Wednesday, April 25, 2012

VOA နှင့် Dr. Wakar Uddin ၏ အင်တာဗျူးကို Thorn Nae Soe's ချေပချက်များ [အဆိုပါ အင်တာဗျူးအောက်တွင် Comment ပေးခဲ့သည်ကို ပြန်လည်တင်ပြသည်]

Dr. Wakar Uddin ပြော - ရိုဟင်ဂျာလက်ထဲမှာ အခု တိုင်းရင်းသားလက်မှတ် မရှိပါဘူး။
အဖြစ်မှန် - ဘယ်ရှိမလဲ တိုင်းတပါးက ခိုးဝင်တဲ့ ခေါတောတွေပဲဟာ။

Dr. Wakar Uddin ပြော - အမျိုးသား၊ အမျိုးသမီးတို့ လက်ထပ်လို့ မရပါဘူး။
အဖြစ်မှန် - ဘယ်လက်ထပ်လို့ ရမလဲ။ ရခိုင်သမီးပျိုတွေကို သွေးနှောချင်နေလို့ ရမလား။

Dr. Wakar Uddin ပြော - သူတို့လက်ခံရင် ကျနော်တို့ဖက်က ကျနော်တို့လည်း သူတို့နဲ့ပေါင်းဖို့အတွက် assimilation အတွက် ကြိုးစားပါမယ်။
အဖြစ်မှန် - မကြိုးစားပါနဲ့။ ရခိုင်တင်မက မြန်မာတိုင်းရင်းသားအားလုံးက ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်တဲ့ (ဘင်္ဂလားက ခိုးဝင်သူတွေ) ကို ဘယ်တော့မှ လက်မခံပါဘူး။

Dr. Wakar Uddin ပြော - မြန်မာအစိုးရက ကြိုးစားရပါမယ်။
အဖြစ်မှန် - မြန်မာအစိုးရက ကြိုးစားရမတဲ့လား။ ဒီလောက် လုပ်စရာပုံနေတဲ့ထဲမှာ ပြည်ပခိုးဝင်တွေအတွက် ဘာများထပ်လုပ်ပေးရဦးမှာလဲ။

Dr. Wakar Uddin ပြော - ကျနော်တို့ ရိုဟင်ဂျာ ယဉ်ကျေးမှု က ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပေမယ့်။
အဖြစ်မှန် - စကားထဲက ဇာတိပြဆိုသလိုပေါ့။ ကျုပ်တို့ မြန်မာတိုင်းရင်းသားအားလုံးက ယဉ်ကျေးမှုချင်း ကူးလူးယှက်နွယ်နေတယ်။ ခင်ဗျားတို့က သီးသန့်ကြီးဖြစ်နေတယ်။ အဲဒါကို ကျုပ်တို့ တိုင်းရင်းသားပါလို့ ဖင်ပိတ်ငြင်းချင်သေးတယ်။

Dr. Wakar Uddin ပြော - အပြင်ကကြည့်ရင် သူတို့နဲ့ နည်းနည်းတူတယ်လို့ ထင်ရပါတယ်။ .... ဟိုမှာ ဘင်္ဂလားဒေ့ရှ်မှာ တယောက်မှ ရောလို့မရဘူး။
အဖြစ်မှန် - အေး ကိုယ်တိုင် အပြင်ဘက်ကကြည့်ရင် ဘင်္ဂလားနဲ့တူတယ်လို့ ၀န်ခံပြီးပြီပဲ။ ကျုပ်တို့ မြန်မာနဲ့က အပြင်ကကြည့်ကြည့် အတွင်းကကြည့်ကြည့် ဘယ်လိုမှမတူဘူး။ မင်းတို့ ဘင်္ဂလားဒေ့ရှ်မှာ ရောလို့မရတာနဲ့ ငါတို့ဆီလာချင်သလား။
ဘယ်ရောလို့ရမလဲ။ အကျင့်မှမကောင်းတာကိုး။

Dr. Wakar Uddin ပြော - ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ် အများကြီးကွာပါတယ်။
အဖြစ်မှန် - စကားကို ရှင်းရှင်းပြော။ ဟိုက မေးတာ မြန်မာပြည်က ဇာတိပဲလားတဲ့။ မဟုတ်ဘူး။ အဲဒါကို ဗြောင်မဖြေရဲလို့ ဝှေ့လည်ကြောင်ပတ်လုပ်နေတယ်။

Dr. Wakar Uddin ပြော - လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက၊ အစိုးရ government တခုက ဒီလို နှိပ်စက်တာ၊ human rights violations လုပ်တာ အမေရိကန်က ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။
အဖြစ်မှန် - နှိပ်လည်း နှိပ်မစက်ဘူး။ human rights violations လည်း မလုပ်ဘူး။ ရိုဟင်ဂျာဆိုတာ တရုပ်ဖြူတွေလိုပဲ မြန်မာပြည်ကို ကျူးကျော်နေတာ။ ကျူးကျော်သူတွေကို အခုဆက်ဆံပုံက ပျော့လွန်းတယ်လို့တောင် ထင်တယ်။

လက်မခံနိုင်တာက ငါတို့ မြန်မာ တိုင်းရင်းသားအားလုံးပဲ။
ဟော့ဒီ မြန်မာ့မြေပေါ်မှာ ရိုဟင်ဂျာတွေ အတိအလင်း ခြေကုတ်လာယူချင်ရင် ငါတို့ မြန်မာတိုင်းရင်းသားအားလုံး နှင်ထုတ်မှပဲ ဖြစ်မယ်။
ပါလက်စတိုင်းလိုတော့ တို့တွေ ဘယ်တော့မှ အဖြစ်မခံဘူး။

ကဲ ... လူသား သန်းခြောက်ဆယ်အရေးနဲ့
(နှစ်သန်းလို့ သုည အများကြီးတိုးပြောထားတဲ့) လက်တစ်ဆုပ်စာ ကျူးကျော်သူအရေး ဘယ်ဘက်ကလိုက်ကြမလဲ စဉ်းစားစမ်းပါ။
မဟာအင်အားကြီးနိုင်ငံများနှင့် မဟာအင်အားကြီး မီဒီယာများ ခင်ဗျား။


                                                                                   (  From Thorn Nay Soe Facebook )

Monday, April 23, 2012

မြန်မာပြည်မှာ ၁၁ ရက် ( ဒုတိယပိုင်း)




နှစ်ပေါင်း တဆယ်ကျော် မရောက်တာ ကြာပြီဖြစ်တဲ့ ရန်ကုန်ကို ခရီးဆက်ရမှာ ဖြစ်တာကြောင့် မနက် ၅ နာရီလောက်ကတည်းက ရေမိုးချိုးပြီး ခရီးသွားဖို့ အဆင်သင့်လုပ်ထားပါတော့တယ်။ မနက်စာကို ဟိုတယ်ရဲ့ မြက်ခင်းပြင်မှာ ကျွေးပါတယ်။ ခရီးမဆက်ခင် ဟိုတယ်ပိုင်ရှင်လည်းဖြစ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်လည်း ဖြစ်တဲ့ ကိုစောဟန်အေးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။
ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ဖြစ်နေပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေး လက်အောက်မှာ ပထမဆုံး ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကျနော့်အမြင်မှာ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတဲ့ အကြောင်းအရာထက် အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၀င်ရောက်ယှဉ် ပြိုင်မှုကို ပိုစိတ်ဝင်စားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ရွေးကောက်ပွဲ သပိတ်မှောက်ရေးတွေ သိမ့်သိမ့်တုန်အောင် လှုံ့ဆော်ခဲ့တဲ့ ပါတီကြီး၊ ၂၀၁၀ ရွေးကောက်ပွဲဟာ အလှည့် အပြောင်း ဖြစ်တာကြောင့် ၀င်ရောက်ယှဉ်ပြိုင်သင့်ကြောင်း တင်ပြတဲ့ ပညာရှင်တွေကို သစ္စာဖောက်လို့ စွတ်စွဲခဲ့ကြတယ်။ အခုအချိန်မှာတော့ ကျနော်တို့ပါတီကို မဲပေးကြပါလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေကို တွေ့ရပြန်တယ်။ ကျနော့် မိတ်ဆွေတဦး ပြောတဲ့စကားကို သတိရတယ် “လျှာမှာ အရိုးမရှိတိုင်း ပြောတာ နိုင်ငံရေးသမား ပါတဲ့”။
ကျနော်စီးရတဲ့ကားက ဖထီးကြီး ထက်နက်ဆင် မောင်းတဲ့ ကားဖြစ်တာကြောင့် နိုင်ငံရေး၊ လူမျိုးရေးအကြောင်း ပြောဖြစ်ကြတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်လာတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ဘာကြောင့် တိုက်ရသလဲလို့ ဖထီးကြီးကို မေးဖြစ်တယ်။ ဖထီးကြီးက “တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်တာ အစိုးရကို ဖြုတ်ချဖို့မဟုတ်ဘူး၊ တန်းတူရေးကို လိုချင်လို့တိုက်တာ” တဲ့။
ဖထီးကြီးရဲ့ အဖြေက ကျေနပ်စရာ ကောင်းလောက်ပါတယ်။ ဘယ်တိုင်းရင်းသားမှ မြန်မာတပြည်လုံးကို သိမ်းပြီး အုပ်ချုပ်မယ်ဆိုတဲ့ မဟာဗျူဟာ မရှိသလို၊ စိတ်ကူးလည်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အနားသတ် ပတ်ပတ်လည်ကို ကြည့်လိုက်ရင် တိုင်းရင်းသားဒေသ ဖြစ်နေသလို၊ စစ်မြေပြင်လည်း ဖြစ်နေပြန်တယ်။
နှစ်ပေါင်း ၆၀ ကျော်တိုင် ညီအကိုချင်း သတ်ဖြတ်လာလိုက်ကြတာ ဘယ်သူနိုင်သလဲလို့ စဉ်းစားမိတယ်။ ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် တိုက်လာတာ ဘယ်သူတွေက  နိုင်သလဲလို့ ဖထီးကြီးကို လှမ်းမေးဖြစ်တယ်။ ဖထီးကြီးရဲ့ အဖြေက “နှစ်ဘက်လုံး ရှုံးတယ်တဲ့” ဗျာ။
ရန်ကုန်-ဘားအံ အဝေးပြေးလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်တခုကို လက်ညိုးထိုးပြီး “ ဟိုမှာ ခင်ဗျားကြည့်လိုက်လေ၊ ဘယ်သူတွေ တွေ့သလဲ” တဲ့။ ကျနော်တွေ့တာ အမျိုးသမီးတွေချည်း အယောက် ၃၀ ကျော်မယ် ထင်တယ်။ ကျောက်စရစ်သယ်သူကသယ်၊ ခင်းသူကခင်း လုပ်နေကြတာ တွေ့ကြောင်း ဖထီးကြီးကို ပြောလိုက်တယ်။ “ဒါက ပြည်တွင်းစစ်ရဲ့ အနိဌာရုံ ဖြစ်သလို၊ ပြည်တွင်းစစ်ရဲ့ ရလဒ်ဘဲ၊ အောင်နိုင်သူက ဘယ်သူလဲ၊ ရှုံးနိမ့်သူက ဘယ်သူလဲ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ” ဖထီးကြီးက ပြောပါတယ်။
ပြည်တွင်းစစ် ဒဏ်ကြောင့် တိုင်းပြည် မွဲပြာကျ ဆင်းရဲသွားပြီး၊ အလုပ်အကိုင် မရှိတာကြောင့် ကရင်ပြည်နယ်  ကျေးရွာ၊ မြို့ပြဒေသတွေက အမျိုးသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြရတယ်။ ဒါကြောင့် နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေကို သုံးနေကြရတာပါ။
ကျနော့်အတွေးက ထိုင်းနိုင်ငံဘက်ကို ရောက်သွားပြန်တယ်။ ထိုင်းမြန်မာ နယ်စပ်မှာ နေတာကြာပြီ ဖြစ်တဲ့ ကျနော်အဖို့ မြန်မာပြည်ကို ၀င်လာကတည်းက အဆောက်အဦး မြင်ကွင်းသာကွာပေမယ့် လူတွေကတော့ မကွာသလို ခံစားရတယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံအဆောက်အဦး လုပ်ငန်းတွေနဲ့ ထိုင်းလူမျိုးတွေ မလုပ်နိုင်တဲ့ အလုပ်ကြမ်းတွေမှာ ကျနော်တို့ ရွှေမြန်မာတွေ လုပ်နေကြတာကိုတွေ့ရပါတယ်။ မဲဆောက်ဆိုရင် ထိုင်းနိုင်ငံ ပိုင်ပေမယ့် လူအများစုက ရွှေမြန်မာ ဖြစ်နေတာကြောင့် တခါတလေ ကိုယ့်နိုင်ငံလို ခံစားရတယ်။
စကားပြောပြောဆိုဆိုနဲ့ မွန်ပြည်နယ် ဘီးလင်းထိ ရောက်မှန်းမသိ ရောက်သွားတော့ ထမင်းဝိုင်းနဲ့ အသင့်စောင့်နေတဲ့ မိတ်ဟောင်းဆွေဟောင်း KNU ရဲဘော်ဟောင်းတွေကို တွေ့ရပြန်တယ်။ Border Guard Force-BGF အဖြစ်ပြောင်းလဲ သွားကြပေမယ့် မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲပါ။ လှိုက်လှဲပျူငှာစွာနဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရတော့ ၀မ်းသာအားရ ဖြစ်ရပါတယ်။
ကရင်လူမျိုးတွေမှာ အစားအစာကို အလှ ကျွေးတာမရှိဘဲ အ၀ကျွေးတာ ထုံးတမ်းစဉ်လာတခု ဖြစ်ပါတယ်။ ထိုင်းဈေးတွေမှာ ပုဇွန်ထုပ်ကြီးတွေကို မြင်ဘူးပေမယ့် အနားမကပ်နိုင်လောက်အောင်ကို ဈေးကြီးလွန်းလှပါတယ်။ အမှန်ကို ပြောရရင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ကတည်းက ပုဇွန်ထုပ်ကြီးကို စားဖူးတာ ဘီးလင်းမှာ ပထမ အကြိမ် ဖြစ်ပါတယ်။
ရွှေကရင် ညီအကိုတွေ ကျွေးတဲ့ ပုဇွန်ထုပ်ကြီး မြင်တော့ ကျနော် အထက်တန်း ကျောင်းသားဘ၀တုန်းက ကျောက်ပုဇွန်ကြီးတွေကို လှေတွန်းခအဖြစ်ရဖူးတာကိုသတိပြန်ရဖြစ်တယ်။ ၁၉၈၈ခုနှစ် အရေးအခင်း ဖြစ်တုန်းက အထက်တန်းပညာကို ဘင်္ဂလားပင်လယ်အော် ကမ်းခြေမှာရှိတဲ့ ဇင်ချောင်းဆိုတဲ့ ရွာမှာ သင်ယူနေဆဲ ကာလဖြစ်ပါတယ်။ ကျောင်းက ပင်လယ်ကမ်းစပ်နားမှာ ဆောက်ထားတာပါ။
ညနေကျောင်းဆင်းတာနဲ့ တံငါဆိပ်ကို ပြေးဆင်းသွား၊ ပင်လယ်ပြင်က ငါးဖမ်းပြီး ပြန်လာတဲ့ လှေတွေကို ကုန်းပေါ်ရောက်တဲ့ အထိတွန်းတင်ပေးရပါတယ်။ လှေကို ကုန်းပေါ်အရောက် တွန်းတင်ပြီးရင် လိုချင်တဲ့ ငါးတကောင် (သို့) တခုခုကို ကောက်ယူသွားလို့ ရပါတယ်။ အဲဒီတုန်းက ရင်းနှီးတဲ့ ကိုတံငါတွေဆီမှာ တကီလို လောက်ရှိတဲ့ ကျောက်ပုဇွန် ထုပ်တွေကို တောင်းယူလို့ ရတဲ့အခြေအနေရှိသေးတယ်။
စစ်တွေမြို့ကအပြန် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေက အေဒီလမ်းမှာ ဖွင့်ထားတဲ့ မင်းလမ်း ရခိုင်ထမင်းဆိုင်ကို လိုက်ပို့ပေးပါတယ်။ တစ်ကီလိုရှိတဲ့ ကျောက်ပုဇွန်ထုပ်ကြီး တစ်ကောင်ကို မြန်မာငွေ ကျပ်လေးသောင်း ဖြစ်နေတာကို တွေ့ရတော့ လန့်သွားတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လှေတွန်းခ အဖြစ် လက်ဆောင်ရဘူးတဲ့ ကျောက်ပုဇွန်ထုတ်ကြီးက ရန်ကုန်မြို့မှာ လူကုံတန်တွေ စားသုံးတဲ့ စားသောက်ဆိုင်ရဲ့ မှန်ဘီရိုထဲမှာ အောက်စီဂျင်နဲ့ အသက်ရှုနေတာကို တွေ့ခဲ့ရပါတယ်။
ညနေဘက် ၃ နာရီလောက် ရန်ကုန်ကို စ၀င်တော့ ပြည်လမ်းက ဥရောပပုံစံ ဆောက်ထားတဲ့ အိမ်ကြီး တစ်လုံးကို ဖထီးကြီး လက်ညိုးထိုးပြပြီး “ပြည်တွင်းစစ်မှာ ဒီလိုအမြတ်ထွက်တဲ့ လူတွေကလည်းရှိတယ်” လို့ပြောတယ်။ ကျနော်ကတော့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားနေတာကိုလည်း တွေ့ရတယ်။  ဖွင့်တာ ၃ ရက်သာရှိသေးတဲ့ ကန်တော်ကြီးဘေးက Green Hill ဟိုတယ်မှာ တည်းခိုရပါတယ်။ ရန်ကုန်မြို့မှာ ထားစရာမရှိလောက်အောင် ချမ်းသာတဲ့သူတွေနဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲရှာတဲ့ ပြည်သူတွေရဲ့ ဘ၀ကွာခြားချက် ကိုလေ့လာခွင့် ရခဲ့ပါတယ်။
ဟိုတယ်ကို ရောက်လို့ သိပ်မကြာမှီမှာဘဲ ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ရခိုင်နိုင်ငံရေးသမားတွေ၊ လက်ရှိ လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတာဝန်ယူ ထားတဲ့ ရခိုင်လူမျိုးတွေက အ၀တ်အစားတွေ လက်ဆောင်လာပေးကြပါတယ်။ မတွေ့တာကြာပြီ ဖြစ်တဲ့ မိသားစုကို ပြန်တွေ့ရသလို ခံစားရတယ်။ ဆင်းရဲ ဒုက္ခတွေ ပျောက်ပြီး ကြည်နူး ပီတိဖြစ်ရ ပြန်ပါတယ်။
ကျနော်တို့ရဲ့ ခရီးစဉ်အရ ဧပြီလ ၂ ရက်နေ့မှာ စစ်တွေမြို့ကိုသွားရပါမယ်။ သူဌေး သူကြွယ်တွေသာ စားသောက်လေ့ရှိတဲ့ ကန်တော်ကြီးထဲက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ ကျွေးမွေးဧည့်ခံတာကို တွေ့တော့ အံ့သြရတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့က တူတို့၊ ခက်ရင်းတို့သိပ်ရင်းနှီးမနေတာကြောင့် အခက်အခဲ တွေ့ရပြန်ပါတယ်။ ကျနော်တို့အမည် မသိတဲ့ အစားအသောက်တွေကို စားရတာ ပထမ ရက်တော့ အခက်အခဲ ဖြစ်မိပါတယ်။
ကျနော့်အတွက် သိပ်ကျွမ်းဝင်တဲ့ အရာတခုကတော့ သောက်စရာပဲ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကလာတဲ့ အထဲမှာ ယမကာ သုံးတာ ကျနော်တယောက်ပဲ ပါနေတာ ရှက်ရှက်နဲ့ ၀န်ခံပါရစေ။ ထိုင်းမြန်မာနယ်စပ်မှာ နေတုန်းက ၁၀ ဘတ်တန် ကရင် ချက်အရက်နဲ့ နွဲလာတဲ့ ကျနော့်အဖို့ Black တို့၊ Green Level ဆိုတာ အပျော့ပဲ။ ယမကာ မှီဝဲတတ်တဲ့ ပညာကလည်း သိပ်တန်ဘိုးကြီးမားတာ တွေ့ရတယ်။
တပက်နှစ်ပက်လောက် ၀င်သွားတာနဲ့ စကားကလည်း များလာကြရော၊ အရင်တုန်းက မပြောရဲ မဆိုရဲ ဖြစ်နေတာ ပျောက်ပြီး ပြောရဲ ဆိုရဲဖြစ်လာကြတယ်။ ရယ်စရာ မောစရာတွေ ပြောလာကြတယ်။ ဟိုအကြောင်း ဒီအကြောင်း ပတ်လည် ရိုက်လာကြတယ်။ နောက်တော့ ချလိုက်ကြစို့ သူငယ်ချင်းတွေ ဖြစ်သွားကြရော။ ရေချိန်ကိုက်တဲ့ အချိန်မှာတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော ပါလာတာက ဓမ္မတာပဲလေ။
ည ၉ နာရီလောက် ရေချိန်ကိုက်နေတဲ့ အချိန် အစိုးရဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကို ဖုန်းမစ်ဆေ့ခ်ျ တခုဝင်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ NLD  နေရာအများစုမှာ နိုင်ထားကြောင်း၊ မေမြို့နှင့် နေပြည်တော်မှာပါ အနိုင်ရသွားကြောင်း အကျိုးတော်ဆောင်က ခပ်ထွေထွေနဲ့ ပြောလာတာကြောင့် ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်က ပါလာတဲ့သူ ၆ ဦးလုံးက ကိုယ့်ရှေ့ရောက်နေတဲ့ ခွက်အားလုံးကို မြှောက်ကာ ချီးယား လုပ်လိုက်ကြပါတော့တယ်။
အစိုးရဘက်ကလူတွေ ဘယ်လိုဖြစ်နေမှန်းတော့ ကျနော် မသိလိုက်တာ အမှန်ပါ။  နောက် ၁၅ မိနစ်လောက် အကြာမှာတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် သီရိပျံချီ ဗိုလ်မှူးကြီး စောခင်စိုးမှ မနက်ဖြန် စစ်တွေကို သွားရမယ့် ခရီးစဉ်ကို ရွှေ့လိုက်ကြောင်း ဧပြီလ ၄ ရက်နေ့ နံနက်မှ အထူးလေယဉ်နဲ့ ပို့ပေးမှာ ဖြစ်ကြောင်း ကြေငြာ လိုက်ပါတော့တယ်။
အဲဒီလို ကြေငြာအပြီးမှာ အကျိုးတော်ဆောင် အဘက NLD နိုင်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ တခွက်ချလိုက်ရအောင်တဲ့ဗျာ။ အသက် ၇၁ နှစ်ရှိအဖိုးအိုက စားပွဲထိုးကိုခေါ် အညီအမျှထည့်စေပြီး “ခွက်” ဆိုပြီး ဆိုင်လိုက်ပြီးတဲ့အချိန်မှာ အသက် ၄၀ သာရှိသေးတဲ့  ကျနော် လမ်းမလျှောက်နိုင်တော့ပါ။ အဘကတော့ သူ့ကားသူမောင်းရင်း အိမ်ပြန်အိပ်လိုက်တယ်။ ရန်ကုန်မှာ နေခဲ့ရတဲ့ ဧပြီလ ၂-၃ ရက်နေ့တွေဟာ မမေ့နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။

                                                                                                                (ဆက်ပါအုံးမယ်) 
                                                                                                                        လှရွှေ

Sunday, April 22, 2012

ရက္ခိတ၏ သက်ကြီး တော်လှန်ရေးသမားများ ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ပ အခြေစိုက် Arakan Rakkhita Group (ARG) ခေါ် ရခိုင်မျိုးစောင့် အုပ်စုက ကြီးမှူး ကျင်းပသော တော်လှန်ရေး သမား သက်ကြီး ပူဇော်ပွဲမှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


ARG
ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွင် ဧပြီလ ၁၆ ရက်နေ့က တပြိုင်နက်တည်း ကျင်းပ ပြုလုပ်ခဲ့သော သက်ကြီး တော်လှန်ရေးသမားများ ပူဇော်ပွဲတွင် တော်လှန်ရေး လုပ်ရင်း အိုမင်း မစွမ်း ဖြစ်သွားခဲ့ရသူ သက်ကြီး ၇၀ ကျော်အား နိုင်ငံ (၃) နိုင်ငံတွင် ရခိုင်အမျိုးသားများက ပူဇော် ကန်တော့ခဲ့ကြသည်။

ရခိုင်တော်လှန်ရေး နယ်ပယ်တွင် တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသေးသော သက်ကြီး တော်လှန်ရေး သမားများအား ပူဇော်ပွဲ ပြုလုပ်ရသော ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရက္ခိတ မျိုးစောင့် အုပ်စု အဖွဲ့ဝင် သက်ကြီးရွယ်အို ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မီတီ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ နယ်သာလန်နိုင်ငံမှ ဦးချစ်မောင်က ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အို ပူဇော်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ဒီလူကြီးတွေဟာ သူတို့ရဲ့ ဘ၀တွေ၊ အချိန်တွေကို ရခိုင်ပြည်နဲ့ ရခိုင် လူမျိုး အတွက် ပေးဆပ် ခဲ့ကြပါတယ်။ အခုအခါ အများစု လူကြီးတွေဟာ ပါတီနောက်ခံကလည်း မရှိတော့ဘဲ သူတို့ရဲ့ တ၀မ်းတစ်ခါး အတွက် ဆင်းရဲပင်ပန်းစွာနဲ့ ရုန်းကန် လူပ်ရှားနေကြရတယ်။ အထူးသဖြင့် သူတစ်ပါး တိုင်းပြည်မှာ ခက်ခက်ခဲခဲ ရပ်တည်နေထိုင်နေကြရတယ်။ ဒီလို ဖြစ်ရတာဟာ အများကောင်းကျိုး အတွက် ပေးဆပ်တာကြောင့် ဖြစ်ပါတယ်။ ဒီလို သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့ အနေနဲ့ အသိအမှတ် ပြုပြီး ဂုဏ်ပြု ပူဇော်သင့်တယ်။ အခုအချိန်ဟာ သူတို့အတွက် နောက်ဆုံး အချိန်လည်း ဖြစ်နေတော့ ကျွန်တော်တို့ အဖွဲ့က သူတို့ကို ဂုဏ်ပြု ပူဇော်တာဟာ သူတို့ အတွက်သာ မဟုတ်ဘူး။ တော်လှန်ရေး အတွက်ပါ အရေးကြီးတယ်လို ယုံကြည်တဲ့ အတွက် ခုလို အခမ်းအနား အစီအစဉ်မျိုးကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒ့ါအပြင် နောင် မျိုးဆက်သစ်လူငယ်တွေ အတွက်လည်း တော်လှန်ရေး အတွက် စွန့်လွှတ် အနစ်နာခံလိုတဲ့ စိတ်ဓါတ်တွေ တိုးပွားလာရေးကို ရည်ရွယ်ပါတယ်” ဟု ပြောသည်။

ရက္ခိတ မျိုးစောင့် အုပ်စုမှ ယခု ပြုလုပ်သော ဂုဏ်ပြု ပူဇော်ပွဲတွင် ရခိုင်အမျိုးသားရေး အတွက် တော်လှန်တိုက်ပွဲဝင်ခဲ့သူ သက်ကြီး ရွယ်အိုများကိုသာမက အတန်းအစားရေး အတွက် တိုက်ပွဲ ၀င်ခဲ့ကြသော ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အလံနီ ပါတီမှ အဖွဲ့ဝင်ဖြစ်ခဲ့သူ လူကြီးများကိုလည်း ဂုဏ်ပြု ပူဇော်ခဲ့ကြသည်။ ပူဇော်ပွဲအတွက် နိုင်ငံတကာရောက် ရခိုင်အမျိုးသားများကပါ ပူးပေါင်း ပါဝင်ခဲ့ကြသဖြင့် အမေရိကန်ဒေါ်လာ သောင်းချီပြီး ချီးမြှင့် ပူဇော်နိုင်ခဲ့ကြသည်။

" ကျွန်တော်တို့က ပထမပိုင်းမှာ ရက္ခိတ မျိုးစောင့် အုပ်စုကဘဲ ကမကထပြုပြီး နိုင်သလောက် လုပ်သွား မယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးတာက ဒီလို သက်ကြီး ရွယ်အို တွေကို ဂုဏ်ပြု ပူဇော်တာဟာ ကောင်းတဲ့ အလုပ်၊ လူ့သာဓု နတ်သာဓု ခေါ်တဲ့ အလုပ် ဖြစ်တဲ့ အပြင် ရခိုင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တဲ့ အတွက် တဖွဲ့တည်း လုပ်တာထက် ရခိုင်တစ်မျိုးသားလုံး ပူးပေါင်း လုပ်တာက ပိုအကျိုးရှိတယ်လို့ မြင်ကြတဲ့ အတွက် နိုင်ငံတကာ ရောက် ရခိုင် အမျိုးသားတွေကိုပါ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ ဖိတ်ခေါ်တဲ့ အပေါ်မှာလည်း နိုင်ငံ တကာရောက် ရခိုင်အမျိုးသားတွေကလည်း အမျိုးသားရေး အသိနဲ့ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ခုလို ပူးပေါင်းပါဝင်လာတာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ အတိုင်း မသိ ၀မ်းသာ ဂုဏ်ယူမိပါတယ်" ဟု ဦးချစ်မောင်က ပြောသည်။

သက်ကြီး ပူဇော်ပွဲတွင် ကိုယ်တိုင် တက်ရောက်ပြီး ပူဇော်ကန်တော့ခံခဲ့သူ ရခိုင်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း ဦးမောင်ဟန်ကလည်း ယခု ပြုလုပ်သော ဂုဏ်ပြု ပူဇော်ပွဲနှင့် ပတ်သက်ပြီး သူ့ခံစားမူကို ယခုလို နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်က နမိုးနီးယား ၀င်နေတဲ့ အတွက် စကားတော့ ရှည်ရှည်ဝေးဝေး မပြောချင်ပါဘူး။ ဒါပေမယ့် ခုလို စီစဉ်ပေးတဲ့ ရက္ခိတ အဖွဲကိုရော၊ နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေကိုရော၊ ဘင်္ဂလာဒေခ်ျ့မှာ အခုလို အခမ်းအနားမျိုး ဖြစ်အောင် စီစဉ် ပေးကြတဲ့ ဦးကျော်မင်း၊ ခိုင်အာဏာနီစတဲ့ ပုဂ္ဂိုလ်တွေကိုရော အထူး ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။ အခုလို ဂုဏ်ပြု ပူဇော်တာကို ကျွန်တော်ရဲ့ ဘ၀ တသက်တာမှာ တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့ရတဲ့ အတွက် အခုလို ဂုဏ်ပြု ပူဇော်ကြတဲ့ အပေါ်မှာ အထူး ၀မ်းမြောက် မိပါတယ်။ ဒီလို အသိအမှတ်ပြုခံရတဲ့ အတွက်လည်း တော်လှန်ရေး လုပ်ရကျိုးနပ်တယ်လို့ ပြောကြားချင်ပါတယ်" ဟု ပြောသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ပြုလုပ်သော သက်ကြီး ပူဇော်ပွဲတွင် တော်လှန်ရေး လုပ်ရင်း အသက် အရွယ်ကြီးရင့်သွားခဲ့ကြသူများနှင့် ကိုယ်လက် အင်္ဂါ မသန်မစွမ်းဖြစ်သွားသူ ပုဂ္ဂိုလ် ၅၀ ကျော်ကို ပူဇော်ကန်တောခဲ့ကြသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ တော်လှန်ရေးသမား သက်ကြီး ပူဇော် ပွဲဖြစ်မြောက်ရေးကော်မီတီ ဥက္ကဌ ဦးကျော်မင်းကလည်း ယခုကဲ့သို့ ပူဇော်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလို ပြောသည်။

" အခု လုပ်ရပ်ဟာ သမိုင်းစာမျက်နှာ သစ် တစ်ခုကို ဖွင့်လှစ်တာဖြစ်သလို အစဉ်အလာ မရှိခဲ့တဲ့ အလုပ် တစ်ခု ကို ခုလို ပြုလုပ်လိုက်တဲ့ အတွက် အထူး ၀မ်းသာစရာ ကောင်းပါတယ်။ တော်လှန်ရေးသမား သက်ကြီး ရွယ်အိုတွေကို အခုလို အသိအမှတ်ပြုလိုက်တဲ့ အတွက် နောင်လာ နောင်သား တွေအတွက်လည်း အနာဂတ်မှာ ပူဇော်သင့်သူကို ပူဇော်ရမယ်ဆိုတာကို နားလည် သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကနေ ရခိုင်ပြည်သူတွေ အတွက် တစ်စုံ တစ်ရာ ရှေ့ကို တက်လှမ်းပြီး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်" ဟု ပြောသည်။

ကော့စ်ဘဇားမြို့တွင် ပြုလုပ်သော ပူဇော်ကန်တော့ပွဲသို့ အသက် ၆၀ ကျော် အရွယ် သက်ကြီး ၆၃ ဦးကို ဖိတ်ကြားထားသော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ၅၀ ဦး တက်ရောက်ပူဇော်ခံနိုင်ခဲ့ပြီး လူကြီး တစ်ဦးကို တာကာငွေ ၁၄၀၀၀ (ကျပ်ငွေ တစ်သိန်း လေးသောင်းခန့်)စီ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် တော်လှန်ရေး လုပ်ရင်း မသန်မစွမ်း ဖြစ်ခဲ့ကြသူများကိုလည်း ချီးမြှင့် ဂုဏ်ပြုမူများ ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ခခါရာဆိုးရီးမြို့နယ်မှ လူမျိုးခြားများ၏ လက်ချက်ဖြင့် ဖျက်စီးခံလိုက်ရသော ဘုန်းကြီး ကျောင်းများ အတွက်လည်း ထောက်ပံ့ငွေများ ပေးအပ် လှူးဒါန်းခဲ့ကြသည်။ 

                                                                                           ( နိရဉ္စရာသတင်း-မှ)  
                                                                                               
                                                                                              
(တော်လှန်ရေး သမား ရခိုင်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း ဦးမောင်ဟန်အိုမင်းမစွမ်းဘ၀) 
                                                              ဘင်္ဂလီ မူဆလင်တွေရဲ.ဖိုဖျက်ခံပြီးနောက် တွေ့မြင်ရသော         
   မြစ်နားရွာသံဖြူကျောင်း(In Bangladelish) နှင့်  တော်လှန်ရေး သမား ရခိုင်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း ဦးမောင်ဟန်အိုမင်းမစွမ်းဘဝ