါးထစ် တွက်လို့မရဘူး။
RSO ရော ARNO နှစ်ခုလုံး အရှေ့အလယ်ပိုင်း နိုင်ငံများကနေ အကူအညီရဖို့ ကြိုးစားခဲ့ကြတယ်။ ၁၉၈၀ ကျော်နှစ်တွေကထဲက RSO ကအာဖကန်နစ်စတန် ပါကစ္စတန် နိုင်ငံတွေထဲက အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့
သတင်းများကဆိုတယ်။ ပါကစ္စတန်ရောက် ရိုဟင်ဂျာ ၃သိန်းခွဲလောက်မှာ အများစုက အဲဒီက ဘာသာရေးကျောင်းတွေမှာ တက်ကြတာ။ ပါကစ္စတန် ဘာသာရေးကျောင်းတွေထဲမှာ ဆော်ဒီအာရေးဗီးယား အခြေစိုက် Al-Haramain Islamic Foundation
ကထောက်ပံ့တဲ့ကျောင်းတွေဟာ အစွန်းရောက် အစ္စလမ်ဘာသာကြီးစိုးရေးကို အခြေခံတဲ့ Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေဖြစ်တယ်။ အဲဒီကျောင်းသားတွေထဲမှာ အချို့ကို အာဖကန်မှာ စစ်တိုက်ဖို့
စစ်သားစုဆောင်းခဲ့ကြတယ်။ ဒီနေ့ အာဖကန်နစ်စတန် မှာ အသေခံဗုံးခွဲသူ အများစုက ပါကစ္စတန် ဘာသာရေးကျောင်းထွက်တွေဖြစ်တယ်။ Al-Haramain အဖွဲ့ဟာ ၁၉၉၀ နှစ်ဆန်းပိုင်းထဲကစပြီး စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာတွေကို ထောက်ပံ့ခဲ့တယ်။ ဒါတင်မကဘူး လက်ရှိမြန်မာပြည်ထဲမှာ ရှိနေတဲ့ အထူးသဖြင့် ဘူးသီးတောင် မောင်းတော်က ဘာသာရေးကျောင်းတွေကိုလည်း ထောက်ပံ့နေတယ် လို့ခန့်မှန်းတယ်။ Al-Haramain ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့တွေ ထောက်ပံ့မှုနဲ့ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း အခြား အဖွဲ့ နာမည်
တွေသုံးပြီး ဘင်္ဂလားဒေ့ရှ်က RSO အပါအဝင် အခြားအစွန်းရောက်
အကြမ်းဖက်အဖွဲ့တွေ ကိုဆက်လက်ထောက်ပံ့ခဲ့တယ်။
အမေရိကန်က အာဖကန် တာလီဘန်ကို ထိုးစစ်ဆင်တော့ ပါကစ္စတန်ထောက်လှမ်းရေး Inter-service Intelligence (ISI)နဲ့ ဘင်္ဂလားထောက်လှမ်းရေး Directorate General of Force Intelligence (DGFI) တို့လက်ဝါးချင်းရိုက်ပြီး အာဖကန်မှာရောက်နေတဲ့ နိုင်ငံတကာက စစ်သွေးကြွတွေကို ၂၀၀၁ ဒီဇင်ဘာမှာ သဘောင်္စီးလုံးနဲ့တင် ဘင်္ဂလား စစ်တကောင်းကို ပို့လိုက်တယ်။ ဒီစစ်သွေးကြွတွေက RSOစခန်းတွေမှာ ခိုလုံနေပြီး လက်နက်ကိုင် ဖောက်ခွဲရေး
သင်တန်းတွေလုပ်ကြတယ်။ အခုအချိန်ထိ ဒီစစ်သွေးကြွတစ်ချို့ RSOနဲ့ ဆက်နွယ်ပြီး စစ်တကောင်းမှာ ရှိနေဆဲလို့ ခန့်မှန်းရတယ်။
နိုင်ငံတကာဖိအားတွေကြောင့် စစ်တကောင်းက အကြမ်းဖက်စခန်းတွေကို
ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၀၅ ကစပြီးဝင်ရောက်စီးနင်းတော့ ထိုင်းနယ်စပ်ဖက်က RSO သွင်းလာတဲ့လက်နက်တွေအပြင် TNT C4 စတဲ့ ဖောက်ခွဲယမ်းတွေမိတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဆာလဖြူရစ်အက်ဆစ် အပါအဝင် ဖောက်ခွဲရေး
ပစ္စည်းအဖြစ်ထုတ်လုပ်နိုင်တဲ့ ဓာတုအရည် စည် ၁၃ပုံးကို ၂၀၀၅ စက်တင်ဘာ စစ်ဆင်ရေးတစ်ခုမှာ တွေ့ရတော့ RSO ပာာ ဖောက်ခွဲရေး ပညာ တင်မကဘူး ဖောက်ခွဲရေးပစ္စည်းကိုပါ ဖော်စပ် ထုတ်လုပ် ဖို့နည်းပညာရှိတယ် ဆိုတာ သုံးသတ်လို့ရတယ်။
ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ Harakat-ul-Jihad-ul-Islami (HuJI) ရယ် Jamaat-ul Mujahideen Bangladesh (JMB) တို့နဲ့ RSO ကြားမှာ အပြန်အလှန် အကူအညီပြုခဲ့တယ်။ ၂၀၀၉ မေလမှာ JMB ရဲ့ ဖောက်ခွဲရေး ကျွမ်းကျင်သူ Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ်တပ်က မိတော့ သူ့ရဲ့ထွက်ချက်အရ RSO သင်တန်းဆရာတွေက JMB တပ်သားတွေကို လက်နက်ကိုင်နည်း ပို့ချခဲ့ပြီး အပြန်အလှန်အဖြစ် JMB က RSO အဖွဲ့သားတွေကို လက်လုပ်ဗုံး (Improvised Explosive Devices-IED) လုပ်ဖို့သင်တန်း ပေးခဲ့တယ်လို့ ထွက်ချက်ပေးတယ်။ RSO ဆီလာသင်တန်းယူခဲ့တဲ့ JMB ဆိုတာ ၂၀၀၅ခု သြဂတ်စ် မှာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးက မြို့နယ် ၆၄ခု အနက်က ၆၃ခုမှာ ဗုံးအလုံးပေါင်း ၅၀၀ ကိုတစ်နာရီအတွင်း အချိန်ကိုက် ခွဲနိုင်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ RSOက နိုင်ငံတကာမှာ လက်လှမ်းကျယ်တော့ လက်နက်ခဲယမ်းကို မှောင်ခိုသွင်းပြီး ဘင်္ဂလားအဖွဲ့တွေ အပြင် အိန္နိယ အာသံပြည်နယ်က အကြမ်းဖက် အဖွဲ့တွေကိုတောင် လက်နက်ရောင်းတာမျိုး လုပ်တယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းနိုင်ငံရေး အနေအထားက ရိုဟင်ဂျာ
လက်နက်ကိုင်အဖွဲ့တွေရဲ့ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့တယ်။ Bangladesh Nationalist Party (BNP) ဦးဆောင်တဲ့ ၄ပါတီ တပ်ပေါင်းစု အစိုးရ ဖြစ်လာတဲ့ ၂၀၀၁ ခုနှစ် အချိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ အစ္စလမ်ဘာသာအခြေပြုတဲ့ အမျိုးသားရေး အထွန်းတောက်ဆုံးလို့ ပြောလို့ရမယ်။ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ Jamaat-e-Islami နဲ့ Islami Oikyo Jote (IOJ)
လိုပါတီမျိုးတောင် အစိုးရအဖွဲ့မှာ ပါခဲ့တယ်။ RSO အပါအဝင် တစ်ခြား အကြမ်းဖက် အဖွဲ့တွေအတွက် ဘင်္ဂလားဒေ့ရှ်မှာ ခေတ်ကောင်းချိန်လို့
ပြောလို့ရတယ်။ အမေရိကန်က အာဖကန်နစ်စတန်နဲ့ အီရတ် နိုင်ငံတွေကို စစ်ဆင်တော့ အစ္စလမ်အရေး ကလည်း ဘင်္ဂလားဒေ့ရှ်မှာ အားကောင်းလာတယ်။ အိန္နိယ ထောက်လှမ်းရေးတို့ အဆိုအရ ၂၀၀၄ မှာ အယ်လ်ခိုင်းဒါး နဲ့
တိုက်ရိုက်ဆက်စပ်တဲ့ စစ်စခန်း ၁၃ ခု ဘင်္ဂလားဒေ့ရှ်မှာ ရှိတယ်လို့ဆိုတယ်။ အများစုက မြန်မာပြည်နဲ့ နီးတဲ့စစ်ကောင်းနယ်ထဲမှာ။
အမေရိကန်က လည်းဒီအခြေအနေတွေမြင်တော့ ၂၀၀၁ ထဲမှာပဲ BNP အစိုးရကို အကြမ်းဖက် အဖွဲ့တွေကို ချေမှုန်းဖို့ ဖိအားပေးလာတယ်။ ဗုံးကွဲတဲ့ အခါတွေမှာ FBI နဲ့ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းတယ်။ စစ်တကောင်းဒေသကိုလည်း အမေရိကန်ထောက်လှမ်းရေးတွေ စောင့်ကြည့်လာတယ်။ နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီတွေ အပေါ် အမှီပြုနေတာကြောင့်
ဘင်္ဂလားဒေ့ရှ်အစိုးရလည်း ဖိအားကို အလွန်ဆန်နိုင်တော့ဘူး။ ဒ့ါအပြင် အဲဒီအချိန်မှာ အိန္နိယ၊မြန်မာ၊ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆက်စပ်ပြီး ဓာတ်ငွေ့ပိုင်းလိုင်း လုပ်ဖို့အစီအစဉ်တွေ ဖြစ်နေတော့ မြန်မာအစိုးရ အလိုကျ ရိုဟင်ဂျာ အဖွဲ့တွေကို ချေမှုန်းပြရမယ် ဖြစ်လာတယ်။ ဒါပေမယ့် တကယ်တမ်း ဖိအားပေးတော့ ARNO လိုသဘောထားပျော့တဲ့ စစ်ရေးအရ သိပ်အရေးမပါတဲ့ အဖွဲ့မျိုးကိုသာ နိုမ်နှင်းခဲ့ပြီး RSO ကိုတော့ ဆက်မွေးထားတယ်။ ဒါနဲ့ ARNOက စစ်ဦးစီးမှုးကို ၂၀၀၁ မှာဖမ်းပြတာမျိုး သူ့စခန်းတွေကို ရုပ်ဖို့ ဖိအားပေးတာမျိုးတွေ လုပ်လာတယ်။ ဒီဖိအားကြောင့် ARNO က ထိုင်းအခြေစိုက် ကရင်နီအဖွဲ့ KNPP ကို စခန်းပြောင်းဖို့ ဆွေးနွေးဖူးတယ်လို့
မြန်မာနိုင်ငံထောက်လုမ်းရေးက လာတဲ့သတင်းအဖြစ် အမေရိကန်သံရုံးက
အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့တယ်။ ARNO ခေါင်းဆောင် နာရူးအစ္စလမ် အင်္ဂလန်မှာ နိုင်ငံရေး ခိုလုံခွင့် သွားယူလိုက်ပြီးနောက်ပိုင်း ၂၀၀၅ လောက်မှာ ARNO ရဲ့စစ်ရေး စုဖွဲ့မှုက ပျက်သလောက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် RSO ကဆက်ရှိနေတယ်။
၂၀၀၅မှာ JMB အဖွဲ့ရဲ့ ဗုံးခွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် BNP အစိုးရ လည်း မလုပ်မဖြစ် အကြမ်းဖက်အဖွဲ့တွေကို ဖြိုခွင်းလာတယ်။ မြန်မာနယ်စပ်နားက အကြမ်းဖက် စခန်းတွေရှာယင် အမေရိကန်ထောက်လှမ်းရေး ပါလာတယ်လို့
တစ်ချို့သတင်းရပ်ကွပ်တွေကဆိုတယ်။ ၂၀၀၅ နောက်ပိုင်းမှာ JMB နဲ့ HuJI အပါအဝင် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် အဖွဲ့အတော်များများကို ဖမ်းဆီးခဲ့တယ်။ ဘာသာရေး အခြေခံ မဟုတ်တဲ့ Awami League ၂၀၀၉ မှာအစိုးရ ဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် အဖွဲ့တွေကို ပိုပြီး
နိုမ်နင်းခဲ့တယ်။ ဒါပေမယ့် RSO ကိုတော့ ထိထိရောက်ရောက်နိုမ်နင်းမှုမျိုး မလုပ်ပဲ မြေအောက်မှာ တိတ်တဆိတ် နေခွင့်ပြုခဲ့တယ်။ RSO ခေါင်းဆောင် ဒေါက်တာ မူဟာမက်ယူနပ်စ်က ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်နေထိုင်လျက်ရှိပြီး နိုင်ငံတကာ ခရီးစဉ်တွေလည်း သွားခွင့်ပြုနေဆဲပါ။
ရိုဟင်ဂျာတွေရဲ့ မွန်းကျပ်တဲ့ လူမှုဘဝကလည်း အကြမ်းဖက် လမ်းကြောင်းပေါ် ရောက်ဖို့တွန်းအားတစ်ခုလို ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက်က တရားမဝင်နေထိုင်သူတွေကို ပြန်ပို့လို့မရတော့
ကျုံးသွင်းတဲ့နည်းကိုသုံးပြီး ရခိုင်ပြည်ထဲမှာပဲ
ပိတ်ထားဖို့ကြိုးစားခဲ့တယ်။ တိုင်းရင်းသား မဟုတ်တဲ့အတွက်
ကျောင်းတက်ခွင့်က မရဘူး။ UN ရဲ့စစ်တမ်းအရ ရိုဟင်ဂျာလူငယ်တဝက်လောက်က စာမတတ်ဘူး။ မြန်မာလို ရခိုင်လိုလဲ နားမလည်ဘူး။
ကျောင်းတက်ချင်တဲ့သူုတွေကြပြန်တော့လည်း ခေတ်ပညာရေးထက် ဘာသာရေး သက်သက်ပဲ ပို့ချတဲ့ ကျောင်းတွေပဲ အားကိုးရတယ်။ ၁၉၉၄ ခုစာရင်းတွေ အရ
ဘူးသီးတောင်မြို့နယ် တစ်ခုထဲမှာတင် ဘာသာရေးကျောင်းပေါင်း ၂၀၁
ခုဖွင့်ခဲ့တယ်ဆိုတယ်။ အဲဒီထဲမှာ အစွန်းရောက် Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေကလည်း အများကြီး။ ရိုဟင်ဂျာ အများစုဟာ တစ်ခြား တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့်မရတဲ့အခါ သူတို့ရဲ့သီးသန့်ကမ္ဘာက ဘင်္ဂလား လူမှုယဉ်ကျေးမှုထဲ မှာပဲကျန်ခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းနဲ့ အဆက်ပြတ်သလိုဖြစ်သွားတယ်။ လူငယ်အများစုက အလုပ်အကိုင်မရှိ
အနာဂတ်မရှိတဲ့အခါ အစွန်းရောက်အဖွဲ့တွေက စည်းရုံးဖို့လွယ်ကူလာတယ်။ ကျုံးသွင်းဂျောင်ပိတ်တဲ့နည်းနဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ကြိုးစား တာဟာ စနက်တန်မီးရှို့ထားတဲ့ဗုံးကို ခါးပိုက်ဆောင်ထား ရသလို ဘယ်အချိန် ထပေါက်မလဲ အမြဲ စိုးရိမ်နေရတယ်။
University of Maryland မှာ ကမာ့္ဘနိုင်ငံအသီးသီးက လူနည်းစု ၃၀၀ကျော်ကို လေ့လာပြီး အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ အုပ်စုတွေကို ကြိုတင်
အသိပေးနိုင်တဲ့ စနစ်တစ်ခု လုပ်တဲ့အခါမှာ ရိုဟင်ဂျာ လူမျိုးစုက ပေါက်ကွဲမှု ဖြစ်နိုင်ချေ အရှိဆုံး အုပ်စုမှာ ပါတယ်။ RSO အဖွဲ့အနေနဲ့ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေ လုပ်ဖို့ လိုအပ်တဲ့ ငွေကြေးအထောက်ပံ့၊ နည်းပညာ၊
အိမ်ရှင်နိုင်ငံ၊ အယူဝါဒအခြေခံ၊ ကွန်ယက်၊ အနာဂတ်မဲ့တဲ့ လူထု စတဲ့ ရေခံမြေခံတွေ အကုန်ရှိတယ်။ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေအတွက်
ပြင်ဆင်မှုလုပ်တဲ့ အထောက်ထားတွေလည်း တွေ့ရတယ်။ ဒါဆို RSO အပါဝင် တစ်ခြားရိုဟင်ဂျာအဖွဲ့တွေ ဘာလို့ မြန်မာပြည်တွင်းမှာ ဖောက်ခွဲရေးတွေ မလုပ်လဲလို့ စဉ်းစားစရာဖြစ်လာတယ်။
ဖြစ်နိုင်ချေ တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မူဝါဒ အရမြန်မာအစိုးရနဲ့ မလိုအပ်ပဲ ထိပ်တိုက်မတွေ့အောင် ရှောင်ရေးဖြစ်တယ်။ သမိုင်းအစဉ် အဆက်အရ ရိုဟင်ဂျာနဲ့ပတ်သက်လာယင် ဘင်္ဂလားဒေ့ရှ် နယ်ကိုအခြေခံပြီး မြန်မာပြည်ထဲကို ထိုးစစ်ဆင်တာမျိုး လုပ်တာကို သူတို့အစိုးရက သဘောမကျဘူး။
ဘာကြောင့်လဲဆိုတော့ မြန်မာတပ်တွေက သူတို့နိုင်ငံထဲ အထိလိုက်ဝင်တိုက်မှာ ကိုစိုးရိမ်လို့။ ရိုဟင်ဂျာအဖွဲ့တွေက မြန်မာပြည်ထဲ အကြမ်းဖက်မှုတွေ လုပ်ယင် အယင်စနစ်ဟောင်းအောက်မှာ မြန်မာအစိုးရက ပြည်တွင်းကရိုဟင်ဂျာတွေကို မဲပြီး ဖိနိုပ်ခဲ့ရင် ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒုက္ခသည် အပြုံကြီး
ထပ်ရောက်လာမှာ ကို ဘင်္ဂလားအစိုးရက မလိုလားဘူး။ အဲဒီတော့ RSO ကိုမွေးထားတဲ့ အဆင့်လောက်ပဲရှိပြီး မြန်မာပြည်ထဲ စစ်ဆင်ရေး ဖောက်ခွဲရေးတွေ မလုပ်ဖို့ ဘင်္ဂလားအစိုးရက တားထား တာလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂလားအစိုးရ အနေနဲ့ မတည်ငြိမ်တာက တစ်ကြောင်း ဘာသာရေး အစွန်းရောက်ပါတီတွေ
ထပ်အားကောင်းနိုင်တာတွေက တစ်ကြောင်းတို့ကြောင့် ဘင်္ဂလားအစိုးရ
ပေါ်လစီပေါ်မှီခိုပြီး RSO အကြမ်းဖက်မှုကို ဟန့်တားလို့မရပါ။
ဖြစ်နိုင်ချေ နောက်တစ်ခုက RSO အနေနဲ့ ပြည်တွင်းမှာ
ဖောက်ခွဲရေးလုပ်ခဲ့ယင်တောင် မသိခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ၂၀၀၅ မေမှာဖြစ်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက လူ၂၇ယောက်သေ ၂၁၅ ဒဏ်ရာရခဲ့တဲ့ ဗုံးကွဲမှု ၂ခုလုံးက အရပ်သားပစ်မှတ်တွေကို ဦးတည်ထားပြီး
လူအသေအပြောက်ရှိအောင် စီမံခဲ့တယ်။ ၂၀၀၅ ခုကနေ ၂၀၀၈ အတွင်း
မြန်မာပြည်တွင်းမှာ (နယ်စပ်စစ်ပွဲဖြစ်နေရာတွေမပါ) အကြမ်းဖက်ဗုံးခွဲမှု ၆၂ ကြိမ်ရှိခဲ့တယ်။ အများစုက လက်သယ်မပေါ်ခဲ့ဘူး။ ခေတ်သစ်အကြမ်းဖက်အဖွဲ့ အများစုက အရပ်သားတွေကို ပစ်မှတ်ထားရင် ဘယ်သူလုပ်တယ်လို့ ဝန်ခံလေ့ မရှိဘူး။ အရပ်သား သေကျေထိခိုက်လာရင် အစိုးရက အကာအကွယ်
မပေးနိုင်ရကောင်းလား ဆိုပြီး လူထုက အစိုးရ အပေါ်မှာ ယုံကြည်မှု နည်းလာမယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမယ် ဆိုပြီးရည်ရွယ်ချက်နဲ့
အရပ်ဖက်ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သာဓကများလည်း ရှိခဲ့ပါတယ်။ RSO နဲ့ပတ်သက် ပြီးထူုးခြားတာက ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးကလွဲလို့ အနောက်နိုင်ငံကထောက်လှမ်းရေးတင်မက ဒေသတွင်း ထောက်လှမ်းရေးတွေကလည်း သိပ်သိကြပုံ မပေါ်ဘူး။
ဒါပေမယ့် RSOလို အကြမ်းဖက်အဖွဲ့မျိုးကို ရိုဟင်ဂျာတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ မြင်လို့မရဘူး။ အစွန်းရောက် အကြမ်းဖက် အဖွဲ့ဆိုတာ ဘယ်လူ့အဖွဲ့အစည်းမှာ ဖြစ်ဖြစ် လူနည်းစုပါ။ အာဖကန်နစ်စတန်လို
နိုင်ငံမျိုးမှာတောင် လူများစုကတော့ အကြမ်းဖက် အဖွဲ့တွေနဲ့
မပတ်သက်ချင်ပါဘူး။ အများစုက သူတို့ဘဝ သာယာချင်တယ်၊ တိုးတက်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နည်းနိယျာက လူထုကို အစွန်းရောက်အောင်တွန်းပို့ ဖို့ကြိုးစားတယ်။ အီရတ် နဲ့ ပါကစ္စတန်မှာဆို စွန်နီ ရှီရိုက် ပြဿနာပိုကြီးအောင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ လူထုအစွန်းရောက်လေလေ အစွန်းရောက်ဝါဒီတွေ အတွက်အမြတ်ထွက်လေလေ ဖြစ်တယ်။ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကို ကာကွယ် ဖို့ဆိုယင် ရိုဟင်ဂျာအများစု နဲ့ အကြမ်းဖက်ချင်တဲ့ အုပ်စုတွေ အကြားမှာ မနီးစပ်သွားအောင် စည်းခြားပေးဖို့လိုမယ်။ ဒီအကြမ်းဖက် အဖွဲ့တွေ မြန်မာပြည်တွင်းမှာ တိုက်ခိုက်မှုမျိုးမလုပ်ခင် ကြိုတင်တား
ဆီးနိုင်ဖို့လိုလိမ့်မယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေး
ပြဿနာတွေကိုစဉ်းစားတဲ့အခါ အမျိုးသား အကျိုးစီးပွား ရည်မှန်းချက် ဘာဖြစ်သင့်တယ်၊ ဘယ်လိုမူဝါဒမျိုး ချမှတ်ပြီး အကောင်အထည် ဖော်သင့်တယ် ဆိုတာကို နောက်တစ်ပတ်မှာ ဆက်ဆွေးနွေးပါမယ်။

(မင်းဇော်ဦးသည်လက်ရှိ အာဖကန်နစ်စတန်တွင် သုတေသနညွှန်မှူး အဖြစ် Democracy International အဖွဲ့တွင် တာဝန်ယူလျှက်ရှိသည်။ လုံခြုံရေးဆိုင်ရာ သုံးသတ်ချက်များနှင့် ကြိုတင်အသိပေးစနစ်များ ဆိုင်ရာစီမံချက်တို့တွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ George Mason University မှ
ပဋိပက္ခဖြေရှင်းရေးဘာသာဖြင့် Ph.D. ရရှိခဲ့ပြီး Georgetown University မှ လုံခြုံရေး ဘာသာရပ်ဖြင့် မဟာဝိဇ္ဖာဘွဲ့များ ရရှိခဲ့သည်။)

Friday, January 25, 2013

သတိထားရမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေအဆမတန်ဖောင်းပွနေသည့် အခြေအနေ

·


မြောက်ပိုင်းဒေသရေကြီးမှုတွေနဲ့ တောင်ပိုင်းကဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာကို နေ့စဉ်နဲ့အမျှ ရွေ့ပြောင်းနေကြတာကို တွေ့မြင်နေရပါတယ်။ ဒီရွေ့ပြောင်းလာသူ အများစုဟာ ဒါကာမြို့တော်ရဲ့ လူဦးရေအထူထပ်ဆုံး နေရာတစ်ခုဖြစ်ပြီး ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့Korail မှာအခြေချနေထိုင်နေကြပါတယ်။ ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာတဲ့ လူတွေနဲ့ တစတစပြည့်ကျပ်လာနေတဲ့ မြို့တော်ဒါကာဟာ လူတွေကို လုံလုံလောက်လောက် နေရာချထားနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ဒါကာမှာ နေထိုင်ကြသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ စည်ပင်သာယာ ၀န်ဆောင်မှုတွေအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့တောင်မှ မချိမဆန့်ရုန်းကန်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တနေ့တခြား တိုးတက်လာနေတဲ့ ကမ္ဘာပေါ်မှာ တခြားနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို လိုက်မှီဖို့အတွက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအချိန်မှာ နည်းစနစ်အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲဖို့ကြိုးစားမယ်ဆိုရင်တောင်မှ နိုင်ငံတ၀ှန်းလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာတစ်ခု ယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေ အလွန်နည်းပါးတဲ့ အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။ အကြပ်အတည်းကာလပေါင်း မြောက်မြားစွာကို နှစ်စဉ်ဖြတ်သန်းလာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်မှုဟာ တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်းလာနေတာတော့ အမှန်ပါပဲ။




ဒါကာမြို့တော်ဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး အကျိုးအမြတ်မယူတဲ့ လူမှုအကျိုးဆောင်အဖွဲ့အစည်း BRAC အခြေစိုက်ရာမြို့ဖြစ်ပြီး လူထုအတွက်အခြေခံ ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှုများကို ကွင်းဆင်းလုပ်သား တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး သရုပ်ပြပွဲတွေနဲ့ ပညာပေးလျှက် ရှိနေပါတယ်။ ဒါ့အပြင် ဆင်းရဲမွှဲတေမှုကို လျှော့ချနိုင်ဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မိုဟာမက်ယူနွတ်ရဲ့ Grameen ဘဏ်ကနေ အသေးစား ဘဏ္ဍာရေးလုပ်ငန်းတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင်ဖောင်းပွလာနေတဲ့ လူဦးရေတိုးပွားမှုကို လျှော့ချဖို့ စီမံချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ ၁၉၇၇ခုနှစ် စစ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာ အမျိုးသမီးတစ်ယောက်မှာ မွေးဖွားနှုန်း၆.၆ရှိရာကနေ ယနေ့အချိန်မှာ ၂.၄ထိလျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလျှော့ချနိုင်ခြင်းအားဖြင့် မိဘတွေဟာ သားသမီးတွေကို လုံလောက်တဲ့ပညာရေးနဲ့ ကျွေးမွေးထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အိမ်ထောင်ရဲ့ စီးပွားရေးအခြေအနေကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းတွေရဲ့ အဆိုဟာ လက်ရှိမြင်တွေ့နေရတဲ့ ဆင်းရဲသားတွေ ပြည့်သိပ်ခဲနေတဲ့ဒါကာမြို့ရဲ့ မြင်ကွင်းတွေအရ ယုံကြည်လက်ခံဖို့ ခက်ခဲနေတာ အမှန်ပါပဲ။
"အစပိုင်းမှာ ဒီလိုမွေးဖွားနှုန်းကိုလျှော့ချဖို့ လူတွေကို စည်းရုံးရတာ အရမ်းခက်ခဲခဲ့တယ်။ ဒီတိုင်းပြည်က ရှေးရိုးစွဲဝါဒီတွေနေတဲ့ တိုင်းပြည်ဆိုတော့ ယောင်္ကျားတွေက သူတို့ရဲ့မိန်းမတွေကို ခလေးများများမွေးဖို့အမြဲဖိအားပေးတဲ့ အလေ့အထရှိနေတယ်"
Satkhira District ရဲ့ အစိုးရကျန်းမာရေးဝန်ထမ်း Begum Rokeya က ပြောသွားတာပါ။ သူဟာ အိမ်ပေါင်းမြောက်မြားစွာကို ၀င်ထွက်ပြီး လက်ထပ်ပြီးစ စုံတွဲတွေကို သားဆက်ခြား ပညာပေးဆွေးနွေးမှုတွေ လိုက်လံဟောပြောပေးနေသူ တစ်ဦးဖြစ်ပါတယ်။ သူက ခုလိုဆက်ပြောသွားပါတယ်။
"တစတစ ကျဉ်းမြောင်းကျပ်တည်းလာတဲ့ ခေတ်အနေအထားအရ အိမ်ထောင်ဦးစီးတွေဟာ သူတို့နေ့စဉ် ကျွေးမွေးရမယ့် ပါးစပ်ပေါက်တွေနည်းရင် ပိုပြီးသက်သာချောင်ချိနိုင်မယ် ဆိုတာ သဘောပေါက်လာကြပါတယ်"
ဒီလိုမျိုးကျန်းမာရေး ဆွေးနွေးမှုအစီအစဉ်တွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်ခဲ့ပြီး တခြားအကျိုးကျေးဇူးအနေနဲ့ မွေးကင်းစခလေးသေဆုံးမှု နှုန်းထားကိုလည်း ၁၉၉၀ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ မွေးကင်းစခလေး သေဆုံးမှုနှုန်း အကြိမ်တစ်ထောင်မှာ တစ်ရာသေဆုံးရာကနေ ၄၅ယောက်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးလျှော့ချနိုင်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်လို ၀င်ငွေနည်းပါးတဲ့ နိုင်ငံမျိုးအတွက် သမိုင်းဝင်ရလာဒ်တစ်ခု ဖြစ်ပါတယ်။ သဘာဝဘေးဒုက္ခတွေကြောင့် နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချ လာနေသူတွေကြောင့် ဒါကာမြို့တော်ရဲ့ လူဦးရေ ထူထပ်သိပ်သည်းမှုဟာ စိုးရိမ်နေရတဲ့အနေအထားကို ရောက်ရှိနေပြီး BRAC အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ်ဖြေရှင်းနေရပါတယ်။
"ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ကတော့ နယ်ကလူတွေ ဒါကာကို နေ့စဉ်နဲ့အမျှ ပြောင်းရွေ့လာတာကို တားဆီးထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအတွက် ဒီလူတွေကို သူတို့ရဲ့ ကျေးလက်တောရွာတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ နည်းလမ်းသစ်တွေကို အတတ်နိုင်ဆုံး ဖော်ဆောင်ပေးနေပါတယ် "
BRAC ရဲ့ Head of climate change and disaster management programs,Babar Kabir ကပြောသွားတာပါ။
လက်ရှိအချိန်မှာ ဒါကာမြို့ရဲ့ လူဦးရေဟာ ၁၅သန်းကျော်သွားပြီဖြစ်ပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးပွားလျှက်ရှိနေပါတယ်။ ၁၉၉၀ခုနှစ်တုန်းက လူဦးရေ၆သန်းကျော်သာရှိတဲ့ ဒါကာဟာ ၂၀၀၅ခုနှစ်မှာ ၁၂သန်းကျော်အထိ များပြားလာပြီး ကမ္ဘာ့လူဦးရေအသိပ်သည်းဆုံး နံပါတ်၃ အဆင့်ချိတ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ၂၀၂၅ခုနှစ်မှာ ဒါကာရဲ့လူဦးရေဟာ သန်းနှစ်ဆယ်ကျော်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ မက္ကစီကိုစီးတီး၊ ဘေဂျင်းနဲ့ရှမ်ဟိုင်းမြို့တွေထက် ပိုများပါတယ်။ ဒီလိုမျိုးလူဦးရေ တိုးတက်များပြားလာပေမယ့် ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒါကာမှာနေထိုင်တဲ့ အိမ်ထောင်စု ၇၀ရာခိုင်နှုန်းခန့်ဟာ တစ်လကို ဒေါ်လာ၁၇၀ထက် နည်းပါးတဲ့ ၀င်ငွေနဲ့ ရပ်တည်နေကြရတာပါ။ တချို့ဘင်္ဂလီလူမျိုးတွေရဲ့ ဇနီးတစ်ယောက်ထက်ပိုပြီး လက်ထပ်တဲ့ အလေ့အထနဲ့ ဘာသာရေးအရ သားဆက်ခြားမှုကို ငြင်းပယ်တဲ့ အလေ့အထဟာလည်း ခလေးမွေးနှုန်း တိုးတက်မှု၊ ၀င်ငွေမလောက်ငမှုတွေကို မီးလောင်ရာ ဓာတ်ဆီလောင်းပေးနေသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး နယ်ကလူတွေ မြို့ပေါ်တက်လာရတဲ့ အဓိကအကြောင်းရင်းက နှစ်စဉ်ကြုံတွေ့ခံစားနေရတဲ့ ရာသီဥတုပြောင်းလဲမှု ကပ်ဒုက္ခဆိုးတွေကြောင့် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကမြစ်တွေဖြစ်တဲ့ Padma, Jamuna နဲ့ Meghna မြစ်တွေဟာ နှစ်စဉ်လိုလို ရေကြီးမှုဖြစ်လေ့ရှိပြီး ကျေးရွာတွေရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီးတာတွေအပြင် လူနေအိမ်ခြေတွေပါ ပျက်စီးဆုံးရှုံးရတဲ့အတွက် ဘယ်လိုမှ ရပ်တည်လို့မရတဲ့အဆုံးမှာ ရွာသားတွေဟာ စက်မှုလုပ်ငန်းတွေရှိရာ မြို့ကြီးတွေဆီကို ပြောင်းရွေ့အခြေချ လာကြတာဖြစ်ပါတယ်။ တချို့လူငယ်တွေကတော့ နိုင်ငံခြားတိုင်းပြည်တွေကို ရရာအလုပ်လုပ်ဖို့ စွန့်စားထွက်ခွာသွားကြပြီး အာရှတိုက်ထဲက ချမ်းသာတဲ့နိုင်ငံအများစုမှာ အောက်ခြေသိမ်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရပါတယ်။ အဲဒါကြောင့် အာရှတိုက်ရဲ့ အောက်ခြေသိမ်းရွေ့ပြောင်း အလုပ်သမားတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
 ဒီလိုမျိုးနိုင်ငံခြားကို တရားဝင်အလုပ်လုပ်ဖို့ အေးဂျင့်ခတွေ နင့်နေအောင်ပေးပြီး ထွက်သွားတဲ့လူတွေရှိသလို အေးဂျင့်ခမတတ်နိုင်လို့ သက်စွန့်ဆံဖျား ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ကူးပြီး နိုင်ငံခြားကို ထွက်ကြတဲ့လူတွေလည်း တပုံတခေါင်းပါပဲ။ အဲဒီလိုမစွန့်စားရဲတဲ့ လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်း အိန္ဒိယနဲ့မြန်မာနိုင်ငံတွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးလေးငါးခုလောက်ကတည်းက ပြောင်းရွေ့အခြေချ နေထိုင်နေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတွေဆီကို ရေကြည်ရာမြက်နုရာ ပြောင်းရွေ့အခြေချနေကြပါတယ်။ ဒါပေမယ့် အဲဒီလိုနယ်စပ်ဖြတ်ကျော် ပြောင်းရွေ့အခြေချတဲ့လူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေကနေ မကြာခဏ ဖမ်းဆီးနှင်ထုတ်တာမျိုးတွေ၊ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတွေကို မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ၂၀၀၇ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr နဲ့ ၂၀၀၉ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Aila နောက်ပိုင်းမှာ တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရပ်တည်မှုဟာ တော်တော်ကြီးကို ဆိုးရွားခက်ထန်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြားကို ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ပြောင်းရွေ့အခြေချသူဦးရေ သိသိသာသာ တိုးတက်များပြားလာခဲ့ပါတယ်။





ကမ္ဘာပေါ်က သဘာဝကပ်ဘေးဒုက္ခ ခံစားနေရတဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တနေ့တခြား တိုးတက်များပြားလာနေတဲ့ လူဦးရေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိတဲ့အပြင် သူ့ရဲ့တည်နေရာပထ၀ီ အနေအထားကြောင့် နောက်လာမယ့် ဆယ်စုနှစ်အနည်းငယ်ကာလမှာ ဒီထက်ပိုမိုဆိုးရွားတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့လာနိုင်တဲ့ အနေအထားကို ဦးတည်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့အဆိုးဝါးဆုံး စံချိန်တင်ရေကြီးမှုကို ၁၉၉၈ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူတွေဟာ နောက်ဆက်တွဲ သဘာဝကပ်ဘေးတွေကြောင့် ခုချိန်ထိ နလံမထူနိုင်ကြသေးပါဘူး။ ဗြဟ္မပုတြမြစ်နဲ့ တခြားမြစ်နှစ်စင်းကို မှီခိုနေကြတဲ့ ဒေသခံတွေဟာ ဒီရေကြီးမှုကြောင့် ကီလိုမီတာ ၉၇၀၀ရှည်လျှားတဲ့ လမ်းတွေ ဖျက်ဆီးခံလိုက်ရပြီး အိမ်ခြေပေါင်း သုံးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ၂၇၀၀ကီလိုမီတာ ရှည်လျှားတဲ့ မြစ်ကမ်းဘေးတလျှောက် လူတစ်ထောင်ကျော် သေဆုံးပြီး လူသန်း၃၀လောက်ဟာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်သွားခဲ့ရပါတယ်။ ၁၉၉၁ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းလေးသောင်းကျော်ထိ သေဆုံးခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ဆိုင်ကလုန်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူအမြောက်အမြား ထပ်မံသေဆုံးပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀ကို ရောက်ရှိနေရပါတယ်။ ဒီအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝကပ်ဘေးဒုက္ခသည် အများဆုံးနိုင်ငံတစ်ခု အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအပြင် ပင်လယ်ကမ်းစပ် အနီးတ၀ိုက်ဒေသတွေမှာ မကြာခဏဆိုသလို လေဆင်နှာမောင်းတွေ ၀င်ရောက်တိုက်ခတ်လို့ လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။ လူဦးရေထူထပ်များပြားလာမှုနဲ့ သဘာဝသယံဇာတ နည်းပါးမှုကြောင့် ပြည်သူအများစုဟာ နေ့စဉ်လောင်စာ သုံးစွဲမှုအဖြစ် သစ်တောတွေကို အားကိုးအားထားပြုနေရတဲ့ အချက်ကလည်း သစ်တောပြုန်းတီးမှုတွေကို ဆက်တိုက်ဖြစ်ပေါ်စေပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုပိုဖြစ်ပေါ်စေပါတယ်။ မြစ်ကမ်းဘေးက စက်မှုလုပ်ငန်းတွေကြောင့် ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အာဆင်းနစ် အဆိပ်ဓာတ်တွေ တစတစ တိုးတက်လာတဲ့အချက်ဟာလည်း ဒေသတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပြီးတော့ ကင်ဆာဖြစ်ပွားမှုနဲ့ ရေနဲ့ဆက်စပ်တဲ့ ရောဂါတွေကြောင့် လူသေဆုံးမှုနှုန်းထားကို မြင့်တက်လာစေပါတယ်။ အဆိုးဝါးဆုံးအခြေအနေတွေကို ဦးတည်စေတဲ့ အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်းမြေအများစုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်ပေ ၃၉.၄ပေ(၁၂မီတာ)ထက် ပိုမိုနည်းပါးပြီးတော့ ပင်လယ်ရေမျက်နှာပြင် ၁ မီတာ(၃.၂၈ပေ)တက်လာတိုင်း အဲဒီကုန်းမြေပမာဏ စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးခံရမယ့် အနေအထားမှာရှိနေပါတယ်။
သစ်တောပြုန်းတီးမှုတွေကြောင့် ဒေသတွင်းအပူချိန် နှစ်စဉ်တိုးတက်လာပြီး ဒီလိုမျိုးသာ ဆက်လက် တိုးတက်နေမယ်ဆိုရင် လာမယ့်၂၀၇၅ခုနှစ်မှာ မိုးရေချိန် ၅၈၈.၆၅မီလီမီတာရှိတဲ့ မိုးကြီးမျိုးရွာသွန်းနိုင်ပြီး ဧရာမရေကြီးမှုတွေနဲ့အတူ ပင်လယ်ရေမျက်နှာပြင်ဟာ ၄မီတာကနေ ၇.၈မီတာအထိ မြင့်တက်လာနိုင်ပြီးတော့  ဒေသတွင်းက ရေချိုမြစ်တွေဆီကို ပင်လယ်ဆားငံရေများ ၀င်ရောက်ကာ သောက်သုံးရေရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှုတွေကြောင့် လူပေါင်း၆သန်းကနေ ၈သန်းအထိဟာ ကပ်ဒုက္ခဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမယ့် အလားအလာတွေရှိနေပါတယ်။





လတ်တလောသာဓက တစ်ခုအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော် လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့  အိန္ဒိယနိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ Sunderbans က New Morre ကျွန်းဟာ ခုချိန်မှာ ဘယ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတာ မဆုံးဖြတ်ရသေးခင်မှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
"What these two countries could not achieve from years of talking has been resolved by global warming,"
ကလကတ္တားမြို့၊ Jadavpur University ရဲ့ သမုဒ္ဓရာဗေဒသုတေသီ ပါမောက္ခ Sugata Hazra ကပြောသွားတာပါ။ သက္ကရာဇ် ၂၀၀၀ခုနှစ်ထိတိုင်အောင် ပင်လယ်ရေမျက်နှာပြင်ဟာ ၃မီလီမီတာလောက်ပဲ မြင့်တက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်တာ ကာလအတွင်းမှာ ၅မီလီမီတာအထိ နှစ်စဉ်မြင့်တက်လာနေပါတယ်။ New Morre Island လိုပဲ Ghoramara island ရဲ့ တစ်ဝက်လောက်ဟာ ပင်လယ်ရေအောက် ရောက်ရှိနေပြီဖြစ်ပြီးတော့ နောက်ထပ်ကျွန်းငယ်ပေါင်း ဆယ်ခုခန့်ဟာလည်း မကြာခင် ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားမယ့် အလားအလာမျိုး ကြုံတွေ့နေရပြီဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
"မကြာခင် ဒီကျွန်းတွေ ပင်လယ်ရေအောက်ကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံအမြောက်အမြားကို နေရာရွေ့ပြောင်းပေးဖို့ စီစဉ်ရတော့မှာဖြစ်ပါတယ်"
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို အဓိကရင်ဆိုင်ရမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသရဲ့ ၁၈ရာခိုင်နှုန်းခန့်ဟာ လာမယ့် သက္ကရာဇ် ၂၀၅၀ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် ၁မီတာလောက် မြင့်တက်လာရင် ပင်လယ်ရေအောက်ကို ရောက်ရှိသွားမယ့် အခြေအနေမျိုးကို ဦးတည်နေပြီး ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံလူဦးရေ သန်း၂၀ကျော်ကို နေရာရွေ့ပြောင်း ပေးရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။





ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာမြေနဲ့ ကျေးရွာတွေအမြောက်အမြား ပျက်စီးပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းဒေသမှာ မြေယာပိုင်ဆိုင်မှုအတွက် လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မူဆလင်ဘာသာကိုးကွယ်သူ ၉၇ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူများစု မူဆလင်ဘာသာဝင်တွေနဲ့ လူနည်းစုတွေဖြစ်ကြတဲ့ ဟိန္ဒူဘာသာဝင်၉.၂ရာခိုင်နှုန်း၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀.၇ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာဝင် ၀.၃ရာခိုင်နှုန်း အကြားမှာ လူမျိုးရေး၊ဘာသာရေး တင်းမာမှုတွေဟာ သမိုင်းနဲ့ချီပြီး တည်ရှိနေခဲ့ပါတယ်။ မျက်မှောက်ခေတ် တောင်ပိုင်းဒေသအတွင်း နှစ်စဉ်မုန်တိုင်းဝင်ရောက်မှု၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လူများစု မူဆလင်ဘာသာဝင်တွေနဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ် ဗုဒ္ဓဘာသာဝင် လူနည်းစုတွေကြားမှာ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ကျေးရွာများမီးရှို့ဖျက်ဆီးမှုများနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ဒေသအာဏာပိုင်အချို့ကိုယ်တိုင် လူများစု မူဆလင်ဘာသာဝင်များဖက်မှ ရပ်တည်ကာ ဘာသာခြားများပိုင်ဆိုင်တဲ့ မြေယာအိုးအိမ်များကို အတင်းအဓမ္မ သိမ်းယူတာမျိုးတွေ ပေါ်ပေါက်လျှက်ရှိနေပါတယ်။ ဒီအခြေအနေတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားဥပဒေစနစ်ကလည်း ဘာသာခြား လူနည်းစုများကို အကာအကွယ် ပေးနိုင်ခြင်းမရှိပါဘူး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ၁၉၄၇ခုနှစ်ကာလတုန်းက ဒီတောင်ပိုင်း စစ်တကောင်းတောင်တန်းဒေသမှာ ဗုဒ္ဓဘာသာဦးရေ ၉၇ရာခိုင်နှုန်းကျော်ရှိပြီးတော့ မူဆလင်ဦးရေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။ ခုမျက်မှောက်ခေတ် ကာလမှာတော့ ဒီအနေအထားဟာ ပြောင်းပြန်ဖြစ်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အဖက်ဖက်က ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့်  ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများနည်းတူ စစ်တကောင်းတောင်တန်းမှာ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် သက်၊ရခိုင်၊မရမ္မာလူမျိုးအချို့ဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းကို ပြောင်းရွေ့အခြေချ လာခဲ့ကြပါတယ်။ ဒါပေမယ့် ဘင်္ဂလား-မြန်မာနယ်စပ် ဘူးသီးတောင်-မောင်တောဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးခြောက်ဆယ်ခန့်ကတည်းက ကြိုပြီးအခြေချ နေထိုင်နေကြတဲ့ မူဆလင်ဘာသာဝင်တွေ ရှိနေတာကြောင့် စစ်တကောင်းမှာလိုပဲ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။ လာမယ့်ဆယ်စုနှစ် အနည်းငယ် ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ အိမ်နီးချင်းနိုင်ငံများနဲ့ တခြားတိုင်းပြည်တွေဆီကို ပြောင်းရွေ့အခြေချမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အထူးသဖြင့် မြေလွတ်မြေရိုင်းပေါများပြီး လူနေမထူထပ်တဲ့ မြန်မာနိုင်ငံ၊ရခိုင်ကမ်းမြှောင်ဒေသဟာ ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒုက္ခသည်များ အလုံးအရင်းနဲ့ အများဆုံးဝင်ရောက် ခိုလှုံအခြေချရာနေရာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ရာသီဥတုမျှတပြီး ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုမျိုးပြောင်းရွေ့ အခြေချသူတွေ အများအပြား ၀င်ရောက်လာရင် ရှိရင်းစွဲ ရိုဟင်ဂျာပြဿနာနဲ့အတူ ဒေသခံတွေနဲ့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေ၊ ၀င်ရောက်စွက်ဖက်မှုတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ခုချိန်ကတည်းက စနစ်တကျ၊ခိုင်ခိုင်မာမာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဟာ အဲဒီအချိန်မှာ ရိုဟင်ဂျာခေါင်းစဉ်အောက်မှာ ကမ္ဘာ့လူကုန်ကူးမှုအများဆုံးဒေသ အဖြစ်ရောက်ရှိသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လှေစီးထွက်ပြေး လာရပါတယ်ဆိုတဲ့ ပင်လယ်ဖြတ် လူမှောင်ခိုဂိုဏ်းတွေရဲ့ ဆောင်ပုဒ်နဲ့အတူ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အရှက်ရဖွယ် အခြေအနေများစွာကို ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေသခံတွေနဲ့ အလုံးအရင်းဝင်ရောက်လာတဲ့ တရားမ၀င်အခြေချသူတွေကြားက ပဋိပက္ခများစွာဟာလည်း ဒီဒေသကို လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းလိုမျိုး တည်ငြိမ်မှုကင်းမဲ့တဲ့ အနေအထားကို ကျရောက်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ခုချိန်ကတည်းက အကောင်းဆုံးကြိုတင် ပြင်ဆင်ထားသင့်ပြီ ဆိုတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ။

 




စာမှီး-
http://en.wikipedia.org/wiki/Bangladesh
http://ngm.nationalgeographic.com/2011/05/bangladesh/belt-text
http://www.guardian.co.uk/world/cif-green/2010/mar/24/india-bangladesh-sea-levels
http://www.mukto-mona.com/human_rights/ethnic_clensing_Bangladesh.html
http://www.nationmultimedia.com/2011/04/19/opinion/Buddhist-communities-come-under-threat-in-Banglade-30153334.html
http://www.cbsnews.com/8301-503543_162-20015798-503543.html
မှတ်ချက်။  ။ဘာသာရေးမုန်းတီးမှုကွန်မန့်များကို လုံးဝလက်ခံလိမ့်မည် မဟုတ်ပါ။ မိမိနိုင်ငံ၏ အမျိုးသားရေးအတွက် လူမျိုး၊ဘာသာမခွဲခြားပဲ နိုင်ငံရဲ့အနာဂတ်လှပဖို့ အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။

                                                                                                    မြတ်သိန်းထွန်း(၁၆.၃.၂၀၁၂)

လိမ်ညာသော သမိုင်းတွေနဲ့ တိုင်းရင်းသားမဖြစ်နိုင်


-ခိုင်လင်း(မေဃ၀တီ)
-၂၃.၁.၂၀၁၃



ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာ တွေဖြစ်ပေါ်စေရေးကိုလည်း ဦးတည်နေပြန်တယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးကို လိုလားပါတယ်လို့ လူကြားကားအောင် ပြောနေ ရေးနေကြပေမယ့် လက်တွေ့လုပ်ရပ်တွေဟာ တတိအကြိမ်ပြဿနာဖြစ်ရေးကို လှုံ့ဆော်နေတာတွေရှိတယ်။

တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ ပုံဖော်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခပုံစံမျိုး မဖြစ်ခဲ့မှုအပေါ်မှာ သူတို့ဖြစ်ချင်တဲ့ ဘာသာရေးပဋိပက္ခမျိုးဖြစ်အောင်လှုံ့ဆော်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြတယ်။

ဒါကို အမြော်အမြင် ရှိရှိ ရှောင်လွှဲနိုင်အောင် ကြိုးစားဖို့လိုအပ်တယ်လို့မြင်တယ်။။

ရှေးခေတ် မွန်နိုင်ငံတော်မတည်မှီနဲ့ ရခိုင်နိုင်ငံတော်မဖြစ်ပေါ်ခင်က ဒီဒေသတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့တိုင်းပြည်ဖြစ်တယ်။ ရခိုင်ကျောက်စာတွေအပါအ၀င် ရှေးမြန်မာကျောက်စာတွေဟာ သက္ကတဘာသာနဲ့ ရေးထိုးခဲ့တဲ့အတွက် ဒီတိုင်းပြည်တွေရဲ့ မူလတိုင်းရင်းသားတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ်စသဖြင့် လှုံ့ဆော် ရေးသားခြင်းတွေဟာ မြန်မာတိုင်းရင်း သားတွေရဲ့ သမိုင်းတွေကို စော်ကားနေတယ်လို့မြင်တယ်။

ဒီစော်ကားမှုတွေကြောင့် ဒေါသအဖြစ်ပေါက်ကွဲစေပြီး မွတ်ဆလင်မှန်သမျှ ခြေမှုန်းရေး ပုံစံမျိုးဖြစ်ပေါ်လာအောင် လှုံ့ဆော် နေတာလို့မြင်ပါတယ်။အဓိကဖြစ်စေချင်တဲ့ ဘာသာရေးအဓိကရုဏ်းပုံစံမျိုးကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဘက်ကလိုချင်တာပါ။ ရခိုင်အရေးအခင်းတုန်းက ဘာသာရေးပဋိပက္ခ ၊ ဘာသာရေးအဓိကရုဏ်းဖြစ်ပါတယ်လို့ မွတ်ဆလင်ကမ္ဘာကို ချပြခဲ့ဖူးတဲ့ ဖြစ်စဉ်ဟာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။



ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မြန်မာနိုင်ငံ တနံတလျားက မွတ်ဆလင်တွေအနေနဲ့လည်း ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအနေနဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်လိုရေးဟာ သူတို့ရဲ့ အလိုချင်ဆုံး၊ အလိုအပ်ဆုံး မဟာဗျူဟာ တရပ်ဖြစ်ပါတယ်။

ရခိုင်ပြည်အရေးအခင်းဖြစ်စဉ်က ရခိုင်ဗုဒ္ဓဘာသာတွေ အသက်ဆုံးရှုံးရခြင်းအတွက် ထိုင်း၊တရုတ်၊တိဘက်စတဲ့ နိုင်ငံတွေကို ဂယက်မရိုက်ခတ်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေသေကြေမှုကတော့ မွတ်ဆလင်ကမ္ဘာကို ကိုင်လှိုင်စေခဲ့တယ်။နိုင်ငံတော်အလံ မီးရှို့မှုအပါအ၀င် မြန်မာသံရုံးအချို့ကို အကြမ်းဖက်တဲ့အထိဖြစ်လာခဲ့တယ်။

OIC လိုအဖွဲ့ကိုလည်း ပြည်တွင်းဝင်ရောက်ရေးကို တွန်းအားပေးနိုင်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်ရေးကို မဟာဗျူဟာအရ လိုအပ်တယ်လို့ထောက်ပြရခြင်းဖြစ်တယ်။ ။

အင်္ဂလိပ်လို ရခိုင်ပြည်ကို ARNKAN လို့ ပြောဆိုရေးသားနေခြင်းမျိုးကိုလည်း ရိုဟင်ဂျာကို ပြောတာဖြစ်တယ်အထိ သမိုင်းလိမ်များကို ချပြရဲသလို တဘက်မှာလည်း ဘင်္ဂလီတွေဟာ ခိုးဝင်လာတာမဟုတ်ဘူး၊ ရိုဟင်ဂျာအမည်နဲ့ နှစ်ထောင်ချီပြီး နေထိုင်လာတဲ့ တိုင်းရင်း သားတွေဖြစ်တယ် စသဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေခြင်းမျိုးဟာ ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်လိုခြင်းရှိပါတယ်ဆိုတဲ့ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေရဲ့ စကားကို ချေဖျက်စေပါတယ်။ 
အဲဒီအပေါ်မှာဘဲ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကို ဒီဘိတ်လုပ်ရန် စိန်ခေါ်မှုမျိုးအထိ ဆွပေးနေတာတွေကို မြင်နေရ ကြားနေရပါတယ်။ ကြုံတုံး ဒီနေရာမှာ ပြောချင်တာက မိမိကိုယ်ကို ပညာရှင်ဖြစ်တယ်လို့ ယုံကြည်နေရင် ဒေါက်တာအေးချမ်းရဲ့ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းမဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူများဖြစ်တယ်ဆိုတာတွေကို ချေပချင်တယ်ဆိုရင် သုတေသနစာတမ်းတစောင်ပြုစုပြီး ကမ္ဘာ့ပညာရှင်တွေကို ဖိတ်ကြားကာ စာတမ်းဖတ်ကြားခြင်းဟာ အငြိမ်းချမ်းဆုံးဖြစ်ပါလိမ့်မယ်။ တဘက်မှာလည်း ဒေါက်တာအေးချမ်းအနေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မြန်မာတိုင်းရင်း သားတွေမဟုတ်ဘူး။ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူတွေဖြစ်တယ်ဆိုတာ ဆက်လက်ပြီး ကမ္ဘာကို ချပြရင်း မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကို ကာကွယ်တဲ့ အလုပ်တွေကိုသာ ဆက်လက်ပြီး တစိုက်မတ်မတ်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။



ဆက်ရရင် မြန်မာနိုင်ငံတနံတလျားမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို မြန်မာတိုင်းရင်းသားတွေအနေနဲ့ အမုန်းမပွားစေချင်ပါ။ ဒါပေမယ့် မြန်မာပြည် တနံတလျားမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို အမုန်းပွားအောင် ဒေါသတွေဖြစ်အောင် ဘယ်သူတွေလုပ်နေကြတာလဲဆိုတာကို သိဖို့လိုအပ်တယ်။ အဲဒီအုပ်စုတွေကို မွတ်ဆလင်အင်အားစုတွေပါ ပြတ်သားစွာ ဆန့်ကျင်ဖို့လိုတယ်လို့မြင်တယ်။ ရှင်းရှင်းပြောရရင် ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ရိုဟင်ဂျာအမည်ခံချင်နေကြတဲ့ ခေတ်ပညာတတ် ဘင်္ဂလီလက်တဆုပ်စာ အင်အားစုတွေက ဖန်တီးနေတယ်ဆိုတာ မြင်ဖို့လိုတယ်။ ဒီလက်တဆုပ်စာ အင်အားစုတွေဟာ ဘာသာရေးပဋိပက္ခအဖြစ်မျိုးကို လိုချင်တယ်။ ဒီ ဘာသာရေးပဋိပက္ခကို အကြောင်းပြပြီး မွတ်ဆလင်ကမ္ဘာရဲ့ ပံ့ပိုးမှုနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အစရှိတဲ့နယ်မြေတွေကို ရိုဟင်ဂျာပြည်နယ်ဖြစ်ရေးကို ပုံဖော်ချင်တယ်။ ။



၂၀၁၂ က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းကို ပုံဖော်ခဲ့တာဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီခေတ်ပညာတတ် အင်အားစုတွေက ပုံဖော်ခဲ့ တယ်ဆိုတာ မမေ့ဖို့လိုအပ်တယ်။ အဲဒီအရေးအခင်းကို မြန်မာတပြည်လုံးပြန်နှံ့ရေးအထိ လှုံ့ဆော်နိုင်ခဲ့သလို မွတ်ဆလင်ကမ္ဘာကိုလည်း ဘာသာရေးပဋိပက္ခအသွင်ဖြစ်သယောင် လိမ်ညာခဲ့တယ်။

ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်အပေါ်မှာ ရိုးသားမှုမရှိခြင်းကို ဖော်ညွန်းနေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်းမရှိဘူးဆိုတာကိုလည်း သက်သေပြနေတယ်။ ကရင်ပြည်နယ်ထဲမှာ မွတ်ဆ လင်တွေနဲ့ စီးပွားရေးအရ မဆက်ဆံရေးလုပ်ဆောင်ချက်တွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရ သလို မွတ်ဆလင်အားလုံးကို အမုန်းပွားလာရခြင်းဟာလည်း ဒီအင်အားစုတွေကြောင့်ဖြစ်တယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လက်တဆုပ်စာ ခေတ်ပညာတတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအင်အားစုကို ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါလိမ့်မယ်။

နောက်တချက်က ဒီအင်အားစုတွေဟာ မွတ်ဆလင်ကမ္ဘာနဲ့ရော မြန်မာနိုင်ငံလွှတ်တော် တွင်းမှာပါ ကွန်ယက်တွေကို စနစ်တကျ တည်ဆောက်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအစိုးရရော ၊ အတိုက်အခံအင်အားစုများ ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါ သတိထားဖို့လိုအပ်တယ်ဆိုတာ အတိအလင်း ပြောချင်တယ်။




ရခိုင်ပြည်ရဲ့သမိုင်းကြောင်းတွေအရ
(၁)မင်းစောမွန်ခေတ် မွတ်ဆလင်များ၊
(၂)မင်းဗာကြီးခေတ် စစ်နိုင်ဘုရင်များ ဖမ်းဆီးယူလာတဲ့ စစ်သုံ့ပန်း မွတ်ဆလင်များ၊
(၃)သျှာသျှူများ နောက်လိုက် လေးသည် ကမန်များကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရမယ် ဆိုပေမယ့် ဗြိတိသျှခေတ်မှာ မောင်တော ၊ ဘူးသီးတောင်မှတဆင့် တံခါးမရှိ ၊ ဓါးမရှိ ၀င်ရောက် အခြေစိုက်နေထိုင်လာခဲ့တဲ့ ဘင်္ဂါလီများကို မြန်မာနိုင်ငံအစိုးရပြဌာန်းထားတဲ့ တရားဥပဒေနဲ့အညီ စိစစ်ပြီးမှ မြန်မာနိုင်ငံသားဖြစ်ရေး မဖြစ်ရေးကို စိစစ်ရပါလိမ့်မယ်။

နောက်တချက်
(၁)လွတ်လပ်ရေးခေတ်မှာ မသာမှု နည်းမျိုးစုံနဲ့ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီများ၊
(၂)ဟင်္သာစီမံချက်မှာ အပိုဝင်ရောက်လာသူများနဲ့ ယင်းကာလမှ ယနေ့အချိန်ထိ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများအဖြစ်သတ်မှတ်ရပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက တကယ်တမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုတယ်ဆိုရင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်း သားဖြစ်ရေးမူနဲ့အတူ လိမ်ညာထားတဲ့သမိုင်းတွေကို စွန့်လွှတ်ဖို့လိုသလို အခိုင်အမာ ရှိနေတဲ့ မြန်မာ့သမိုင်း အုတ်နံရံကြီးကိုလည်း ခေါင်းနဲ့ မတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ဆိုသည်ကို ဟုတ်တယ်စသည်ဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ ၀င်တိုက်လို့ကတော့ အကျိုးဆက်အနေနဲ့ မြန်မာ တိုင်းရင်းသား အဖြစ် နိုင်ငံတော်ဥပဒေမှာ တရားဝင်ပြဌာန်းခြင်း မရှိ သည့်အပြင် အမုန်းပွားအောင်၊ ဒေါသဖြစ်အောင်၊ ပြဿနာဖြစ်အောင် လှုံ့ဆော်နေသလိုသာ ဖြစ်ပါလိမ့်မယ်။ ။။

Wednesday, January 23, 2013

ဆား မပါသော ဟင်းတစ်ခွက် ၊ မဆလာ မခတ်ပါနှင့်



                                                         
မေတ္တာ တရား ဆိုတာ ရောင်ပြန်ဟပ်တယ် တဲ့ ..။ ဒီစကား ဟာ မြန်မာ တစ်မျိုးသားလုံး ၊ ဗုဒ္ဓဘာသာဝင်များသာမက လူရယ်လို့ ကိုယ့်ကိုကိုယ် ခံယူပြီး ကျင့်ကြံနေထိုင်သူ အားလုံး မည်သည့်ဘာသာဝင် မဆို လက်ခံကြမှာပါ ..။ လူတစ်ယောက်ကို အလွယ်တကူ မချစ်ရင် သာနေမယ် ၊ အလွယ်တကူ မုန်းနေတာမျိုးတော့ ရှိမယ် မထင်ပါဘူး ..။ အဟိသ် တိရိစ္ဆာန်
တွေကိုတောင်မှ ၊ သနားတတ် ၊ ကြင်နာတတ်သော လူသားတွေပဲ မဟုတ်လား ..။
ယနေ့ဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနှင့် ပဋိပက္ခမှာ မည်သူတွေ မှားတယ် ၊ မှန်တယ် လို့မဆိုလိုချင်ပေမယ့် ၊ ပြောချင်တဲ့ စကားတွေဟာ တစ်ထောင့်တစ်ည ပုံပြင်လိုပဲ ပြောမဆုံး
ပေါင် တောသုံးထောင် ဆိုသလို တစ်နေ့တစ်မျိုး ၊ မရိုးရလေအောင် ဖြစ်နေပြန်တော့ မပြော ချင်ပါပဲ ပြောနေရတယ် ၊ မဝေဖန်ချင်ပဲ ဝေဖန်နေရတယ် ၊ မတိုက်ခိုက် ချင်ပါပဲ တိုက်ခိုက် နေကြ ရတယ် ။

အဘယ်ကြောင့်နည်း ..။ မြန်မာလူမျိုးတွေ သိပ်ကို ရန်လိုတတ် သလား ..။ မြန်မာလူမျိုးတွေ
သိပ် နုံအ နေပြီလား ..။ လူမျိုးစွဲ ၊ ဝါဒစွဲတွေကြားမှာ ..၊ အကြောက်တရားတွေ နှင့် အပိတ်
လှောင် ခံခဲ့ရတဲ့ အသိဥာဏ်တွေကြားမှာ မျက်စိ ပိတ် နားပိတ် လူမျိုးရေး အတ္တတွေကို ရှေ့
တန်းတင်ပြီး ကမ္ဘာ့နှင့်ယှဉ် တဲ့ ဝါဒအောက်မှာ ရှေးရိုးစွဲကို မစွန့်နိုင်သေးဘူးလား ဆိုပြီး အလွန် ခေတ်မှီတဲ့ ဆြာ့ ဆြာကြီးတွေရဲ့ ဝေဖန်သံတွေ ကြားနေရပြန်တော့ ဟုတ်သလိုလို၊
များ ယောင်လို့ မှတ်ထင် မလိုက်ပါနှင့်ဦး ..။ နိုင်ငံရေး ဝါဒီတွေ၏ လူမျိုးရေးဆို မလာပါနှင့် ဆိုသော စကားဟာ အလွန်ရီစရာ ကောင်းသောပျက်လုံးတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်ဟု ထင်မိပါသည် ..။

လူမျိုးရှိမှ တိုင်းပြည်ရှိမည် ..။ တိုင်းပြည်ရှိမှ လူမျိုးရှိမည် ဖြစ်ပေသည် ..။ ယနေ့ မြန်မာနိုင်ငံ သည် တချိန်က မြန်မာလူမျိုးတို့ တည်ထောင်ခဲ့၍ မြန်မာနိုင်ငံဟု ခေါ်သည် ..။ ဒီနေ့
အင်္ဂလန် ၊ ပြင်သစ် ၊ ပေါ်တူဂီ ၊ အမေရိကန် ၊ စသည်တို့သည် လူမျိုးနွယ် တစ်စုချင်းစီကို
အခြေခံပြီး နိုင်ငံဖြစ်တည်လာရခြင်း ဖြစ်သည် ..။ ဒီနေရာမှာ အင်္ဂလိပ်တွေ အမေရိကတိုက်
ကို အခြေချပြီး ဒေသခံ လူမျိုးနွယ်စုတွေကို ၊ တိုက်ခိုက်ပြီးမှ အမေရိကန်လူမျိုးဆိုပြီး လူမျိုးရေး အခြေပြုပြီး နိုင်ငံတည် ခဲ့ ခြင်း မဟုတ်ပေလော ..။ အမှန်တကယ်သာဆိုလျှင် အမေရိကန်
ပြည်ထောင်စု နေရာမှာ အင်ဒီယန်း ပြည်ထောင်စု ဖြစ်သင့်ပါလျက် နိုင်ငံထူထောင်သူ ၊
အင်္ဂလန်သားတွေကို အခြေပြုပြီး အင်္ဂလိပ် စကားပြော အမေရိကန်တွေဟု နိုင်ငံထူထောင်ခဲ့
ကြပေသည် ..။ ဒါဟာ လူမျိုးရေးကို ဦးစားပေးခဲ့ခြင်း ဖြစ်ပေသည် မဟုတ်ပါလော ..။ တနည်း အမျိုးသားရေးပင် ဖြစ်ပါသည် ..။

ယနေ့ လူမျိုးပေါင်းစုံအခြေပြုပြီး အမေရိကန်ဆိုသောနိုင်ငံကြီးပေလျှင် ဒီမိုကရေစီ စနစ်ကို
ယနေ့ကဲ့သို့ အောင်မြင်နိုင်ရန် နှစ်ပေါင်း ၆၀ကျော် အရင်းအနှီးပြုခဲ့ရပေသည် ..။ သို့ပေမယ့် လူဖြူ -လူမည်း ပြဿနာများ သည်လည်း ယနေ့အထိ လူမျိုးရေး အခြေခံပြီး အတွင်းကြိတ်
ဖြစ်နေဆဲပင် ..။ ဆိုလိုရင်းမှာ ကမ္ဘာ့ လူ့အခွင့်အရေး ဘိုးအေနိုင်ငံကြီးများတွင်ပင် ..
လူမျိုးရေးကို အခြေခံသော ခွဲခြားမှုများကို ဥပဒေထုတ် တင်းကြပ် ထားသော်လည်း အမျိုးသား
ရေး နှင့် ယှဉ်လာသော ဘာသာရေးနယ်ချဲ့မှု ၊ အမျိုးသားရေး အမြတ်ထုတ်မှုတွေကို ဆန့်ကျင် ကန့်ကွက်နေကြသည်ကို သတိပြုရန်လိုအပ်ပေသည် ..။ ယခု မြန်မာနိုင်ငံသည် ဒီမိုကရေစီ သားပေါက်နိုင်ငံအဖြစ်သာ ရှိနေသေး၍ အနောက် အာဘော်မှိုင်းတွေကြားမှာ ဗလုံးဗထွေးဖြစ်
နေပြီး ဝါဒရေးရာများနှင့် အမျိုးသားရေးကို ခွဲခြားကာ မြင်တတ်နိုင်ရန် နိုင်ငံရေး အရေခြုံပြီး အမျိုးသားရေး အမြတ်ထုတ်နိုင်ရန် ကြိုးစားနေသူများကို မြင်တတ်ဖို့ လိုပေလိမ့်မည် ..။

ဥပမာ .. ယခုလက်ရှိ မြန်မာနိုင်ငံရေး လောကတွင် ဘင်္ဂလီအမတ် ဦးရွှေမောင် သည်မည်သူ များ၏ အကျိုးစီးပွားနှင့် ဆက်စပ်ပြီး မည်သူများ၏ ထောက်ခံမှုဖြင့် အမတ်ဖြစ်ခဲ့ သည်ကို လူပြိန်း အတွေးဖြင့်သာတွေးကြည့်ပါက ရှင်းရှင်းလင်းလင်း မြင်နိုင်ပါလိမ့်မည် ..။ ယနေ့ ဦးရွှေမောင်သည် ခိုးဝင်ဘင်္ဂလီများ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် တိုင်းရင်းသားဖြစ်ခွင့် ဥပဒေ များကို ပြင်ဆင်နိုင်ရန် လက်ရှိတွင် ဆောင်ရွက်နေခြင်းသည် ၊ လူမျိုးရေး အမျိုးသားရေး
ဆောင်ရွက် နေခြင်းပင် မဟုတ်ပါလော ..။ ဒီတော့ ကျွန်ုပ်တို့ နိုင်ငံရေးလှုပ်ရှားသူ မြန်မာ့ ဆြာကြီးများမှ အမျိုးသားရေး (ဝါ) လူမျိုးရေးကို လျစ်လျှူရှုခြင်းသည် အလွန် နုံချာရကျ မနေပေဘူးလား ..။ ထို့ကြောင့် မြန်မာ့ အမျိုးသားရေး လှုပ်ရှားသူများကို ဝေဖန်ရှုံ့ချနေ
သူများသည် မိမိတို့၏ အသိဥာဏ်ကို မိမိတို့၏ ယုံကြည်ရာဝါဒကို စွဲကိုင်လျက် နိုင်ငံရေးမှာ အမျိုးသားရေး မရှိဟုဆိုပြီး ခေါင်းမာမာဖြင့် ကိုယ့်ဝါဒ အစွဲနှင့် ကိုယ့် အမျိုးသားများအပေါ် ကြိုးကွင်း စွပ်နေခြင်း ဟုသာ မြင်မိပါ သည်..။

မိမိတို့၏ နိုင်ငံရေးလှုပ်ရှားမှုတွင် လူများများကြိုက်စေရန် အတွက်ကိုသာ ရှေးရှုပြီး ခပ်တည်
တည်ဖြင့် အမျိုးသားရေး စိတ်ဓါတ်ကို ရိုက်ချိုးနေခြင်းသည် တချိန်ချိန်တွင် ကိုယ့်ဝါဒီနှင့် ကိုယ့်
ကို ချည်နှောင်မိပြီး ရုန်းထွက်ရန် ခက်သော အဖြစ်သို့ဆိုက်ရောက်လာခဲ့သော အခါမှ ကိုယ့် နှလုံးသွေးကို ဖောက်ထုတ် တာထက် နာကျင်စွာ ခံစားရပြီး နောင်တရသော အဖြစ်သို့ မရောက် စေရန် သတိချပ်သင့်ပေသည် ..။ ဤသို့ဆိုလျက် မြန်မာများ အမျိုးသားရေးကို
ဆောင်ရွက်ကြရာ၌ မျက်ကန်းခြင်း (ဝါ) မျက်ကန်းမျိုးချစ် ဖြစ်ခြင်းဟု ထင်မြင်ယူဆခဲ့သည် ရှိသော် ၊ ခိုးဝင်လာသော ဘင်္ဂလီများဘက်မှ ဘာသာတူသူ ၊ အမျိုးရင်းဖြစ်သော ပြည်တွင်းနေ မွတ်ဆလင်များမှာ ဆတ်ဆတ်ခါ နာကျင် ခံခက် မြန်မာ့ ကိုးကွယ်ရာ ဘာသာတရားနှင့် သံဃာတော်များမြန်မာ့ ခေါင်းဆောင်များဖြစ်သော ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့အားစော်ကားခြင်း ၊ ဆဲဆိုခြင်း ၊ ဝေဖန် ရှုံ့ချခြင်း ၊ မြန်မာနိုင်ငံတော် အလံကို မီရှို့ခြင်းများ အပြင် ၊ မြန်မာမိန်းကလေးများအား အမေ ၊ နှမသားချင်းများ မစာမနာ ပြောဆိုနေကြခြင်းကို မည်သို့သော ဝါဒီဖြင့် လက်ခံသမှု ပြုနေကြ ပါသနည်းဟု မေးချင်မိပါသည် ..။

နိုင်ငံတကာ၌ မြန်မာနိုင်ငံကို သိက္ခာချပြီး အမျိုးစုံ လိမ်ညာ ကောက်ကျစ် နေကြသော မွတ်ဆလင် ဘင်္ဂလီများ အပေါ်မှာ ကြည်ဖြူပြီး လူ့အခွင့်အရေးဆိုကာ မြန်မာအမျိုးသားထုကို မျက်ကန်း မျိုးချစ်ကြခြင်း ဖြစ်သည်ဟု ထင်မြင်ကာ ၊ ယခင် စစ်အစိုးရ ၏ လှည့်ကွက်များဟု သုံးသပ်ကာ မိမိကိုယ်ကို အထင်ကြီးပြီး ၊ ကိုယ့်အမျိုးသားရေး အပေါ် သစ္စာဖောက်မှန်း မသိ
ဖြစ်ရကား အလွန်နှမျောစရာ ကောင်းသော ခင်ဗျားတို့ အရည်အချင်း တို့သည် လောက်
တက် ခဲ့ရသည်နှင့် မခြားဖြစ်ပေတော့မည် ဖြစ်သည် ..။

(နိုင်ငံရေး သမား အရေခြုံ ဆားကလောက်များကို မဆိုလိုပါ ..။)

အမျိုးသားရေး ဆိုသည်မှာ ဝါဒီ (သို့) ဝါဒ တစ်ခု မဟုတ်ပါ ..။

ကိုယ့် နိုင်ငံ ကိုယ့်လူမျိုး ကို ချစ်သောစိတ်မှ အရင်းခံပြီး ပေါက်ဖွားလာသော ညီနောင်သားချင်း စိတ်ဖြစ်သည် ..။ ဤသို့ဆိုလျင် အမျိုးသားရေးစိတ်ဓါတ်မရှိပါပဲ နိုင်ငံရေး လှုပ်ရှားခြင်းတို့ မည်သည် ကိုယ်ကျိုး အတွက်လော ၊ တိုင်းပြည်အတွက်လော ဆိုသည်ကို တွေးကြည့်ပါ ။ ကိုယ့် အမျိုးသားရေးကိုမှ ဝါဒတစ်ခုအောက်မှာ ပိ ပြီး မပြောရဲ မဆိုရဲ ဖြစ်ရကား ၊ ခင်ဗျားတို့ ကိုယ်တိုင်ပင် လူ့အခွင့်အရေး ဆုံးရှုံးခြင်းပင်ဖြစ်ပေတော့သည် မဟုတ်ပါလား ..။ ယခု နိုင်ငံ တကာမှာ ဘင်္ဂလီအရေးကို ဖိအားပေးလုပ်ဆောင်နေခြင်းကို ၊ နှုတ်ဆိတ်နေခြင်းဖြင့် မငြိမ်းနိုင်
အောင် ဖြစ်မည်ဟု ယူဆ ရပြီး ဆိုရေးရှိက ဆိုရန်သာ အရေးကြီးပေသည်..။ မြေခွေးကား လွတ်ပြီးပြီ ဖြစ်၏ ..။ မည်သူ့ တာ" ကထွက်ထွက် ၊ အများအကျိုးအတွက် အန္တရာယ် ရှိသော
မြေခွေးကို တားဆီးပေးရန်ကား ခင်ဗျားတို့ လျစ်လျူမရှုသင့်ပါပေ ..။ လက်ထဲမှ မီးရှို့ပြီးသည့်
ဓါတ်ဆီ ပုလင်းကား ရှိပြီးဖြစ်နေသည် ..။ ထို့ကြောင့် တစ်ဖက်ဖက်ကိုတော့ ခင်ဗျားတို့ ပစ်ရ မည်ဖြစ်သည် ..။ ကိုယ့် အမျိုးသားဘက်ကို ပစ်မှာလား ..။ အခြား စည်းတစ်ဘက်က သူများ ဘက်ကို ပစ် မှာလား စဉ်းစားဖို့သင့်ပေပြီ ..။ နိုင်ငံကောင်းကျိုး အမည်ခံပြီး နိုင်ငံရေး လှုပ်ရှား သူများမှာ ကိုယ့်အမျိုးသားရေးကို တွေဝေနေမည်ဆိုပါက မည်သို့မှာ နိုင်ငံ ကားတိုးတက်စရာ မမြင်မိပါချေ ..။ မွတ်ဆလင်တို့မှာကား ၊ ၎င်းတို့နှင့် ခိုးဝင်ဘင်္ဂလီများ ၊ ပြည်တွင်း ၊ ပြည်ပ တွင် ရှိသော မွတ်ဆလင် တို့နှင့် တစ်သွေးတည်း တစ်သားတည်း ဖြစ်နေကြခြင်း ၊ ပေါ်ပေါ်တင်တင် လုပ်ဆောင် နေကြခြင်းကို မြင်တွေ့နေကြပါလျက် ၊ ကျွန်ုပ်တို့ မြန်မာ့ခေါင်းဆောင်များ ၊ ဝါရင့်
နိုင်ငံရေး သမားများ သည် အချင်းချင်း သံသယများဖြင့် မသိလိုက်မသိဖာသာနေကြပြီးလျှင် မည်သူလုပ်ပိုင်ခွင့် ၊ မည်သူ့အာဏာ နှင့်သာဆိုင်သည်ဟု တွက်ကပ်နေကြပြီး ယခင် တိုက်ပွဲ ဝင် စိတ်ဓါတ်များ ပျောက်ဆုံးနေကြခြင်းသည် အံ့သြစရာကောင်းလှပေသည် ..။ ထို့ကြောင့် ဘင်္ဂလီအရေးတွင် နိုင်ငံရေးသမား အနည်းငယ်မှသာ ပထမ ကန့်ကွက်ကြပြီး နောက်ပိုင်းတွင် နှုတ်ပိတ် နှာစေး နေကြခြင်း သည်ကား ၊ မြန်မာအမျိုးသားရေးကိုလျစ်လျူရှုပြီး နေကြခြင်းသည်
၊အစ္စလာမ္မစ်နိုင်ငံများကို ကြောက်ခြင်းကြောင့်လား ..။ နိုင်ငံတကာမှ သတ်မှတ်ထားသော လူ့ အခွင့်အရေးကို ချိုးဖောက်သည်ဟု ထင်မြင်မိသော ရှုထောင့်ကြောင့်ပေလား ၊ အစ္စလာမ္မစ် နိုင်ငံ များ၏ ထောက်ပံ့ကြေးများကြောင့်လား ၊ မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို ကျွန်ုပ် သည် ဥာဏ်မမှီပါချေ ။

ဒီတော့ ကိုယ့်အချင်းချင်းပဲ တိုက်ခိုက်တတ်ကြသည် ဟု ထင်မြင်လာမိပြီး ၊ အိမ်တွင်း၌သာ ဂန်ကျယ်တတ်သော ၊ အမျိုးသားအချင်းချင်း၌သာ သတ္တိသွေးကြွတတ်သော ၊ ရှေးမင်းများ၏ အချင်းချင်းတိုက်ပြီး သူရဲကောင်များ အဖြစ်ကို ဂုဏ်ယူနေကြသော ၊ ရှေးဘိုးဘွားများ၏နယ်ချဲ့ ကို တော်လှန်ခဲ့သော မျိုးချစ်စိတ်များကို ခဝါချသော ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားရေး စိတ်ဓါတ်ကို မေ့ပြီး ပါးစပ်ကသာ ငါတို့ဗိုလ်ချုပ်ဘာတွေ လုပ် ဆိုပြီး တတွတ်တွတ် ရွတ်နေ ကြ
သော ၊ ၁၉၃၀ ကုလား -ဗမာ အထိကရုဏ်း မှသည် ဒို့ဗမာ အစည်းအရုံးပေါ်ပေါက်လာခြင်း အမျိုးသားရေး စိတ်ဓါတ် အရင်းခံ နိုင်ငံ့ လွတ်လပ်ရေးကို ရယူပေးခဲ့သော တိုင်းရင်းသားမြန်မာ များအား မေ့လျော့နေကြသော ၊ အချင်းချင်းသာ ဖဲ့တတ် ၊ ထေ့တတ် ၊ ခနဲ့တတ်သော သူများ အဖြစ်မှာသာ ရှိနေကြခြင်း ဖြစ်ပါကြောင်း တွေးမိပါတော့သည် ခင်ဗျား ..။

အမျိုးသားရေး စိတ်ဓါတ်မရှိပါပဲ နိုင်ငံရေးလုပ်ခြင်းသည်ကား ဆားမပါသော ဟင်းတစ်ခွက်ကို
မဆလာခပ်ပြီး မည်သို့ပင် အနံ့ကောင်းစေကာမှု ပြည်စုံပြီး အရသာ ရှိသော ဟင်းတစ်ခွက်
မည်သို့မှ ဖြစ်လာမည် မဟုတ်ချေ ။ ။

( From Facebook )

Tuesday, January 8, 2013

အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည်

 
Written by (လ.ဝ.က အရာရှိ ဟောင်းတစ်ဦး)

ဆောင်းပါးကို မရေးသားမီ ကြိုတင်ဝန်ခံလိုပါသည်။ မိမိအနေဖြင့် မိမိကိုယ်ကိုယ် တတ်လှပြီသိလှပြီ ဟူ၍ရေးသားခြင်းမဟုတ်ပါ။ မိမိကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ၊ လဝက ဆိုင်ရာ ဥပဒေများနှင့် သမိုင်းရေးရာ ဖြစ်စဉ်များ အပေါ် အခြေခံ၍ မိမိသိရှိသမျှကို ဗဟုသုတ အနေဖြင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိထက်အတွေ့အကြုံများ၍ သိရှိ နားလည်သူများအနေ ဖြင့် ဖြည့်စွက်နားလည် သဘောပေါက်ပေးကြပါရန်နှင့် ဖြည့်စွက် ရေးသားကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ဤဆောင်းပါးရေးသားရခြင်းမှာလည်း လွန်ခဲ့သော ရက်သတ္တ တစ်ပတ်မတွေ့ရသည်မှာကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦး မိမိအိမ်သို့အလည်ရောက်ခိုက် ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုး တို့၏ ပဋိပက္ခ၊ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကို အကြောင်းပြု ဆွေးနွေး ပြောကြရာမှ ဆောင်းပါးရေးရန် မိတ်ဆွေ၏ အကြံပြုချက်အရ ရေး သားခဲ့ခြင်းဖြစ်ပါသည်။

မိတ်ဆွေ - ခင်ဗျားနဲ့ မတွေ့ရတာ ကြာပြီဗျာ။ ကျွန်တော် လည်း ဒီဘက်ရောက်တုန်း ခင်ဗျားနဲ့ တွေ့ချင် မေးချင်တာလေးများ ရှိလို့ ဝင်ခဲ့တာပါ။ ခင်ဗျား အချိန်ရရဲ့လား။

မိမိ - ရပါတယ်ဗျာ။ ပင်စင်စားဆိုတော့ ဝန်ထမ်းဘဝတုန်းက လိုတော့ အလုပ်မများတော့ပါဘူး။ ခင်ဗျားလာလည်တာပဲ ကျွန်တော် က ဝမ်းသာရမှာပါ။

မိတ်ဆွေ - တခြားတော့မဟုတ်ဘူးဗျ။ အခုတလော အများ စိတ်ဝင်စားနေတဲ့ ဘူးသီးတောင် မောင်တောဘက် ဆူပူအကြမ်းဖက် မှုတွေနဲ့ ပတ်သက်လို့ ခင်ဗျားကိုယ်တိုင် မောင်တောဘက်မှာ သုံးနှစ် ကျော် တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ကျွန်တော်သိထားတဲ့အတွက် ခင်ဗျား ထင်မြင်ချက်လေးတွေ သိချင်တယ်ဗျာ။ အဲဒီမှာ ဘင်္ဂါလီတွေ အတော်များတယ်ဆို ဟုတ်လား။

မိမိ - မှန်တာပေါ့ဗျာ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလ ၁၉၉၂-၉၅ ခုနှစ်လောက်ကဆိုရင် မောင်တောမြို့နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးက ၉၅ ရာခိုင်နှုန်း လောက်ရှိပြီး ဗမာနဲ့ ရခိုင်မျိုးနွယ်စု အရေအတွက်က ၅ ရာခိုင်နှုန်းထက် မပိုဘူးလို့ သိရှိရတယ်။

မိတ်ဆွေ - ခင်ဗျားတို့က ဘယ်မှာ တာဝန် ထမ်းဆောင်ရတာ လဲ။ ဘာအတွက်လဲ။

မိမိ - ဒါကတော့ အမျိုးသားရေး ကိစ္စတစ်ရပ် ဆိုပါတော့ဗျာ။ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွေမှာ ဘင်္ဂါလီတွေ ဝင်ရောက် အခြေချတာများလွန်းလို့ တချို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တောင် ဆွမ်းကွမ်းကိစ္စ အခက်အခဲ ရှိလာလို့ တချို့ဘုန်းတော်ကြီး ကျောင်းတွေ ပြောင်းကြပြီး ရခိုင်ပြည်နယ် အတွင်းပိုင်း ရသေ့တောင်၊ စစ်တွေစတဲ့ နေရာတွေမှာ သီတင်းသုံးကြရတယ်လို့ ကြားရတယ်။ တစ်ချိန်တည်းမှာပဲ မောင်တောဘက်ကမ်းမှာနေတဲ့ ဘင်္ဂါလီတွေထဲက တချို့တွေက မောင်တောမှာနေတဲ့ ဘင်္ဂါလီတွေကို တရားမဝင်ရောက် နေတဲ့ လူတွေဖြစ်တာကြောင့် ဖမ်းဆီး ထောင်ချတော့မယ် ဆိုတဲ့ တစ်ဖက်နိုင်ငံက ထုတ်လွှင့်တဲ့ ကောလာဟလကြောင့် တစ်ဖက်နိုင်ငံ ကို ထွက်ပြေးကြတယ်။ တစ်ဖက်နိုင်ငံကလည်း ထွက်ပြေးရောက်ရှိ လာတဲ့ လူတွေကို အကြောင်းပြုပြီး ဒုက္ခသည်စခန်းတွေထား လက်ခံ၊ ဒုက္ခသည်တွေ အကြောင်းခံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က ဝန်ထမ်းတွေ ကလည်း ကြိုက်တယ်။ အဲဒါအကြောင်းပြုပြီး မြန်မာနိုင်ငံကို တရားဝင် ပြန်လည် ဝင်ရောက် လိုလျှင် ( UNHCR ) ကြီးကြပ်မှု ပါဝင်တာကြောင့် အရေးယူ မခံရတဲ့ အပြင် စားနပ်ရိက္ခာက အစ ထောက်ပံ့ကြေးပါ ရမယ်စတဲ့ ဒုက္ခသည် လက်ခံရမဲ့ ကိစ္စတွေနဲ့ တရားမဝင် ထပ်ရောက်လာမယ့် ဘင်္ဂါလီတွေကို တားဆီး ကာကွယ်ဖို့အတွက် သွားရတာပေါ့ဗျာ။

မိတ်ဆွေ - အရင်တုန်းက အဲဒါမျိုးတွေ မဖြစ်ဘူးလားဗျာ။ ခင်ဗျားတို့က ဘယ်နေရာကနေ တားဆီး ကာကွယ်တာတွေ လုပ်နေကြ တာလဲ။

မိမိ - အရင်ကလည်း ဖြစ်ခဲ့တာပေါ့ဗျာ။ ၁၉၇၈ ခုနှစ် လောက် တုန်းကလည်း အဲဒီလို ကေလာဟလတွေကြောင့် ထွက်ပြေးကြတဲ့ ဘင်္ဂါလီတွေကို စာရင်းဇယား ပြုစုတဲ့ 'နဂါးမင်း စီမံချက်' အရ စာရင်း ကောက်ယူပြီး အဲဒီလူတွေကို လည်း 'ဟင်္သာစီမံချက်' နှင့် ပြန်လည် လက်ခံခဲ့ရဖူးတယ်လေ။ အခုတစ်ကြိမ်က ကျွန်တော်တို့ သွားရတာ ဟာ မောင်တောနှင့် ၉ မိုင်အကွာမှာရှိတဲ့ ကျီးကန်းပြင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (နစက) ရဲ့အောက်မှာ တာဝန် ထမ်းဆောင်ရပါတယ်။ သမိုင်းအရ မဟာဗန္ဓုလ ရခိုင်ကို စစ်ချီ ခဲ့စဉ်က စခန်းချခဲ့တဲ့ မောင်တောမြို့နယ် မြောက်ဖျားတောကြီး တောင်ကြီးထဲမှာရှိနေတဲ့ ဗန္ဓုလစခန်း၊ ဝေလာတောင်စခန်း၊ အောင် သပြေစခန်း၊ ငါးရံ့ချောင်းစခန်း၊ မီးတိုက်စခန်း၊ တောင်ပြိုဝဲတောင် ပြိုယာစခန်း၊ ကြိမ်ချောင်း၊ ငါးခူရစခန်း၊ ကညင်ချောင်းစခန်း၊ မောင်တော၊ မကျီးချောင်းစခန်း၊ အလယ်သံကျော်စခန်း၊ မြင်းလွတ်စ စခန်း၊ အင်းဒင်စခန်း၊ ဒုံးပိုက်စခန်း၊ အငူမော်စခန်း စသဖြင့် စခန်း ပေါင်းများစွာ ခွဲပြီးတာဝန် ထမ်းဆောင် ကြတာပေါ့။ ပြောတော့သာ မောင်တောလို့ပြောတာ တကယ်တော့ မောင်တောကနေ နတ်မြစ် အတိုင်းမြောက်ဖျားကို မော်တော်နှင့်သွားတာ ကြိမ်ချောင်းစခန်းအထိ ပဲ မော်တော်က ရောက်တယ်။ နေ့တစ်ဝက်မောင်းရတယ်။ အဲဒီကနေ ကျွန်တော်တို့ တာဝန်ကျတဲ့ ငါးရံ့ချောင်းကို ကိုယ့်ပစ္စည်းကိုယ်ထမ်း ပြီး လေးနာရီသာသာ လမ်းလျှောက် ရတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး ကခက်ခဲ၊ အလုပ်အကိုင်က ပင်ပန်းပြီး ရောဂါဘယထူပြော၊ အစား အသောက်က ရှားပါးနဲ့ အဲဒီနယ်စပ်က ပထမအသုတ်က လူ ၄၀ ကျော် ငှက်ဖျားနှင့် သေခဲ့ကြတာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ငှက်ဖျား မိပြီး ဆေးရုံ နှစ်ကြိမ် တက်ရတယ်။ ကျွန်တော်တို့ စခန်းနားမှာ မြို လူမျိုးတွေရှိတယ်။ တောင်ပေါ်မှာ အိမ်လေးငါးအိမ်ဆောက်ပြီး တောင်ပေါ်မှာသာ နေလေ့ရှိတယ်။ ဈေးဝယ်စရာရှိမှ တောင်အောက် ဆင်းတယ်။ ကျန်တဲ့ ရွာတွေမှာတော့ ဘင်္ဂါလီတွေပဲရှိတယ်။

ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး ရောက်လာကြသလဲ

မိတ်ဆွေ - နေပါဦးဗျ အဲဒီ ဘင်္ဂါလီလူမျိုးတွေ ဘယ်တုန်းက စပြီး အဲဒီကိုရောက်လာကြတာလဲ။

မိမိ - တိတိကျကျတော့ ပြောရခက်တယ်ဗျ။ ပြောနိုင်တာက တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးခန့်က စခဲ့တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ်နဲ့ စစ်သုံးကြိမ်ဖြစ် ခဲ့တယ်လေ။ ဘကြီးတော် မင်းတရား လက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ကျွန်တော်တို့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်က သိမ်းယူသွားခဲ့တယ်။ အဲဒီအချိန် မှာ အိန္ဒိယက အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝ ရောက်နှင့် နေပြီလေ။ အဲဒီတုန်းက အခု ဘင်္ဂလားဒေ့ရှ် (ယခင်အရှေ့ ပါကစ္စတန်ပြည်နယ်) ကလည်း အင်္ဂလိပ်လက်အောက်က ပြည်နယ်တစ်ခုပေါ့။ အဲဒီတော့ ရခိုင်ပြည်နယ်က မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်ရဲ့ တက္ကနပ်မြို့ ဟာ နတ်မြစ် ကသာ ပိုင်းခြားထားတာ မို့လို့ တစ်ဖက်ကမ်းကို ကျော်ဖြတ် လိုက်ရုံနဲ့ မောင်တောကို ရောက်သွားတာပေါ့။ နတ်မြစ်ကြီးဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ နီးလို့ မြစ်ပြင်ကျယ်ကြီး ဖြစ်ပေမယ့် အထက်ကို တက်သွားလေလေ ကျဉ်းမြောင်းသွားလေလေ ဖြစ်ပြီး ခွဲထွက်သွား တဲ့ အချို့မြစ်လက်တက် နေရာတွေမှာ ကျဉ်းရုံသာမက ရေအနက်ပါ တိမ်သွားတာမို့လို့ နွေအခါမှာ ဒီအတိုင်း ဖြတ်ကူး သွားနိုင်တယ်ဗျ။ အချုပ်အခြာ အာဏာအနေနဲ့သာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ပြောနေကြပေမယ့် ပကတိမြေပြင်မှာတော့ ဟိုနားဒီနား ဖြစ်နေတာ ပေါ့ဗျာ။ တရုတ်ပြည်လို မဟာတံတိုင်းကြီးလည်း ကာဆီးထား တာ မဟုတ်တော့ မောင်တောရဲ့ မြောက်ဖျားမှာ နယ်နိမိတ်ဆိုတာ သာမန်လူတွေအနေနဲ့ မသိနိုင်ဘူးပေါ့။ သေချာတာကတော့ ကျွန်တော်တို့ နယ်မြေတွေမှာ ရှောင်တခင် လိုက်စစ်တဲ့အခါ တွေ့ရ တာက အသက် ၆၀ ကျော် ၇၀ ကျော် ဘင်္ဂါလီ အဘိုးကြီးတွေကတောင် သူတို့ရဲ့ ဘိုးဘွား လက်ထက် ကတည်းက ဒီမှာ ရောက်ရှိနေတာပါလို့ ပြောတယ် .... ကြာလှပြီပေါ့ဗျာ။
အဲဒီလိုအနေအထားကနေ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလိုက်ပြီးနောက် အင်္ဂလိပ်ပိုင် အိန္ဒိယပြည်နယ် တစ်နယ်အဖြစ် သတ်မှတ် လိုက်ကြ ပြန်တယ်။ မြန်မာ နိုင်ငံကို အိန္ဒိယရဲ့ ဒုတိယ ဘုရင်ခံ တစ်ဦးက အုပ်ချုပ်စေခဲ့တယ်။ အဲဒီ မှာ ပွဲပြီး သွားတာ ပေါ့ဗျာ။ ဘူးသီးတောင် ၊ မောင်တောဟာ အိန္ဒိယ လက်အောက် ရောက်သွားမှတော့ အုပ်ချုပ်သူ အိန္ဒိယဘုရင်ခံက သူ့ကျွန် အချင်းချင်း ကြိုက်သလို ပြောင်းရွှေ့နေတာ ဘာပြောတော့မှာ လဲ။ ဓညဝတီခေတ်က ရခိုင်ဘုရင်တွေ ပိုင်ခဲ့တယ်လို့ ဆိုတယ်။ 

 မိတ်ဆွေ - ဒါထက် အဲဒီဘက်ကမ်းတွေမှာ ဒီဘက်က ရခိုင် လူမျိုးတွေလည်း ရှိတယ်လို့ ကြားရတယ် ဟုတ်သလားဗျ။

မိမိ - ဒါကတော့ သမိုင်းပညာရှင်တွေရဲ့ အလုပ်ပေါ့ဗျာ။ ကျွန်တော်ကြားခဲ့ရတာကတော့ ဓညဝတီခေတ် ရခိုင်ဘုရင်တွေ တန်ဖိုး အာဏာရှိစဉ်က ကော့ဘဇားအထိ ရခိုင်ပိုင်လို့ ဆိုတယ်ဗျ။ ရခိုင်တွေ က ကော့ဘဇားကို သူတို့ခေါ် ဖလောက်ချိတ်လို့ခေါ်တယ်ဗျ။ မောင်တောမှာ ရှိတဲ့ ရခိုင်အချို့ရဲ့ အမျိုးတွေထဲက အချို့က ယခုထက်ထိ အဲဒီမှာနေကြတဲ့ လူတွေရှိကြတယ်လို့သိရတယ်။ ကျွန်တော် မောင်တော အမှတ် (၁) ဝင်ထွက်စခန်းမှာ တာဝန်ထမ်းဆောင်စဉ်က တစ်ဖက် နိုင်ငံမှာ အခြေချ နေထိုင်နေကြတဲ့ တောင်ကုန်းဒေသလို့ ဆိုတဲ့ ကော့ဘဇား ဧရိယာမှာရှိတယ် လို့ကြားရတယ်။ အဲဒီဒေသမှာ ရှေးရခိုင် အမျိုးသား များ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံနဲ့ နေထိုင်ကြပြီး အဲဒီမှာ တည်ထားတဲ့ ဗုဒ္ဓ ဘာသာ စေတီတော်ကြီး ထီးတော်တင်ဖို့အတွက် ထီးတော်ကို မြန်မာ နိုင်ငံဘက်က တာဝန်ရှိသူများထံ အကူအညီ တောင်းခံခဲ့တဲ့အတွက် မောင်တောကို ရောက်လာတဲ့ အဲဒီထီးတော်ကြီး (အချင်းခြောက်ပေ) လောက်ရှိမယ်ထင်တယ်။ အဲဒီထီးတော်ကြီးကို နတ်မြစ်ကိုဖြတ်ပြီး တစ်ဖက်နိုင်ငံ တက္ကနပ်က တစ်ဆင့် မော်တော်ကားနဲ့တင်ပြီး သွားပို့ခဲ့ ရဖူးပါတယ်။ ၁၉၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။

ဘူးသီးတောင် မောင်တောမှာနေတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ဘင်္ဂလား ဒေ့ရှ်က ဘယ်လိုသတ်မှတ်လဲ


မိတ်ဆွေ - အဲဒီလောက်အထိ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီလူမျိုး တွေကို တစ်ဖက်နိုင်ငံက သူ့လူမျိုးတွေလို့ သတ်မှတ် ကြသေးသလား။

မိမိ - လူမျိုးနဲ့ နိုင်ငံသားဆိုတာ တခြားစီဗျ။ ကျွန်တော်တို့ ဘက်ကတော့ တချို့ကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပြီး တချို့ကို တော့ တရားမဝင်ရောက်ရှိ နေထိုင်ကြသူတွေလို့ သံသယရှိတဲ့ အတွက် သက်သေခံ ကတ်ပြားကိုသာ ထုတ်ပေးထားတယ်။ သူတို့ဘက် ကတော့ သူတို့လူမျိုးလို့ သတ်မှတ်ပေမယ့် မြန်မာနိုင်ငံသားလို့ သတ် မှတ်ကြတယ်။


အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည် (၂)

မိတ်ဆွေ - ဘာလို့ မြန်မာနိုင်ငံသားလို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတ်မှတ်တယ်လို့ ခင်ဗျားပြောနိုင်သလဲ။

မိမိ - ကျွန်တော်အမှတ် (၁) ဝင်ထွက်စခန်းမှာရှိစဉ်က ၁၀ ကြိမ်ထက် မနည်း တစ်ဖက်နိုင်ငံ တက္ကနပ်ကို တာဝန်နဲ့ သွားခဲ့ရတယ်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ တရားခံ လွှဲပြောင်းရယူရေး ကိစ္စတွေ အတွက် ဖြစ်ပါ တယ်။ မြန်မာဘက်ကမ်းမှာ နေတဲ့သူတွေကို လှေတစ်စီးနဲ့ မြန်မာ ဘက်က ကုန်ပစ္စည်းတွေနဲ့ အတူ သူတို့ဘက်ကမ်းမှာ ဖမ်းမိရင်တော့ ကော့ဘဇား အကျဉ်းထောင်မှာ ထောင်ချ အရေးယူ ပစ္စည်းသိမ်းပြီး ပြန်လွှတ်တော့မယ်ဆိုရင် ကျွန်တော်တို့ (နစက) ကို စာပို့တတ်တယ်။ အကြောင်းအရာမှာ ပြန်လွှတ်မယ့် လေးယောက်ဆိုရင် Push Back to (4) Myanmar Nationalities လို့ ရေးလေ့ရှိကြတယ်။ တကယ်သွား လက်ခံတော့ အဲဒီ မြန်မာလူမျိုးတွေ ဆိုတာက မောင်တောဘက်ကမ်း မှာနေတဲ့ ဘင်္ဂါလီတွေချည်း ပဲဗျ။ ကျွန်တော်တို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးမထားတာကြောင့် Myanmar Citizen လို့တော့ မရေး ဘူးပေါ့ဗျာ။ သို့သော်လည်း ဒီဘက်ကမ်းမှာ နေတယ်ဆိုတဲ့ အစစ်ခံ ချက် နေရပ်လိပ်စာနဲ့ အထောက်အထားများအရ လက်မခံချင်ပေမယ့် လက်ခံခဲ့ရတယ်။

မိတ်ဆွေ - သူတို့ နိုင်ငံထဲမှာ နေတဲ့ ရခိုင်လူမျိုးတွေကို သူတို့ ဘယ်လိုသတ်မှတ်လဲဗျ။

မိမိ - ကျွန်တော့်အတွေ့အကြုံတစ်ခုပြောပြမယ်။ ၁၉၉၅ ခုနှစ် လောက်ကတည်းကဖြစ်မယ်။ မြန်မာနိုင်ငံသား နှစ်ဦး လွှဲပြောင်းပေး ဖို့အတွက် လာ လက်ခံပါဆိုတဲ့ စာရတယ်။ တာဝန်ပေးချက်အရ ကျွန်တော် တစ်ဖက်နိုင်ငံ တက္ကနပ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်တပ် စခန်း ကိုရောက်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် တပ်စခန်းက ဒီလူနှစ်ယောက်ကို မြစ်ထဲမှာ လှေတစ်စီးနှင့် သူတို့ဘက်ကမ်းမှာ မောင်တောဘက်က ပစ္စည်းတွေနဲ့ ဖမ်းမိတယ်။ သူတို့ စကားလည်းမတတ်ဘူး။ ဒါကြောင့် ပြန်ခေါ်သွားပါလို့ ပြောတယ်။ မေးကြည့်တဲ့အခါ တရားခံနှစ်ဦးက ရှေးမရမာကြီး လူမျိုးတွေ ဖြစ်ပြီး ရခိုင် အဆက်အနွှယ်တွေ ဖြစ်ကြောင်း၊ သူတို့မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ခရိုင်အတွင်းဘက်ကျေး ရွာမှာ အခြေချနေထိုင်သူများဖြစ်ကြောင်း၊ သူတို့မိဘဘိုးဘွားလက် ထက်ကတည်းက အဲဒီရွာ (သူတို့အခေါ် - ရခိုင်စုရွာ) မှာနေကြောင်း ပြောပါတယ်။ သူတို့ ဘင်္ဂါလီစကား မပြောတတ်ပေမယ့် ကျွန်တော်တို့ နဲ့ မြန်မာသံခပ်ဝဲဝဲနဲ့ ပြောတတ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို မင်းတို့ပြောတော့ တရားခံတွေက တို့မောင်တောကလို့ ပြောတယ်။

သူတို့ပြောတော့ မင်းတို့ဘက်မှာ နေတယ်တဲ့။ မိသားစုတွေ ပါဒီမှာရှိနေတာ ငါတို့ ဘာလို့ ခေါ်သွားရမှာလဲ ပြန်ပြောတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဒါမဖြစ်နိုင်ဘူး။ တို့ဆီမှာနေတဲ့လူ ငါတို့ နိုင်ငံ သားဆိုရင် တို့ စကားတတ်ရမယ်။ တို့စကား မတတ်တဲ့အတွက် မင်းတို့ မောင်တောက လူဆိုတာ သေချာတယ်လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော် က နယ်စပ်ဆိုတာ ဒီလိုပဲ ရှိနေတတ်တာပဲ။ အဲလိုပြောကြေးဆိုရင် တို့မောင်တောဘက်ကမ်းမှာ ရှိတဲ့ ဘင်္ဂါလီတွေဟာ အများအားဖြင့် ဗမာစကားမတတ်ကြဘူး။ သူတို့ဟာ မွတ်ဆလင်တွေဖြစ်ကြတယ်။မင်းတို့ရုပ်နဲ့ တူသလား၊ တို့ရုပ်နဲ့ တူသလား။ မင်းတို့ဘာသာ ကိုးကွယ် သလား၊ ဗုဒ္ဓဘာသာ ကိုးကွယ်သလား ဒါအားလုံးအသိပဲ။ တို့စကား မပြောတတ်လို့ မင်းပြောသလို တို့ဘက်က မဟုတ်ဘူးဆိုရင် အဲဒီ မောင်တောက ဘင်္ဂါလီတွေ မင်းတို့ဘက် လွှဲပြောင်းပေးမယ်။ မင်းတို့ လက်ခံမလားဆိုတော့မှ သူတို့အချင်းချင်း ကုလားလို စကားတွေပြော ပြီးမှ ဒါဆို ထားလိုက်ပါတော့ ဆိုပြီး အဲဒီမရမာကြီး နှစ်ယောက်ကို လက်ခံ ထားလိုက်တယ်။ နယ်စပ် သဘာဝကတော့ ဒီလိုပဲ။ မောင်တော မြောက်ဖျားက ဒေသတွေဆိုရင် နယ်စပ်မှာ သဘာဝ အခြေအနေတွေ က ခွဲမရအောင် ရောထွေးနေတယ်။ ဒီဘက်ကမ်းမှာ အခြေချ ရောက်ရှိ နေထိုင်သူကို ပြန်လက်ခံဖို့တော့ သူတို့ကလည်း လက်မခံဘူးဗျ။ အဖြစ် အပျက်တစ်ခု ပြောပြမယ်။ ၁၉၉၄ ခုနှစ်အတွင်းမှာပဲ ဖြစ်မယ်။ တောင်ပြိုဝဲ ရွာဘက်မှာ ချောင်းလေး တစ်ခုရှိတယ်။ အဲဒီဘက်ကမ်းမှာ နေတဲ့ သူတို့လူ ဘင်္ဂါလီတစ်ယောက်က ချောင်းတစ်ဖက်ကမ်းက သူတို့ ပိုင်နက်ထဲမှာ နေတဲ့ ဒိုင်းနက် အမျိုးသမီးကို ချစ်ကြိုက်ပြီး အဲဒီဘက်ကမ်း ဒိုင်းနက် အမျိုးသမီးနဲ့ သွားနေတယ်။ ဘယ်လောက်မှ မဝေးဘူးပေါ။ အဲဒီအချိန်မှာ ထွက်ပြေး ကုလားတွေ ပြန်လက်ခံဖို့ စာရင်းကောက်တော့ စောစောကပြောတဲ့ ဘင်္ဂါလီဟာ ထွက်ပြေးစာရင်းမှာ ပါသွားတယ်။ လဝက ဥပဒေအရ ဒီအတိုင်းပြန်ဝင်ရင် အရေးယူခံရမယ်။ ဥပဒေ အရ နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ တရားဝင်ခွင့်ပြုချက် မရဘဲ ကိုယ့်နိုင်ငံထဲကို ဝင်လာရင် နိုင်ငံခြားသားဆိုရင် လဝက အက် ဥပဒေပုဒ်မ ၃(၁) အရလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဆိုရင် အက်ဥပဒေပုဒ်မ ၃() အရလည်းကောင်း အရေးယူခံရပြီး အဲဒီ ၁၉၄၇ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ပြစ်ဒဏ်ခံရမယ်ဗျ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အစိုးရလက်ထက်.၁.၉၀ ရက်စွဲမှာ အမိန့် အမှတ်စဉ်/၉၀ ပြင်ဆင်ချက် ဥပဒေအရ အနည်းဆုံး ငွေဒဏ်ကျပ် ၁၅၀၀ သို့တည်းမဟုတ်ထောင်ဒဏ်အနည်း ဆုံး ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ် သို့တည်းမဟုတ် ငွေဒဏ်ထောင်ဒဏ် နှစ်ရပ်ပေါင်း ကျခံနိုင်တယ်။ ဒါကြောင့် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီအစဉ်နဲ့ အဲဒီ ထွက်ပြေး ကုလားက တစ်ဖက်နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးကိုပါ ခေါ်ပြီး ပြန်ဝင်တယ်။ အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ သူ့ကိုဝင်ခွင့်ပြု ပေမယ့် သူ့မိန်းမက ခွင့်ပြုချက် မရှိဘဲ လိုက်ပါလာတဲ့ တစ်ဖက် နိုင်ငံသူ ဖြစ်တဲ့အတွက် လဝက ဥပဒေအရ ၃(၁)၊ ၁၃(၁) နဲ့ အရေးယူတော့တာ ပေါ့။ ဒုက္ခသည်ကို ဒုက္ခပေး ရမလားဆိုပြီး ပြောကြ ဆိုကြ ဝေဖန်ကြ တယ်။ မဟုတ်ဘူး။ ဒါမူလက ရှိပြီးဥပဒေအရ စည်းကမ်းအတိုင်း ဆောင်ရွက်ရတာပါ။ တမင် ဒုက္ခပေးတာမဟုတ်ပါဘူး။ အဲဒီမိန်းမကို ပြည်ပြန်နှင်ရမယ်။ လောလောဆယ် ခဏ ချုပ်ထားရမယ်။ (ဒါက လည်း ဥပဒေညွှန်ကြားချက်အရပါ။) အဲဒီလိုချုပ်ထားစဉ် ဝင်လာစဉ် ကတည်းက ကိုယ်ဝန်ပါလာတော့ အချုပ်ထဲမှာပဲ ကလေးမွေးတယ်။ မွေးပြီးတဲ့အချိန်မှာ ပြည်နှင်ဖို့ စီစဉ်ပြီး ပြည်ပြန်နှင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံသူကိုသာ လက်ခံမယ်။ ကလေးကို လက်မခံဘူးဆို လို့ အဲဒီကိစ် စအတော်ပဲ အခက်တွေ့ပြီး အမှုမပြတ်နိုင် ဖြစ်ရတယ်။ နောက်ဆုံး အဲဒီဘက်ကမ်းက လူကြီးတွေနဲ့ တွေ့ပြီး သားအမိကို မခွဲ ထားပါနဲ့၊ မိခင်လည်း သွေးနုနုနဲ့ ကလေးထားပြီးသွားလို့ ဘယ်ဖြစ် မလဲ လက်ခံပေးပါလို့ ပုဂ္ဂိုလ်ရေးအရ လက်ခံပေးလို့ အဆင်ပြေသွား ရ ပါတယ်။ သူတို့ဘက်က ပြန်လက်ခံဖို့ဆိုရင် ကလေးတောင် တရားဝင် လက်မခံပါဘူး။ ဒုက္ခသည် အနေနဲ့ ဝင်လာရင် ထွက်ပြေးရင်တော့ တစ်မျိုးပေါ့ဗျာ။


 မိတ်ဆွေ - တိုင်းရင်းသား မဟုတ်တဲ့ တရုတ်၊ ကုလားစတဲ့ လူမျိုးခြားတွေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရပိုင်ခွင့်ရှိသလား။ သူတို့ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ကိုင်ထားတာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဗျာ။

မိမိ - အဲဒါ အရေးကြီးဆုံးပဲဗျ။ မေးသင့်တဲ့ မေးခွန်းပဲ၊။ သမိုင်း ချီပြီး ဖြေရှင်းရမယ့် ကိစ္စ။ ကိုလိုနီဘဝ ရောက်ခဲ့ရတာတွေ၊ သမိုင်းရဲ့ ဆိုးမွေတွေ အများကြီးပါတယ်။ သမိုင်းကို ချီပြောရင် လူတွေက သိပ်လက်မခံ ချင်ကြဘူး။ ခင်ဗျားတို့ လဝက တွေ ဘက်က ရှေ့နေလိုက် တာလား။ လဝက တွေ ငွေစားပြီး ထုတ်ပေးခဲ့တာ မဟုတ်ဘူးလားလို့ ပြောလေ့ရှိကြတယ်။ မျက်နှာလည်း ပူပါတယ်။ ရှိတဲ့လူတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အဓိကကတော့ သမိုင်းရဲ့ ဆိုးမွေတွေပေါ် မူတည်ပြီး ဒါတွေ ဖြစ်ခဲ့ရတယ်။ အစ မကောင်းလို့ အနှောင်း မသေချာ ဖြစ်ခဲ့ရတာ ပေါ့။ အခုလက်ရှိ ကျင့်သုံးနေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အာဏာ တည်တဲ့ ၁၅.၁၀.၈၂ နောက်ပိုင်း မွေးဖွားတဲ့ သူတွေအတွက်ကတော့ မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရ သူဖြစ်ခြင်း စတာတွေကို တိတိကျကျ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကတော့ အစောဆုံးပေါ့ဗျာ။

                   

                              ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသား ဖြစ်မှု သတ်မှတ်ချက်


အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည် (၃)

မိတ်ဆွေ - အဲဒီမတိုင်မီက ဘယ်လို ဥပဒေတွေ ရှိခဲ့သေးလို့ လည်းဗျ။

မိမိ - အစောဆုံး ဥပဒေကတော့ ကျွန်တော်သိသလောက် နိုင်ငံ ခြားသားများ အက်ဥပဒေပေါ့ဗျာ။ ကျွန်တော်တို့ကသာ မသိတာ ကမ္ဘာ မှာ နယ်ချဲ့နေတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ အချင်းချင်း သိတယ်ဗျ။ ဥပမာ - ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနောက် အိန္ဒိယကျွန်းဆွယ် ပေါ့ဗျာ။ အဲဒီနိုင်ငံတွေက သူ့ ကျွန်ဘဝ ရောက်နေတာချင်း တူပေမယ့် အရှင်သခင်ချင်း မတူကြဘူး လေ။ တချို့က ပြင်သစ် လက်အောက်ခံ၊ တချို့ အင်္ဂလိပ် လက်အောက်ခံ၊ တချို့က စပိန် လက်အောက်ခံ စသည်ဖြင့် ရှိကြတယ်။ နယ်ချဲ့တွေထဲမှာ ပေါ်တူဂီ၊ ဒတ်ခ်ျ စတဲ့နိုင်ငံတွေလည်း ပါတာပေါ့ဗျာ။ ထားပါတော့ အဲဒီတော့ နယ်ချဲ့နိုင်ငံတွေက သူတို့ ကိုလိုနီနိုင်ငံတွေကို တခြားကိုလိုနီ နိုင်ငံတွေနဲ့ စည်းခြားထားခြင်း ဖြစ်ဟန် တူတယ်။ မြန်မာနိုင်ငံ အောက် ပိုင်းကို အင်္ဂလိပ်က သိမ်းပြီးတာနဲ့ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားများ အက်ဥပဒေကို ထုတ်ပြန်တယ်။ နိုင်ငံခြားသားဆိုတာဟာ မြန်မာနိုင်ငံ သား မဟုတ်သူကို ဆိုလိုသည်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဝင်ရောက် လာတဲ့နိုင်ငံခြားသားတွေကို မှတ်ပုံတင်ဖို့ ၂၈.၃.၁၉၄၀ မှာနိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေကို ထုတ်ပြန်ခဲ့တယ်။ လွတ်လပ် ရေးမရခင် ရှစ်နှစ်ပေါ့ဗျာ။

မိတ်ဆွေ - ကဲပါဗျာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်းဆက် ပါဦး။

မိမိ - စောစောက ပြောခဲ့သလို မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပြီး အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်သွားပြီးတဲ့အချိန်မှာ အိန္ဒိယက ဘက်ကလည်း မြန်မာပြည်ထဲဝင်၊ ဘင်္ဂါလီတွေကလည်း ဘူးသီးတောင်၊ မောင်တော ကို နတ်မြစ်ဖြစ်ပြီး ကြိုက်သလို ဝင်တော့တာပေါ့ဗျာ။ ကျွန်တော်တို့ ဘက်မှာသာ အဲဒီတုန်းက ဘူးသီးတောင်၊ မောင်တောဟာ နယ်စွန် နယ်ဖျား လူဦးရေ ခပ်ပါးပါး ဖြစ်ပေမယ့် ကပ်လျက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မှာတော့ လူဦးရေထူထပ်၊ နေရာကလည်း မရှိလေတော့ သူတို့အတွက် တော့ ဘူးသီးတောင်၊ မောင်တောဟာ ကျေနပ်စရာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်တို့ဦးစီးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက် တစ်ခုကို ဖော်ပြပါ့မယ်။ အဲဒါကတော့ ဥပဒေပုဒ်မ ၁၁(ခ) မှာ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း မွေးဖွားသူတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရ မည်ဆိုတဲ့ အချက်တစ်ချက် ပါတယ်ဗျ။ ဆိုလိုတာက ဘိုးဘွားလေးဦး အနက်တစ်ဦးဟာ တိုင်းရင်းသားဖြစ်ရုံမျှနဲ့ မြေးဖြစ်တဲ့သူဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မွေးဖွားသူဖြစ်လျှင် နိုင်ငံသား ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ဘိုးဘွားသုံးဦးက ဘာလူမျိုးပဲဖြစ်ဖြစ် ပေါ့ဗျာ။ မြန်မာပြည်တွင်းရောက်နေကြတဲ့ နိုင်ငံခြားသားတွေ ကြာလွန်း၊ များလွန်းလို့ အဲဒီလို လျှော့ပေါ့ပေးခဲ့ရတယ် ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုတဲ့နေ့ ၂၄-၉-၁၉၄၇ ဖြစ်ပါတယ်။

                             ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်မှု

မိတ်ဆွေ - မြန်မာပြည် လွတ်လပ်ရေး ရပြီးတော့ဗျာ။ ဘာ ပြောင်းလဲမှု ရှိသေးသလဲ။

မိမိ - လွတ်လပ်ရေး ရပြီးတော့ ၄-၁-၁၉၄၈ နေ့မှာ အာဏာ တည်စေခဲ့တဲ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲ ခဲ့ကြတယ်။ အဲဒီမှာ မွေးရာပါ နိုင်ငံသား ဖြစ်သူတွေကို အဲဒီဥပဒေအပိုဒ် ၃ အပိုဒ်ခွဲ (၁) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၁ ပါ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုတာကို အဓိပ္ပာယ်ဖွင့် ထားတာက မြန်မာ နိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုသည်မှာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင် သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်း ကောင်း ဆိုလိုသည်လို့ ဖော်ပြထားတယ်။ ဒီတိုင်းရင်းသားနဲ့ မျိုးနွယ်စု (၁၃၅) မျိုးက မွေးတဲ့သူတွေသာ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါ တယ်။ တစ်နည်းအားဖြင့် သွေးကပြောတဲ့ နိုင်ငံသားတွေပေါ့ဗျာ။ အဲဒီ အထဲမှာ မပါတဲ့သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ပါဘူး။ နယ်မြေတောင်းခွင့် ဆိုတာကတော့ ပိုမဖြစ်နိုင် တာပေါ့။

မိတ်ဆွေ - ဒါဖြင့် ရိုဟင်ဂျာ ဆိုတာကကောဗျာ၊ ရိုဟင်ဂျာ ဆိုတာဘာလဲ။

မိမိ - ကျွန်တော် သိသလောက် ပြောရရင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲမှာ မပါဘူးဗျ။ ဘင်္ဂါလီလို 'ရွာကြီးသား' လို့ အဓိပ္ပာယ် ရတယ်လို့ ကြားဖူးတယ်။ ရိုဟင်ဂျာကို အတို ကောက် RSO လို့ခေါ်တယ်။ ရိုဟင်ဂျာ အမျိုးသား စည်းလုံး ညီညွတ် ရေး (ကြံ့ခိုင်ရေး) အဖွဲ့ပေါ့ဗျာ။ အဲဒီ လူမျိုးတွေဟာ အစောဆုံး တရားမဝင် ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ထူထောင်ပြီး စုစည်း နေထိုင်ရာက သူတို့ဟာ သူတို့ အမည်ပေးခဲ့ မှာပေါ့ဗျာ။ ရခိုင် ပြည်နယ် အတွင်း လက်နက်ကိုင် ဆူပူ သောင်းကျန်းသူများဖြစ်လို့ အစိုးရကတော့ 'ကုလားဆိုး' အဖွဲ့လို့ ခေါ်ဝေါ် ခဲ့ဖူးတယ်။ ပြည်နယ်တောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သဘာဝပါ။

မိတ်ဆွေ - ဒါပေမဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေ၊ ဥပမာ- တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဘင်္ဂါလီစသူတွေထဲမှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရှိနေတာတွေ ရောဗျာ။

မိမိ - အဲဒီလူတွေဟာ မွေးရာပါသွေးအရ နိုင်ငံသားဖြစ်ကြ သူတွေမဟုတ်ဘဲ လျှော့ပေါ့ပေးခဲ့ရတဲ့ ဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံ သားဖြစ်ခွင့် ရကြသူ အချို့ ဖြစ်ပါတယ်။ ဆက်ပြီးရှင်းပြပါ့မယ်။ အဲဒီ ၁၉၄၈ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်ခွဲ (၂) ပြည်ထောင်စု တွင်ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် မျိုးဆက် မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့် အပြင် မိမိ၏ မိဘနှစ်ပါး နှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ ၅ မှာ ကတော့ အခြေခံဥပဒေ စတင် အာဏာတည်ပြီးမှ မွေးဖွားသည့်အောက် ၌ ဖော်ပြသော သူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ရ မည်။

(က) ပြည်ထောင်စု နိုင်ငံသားဖြစ်သည့် မိဘ တစ်ပါးပါးမှ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ သို့သော် ဖခင်သည် နိုင်ငံခြားသား ဖြစ်လျှင် ထိုသူသည် အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်း နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စု နိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေညာခြင်း မပြုလျှင် ထိုတစ်နှစ် ကုန်ဆုံးသောအခါ ပြည်ထောင်စု နိုင်ငံသား အဖြစ်မှ ရပ်စဲရမည်လို့ ဖော်ပြထားတယ်။ ဒါအကြမ်းဖျင်း ဖော်ပြတာပေါ့နော်။ ဥပဒေပုဒ်မ အားလုံးတော့ မဖော်ပြတော့ပါဘူး။ နောက် အဲဒီ ဥပဒေပုဒ်မ ၇(၁) မှာ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား ပြုမှု လက်မှတ်ကို အောက်ပါ အကြောင်းများကို ဖော်ပြလျှောက် ထားနိုင်သည်။ ဝန်ကြီးက ကျေနပ် လက်ခံလျှင် နိုင်ငံသားပြုမှု လက်မှတ်ကို ပေးနိုင်သည်လို့ ဆိုထား တယ်။

ဖော်ပြရမည့်အချက်တွေကတော့ -
(က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ကြောင်း၊
(ခ) မလျှောက်ထားမီက မိမိသည် ငါးနှစ်အောက် မနည်း အဆက်မပြတ် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း၊
(ဂ) မိမိသည် အကျင့်စာရိတ္တ ကောင်းမွန်၍ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကား တစ်မျိုးမျိုးကို ပြောတတ်ကြောင်း၊
(ဃ) မိမိအား နိုင်ငံသားပြုမှုလက်မှတ် ပေးအပ်လျှင် မိမိသည် ပြည်ထောင်စုတွင် နေထိုင်ရန် သို့တည်းမဟုတ် အစိုးရပြည်နယ် အစိုးရ၌ အမှုထမ်းရန်၊ ဆက်လက် အမှုထမ်းရန် သို့မဟုတ် ပြည်ထောင်စုတွင် တည်ထောင်ထားသော ဘာသာ၊ သာသနာရေး၊ လှူဒါန်းရေး၊ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် ပါဝင်ဆောင် ရွက်ရန် စတဲ့ အချက်တွေ ဖော်ပြ လျှောက်ထားလျှင်လည်း နိုင်ငံသား ပြုမူ လက်ခံ ရရှိနိုင်တယ်တဲ့။

မိတ်ဆွေ - နိုင်ငံသား ဖြစ်ဖို့ တော်တော် လျှော့ပေးခဲ့တာပဲဗျ။ ဆက်ပါဦး။

မိမိ - ဒါနိုင်ငံသားဖြစ်မှု ဥပဒေမှာသာ ရှိသေးတာ။ ရွေးချယ် ခွင့် ဥပဒေကျရင် သည့်ထက်တောင် လျှော့ပေးထားသေးတယ်။ အခု နိုင်ငံသားဖြစ်မှု ဥပဒေမှာတင် ပုဒ်မ (၁၁) မှာ ပြည်ထောင်စု နိုင်ငံသား နှင့် အိမ်ထောင်ပြုသော မိန်းမသည် တစ်နှစ်ကြာမြင့်အောင် ပြည်ထောင်စုတွင် အဆက်မပြတ် နေထိုင်ပြီးနောက် နိုင်ငံသားလက် မှတ်ရ လိုကြောင်း ဝန်ကြီးထံ လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြ ထားတယ်။ အရည်အချင်း သတ်မှတ်ချက်တော့ ရှိတာပေါ့ဗျာ။ အဲဒီ အချက်တွေကလည်း ခက်ခက်ခဲခဲတွေ မဟုတ်ပါဘူး။


 အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည် (၄)

မိတ်ဆွေ - ကဲဗျာ ဆက်ပါဦး။

မိမိ - အဲဒီ ၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (၃) မှာ ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စု၏ အာဏာ အောက်၌ ထာဝစဉ်နေထိုင်သည့် ပြည်ထောင်စု နိုင်ငံသား မဟုတ်သော မိဘနှစ်ပါးမှ ပြည်ထောင်စုအတွင်းတွင် မွေးဖွားသူသည် အကျင့် စာရိတ္တ ကောင်းသူ ဖြစ်၍ အရည်အချင်း ချို့ငဲ့သူ (အရွယ်မရောက်သေး သောသူ၊ လူရူး၊ ဝမ်းတွင်းရူး) မဟုတ်လျှင် ၁၉၅၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီဖြစ်စေ၊ အရွယ်ရောက်ပြီး တစ်နှစ်အတွင်း ဖြစ်စေ နိုင်ငံသားလက်မှတ် ရလိုကြောင်း လျှောက်ထားနိုင်တယ်လို့ ဖော်ပြထား တယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ လျှောက်လွှာတင်တာတို့၊ အစိုးရ ဌာနရုံးများနှင့် ဆက်သွယ် လျှောက်ထားတဲ့ကိစ္စတွေမှာ နယ်စပ်က လူတွေ ကျေးရွာမှာနေပြီး မြို့နဲ့ဝေးတဲ့ဒေသက လူတွေကတော့ မလုပ် ချင်ဘူး၊ မလုပ်တတ်ဘူး သူ့ဒေသမှာပဲ ဒီလိုပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လည်း နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားလက်မှတ်ရသွားတဲ့သူ များဟာ အများအားဖြင့် မြို့မှာနေတဲ့ လူမျိုးခြားတွေပဲ ဖြစ်တာ တွေ့ရ တယ်။ သူတို့က လူရည်လည်ကြ တယ်လေ။ မြန်မာပြည်ထဲ ရောက်တာ တချို့ ဘိုးဘွား လက်ထက်ကတည်းက ဆိုတော့ ကြာလှပြီ။ သူတို့ လူတွေကလည်း များကြပြီ။ စီးပွားဖြစ်ပြီး လူချမ်းသာတွေလည်း ရှိနေပြီ။

မိတ်ဆွေ - ကဲပါဗျာ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ဒီလောက် သိရလျှင် ကျေနပ်ပါပြီ။ မကုန်သေးဘူးလား။

မိမိ - ပြီးတော့ ပါမယ်ဗျာ။ အရေးကြီးတာလေး တစ်ချက်ကို ထည့်ပြောချင်လို့ပါ။ ဒါတောင်ခင်ဗျားကို အကုန်ပြောတာမဟုတ်ပါ ဘူး။ သိထားသင့်တယ် ထင်လို့ ပြောတာဗျ။ အဲဒါကတော့ အဲဒီဥပဒေ ပုဒ်မ ၁၃ မှာ ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကာလ အပိုင်းအခြား ဆက်လျက် ဖြစ်စေ၊ မဆက်ဘဲ ဖြစ်စေ စုစုပေါင်း သုံးနှစ်ထက် မနည်း သစ္စာရှိစွာ အမှုထမ်းခဲ့သော သူသည် အမှုထမ်းနေ စဉ်သော်လည်းကောင်း၊ အမှုထမ်း ရပ်စဲပြီးနောက် ခြောက်လအတွင်း၌ သော်လည်းကောင်း နိုင်ငံသား ပြုစေလိုကြောင်း လျှောက်ထားလျှင် ထို့ပြင် အောက်ပါ ခြွင်းချက်များမှ တစ်ပါး ဤအက်ဥပဒေရှိ အခြား ပြဋ္ဌာန်းချက်အားလုံးကို အပြည့်အစုံ လိုက်နာလျှင် ထိုသူအား နိုင်ငံသား ပြု လက်မှတ်ကို ပေးအပ်နိုင်သည်လို့ ဆိုထားတယ် -
(၁) ကြံရွယ်ခြင်းကို ကြိုတင် အကြောင်းကြားရန် မလို၊
(၂) ပြည်ထောင်စု အတွင်းတွင် နေထိုင်ခဲ့ရန် မလို၊
မိတ်ဆွေ - ခင်ဗျားပြောတော့ အရေးကြီးတာလေးဆို ဘာကို ဆိုလိုချင်တာလဲဗျ။

မိမိ - ဒီလိုဗျ။ လွတ်လပ်ရေး မရမီက အင်္ဂလိပ်စစ်တပ်နှင့် ပါလာပြီး ဗမာ့တပ်မတော်မှာ လွှဲပြောင်း တာဝန်ထမ်းဆောင်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဂေါ်ရခါး လူမျိုးတွေ ရှိတယ်။ တချို့က အဲဒီခေတ် အခေါ်အဝေါ် ပုလိပ်တပ်ဖွဲ့လည်း ရှိတယ်။ မြန်မာနိုင်ငံမှာ အနေကြာ လာပြီး လက်နက်ကိုင် တပ်ဖွဲ့မှာလည်း အမှုထမ်း ခဲ့လေတော့ သူတို့ရဲ့ သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ဒီအချက်ကို ခွင့်ပြုခဲ့ဟန် တူတယ်။ ခင်ဗျား သတိမထားမိဘူး ထင်တယ်။ ရွှေတိဂုံ စေတီတော်ကြီး တောင်ဘက်မှာရှိတဲ့ ရွှေတိဂုံ ဘုရားလမ်းပေါ်မှာ အမှတ် (၁) ဆက်သွယ်ရေး တပ်နေရာမှာ ဟိုတုန်းက ဂေါ်ရာတပ်တွေ ရှိတယ်။ အဲဒီ နေရာကို ဂေါ်ရာကုန်းလို့ခေါ်ကြတယ်ဗျ။ ဂေါ်ရာခေါ်တဲ့ ဂေါ်ရခါး လူမျိုးများဟာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ဘူးလေဗျာ။ နီပေါ နိုင်ငံသားတွေပဲ။ သူတို့တွေလည်း နိုင်ငံသားပြု လက်မှတ်ရခဲ့တယ်။ အဲဒီလိုလူတွေနှင့် သူတို့ အဆက်အနွှယ်တွေဟာ အခုချိန်မှာ နိုင်ငံသား စိစစ်ရေး လက်မှတ် ရရှိနေကြပြီလေ။ ဒါဥပဒေပါ ခွင့်ပြုချက်အရ နိုင်ငံသားဖြစ်သွားတဲ့ လူတွေပါပဲ။

မိတ်ဆွေ - ကဲဗျာ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အကြောင်း ပြောပါဦး။

မိမိ - ၁၉၄၈ ခုနှစ် မေလ ၃ ရက်နေ့မှာ အာဏာတည်တဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ရေး အက်ဥပဒေထဲက ကောက်နုတ်ချက် တချို့ကို ပြောပြမယ်။

အဲဒီအက်ဥပဒေပုဒ်မ (၃) မှာ မည်သူမဆို အောက်ပါအရည် အချင်းများနှင့်ပြည့်စုံလျှင် မိမိနေထိုင်သည့် ခရိုင်ဆိုင်ရာ အရာရှိထံတွင် ပြည်ထောင်စု မြန်မာနိုင်ငံသား လက်မှတ် ရလိုကြောင်း လျှောက်ထားနိုင် သည် -

(က) မွေးဖွားစဉ်က ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာပိုင် နက်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ မွေးဖွားခဲ့သူဖြစ်ခြင်း၊
(ခ) ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ သို့တည်းမဟုတ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စုမြန်မာ နိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးသူဖြစ်ခြင်း၊
(ဂ) အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ခြင်း၊
(ဃ) ပြည်ထောင်စု မြန်မာနိုင်ငံ၏ လုံခြုံမှုကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို သော်လည်းကောင်း၊ အကျိုးစီးပွားကိုသော် လည်းကောင်း ပျက်ပြား နစ်နာအောင် မပြုလုပ် ခဲ့ဖူးသူ ဖြစ်ခြင်း၊

ထို့ပြင် -
(င) ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၂ တွင် အဓိပ္ပာယ် ဖော်ပြထားသည့် အရည်အချင်း ချို့ငဲ့သူ မဟုတ်ခြင်း (အရည်အချင်း ချို့ငဲ့သူ ဆိုသည်မှာ အရွယ်မရောက်သေးသူ သို့တည်း မဟုတ် သူရူး၊ သို့တည်းမဟုတ် ဝမ်းတွင်းရူးကို ဆိုလိုသည်။) လို့ ဖော်ပြထားတယ်ဗျ။

မိတ်ဆွေ - ဟာဗျာ မဟုတ်တာ။ အဲဒီတုန်းက အင်္ဂလိပ်က နေမဝင် အင်ပါယာကြီး ထူထောင်ထားတာ။ ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာ ပိုင်နက်အတွင်း မွေးဖွားခဲ့သူဖြစ်ခြင်း ဆိုတော့ တစ်ကမ္ဘာလုံး သူပိုင်တာတွေက အများကြီးပဲဟာ ဘယ်နေရာမှာ မွေးဖွားပေးရမှာ လားဗျ။

မိမိ - အဲဒီလို မဟုတ်ဘူးဗျ။ ဒါနဲ့ပတ်သက်ပြီး ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၃ (၂) မှာ ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာ ပျံ့နှံ့ရာ နယ်မြေဆိုသည်မှာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော် လွတ်လပ်ရေး အက်ဥပဒေပုဒ်မ ၂ (၂) တွင် ဖော်ပြထားသည့် နယ်မြေများကို ဆိုလိုသည်လို့ ရှင်းပြထားပါတယ်။ ဆိုလို တာကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အခါ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်နက် အတွင်း ဘယ်မှာ မွေးမွေးပေါ့ဗျာ။

မိတ်ဆွေ - အဲဒီတုန်းကတောင် မြန်မာနိုင်ငံရဲ့ လုံခြုံမှု ငြိမ်ဝပ် ပိပြားရေးနဲ့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွား ပျက်ပြား နစ်နာအောင် လုပ်ခဲ့ သူတွေကို ခွင့်မပြုဘူးဆိုတာ အခု မောင်တောတို့၊ ရခိုင်ပြည်နယ်တို့မှာ လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက် လုယက်၊ မီးရှို့နေတဲ့ လူတွေကို ထိထိ ရောက်ရောက် အရေးယူ သင့်တယ်ဗျ။
မိမိ - မပူပါနဲ့လေ။ ဒါက တာဝန်ရှိသူတွေရဲ့ အလုပ်ပေါ့ဗျာ။ ကြည့်လုပ် ပါလိမ့်မယ်။

မိတ်ဆွေ - နေပါဦးဗျ။ အဲဒီ လူမျိုးခြားတွေကို နိုင်ငံသားပြစ်မှု ဥပဒေတွေ၊ ရွေးချယ်ခွင့် ဥပဒေတွေနဲ့ မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသား လက်မှတ် ထုတ်ပေးတာ တို့ လုပ်နေစဉ်က ခင်ဗျားတို့က ကျွန်တော်တို့ နိုင်ငံသားစစ်စစ်တွေ ကိုတော့ ဘာတွေ ထုတ်ပေးထားသလဲ။

မိမိ - ဘာမှ မထုတ်ပေးထားဘူးဗျ။ မွေးရာပါ တိုင်းရင်းသား လူမျိုးများကတော့ ကိုယ့်ပြည်မှာမွေး ကိုယ့်ပြည်မှာ နေကြတော့ အေးဆေးပဲလေ။ ဒါပေမဲ့ တာဝန်ရှိသူ တွေကတော့ အချိန်ယူ စဉ်းစား တာပေါ့လေ။ အဲဒီအချိန်အထိ စောစောကပြောတဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့အရ အဲဒီလူမျိုးခြား တွေကို တစ်ပြည်တစ်ရွာက လူတွေဆိုပေမယ့် အနေကြာလာတော့ ဥပဒေပါ ခွင့်ပြုချက်အရ အောက်ပါ အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးခဲ့ရတယ်။

နိုင်ငံသား လက်မှတ် သုံးမျိုး

Union of Citizenship Certificate (UCC)
(၁) နိုင်ငံသားလက်မှတ် (က) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ (၁၁) ပုဒ်မခွဲ (၁) အရ ထုတ်ပေး သည်။
(ခ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ ပုဒ်မ (၆) အရ ထုတ်ပေးသည်။
(ဂ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (၂) (၃) ပုဒ်မ ၁၂ (က) အရ ထုတ်ပေးသည်။
(ဃ) ၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (၂) အရ ထုတ်ပေးသည်။
(၂) နိုင်ငံသားပြုမှုလက်မှတ် (က) ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ရ အရ ထုတ်ပေးသည်။
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ (၈) ပုဒ်မ (၁၃) အရ ထုတ်ပေးသည်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံသားလက်မှတ် (က) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက်ဥပဒေ ပုဒ်မ ၃ (က) အရ ထုတ်ပေးသည်။
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ် ရေးအက်ဥပဒေပုဒ်မ ၃ (ခ) အရ ထုတ်ပေးသည်။
အဲသည်လိုလူမျိုးခြားတွေကို အသိအမှတ်ပြုစာရွက်တွေ ဓာတ်ပုံနဲ့တကွ ဖော်ပြ ကိုယ်ရေး အချက်အလက်တွေနဲ့ ပေးအပ်ခဲ့ပြီး ကိုယ့်မူရင်း မွေးရာပါ နိုင်ငံသားတွေ အတွက် မှတ်တမ်းထားပြီး မှတ်ပုံတင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ကြတယ်။ လုပ်ဖို့ လိုအပ် ကြောင်း သိပေမယ့် အားလုံး သိကြတဲ့အတိုင်း လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ဆိုရမည့်ပြည်တွင်း သောင်းကျန်းမှု ကိစ္စကြီးကို ဖြေရှင်း နေကြရတာလည်း ရှိနေတာကိုး။ ဒီလိုနဲ့ ကိုယ့်တိုင်းရင်းသား မွေးရာပါ နိုင်ငံသားတွေ အတွက် မှတ်တမ်းတို့၊ မှတ်ပုံတင်တို့ လုပ်ကြ တယ်။

            အမျိုးသား မှတ်ပုံတင် ကတ်ပြား (National Registration Card) NRC ထုတ်ပေးခြင်း

၁၉၄၉ ခုနှစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင် တဲ့သူများကို မှတ်ပုံတင် စာရင်းပြုစုဖို့ မှတ်ပုံတင်ရေး အက်ဥပဒေကို ရေးဆွဲခဲ့ကြပါတယ်။ ဒီအက်ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် နည်းဥပဒေ ရေးဆွဲဖို့ လိုလာပြန်တယ်။ အထူးသဖြင့် ရေးဆွဲမည့် ဥပဒေ (နည်းဥပဒေ) မှာ အောက်ပါ ကိစ္စတွေလည်း ပါတယ်ဗျာ -
(က) စာရင်းများ ပြုလုပ်ခြင်း၊ စုဆောင်းခြင်း သို့တည်းမဟုတ် ပေးအပ်ခြင်း၊
(ခ) စာရင်းပုံစံ၊
(ဂ) သက်သေခံကတ်ပြားပုံစံ၊
(ဃ) သက်သေခံ ကတ်ပြားများကို စစ်ဆေးရန် တင်ပြခြင်း၊
(င) ပျောက်ဆုံးသွားသော သို့တည်းမဟုတ် ပျက်စီးသွားသော သက်သေခံ ကတ်ပြားများ အစား သက်သေခံ ကတ်ပြား အသစ်များကို အခကြေးငွေယူ၍ ထုတ်ပေးခြင်း၊
(စ) သက်သေခံ ကတ်ပြားများ ပြန်အပ်ခြင်း၊
(ဆ) မှတ်ပုံတင် စာရင်းမှ ထုတ်ပယ်သင့်သူများကို ထုတ်ပယ် ခြင်း စတဲ့အချက်တွေပါတဲ့အပြင် အဲဒီ သက်သေခံကတ် ရယူရေး၊ ဖြည့်စွက်ရမည့် အချက်တွေကို မမှန်မကန် လိမ်လည် ဖြည့်စွက် ရေးသား ခြင်း၊ ဖော်ပြခြင်း သက်သေခံ ကတ်ပြားနှင့် အထင်မှား စေလောက် အောင် ဆင်တူယိုးမှား ပြုလုပ်ထားသော စာရွက်စာတမ်း တစ်ခုခုကို လက်ရှိထားလျှင်သော်လည်းကောင်း၊ အရေးယူရမည့် ပြစ်ဒဏ်နှင့် ပတ်သက်တာတွေပါ ထည့်သွင်းစဉ်းစားရပါတယ်။ အခုခေတ်မှာ ဆိုရင် မိတ္တူတောင်းတဲ့ ကိစ္စမျိုးမှာ နိုင်ငံသားစိစစ်ရေးကတ်ကို မိတ္တူကူး အဲဒီအပေါ် ဖျက်ဆေး သို့မဟုတ် တစ်ခုခုနှင့်ဖျက်ပြီး ပြင်ရေးပြီးမှ မိတ္တူထပ်ကူးပြီး ပေးတတ်ကြတယ်။ စိစစ်တဲ့လူတွေ အထူးသတိထား ဖို့လိုပါတယ်။

  
 

မှတ်ပုံတင်မှာ ရေးသွင်းရမည့်အချက်တွေကတော့ -
(၁) အမည်
(၂) ယောက်ျား သို့တည်းမဟုတ် မိန်းမ
(၃) အသက်နှင့် မွေးဖွားသည့်နေ့ရက်
(၄) မွေးဖွားရာတိုင်းပြည်
(၅) နိုင်ငံသား
(၆) အလုပ်အကိုင်၊ အရောင်းအဝယ်
(၇) နေရပ်
(၈) အိမ်ထောင်ရှိလျှင် လင် သို့တည်းမဟုတ် မယားအမည်
(၉) ရေတပ်၊ အရန်လေတပ်၊ ကုန်းတပ်၊ အရန်ကုန်းတပ် သို့တည်းမဟုတ် လေတပ်၊ အရန်လေတပ်တွင် တပ်သားတစ်ဦးဖြစ် ကြောင်း သို့တည်းမဟုတ် နယ်စောင့်တပ်စစ်တပ် သို့တည်းမဟုတ် အကူတပ်များမှ တပ်သားတစ်ဦးဖြစ်ကြောင်း သို့တည်းမဟုတ် မြို့ပြ ကာကွယ်ရေးအဖွဲ့များ သို့တည်းမဟုတ် အရန်အဖွဲ့များတွင် အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ဖော်ပြရပါတယ်။

အဲဒီအချက်တွေကို ဆွေးနွေးကြပြီးနောက် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေကို ရေးဆွဲကြပါတယ်။ ရေးဆွဲတဲ့ မူကြမ်းကို မြို့ပြ အက်ဥပဒေ နှင့် ပတ်သက်ပြီး ၃၁-၁-၅၂ နေ့မှာ ပြင်ဆင်ချက်ထည့်ပါတယ်။ တစ်ခါ သက်သေခံ ကတ်ပြားမှာ မှတ်ပုံတင် ကတ်ပြားနဲ့ မှတ်ပုံတင်ပုံစံ တွေမှာ ဓာတ်ပုံတွေ ကပ်ဖို့ပါရှိဖို့နဲ့ ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ပတ်သက်ပြီး ၂၂-၉-၅၃ မှာ ပြင်ဆင်ဖြည့်စွက်မှု ပြုရပြန်ပါတယ်။ သက်သေခံ ကတ်ပြားနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေ၊ လိုအပ်ချက်တွေ ပြင်ဆင်ဖြည့်စွက်ရပြန်တယ်။

မိတ်ဆွေ - ဒါဖြင့် မှတ်ပုံတင်ကတ်ပြားကို ဘယ်တော့မှ ထုတ်ပေးတာလဲဗျ။

မိမိ - ကျွန်တော်သိသလောက်တော့ ၁၉၅၈ ခုနှစ်လောက်မှ စတင် ထုတ်ပေးတယ်ဗျ။ အဲဒီမှတ်ပုံတင်ကတ် (သက်သေခံကတ်ပြား) ကို ၁၉၈၉ အထိ နောက်ဆုံးထုတ်ပေးခဲ့တယ်လို့ သိရတယ်ဗျ။ ကျွန်တော်တို့ကို ထုတ်ပေးတဲ့ မှတ်ပုံတင် ကတ်ပြားခေါ်တဲ့ သက်သေခံ လက်မှတ်မှာ ပါဝင်တဲ့ အချက်တွေကတော့
၁။ အမည်
၂။ အဘအမည်
၃။ ကျား/မ
၎။ မွေးဖွားသည့်နေ့ရက်
၅။ မွေးဖွားရာဒေသနှင့် နိုင်ငံသား
၆။ အလုပ်အကိုင်
၇။ အိမ်ထောင်ရေးအခြေအနေ
၈။ သက်သေခံအမှတ်အသားများ ... တို့ပဲဖြစ်ပါတယ်။
အပေါ်ဆုံးမှာတော့ ရဲဌာနအပိုင်၊ မြို့ရွာ၊ လမ်းအိမ်အမှတ်ပါ ပါတယ်။ 

မိတ်ဆွေ - ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားစိစစ်ရေးကတ်တွေထုတ် ပေးတယ်ဆိုဗျ။ ဘာလို့ ၁၉၈၉ အထိ မှတ်ပုံတင်တွေထုတ်ပေးနေရ တာလဲ။

         အမျိုးသား မှတ်ပုံတင် ကတ်ပြားနှင့် နိုင်ငံရေး စိစစ်ရေး ကတ်ပြား ခြားနားချက်

မိမိ - အဲဒါ ရှင်းပြရမှာပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ငံတွင်းမှ နေထိုင်တဲ့ အရွယ်ရောက်သူတိုင်းမှာ သက်သေခံကတ်ပြား တစ်ခုမဟုတ် တစ်ခု ကိုင်ရတယ်ဗျာ။ နိုင်ငံခြားသားဆိုရင် နိုင်ငံခြားသားမှတ်ပုံတင် ကတ်၊ နိုင်ငံသားဆိုရင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ဧည့်နိုင်ငံ သားကတ် သို့မဟုတ် နိုင်ငံသားပြုခွင့်ကတ် သို့မဟုတ် အမျိုးသားမှတ် ပုံတင်ကတ် သို့မဟုတ် ပြည်တွင်းခရီးသွားနိုင်ဖို့ ယာယီသက်သေခံ ကတ်ပြား ( White Card ) တစ်မျိုးမျိုးကိုင်ရတယ်ဗျာ။ မှတ်ပုံတင်လက် မှတ်ကို ၁၉၈၉ ခုနှစ်အထိ ထုတ်ပေးတယ်ဆိုပေမယ့် လျှောက်ထားသူ တွေဟာ ၁၅-၁၀-၈၂ မတိုင်မီ လျှောက်ထားခဲ့တဲ့ လူတွေဖြစ်ရမယ် လို့ သတ်မှတ် ထုတ်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ စတင် အာဏာ တည်တဲ့နေ့ရက်ဟာ ၁၅-၁၀-၈၂ နေ့ဖြစ်လို့ပါပဲ။ ၁၅-၁၀-၈၂ မတိုင်မီ လျှောက်ထားခဲ့တယ် ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာခဲ့မှု တွေကြောင့် တစ် ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ထုတ် ပေးနိုင်ဖို့ စိစစ်ခြင်း၊ ထုတ် ပေးရန် သံသယရှိခြင်းတို့ကြောင့် မှတ်ပုံတင်ကတ်ကို ပြန်ထုတ်ပေးရ ခြင်းပဲဖြစ်ပါတယ်။

မိတ်ဆွေ - မှတ်ပုံတင် ကတ်ပြားနှင့် နိုင်ငံသား စိစစ်ရေးကတ် ဘာခြားနားလို့လဲဗျ။

မိမိ - ခြားနားတာပေါ့ဗျာ။ ကျွန်တော်တို့ပြောနေတဲ့ မှတ်ပုံတင် ကတ်ပြားဟာ တကယ်တော့ မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်မှာ နေတဲ့လူဖြစ်ကြောင်း သက်သေခံတဲ့ ကတ်ပြားသာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ကို ထုတ်ပေးတဲ့ သုံးခေါက်ချိုး မှတ်ပုံတင်ကတ် ပြား ယောက်ျားလေးဆိုရင် အစိမ်း၊ မိန်းကလေးဆိုရင် ပန်းရောင်ဖြစ် ပြီး ကတ်ပြားရဲ့မျက်နှာစာ မျက်နှာဖုံးမှာ နိုင်ငံတော် တံဆိပ်အောက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် စာတမ်း အဲဒီအောက်ကပ်လျက်အလယ် မှာ 'သက်သေခံကတ်ပြား'လို့ဖော်ပြထားတယ်။ အဲဒီအောက် စတုဂံ ပုံအကွက်ရှိပြီး အဲဒီအကွက်ထဲမှာ သက်သေခံ ကတ်နံပါတ်ကို ဖော်ပြ ရိုက်နှိပ်ပေးတယ်။ အဲဒီအောက်မှာ-

မှတ်ချက် ။ မည်သည့် နိုင်ငံသားဟု ဖော်ပြခြင်းမှာ လက်မှတ် ကိုင်ဆောင်သူသည် အကယ်စင်စစ် ထိုနိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်းမဖြစ်စေရလို့ ဖော်ပြပါရှိပါတယ်။

သက်သေခံ ကတ်ပြား အမှတ်စဉ်(၅)မှာ မွေးဖွားရာ ဒေသနှင့် နိုင်ငံသားဆိုတဲ့ စာသားအတွက် ရှင်းပြထားတာပါ။
ဒါကြောင့် မှတ်ပုံတင်ကတ်ပြားခေါ်တဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံသားဖြစ်တယ်လို့ ပြောမရပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးတဲ့ နိုင်ငံသား စိစစ်ရေးကတ် ' Citizenship scrutiny Card' ရရှိမှသာ နိုင်ငံသားဖြစ်ကြောင်း သက် သေခံ လက်မှတ်ရတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေး လျှောက်ထားတဲ့အခါမှာ မိဘဘိုးဘွား မိသားစု ဇယားကစပြီး လက်ဗွေအစုံ ဓာတ်ပုံတွေပါ အပြည့်အစုံကပ်ပြီး လျှောက်ထားရတာ ပေါ့ဗျာ။
မိတ်ဆွေ - ခင်ဗျားပြောတဲ့ လက်ရှိ ၁၉၈၂ ခုနှစ် လဝက ဥပဒေပေါ်လာပြီးတော့ အရင် ၁၉၄၈ ခုနှစ် ဥပဒေတွေအရ နိုင်ငံသား လက်မှတ် ထုတ်ပေးတဲ့ ကိစ္စတွေက ပြီးသွားရောလား။
မိမိ - အဲဒါတွေပြတ်ချင်လို့ လွတ်လပ်ရေး ရတာလည်း ကြာပြီ ဖြစ်လို့ ၁၉၈၂ ဥပဒေကို ထုတ်ပြန်တာပဲ ၁၉၈၂ ဥပဒေ နောက်ဆုံးအပိုဒ် ဥပဒေပုဒ်မ ၇၆ မှာ ဒီလို ဖော်ပြထားတယ်ဗျ။
ပုဒ်မ ၇၆ - အောက်ပါ ဥပဒေတို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်။
(က) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေး ချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက် ဥပဒေ
သို့ပေမဲ့ မပြတ်တဲ့ ကိစ္စက ကျန်နေတယ်။ အဲဒီမပြတ်တဲ့ကိစ္စ ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအပြင် ဧည့်နိုင်ငံသား လက်မှတ် နှင့် နိုင်ငံသားပြုခွင့် ရသူများအဖြစ် လက်မှတ်များ ဆက်ထုတ်ပေးဖို့ ဖြစ်လာတယ်။ အဲဒါ ၁၉၄၈ ခုနှစ် ဥပဒေများရဲ့ အကျိုးဆက်ပေါ့။ တစ်ခုတော့ရှိတယ်ဗျ။ ဒီဥပဒေ ပေါ်လာတဲ့အတွက် နိုင်ငံခြား သားတစ်ဦးဟာ ဒီနိုင်ငံမှာ ဘယ်လောက်ကြာကြာနေနေ သူ့တစ်သက် တော့ အလိုအလျောက် မြန်မာနိုင်ငံသားမဖြစ်တော့ဘူးဗျ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မတွေထဲက သိသင့်တာလေး တွေကို ကျွန်တော်ပြောပြမယ်။
ပုဒ်မ ၁၃။ နိုင်ငံသား တစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။
၁၅ (က)။ နိုင်ငံသား တစ်ဦးသည် နိုင်ငံခြားသားနှင့် အိမ်ထောင် ပြုကာမျှဖြင့် နိုင်ငံသားအဖြစ်မှ အလိုအလျောက် မဆုံးရှုံးစေရ။
ပုဒ်မ ၁၅(ခ)။ နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသားနှင့် အိမ် ထောင်ပြုကာမျှဖြင့် နိုင်ငံသား အဖြစ် အလိုအလျောက် မရှိစေရ။
ပုဒ်မ ၁၆။ နိုင်ငံသားတစ်ဦး သည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင် ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူ လက်မှတ်ကို ထုတ်ယူလျှင် ဖြစ်စေ နိုင်ငံသား အဖြစ်မှ ရပ်စဲသည်လို့ ဖော်ပြထားတယ်။

ဧည့်နိုင်ငံသား

အဲဒီတော့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား မဟုတ်တဲ့ လူမျိုးတွေကို နိုင်ငံသားအဖြစ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေး ဖို့မှာ သံသယဖြစ်စရာ စဉ်းစား စရာတွေက အများကြီးပါ။ စောစောက ဆွေးနွေးခဲ့သလို ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက မြန်မာနိုင်ငံမှာ အစဉ်တစိုက် မျိုးဆက် မပြတ် နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ မျိုးနွယ်စုထဲမှာပါတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါတဲ့သူတွေက တော့ သွေးအရ မွေးရာပါနိုင်ငံသားတွေပေါ့။ ၁၉၄၈ ခုနှစ် ပြည်ထောင် စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)ဥပဒေနှင့် မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေအရ နိုင်ငံသားဖြစ်လာကြတဲ့ နိုင်ငံခြားသားများနဲ့ သွေး နှော နိုင်ငံခြားသားတွေကတော့ ဥပဒေပါခွင့်ပြုချက်အရ နိုင်ငံသား တွေပေါ့။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေအရ နိုင်ငံ သားဖြစ်ရန် လျှောက်ထားသူများ (လျှောက်ထားပြီးသူများဖြစ်သော် လည်း ခွင့်ပြုချက်မရသေးသူများ)သည် သတ်မှတ်ချက်များနှင့် အရည်အချင်းများကို ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်ပါတယ်။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင် ပြီး အမည်ထည့်သွင်းပေးခြင်းခံရတဲ့ သားသမီးသည် ဧည့်နိုင်ငံသား ဖြစ်ပါတယ်။


အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည် (၆)

                                                     နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ခြင်း

ပုဒ်မ (၄၂) ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ ကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ် ပြည် ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေအရ လျှောက်ထားရန် ကျန် ရှိနေကြောင်းခိုင်လုံမှသာ အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့် ရရန်လျှောက်ထားနိုင်သည်လို့ ဆိုထားပါတယ်။ နိုင်ငံ သားပြုခွင့်လျှောက်ထားနိုင်သူတွေကတော့ ပုဒ်မ ၄၃။ ဤ ဥပဒေ အာဏာတည်သည့် နေ့မှစ၍ (၁၅-၁၀-၁၉၈၂) နိုင်ငံတော်အတွင်း၌ဖြစ်စေ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွား သည့်အောက်ပါ သူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထား နိုင်သည်။
(က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ
(ခ) ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူ များ
(ဃ) နိုင်ငံခြားသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေး ဖွားသူများလို့ ဖော်ပြထားပါတယ်။
မိတ်ဆွေ - ခင်ဗျားပြောတဲ့ ဗဟိုအဖွဲ့ဆိုတာက ဘာအဖွဲ့လဲဗျ။ ဘယ်သူတွေပါသလဲ။
မိမိ - ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄ မြန်မာ နိုင်ငံသား ဥပဒေအခန်း(၆) ဗဟိုအဖွဲ့နဲ့ပတ်သက်ပြီး ဥပဒေပုဒ်မ- ၆ရ မှာ ဗဟိုအဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးက ဥက္ကဋ္ဌအဖွဲ့ဝင် နှစ်ဦးက ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ပေါင်း သုံးဦးဖြင့်ဖွဲ့စည်းပေးခဲ့ပြီး အဲဒီဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ နဝတဥပဒေ အမှတ် ၄/၉ရ (ရက်စွဲ- ၂.၃.၉၇)အရ ပုဒ်မ ၆ရကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
(က) ဥက္ကဋ္ဌ - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ကြီး
(ခ) အဖွဲ့ဝင်- ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(ဂ) အဖွဲ့ဝင်- ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
(ဃ) အဖွဲ့ဝင်- နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီ
(င) အတွင်းရေးမှူး ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူ
မိတ်ဆွေ - ကဲခင်ဗျား ပြောသလို ဧည့်နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားပြုခွင့်ရသူ ပြစ်မှုတို့အတွက် ၁၉၄၈ ခုနှစ်ဥပဒေများရဲ့ အကျိုး ဆက်နောက်ဆက်တွဲလို့ ပြောသွားခဲ့တယ်။ ဒါဖြင့် ကျွန်တော်တို့ရထား တဲ့ နိုင်ငံသားဖြစ်ဖို့ အရည်အချင်းတွေကို ဥပဒေကဘယ်လိုသတ်မှတ် ခဲ့သလဲဗျ။
မိမိ - ခင်ဗျားကို သွေးအရတိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးကမွေးဖွားသူတွေဟာ မွေးရာပါနိုင်ငံသားတွေဖြစ်ကြောင်းပြောပြီး ပြီ။ တစ်ခါဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတွေအကြောင်း ပြော ပြီးပြီ၊ အဲဒီအပေါ်အခြေခံပြီး နိုင်ငံသားအဖြစ်သတ်မှတ်ပုံကတော့ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေအခန်း(၂) အက်ဥပဒေအမှတ် (၇) မှာ နိုင်ငံတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည် နိုင်ငံသားဖြစ်သည်လို့ဆိုထားတယ်။ အဲဒါတွေ ကတော့ -
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများ
(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွား သူများ
(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့်
(၁) နိုင်ငံသား သို့မဟုတ်
(၂) ဧည့်နိုင်ငံသား သို့မဟုတ်
(၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများလို့ အတိ အလင်းဖော်ပြထားပါတယ်။ အဲဒီတော့ နိုင်ငံသားဖြစ်ဖို့ မလွယ်သလို ဖြစ်နေတဲ့လူတိုင်းကိုလည်း မတရားရထားသူတွေလို့ အရမ်းပြောလို့ မရပါဘူး။ သူတို့ရဲ့မိဘအဆက်အနွှယ်အရ နိုင်ငံသားလက်မှတ် တစ် မျိုးမျိုးကို ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး ၁၉၄၈ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေနဲ့ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေများ အရ နိုင်ငံသားလက်မှတ်တစ်မျိုးမျိုးကို ဥပဒေပါခွင့်ပြုချက်ဖြင့် ရယူ ပိုင်ဆိုင်ခဲ့သူများဟုတ်၊ မဟုတ် မသိဘဲနဲ့ နိုင်ငံသား လက်မှတ်ဆိုတာ ငွေပေးရင် ရတယ်လို့တော့ မမှတ်သင့်ဘူးဗျ။

မိတ်ဆွေ - ခင်ဗျားက လဝကဘက်ကရှေ့နေလိုက်တာလား ဗျာ။

မိမိ - ခင်ဗျားအဲဒီလိုထင်ရင်မှား ပေါ့ဗျာ။ ကျွန်တော်တို့ လဝက တွေထဲမှာလည်း ဖောက်ပြန်တဲ့လူတွေရှိကောင်း ရှိမှာပေါ့ဗျာ။ အားလုံး တော့ သိမ်းကျုံးမထင်လိုက်ပါနဲ့ အထူးသဖြင့် နယ်စပ်မှာတိုင်းရင်း သားတွေ ရောထွေးနေလို့ တချို့ဝန်ထမ်းတွေ နားမလည်တာလည်း ပါတာပေါ့။ ဥပမာ- ရှမ်းတရုတ်နယ်စပ်က လီရှောလူမျိုးတို့၊ တနင်္သာရီ အောက်ပိုင်းက ပသျှုးလူမျိုးတို့ဟာ အဲဒီဒေသတွေမှာ ရောထွေးနေ တော့အမှတ်တမဲ့ ကိုယ့်တိုင်းရင်းသားတွေလို့ပဲထင်မိတတ်တာလည်း ရှိသေးတယ်။ ကျွန်တော်ကတော့ ဗြဟ္မစိုရ်တရား လေးပါးထဲမှာ ဥပေက္ခာတရားနည်းတယ်လို့ပဲဆိုချင်ဆို မဟုတ်တာလုပ်တဲ့လူမဟုတ် တာဖြစ်စေချင်တယ်ဗျ။ ချမ်းသာချင်ရင်- ငွေလိုချင်ရင်- သူဌေးဖြစ် ချင်ရင်- အစကတည်းက ဝန်ထမ်းမလုပ်နဲ့ စီးပွားရေးသမားလုပ်၊ ကြိုက်သလောက် ချမ်းသာပါစေ ဥပဒေနဲ့ညှိစွန်းရင် သူဖြစ်သူခံပေါ့ ဘာမှပြောစရာမလိုဘူး ဝန်ထမ်းလုပ်ပြီး ချမ်းသာချင်နေလို့ကတော့ ချမ်းသာနေလို့ကတော့ မိဘအမွေရထားသူလည်းမဟုတ်ဘဲနဲ့ တခြား စီးပွားရေးလုပ်ငန်းကြီးလည်းရှိနေတဲ့တရားဝင် ဝင်ငွေတွေရထားသူ လည်းမဟုတ်ဘဲနဲ့တော့ ဒီကောင် လုပ်ငန်းအပေါ်မတရားတဲ့နည်းနဲ့ လာဘ်ရှာထားလို့ပဲလို့ မှတ်ချက်ချမိသည်။ တကယ်တော့ လဝကဆို တာ တိုင်းပြည်ရဲ့တံခါးမှူးများ တံခါးများဖြစ်သလို အမျိုးကိုစောင့် စည်းရမယ့် လူများလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်အလုပ် ပေါ် သစ္စာမစောင့်တဲ့လူတွေကို တိတိကျကျဖော်ထုတ်ပြီး လူသိရှင် ကြား ရာထူးကြီးငယ်မရွေး အရေးယူစေချင်တယ်ဗျ။ လူအများကိုတရား ပြပြီး သူတော်ကောင်းယောင်ဆောင်နေပြီး သူတို့နဲ့ပတ်သက်တဲ့ လာဘ် ပေးတဲ့လူအပေါ်ကျတော့ ဟိုဟာကနင့်အမေ ဒီဟာကငါ့အမေဟဲ့လို့ ဘက်လိုက်တတ်သူ တွေကို အလုပ်ဖြုတ်ပစ် ရုံသာမက ထောင်ပါချသင့် တယ်ဗျ။

မိတ်ဆွေ - ခင်ဗျားဟာက လွန်လှချည်လား။

မိမိ - မလွန်ဘူးဗျ တချို့ဝန်ထမ်းတွေထဲမှာ ဒါ(လဝက)တစ်ခု တည်းကို ပြောတာမဟုတ်ဘူးနော်။ တချို့ဝန်ထမ်းတွေဟာ ဝန်ထမ်း ဘဝမှာမဟုတ်မဟပ်ရှာထားတာတွေကို သိန်းပေါင်းထောင်သောင်း မကချမ်းသာသွားကြတယ်။ သူတို့ပိုင်ဆိုင်မှုဟာ သားစဉ်မြေးဆက် တိုက်ကြီးတာကြီးတွေ၊ မြေကွက်တွေဘယ်နှကွက်တောင် ရထားလည်း မသိဘူး။ ရိုးရိုးသားသား အမှုထမ်းခဲ့တဲ့ အမှုထမ်းတွေကတော့ အနှစ် ၄၀ လောက်လုပ်ခဲ့တာတောင် ရတဲ့ဆုကြေးက သူတို့တိုက်ကြီး တာ ကြီးတွေကာရံထားတဲ့ အုတ်တံတိုင်းတန်ဖိုးတောင်မရှိဘူး။ တစ်သက် လုံးရတဲ့လစာကို မစားဘဲနဲ့စုထားရင်တောင် ဒီလောက်မရှိနိုင်ဘူး။ ဒီလိုလူတွေကို ရာထူးကြီးငယ်မရွေး ဖော်ထုတ်၊ ထောင်ချပြီး ပစ္စည်း သိမ်းသင့်တယ်ဗျ။ ရာထူးဖြုတ်ရုံလောက်နဲ့တော့ ကျူးလွန်တဲ့ပြစ်မှု နှင့် ချမှတ်တဲ့ပြစ်ဒဏ်မမျှတဘူး။

လောကပါလတရားနတ်စောင့်တယ် ဆိုတာ မဟုတ်ဘူးဖြစ်နေတယ်။

မိတ်ဆွေ - တော်လောက်ပါပြီဗျာ။ ခင်ဗျားလည်းပြောရင်းနဲ့ မကျေနပ်သံတွေပါနေတယ်။

မိမိ - ဟုတ်ပါတယ်ဗျာ။ မကျေနပ်ရင် ဒေါသတဲ့၊ ဒေါသဆိုတာ အကုသိုလ်ပါပဲ။ အဲဒီတော့ ဒီနေ့ရခိုင်ပြည်နယ်က စတဲ့ ဆွေးနွေးမှု အဆုံးသတ်ပါမယ်။ အဆုံးမသတ်မီ တစ်ခု သတိရသဗျ ဘာလဲဆို တော့ ကျွန်တော်တို့ ပြည်သူတွေက ဥပဒေတစ်ရပ် ပေါ်ထွက်လာရင် လည်း သိပ်စိတ်မဝင်စားဘူးဗျ။ ခေါင်းစဉ်လောက်ပဲဖတ်သွားတယ်။ တစ်ခါက ကျွန်တော့မိတ်ဆွေ ဒုညွှန်ကြားရေးမှူးတစ်ယောက် (အခြား ဌာနတစ်ခုမှ)နဲ့စကားပြောရင်းက နိုင်ငံသားစိစစ်ရေးကတ်အကြောင်း ပြောတော့ သူ့မှာ အဲဒီ ကတ်ပြားမရှိဘူးတဲ့၊ မှတ်ပုံတင်ကတ်ပြားပဲရှိ တယ်တဲ့။ ကျွန်တော်က ခင်ဗျား အဲဒါမဖြစ်မနေ လဲရမယ် မှတ်ပုံတင် ကတ်က နိုင်ငံသားဖြစ်ကြောင်း အာမခံတာ မဟုတ်ဘူးလို့ပြောတော့ ဒါဆိုခင်ဗျားတို့မှာ တာဝန်ရှိတာပေါ့။ တခြားဌာနက လူတွေပါ သိအောင် ပြောရမှာပေါ့တဲ့။ ကျွန်တော်က ခင်ဗျားအရာရှိတစ်ယောက်ဖြစ်နေပြီး ဥပဒေရဲ့ သဘောကို နားမလည်သေးဘူးလား၊ ဥပဒေဆိုတာ လက်တို့ ပြီး ပုန်းလျှိုးကွယ်လျှိုးထုတ်လို့ရတာမဟုတ်ဘူးဗျ။ ဥပဒေဆိုတာ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော် သမ္မတ စသည်တို့က ကြေညာထုတ်ပြန်ရတာမျိုးဖြစ်တယ်။ နေ့စဉ် ထုတ် သတင်းစာတွေမှာ အသေးစိတ်ဖော်ပြရတယ်။ ခင်ဗျားမသိဘူး လို့ ပြောလို့မရဘူးဗျ။ ခင်ဗျားကျိုင်းတုံကို ရောက်ဘူးသလား၊ ကျိုင်းတုံမှာလူအများမြင်သာတဲ့ မြို့ရဲ့အချက်အချာနေရာတွေမှာ စာလုံးအကြီး ကြီးတွေ (အချင်းတစ်ပေခန့်) နဲ့ရေးထားတယ်။ 'ဥပဒေကို သင်ကမသိဟုဆိုကာမျှနဲ့ ဥပဒေကသင့်အားခွင့်လွှတ်လိမ့်မည် မဟုတ်' လို့ရေးထားတယ်။ အဲဒါဥပဒေရဲ့သဘောပဲ။ ခင်ဗျားအတွက် ပြောတာ ခင်ဗျားဟာခင်ဗျား ဒီမှတ်ပုံတင်ကတ်ပြားကို နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ လဲချင်လဲ မလဲချင်လည်းနေလို့ ပြောပစ်လိုက် တယ်။ လူတွေကကိုယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဥပဒေလောက်ကိုပဲ စိတ်ဝင်စားတယ်။ တစ်မျိုးသားလုံးနှင့်ဆိုင်တဲ့ကိစ္စတွေကို စိတ်မဝင် စားဘူး။ နိဂုံးချုပ်အားဖြင့် ဝန်ထောက်ဦးမြဲရဲ့ 'မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်' ဆိုတဲ့ဆောင်ပုဒ်နှင့် ဝန်ထမ်းတွေကို သတိပေးထားသလို ကျွန်တော်ကတော့ မောင်တော၊ ဘူးသီးတောင် သာမက နယ်စပ်တွေမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေအားလုံး ဝန်ထမ်း အားလုံးကို အမျိုးပျောက်မှာ စိုး ကြောက်လှပါတယ် လို့ပဲ စိုးရိမ်စိတ်နဲ့ ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့ဗျာ။


( from facebook )